← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း (၁၄၃) - အိပ်မက်မဟာကျမ်း

ထို့နောက် သူသည် သာမန်လူတစ်ဦးဟု ထင်ရသော ထိုသက်ကြီးရွယ်အိုထံသို့ လှည့်လိုက်ပြီး၊ လောကကြီးထဲတွင် မည်သူမျှ မမြင်ဖူးသည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။

တိုင်းပြည်ကို အုပ်ချုပ်နေသော ဧကရာဇ်မင်းသည် ထိုသက်ကြီးရွယ်အိုရှေ့တွင် အလွန်လေးစားစွာဖြင့် ခေါင်းငုံ့လျက် အရိုအသေပြုနေခဲ့သည်။

“ဆရာသခင်...”

ဧကရာဇ် ရှောင်ယွမ်၏ အသံတွင် သူကိုယ်တိုင်ပင် မသိလိုက်သော စိတ်လှုပ်ရှားမှု နှင့် မသေချာမှုများ ရောယှက်လျက် ရှိနေခဲ့သည်။

“အားလုံက ... ဆရာသခင် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာခဲ့တာလား”

ထိုအနှီပုဂ္ဂိုလ်သည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။

အရေးအကြောင်းများ ရှိနေသော သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်ဘဲ ကြည်လင်သော မျက်လုံးများဖြင့် ကုတင်ပေါ်တွင် မေ့မြောနေသည့် ရှောင်ရှန်းကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အစီအစဉ်တွေဟာ ပြောင်းလဲမှုကိုတော့ အမှီမလိုက်နိုင်ခဲ့ဘူးပဲ”

ထိုအနှီပုဂ္ဂိုလ်၏ အသံမှာ အက်ကွဲနေသည်။

“ဒီကောင်လေးက သေလောက်အောင် ပျင်းရိပေမယ့် ကံတရားကတော့ အံ့ဩစရာကောင်းလောက်အောင် ကောင်းလွန်းနေတယ်”

“သူ့ရဲ့ တာအိုသန္ဓေသားလောင်း စွမ်းအားတွေ လုံးဝ တည်ငြိမ်သွားတဲ့အထိ နောက်ထပ် နှစ်အနည်းငယ် 'အိပ်ပျော်' ဖို့ ရည်ရွယ်ထားပြီးမှ ဖြည်းဖြည်းချင်း လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ ရည်ရွယ်ထားခဲ့တာ”

“ ဒါပေမဲ့ ဘယ်သူက ထင်မလဲ၊ အဲ့ဒီအသုံးမကျတဲ့ မိစ္ဆာစွမ်းအားတွေက သူ့ကို အချိန်မတိုင်ခင် နိုးထလာအောင် လှုံ့ဆော်ပေးလိုက်မိတာပဲ”

ဧကရာဇ်မင်း ရှောင်ယွမ်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုတို့ ရောထွေးနေပြီး ၊ သူ၏အသံမှာ တုန်ယင်နေခဲ့သည်။

“ကျွန်တော်မျိုးရဲ့ အရည်အချင်းမရှိမှုကြောင့် သူ့ကို မကာကွယ်နိုင်ခဲ့တာပါ”

“မင်းအမှား မဟုတ်ပါဘူး”

အဘိုးအိုသည် ခေါင်းခါလိုက်ပြီး အဝေးတစ်နေရာကို ငေးကြည့်လိုက်သည်။

“အဲဒီတုန်းက မင်းရဲ့ မိဖုရား… ဟွေဖေးဟာ အန္တရာယ်ကြားကနေ ရုန်းကန်ပြီး တားမြစ်အမတနယ်မြေကနေ ကိုးခုမှာ တစ်ခုသာ ရှင်သန်နိုင်ခြေရှိတဲ့ ‘တာအိုသန္ဓေသားလောင်း မျိုးစေ့’ ကို ရယူခဲ့တယ်”

‘တာအိုသန္ဓေသားလောင်း’ဆိုသည့် စကားလုံးသည် ဧကရာဇ်မင်း ရှောင်ယွမ်၏ ရင်ဘတ်ကို တူကြီးဖြင့် ထုနှက်ရိုက်ခွဲလိုက်သလိုပင်။

သူသည် မျက်လုံးများကို မှိတ်ထားမိသည်။ ၎င်းမှာ သူ ဆယ်နှစ်ကျော်ကြာ သိမ်းဆည်းထားခဲ့ရသော နာကျင်မှုပင် ဖြစ်သည်။

အဘိုးအိုက ဆက်ပြောသည်။

“သူမဟာ သူမရဲ့ နောက်ဆုံးအသက်စွမ်းအားနဲ့ သွေးသားကို အသုံးချပြီး အဲ့ဒီအစေ့ကို ဗိုက်ထဲမှာရှိနေတဲ့ ကလေးဆီ ပေါင်းစပ်ပေးခဲ့တာ”

