← Chapters

အခန်း (၄၃၃-၄၃၄)

Vol. 44 Ch. 433-434

အခန်း (၄၃၃-၄၃၄)

Vol. 44 Ch. 433-434

အခန်း (၄၃၃) - ကျိုးထုံကို ကယ်တင်ခြင်း၊ ယွမ်ဂိုဏ်း မိစ္ဆာချီ ကမ္ဘာအဖြစ် ပြောင်းလဲသွားခြင်း(၂)

“အခု ကြည့်ရတာ စီနီယာအကိုဝူယွမ်က ပိုပီးတော့အစွမ်းထက်နေတာပဲ”

“ကြည့်ရတာ စိုးရိမ်စရာ မလိုတော့ဘူး ထင်တယ်၊ စီနီယာ အစ်ကို ဝူယွမ် သေချာပေါက် နိုင်မှာပဲ”

ဝူယွမ်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသော စွမ်းအင်တိုင်ကြီးကို မြင်သောအခါ ယင်းရွှမ်ဇီ၊ မိုလော့နှင့် အခြားဂိုဏ်းသားများ အားလုံး သက်ပြင်းချလိုက်နိုင်ကြသည်။

မည်သို့ပင်ဆိုစေ ကျိုးထုံ၏ နာမည်ဂုဏ်သတင်းမှာ ကြော်ကြားသကဲ့သို့ သူသည် မဟာရှေးဟောင်း ကျမ်းစာကို လွန်ခဲ့သည့် နှစ်တစ်ရာကတည်းက နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။

လူတိုင်းက အာရုံစိုက်ကာ ကြည့်နေကြရာ ဝူယွမ်၏ ကျန်းတစ်သောင်းခန့် မြင့်မားသော စွမ်းအင်တိုင်ကြီးက ကောင်းကင်ယံတွင် လည်ပတ်သွားပြီးနောက် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လေဟာနယ်ကို ထိုးဖောက်ကာ ကျိုးထုံဆီသို့ တည့်မတ်စွာ ဝင်သွားသည်ကို မြင်တွေ့လိုက်ရ၏။

ကျိုးထုံသည် သူ့ကိုယ်ပိုင်စွမ်းအင်တိုင်ထက် အဆပေါင်းများစွာ ပိုမို ကြီးမားသော ဝူယွမ်၏အထူး စွမ်းအင်တိုင်ကြီးကို ရင်ဆိုင်ရချိန်တွင် သူ၏ ကိုယ်ပိုင် စွမ်းအင်တိုင်ကို ထိန်းချုပ်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

နှစ်ခုစလုံး ပြင်းပြင်းထန်ထန် ဝင်တိုက်မိကြသည်။

ဝုန်း

ထိတွေ့မိသည်နှင့် ပြင်းထန်သော အသံကျယ်ကျယ်ကြီး ပေါက်ကွဲထွက်ပေါ်လာပြီး အနီးနားရှိ လူများ၏ နားစည်များကို ပေါက်ကွဲလုနီးပါး ဖြစ်စေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် လှိုင်းဂယက်တစ်ခုက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားပြီး နှစ်ဖက်စလုံးမှ လူများကို နောက်သို့ လွင့်စင်သွားစေ၏။ ဤရိုက်ခတ်မှုမှာ မိုင်တစ်ထောင် အကွာအဝေးထိပင် သက်ရောက်မှု ပြင်းထန်၏။

ရိုက်ခတ်မှု၏ ဗဟိုချက်တွင် ဝူယွမ်၏ လက်နှစ်ဖက်စလုံးကို အစိမ်းရောင် အလင်းနဂါးများဖြင့် တန်ဆာဆင်ထားပြီး သူ၏ ဧရာမ ကောင်းကင်ပြာနဂါး လက်သီးက ကျိုးထုံ၏ အမည်းရောင် မိစ္ဆာ ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။

“ငါ့အတွက် ကြေမွသွားစမ်း”

ဂျွတ် ဂျွတ် ဂျွတ်... ကျိုးထုံ၏ မိစ္ဆာ ခန္ဓာကိုယ်မှာ နောက်ဆုံးတွင် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ တဖြည်းဖြည်းချင်း အက်ကွဲသွားကာ ရေတွက်၍မရနိုင်သော အက်ကွဲကြောင်းများ ပေါ်လာပြီး မိစ္ဆာပုံစံများ ပျောက်ကွယ်သွားလေ၏။

