အခန်း (၄၃၁-၄၃၂)
Vol. 44 Ch. 431-432
အခန်း (၄၃၁) - လေဟာနယ် ဘိုးဘေးအဆောင်(၂)
သတ်ဖြတ်လိုစိတ်များက တျန်ယွမ်ဇီ၏ မျက်လုံးများတွင်လည်း ပြည့်နှက်လာသည်။ ထို့နောက် အင်္ကျီလက်စကို ဝှေ့ယမ်းပြီး “ကျိုးထုံ၊ ဒါက နောက်ပိုင်း တောင်ဂိုဏ်းမှာ ပေါ်ထွက်လာတဲ့ ဝူယွမ်ပဲ။ ဟိုတုန်းက မင်းထက်တောင် ပိုအစွမ်းထက်တယ်။ သူ့ရဲ့ အစွမ်းအစတွေကို သေချာ မြည်းစမ်းကြည့်သင့်တယ်။ သေချာတာပေါ့၊ သူ့ကို သတ်နိုင်ခဲ့ရင်တော့ မင်းအတွက်ပိုပီး ချိုမြိန်မှု ဖြစ်မှာပေါ့”
ဤအချိန်တွင် မှေးမှိန်သော ငွေရောင် အလင်းတန်းတစ်ခုက ကျိုးထုံ၏ မျက်လုံးများတွင် ပေါ်လာပြီး ရုန်းကန်နေသည့် အမူအရာတစ်ခု မျက်နှာပေါ်တွင် ပေါ်လာသည်။
“ဟွန်း၊ ခုခံဖို့ ကြိုးစားနေတုန်းလား” တျန်ယွမ်ဇီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ဟန်သင်္ကေတ တစ်ခုနှင့်အတူ မီးခိုးရောင် ချီများက ကျိုးထုံ၏ မျက်လုံးများထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားကာ ငွေရောင် အလင်းတန်းကို လျင်မြန်စွာ တိုက်စားသွားသည်။
“ခွေးအိုကြီး၊ စီနီယာ အစ်ကို ကျိုးထုံကို ထိန်းချုပ်ဖို့ ကြိုးစားနေတုန်းပဲလား”
“ညီလေးနှစ်၊ အဲဒီ ခွေးအိုကြီး တျန်ယွမ်ဇီကို နှောင့်ယှက်ထား။ စီနီယာ အစ်ကို ကျိုးထုံကို ထိန်းချုပ်ဖို့ အခွင့်အရေး မပေးနဲ့”
ဝူယွမ်က အေးစက်စွာ ပြောလိုက်သည်။ လက်ရှိတွင် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ပတ်သက်ပီး ပိုမိုအားသာချက်ရရှိထားသော တျန်ယွမ်ဇီကို ကျိုးထုံအား ထိန်းချုပ်ရန် အခွင့်အရေး မပေးနိုင်ပေ။
စွမ်းအားအပြည့်အဝ သုံးကာ မတိုက်ခိုက်ရသည့် အကြောင်းရင်းမှာ ကျိုးထုံ၏ အခြေအနေက အလွန် အထူးခြားလွန်းပြီး ကယ်တင်နိုင်သေး၍ဖြစ်သည်။ ဝူယွမ်သည် ကစဉ်ကလျား တိုက်ပွဲတစ်ခုတွင် မပိတ်မိချင်ပေ။ ယွမ်ဂိုဏ်းက စိတ်ဓာတ်ကျဆင်းသွားစေရန် ကျိုးထုံကို အရင်ဆုံး ထွက်လာစေချင်မှတော့ ဝူယွမ်ကလည်း ကျိုးထုံကို တစ်ယောက်တည်း ဖိနှိပ်ပြီး ဝိညာဉ် အကြွင်းအကျန်ကို အရင် ကယ်တင်ကာ လေဟာနယ် ဘိုးဘေးအဆောင်ကို ပြန်ယူမည်ဖြစ်၏။
“တျန်ယွမ်ဇီ၊ သူတို့ရဲ့ တိုက်ပွဲမှာ မင်းဝင်မပါသင့်ဘူး” မိုးကြိုး ဧကရာဇ် ရာဇလှံတံကို ကိုင်ဆောင်ထားပြီး မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်ကို အသုံပြုနေသည့် လင်းတုန်က မိုးကြိုးနဂါး ရှစ်ကောင်ကို တျန်ယွမ်ဇီဆီသို့ ချက်ချင်း ပြေးဝင်တိုက်ခိုက်စေသည်။
“သေချင်နေတာပဲ၊မင်းရဲ့အဆင့်အတန်းနဲ့ ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား” တျန်ယွမ်ဇီက လှောင်ပြောင်လိုက်ပြီး လင်းတုန်ကို မျက်လုံးထဲတောင် မထည့်ထားပုံရသည်။
ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံသည့် ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် သိပ်သည်းသော မိုးကြိုးနဂါးများက ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်လာပြီး ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်ကို ရူးသွပ်စွာ ဖျက်ဆီးကာ အတွင်းရှိ မိစ္ဆာချီများကို လောင်ကျွမ်းသွားစေသည့် မိုးကြိုး မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။
