အခန်း (၄၃၉-၄၄၀)
Vol. 44 Ch. 439-440
အခန်း (၄၃၉) - ယင်းဟွမ်ဟွမ်၊ အမျိုးသမီးငယ်လေး တစ်ယောက် ဖြစ်လိုခြင်း(၂)
မိုလော့၊ ချင်းကျီနှင့် အခြား ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်သာ စစ်မြေပြင်တွင် ကျန်ရှိခဲ့ပီး မိုလော့က မေးလိုက်သည်။
“ဘယ်လို ချိုးဖျက်ရမှာလဲ”
ဝူယွမ်က ပြုံးကာ ပြောလိုက်သည်
“ဒီမှာရှိတဲ့ မိစ္ဆာ စွမ်းအင် အားလုံးကို စုပ်ယူလိုက်ရင် အတားအဆီးက တိုက်ခိုက်စရာမလိုဘဲ အလိုလို ကျိုးပေါက်သွားလိမ့်မယ်”
“တျန်ယွမ်ဇီနဲ့ ရန်ယွမ်ဇီ သူတို့ လုပ်ခဲ့တာတွေက ငါ့အတွက်အကြီးမားဆုံးသော လက်ဆောင်ပစ္စည်းတွေ ဖြစ်သွားမယ်ကို ဆိုတာကို သူတို့ သေသွားတဲ့အထိ သိမသွားလောက်ဖူး”
ကမ္ဘာသစ်ပင်သည် ကြီးထွား ဖွံ့ဖြိုးရန်အတွက် ကမ္ဘာခြားနတ်ဆိုးများ၏ စွမ်းအားကို စုပ်ယူနိုင်ပြီး ကမ္ဘာခြားနတ်ဆိုးများ၏ စွမ်းအားမှာ အနှစ်သာရမိစ္ဆာ စွမ်းအင်ပင် ဖြစ်၏။
ကမ္ဘာခြားနတ်ဆိုး နယ်ပယ်ရှိ မိစ္ဆာ စွမ်းအင်သည် သူတို့၏ လောကရှိ ယွမ်စွမ်းအင်နှင့် အတူတူပင်ဖြစ်သည်။ ဤကဲ့သို့သော မိစ္ဆာ စွမ်းအင်မှာ စုပ်ယူရန် အလွယ်ကူဆုံးဖြစ်ပြီး ကမ္ဘာခြားနတ်ဆိုး ကျင့်ကြံမှု၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ထျန်းရွှမ်တိုက်ကြီးရှိ လူများအတွက် ဤမိစ္ဆာ စွမ်းအင်မှာ အဆိပ်နှင့်တူပြီး မထိတွေ့သင့်သော်လည်း၊ ကမ္ဘာသစ်ပင်အတွက်မူ ဤမိစ္ဆာ စွမ်းအင်မှာ ယွမ်စွမ်းအင်ကဲ့သို့ပင် စုပ်ယူရန် အလွယ်ကူဆုံး စွမ်းအင်တစ်မျိုး ဖြစ်သည်။
အကယ်၍ တျန်ယွမ်ဇီနှင့် အခြားသူများက မိစ္ဆာ အလောင်းကောင် အမြောက်အမြားကို မိစ္ဆာ စွမ်းအင်များအဖြစ် မဖောက်ခွဲပစ်ခဲ့ပါက ဝူယွမ်သည် သူတို့ကို ဖြေရှင်းနှိမ်နင်းရန် အားစိုက်ထုတ်ရမည်ဖြစ်ပြီး ကမ္ဘာသစ်ပင်ကလည်း သူတို့ထံမှ စွမ်းအင်များကို စုပ်ယူရန် ကြိုးစားရပေဦးမည်။
သို့သော်လည်း ယခုအခါ ဝူယွမ်နှင့် အခြားသူများကို ပိတ်လှောင်ထားရန်အတွက် သူတို့သည် ဤမိစ္ဆာ ပွဲတော် ကမ္ဘာရှိ မိစ္ဆာ စွမ်းအင် ပို၍ များပြားမြှင့်တက်လာစေရန် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ကြ၏။
ဝူယွမ်အတွက်မူ ထိုကဲ့သို့ လုပ်ဆောင်လိုက်ခြင်း သစ်သီးများကို ဖျော်ရည်အဖြစ်ပြောင်းလဲပေးသကဲ့သို့ဖြစ်သွားပီး စုပ်ယူရန်ခက်ခဲခြင်းကို လွယ်ကူစေရုံမက စုပ်ယူဖို့လိုအပ်သော အချိန်များစွာကိုလည်း သက်သာသွားစေသည်။
“ဟွမ်ဝူ၊ ဟွမ်ယွမ် ဒီမှာရှိတဲ့ မိစ္ဆာ စွမ်းအင်တွေကို အစွမ်းကုန် စုပ်ယူလိုက်”
ဝူယွမ်က ရှေးဟောင်းကျောက်တိုင်ကို မြေကြီးထဲသို့ ထိုးစိုက်လိုက်ရာ ချက်ချင်းပင် ရှေးဟောင်းကျောက်တိုင်က မိစ္ဆာ ပွဲတော် ကမ္ဘာ တစ်ခုလုံးကို ထိုးဖောက်နိုင်သော ကျန်းတစ်သောင်းခန့် မြင့်မားသော ဧရာမ သစ်ပင်ကြီးတစ်ပင်ပမာ ပြောင်းလဲသွားလေသည်။
ကမ္ဘာသစ်ပင်က ရှေးဟောင်းကျောက်တိုင်အတွင်းမှ ပေါ်ထွက်လာခဲ့၏။ ၎င်း၏ ထူထဲသော အမြစ်များက မြေကြီးထဲသို့ တိုးဝင်သွားပြီး များပြားလှသော အကိုင်းအခက်များနှင့် သောင်းချီသော သစ်ကိုင်းငယ်များ ဆန့်ထွက်လာကာ စိမ်းလန်းနေသည့် အရွက်များစွာကလည်း မိစ္ဆာ စွမ်းအင်များကို စုပ်ယူနေကြသည်။