အမည်းရောင် မိစ္ဆာ ခန္ဓာကိုယ် ပြိုကွဲသွားသည်နှင့်အမျှ ကျိုးထုံ၏ မျက်လုံးများရှိ ငွေရောင် အလင်းတန်းက ပြန်ပေါ်လာသည်။ သူ၏ ကြေမွနေသော ခန္ဓာကိုယ်ကို ပြန်ကြည့် ကြည့်လိုက်ရာ သူ၏ အမူအရာ ကင်းမဲ့နေသော မျက်နှာပေါ်တွင် စိတ်သက်သာရာရမှုနှင့် ကျေနပ်မှု အရိပ်အယောင်တစ်ခုပင် ပေါ်လာခဲ့သည်။

ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုအောက်တွင် ကျိုးထုံ၏ ခန္ဓာကိုယ်မှာ လုံးဝ ပြိုကွဲသွားပြီး အမည်းရောင် မြူခိုး အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

လူတိုင်းက ပျက်စီးသွားပီး လွင့်မျောနေသော အမည်းရောင် မြူခိုးများကို စိုက်ကြည့်နေကြ၏။

အမည်းရောင် မြူခိုးများက လေထဲတွင် လွင့်မျောနေပြီး အချိန်အတော်ကြာအထိ စကားသံများ တိတ်ဆိတ်နေ၏။ ဝူယွမ်ကိုယ်တိုင်လည်း တံတွေးတစ်ချက် မျိုချလိုက်ပြီး ၎င်းကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။

နောက်ဆုံးတွင် အမည်းရောင် မြူခိုးများအတွင်းမှ ငွေရောင် အလင်းတန်းတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုငွေရောင် အလင်းတန်းအတွင်း၌ အလွန်တရာ မှေးမှိန်သော ရွှေရောင် အလင်းတန်းတစ်ခုကို ဝေဝါးစွာ မြင်တွေ့နိုင်ပြီးနောက် ငွေရောင် အလင်းတန်းက ထိုမှေးမှိန်သော ရွှေရောင် အလင်းတန်းကို လွှမ်းခြုံကာ အမည်းရောင် မြူခိုးများထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

မူလက လွင့်မျောနေသော အမည်းရောင် မြူခိုးများမှာ ဤအချိန်တွင် အံ့မခန်း မိစ္ဆာချီများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီးနောက် ပစ်လွှတ်ထွက်ပေါ်သွားသည့် များပြားသော အမည်းရောင် အလင်းကြိုးများအဖြစ် ပြောင်းလဲသွားလေသည်။ အလင်းကြိုးများ ယှက်နွှယ်သွားသည်နှင့်အမျှ ၎င်းတို့သည် အလွန်တရာ ရက်စက်သော မိစ္ဆာ သော့ခလောက်တစ်ခုအဖြစ် စတင်ပုံဖော်လာခဲ့၏။ မိစ္ဆာ သော့ခလောက်က ရစ်ခွေသွားပြီး ငွေရောင် အလင်းတန်းကို နောက်တစ်ကြိမ် ချိတ်ပိတ်ရန် ကြိုးပမ်းလေသည်။

“ထိန်းချုပ်ဖို့ ကြိုးစားနေတုန်းပဲလား၊ ဒါဆိုရင် မင်းကို လေထဲမှာ ပျောက်ကွယ်သွားအောင် ငါ လုပ်ပစ်မယ်” ဝူယွမ်က လှောင်ပြောင်လိုက်သည်။

အဆုံးအစမဲ့‌ မိုးကြိုး စွမ်းအားများ သူ၏ လက်ထဲတွင် ပေါ်လာပြီး ငွေရောင် အလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အမည်းရောင် အလင်းကြိုးများက အနီးကပ် လိုက်ပါလာပြီး သူ၏ လက်ကို ရစ်ပတ်ကာ ကျိုးထုံ၏ မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်ရန် ငွေရောင် အလင်းတန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းလေ၏။

