← Chapters

အခန်း ၄၃၉

Vol. 44 Ch. 439

အခန်း ၄၃၉

Vol. 44 Ch. 439

အခန်း(၄၃၉) လစောင်းကြယ်သုံးပွင့်လိုဏ်ဂူ

[ အဆင့်မြင့် ဝိညာဉ်စွမ်းအင် မော်ဂျူးကို အောင်မြင်စွာ တပ်ဆင်ပြီးပါပြီ။ ကမ္ဘာငယ်လေးနှင့် ချင်းယွန်ဘုံကြားရှိ ချိတ်ဆက်မှုကို ကျေးဇူးပြု၍ ထိန်းသိမ်းထားပါ၊။သို့မဟုတ်ပါက အဆင့်မြင့် ဝိညာဉ်စွမ်းအင် မော်ဂျူးသည် အချိန်မရွေး ရပ်ဆိုင်းသွားနိုင်သည် ]

"ကျွတ်။ တော်တော် ဂျီးများတာပဲ…"

ချန်ဟွိုက်အန် နှုတ်ခမ်းမဲ့လိုက်သည်။

ငါက ကတိဖျက်ပြီး ရွှေဥဥတဲ့ငန်းကို သတ်ပစ်မယ့် လူစားမျိုးလို့ စနစ်က တကယ် ထင်နေတာလား။

ဒီဂိမ်းစနစ်က ငါ့ကို လုံးဝ မယုံကြည်တာပဲ။

[ အဆင့်မြင့် ဝိညာဉ်ပုံဆောင်ခဲ ကျောက်ကြောတစ်ခုကို ကစားသမား၏ သိုလှောင်အိတ် အတွင်းသို့ ထည့်သွင်းပေးလိုက်ပါပြီ။ ကျေးဇူးပြု၍ ချင်းယွန်ဘုံ သို့မဟုတ် ကမ္ဘာငယ်လေး၏ မြေကြောများအတွင်းသို့ ဝင်ရောက်ပြီး နေရာချထားရန် လုံလောက်သော ကျောက်သားနေရာလွတ်တစ်ခုကို ရွေးချယ်ပါ ]

ချန်ဟွိုက်အန် သူ၏သိုလှောင်အိတ်ကို စစ်ဆေးကြည့်လိုက်သည်။

အောက်ဆုံးအကွက်တွင် ရွှေရောင် ပစ္စည်းတစ်ခု ရှိနေသည်။ အိုင်ကွန်ပုံအရ ဝိညာဉ်ပုံဆောင်ခဲများ ပုံထားသည့် တောင်တစ်တောင်နှင့် တူသည်။

၎င်းက ဝိညာဉ်ပုံဆောင်ခဲကျောက်ကြောဆိုသည့် သဘောတရားနှင့် အနည်းငယ် ကိုက်ညီမှု ရှိနေသည်။

ဝိညာဉ်ပုံဆောင်ခဲ ကျောက်ကြောတစ်ခုလုံးကို ကစားသူ သိုလှောင်အိတ်ထဲ ထိုးထည့်နိုင်ခြင်း။ ဤဂိမ်းစနစ်က တကယ်ကို မိုက်လွန်းကြောင်း သူ ဝန်ခံရမည် ဖြစ်သည်။

သူ အသွင်ပြောင်းပြီး မဟာတက်လှမ်းခြင်းအဆင့် စွမ်းအားများကို ထုတ်လွှတ်လိုက်လျှင်ပင် ဤအရာကို ဖြစ်နိုင်စေသည့် မည်သည့်စွမ်းအား၊ မည်သည့် သဘောတရားမျိုးကို သူ နားမလည်နိုင်သေးပေ။

"ကမ္ဘာငယ်လေးမှာက အဆင့်မြင့် ဝိညာဉ်စွမ်းအင်မော်ဂျူး ရှိပြီးသားပဲ။ ငါတို့က ဂိုဏ်းတစ်ခု တည်ထောင်နေပြီ ဆိုတော့ကာ လီချင်းရန်ကို ချက်စရာဆန်မရှိတဲ့ အိမ်ရှင်မတစ်ယောက် ဖြစ်ခွင့် ပေးလို့မဖြစ်ဘူး..."