၎င်းက မိစ္ဆာ စွမ်းအင်များကို စုပ်ယူနေသည့် အချိန်မှာပင် စိမ်းလန်းသော အကိုင်းအခက်များ ပြည့်ဖြိုးလာကာ မွှေးကြိုင်သော အသီးများ သီးလာလေသည်။
ဝူယွမ်ကအသီးတစ်လုံးကို ခူးကာ စားလိုက်သည်။
“ဒါတွေက ကမ္ဘာသစ်ပင်က သီးတဲ့ ဝိညာဉ် သစ်သီးတွေပဲ၊ သူတို့က မင်းတို့ ပြန်လည်ကောင်းမွန်လာဖို့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးရ ရှိပြီး တာအိုကို နားလည်သဘောပေါက်ဖို့လည်း ကူညီပေးနိုင်တယ်၊ ဝိညာဉ် သစ်သီး တချို့ကို စားပြီး ကမ္ဘာသစ်ပင်ပေါ်မှာ ကျင့်ကြံတာက အားလုံးအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ ကျတော်တို့ ဒီလေဟာနယ်ထဲက မိစ္ဆာ စွမ်းအင် အားလုံးကို စုပ်ယူပီးသည်အထိ စောင့်ကြတာပေါ့၊ အဲဒီအခါကျရင် ဒီက အတားအဆီးက တိုက်ခိုက်စရာမလိုဘဲ အလိုလို ကျိုးပေါက်သွားလိမ့်မယ်”
“ဒီစုပ်ယူမှုအရှိန်ကို ကြည့်ရတာ ငါတို့ အပြင်ရောက်ဖို့ ရက်သိပ်မကြာလောက်ဘူး ထင်တယ်”
ဝူယွမ်က သစ်သီးကို စားကာ ကမ္ဘာသစ်ပင် အကိုင်းအခက်ပေါ်တွင် ထိုင်ရင်း အေးဆေးစွာ ပြောလိုက်၏။
ဝူယွမ်၏ စကားကို ကြားသောအခါ လူအနည်းငယ်မှာ စူးစမ်းကြည့်ချင်လာကြသည်။ ဤကမ္ဘာသစ်ပင်နှင့် ပတ်သက်၍ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။
“အခု ယွမ်ဂိုဏ်းလည်း ပျက်စီးသွားပြီဆိုတော့ နင်ဘာဆက်လုပ်ဖို့စဉ်းစားထားလဲ ”
ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ဘေးသို့ ရောက်လာပြီး မေးလိုက်သည်။
ဝူယွမ်က သူမကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက လှိုင်းများ လှုပ်ရှားနေပြီး အတွင်း နက်ရှိုင်းရာတွင် မှေးမှိန်သော ရေခဲပြာရောင် အရိပ်အယောင်တစ်ခုက အေးစက်မှုကို ထုတ်လွှင့်နေသည်။
မသိမသာဖြင့် ယင်းဟွမ်ဟွမ်တွင် ရေခဲ သခင်မ၏ ဝိသေသလက္ခဏာ အများအပြား ရှိနေပြီဖြစ်သည်။
သူမသည် ဝူယွမ်နှင့် အတူရှိနေချိန်တွင် ပုံမှန်အတိုင်း ပြုမှုနေနိုင်သော်လည်း သူမ၏ စိတ်နေသဘောထား ရုတ်တရက် ပြောင်းလဲလာမှုရ ဝူယွမ်အား ရေခဲ သခင်မ တည်ရှိနေမှုကို လျစ်လျူရှုထားရန် ခက်ခဲစေခဲ့သည်။
ဝိညာဉ်အသစ် တစ်ခုက သူတို့ကြားတွင် ဝင်ရောက်စွက်ဖက်နေပြီဖြစ်သည်။
ဝူယွမ် နားမလည်သော အရာတစ်ခုမှာ ရေခဲ သခင်မ၏ ဝိညာဉ်က ယင်းဟွမ်ဟွမ်ကို လွှမ်းမိုးမှု ရှိမရှိပင်ဖြစ်၏။ ရေခဲ သခင်မ၏ ဝိသေသလက္ခဏာ စိတ်နေသဘောထားပေါ်လာခဲ့သော်လည်း ဟွမ်ဟွမ်မှာ ဝူယွမ်ကို နက်နက်ရှိုင်းရှိုင်း ချစ်နေဆဲပင်ဖြစ်သည်။
ဝူယွမ်သည် အချိန်အနည်းအတွင်း တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ပြီး ယင်းဟွမ်ဟွမ်နှင့် အလွန်အမင်း နက်ရှိုင်းစွာ မပတ်သက်ခဲ့ပေ။ အဘယ်ကြောက့်ဆိုသော် ရေခဲ သခင်မ ရုတ်တရက် ထွက်ပေါ်လာမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်၏။
“ဘာကြည့်နေတာလဲ၊ ငါ့ဆီမှာ ဘာများ ထူးခြားနေတာ ရှိလို့လဲ” ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ဘေးတွင် အသာအယာထိုင်လိုက်သည်။
“ဟွမ်ဟွမ် စောင်းမတီးတာ ကြာပြီနော် ၊ ပြီးတော့ ကျတော် သင်ပေးထားတဲ့ ပုလွေကိုလည်း သိပ်ပီး စိတ်မဝင်စားတော့သလိုပဲ” ဝူယွမ်က ယင်းဟွမ်ဟွမ်၏ ခါးလေးကို ဖက်လိုက်ရင်း
ဖြေးညင်းစွာဖြင့် ပြောလိုက်၏။
