← Chapters

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း ၄၃၃

Vol. 44 Ch. 433

အခန်း(၄၃၃) နောက်ကွယ်မှကြိုးကိုင်သူ ကျန်းမုန့်ချူး

ရောက်လာသူမှာ တခြားသူမဟုတ်ဘဲ ရွှေဗုဒ္ဓပင်လယ်မှ အပြေးအလွှား ရောက်ရှိလာသော ချန်ဟွိုက်အန်ပင်။ သူ၏နောက်တွင် ဓားကျောင်းတော်နှင့် ကျန့်ဝူမြင့်မြတ်နယ်မြေမှ တပည့်များ လိုက်ပါလာကြသည်။ အခြားသော ဂိုဏ်းများ၏ ဓားပျံများမှာ အလွန်နှေးကွေးသဖြင့် ယာယီ နောက်ချန်ထားခဲ့ရသည်။

မဆင်းသက်ခင်ကပင် ချန်ဟွိုက်အန်သည် ယောင်ချီမြင့်မြတ်နယ်မြေ အတွင်းရှိ ရှုပ်ထွေးပွက်လောရိုက်မှုများကို ခံစားမိနေသည်။ အကြောင်းရင်းများမှာ ရိုးရှင်းသည်။

ပထမအချက်၊ သူတော်စင်ယွိယောင်၏ အရှိန်အဝါကို သူ မခံစားမိပေ။

ဒုတိယအချက်မှာ မြင့်မြတ်နယ်မြေ၏ ကာကွယ်ရေး အခင်းအကျင်း လုံးဝ ပွင့်မနေသဖြင့် သူတို့၏ လူအုပ်ကြီး အတားအဆီးမရှိ ဝင်ရောက်နိုင်ခဲ့ခြင်းပင်။

လျင်မြန်သော ဝိညာဉ်ရေးရာစူးစမ်းမှုတစ်ခုအရ ယောင်ချီမြင့်မြတ်နယ်မြေတစ်ခုလုံးတွင် နတ်အသွင်ပြောင်းခြင်း အဆင့်အောက်ရှိ တပည့်များသာ ကျန်ရှိတော့ကြောင်း သိလိုက်ရသည်။ ထို့အပြင် ဤတပည့်များသည် မြင့်မြတ်နယ်မြေ၏ ကျန်ရှိနေသော အရင်းအမြစ်များကို ခွဲဝေယူရန် ပြင်ဆင်နေကြပုံရသည်။

ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။

ချန်ဟွိုက်အန်က ယောင်ချီတပည့်အုပ်စုရှေ့သို့ တိုက်ရိုက်ဆင်းသက်လိုက်ပြီး သူတို့ကို ရပ်တန့်ရန် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

"အဲဒါ... အဲဒါ ဓားကျောင်းတော်ရဲ့ ဘိုးဘေးကြီးနဲ့ ကျန့်ဝူမြင့်မြတ်နယ်မြေက လူတွေပဲ။ အားလုံး ပြေးကြ။"

ချက်ချင်းပင် ယောင်ချီတပည့်အချို့က ချန်ဟွိုက်အန်၏သရုပ်မှန်ကို မှတ်မိသွားကြပြီး ထိတ်လန့်တကြားဖြင့် သူတို့၏ လုယက်ထားသော ပစ္စည်းများကို ပစ်ချကာ ထွက်ပြေးရန် ကြိုးစားကြသည်။

ထိုယောင်ချီတပည့်များကို ချန်ဟွိုက်အန်က ထွက်ပြေးခွင့် ပေးပါမည်လား။

သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ကျန့်ဝူနှင့် ဓားကျောင်းတော် တပည့်များ အုပ်လိုက်က ပြေးဝင်သွားကြပြီး ကျန်ရစ်သော "ယောင်ချီစုန်းမများ"ကို လျင်မြန်စွာ တင်းကျပ်စွာ တုပ်နှောင်လိုက်ကြသည်။