တျန်ယွမ်ဇီက လင်းတုန်နှင့် တိုက်ပွဲတွင် လေးနက်စွာ မတိုက်ခိုက်၍ မရတော့ပေ။ ပြိုင်ဘက်၏ မိုးကြိုး စွမ်းအားက အတွင်းရှိ မိစ္ဆာ မျိုးနွယ်စု၏ စွမ်းအားကို တကယ်ပင် ဖိနှိပ်ထားသည်။
“မိုးကြိုးဘိုးဘေးအဆောင်က တကယ်ပဲ မင်းဆီမှာ ရှိနေတာလား” တျန်ယွမ်ဇီက အလျင်အမြန် သတိပြုမိသွားပြီး မည်းနက်သော မိစ္ဆာ မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
“သတိထားမိသွားပြီပေါ့ ခွေးအိုကြီး။ ဒါဆိုလည်း လာပြီး မိုးကြိုးဘိုးဘေးအဆောင်ရဲ့ သန့်စင်မှုကို ခံယူလိုက်စမ်း”
လင်းတုန်က မိုးကြိုး ဧကရာဇ် ရာဇလှံတံကို ကိုင်ဆောင်လိုက်ရာ ထူထဲသော လျှပ်စီးတိုင်များက ကောင်းကင်ယံမှ ကျဆင်းလာပြီး တျန်ယွမ်ဇီကို အတွင်း၌ ပိတ်လှောင်ထားလိုက်သည်။
လင်းတုန်နှင့် တျန်ယွမ်ဇီတို့ တိုက်ပွဲတွင် ပိတ်မိနေချိန်၌ လင်းတုန်ကို ရင်ဆိုင်ရန် ရုန်းကန်နေရသည့် တျန်ယွမ်ဇီသည် ကျိုးထုံကို နောက်ထပ် အမိန့်များ ထုတ်ပြန်ရန် ခက်ခဲနေသည်။
ထိုအချိန်တွင် ကျိုးထုံမှာလည်း မိစ္ဆာချီများ၏ လွှမ်းမိုးမှုကို အလွန်အမင်း ခံထားရပြီး ဝိညာဉ်အသိစိတ်မှာ အမျှင်လေးတစ်မျှင်မျှသာ ကျန်ရှိတော့သည်။
မျက်လုံးများထဲမှ ငွေရောင် အလင်းတန်းက မီးခိုးရောင်ထဲတွင် နစ်မြုပ်လုနီးပါး ဖြစ်နေချိန်တွင် ဩရှရှနှင့် ဝေဝါးသော အသံက တောင်းပန်မှု တစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။
“ညီလေး ဝူယွမ်၊ ကျေးဇူးပြုပြီး ငါ့ကို ကတိပေးပါ။ မင်း ငါ့ကို သေချာပေါက် သတ်ရမယ်”
ဝူယွမ်က တစ်ချိန်က တောင်ဂိုဏ်း၏ ဂုဏ်ယူစရာ ဖြစ်ခဲ့သော စီနီယာ အစ်ကို ကျိုးထုံကို ကြည့်လိုက်ရာ ယခုလို အခြေအနေမျိုးအထိ ညှဉ်းပန်းနှိပ်စက်ခံထားရသည်ကို မြင်တော့ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသည်။
“စီနီယာ အစ်ကို ကျိုးထုံ၊ စိတ်ချပါ အကိုကျိုးကို ကျတော်ရအောင် ကယ်တင်မယ်။ ယွမ်ဂိုဏ်းကလည်း ပိုပြီး ကြီးမားတဲ့တန်ဖိုးကိုပြန် ပေးဆပ်ရလိမ့်မယ်” ဝူယွမ်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ သတ်ဖြတ်လိုစိတ်များက ရင်ဘတ်ထဲတွင် ရူးသွပ်စွာ ဆူပွက်နေသည်။ ခဏအကြာတွင် သက်ပြင်းတစ်ချက်ချလိုက်ကာ လေကိုတစ်ချက်မှုတ်ထုတ်လိုက်ရင်း ငရဲ မီးတောင်ကြီးကို ထုတ်ယူလိုက်သည်။
ထိုအချိန်တွင် ကျိုးထုံမှာ အသိတရား အားလုံးကို ရှင်းရှင်းလင်းလင်း ဆုံးရှုံးသွားပြီဖြစ်သဖြင့် ဝူယွမ်၏ စကားများအပေါ် တုံ့ပြန်မှု မရှိပေ။
ဝူယွမ်က ငရဲ မီးတောင်ကြီးကို ဆင့်ခေါ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော မြေဆွဲအား နယ်မြေက ကျိုးထုံကို လွှမ်းခြုံသွားသည်။ ပြီးပြည့်စုံသော နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်ကို ထုတ်လွှတ်လိုက်ပြီး အဆုံးအစမဲ့ မြေဆွဲအားက ဖိနှိပ်ချလိုက်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ဝူယွမ်၏ အမြဲတမ်း အောင်မြင်သည့် မြေဆွဲအား ဖိနှိပ်မှုက ကျိုးထုံကို ရင်ဆိုင်ရချိန်တွင် အကျိုးသက်ရောက်မှု မရှိပေ။
နတ်ဘုရားတောင်တန်း ဖိနှိပ်ချလိုက်ချိန်တွင် ကျိုးထုံ၏ ခန္ဓာကိုယ်က မှေးမှိန်သော ငွေရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်က သိမ်မွေ့စွာ လိမ်ကောက်သွားကာ မြေဆွဲအားကို လမ်းလွှဲရန် ကူညီပေးသည်။