“အခု မိစ္ဆာ အကျဉ်းထောင် ပြန်ပေါ်လာပြီဆိုတော့ အခြေအနေက ပိုပြီး ဆိုးရွားလာပီ၊ သခင်လေးရဲ့ နောက်မှာ မကျန်နေခဲ့အောင် ကျမ ကြိုးကြိုးစားစား ကျင့်ကြံမ ဖြစ်မယ်၊ အဲဒီလိုမှမဟုတ်ရင် သခင်လေး အခက်အခဲကြုံတွေ့ခဲ့ရင် အကူညီမပေးနိုင်ပဲ ဖြစ်လိမ့်မယ်”
ယင်းဟွမ်ဟွမ်က ဘာမှ မဖုံးကွယ်ဘဲ ပြောလိုက်သည်။
“မင်းက ဟွမ်ဟွမ် ဖြစ်နေသေးသရွေ့ မင်းက ငါ့ကို ကူညီနေတာပါပဲ၊ မစိုးရိမ်ပါနဲ့၊ ကမ္ဘာခြားနတ်ဆိုး ဧကရာဇ် ကိုယ်တိုင်ရောက်လာခဲ့ရင်တောင် ငါ ကိုင်တွယ်နိုင်ပါတယ်” ဝူယွမ်က သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရင်း ပြောလိုက်၏။
“အဲဒီလိုဆိုရင် ကျမက သခင်လေးရဲ့ ရင်ခွင်ထဲက အမျိုးသမီးငယ်လေး လုပ်မယ်” ယင်းဟွမ်ဟွမ်က တိုးတိတ်စွာ ပြောလိုက်သည်။
သူမသည် မူလက ရိုးသားပြီး အပြစ်ကင်းသော မိန်းကလေး တစ်ဦးဖြစ်သည်။ ကြီးမားသော တာဝန်ဝတ္တရားသာ မရှိခဲ့ပါက သူမအနေဖြင့် ရေခဲ သခင်မ၏ စွမ်းအားကို နိုးထလာစေရန် မဖြစ်နိုင်ပေ။
ဤစွမ်းအားကို မလွှဲမရှောင်သာ၍သာ ထိတွေ့ခဲ့ရခြင်း ဖြစ်သည်။
ရေခဲ သခင်မ၏ ဝိညာဉ်သည် သူမခန္ဓာကိုယ်၏ နက်ရှိုင်းသောနေ ရာတွင် အမှန်တကယ် ရှိနေသော်လည်း ရေခဲသခင်မသည် အချိန်တိုင်း ပါဝင်ကူညီပေးလိမ့်မည်မဟုတ်ပေ။ သူမ အသက်ဘေး အန္တာရယ်နှင့်ကြုံရသကဲ့သို့ အရေးတကြီး လိုအပ်ချိန်မှသာ ပါဝင် ကူညီမည်ဖြစ်သည်။
ထို့ကြောင့် ဝူယွမ်သာ သူမ၏ ရှေ့တွင် အမြဲတမ်း ရပ်တည်ပေးနိုင်ပါက သူမသည် အမြဲတမ်း ယင်းဟွမ်ဟွမ် ဖြစ်နေနိုင်ပေသည်။မိစ္ဆာ စွမ်းအင်များကို စုပ်ယူနေစဉ်အတွင်း ဝူယွမ်တို့သည် နောက်ထပ်လုပ်ဆောက်ရမည့် အစီအစဉ်များကို ဆွေးနွေးရန် စုဝေးခဲ့ကြသည်။
ဝူယွမ်က ဦးစွာပြောလိုက်သည် “ယွမ်ဂိုဏ်း မရှိတော့ဘူးဆိုတော့ အရှေ့ဘက်ရွှမ်ဒေသရဲ့ ပုန်းအောင်းနေတဲ့ အန္တရာယ်ကြီး တစ်ခုကိုတော့ ဖယ်ရှားလိုက်နိုင်ပြီ၊ နောက်တစ်ဆင့်အနေနဲ့ ယွမ်ဂိုဏ်းနဲ့ ပတ်သက်နေတဲ့ အင်ပါယာ အင်အားစု အသီးသီးကို ရှင်းလင်းပြီး ကျန်ရှိနေသေးသော ကမ္ဘာခြားနတ်ဆိုးတွေကို ရှာဖွေဖော်ထုတ်ဖို့ လိုတယ်”
“ဒါ့အပြင် ကမ္ဘာခြားနတ်ဆိုးတွေ ပြန်လည် ထကြွလာတာကိုလည်း ငါတို့ တားဆီးရမယ်၊ ပြီးတော့ အနောက်ဘက်ရွှမ်ဒေသကိုလည်း ကာကွယ်ရမယ်၊ အဲဒါက ကမ္ဘာခြားနတ်ဆိုးတွေအတွက် အကြီးမားဆုံး စုဝေးရာ နေရာလို့ ငါ ခံစားမိနေတယ်၊ သူတို့ ဆက်ပြီး မပုန်းအောင်းတော့ဘဲ ပေါက်ကွဲထွက်လာတာနဲ့ အရှေ့ဘက်ရွှမ်ဒေသက ပထမဆုံး တိုက်ခိုက်ခံရမယ့် နေရာ ဖြစ်လာနိုင်တယ်”
“ဒါကြောင့် အရှေ့ဘက်ရွှမ်ဒေသရဲ့ အင်အားစုတွေကို ပေါင်းစပ်ပြီး မဟာမိတ်ဖွဲ့ဖို့ ကျတော် စီစဉ်ထားတယ်၊ အရှေ့ဘက်ရွှမ်ဒေသက အထူးအစွမ်းထက် ဂိုဏ်းတွေ အားလုံးကို ပေါင်းစည်းပြီး ကမ္ဘာခြားနတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုတွေကို အချိန်မရွေး တုံ့ပြန်နိုင်ဖို့ အသင့်ဖြစ်နေအောင် လုပ်ထားရမယ်”
ချင်းကျီကပြန်လည် ပြောလိုက်သည် “မင်းရဲ့ စဉ်းစားမှုတွေက အရမ်း ပြည့်စုံတာပဲ၊ မိစ္ဆာ အကျဉ်းထောင်က ပေါ်ပေါ်ထင်ထင် မပေါ်လာသေးပေမယ့် သူတို့က တစ်ခုခုတော့ လျှို့ဝှက် စီစဉ်နေတာ သေချာတယ်၊ အင်အားစု အများအပြားထဲကို သူတို့ ထိုးဖောက် ဝင်ရောက်ထားလောက်ပြီလို့လည်း သတင်းအစအနရထားတယ်၊ ငါတို့က ခံစစ်အနေအထားနဲ့ပဲ တိုက်ခိုက်နေလို့ မရဘူး၊ အနည်းဆုံးတော့ မိစ္ဆာ အကျဉ်းထောင်က ငါတို့ကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူဖို့ အခွင့်အရေး မပေးရအောင် ကြိုတင်ပြီး မဟာမိတ်ဖွဲ့ထားဖို့ တကယ်ကို လိုအပ်နေပီ ”