“ အဲဒါဟာ တစ်နေ့ကျရင် ဒီမွေးရာပါ တာအိုသန္ဓေသားလောင်း စွမ်းအားနဲ့ ငါတို့ သာရှမင်းဆက်ရဲ့ နဂါးသွေးကြောအောက်မှာ ပုန်းကွယ်နေတဲ့ မကောင်းဆိုးဝါးကြီးကို ပြန်လည်နိုးထမလာအောင် ဖိနှိပ်ထားနိုင်ဖို့အတွက်ပဲ”

အမှန်တရားသည် အေးစက်သော ဓားတစ်လက်ကဲ့သို့ နူးညံ့သိမ်မွေ့သော ဟန်ဆောင်မှုများကို ခွဲထုတ်ပစ်လိုက်သည်။

ရှောင်ရှန်း၏ မွေးရာပါ တာအိုသန္ဓေသားလောင်း ဆိုသည်မှာ ကောင်းကင်ဘုံက ပေးသနားခြင်း မဟုတ်ဘဲ၊ မိခင်ဖြစ်သူမှ အသက်ဖြင့် လဲလှယ်ယူခဲ့သော ကြီးမားသည့် တာဝန်ဝတ္တရားတစ်ခု ဖြစ်နေခဲ့သည်။

ဧကရာဇ်မင်း ရှောင်ယွမ်၏ ခန္ဓာကိုယ်သည် အနည်းငယ် ယိုင်နဲ့သွားပြီး ပြန်ပြောလိုက်သည်။

“အဲဒါကြောင့်ပဲ... ကျွန်တော် ဒီနှစ်တွေထဲမှာ သူ့ကို အလိုလိုက်ပြီး လွှတ်ထားပေးခဲ့တယ် ၊ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေတဲ့ မင်းသားတစ်ယောက် ဖြစ်စေချင်ခဲ့တာ... သူ ဒီလမ်းကြောင်းပေါ်ကို ဒီလောက် အစောကြီး မလျှောက်လှမ်းစေချင်လို့ပါ”

သူသည် သားဖြစ်သူကို ဇနီးဖြစ်သူကဲ့သို့ ထိုလမ်းဟောင်းသို့ မလျှောက်လှမ်းစေလိုပင်။

အဘိုးအိုသည် တပည့်ဖြစ်သူကို ကြည့်ကာ သနားကြင်နာစွာဖြင့် ပြောလိုက်သည်။

“မင်းရဲ့ စေတနာကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ ကံတရားကတော့ ပြောင်းလဲလို့မရဘူး…”

“ အခု တာအိုသန္ဓေသားလောင်းရဲ့ စွမ်းအားတွေ ထွက်ပေါ်လာပြီဆိုတော့ မှောင်မိုက်တဲ့ညမှာ မီးအိမ်တစ်ခု ထွန်းလင်းလာသလိုပဲ…”

“ ဧည့်သည်တွေကို ဆွဲဆောင်နိုင်မလား ၊ ဝံပုလွေတွေကို ဆွဲဆောင်နိုငိမလားဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး”

ခန်းမဆောင်ကြီးထဲတွင် လေးလံသော အသက်ရှူသံများသာ ကျန်ရစ်နေသည်။

ထိုစဉ် ကုတင်ပေါ်ရှိ ရှောင်ရှန်း၏ မျက်ခွံများသည် လှုပ်ရှားလာပြီး နာကျင်စွာဖြင့် ညည်းညူလိုက်သည်။

“အ... ခေါင်းတွေ ကိုက်လိုက်တာ...”

သူ နိုးထလာချိန်တွင် နဂါးရုပ်ထွင်းထားသည့် မျက်နှာကျက်ကို မြင်တွေ့လိုက်ရသည်။ သူသည် ခေါင်းခါလိုက်ကာ ၊ မနေ့က ဖြစ်ခဲ့သည်များကို ပြန်စဉ်းစားလိုက်သည်။

မိစ္ဆာနဂါးကြီး ပြေးဝင်လာစဉ်က သူသည် လက်ကို ဝှေ့ယမ်းလိုက်သည်ကိုသာ မှတ်မိတော့သည်။

ရှောင်ရှန်း တစ်ယောက် ကုတင်ပေါ်မှ ငိုင်တိုင်တိုင် ဆင်းလာပြီးနောက် ဧကရာဇ်မင်း ရှောင်ယွမ် နှင့် ရင်းနှီးနေသော အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။

သွားပြီ…

ဤသည်မှာ ရှောင်ရှန်း၏ စိတ်ထဲတွင် ပထမဆုံးပေါ်လာသော အတွေးသာ ဖြစ်သည်။ မသေမျိူးမဟာမိတ် အခမ်းအနားပွဲ ကဲ့သို့သော အရေးကြီးသော အခါသမယတွင် သူသည် အိပ်ပျော်သွားရုံသာမက ကြီးမားသော ရှုပ်ထွေးမှုကြီး တစ်ခုကိုလည်း ဖြစ်စေခဲ့ပုံရသည်။

All Chapters