ဤအမည်းရောင် မြူခိုးများမှာ မိစ္ဆာ ဧကရာဇ် သော့ခလောက်မှ ပြောင်းလဲလာသော စွမ်းအားများ ဖြစ်ကြသည်။

သို့သော်လည်း ဝူယွမ်က သူ့ကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးလိမ့်မည် မဟုတ်ပေ။

“မိုးကြိုး ဖျက်စီးပစ်လိုက်စမ်း”

ဝူယွမ်သည် နောက်ဆုံးတွင် ထိန်းချုပ်ထားခြင်း မရှိတော့ဘဲ သူ၏ မိုးကြိုး စွမ်းအားများကို အပြည့်အဝ အသက်သွင်းလိုက်ကာ မိုးကြိုးဧကရာဇ် ရတနာကျင့်စဉ်ကို ထုတ်လွှတ်လိုက်ရာ သူ၏ ပတ်ဝန်းကျင်တွင် ကောင်းကင် မိုးကြိုးများ ဆင်းသက်လာပြီး မိုးကြိုးကန်ကလည်း ပိုမို ထင်ရှားလာသည်။

ရွှီး ရွှီး ရွှီး... အမည်းရောင် မြူခိုးများမှာ မိုးကြိုး စွမ်းအားကြောင့် လျင်မြန်စွာ ဖျက်ဆီးခံလိုက်ရပြီး အကြွင်းအကျန်များ မကျန်ရှိတော့ပေ။

ကျိုးထုံအား ကယ်တင်ရေး ခရီးစဉ် အဆင်ပြေပြေဖြင့် ပီးဆုံးသွားလေ၏။

ထို့နောက် ဝူယွမ်က သူ၏ လက်ဖဝါးကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ ၎င်းအတွင်း၌ တလက်လက် တောက်ပနေသော ငွေရောင် အလင်းတန်းတစ်ခု ရှိနေပီး ရှေးဟောင်း စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်‌နေ၏။ ၎င်းမှာ လေဟာနယ် ဘိုးဘေးအဆောင်ပင် ဖြစ်သည်။

ဘိုးဘေးအဆောင်အတွင်း၌ ငွေရောင် အလင်းတန်းက ညင်သာစွာ လူးလွန့်နေပြီးနောက် ကွဲထွက်လာသည်။ ထိုငွေရောင် အလင်းတန်း၏ အနက်ရှိုင်းဆုံး အပိုင်းတွင် အလွန်တရာ မှေးမှိန်သော ရွှေရောင် အလင်းတန်းတစ်ခု ဖြည်းညင်းစွာ ပေါ်လာပီး ၎င်းမှာ ကျိုးထုံ၏ အသက်ရှင်ကျန်ရစ်သော မူလစိတ်ဝိညာဉ်ဖြစ်သည်။

“မူလစိတ်ဝိညာဉ်ရဲ့ အသက်စွမ်းအားအရမ်း အားနည်းနေတယ်၊ စီနီယာ အစ်ကို ကျိုးထုံ၊ ပြန်လည်ကုသဖို့ ကျတော့်ရဲ့ ကမ္ဘာထဲကို ဝင်လာခဲ့ပါ”

ဝူယွမ်က တိုးညှင်းစွာ ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ရင်ဘတ်ပေါ်ရှိ ရှေးဟောင်းကျောက်တိုင်မှ စိမ်းလန်းသော အကိုင်းအခက်တစ်ခု ဆန့်ထွက်လာကာ ကျိုးထုံ၏ မူလစိတ်ဝိညာဉ်ကို လမ်းညွှန်ပေးလိုက်သည်။

