← Chapters

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း(၄၃၄) ယွိစီ

နာရီဝက်ပင် မကြာလိုက်သော အချိန်အတွင်း…

ယောင်ချီမြင့်မြတ်နယ်မြေ တစ်ခုလုံး ပြောင်သလင်းခါသွား၏။

ချန်ဟွိုက်အန်က ယောင်ချီမြင့်မြတ်နယ်မြေ အနက်ရှိုင်းဆုံးရှိ အေးစက်နေသော ရေကန်တစ်ခုရှေ့တွင် အချိန် အတော်ကြာ ရပ်နေခဲ့သည်။ ကန်အောက်ခြေတွင် တစ်စုံတစ်ရာ ပုန်းကွယ်နေသည်ကို သူ သဲ့သဲ့မျှ ခံစားမိသော်လည်း၊ သူ၏နတ်ဘုရားအာရုံများက ထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ရှိခဲ့ပေ။ ကောင်းကင်နက္ခတ် တွက်ချက်မှုကို အသုံးပြု၍ ထပ်မံ တွက်ချက်ကြည့်သောအခါတွင်လည်း မည်သည့် သဲလွန်စမျှ မတွေ့ရချေ။

"ထားလိုက်တော့။ ဒီရေကန်ကြီးတစ်ခုလုံးကို ငါ ယူသွားလို့မှ မရတာပဲလေ။"

သူက ဆောင့်ကြောင့်ထိုင်ကာ ရေအနည်းငယ်ကို ခပ်သောက်လိုက်သည်။

"မဆိုးပါဘူး။ ယောင်ချီရဲ့ စမ်းရေသုံးသွယ်။ နည်းနည်း ချိုမြမြလေးပဲ။ ဒါကိုများ ခေတ်သစ်လောကမှာ သွားရောင်းရင် တစ်ဘူးကို နှစ်ထောင်လောက် ဈေးတင်တာတောင် မများဘူး မဟုတ်လား။"

ချန်ဟွိုက်အန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အကျိုးအမြတ်များသော စီးပွားရေး အကြံဉာဏ်တစ်ခု ရသွားပုံပေါက်သည်။

အကြောင်းတစ်ခုခုကြောင့် သူတော်စင်ယွိယောင်က ယောင်ချီမြင့်မြတ်နယ်မြေကို သူ၏ကမ္ဘာငယ်လေးထဲမှ ဖယ်ထုတ်ထားခဲ့သည်။ ၎င်း၏ စိတ်ဝိညာဉ်ချီစွမ်းအင်များက ချင်းယွန်ဘုံထဲသို့ တဖြည်းဖြည်း လွင့်စင်သွားနေပြီ ဖြစ်သော်လည်း မြင့်မြတ်နယ်မြေအတွင်းရှိ ရေအရင်းအမြစ်များအားလုံး စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြည့်ဝနေဆဲ ဖြစ်လောက်အောင် များပြားနေသေးသည်။

ဤနည်းအားဖြင့် သူ၏ကမ္ဘာငယ်လေးထဲရှိ ရေအရင်းအမြစ်များလည်း စိတ်ဝိညာဉ်စမ်းရေများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။

အဲဒီအချိန်ကျရင် စိတ်ဝိညာဉ်စမ်းရေတွေကို ရောင်းစားလိုက်ရုံပဲလေ။

နေရာအနှံ့ ပိုက်ဆံလိုက်ရှာနေစရာ မလိုတော့ဘူး။ လူတွေက ငါ့ဆီကို အလိုလို ယူလာပေးကြလိမ့်မယ်။

ယောင်ချီမြင့်မြတ်နယ်မြေနှင့် ဖန်ကျင်းမြင့်မြတ်နယ်မြေ နှစ်ခုစလုံးမှ အရင်းအမြစ်များနှင့်ဆိုလျှင် သူ၏ ကမ္ဘာငယ်လေးကို သေချာပေါက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပြီ ဖြစ်လေသည်။ အနည်းဆုံးတော့ အခြေခံ အဆောက်အအုံများအတွက် ပိုက်ဆံတစ်ပြားမှ အကုန်အကျခံစရာ မလိုတော့ပေ။

...