"ဓားကျောင်းတော် ဘိုးဘေးကြီး၊ ယောင်ချီမြင့်မြတ်နယ်မြေရဲ့ အရင်းအမြစ်တွေ အားလုံးကို ယူလို့ရပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ကို အသက်ချမ်းသာပေးပါ။"

"ဟုတ်ပါတယ်၊ စီနီယာ။ ရှင့်ရဲ့နာကြည်းမှုက သူတော်စင်ယွိယောင်နဲ့ပဲ သက်ဆိုင်တာပါ။ ကျွန်မတို့ အားလုံးက အပြစ်မရှိပါဘူး..."

ချန်ဟွိုက်အန်က ထိုစုန်းမများ၏ လိမ်ညာမှုများကို ယုံကြည်မနေပေ။ သူတို့၏ သနားစရာကောင်းပြီး မျက်ရည်ကျနေသော အသွင်အပြင်များရှိသော်လည်း သူတို့သည် မရေမတွက်နိုင်သော လူသားဆေးလုံးများကို သေချာပေါက် စားသုံးခဲ့ကြပေလိမ့်မည်။ ဖန်ကျင်းမြင့်မြတ်နယ်မြေတွင် လူသားဆေးလုံးများကို တပည့်များအား လစဉ် ဝိညာဉ်ပုံဆောင်ခဲ ထောက်ပံ့ကြေးများကဲ့သို့ ဖြန့်ဝေပေးခဲ့သည်။ ယောင်ချီမြင့်မြတ်နယ်မြေတွင် ဖန်ယဲ့ထက်ပင် အရင်းအမြစ်များ ပိုမိုများပြားသည်။ လူသားဆေးလုံးများသည် သူတို့၏ ခံစားခွင့်များထဲတွင် သေချာပေါက် ပါဝင်နေမည် ဖြစ်သည်။

လူသားဆေးလုံးများကို မိမိသဘောဆန္ဒအရ စားသုံးခဲ့သူ မည်သူမဆို ချွင်းချက်မရှိ အမှိုက်သရိုက်များသာ ဖြစ်သည်။

အင်း... လက်နက်ဂိုဏ်း ဂိုဏ်းချုပ်ကလွဲရင်ပေါ့။ သူ့ကိုတော့ နည်းနည်းလောက် ခွင့်လွှတ်ပေးလို့ ရပါတယ်။

"အဓိပ္ပာယ်မရှိတာတွေ တော်တော့။ အခု ငါ မေးခွန်းတွေ မေးမယ်၊ မင်းတို့တွေ ဖြေရမယ်။" ချန်ဟွိုက်အန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ကြေးခွံနက်ဓားကို တပည့်တစ်ဦး၏ လည်ပင်းတွင် တေ့ထားလိုက်သည်။ "သူတော်စင်ယွိယောင် ဘယ်သွားတာလဲ။"

"စီနီယာ၊ ကျွန်မ... ကျွန်မ မသိပါဘူ။၊"

ထိုတပည့်မှာ တုန်ယင်နေ၏။

"ယောင်ချီမြင့်မြတ်နယ်မြေက အကြီးအကဲတွေနဲ့ ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေ အားလုံးကို သန့်စင်ပြီးတော့ သူတော်စင်ယွိယောင်က ထွက်သွားပြီး ပြန်မလာတော့ဘူး။ ကောလာဟလတွေအရ... သူက ဆရာတော်ဖန်ယဲ့ကို ရှာဖို့ ရွှေဗုဒ္ဓပင်လယ်ကို သွားတယ်တဲ့။"