မိုလော့ကလည်းပြောလိုက်၏
“ဒီတစ်ခါ ပြန်သွားပြီးရင် ငါလည်း ကစဉ်ကလျားမိစ္ဆာပင်လယ်က အင်အားစု အသီးသီးနဲ့ ဆွေးနွေးဖို့ လိုတယ်၊ ဒီတိုက်ပွဲအပြီးမှာ သူတို့လည်း ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို မျက်မြင်တွေ့ခဲ့ရပြီပဲ၊ ကစဉ်ကလျားမိစ္ဆာပင်လယ်ရဲ့ မဟာမိတ်အဖွဲ့ကလည်း မကြာခင်မှာ တည်ထောင်ဖြစ်လောက်ပါတယ်”
အခန်း (၄၄၀) - စတုတ္ထမြောက် ဘုရင်(၁)
ရန်ယွမ်ဇီနှင့် တျန်ယွမ်ဇီတို့၏ ဝိညာဉ်များကို ဝူယွမ်က စစ် မေးခဲ့သော်လည်း မည့်သည့်အကြောင်းရင်း တစ်စုံတရာမ မထူးခြားသဖြင့် နှစ်ယောက်လုံးကို သတ်ဖြတ် သုတ်သင်လိုက်သည်။
ဝူယွမ်သည် ဤကဲ့သို့သော သစ္စာဖောက်သူလျှိုများကို အသက်ရှင်ခွင့် မပေးနိုင်ပေ။
အပြင်ဘက်တွင် မိစ္ဆာပွဲတော်ကမ္ဘာက ဖိနှိပ်ထာ မိစ္ဆာစွမ်းအင် အလွှာထုကြီးလည်း တဖြည်းဖြည်း ပါးလွှာပီး ပျက်စီးတော့မယ် သဏ္ဌန်ပေါ်လာ၏။ သံသရာအဆင့် နှစ်ယောက်၏ စွမ်းအားကပင် ချိတ်ပိတ်မှုကို မချိုးဖောက်နိုင်ခဲ့သော်လည်း ကမ္ဘာသစ်ပင်က စုပ်ယူလိုက်သည့် အချိန်တွင် မိစ္ဆာစွမ်းအင်များ လျော့နည်းသွားသည်။ ကမ္ဘာသစ်ပင်က ၎င်း၏ အမြစ်များကို မြေကြီးအက်ကွဲကြောင်းထဲသို့ ထိုးဆင်းသွားပြီး မိစ္ဆာစွမ်းအင်များ အရင်းအမြစ်များကို စုပ်ယူနေသည်။
ဤသို့ဖြင့် ငါးရက်ကြာပြီးနောက်တွင် မိစ္ဆာပွဲတော်ကမ္ဘာက အလိုလို ပြိုကျသွားလေသည်။
“ဟင်”
မိစ္ဆာပွဲတော်ကမ္ဘာကြီး ပြိုကွဲသွားသည့် အခိုက်အတန့်တွင် ဝူယွမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများက ရုတ်တရက် တင်းမာသွားသည်။ သူတို့၏ အကြည့်များက မလှမ်းမကမ်းရှိ တောင်ထိပ်တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
ထိုနေရာတွင် အမည်းရောင် လူရိပ်တစ်ခုက ကျောက်ရုပ်တစ်ရုပ်ပမာ လက်ကိုပိုက်၍ ရပ်နေသည်။ ထိုသူသည် မည်သည့် အရှိန်အဝါမှ ထုတ်လွှတ်ထားခြင်း မရှိသောကြောင့် အာရုံခံ၍မရနိုင်ပဲ မျက်စိရှေ့ မြင်နေရခြင်းမရှိပါ အမှန်တကယ် တည်ရှိနေကြောင်းပင် မသိနိုင်ပေ။ ဝူယွမ်၊ ချင်းကျီနှင့် အခြားသူများက သတိထားမိသွားပီး စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာ၏။
“နှစ်တွေအကြာကြီး ငါ ပြုစုပျိုးထောင်လာခဲ့တဲ့ စစ်တုရင်ရုပ်တွေက မင်းတို့လက်ချက်နဲ့ တကယ်ပဲ ပျက်စီးသွားခဲ့တာကိုး နှမြောစရာပဲ” အမည်းရောင် လူရိပ်က ဝူယွမ်နှင့် အခြားသူများကို ကြည့်ရင်း ပြုံးလိုက်သည်။ ထို့နောက် သူ၏ အကြည့်များက ယင်းဟွမ်ဟွမ်အပေါ်သို့ရောက်သွားပြီး ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်၏ “ရေခဲသခင်မ နှစ်ပေါင်း တစ်သောင်းတောင် ကြာခဲ့ပြီပဲ၊ မင်းရော နေကောင်းကျန်းမာရဲ့လား”
အမည်းရောင် လူရိပ်၏ ခပ်ဖျော့ဖျော့ ရယ်မောသံက ကောင်းကင်ယံတွင် ပျံ့လွင့်သွားသည်။ နူးညံ့သည်ဟု ထင်ရသော အသံက ပတ်ဝန်းကျင်ရှိ အခြားအသံများ အားလုံးကို ဖုံးလွှမ်းသွားလေသည်။