ချန်ဟွိုက်အန်နှင့် သူ၏အဖွဲ့ ထွက်သွားပြီး မကြာမီမှာပင်…

ယောင်ချီမြင့်မြတ်နယ်မြေ၏ ခြောက်ကပ်နေသော အပျက်အစီးများ တုန်ခါသွားပြီး နေရာလွတ် ပုံပျက်သွား၏။

သူတော်စင်ယွိယောင်က မှောင်မိုက်နေသော မျက်နှာဖြင့် နေရာလွတ် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သူက ခဏတာ အေးခဲသွားပြီး အမူအရာမှာ ပို၍ပင် မုန်တိုင်းကျတော့မည့် အလား ဒေါသထွက်သွားသည်။

"တောက်။ ဖန်ကျင်းမြင့်မြတ်နယ်မြေလည်း ပြောင်သလင်းခါသွားတယ်။ အခု ငါ့ရဲ့ ယောင်ချီမြင့်မြတ်နယ်မြေကိုလည်း အဲဒီလူတွေက အကုန်ခွာယူသွားကြတာလား။"

ယောင်ချီမြင့်မြတ်နယ်မြေတွင် ကြမ်းခင်းအုတ်ကြွပ်ပြား တစ်ချပ်ပင် မကျန်တော့သည်ကို မြင်သောအခါ၊ ယွိယောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဒေါသကြောင့် အသံများပင် တုန်ယင်နေသည်။

"ဓားကျောင်းတော်နဲ့ ကျန့်ဝူမြင့်မြတ်နယ်မြေက ဖြောင့်မတ်တဲ့ဂိုဏ်းတွေဆို။ သူတို့ရဲ့ ဓားကျင့်ကြံသူတွေက ဖြောင့်မတ်မှန်ကန်ပြီး မာနကြီးတယ် မဟုတ်ဘူးလား။ အခု အပြုအမူက ဓားပြတွေနဲ့ ဘာများ ကွာခြားလို့လဲ။"

သူက မြင့်မြတ်နယ်မြေ၏ အနက်ရှိုင်းဆုံးသို့ တည့်တည့်မတ်မတ် လျှောက်သွားပြီး အေးစက်နေသော ရေကန်ရှေ့တွင် ရပ်လိုက်သည်။

"စီနီယာအစ်မ၊ ယောင်ချီမြင့်မြတ်နယ်မြေ ကပ်ဘေးဆိုက်ရင် ဝင်ပါမယ်လို့ စီနီယာအစ်မ ပြောခဲ့တယ်လေ။ အခု ဒီလိုမျိုး လုယက်ခံနေရတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေတာလား။ ဒါက ဆရာ့ရဲ့ တစ်သက်တာ လုပ်ဆောင်ခဲ့တဲ့ အရာတွေလေ။"

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရေကန်ထဲမှ သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်လာသည်။

"ဂျူနီယာညီမ၊ ထားလိုက်ပါတော့။"

"ယောင်ချီမြင့်မြတ်နယ်မြေရဲ့ လက်ရှိအခြေအနေက ကိုယ့်ကိုယ်ကိုယ် ဖန်တီးခဲ့တာတွေချည်းပါပဲ။ ဒီလိုမျိုး မွှေနှောက် ဖျက်ဆီးခံလိုက်ရတာက ကောင်းတဲ့ကိစ္စတောင် ဖြစ်နိုင်ပါတယ်။ ချင်းယွန်ဘုံကနေ အဖျက်ဆီးခံလိုက် ရတာကလည်း တစ်နည်းအားဖြင့် အပြစ်ဖြေခြင်း တစ်မျိုးပဲ။"