ရုတ်တရက် ကျိုးထုံ၏ အရိပ်က ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ဝူယွမ်၏ နောက်ကျောရှိ လေဟာနယ်က လိမ်ကောက်သွားပြီး လေဟာနယ် လှိုင်းဂယက်တစ်ခု ပေါ်လာသည်။
ကျိုးထုံက အထဲမှ ထွက်လာပြီး လေဟာနယ်ကို တိုက်ရိုက် ထိုးဖောက်ကာ အလွန်တရာ ထူးဆန်းသော နည်းလမ်းဖြင့် ဝူယွမ်၏ နောက်ကျောတွင် ပေါ်လာသည်။ လက်ဖဝါးပေါ်တွင် အလွန်တရာ ထက်မြက်သော လေဟာနယ် ဓားတစ်လက်လို ငွေရောင် အလင်းတန်း တဖျပ်ဖျပ်လက်နေပြီး ဝူယွမ်ဆီသို့ ရက်စက်စွာ ခုတ်ချလိုက်သည်ကို မြင်လိုက်ရ၏။
ဝူယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ လေဟာနယ် ဓားက လေဟာနယ်ကို ဖြတ်သန်းပြီး မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။
“ဘိုးဘေးအဆောင် ထိန်းချုပ်သူ တစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းရတာ တကယ်ကို ခက်ခဲတာပဲ” ဝူယွမ်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။ အစိမ်းရောင် အလင်းတန်းများ အမြွှာမြွှာ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ပြာနဂါး လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဝီ ဝီ... ပစ်လွှတ်လာသည့် လေဟာနယ် အလင်းဓားက မှုန့်မှုန့်ညက်ညက် ဖြစ်သွားပြီး လေဟာနယ်က ရူးသွပ်စွာ တုန်ခါသွားသည်။
ဝူယွမ်က ငရဲ မီးတောင်ကြီးကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်ကလည်း အသုံးမဝင်တော့ပေ။ လေဟာနယ် ဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားသည့် ကျိုးထုံ၏ ရှေ့တွင် မြေဆွဲအား နည်းလမ်းများက မတားဆီးနိုင်ပေ။ လေဟာနယ်ကို အလွယ်တကူ ဖြတ်သန်းသွားလာနိုင်၍ဖြစ်သည်။
“လင်ယွမ်”
ဝူယွမ်က ခေါ်လိုက်ရာ မိုးကြိုး ဝိညာဉ် ကောင်းကင်ဓား ပေါ်လာသည်။ မိုးကြိုးဓားကို ကိုင်ဆောင်ပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းဓားချက်များကို တစ်ချက်ပြီး တစ်ချက် ထုတ်လွှတ်လိုက်သည်။
ဝူယွမ်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် ကျိုးထုံက အားလုံးကို ရှောင်တိမ်းသွားခဲ့သည်။ ဓားချက်များကို အသာအယာ ရှောင်တိမ်းနိုင်မှုက ရှင်းအက္ခရာလျှို့ဝှက်ချက်ကို ပိုင်ဆိုင်ထားသည့် ဝူယွမ်ကိုတောင် အံ့အားသင့်သွားစေ၏။ ဤလေဟာနယ် ဘိုးဘေးအဆောင်က သာမန်မဟုတ်လောက်အောင် နက်နဲပြီး လောက၏ လေဟာနယ် မဟာ တာအိုကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။
ကျိုးထုံက အဆက်မပြတ် တဖျပ်ဖျပ်လက်နေပြီး ဝူယွမ်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေသည်။ အမည်းရောင် လက်အိတ်များ ဝတ်ဆင်ထားသည့် လက်တစ်စုံက အင်္ကျီလက်စထဲမှ ဆန့်ထွက်လာသည်။ လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ရာ ရှေ့ရှိ လေဟာနယ်က လျင်မြန်စွာ လိမ်ကောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ထိုလေဟာနယ် ဧရိယာက ကျန်းတစ်ထောင်ခန့် ကြီးမားသည့် လေဟာနယ် ဓားကြီးတစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲသွားသည်။
လေဟာနယ် ဓားကြီးကို ကျိုးထုံက တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီးနောက် ရူးသွပ်စွာ ခုတ်ချလိုက်သည်။
ဝီ ဝီ... မိုးကြိုး ဝိညာဉ် ကောင်းကင်ဓားနှင့် လေဟာနယ် ဓားကြီးတို့ ပြင်းပြင်းထန်ထန် ဝင်တိုက်မိကြသည်။ ယွမ်ဂိုဏ်းအထက်ရှိ လေဟာနယ်က အဆက်မပြတ် တုန်ခါနေပြီး ကြေမွပျက်စီးနေသည့် လေဟာနယ်များ တစ်ခုပြီး တစ်ခု ပေါ်လာသည်။