လူတိုင်းက တောင်ထွတ်ပေါ်ရှိ အမည်းရောင် လူရိပ်ဆီသို့အံအားသင့်စွာဖြင့် ကြည့်လိုက်ကြ၏။ အစွမ်းထက်ပုဂ္ဂိုလ် အများအပြားက ယွမ်စွမ်းအင်များကို လှည့်ပတ်ထားပြီး သူတို့၏ အချိန်မရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားကြသည်။
“မင်းက ဘယ်သူလဲ” ယင်းရွှမ်ဇီက တောင်ထွတ်ကို စိုက်ကြည့်ရင်း အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
ယင်းဟွမ်ဟွမ်၏ ရေခဲသခင်မ ဝင်စားခြင်းခန္ဓာကိုယ်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်စွမ်းရှိသော ဤလူမှာ သာမန်လူမျိုး မဖြစ်နိုင်ပေ။ ထို့အပြင် သူ၏ လေသံကို အကဲခတ်ကြည့်ခြင်း သူသည်လည်း ကမ္ဘာခြားနတ်ဆိုး တစ်ကောင်ပဲ ဖြစ်နိုင်သည်ကို ခန့်မှန်း မိလိုက်ကြသည်။
ကမ္ဘာခြားနတ်ဆိုးတစ်ကောင်က တစ်ယောက်တည်း လာရဲသည်မှာ မိစ္ဆာအကျဉ်းထောင်တွင် သူ၏ အဆင့်အတန်းသည် အလွန်မြင့်မားသောကြောင့်သာ ဖြစ်ပေမည်။
ယင်းဟွမ်ဟွမ်၏ ရေခဲပြာရောင် မျက်လုံးများက သူ၏ရှေ့တွင်ရှိသော အမည်းရောင်လူရိပ်ကို ကြည့်လိုက်ရာ ဝေဝါးနေသော မှတ်ဉာဏ်တစ်ခု အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သို့သော် ထို မှတ်ဉာဏ်အပိုင်းအစမှာ ဝေးဝါးနေခြင်းကြောင့် အမည်းရောင်လူရိပ်ကို မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း
မမှတ်မိနိုင် ဖြစ်နေ၏။
အမည်းရောင် လူရိပ်က ပြုံးလိုက်ပြီး သူ၏ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။ နေရောင်ခြည်အောက်တွင် ငယ်ရွယ်ပုံရသော လူငယ်တစ်ယောက်၏ မျက်နှာတစ်ခုကို မြင်တွေ့လိုက်ကြသည်။ အသားအရေမှာ မိန်းမသားတစ်ယောက်ကဲ့ ဖြူဖျော့နေပီး ကျဉ်းမြောင်း ရှည်လျားသော မျက်လုံးများမှာ ချောက်ကမ်းပါး၏ အောက်ခြေကဲ့သို့ မည်းနက်နေ၏။
ဤလူငယ်မျက်နှာ၏ နဖူးအလယ်မှစ၍ မျက်လုံးထောင့်အထိ ဆန့်တန်းနေပြီး မိစ္ဆာတက်တူးတစ်ခုရှိပီနေပီး ၎င်းက တစ္ဆေဆန်သော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသည်။
“ငါ မေ့သွားတာ၊ အခု မင်း ငါ့ကို မမှတ်မိလောက်သေးဘူးဆိုတော့ ငါကပဲ အရင်ဆုံး ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးလိုက်မယ်၊ ငါက မိစ္ဆာအကျဉ်းထောင်ရဲ့ စတုတ္ထမြောက် ဘုရင်ပဲ” အမျိုးသားက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။
“စတုတ္ထမြောက် ဘုရင်”
လူတိုင်း အံ့အားသင့်သွားကြပြီး ချင်းကျီ၏ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
“ဘုရင် တစ်ခု ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး၊ ကြည့်ရတာ ဒီယွမ်ဂိုဏ်းက မင်းရဲ့ ခြယ်လှယ်မှုကို တကယ်ပဲ ခံခဲ့ရတာကိုး”
ဝူယွမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာအမူအရာကလည်း ရုတ်တရက် လေးနက်သွားသည်။
မိစ္ဆာအကျဉ်းထောင်၏ ဘုရင် ဆယ်ခုလုံးသည် ဒုတိယ သံသရာအဆင့်၏ အထွတ်အထိပ် သို့မဟုတ် ၎င်းထက် မြင့်မားသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ ထို့အပြင် သူတို့သည် မိစ္ဆာဧကရာဇ် သံချပ်ကာကို ပိုင်ဆိုင်ထားကြသဖြင့် တတိယ သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို ရင်ဆိုင်ရချိန်တွင်ပင် ကြောက်ရွံ့မှုမရှိပဲ တိုက်ခိုက်နိုင်ကြ၏။