"တော်ပါတော့။" ယွိယောင်က ခြိမ်းမောင်းလိုက်ပြီး ရေကန်မျက်နှာပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ရေများ နေရာအနှံ့ လွင့်စင်သွားပြီး ထိုအသံကို ဖြတ်တောက်လိုက်သည်။ "စီနီယာအစ်မ အမြဲတမ်း ပြောနေတာက ကံကြမ္မာ၊ ကံတရား၊ အပြစ်၊ ကိုယ်ကျင့်တရားတွေပဲ။ ဘာအဓိပ္ပာယ်ရှိလို့လဲ။ အဲဒါတွေက စီနီယာအစ်မ အင်မော်တယ်ဖြစ်ဖို့ ကူညီပေးနိုင်မှာလား။ ကောင်းကအတိဒုက္ခတွေကနေ ရှင်သန်နိုင်အောင် လုပ်ပေးနိုင်မလား။ အဲဒီကောင်းကင်ဘုံစုတ်က စီနီယာအစ်မမှာ ကုသိုလ်တရား ရှိမရှိ ဆိုတာကို ဂရုမစိုက်ဘူး။ ဘယ်သူ့ကိုမှ အင်မော်တယ်ဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး။ ဘာပဲလုပ်ရလုပ်ရ လုပ်ဖို့ကလွဲပြီး ငါတို့မှာ တခြား ရွေးစရာ မရှိဘူး။"

"ဘာပဲလုပ်ရလုပ်ရ လုပ်လိုက်တာကရော နင့်ကို အင်မော်တယ်ဖြစ်ခွင့် ရစေမှာလား။"

ရေကန်ထဲမှအသံက ယွိယောင်၏ဒေါသကြောင့် မတုန်လှုပ်ဘဲ တည်ငြိမ်ပြီး ကင်းကွာနေဆဲ ဖြစ်သည်။

"ရစေမှာပေါ့။" ယွိယောင်က ကန်ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လေသံ နူးညံ့သွားသည်။ "စီနီယာအစ်မ၊ ကျွန်မက အင်မောယ်တယ် ပညာရပ်တွေကို ရထားတယ်။ အင်မော်တယ်တွေ လျှောက်တဲ့ လမ်းစဉ်အတိုင်း လျှောက်နေတာ။ အဲဒါက ချောမွေ့တဲ့ လမ်းတစ်ခုပဲ။ အင်မော်တယ်ဖြစ်ဖို့ သေချာပေါက် အာမခံချက်ရှိတယ်။ ကျွန်မတို့ အတူတူ လျှောက်လှမ်းလို့ ရတယ်လေ။"

"နင် ဘယ်တော့မှ အင်မော်တယ် ဖြစ်လာမှာ မဟုတ်ဘူး။" ရေကန်၏အဖြေက အလွန် တည်ငြိမ်လွန်းသဖြင့် ယွိယောင်၏ တည်ငြိမ်မှုကို ရိုက်ချိုးပစ်လိုက်သည်။ "နင် အင်မော်တယ်ကမ္ဘာကို ရောက်သွားရင်တောင်မှ အင်မော်တယ်အတုအယောင်ပဲ ဖြစ်နေလိမ့်မယ်။ နင့်မှာ ကိုယ်ပိုင်တာအို မရှိဘူး။ သူတစ်ပါးရဲ့ ရုပ်သေးရုပ် သက်သက်ပဲ။ အဲဒါက အင်မယ်တော်ဖြစ်တာ မဟုတ်ဘူး။ ကျွန်ပြုခံရတာပဲ။"