ချန်ဟွိုက်အန် ခဏ တွေးတောလိုက်သည်။

လီချင်းရန်၏အလုပ်ကို ထောက်ပံ့ပေးရန် အဆင့်မြင့် ကျောက်ကြောကို ဂိုဏ်း၏အောက်ရှိ တောင်တန်းထဲတွင် ချထားရန် သူ ဆုံးဖြတ်လိုက်၏။

ကမ္ဘာငယ်လေးအတွက်က အလောတကြီး မလိုသေးဘူး။ ပိုက်ဆံထုတ်စက် အလုံး တစ်ထောင်လောက်ကို ငါ ရှာတွေ့သွားတာနဲ့ အဆင့်မြင့် ဝိညာဉ်ပုံဆောင်ခဲ ကျောက်ကြောတွေ ဝယ်ဖို့ဆိုတာက ကိတ်မုန့်စားရသလို လွယ်ကူသွားမှာပဲ။

လီချင်းရန်က လောကရဲ့ နံပါတ်တစ် ဂိုဏ်းခေါင်းဆောင် ဖြစ်လာဖို့ ကံကြမ္မာပါလာတဲ့သူပဲ။

အဲဒါကြောင့် ဒီအဆင့်မြင့် ဝိညာဉ်ပုံဆောင်ခဲ ကျောက်ကြောက ရာစုနှစ်ချီစာချုပ်အတွက် အရှိန်မြှင့်တင်ပေးတဲ့ အရာ ဖြစ်ပါစေတော့။

ချန်ဟွိုက်အန်က တောင်မြေလွှာများကို ဖြတ်သန်းသွားပြီး လက်သီးတစ်ချက် ထိုးလိုက်သည်။ ဟင်းလင်းပြင် ပေါင်းစည်းခြင်းအဆင့်၏ ကြောက်မက်ဖွယ်စွမ်းအားက အတွင်းပိုင်း ကျောက်လွှာများကို ချက်ချင်း ကြေမွပြိုကျ သွားစေပြီး ကျောက်စအနများမှာ နေရာလွတ် အက်ကွဲကြောင်းများထဲသို့ စုပ်ယူခံသွားရကာ တောင်ကြီးအတွင်း၌ ဧရာမ လှိုဏ်ဂူကြီးတစ်ခု ဖြစ်ပေါ်လာ၏။

"ပြီးပြည့်စုံတဲ့ နေရာပဲ။"

သူက သိုလှောင်အိတ်ထဲမှ အဆင့်မြင့် ဝိညာဉ်ပုံဆောင်ခဲ ကျောက်ကြောကို ဆွဲယူပြီး လှိုဏ်ဂူထဲတွင် နေရာချရန် နှိပ်လိုက်သည်။

ဝုန်း…

သူ့မျက်စိရှေ့တွင် ဝိညာဉ်ပုံဆောင်ခဲ ကျောက်ကြောတစ်ခု ချက်ချင်း ပေါ်လာပြီး အစွန်းများသည် ပတ်ဝန်းကျင်ရှိ ကျောက်သားများနှင့် အချိတ်အဆက်မိမိ ပေါင်းစပ်သွားရာ ထိုနေရာ၌ သဘာဝအတိုင်း ပေါက်ဖွားလာခဲ့သလိုပင်။ သွေးကြော ပေါ်လာသည်နှင့်တစ်ပြိုင်နက် သိပ်သည်းသော စိတ်ဝိညာဉ်ချီစွမ်းအင်များသည် ဝိညာဉ်မိုးရေအဖြစ် ပြောင်းလဲသွားပြီး တောင်ကြီးတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွား၏။

တိတ်ဆိတ်သော နွေဦးမိုးက အရာခပ်သိမ်းကို အာဟာရဖြည့်တင်းပေးနေသည်။

ကြွယ်ဝသော စိတ်ဝိညာဉ် လွှမ်းမိုးမှုအောက်တွင် အပင်များက ပိုမိုမြင့်မား ကြီးထွားလာကြပြီး သစ်ပင်များသည် တစ်ပိုင်းပြီးတစ်ပိုင်း အထက်သို့ ထိုးတက်သွားကြ၏။

တစ်ချိန်တည်းမှာပင် တောင်ပေါ်ရှိ သားရဲများနှင့် ဝိညာဉ်များက အစပိုင်းတွင် အသေးစား မြေငလျင်များကြောင့် ထိတ်လန့်သွားခဲ့သော်လည်း စိတ်ဝိညာဉ်အာဟာရကို ခံစားလိုက်ရသည်။