“ညီလေးနှစ် ဝူယွမ်၊ ငါ့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ငါက လေဟာနယ် ဘိုးဘေးအဆောင်ရဲ့ ကာကွယ်မှုကို ခံခဲ့ရပေမယ့် ငါက မိစ္ဆာချီရဲ့ တိုက်စားတာကို ခံခဲ့ရပြီးသားပါ၊ ဘိုးဘေးအဆောင်က ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရားရတနာ တစ်ခုဖြစ်ပြီး မိစ္ဆာချီကို အလွန် ဖိနိပ်နိုင်တယ်၊ အခု ငါက သူ့ကို ပိုင်ဆိုင်ဖို့ အရည်အချင်း မပြည့်မီတော့ပါဘူး၊ မင်းမှာ ထူးခြားတဲ့ ပါရမီ ရှိပြီး ဘိုးဘေးအဆောင် အများအပြားကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုတာ ငါ မြင်ပါတယ်၊ မင်းလက်ထဲမှာဆိုရင် ဒီလေဟာနယ် ဘိုးဘေးအဆောင်က ငါ့ဆီမှာထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိနိုင်လိမ့်မယ်လို့ ထင်ပါတယ်”

အသံကို ဝူယွမ်က စိတ်ထဲတွင် ကြားလိုက်ရပီး ကျိုးထုံ၏ မူလစိတ်ဝိညာဉ်က ကမ္ဘာသစ်ပင် အကိုင်းအခက်နှင့်အတူ ထွက်ခွာသွားစဉ် လေဟာနယ် ဘိုးဘေးအဆောင်၏ ငွေရောင် အလင်းတန်းကလည်း ဝူယွမ်၏ လက်ထဲတွင် ကျန်ရစ်ခဲ့သည်။

“လေဟာနယ် ဘိုးဘေးအဆောင်လား၊ ကျေးဇူးတင်ပါတယ် စီနီယာ အစ်ကို ကျိုးထုံ”

ဝူယွမ်က ဘိုးဘေးအဆောင်ကို အားနာမနေတော့ ချက်ချင်းယူလိုက်ပြီး ယာယီ သိမ်းဆည်းလိုက်သည်။

“ဝူယွမ်၊ ကျိုးထုံ”

ယင်းရွှမ်ဇီက ချက်ချင်း လှမ်းကြည့်လိုက်ပြီး သူ၏ မှုန်ဝါးနေသော မျက်လုံးများက ဝူယွမ်အပေါ်သို့ မျှော်လင့်ချက်များဖြင့် စူးစိုက်ကြည့်နေ၏။

“ဂိုဏ်းချုပ်ကြီး၊ စိတ်ချပါ၊ စီနီယာ အစ်ကို ကျိုးထုံရဲ့ မူလစိတ်ဝိညာဉ်က လေဟာနယ် ဘိုးဘေးအဆောင်ရဲ့ ကာကွယ်မှုကို ရရှိခဲ့ပါတယ်၊ အခု ကျတော် ရဲ့ ကမ္ဘာသစ်ပင်မှာ ပြန်လည်ကုသနေပြီး ကျန်းမာစွာဖြင့် သူ့ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်နိုင်ဖို့ သိပ်မကြာတော့ပါဘူး၊” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ယင်းရွှမ်ဇီနှင့် တောင်ဂိုဏ်း တပည့်များအားလုံး အလွန် ဝမ်းသာသွားကြပြီး သက်ပြင်းချလိုက်နိုင်ကြသည်။

ကျိုးထုံ ပြန်လည်အသက်ရှင်လာနိုင်ခြင်းမှာ သူတို့အတွက် ကြီးမားသော သတင်းကောင်း တစ်ခုဖြစ်၏။

“ အခုလောလောဆယ်တော့ ယွမ်ဂိုဏ်းက ဒီမိစ္ဆာ မျိုးနွယ်တွေကို အရင် ဖြေရှင်းကြစို့”

ဝူယွမ်က သူ၏ အကြည့်များကို ယွမ်ဂိုဏ်းဆီသို့ လှည့်လိုက်သည်။ ရန်ယွမ်ဇီသည် ယွမ်ဂိုဏ်း တပည့် အများအပြားကို ဦးဆောင်ကာ သူတို့ကို သတိကြီးစွာဖြင့် ရင်ဆိုင်နေပြီး လင်းတုန်နှင့် တျန်ယွမ်ဇီတို့မှာ လေထဲတွင် တိုက်ခိုက်နေကြကာ မည်သူ အနိုင်ရမည်ကို မသေချာသေးပေ။

သို့သော်လည်း ဝူယွမ်ဘက်ရှိ တိုက်ပွဲ ပြီးဆုံးသွားသည်နှင့်အမျှ ယွမ်ဂိုဏ်းဘက်မှာ မငြိမ်မသက် ဖြစ်လာခဲ့သည်။