"ယွိစီ။" ယွိယောင်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး လှပသော မျက်နှာမှာ ဖြူရော်သွားကာ ရေကန်ဆီသို့ လက်ညှိုးထိုးလိုက်သည်။ ၎င်းမှာ သူ၏ စီနီယာအစ်မကို တာအိုအမည်ဖြင့် တိုက်ရိုက် ခေါ်ဝေါ်လိုက်သော ပထမဆုံးအကြိမ်ပင်။ "ဒီမှာပဲနေပြီး နင့်ရဲ့ တန်ဖိုးမရှိတဲ့တာအိုကိုသာ စောင့်ရှောက်နေလိုက်တော့။ ငါ အင်မော်တယ် ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ နင့်ကို ပြမယ်။ ပြီးတော့ နင်... နင် တစ်သက်လုံး ပူဇော်ပသလာခဲ့တဲ့ ကောင်းကင်ဘုံက ကောင်းကင်အတိဒုက္ခ ကျရောက်လာတဲ့အခါ နင့်ကို ချမ်းသာပေးမလား ဆိုတာ နင့်ဘာသာနင် ကြည့်လိုက်တော့။"

ရေကန်ရှေ့တွင် ရပ်နေစဉ်၊ မရေမတွက်နိုင်သော မှတ်ဉာဏ်များ ယွိယောင်၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။

သာမန်တပည့်တစ်ဦးအဖြစ် ဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်ခဲ့စဉ်က စီနီယာအစ်မ၏ အကာအကွယ်သာ မပါပါက သူ အကြီးအကျယ် ဒုက္ခရောက်ခဲ့ရမည် ဖြစ်သည်။

ဂိုဏ်းပြင်ပရှိ အန္တရာယ်များသော တာဝန်များကို ထမ်းဆောင်ရချိန်များတွင်လည်း အမြဲတမ်း စီနီယာအစ်မကသာ သူ့ကို အကာအကွယ် ပေးခဲ့သည်။

အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အခြေအနေများတွင်ပင်၊ စီနီယာအစ်မက ရှင်သန်နိုင်မည့် အခွင့်အရေး မှန်သမျှကို သူ့အား ပေးအပ်ခဲ့သည်။

ကောင်းကင်ဘုံက ရက်စက်ပြီး သတ္တဝါအားလုံးကို မြက်ရုပ်များကဲ့သို့ သဘောထားသည်။

အသေးစား ကောင်းကင်အတိဒုက္ခ တစ်ခုကြောင့် စီနီယာအစ်မ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည့်နေ့မှစ၍ ကောင်းကင်အထက်သို့ တက်လှမ်းပြီး လွတ်လပ်သော အင်မော်တယ်တစ်ပါး ဖြစ်လာမည်ဟု ယွိယောင် သန္နိဋ္ဌာန်ချခဲ့သည်။

အင်မော်တယ်ဖြစ်လာမှသာလျှင် သူက ဥပဒေသများကို ကျော်လွန်ပြီး ကန့်သတ်ချက်များ အားလုံး၏ အပြင်ဘက်တွင် တည်ရှိနိုင်မည် ဖြစ်သည်။

အင်မော်တယ်ဖြစ်လာမှသာလျှင် သူ၏ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ထိုမျှော်လင့်ချက်မဲ့မှုကို သူ ဘယ်သောအခါမျှ ထပ်မခံစားချင်တော့။ ယခုတစ်ကြိမ်တွင် သူက စီနီယာအစ်မ၏ ရှေ့တွင် ရပ်တည်ပေးချင်ခဲ့သည်။

သူက အင်မော်တယ်တစ်ပါး ဖြစ်လာရမည်။

စီနီယာအစ်မထက်အရင် ကောင်းကင်အတိဒုက္ခကို သူ ရင်ဆိုင်မည်။

သူ အရင်ဆုံး အင်မော်တယ်များဘေးတွင် အစေခံပြီး စီနီယာအစ်မ အင်မော်တယ်ဖြစ်ရန် လမ်းခင်းပေးမည်။

ထိုအခါ သူတို့က အင်မော်တယ်သခင်ကြီး၏ ညာလက်ရုံးနှင့် ဘယ်လက်ရုံးအဖြစ် အတူတကွ ရပ်တည်နိုင်မည်...