ချန်ဟွိုက်အန်၏ မျက်ခုံးများ ပင့်တက်သွား၏။

ဆရာတော်ဖန်ယဲ့အတွက် ရွှေဗုဒ္ဓပင်လယ်ကို သွားတယ် ဟုတ်လား။

ဒါက ခွေးအချင်းချင်း ပြန်ကိုက်ကြတဲ့ ကိစ္စလား။

အဲဒီဘုန်းကြီးအိုကြီးရဲ့ အခြေအနေက သိပ်ကောင်းမယ့်ပုံ မပေါ်ဘူး။ ဒါပေမဲ့ ဖန်ယဲ့အတွက် သေဆုံးကြောင်း အသိပေးချက် မရခဲ့တော့ သူက ယွိယောင်ရဲ့ တိုက်ခိုက်မှုကနေ ရှင်သန်လွတ်မြောက်သွားတာ သေချာတယ်။ သူက ဒဏ္ဍာရီလာ အသက်ရှင်ကျန်ရစ်သူ ဘုရင်ကြီးများလား။

အဟက်၊၊ ခွေးအိုကြီး...

"ဘိုးဘေးကြီး၊ ဂိုဏ်းခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေရဲ့ အလောင်းတွေကို ကျွန်တော်တို့ တွေ့ပါပြီ။ ကြောက်စရာကောင်းတဲ့ မြင်ကွင်းပဲ။" ရှုအန်က ပြေးလာပြီး သတင်းပို့သည်။ "အားလုံး လုံးဝ စုပ်ယူခံထားရပြီး မံမီတွေ ဖြစ်နေကြပြီ။ အစစ်အမှန်အနှစ်သာရနဲ့ ဝိညာဉ်ရဲ့ အရိပ်အယောင်လေးတောင် မကျန်တော့ဘူး။ ထိလိုက်တာနဲ့ ဖုန်မှုန့်တွေ ဖြစ်သွားတယ်။"

"သူတော်စင်ယွိယောင်ကို မယုံကြည်ဖို့ ဒီဂိုဏ်းတွေကို သတိပေးဖို့အတွက် ဆရာက လူလွှတ်ထားခဲ့ပြီးသားပါ၊" အလောင်းများကို မြင်တွေ့ခဲ့ပြီးဖြစ်သော ချင်းရန်က သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့ အကျိုးအမြတ်က လူတွေရဲ့ နှလုံးသားကို လှုပ်ခတ်နိုင်တယ်လေ။ အခုတော့ သူတို့အားလုံး အသတ်ခံလိုက်ရပြီ။" သေဆုံးသူများ အထဲတွင် ရင်းနှီးသော မျက်နှာများစွာ ပါဝင်ပြီး အချို့မှာ ချင်းရန် အတော်လေး သဘောကျခဲ့သူများ ဖြစ်ကြ၏။

"သူတို့ကိုချည်းပဲ အပြစ်တင်လို့တော့ မရဘူး။" ချန်ဟွိုက်အန်က လက်နက်ဂိုဏ်းချုပ် ရှန်းထျန်ကော၏ ပြုစားခံထားရသော အခြေအနေကို ပြန်အမှတ်ရလိုက်သည်။ "တစ်ဝက်က လောဘကြောင့် ဖြစ်ပြီး၊ ကျန်တဲ့ တစ်ဝက်က ယွိယောင်ရဲ့ ထာဝရနွေဦးအတတ်ရဲ့ ပြုစားမှုကို ခံလိုက်ရတာ ဖြစ်ဖို့များတယ်။"

စုချီနျန်က ချန်ဟွိုက်အန်ဘေးသို့ ကပ်လာပြီး တီးတိုးပြောလိုက်သည်။ "ဘိုးဘေးကြီး ကြားလိုက်လား။ ဂိုဏ်းခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေ အများကြီး သေသွားပြီတဲ့။"

"အင်း။ အဲဒါ ဘာဖြစ်လဲ။" ချန်ဟွိုက်အန်က မျက်ခုံးပင့်လိုက်သည်။

"ဒါက အခွင့်အရေး တစ်ခုပဲ။" စုချီနျန်၏ မျက်လုံးများ ကျဉ်းသွားပြီး ရည်မှန်းချက်မီးတောက်များက သူ၏ မျက်လုံးသူငယ်အိမ်များတွင် ကခုန်နေသည်။