ဝူယွမ် ထုတ်လွှတ်လိုက်သည့် မိုးကြိုး ဓားအလင်းတန်းက လေဟာနယ် ဓားကြီးကြောင့် အမှန်တကယ်ပင် နှစ်ပိုင်းကွဲသွားသည်။
“လေဟာနယ် ဘိုးဘေးအဆောင် ပိုင်ရှင် ဆိုတဲ့အတိုင်းပဲ၊ ကျိုးထုံရဲ့ စွမ်းအားက အရမ်း ကြီးမားလွန်းတယ်”
“လေဟာနယ် ဘိုးဘေးအဆောင်အပေါ် ထိန်းချုပ်မှုက အလွန်တရာ သိမ်မွေ့တဲ့ အဆင့်တစ်ခုကို ရောက်နေပြီ”
“အဆင့်နှစ် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်တောင် ကျိုးထုံကို အနိုင်ယူဖို့ ခက်ခဲလိမ့်မယ်”
လူတိုင်းက ဝူယွမ်နှင့် ကျိုးထုံတို့၏ တိုက်ပွဲကို အလေးအနက် စောင့်ကြည့်နေကြသည်။
မိုလော့နှင့် ချင်းကျီတို့တောင် မတည်ငြိမ်နိုင်တော့ကြပေ။
လေဟာနယ် ဘိုးဘေးအဆောင်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီး သွက်လက်လှ၏။ ကျိုးထုံကို ရင်ဆိုင်ရချိန်တွင် သူတို့တောင် သေချာပေါက် အနိုင်ရရရှိမယ်လို့ အကြွင်းမဲ့ မယုံကြည်ကြတော့ပေ။
လေဟာနယ် ဘိုးဘေးအဆောင်က အရမ်း အစွမ်းထက်လွန်းပြီး ကျိုးထုံမှာ လုံလောက်သော အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားနိုင်၏။
တစ်ဖက်တွင် ဝူယွမ်ကလည်း တိုက်ပွဲ တစ်လျှောက်လုံး အလွန် တည်ငြိမ်နေခဲ့သည်။
ဝူယွမ်တွင် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် အစွမ်းထက်သော နည်းလမ်းများစွာ ရှိသော်လည်း ကျိုးထုံ၏ ဝိညာဉ်ကို ထည့်တွက်ပြီး အသုံးမပြုခဲ့ပေ။ လက်ရှိ တိုက်ခိုက်နေသော ရည်ရွယ်ချက်မှာ ကျိုးထုံကို အနိုင်ယူရန် သက်သက် မဟုတ်ဘဲ ကယ်တင်ရန်လည်း ဖြစ်၏။
ဝူယွမ်သည် ကျိုးထုံ၏ ကျန်ရှိနေသည့် ဝညာဉ် အသိတရားတစ်ခုကို အခုလေးတင် မြင်တွေ့ခဲ့ရသည်။၎င်း ဝိညာဉ်အသိတရားလေးတစ်ခုကို ခွဲထုတ်နိုင်ခဲ့ပါက ကမ္ဘာသစ်ပင်ထဲသို့ ယူဆောင်သွားပီး ပြန်လည်ကောင်းမွန်လာအောင် ကုသပေးနိုင်မည်ဖြစ်၏။
“အေးခဲစမ်း”
ဝူယွမ်က ဟိန်းဟောက်လိုက်ရာ နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အဖြူရောင် အလင်းတန်းက ကျိုးထုံအပေါ် ကျရောက်သွားရာ လူအရိပ်က ရုတ်တရက် အေးခဲသွားပီး ပတ်ဝန်းကျင်ရှိ လေဟာနယ် လှုပ်ရှားမှုများကလည်း ရပ်တန့်သွားသည်။
“မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်”
ဝူယွမ်က မိုးကြိုးကန်ကို ထိန်းချုပ်လိုက်ရာ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုး စွမ်းအားများ ရူးသွပ်စွာ ဆူပွက်လာသည်။ ပတ်ဝန်းကျင်မှာလည်း လျှပ်စီး သမုဒ္ဒရာတစ်ခုကဲ့သို့ ဖြစ်လာသည်။
“ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်”
ဝုန်း ဝုန်း ဝုန်း... ကြမ်းတမ်းသော မိုးကြိုးကန်ကို ဝူယွမ်က သယ်ဆောင်လာပြီး ကျိုးထုံကို ဖိနှိပ်လိုက်သည်။
ရေတွက်၍မရနိုင်သော လျှပ်စီးတိုင်များ ကျိုးထုံ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး စူးရှသော အသံများ ထွက်ပေါ်နေသည်။ ကျိုးထုံ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လျှပ်စီးများက လွှမ်းခြုံသွားသည်။
လျှပ်စီးတိုင်များက ကျိုးထုံ၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး လျှပ်စီး အလင်းတန်းများ ပေါက်ကွဲထွက်လာကာ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အမည်းရောင် ဝတ်ရုံကို ချက်ချင်းပင် ပြာအဖြစ်ပျောက်ကွယ်သွား၏။