အချိန်အတော်ကြာအောင် သူက ရေကန်ကို စိုက်ကြည့်နေခဲ့သည်။ ယခုအခါ သူက စီနီယာအစ်မထက် ပိုမို အစွမ်းထက်နေပြီ ဖြစ်ကြောင်း သိထားသော်လည်း စီနီယာအစ်မကတော့ ကွဲပြားနေဆဲ ဖြစ်သည်။ ဤလောကရှိ အခြားအရာအားလုံးသည် သူ အင်မော်တယ် ဖြစ်လာရန် ခြေနင်းတုံးများအဖြစ် အသုံးတော်ခံနိုင်သည်။ စီနီယာအစ်မမှလွဲ၍ပင်။

"စီနီယာအစ်မ။ ငါ သွားတော့မယ်။ ဒါက စီနီယာအစ်မလို့ ခေါ်မယ့် နောက်ဆုံးအကြိမ်ပဲ။"

ယွိယောင်က ရေကန်ကို ကျောခိုင်း၍ လှည့်ထွက်သွားသည်။

"ငါ့ရဲ့ အင်မော်တယ်လမ်းကို လာမပိတ်ပါနဲ့။ မဟုတ်ရင်တော့ အတိတ်က သံယောဇဉ်တွေကို ဖြတ်တောက်ပစ်လို့ ဆိုပြီးတော့ အပြစ်မတင်နဲ့။"

...

အေးစက်သော ရေကန်ထဲတွင်…

သူတော်စင်ယွိစီက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

ဓားကျောင်းတော်၏ ဘိုးဘေးကြီး ရေကန်ကို ရပ်ကြည့်နေစဉ်က သူ ဝင်ရောက်စွက်ဖက်ရန် စဉ်းစားခဲ့သည်။

သို့သော် ယောင်ချီမြင့်မြတ်နယ်မြေ၏ လက်ရှိအခြေအနေအတွက် မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။

သူတို့ကိုယ်သူတို့သာ အပြစ်တင်ရပေမည်။ မြင့်မြတ်နယ်မြေအတွက် တရားမျှတမှုကို တောင်းဆိုရန် သူ့တွင် မည်သည့် အခွင့်အရေး ရှိပါသနည်း။ ဤအပြစ်များ ပေါက်ဖွားရာ ပုခက်ကို ဆက်လက် တည်ရှိခွင့်ပြုရန် မည်သည့် အကြောင်းပြချက် ရှိပါမည်နည်း။

ထို့ကြောင့် နောက်ဆုံးတွင် သူက ရေအောက်မှနေ၍ ဓားကျောင်းတော်၏ ဘိုးဘေးကြီးနှင့် အကြည့်ချင်းသာ ဖလှယ်လိုက်သည်။

ထို့နောက် ဘာမှမလုပ်ခဲ့ပေ။

"ဒါက အရာအားလုံးကို ရှင်းလင်းဖျက်ဆီးပစ်မယ့် ကောင်းကင်တာအိုရဲ့ ဆန္ဒများလား"

ယွိစီသည် ခေါင်းငုံ့ကာ လက်သီးများကို ဆုပ်ထားလိုက်သည်။

ယခုအခါ သူ့အတွက် လမ်းတစ်လမ်းသာ ကျန်ရှိတော့သည်။

ရှေးဟောင်းအင်မော်တယ်များကို အတုယူပြီး မိမိ၏ အလောင်းသုံးခုကို ဖြတ်တောက်ရန်ပင်။

သို့သော် ၎င်းတို့ကို ဖြတ်တောက်ခြင်းက စိတ်ခံစားမှု အားလုံးကို စွန့်လွှတ်လိုက်ခြင်းကို ဆိုလိုသည်။ သူက စိတ်ခံစားမှု ခုနစ်ပါး သို့မဟုတ် လိုအင်ဆန္ဒ ခြောက်ပါးကို ထပ်မံ ခံစားရတော့မည် မဟုတ်ပေ။