တျန်ယွမ်ဇီကလည်း လင်းတုန်ကို တည်ငြိမ်စွာ မတိုက်ခိုက်နိုင်တော့ပေ။

“သေစမ်း.. ကျိုးထုံ၊ မင်းက ငါ့ကို တစ်ကယ် စိတ်ပျက်စေတာပဲ”

“ကျိုးထုံက မင်းတို့ကို မတားနိုင်ခဲ့မှတော့ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ စစ်မှန်တဲ့စွမ်းမားတွေကို မင်းတို့ကို ငါ ပြရတော့မှာပေါ့”

“ငါ့ရဲ့ ယွမ်ဂိုဏ်းက ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်နေတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား၊ အခု ကမ္ဘာခြားနတ်ဆိုးတွေ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းတို့ကို ငါ ပြမယ်”

“သန့်ရှင်းသော မျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေ၊ ကမ္ဘာမြေကို လင်းထိန်စေသတည်း”

တျန်ယွမ်ဇီက လင်းတုန်ကို လက်ဝါးတစ်ချက်ဖြင့် တွန်းထုတ်လိုက်ရာ သူ၏ မျက်နှာမှာ ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာ၏။ သူက ဝူယွမ်နှင့် အခြားသူများကို ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ချက်ချင်းပင် သိပ်သည်းထူထဲလှသော မိစ္ဆာ အလင်းတန်းတစ်ခု သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

ထိုမိစ္ဆာ အလင်းတန်းမှာ ရက်စက်မှုများဖြင့် ပြည့်နှက်နေပြီး အထက်နှင့်‌အောက် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားလေသည်။

ရွှီး..

အမည်းရောင် မိစ္ဆာ အလင်းတန်းက ကောင်းကင်နှင့် မြေကြီးမှ လျင်မြန်စွာ ပြန့်ကျဲလာပြီးနောက် ကမ္ဘာကြီး မှောင်မိုက်သွားကာ အေးစက်သော လေပြင်းတစ်ခု တိုက်ခတ်သွားပြီး များပြား‌ပီး စူးရှသည့် အော်သံများ ယွမ်ဂိုဏ်းအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာ၏။

ရုတ်တရက် ယွမ်ဂိုဏ်း တပည့် သောင်းချီ၏ ခန္ဓာကိုယ်များမှာ သတိပေးချက် မရှိဘဲ ပေါက်ကွဲသွားကြသည်။ သူတို့၏ အသွေးအသားများမှ မိစ္ဆာချီများကို ထုတ်လွှတ်ကာ ဤလောက တစ်ခုလုံး သွေးများပြန့်ကျဲသွား၏။

သွေးများပြန့်ကျဲပီးနောက် မိစ္ဆာချီများကည်း လွှမ်းခြုံနေပြီဖြစ်သည်။

ဝူယွမ်နှင့် အခြားသူများမှာ ထိတ်လန့်တကြား ကြည့်နေကြ၏။ တျန်ယွမ်ဇီ၏ နည်းလမ်းမှာ ရက်စက်လွန်းလှသည်။ ဤမျှများပြားသော ယွမ်ဂိုဏ်း တပည့်များ အားလုံးမှာ ကမ္ဘာခြားနတ်ဆိုးများအတွက် စတေးလိုက်ခြင်း ဖြစ်၏။

ထိုတပည့်များသည် သူတို့ သေဆုံးသွားသည့်တိုင်အောင် သူတို့၏ ခန္ဓာကိုယ်များမှာ ကမ္ဘာခြားနတ်ဆိုးများ၏ အသုံးချခံသာသာ ဖြစ်ခဲ့ကြောင်း မသိရှိခဲ့ကြပေ။

ထိုကဲ့သို့သော နည်းလမ်းများမှာ လုံးဝ ကြမ်းကြုတ်လှသည်။

ယွမ်ဂိုဏ်း မြေကြီးပေါ်တွင် မိစ္ဆာချီများ ချက်ချင်း ဆူပွက်လာသည်။

တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ မြေကြီးကလည်း စတင် အက်ကွဲလာပြီး မိစ္ဆာချီများ မြေအောက်မှ စိမ့်ထွက်လာသည်။ ထိုမိစ္ဆာချီများအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုက မြေကြီးကို ဖောက်ထွက်ပြီး ဖြည်းညင်းစွာ ထွက်လာ၏။