ထို့နောက် အမည်းရောင် ဝတ်ရုံကြီး ပျောက်ကွယ်သွားချိန်တွင် ကျိုးထုံ၏ ခန္ဓာကိုယ် ပေါ်ထွက်လာပြီး ဝူယွမ်၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ နောက်ဘက်ရှိ လူအုပ်ကြီးထံမှလည်း ထိတ်လန့်တကြား အသက်ရှူသံများ ထွက်ပေါ်လာသည်။ ကျိုးထုံ၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး အံ့အားသင့်သွားကြသည်။
အခန်း (၄၃၂) - ကျိုးထုံကို ကယ်တင်ခြင်း၊ ယွမ်ဂိုဏ်း မိစ္ဆာချီ ကမ္ဘာအဖြစ် ပြောင်းလဲသွားခြင်း(၁)
ကျိုးထုံကို လွှမ်းခြုံထားသော အမည်းရောင် ဝတ်ရုံ လောင်ကျွမ်းသွားပီး ကျိုးထုံ၏ အသွင်အပြင်ကို မြင်တွေ့လိုက်ရသော ဤနေရာရှိ လူတိုင်းမှာ အံ့အားသင့်ကာ ထိတ်လန့်သွားကြသည်။
ကျိုးထုံ၏ အသွင်အပြင်မြင်မှာ မယုံကြည်နိုင်လောက်အောင်ပင် ထိတ်လန့်တုန်လှုပ် ကြောက်မက်ဖွယ်ဖြစ်နေ၏။
အမည်းရောင် ဝတ်ရုံအောက်တွင် သူ့၌ မူလအသွေးအသား ခန္ဓာကိုယ် မရှိတော့ပေ။ အမည်းရောင် အရိုးစု တစ်ခုသာ ကျန်ရှိတော့သည်။
သူ၏ ခေါင်းမှလွဲ၍ ကျိုးထုံ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အမည်းရောင် အရိုးစုတစ်ခုသာ ဖြစ်နေ၏။
အရိုးစုပေါ်တွင် သိပ်သည်းလှသော အမဲရောင် အစင်းကြောင်းသဏ္ဌန်
များကို မြင်တွေ့နေရသည်။ ဤမိစ္ဆာပုံစံ အစင်းကြောင်း များက ကျိုးထုံ၏ အရိုးစု တစ်ခုလုံးကို အလွှာလိုက် ရစ်ပတ်ထားပြီး အရိုးတွင် ကပ်တွယ်နေသော လောက်ကောင်များပမာ ဖယ်ရှား၍ မရနိုင်ပေ။
ထို့အပြင် အမည်းရောင် အရိုးစုအတွင်း၌ မိစ္ဆာချီ၏ တိုက်စားခြင်းကို ခံထားရခြင်းကြောင့် အတွင်းကလီစာများအာလုံး မည်းနက်နေသည်ကို
ဝေဝါးစွာ မြင်တွေ့လိုက်ရ၏။
ဝူယွမ်က အနီးဆုံးတွင် ရှိနေပြီး ပိုမို ရှင်းလင်းစွာ မြင်တွေ့ရသည်။ ကျိုးထုံ၏ ရင်ဘတ်အတွင်း၌ အမည်းရောင် နှလုံးသားတစ်ခုက အလွန် နှေးကွေးသော အရှိန်ဖြင့် ညင်သာစွာ ခုန်နေပြီး သိပ်သည်းကာ ရက်စက်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ဤခန္ဓာကိုယ်မှာ တကယ်ကို ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
ဝူယွမ်သည် လေဟာနယ် ဘိုးဘေးအဆောင်ကို ရှာဖွေလိုက်ရာ ကျိုးထုံ၏ ရှုပ်ထွေးသော သွေးကြောများအတွင်း၌ ငွေရောင် အလင်းတန်းများ လင်းလက်နေသည်ကို မြင်တွေ့လိုက်ရပြီး ၎င်းမှာ လေဟာနယ် ဘိုးဘေးအဆောင်၏ စွမ်းအားပင် ဖြစ်သည်။
“သူ့ရဲ့ သွေးကြောတွေပဲ မိစ္ဆာချီရဲ့ တိုက်စားတာကို မခံရဘဲ ကျန်ရစ်နေတာ၊ သူက သူ့ရဲ့ သွေးကြောတွေကို လေဟာနယ် ဘိုးဘေးအဆောင်နဲ့ ပေါင်းစပ်ထားတာပဲ” ဝူယွမ်က အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။ ကျိုးထုံ ဤမျှအထိ လုပ်ဆောင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤသို့ လုပ်ဆောင်ခြင်းဖြင့် သူသည် လေဟာနယ် ဘိုးဘေးအဆောင်နှင့် ထူးခြားစွာ ပေါင်းစပ်သွားခဲ့ပြီး ရန်သူက သူ့ထံမှ ဘိုးဘေးအဆောင်ကို ရယူရန် ပိုမို ခက်ခဲသွားစေ၏။
လေဟာနယ် ဘိုးဘေးအဆောင်၏ ကာကွယ်မှုဖြင့် ကျိုးထုံသည် သူ၏ သွေးကြောများ တိုက်စားမခံရအောင် ကာကွယ်နိုင်ခဲ့သည်။ သူ၏ မူလစိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို သွေးကြောများအတွင်း၌ ဖုံးကွယ်ကာ လေဟာနယ် ဘိုးဘေးအဆောင်အတွင်းသို့ ပ်ို့ထားနိုင်ခဲ့သဖြင့် သူ၏ ဝိညာဉ်ကို သုတ်သင်ခံရမည့် ကံကြမ္မာမှ ရှောင်လွှဲနိုင်ခဲ့သည်။