ယခင်က ဝူယွမ်သည် မဟာရှေးဟောင်း ကျောက်တိုင်တွင် ဖိနှိပ်ခံထားရသော ကမ္ဘာခြားနတ်ဆိုး ဘုရင်ဖြစ်သည့် ဘုရင် ဆယ်ခုထဲမှ အဆင့်ကိုးဘုရင် တစ်ခုနှင့် တိုက်ခိုက်ခဲ့ဖူး၏။
သို့သော် ထိုနဝမမြောက် ဘုရင်မှာ ဖိနှိပ်ခံထားရပြီး ၎င်း၏ စွမ်းအင်များကို ကမ္ဘာသစ်ပင်က အားလုံးနီးပါး စုပ်ယူပြီးမှသာ ဝူယွမ်က အပြတ်အသတ် ချေမှုန်းခဲ့ခြင်း ဖြစ်၏။
ထိုကြောင့် ဘုရင် တစ်ခုကို ကိုင်တွယ်ဖြေရှင်းရန်မှာ
အလွန်ခက်ခဲလှ၏။
နဝမမြောက် ဘုရင်သည် မိစ္ဆာဧကရာဇ် သံချပ်ကာနှင့်အတူ ဒုတိယ သံသရာအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဝူယွမ်က ၎င်းကို သန့်စင်ပြီးနောက် ၎င်းသည် ဝင်စားခြင်းအဆင့်ဝက် စွမ်းအားကို ပိုင်ဆိုင်ထားသော သူ၏ အစွမ်းအထက်ဆုံး ရုပ်သေးရုပ် ဖြစ်လာခဲ့ပြီး သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။ သာမန် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များပင် အားစိုက်မထုတ်ပဲ ၎င်း၏ အကာအကွယ်ကို ချိုးဖောက်ရန် ခက်ခဲလှသည်။
နဝမမြောက် ဘုရင်ကပင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းနေလျှင် သူ့ထက် အဆင့်မြင့်သော စတုတ္ထမြောက် ဘုရင်ကို ကိုင်တွယ်ဖြေရှင်းရန် မည်မျှ ခက်ခဲမည်ကို စိတ်ကူးယဉ်ကြည့်နိုင်သည်။
ပြိုင်ဘက်သည် တတိယ သံသရာအဆင့်သို့ဝင်ရောက်ရန် ခြေလှမ်းအနည်းသာလိုတော့၏။
ဤကဲ့သို့အစွမ်းထက်သည့် မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်ရန်မှာ အမှန်တကယ်ပင် ခက်ခဲမည်ဖြစ်သည်။
ဝူယွမ်က ယင်းဟွမ်ဟွမ်ကို နောက်သို့ ဆွဲခေါ်လိုက်ပြီး သူ၏ အကြည့်များက အမည်းရောင် လူရိပ်အပေါ်သို့ စူးစိုက်သွားလေသည်။
“တျန်ယွမ်ဇီနဲ့ တခြားသူတွေက မင်းတို့ကို ကိုင်တွယ်နိုင်မယ်လို့ ငါက ထင်ခဲ့တာ၊ ဒါပေမယ့် အမှိုက်ဆိုတာ အမြဲတမ်း အမှိုက်ပါပဲ၊ ငါတို့ မိစ္ဆာအကျဉ်းထောင်က သူတို့အပေါ် အားစိုက်ထုတ်ခဲ့တာ အတော်များများ အလကားဖြစ်ကုန်တာပဲ ” စတုတ္ထမြောက် ဘုရင်က သက်ပြင်းချလိုက်သည်။
ယွမ်ဂိုဏ်းသည် သူ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သော အင်အားစုတစ်ခု ဖြစ်သည်။ ၎င်းက သူ့အတွက် ကြီးမားသောအကူအညီ ဖြစ်လာမည်ဟု မူလက ထင်မှတ်ခဲ့သော်လည်း ဤကဲ့သို့ အလွယ်တကူ ပျက်စီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“မင်းတို့က ငါ့ရဲ့ အစီအစဉ်တွေကို ထပ်ပြီး ဖျက်ဆီးခဲ့ပြန်ပြီ၊ အရင်တုန်းက ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ ကောင်းကင် မြေအောက်ကမ္ဘာ ဘုရင်နဲ့ မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ကို ခြုံခိုတိုက်ခိုက်ခဲ့တာ မင်းတို့ပဲ မဟုတ်လား၊ ဒီတော့ မင်းတို့ အားလုံးကို ငါ သတ်ပစ်မယ်”
“အထူးသဖြင့် မင်းပဲ၊ မင်းက တကယ်ကို ငါ့အပေါ် ကြီးမားတဲ့ ဖိအားတွေ ပေးစွမ်းနိုင်တယ်၊ ဒီလောက် ငယ်ရွယ်တဲ့ အရွယ်မှာ ဘုရင်အဆင့် သန့်ရှင်းသော မျိုးနွယ်စုကို သတ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာဆိုတော့ အဆောင်ဘိုးဘေး ငယ်ရွယ်စဉ်ကတောင် မင်းနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ငါတို့ သန့်ရှင်းသော မျိုးနွယ်စုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေတဲ့ မင်းကို မဖြစ်မနေသတ်ပစ်ရမယ်”