ဤအချိန်တွင် လောကတစ်ခုလုံး မှောင်မည်းသွားကာ မိစ္ဆာချီများ ဖုံးလွှမ်းသွားလေ၏။

အခန်း (၄၃၄) - မဟာကောင်းကင်မိစ္ဆာကောင်၊ တျန်ယွမ်ဇီကို အံ့အားသင့်သွားစေခြင်း(၁)

တျန်ယွမ်ဇီ ဟိန်းဟောက်လိုက်သည်နှင့်အမျှ ယွမ်ဂိုဏ်း တစ်ခုလုံးတွင် ကမ္ဘာမြေကို တုန်လှုပ်သွားစေသော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြီး တစ်ရပ်ကြောင့် ဝူယွမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ လေးနက်သွားကြ၏။

ဝူယွမ်တို့သည် ယွမ်ဂိုဏ်း၏ အပြောင်းအလဲများကို သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး ယွမ်စွမ်းအင်များ ဆူပွက်လာကာ သူတို့အားလုံး ၏ ကိုယ်ပိုင် ဝိညာဉ်ရတနာများကို ထုတ်ယူလိုက်ကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်၏။

ထိုအချိန်တွင် ယွမ်ဂိုဏ်းအထက်ရှိ အလင်းရောင်များ ပျောက်ကွယ်သွားပြီး မိစ္ဆာ စွမ်းအင်များ ကောင်းကင်ထက်သို့ ပျံတက်သွားကာ လေထုထဲတွင် သွေးအေးပီး ရက်စက်လှသော သက်ဖြတ်ခြင်း အ‌ငွေ့အသက်များ ပျံ့နှံ့လာသည်။

ဝုန်း ဝုန်း ဝုန်း... ယွမ်ဂိုဏ်းအတွင်း၌ ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်နေပီး ယွမ်ဂိုဏ်း တပည့်များ တစ်ယောက်ပြီး တစ်ယောက် သွေးမြူခိုးများ အဖြစ် ပေါက်ကွဲသွားကြ၏။

ယွမ်ဂိုဏ်း တပည့်များ၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားသည်နှင့်အမျှ မိစ္ဆာ စွမ်းအင်များ ပေါ်ထွက်လာသည်။

“ကြည့်လိုက်ဦး မြေကြီးက အက်ကွဲနေပြီ”

“အဲဒီထဲက ဘာတွေ ထွက်လာတာလဲ”

“ဘုရားရေ ယွမ်ဂိုဏ်းရဲ့ အောက်မှာ ကမ္ဘာခြားနတ်ဆိုး ဘယ်လောက်တောင် ပုန်းအောင်းနေတာလဲ”

“သူတို့က ကမ္ဘာခြားနတ်ဆိုးတွေကို မွေးမြူနေတာလား”

အစွမ်းထက်ပုဂ္ဂိုလ်များ အားလုံး အံ့အားသင့်သွားကြပြီး သူတို့ရှေ့ရှိ အရာအားလုံးကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ဤရုတ်တရက် အပြောင်းအလဲမှာ သူတို့ မှန်းဆထားမှုထက် များစွာ ကျော်လွန်နေ၏။

မြေအောက်မှ များပြားလှသော မိစ္ဆာ အရိပ်များက ရုတ်တရက် မြေကြီးကို ဆုတ်ဖြဲပြီးနောက် တောရိုင်းတိရစ္ဆာန်များပမာ ပြေးထွက်လာကြသည်။

ထိုကမ္ဘာခြားနတ်ဆိုး အရိပ်များမှာ စုတ်ပြဲပြီး ကျိုးပဲ့နေကာ သူတို့၏ ခန္ဓာကိုယ်မှာ မာ‌ကြော တောင့်တင်းပြီး လူသား ပုံသဏ္ဌာန်နှင့် အနည်းငယ် ဆင်တူသော်လည်း အလွန် ရက်စက်သော သတ်ဖြတ်ခြင်း အရှိန်အဝါများက သူတို့သည် လူသားများ မဟုတ်ကြောင်း ပြသနေ၏။