ဒါပေမယ့်လည်း သူသည် ကမ္ဘာခြားနတ်ဆိုး စွမ်းအား၏ တိုက်စားမှုကို အဆက်မပြတ် ခံစားနေရခြင်းကြောင့် အလွန်တရာမ နာကျင်လှ၏။
သူသည် အညံ့ခံခြင်း သို့မဟုတ် ယွမ်ဂိုဏ်း၏ အသုံးချခံဖြစ်မည့် အစား သူကိုယ်တိုင် နာကျင်ခံစားရန် ရွေးချယ်ခဲ့သည်။
ဝူယွမ်၏ စိတ်နှလုံးထဲတွင် ကျိုးထုံအပေါ် လေးနက်သော လေးစားမှု တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ယွမ်ဂိုဏ်းကို တစ်ယောက်တည်း စိန်ခေါ်ရဲခဲ့သော သွေးအေးပီးရက်စက်သောသူ ဟူသည့် နာမည်ဂုဏ်သတင်းနှင့် တကယ်ကို ထိုက်တန်လှသည်။
အမည်းရောင် မိစ္ဆာပုံစံအစင်းကြောင်းများက ကျိုးထုံ၏ ခန္ဓာကိုယ်အတွင်း ယှက်နွှယ်နေပြီး ဝေဝါးစွာဖြင့် အလွန်တရာ ရက်စက်သော မိစ္ဆာ သော့ခလောက် တစ်ခုပမာ ဖြစ်နေသည်။
“ဒါက မိစ္ဆာ ဧကရာဇ် သော့ခလောက်လား” ဟွမ်၏ အံ့အားသင့်နေသော အသံက ဝူယွမ်၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
“မိစ္ဆာ ဧကရာဇ်ရဲ့ ပစ္စည်းလား” ဝူယွမ်က တိုးတိတ်စွာ ရေရွတ်လိုက်သည်။
မိစ္ဆာ ဧကရာဇ်သည် သံသရာအဆင့်ထက် ကျော်လွန်သော တည်ရှိမှု တစ်ခုဖြစ်သည်။
ဟွမ်က ရှင်းပြလိုက်သည်“ဒါက အဆောင်ဘိုးဘေးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရှေးဟောင်းခေတ်က ကမ္ဘာခြားနတ်ဆိုး ဧကရာဇ် ဖန်တီးခဲ့တဲ့ ရက်စက်တဲ့ နည်းလမ်း တစ်ခုပဲ၊ ဒီအရာကို ခန္ဓာကိုယ်မှာ အသုံးချလိုက်တာနဲ့ လူတစ်ယောက်ရဲ့ စိတ်ကို အဆက်မပြတ် တိုက်စားတော့တာပဲ”
“ပိုပြီး ကြောက်ဖို့ကောင်းတာက မိစ္ဆာ ဧကရာဇ် သော့ခလောက်က ချိတ်ပိတ်နိုင်ပြီး ထာဝရ လွတ်မြောက်ဖို့ မဖြစ်နိုင်အောင် လုပ်နိုင်တာပဲ”
“ကမ္ဘာခြားနတ်ဆိုး ဧကရာဇ်က ဒီနည်းလမ်းကို သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေအတွက် အဓိက ဖန်တီးခဲ့တာ၊ ဘာလို့လဲဆိုတော့ သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် အသတ်ခံရရင်တောင် သူတို့က အခု သံသရာဝင်စားသူတွေလိုပဲ သံသရာထဲ ဝင်ရောက်ပြီး ပြန်လည် နိုးထလာနိုင်မယ့် အခွင့်အရေး တစ်ခု ရှိနေလို့ပဲ”
“ဒါပေမယ့် မိစ္ဆာ ဧကရာဇ် သော့ခလောက် ရှိနေခြင်းက မူလစိတ်ဝိညာဉ်ကို ကန့်သတ်ထားပြီး သံသရာလမ်းကို ဖြတ်တောက်လိုက်တယ်၊ ရှေးဟောင်းခေတ်က ကမ္ဘာခြားနတ်ဆိုးတွေ ဖမ်းမိခဲ့တဲ့ သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ် အားလုံးကို ဒီမိစ္ဆာ ဧကရာဇ် သော့ခလောက် တပ်ဆင်ပြီး နောက်ဆုံးမှာ သူတို့ရဲ့ အသက်စွမ်းအင်တွေ ပျောက်ကွယ်သွားစေခဲ့တယ်”
“ယွမ်ဂိုဏ်းမှာ ဒီလို နည်းလမ်းမျိုး ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး၊ ယွမ်ဂိုဏ်းရဲ့ နောက်ကွယ်မှာ အနည်းဆုံး စစ်မှန်တဲ့ ဘုရင် တစ်ပါး ရှိနေတယ်ဆိုတာ အတည်ပြုလို့ ရတယ်”
“ဘာလို့လဲဆိုတော့ ရှေးဟောင်းခေတ်ကတောင် ဒီနည်းလမ်းကို ကျွမ်းကျင်တဲ့ ကမ္ဘာခြားနတ်ဆိုး သိပ်များများစားစား မရှိခဲ့လို့ပဲ”
ဝူယွမ်က ကျိုးထုံကို သေချာ အအကဲခတ်ကြည့်လိုက်ပြီးနောက်
ရေရွတ်လိုက်သည်
“စစ်မှန်တဲ့ ဘုရင် ဟုတ်လား၊ ကမ္ဘာခြားနတ်ဆိုး ဧကရာဇ် မလာသရွေ့ စီနီယာ အစ်ကို ကျိုးထုံကို ငါ ကယ်နိုင်ပါတယ်”