အသိဉာဏ် မပွင့်သေးသော သားရဲများမှာ အကြောင်းရင်းကို နားမလည်ဘဲ ခေါင်းထဲတွင် ပိုမို ကြည်လင်၍ လာသည်ဟုသာ ခံစားရပြီး နိုးထလာသော ဝိညာဉ်များကမူ "တောင်စောင့်နတ်၏လက်ဆောင်"အတွက် ကျေးဇူးတင်စွာဖြင့် ဒူးထောက်ကြသည်။ သို့မဟုတ် ချက်ချင်း ကျင့်ကြံရန်အတွက် အေးချမ်းသော နေရာများကို ရှာဖွေသွားကြသည်။

ကျောက်ကြော၏ လွှမ်းမိုးမှုမှာ စတင်ရုံသာ ရှိသေးသည်။

အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်း၏ ပင်မတောင်ထွတ်အဖြစ် အသုံးပြုမည့် ဤတောင်ကြီးသည် ချင်းယွန်ဘုံ၏ ထိပ်တန်း ကောင်းချီးရနယ်မြေများထဲမှ တစ်ခု ဖြစ်လာမည်ဖြစ်ပြီး စိတ်ဝိညာဉ် သိပ်သည်းဆသည် မြင့်မြတ်နယ်မြေများကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။ သစ်ပင်ပန်းမန်များက စိတ်ဝိညာဉ်အပင်များကို အမြောက်အမြား ထုတ်လုပ်ပေးမည်ဖြစ်ပြီး တောင်ပေါ်ရှိ သားရဲများမှာ လျင်မြန်စွာ အသိဉာဏ်ပွင့်လာကာ ဝိညာဉ်လူဦးရေကို တိုးပွားလာစေမည် ဖြစ်သည်။

ဤစိတ်ဝိညာဉ်အပင်များနှင့် ဝိညာဉ်များအားလုံးက အရင်းအမြစ်များ ဖြစ်ကြသည်။

မိစ္ဆာအဖြစ် ကျင့်ကြံလာသော ဝိညာဉ်များက လမ်းလျှောက်နေသော ပစ္စည်းသိုလှောင်တိုက်များ ဖြစ်လာကြသည်။

ထိုသို့မဖြစ်နိုင်လျှင်ပင် နွားဝိညာဉ်များဆီမှ နို့ကလည်း အကောင်းဆုံး ပစ္စည်းတစ်ခုပင် မဟုတ်ပါလား။

ထို့အပြင် ဓားကျောင်းတော်၏ အစောင့်အရှောက်သားရဲဖြစ်သော တာ့ဟာသည်လည်း မိတ်လိုက်ဖော်များ ပြတ်လပ်မည်ကို ထပ်ပြီး စိုးရိမ်စရာ မလိုတော့။

နှစ်ဝက်အတွင်း ဤတောင်ပေါ်ရှိ ဝံပုလွေမ ဝိညာဉ်တိုင်းက တာ့ဟာ သဘောကျသလို မျိုးပွားနိုင်သည့် အရာများ ဖြစ်လာလိမ့်မည်။

"နောက်တစ်ဆင့်က တောင်တံခါးကို တည်ဆောက်ဖို့ပဲ။"

ကျောက်ကြောကို ချထားပြီးနောက် ချန်ဟွိုက်အန်က မြေပြင်ပေါ်သို့ ပြန်တက်လာပြီး တောင်ထိပ်ပေါ်တွင် ဓားကိုကိုင်လျက် မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

အန္တရာယ်များသော ချောက်ကမ်းပါးများနှင့် ကြမ်းတမ်းသော မြေပြင်အသွင်အပြင်များကြောင့် ပင်မခန်းမတစ်ခု ဆောက်ရန် မြေပြန့်နေရာ လုံးဝနီးပါး မရှိပေ။

သို့သော် ပထဝီဝင်အနေအထားကို ပြောင်းလဲခြင်းက ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး အတွက် ကလေးကစားစရာလို လွယ်ကူလှသည်။

ချန်ဟွိုက်အန်က လက်သီးကို မြှောက်ကာ မြေကြီးဆီသို့ ဆက်တိုက် သုံးချက် ထိုးချလိုက်သည်။

ဝုန်း ဝုန်း ဝုန်း…

ကမ္ဘာမြေကို တုန်လှုပ်စေသော ထိုးနှက်ချက် သုံးချက်ပြီးနောက်၊ တောင်ကြီးတစ်ခုလုံး ထုထောင်းခံနေရသော တြိဂံပုံစံ မုန့်ညက်အုံးကြီးတစ်ခုနှင့် တူသွား၏။