ချန်ဟွိုက်အန်ကလည်း မျက်လုံးများကို ကျဉ်းလိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။ "မင်း ပြောချင်တာက..." သူ၏ လည်ပင်းကို လက်ညှိုးဖြင့် ပွတ်ဆွဲပြလိုက်ရာ ခြိမ်းခြောက်မှု အငွေ့အသက်များ ဖြာထွက်လာ၏။

"အတိအကျပါပဲ။ ဘိုးဘေးကြီး။" စုချီနျန်က ခပ်ညစ်ညစ် ပြုံးလိုက်သည်။ "ဂိုဏ်းကြီးတွေ ခေါင်းဆောင်မဲ့ဖြစ်ပြီး နေရာဆက်ခံဖို့ ရှုပ်ထွေးနေတဲ့ အချိန်မှာ၊ ဒါက ကျွန်တော်တို့အတွက် အကောင်းဆုံး အချိန်ပဲ..."

ချန်ဟွိုက်အန်၏ မျက်လုံးများ အရောင်လက်သွားသည်။ "တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းဖို့ အကောင်းဆုံး အချိန်ပဲ..."

"ချင်းယွန်ဘုံ တစ်ခုလုံးမှာ ကိုကာကိုလာနဲ့ အစပ်ချောင်းတွေကို အရောင်းမြှင့်တင်ဖို့ အကောင်းဆုံး အချိန်ပဲ ဘိုးဘေးကြီး။" စုချီနျန် က လက်သီးကို လက်ဝါးထဲ ထိုးလိုက်ရင်း တောက်ပစွာ ပြုံးလိုက်၏။

ချန်ဟွိုက်အန် - "..."

အင်း... ငါ့ရဲ့စိတ်က တော်တော်လေးကို အမှောင်ဘက် ရောက်နေတာပဲ။

ဓားကျောင်းတော်ရဲ့ ဂိုဏ်းချုပ်နဲ့ တကယ်ကို လိုက်ဖက်ပါတယ်။ အရမ်းကို ဖြောင့်မတ်ပြီး မှန်ကန်လွန်းတယ်။

"ဘိုးဘေးကြီး၊ ကျွန်တော့်ရဲ့ အစီအစဉ်ကို ဘယ်လိုထင်လဲ တော်တော်လေး ဖြစ်နိုင်ချေရှိတယ် မဟုတ်လား"

"အင်း၊ မဆိုးပါဘူး။"

"ဘိုးဘေးကြီးက လျစ်လျူရှုထားသလိုပဲ။ ပြီးတော့ အဲဒီ အထင်သေးတဲ့ အကြည့်က ဘာသဘောလဲ။"

ချန်ဟွိုက်အန်သည် စုချီနျန်၏ ပခုံးကို ပုတ်လိုက်သည်။ "ကောင်လေး လိမ္မာတယ်။ ဒီမှာ တာဝန်တစ်ခု။ ယောင်ချီမြင့်မြတ်နယ်မြေရဲ့ အရင်းအမြစ်တွေ အားလုံးကို ငါ့ရဲ့ ကမ္ဘာငယ်လေးထဲကို စုဆောင်းလိုက်။ သေချာလုပ်ရင် မင်းကို ဆုချမယ်။"

"နားလည်ပါပြီ၊ ဘိုးဘေးကြီး။ အခုပဲ လုပ်လိုက်ပါ့မယ်။" စုချီနျန်က ပျော်ရွှင်စွာဖြင့် ခုန်ပေါက် ထွက်ခွာသွားသည်။