စတုတ္ထမြောက် ဘုရင်၏ မျက်လုံးများက ဝူယွမ်ကို စိုက်ကြည့်နေပြီး သူ၏ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာ၏။
“ငါးအသေးလေး တချို့ကို ကိုင်တွယ်ဖြေရှင်းရုံ သက်သက်ပါပဲ၊ တကယ် ကြီးမားတဲ့ ငါးကြီးတွေကို ငါ မသတ်ရသေးပါဘူး၊ ဒီနဝမမြောက် ဘုရင် တစ်ယောက်လောက်က စကားထဲ ထည့်ပြောဖို့ မတန်သေးပါဖူး ”
ဝူယွမ်က ရုပ်သေးရုပ်အဖြစ် သန့်စင်ထားသော နဝမမြောက် ဘုရင်ကို ထိန်းချုပ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“ညီ ကိုး”
စတုတ္ထမြောက် ဘုရင်က နဝမမြောက် ဘုရင် ရုပ်သေးရုပ်ကို မြင်သောအခါ အံ့အားသင့်သွားလေ၏။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းက ညီ ကိုးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ”
သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်လာ၏။ နဝမမြောက် ဘုရင် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော်လည်း ဝိညာဉ်မီးအိမ်က မငြိမ်းသတ်သွားခဲ့သဖြင့် အလွန်အမင်း မစိုးရိမ်ခဲ့ကြပေ။
မကြာသေးမီကမှ နဝမမြောက် ဘုရင်၏ ဝိညာဉ်မီးအိမ် ငြိမ်းသွားခြင်းဖြစ်သည်။
နဝမမြောက် ဘုရင်ကို သတ်ခဲ့သူကို သူတို့ ရှာဖွေခဲ့ကြ၏။
ရှေးဟောင်း သခင်ကြီး ရှစ်ဦးကလွဲ၍ မည်သူမျှ ဘုရင်များကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
သို့သော် နဝမမြောက် ဘုရင်၏ သေဆုံးမှုက ရှေးဟောင်း သခင်ကြီး ရှစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးထပ်မံ ပေါ်ထွက်လာပြီဖြစ်ကြောင်း ဆိုလို၏။
ထို့ကြောင့် ဤကာလအတွင်း မိစ္ဆာအကျဉ်းထောင်သည် ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်အတွက် မကြာခဏ ကြိုတင် လှုပ်ရှားခဲ့ကြသည်။
ယခုအခါ ဝူယွမ်က နဝမဘုရင်ကို သတ်ခဲ့သောသူဖြစ်ကြောင်း အမှန်တရားကို ထုတ်ဖော်ပြလိုက်၏။
“ဒီနေ့ ညီ ကိုးအတွက် ငါ လက်စားချေပေးမယ်”
“ငါ ညီကိုးကို သတ်တဲ့သူကို နေရာအနှံ့ ရှာခဲ့ပေမယ့် အချည်းအနှီးသာဖြစ်ခဲ့ပီး ရှာမတွေ့ခဲ့ဖူး ၊ ဒါပေမယ့် အခုတော့ မျက်စိရှေ့မှာ ပေါ်လာခဲ့ပီ ၊ မင်းက ကိုယ်ထင်ပြလာမှတော့ ငါက သေခြင်းတရားဆိုတာဘာလဲဆိုတာ ပြသပေးမယ်”
စတုတ္ထမြောက် ဘုရင်က ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ကို လေးနက်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
ဤနှစ်ဦးသည် အနာဂတ်တွင် မိစ္ဆာအကျဉ်းထောင်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။
သို့သော် စတုတ္ထမြောက် ဘုရင်စိတ်ထဲတွင် အနည်းငယ်တော့ စိုးရိမ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် နဝမမြောက် ဘုရင်ပင်လျှင် ပြိုင်ဘက်၏ ရက်စက်သော လက်ချက်ဖြင့် သေဆုံးခဲ့ရပီး ရုပ်သေးအဖြစ်သန့်စင်ခြင်းကို ခံရထားရခြင်းကြောင့် ဖြစ်သည်။ထိုကြောင့် သူကိုယ်တိုင်လည်းကလည်း ပြိုင်ဘက် မဟုတ်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
“ဒါဆိုရင် မင်းမှာ အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် ရှိမရှိ ကြည့်ရတာပေါ့” အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဝူယွမ်သည် ပတ်ဝန်းကျင်ရှိ အပူချိန် ရုတ်တရက် ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။