ဟွမ်က ဆက်ပြောသည်: “ကျိုးထုံမှာ လေဟာနယ် ဘိုးဘေးအဆောင် ရှိတယ်၊ ပြီးတော့ သူ့ရဲ့ မူလစိတ်ဝိညာဉ်က အဲဒီရဲ့ ကာကွယ်မှုအောက်မှာ ရှိနေလို့ မိစ္ဆာချီရဲ့ လုံးဝ တိုက်စားတာကို မခံရအောင် တားဆီးထားနိုင်တယ်၊ သူ့ရဲ့ မိစ္ဆာ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နိုင်သရွေ့ သူ့ရဲ့ မူလစိတ်ဝိညာဉ်ကို ကယ်တင်ဖို့က မခက်ခဲပါဘူး”
ဟွမ်ထံမှ အချက်အလက်များ ရယူနေစဉ် ဝူယွမ်သည် ကျိုးထုံကို ဖိနှိပ်ရန် မိုးကြိုးကန်ကိုလည်း ထိန်းချုပ်ထားခဲ့သည်။
ဤအချိန်တွင် သူ၏ မိစ္ဆာ ခန္ဓာကိုယ် ထုတ်ဖော်ခံလိုက်ရသဖြင့် ခံစားချက် ကင်းမဲ့နေသော ကျိုးထုံသည် သတ်ဖြတ်ရေး ရုပ်သေးရုပ် တစ်ခုမျှသာ ဖြစ်နေသည်။ သူ၏ လက်တစ်ဖက်တွင် အမည်းရောင် လက်အိတ်ကို ဝတ်ဆင်ထားပြီး ငွေရောင် အလင်းတန်း တဖျပ်ဖျပ်လက်သွားကာ လေဟာနယ် လိမ်ကောက်သွားပြီးနောက် အလွန်တရာ ထက်မြက်သော အလင်းတန်းတစ်ခုကို ဝူယွမ်၏ လည်ချောင်းဆီသို့ ပစ်လွှတ်လိုက်လေသည်။
“အာဏာရှင် လက်သီး၊ ကောင်းကင်ပြာနဂါး ပုံစံ”
ဝူယွမ်၏ အရိပ်မှာ ရုတ်တရက်တုန်ခါသွားကာ ပျောက်ကွယ်သွား၏။ ရှင်းအက္ခရာလျှို့ဝှက်ချက်အသုံးပြုလိုက်ပီး သူ၏ အရှိန်မှာ ကျိုးထုံထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး ကျိုးထုံ၏ နောက်တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာသည်။ ယွမ်စွမ်းအင်များ ဆူပွက်လာပြီး နဂါးဟိန်းဟောက်သံများနှင့်အတူ ကြမ်းတမ်းသော လက်သီးလေပြင်းက ကောင်းကင်ပြာနဂါး အရိပ်တစ်ခုကို ကျိုးထုံ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။
ဂျွတ်... ကြမ်းတမ်းသော အာဏာရှင် လက်သီးမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် ပြင်းထန်လှပြီး ကျိုးထုံ၏ မိစ္ဆာ ခန္ဓာကိုယ်ကို အက်ကွဲသွားစေခဲ့သည်။
“ဂါး”
ကျိုးထုံက တောရိုင်းတိရစ္ဆာန် တစ်ကောင်ပမာ ဟိန်းဟောက်လိုက်ရာ သူ၏ မျက်လုံးများမှ သိပ်သည်းသော အမည်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီးနောက် အဝေးမှနေ၍ မြေကြီးဆီသို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။
ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခုက မြေကြီးအတွင်းသို့ လျင်မြန်စွာ ပြန့်ကျဲသွားပြီးနောက် အောက်ဘက်ရှိ မြေကြီးက အံ့မခန်း အရှိန်အဟုန်ဖြင့် ကန္တာရအဖြစ် စတင် ပြောင်းလဲသွားလေသည်။
“မဟာရှေးဟောင်း ကျမ်းစာ”
တောင်ဂိုဏ်း တပည့်များအားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။ ဤမြင်ကွင်းနှင့် သူတို့ အလွန် ရင်းနှီးလွန်းလှသည်။ ၎င်းမှာ တောင်ဂိုဏ်း၏ အစွမ်းအထက်ဆုံး သိုင်းပညာဖြစ်၏။ ဝူယွမ် တောင်ဂိုဏ်းသို့ မရောက်မီက ကျိုးထုံ တစ်ယောက်တည်းသာ ဤသိုင်းပညာကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီး ဤသိုင်းပညာကပင် ကျိုးထုံ၏ ပါရမီရှင်ဟူသော နာမည်ဂုဏ်သတင်းကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။
ယခုတော့ ကျိုးထုံသည် ဝူယွမ်ကို တိုက်ခိုက်ရန် ဤသိုင်းပညာကို အမှန်တကယ် အသုံးပြုလာ၏။
“စီနီယာ အစ်ကို ကျိုးထုံ၊ ဘယ်သူ့ရဲ့ မဟာရှေးဟောင်း ကျမ်းစာက ပိုအစွမ်းထက်လဲဆိုတာ ကြည့်ကြတာပေါ့”
ဝူယွမ်လည်း စိတ်ဝင်စားလာပြီး မဟာရှေးဟောင်း ကျမ်းစာကို ချက်ချင်း စတင် အသုံးပြုလေတော့သည်။