ချွန်ထက်နေသော တောင်ထိပ်မှာ ပြန့်ပြူးသွားပြီး ဘေးဘက်များမှာ အပြင်သို့ ဆန့်ထွက်သွားကာ ပုံပျက်နေသော ထရာပီဇီယမ် ပုံသဏ္ဌာန်အဖြစ် ကွေးကောက်သွားသည်။

မကျေနပ်သေးသဖြင့် ချန်ဟွိုက်အန်က တောင်ထိပ်ကိုဖြတ်၍ ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်။

ရွှီး…

ဖျော့တော့သော ဓားအလင်းတန်းတစ်ခုက တောင်ကြီးတစ်ခုလုံးကို ဖြတ်တောက်သွားပြီး မညီညာသော အဖုအထစ်များ အားလုံးကို တစ်ချက်တည်းဖြင့် ခုတ်ဖြတ်ပစ်လိုက်သည်။

ကျန်ရှိနေသော တောင်ထိပ်က မှန်တစ်ချပ်လို ချောမွေ့မနေသော်လည်း ခေတ်သစ်စံနှုန်းများအရ ကွန်ကရစ်လောင်းပြီး အုတ်ကြွပ်ခင်းရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

လက်သီး သုံးချက်နှင့် ဓားတစ်ချက်က တောင်တံခါးကို ဖွင့်လှစ်ပေးလိုက်ခြင်းပင်။

တောင်ထိပ်နှင့် နီးကပ်စွာရှိသော အပင်အချို့သာ ဘေးထွက်ဆိုးကျိုးအဖြစ် ထိခိုက်ပျက်စီးသွားခဲ့သည်။

ပိုမိုကောင်းမွန်စွာ ကျန်ရှိနေသော တောင်ခါးပန်းနှင့် တောင်ခြေရှိ ဝိညာဉ်များမှာမူ ထိခိုက်မှု မရှိခဲ့ပေ။ ချန်ဟွိုက်အန်၏ တိုက်ခိုက်မှုများက မြေပြင်အသွင်အပြင်ကို ပြန်လည် ပုံဖော်ရန်သာ ရည်ရွယ်ပြီး ဖျက်ဆီးရန် မဟုတ်သဖြင့် နောက်ဆက်တွဲ တုန်ခါမှုလှိုင်းများသည် ညင်သာခဲ့သည်။

သို့တိုင် ဝိညာဉ်များမှာ ထိတ်လန့်နေဆဲပင်။

တောင်ခါးပန်း ရေတံခွန်တစ်ခု၏ အောက်တွင် မျောက်တစ်အုပ်က သူတို့၏ တောင်ကြီးတစ်ခုလုံးကို ပုံစံပြောင်းပစ်လိုက်သော စွမ်းအားပြသမှုကြောင့် တုန်ယင်နေကြသည်။

ပိုရဲတင်းသော ကောင်များကသာ ထူးဆန်းသော "ဝါး ဝါး" အသံများကို ပြုလုပ်နိုင်ကြသည်။

အစောပိုင်းကတည်းက အသိဉာဏ်ပွင့်ခဲ့သော မျောက်အိုကြီးတစ်ကောင်သည် တောင်စောင့်နတ်က ကောင်းကင်ပြစ်ဒဏ်များ ချမှတ်လိုက်သည်ဟု ယုံကြည်ကာ တောင်ထိပ်ဆီသို့ ကြောက်ရွံ့စွာဖြင့် ဦးခေါင်းတိုက် အရိုအသေပေးနေသည်။

မျောက်တစ်ကောင်သာလျှင် တောင်ထိပ်မှ လျှံတက်လာသော စိတ်ဝိညာဉ်ချီစွမ်းအင်များကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး ထိုမြင်ကွင်းကို သူ၏စိတ်ထဲတွင် ပြန်လည် မြင်ယောင်နေသည်။

ကောင်းကင်ကို တုန်လှုပ်စေတဲ့ လက်သီးသုံးချက်၊ တောင်တွေကို ပြန့်ပြူးစေတဲ့ ဓားတစ်ချက်။

ဒီလိုမျိုး နတ်ဘုရားစွမ်းအားမျိုးက ကောင်းကင်ဘုံက အင်မော်တယ်တွေနဲ့ သေချာပေါက် သက်ဆိုင်နေလိမ့်မယ်။

အင်မော်တယ်တွေ...