ယင်းဟွမ်ဟွမ်၏ မျက်လုံးများက ရုတ်တရက် ရေခဲပြာရောင်အဖြစ် ပြောင်းလဲသွားပြီး လှပသော မည်းနက်သည့် ဆံပင်များကလည်း ရေခဲပြာရောင်အဖြစ် ပြောင်းလဲသွားကာ အလွန်လှပလာ၏။
“ဟား ဟား ဒီနေရာမှာ ရေခဲသခင်မရဲ့ ဝင်စားခြင်းခန္ဓာကိုယ်နဲ့ တွေ့ရတာက ငါ့ရဲ့ကံက မဆိုးဘူးလို့ပဲ ပြောရမှာပေါ့၊ အကယ်၍ ဒီနေရာမှာပဲ မင်းကို သတ်လိုက်ရင် ကောင်းကင်နဲ့ မြေကြီးကြား ဒုတိယမြောက် စစ်ပွဲကြီး စတင်စရာ မလိုတော့ဖူးလို့ထင်တယ်၊ ဟုတ်တယ်မလား ” စတုတ္ထမြောက် ဘုရင်က ယင်းဟွမ်ဟွမ်ကို ကြည့်ကာ ရက်စက်စွာ ပြောလိုက်သည်။
“ဒါဆိုရင် လာစမ်းကြည့်လေ” ယင်းဟွမ်ဟွမ်၏ လှပသော မျက်နှာလေးမှာ ရေခဲပမာ အေးစက်နေပြီး ရေခဲပြာရောင် မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု တဖျပ်ဖျပ်လက်သွားသည်။
“တကယ်လို့ မင်းကသာ စစ်မှန်တဲ့ ရေခဲသခင်မ ဖြစ်နေရင် ငါ အစောကြီးကတည်းက လွတ်အောင် ပြေးပြီးလောက်ပြီ၊ဒါပေမယ့် ကံမကောင်းတာကတစ်ခုက မင်းက စစ်မှန်တဲ့ ရေခဲသခင်မ မဟုတ်သေးပဲ တစ်ခြားသူရဲ့ ခန္ဓာကိုယ်ကိုငှားထားရတာပဲ” စတုတ္ထမြောက် ဘုရင်က ခေါင်းယမ်းလိုက်ပြီး တစ်စုံတစ်ခုကို နောင်တရနေသကဲ့သို့ ပြောလိုက်သည်၏။
“မစိုးရိမ်ပါနဲ့ ဒါကို ငါ့ကို လွှဲထားလိုက်”
ဝူယွမ်က ယင်းဟွမ်ဟွမ်၏ လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ရာ လက်ဖဝါးမှ နွေးထွေးမှုက ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများကို အရည်ပျော်သွားစေခဲ့သည်။
ဝူယွမ် သက်ပြင်းရှည်ကြီး တစ်ချက်ရှူလိုက်သည် စတုတ္ထမြောက် ဘုရင်ကို အာရုံရှုပ်ထွေးသွားစေရန် ရည်ရွယ်ပီး နဝမမြောက် ဘုရင် ရုပ်သေးရုပ်ကို ထုတ်ပြခဲ့သော်လည်း ပြိုင်ဘက်၏ သတ်ဖြတ်လိုစိတ်ကများ ပိုမို ပြင်းထန်လာစေသည်ကိုတော့ မမျှော်လင့်ထားခဲ့ပေ။
“၀ူယွမ် ဒါက သူ့ရဲ့ ခန္ဓာကိုယ် အစစ်မဟုတ်ဖူး” ဟွမ်က ထိုစကားကို ဝူယွမ်၏ စိတ်ဝိညာဉ်ထဲသို့ ပို့လွှတ်၏။
ဝူယွမ်၏ မျက်လုံးများ တောက်ပသွားပြီး လှောင်ပြောင်ကာပြောလိုက်သည်
“စတုတ္ထမြောက် ဘုရင်၊ မင်းက ကိုယ်ပွားလေးတစ်ခုလောက်နဲ့ ဒီလောက်တောင် မာနထောင်လွှားရဲတယ်ပေါ့”
ကစဉ်ကလျားသန္ဓေသားပေါ်ရှိ ဘိုးဘေးအဆောင်၏ စွမ်းအားဖြင့် မျက်လုံးများ၏ စွမ်းအားမြှင့်တင်လိုက်ရာ ခန္ဓာကိုယ် အစစ်မဟုတ်မဟုတ်ကြောင်းကို ကိုယ်တိုင် မြင်ရလာ၏။
သူတို့ရှေ့ရှိ စတုတ္ထမြောက် ဘုရင်မှာ စစ်မှန်သော ခန္ဓာကိုယ် မဟုတ်ပေ။
သို့သော် အကွာအဝေးတစ်ခုမှနေ၍ ဤမျှလောက် အစွမ်းထက်သော ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသော သူ၏ စွမ်းအားမှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းနေ၏။
မည်သို့ပင်ဖြစ်စေ ၎င်းက ကိုယ်ပွားတစ်ခု ဖြစ်နေလျှင်တောင် သူသည် မဟာ ကောင်းကင် မိစ္ဆာကောင်ကို ထိန်းချုပ်ထားသော တျန်ယွမ်ဇီထက် ပိုမို အစွမ်းထက်ပြီး ဒုတိယ သံသရာအဆင့် စွမ်းအား ရှိမည်ဟု ခန့်မှန်းမိသည်။
“ကိုယ်ပွား တစ်ခုလား”
ချင်းကျီ၊ မိုလော့နှင့် အခြားသူများ အားလုံး အံ့အားသင့်သွားကြသည်။ ကိုယ်ပွားလေး တစ်ခုကပင် ဤမျှလောက် အစွမ်းထက်နေလျှင် စစ်မှန်သော ခန္ဓာကိုယ်ဆိုပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။