သူ၏ ဂျူနီယာညီမ သူ့ရှေ့တွင် သေဆုံးသွားသည်ကို မြင်လျှင်ပင် သူ ဘာကိုမှ ခံစားရတော့မည် မဟုတ်ပေ။ သူ၏ တာအိုက ကံကြမ္မာအကျိုးဆက်များကို ရှောင်ရှားပြီး ကုသိုလ်တရားစုဆောင်းသည့် လမ်းစဉ်ကို လိုက်နာခြင်း ဖြစ်ရာ သူ၏ဂျူနီယာညီမ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားပါက လောကကြီးအတွက် ကောင်းချီးတစ်ရပ်ဟုပင် သူ ယူဆမိပေလိမ့်မည်။

"ဒီလောကမှာ ပြီးပြည့်စုံတဲ့ ရလဒ်နှစ်ခုရဖို့ဆိုတာ ရှားပါတယ်။" ယွိစီ၏ အကြည့်များ တဖြည်းဖြည်း ခိုင်မာလာ၏။ "ငါ့ဂျူနီယာညီမက ငါနဲ့ သံယောဇဉ်တွေကို ဖြတ်တောက်သွားပြီဆိုတော့ ငါ့မှာလည်း တွယ်တာစရာ ဘာမှ မရှိတော့ဘူး။ ဆက်ပြီး တွန့်ဆုတ်နေစရာ မလိုတော့ဘူး။"

ဤအသိစိတ်ဖြင့် သူက တင်ပလ္လင်ခွေကာ နက်ရှိုင်းသော တရားထိုင်ခြင်းသို့ ဝင်ရောက်သွား၏။

အလောင်းသုံးခုကို ဖြတ်တောက်ပါက မဟာတာအိုကို ရရှိနိုင်မည်ဟူ၍ ရှေးဟောင်းအင်မော်တယ်များ ပြောခဲ့သလိုပင်။

အလောင်းသုံးခုကို ဖြတ်တောက်ခြင်းက သူ၏စွမ်းအားကို အနည်းဆုံး အဆင့်ကြီး တစ်ခုလောက် ကျဆင်း၍ သွားစေလိမ့်မည်။

ဆုံးရှုံးမှုတစ်ခုလို ထင်ရသော်လည်း ထိုနောက်ပိုင်း ကျင့်ကြံခြင်းက အလွန်ချောမွေ့သွားမည် ဖြစ်သည်။

အဆင့်တက်ခြင်းနှင့် အသိဉာဏ်ပွင့်လင်းခြင်း နှစ်ခုစလုံး သိသိသာသာ တိုးတက်လာလိမ့်မည်။

အရေးအကြီးဆုံးမှာ...

အကယ်၍ သူက အနည်းဆုံး အဆင့်ကြီးတစ်ခု ဆုံးရှုံးရခြင်း၏ မလုံခြုံမှုကို ခံနိုင်ရည်ရှိပါက သက်တမ်း လုံလောက်စွာ ရှိနေသရွေ့ အလောင်းသုံးခုကို ဖြတ်တောက်ခြင်းက မဟာတက်လှမ်းခြင်းအဆင့် တတိယမြောက် အတိဒုက္ခ ကျင့်ကြံသူတစ်ဦးအတွက် ကောင်းကင်အတိဒုက္ခ၏ ပစ်မှတ်ထားခြင်းမှ ရှောင်လွှဲနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။

ယွိစီတွင် သက်တမ်း သိပ်မကျန်တော့သော်လည်း သူက ဟင်းလင်းပြင်ချောက်နက်ထဲတွင် အသက်ကို တွယ်ဖက်နေရန် ရည်ရွယ်ချက် မရှိပေ။

သူ၏တာအိုသည် ရေစီးကြောင်းအတိုင်း လိုက်ပါပြီး နှလုံးသားနောက်သို့လိုက်ရန် ဖြစ်သည်။

ကောင်းကင်ဘုံက ငါ့ကို သေစေချင်ရင်တော့လည်း…

ရှိပါစေတော့။

…

All Chapters