မျောက်၏မျက်လုံးများတွင် ဆုံးဖြတ်ချက် ခိုင်မာမှုများ လက်သွားပြီး သူ၏အုပ်စုကို ဝမ်းနည်းစွာဖြင့် လိုက်ကြည့်လိုက်သည်။

မျောက်တွေကြားတွင်သာ တစ်သက်လုံး နေသွားမည်ဆိုလျှင် ဉာဏ်ကောင်းသော မျောက်တစ်ကောင်အဖြစ်သာ ကျန်နေခဲ့ပေမည်။ ကျင့်ကြံခြင်းပစ္စည်းများ ဖြစ်လာရန် ကံကြမ္မာပါလာသော ဝိညာဉ်တစ်ခုအဖြစ်ပင်...

သူက အသုံးချခံတစ်ခု မဖြစ်ချင်ပေ။

ပိုမိုကျယ်ပြန့်သော လောကကြီးကို မြင်တွေ့နိုင်ရန် ဤတောင်ကြီးကို ကျော်လွန်၍ ခုန်ပျံသွားမည် ဖြစ်သည်။

ထိုမျောက်က စိတ်ဝိညာဉ်စွမ်းအင်များ တောက်ပနေသော ထိုတောင်ထိပ်၏ အနီးစပ်ဆုံး တည်နေရာကို မှတ်သားထားလိုက်သည်။

...

တောင်ထိပ်တွင် ချန်ဟွိုက်အန်က ကိုယ်ပိုင်လိုဏ်ဂူအိမ်ကို မဆောက်လုပ်ခင် ပင်မခန်းမနှင့် ရင်ပြင်အတွက် နေရာချန်ထားလိုက်သည်။

"ဘိုးဘေးကြီးတစ်ယောက်အနေနဲ့ ငါ့ရဲ့ လိုဏ်ဂူက လျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်လေးတော့ ရှိရမယ်။ အဲဒါကို ပင်မခန်းမရဲ့ ဘေးမှာပဲ ထားလိုက်မယ်။" သူက လက်ခုပ်တီးလိုက်သည်။ လီချင်းရန်နှင့် ပိုနီးကပ်ချင်၍ သေချာပေါက် မဟုတ်ပေ။

ပင်မခန်းမ ဆောက်လုပ်မည့် နေရာအနီးတွင် ဂူတစ်ဂူကို ထိုးဖောက် ဖန်တီးလိုက်ပြီးနောက် တူးဖော်ရရှိသော ကျောက်တုံးများကို လိုဏ်ဂူပုံစံ စီရီလိုက်ပြီး အပြင်ဘက်ကို အပင်များဖြင့် ဖြစ်သလို အလှဆင်လိုက်သည်။

အတွင်းပိုင်း အတွက်ကမူ...

ချန်ဟွိုက်အန်သည် သားရေဆိုဖာတစ်ခု၊ ကော်ဖီစားပွဲခုံတစ်လုံး၊ ဧရာမတီဗီကြီး တစ်လုံးနှင့် အနည်းငယ် စဉ်းစားပြီးနောက် လျှပ်စစ်ရေကုတင် (လိုရမယ်ရ) တစ်ခုကိုပါ ထိုးသိပ်ထည့်လိုက်သည်။

နောက်ဆုံးတွင် မဟာတက်လှမ်းခြင်းအဆင့် စွမ်းအားသို့ ပြောင်းလဲလိုက်ပြီး သူက ကာကွယ်ရေးအခင်းအကျင်း အတော်များများကို တပ်ဆင်လိုက်သည်။

လုံလောက်ပြီ။

မဟာတက်လှမ်းခြင်းအဆင့် တိုက်ခိုက်မှုများကို လုံးဝ ခံနိုင်ရည်မရှိသော်လည်း ဟင်းလင်းပြင် ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများအနေဖြင့် ၎င်းကို ဖောက်ထွက်နိုင်ရန် ဘဝပေါင်းများစွာ အချိန်ကုန်သွားနိုင်ပေသည်။

"ဘိုးဘေးကြီး တစ်ယောက်အနေနဲ့ ဒီလိုဏ်ဂူအိမ်က သင့်တော်တဲ့ ခန့်ညားတဲ့ နာမည်တစ်ခုတော့ ရှိသင့်တယ်။"

ချန်ဟွိုက်အန်က သူ၏လိုဏ်ဂူရှေ့ရှိ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကျောက်တိုင်ကို သေချာကြည့်ပြီးနောက်၊ ကြေးခွံနက်ဓားဖြင့် ဓားချီစွမ်းအင်များ ပြည့်ဝနေသော ခိုင်မာသည့် စာလုံးကြီး ငါးလုံးကို ပြတ်သားစွာ ထွင်းထုလိုက်၏။

လစောင်းကြယ်သုံးပွင့်လိုဏ်ဂူ။

…

All Chapters