ချန်ဟွိုက်အန်က ကျန်ရှိနေသော ယောင်ချီတပည့်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ အခြေခံ အားဖြင့်တော့ ဤတပည့်များက ရေစီးကြောင်းအတိုင်း လိုက်ပါခဲ့ကြခြင်းသာ။ အကယ်၍ ယွိယောင်သာ ကောင်းမွန်သော ဂိုဏ်းချုပ်တစ်ဦး ဖြစ်ခဲ့လျှင် သူတို့ကို လမ်းကြောင်းမှန်သို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။ သို့သော် သူတို့က လူသားဆေးလုံးများကို စားသုံးခဲ့ကြဆဲပင်။ ခေတ်သစ်လူ့အဖွဲ့အစည်း၏ လူသားစားသူများ ကဲ့သို့ပင်။ ထိုအတွေးကပင် သူ့ကို ရွံရှာသွားစေ၏။

"ဒီယောင်ချီတပည့်တွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ဘိုးဘေးကြီး ခေါင်းခဲနေတာလား။" ကျန်းမုန့်ချူးက ကမန်းကတန်း ပြေးလာပြီး တီးတိုးပြောလိုက်သည်။ "ဒီဂျူနီယာမှာ အကြံတစ်ခု ရှိပါတယ်။"

"ပြောစမ်းပါဦး။" ချန်ဟွိုက်အန်၏နှုတ်ခမ်း တွန့်သွားသည်။ "ကိုကာကိုလာ ဒါမှမဟုတ် အစပ်ချောင်းတွေ အကြောင်း ဆိုရင်တော့ အဲဒီမှာတင် ရပ်လိုက်တော့။"

"ဘယ်လိုလုပ် အဲဒီလို တွေးရတာလဲ။" ကျန်းမုန့်ချူးက မျက်လုံးများ ပြူးကျယ်သွား၏။ "ကျွန်တော်က စုချီနျန်နဲ့ တူနေလို့လား။ ကျွန်တော် ကိုကာကိုလာနဲ့ အာလူးကြော်တွေကို ကြိုက်ပေမယ့်၊ ဒီလို အသေးအဖွဲကိစ္စတွေမှာ ဘယ်တော့မှ နစ်မြုပ်နေမှာ မဟုတ်ဘူး။"

ချန်ဟွိုက်အန်က ကျန်းမုန့်ချူးကို စိုက်ကြည့်လိုက်သည်... အထူးသဖြင့် သူ၏ခါးတွင် ချိတ်ဆွဲထားသော ဝမ်ကျိုင် နို့ဘူးခွံကို ဖြစ်ပြီး၊ ၎င်း၏ ဖောင်းအစ်နေသော အမှတ်တံဆိပ်ရုပ်လေးမှာ အတော်လေး ရယ်စရာကောင်းနေ၏။ ကျန်းမုန့်ချူး၏ မျက်နှာဆီသို့ အကြည့် ပြန်ရောက်သွားသောအခါ သူ၏သံသယများ ပိုမို ကြီးထွားလာသည်။ "ကဲ။ မင်းရဲ့ အကြံက…"

"ဘိုးဘေးကြီးရဲ့ ကမ္ဘာငယ်လေးက တည်ဆောက်ဆဲပဲ မဟုတ်လား။ နောက်ဘက် တောင်တန်းတွေမှာ မတူးဖော်ရသေးတဲ့ ဝိညာဉ်ကြော အများကြီးကို ကျွန်တော် သတိထားမိတယ်။ အရမ်း နှမြောစရာကောင်းတာပဲ။ ကျွန်တော်တို့ တစ်ချိန်ချိန်ကျရင် လုပ်သားတွေ လိုအပ်လာမယ် မဟုတ်လား။"

ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်လည်း ဟုတ်ပေသည်။ မိုင်းတူးရန် မည်သူ့ကို တာဝန် ပေးရမည်နည်းဟု သူ စဉ်းစားနေခဲ့သည်။ မူလက ဓားကျောင်းတော်တွင် မိုင်းတွင်းများ မရှိသဖြင့် မိုင်းလုပ်သား မရှိပေ။ လင်းရှီးတောင်ကြားနှင့် အဂ္ဂိရတ်ဂိုဏ်းတို့သည်လည်း မိုင်းတွင်းများ မလိုအပ်ပေ။ သူတို့၏ ဆေးလုံး အရောင်းအဝယ်က ဝိညာဉ်ပုံဆောင်ခဲများ အဆုံးအစမဲ့ ဝင်ငွေရစေသည်။ ကျန့်ဝူမြင့်မြတ်နယ်မြေသည်လည်း ပဏ္ဏာဆက်သမှုများ ရရှိပြီး မိုင်းမတူးကြပေ။ ယခုတွင် သူ၏ ကမ္ဘာငယ်လေးထဲတွင် ဤဂိုဏ်းများ ရှိနေပြီဖြစ်ရာ မည်သည့် တပည့်ကိုမဆို ဤကဲ့သို့သော အောက်ခြေသိမ်း အလုပ်များပေးရန် မသင့်တော်ဟု ထင်ရသည်။

"သူတို့ကို မိုင်းတွင်းလုပ်သားတွေ လုပ်ပစ်ဖို့ မင်းက အကြံပြုနေတာလာ။း" ချန်ဟွိုက်အန်၏ မျက်လုံးများ ကျဉ်းသွားသည်။

ကျန်းမုန့်ချူး….

ရိုးသားတဲ့ ရုပ်သွင်နဲ့ ခပ်ညစ်ညစ် အကြံအစည်တွေ ရှိနေတာပဲ။

ဟဲ ဟဲ ဟဲ။ ငါ သဘောကျတယ်…

"မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ဘိုးဘေးကြီး၊ ပိုကြီးကြီး တွေးစမ်းပါ။" ကျန်းမုန့်ချူးက လေးနက်စွာ လက်ညှိုးခါပြလိုက်သည်။ "မိုင်းတူးတာက ညစ်ပတ်တဲ့ အလုပ်ဆိုတာ အဓိက သယ်ယူပို့ဆောင်ရေးကြောင့်လေ။ ပြီးတော့ အဲဒီမိုင်းတွင်းတွေမှာ စိတ်ဝိညာဉ်ချီစွမ်းအင်တွေက မယုံနိုင်လောက်အောင် သိပ်သည်းနေတာလေ။ ဒီယောင်ချီတပည့်တွေကို လွှတ်လိုက်တာက သူတို့ကို ကျေးဇူးဆပ်ရာတောင် ကျသွားဦးမယ်။ သူတို့သာ ဝိညာဉ် ပုံဆောင်ခဲတွေကို ခိုးသွားရင် ဘယ်လိုလုပ်မလဲ။"

"ဒါဆို မင်းရဲ့ အကြံက..."

"သူတို့ကို မိုင်းတွင်း တွန်းလှည်းတွေအဖြစ် ပြောင်းပစ်ရမယ်။"

ချန်ဟွိုက်အန် - "..."

ကျန်းမုန့်ချူးက မကောင်းဆိုးဝါးအပြုံးဖြင့် ဆက်ပြောသည်/ "တပည့် ရှစ်ယောက်က နေ့တိုင်း မိုင်းတွင်းကို ဝေါယာဉ်တွေနဲ့ သယ်သွားရမယ်။ ပြီးတော့ အဲဒီမှာလည်း အားနေလို့ မရဘူး။ သတ္တုရိုင်း သယ်ယူပို့ဆောင်ရေး အပြင်ကို ကျွန်တော်တို့ရဲ့ တပည့်တွေကို ဝန်ဆောင်မှု ပေးရမယ်။ လက်ဖက်ရည် တိုက်တာ၊ ခြေထောက် နှိပ်နယ်ပေးတာ၊ ပခုံးနှိပ်ပေးတာတွေ လုပ်ရမယ်။"

ချန်ဟွိုက်အန် - "..."

ကျန်းမုန့်ချူး၊ ငညစ်လေး…

မိုင်းတွင်းနားမှာ ခြေထောက်နှိပ်ခန်းတွေ ဖွင့်ဖို့တောင် တွေးထားသေးတယ်လား။

ဒါပေမဲ့... ငါတော့ သဘောကျတယ်။

ဟဲ ဟဲ…

…

All Chapters