မဟာရှေးဟောင်း ကျမ်းစာကို နားလည်သဘောပေါက်ခဲ့ကြသော ပါရမီရှင် နှစ်ဦးသည် ယခုအခါ အနိုင်အရှုံးကို ဆုံးဖြတ်ရန် ဤသိုင်းပညာကို အသုံးပြုကြမည်ဖြစ်သည်။
အောက်ဘက်တွင် မဟာရှေးဟောင်း စွမ်းအင် ပြန့်ကျဲသည့် အရှိန်မှာ ပို၍ပင် လျင်မြန်လာသည်။ မဟာရှေးဟောင်း အရှိန်အဝါက မြေကြီးကို ဖြတ်သန်းကာ လျင်မြန်စွာ ပြန့်ကျဲသွားသည်ကို လူတိုင်း တွေ့မြင်ရ၏။ အသက်အနည်းငယ် ရှူချိန်အတွင်းမှာပင် မိုင်ထောင်ချီ ပတ်လည်မှာ လုံးဝ ကန္တာရ ကုန်းမြေတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
လူတိုင်းက မြေကြီး၏ တုန်ခါမှုကို ခံစားလိုက်ရသည်။ မိုင်သောင်းချီ အတွင်းရှိ ကမ္ဘာမြေကြီး၏ စွမ်းအားများကို ဤနေရာတွင် စုစည်းလိုက်ပြီးနောက် ဆန္ဒနှစ်ခုက ၎င်းကို လုယူရန် တိုက်ခိုက်နေကြသည်။
“ဘယ်လောက်တောင် အစွမ်းထက်တဲ့ သိုင်းပညာလဲ၊ အဲဒါက ကမ္ဘာမြေကြီးရဲ့ အသက်စွမ်းအင်တွေ အားလုံးကို စုပ်ယူပြီး သူ့တိုရဲ ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲပစ်တာပဲ”
“ဒီလို ပေါက်ကွဲမှုမျိုးနဲ့ဆိုရင် နယ်ပယ် အဆင့်ပေါင်းများစွာ မြင့်တဲ့ ပြိုင်ဘက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့က ပြဿနာ မဟုတ်လောက်ဘူး”
“တကယ်ကို ကြောက်ဖို့ကောင်းတာပဲ”
ကစဉ်ကလျားမိစ္ဆာပင်လယ်မှ လူများမှာ မဟာရှေးဟောင်း ကျမ်းစာ၏ စွမ်းအားကြောင့် အလွန်အမင်း အံ့အားသင့်သွားကြသည်။
ဤသိုင်းပညာသည် သူတို့ တစ်ခါမှ မမြင်ဖူးပဲ မည်သည့် သိုင်းပညာထက်မဆို ပိုမို အစွမ်းထက်လှသည်။
ချင်းကျီပင်လျှင် အလွန် လေးနက်စွာ စောင့်ကြည့်နေရ၏။
“ကျတော် စီမှာလျှို့ဝှက်နည်းလမ်းတစ်ခုရှိတယ်၊ တောင်းပန်ပါတယ် စီနီယာ အစ်ကို ကျိုးထုံ၊ ” ဝူယွမ်က သူ့ဘာသာသူ ရေရွတ်လိုက်သည်။ မဟာရှေးဟောင်း ကျမ်းစာကို အသုံးပြုနေစဉ် သူ၏ ဝါးမျိုခြင်း ရူန်းသင်္ကေတကလည်း ဝင်ရောက်လာပြီး စွမ်းအင်များကို လုယူရာတွင် ကူညီပေးရန် အစွမ်းထက်သော ဝါးမျိုခြင်း စွမ်းအားဖြင့် တွင်းနက်တစ်ခုကို ဖန်တီးလိုက်သည်။
ထိုမျှမက မဟာရှေးဟောင်းကျမ်းစာကို ဖန်တီးခဲ့သူ ဟွမ်ကလည်း ဝူယွမ်နှင့်အတူ မဟာရှေးဟောင်း ကျမ်းစာကို အသုံးပြုခဲ့သည်။ မြေကြီးထံမှ စွမ်းအားများကို ဆွဲယူရာတွင် ၎င်း၏ အရှိန်မှာ ဝူယွမ်နှင့် ကျိုးထုံတို့ထက် မနိမ့်ကျပေ။
ဤအခြေအနေတွင် မြေကြီးထံမှ ဆွဲယူလာသော ညှိုးနွမ်းနေသည့် အဝါရောင် စွမ်းအား သုံးပုံနှစ်ပုံကျော်ကို ဝူယွမ်က လုယူသွားခဲ့သည်။
မြေကြီးမှာ အက်ကွဲသွားပြီး ကန္တာရ လွင်တီးခေါင် တစ်ခုအဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့တွင် နက်ရှိုင်းသော အက်ကွဲကြောင်းများ ပေါ်လာသည်။
ဝူယွမ် ရပ်နေသော နေရာတွင် ကျန်းတစ်သောင်းခန့် မြင့်မားသော ဧရာမ စွမ်းအင်တိုင်ကြီးတစ်ခုက မီးတောင်တစ်ခုပမာ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးတက်သွားကာ တိမ်တိုက်များကို ထိုးဖောက်သွားသဖြင့် အလွန်ထင်ရှားလှသည်။
နှိုင်းယှဉ်ကြည့်လျှင် ကျိုးထုံ၏ စွမ်းအင်တိုင်မှာ ကျန်းတစ်ထောင်ကျော်မျှသာ ရှိပီး ဝူယွမ်နှင့် နှိုင်းယှဉ်ပါက အသေးအဖွဲတစ်ခုလို ဖြစ်နေသည်။
“ဝူယွမ်ရဲ့ဟာက ပိုပီး ကြီးပီး ခမ်းနားတာပဲ”
“ဟူး တော်သေးတာပေါ့ ၊ ငါ အရမ်း စိုးရိမ်နေခဲ့တာ၊ စီနီယာအစ်ကိုဝူယွမ်ရဲ့ မဟာရှေးဟောင်းကျမ်းစာက ကျိုးထုံလောက် မစွမ်းထက်ဘူးလို့ ငါ ထင်ခဲ့တာ”