မိုလော့က ထိုနတ်ဆိုးများကိုကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။

“မဟုတ်ဘူး၊ ဒါတွေ အားလုံးက ကမ္ဘာခြားနတ်ဆိုး အရိုးစုတွေပဲ၊ သူတို့က သေနေတဲ့ ကမ္ဘာခြားနတ်ဆိုးတွေ ဖြစ်ရမယ်၊ ဒါပေမယ့် အခု သူတို့ကို ယွမ်ဂိုဏ်းရဲ့ နည်းလမ်း တစ်ခုခုနဲ့ ထိန်းချုပ်ထားပုံရတယ်”

မိုလော့ပြောလိုက်သော စကားကြောင့် လူတိုင်း သေချာ ကြည့်လိုက်ကြရာ ထိုကမ္ဘာခြားနတ်ဆိုးများ၏ မျက်လုံးအိမ်များတွင် ဉာဏ်ရည်ဉာဏ်သွေး မရှိဘဲ သွေးဆာနေသော အရိပ်အယောင်များသာ ရှိနေပြီး တစ်စုံတစ်ယောက်က ထိန်းချုပ်ထားသည့် သတ်ဖြတ်ရေး အလောင်းကောင်များနှင့် ဆင်တူနေ၏။

ချင်းကျီက ပြောလိုက်သည် “ရှေးဟောင်း စစ်ပွဲကြီးအတွင်း အသတ်ခံရတဲ့ ကမ္ဘာခြားနတ်ဆိုး အလောင်းကောင် အများစုကို သန့်စင်ပစ်ခဲ့တာဖြစ်ရမယ်၊ ယွမ်ဂိုဏ်းအောက်မှာ ဒီလောက် အများကြီး ပုန်းအောင်းနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ကြည့်ရတာ ယွမ်ဂိုဏ်းက နှစ်များစွာအတွင်း ကမ္ဘာခြားနတ်ဆိုး အလောင်း အများအပြားကို စုဆောင်းထားခဲ့ပုံရတယ်”

ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေသော မိစ္ဆာ အရိပ်များ ဆက်တိုက် ထွက်ပေါ်လာပြီး မယံကြည်နိုင်လောက်အောင် များပြားလှသည်။

ထွက်ပေါ်လာသော ကမ္ဘာခြားနတ်ဆိုးများက သူတို့ဆီသို့ ပြေးဝင်လာကြပြီး စစ်ပွဲကြီး၏ တိုက်ခိုက်မှုပုံစံမှာ

ပြောင်းလဲသွားဝောာ့သည်။

လူတိုင်း၏ အာရုံကြောများ တင်းကြပ်လာပီး သူတို့က ကြောက်လန့်တုန်လှုပ် တံတွေးမျိုချလိုက်ကြသည်။

ဤမြင်ကွင်းမှာ ရှေးဟောင်းခေတ်က လူများ ကမ္ဘာခြားနတ်ဆိုး စစ်တပ်များကို ရင်ဆိုင်ရသည့် အခြေအနေနှင့် ဆင်တူ၏။

ရှေးဟောင်းခေတ်က အစွမ်းထက်ပုဂ္ဂိုလ်များသည် ကမ္ဘာခြားနတ်ဆိုး အလောင်းကောင် စစ်တပ်ထက် များစွာ သာလွန်သော အရေအတွက်နှင့် စွမ်းအားရှိသည့်အတွက် ကမ္ဘာခြားနတ်ဆိုးများကို အနိုင်တိုက်နိုင်ခဲ့၏။

“မီးနတ်ဘုရား အစောင့်အရှောက်များ ထွက်ခဲ့ကြ”

ထန်ရှင်းလျန်က အော်ဟစ်အမိန့်ပေး လိုက်ရာ သူမ၏ လက်ထဲရှိ ဖီးနစ် မီးလှံတံက ဖီးနစ် အလင်း အရိပ်တစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

ထောင်ချီသော မီးနတ်ဘုရား အစောင့်အရှောက်များ စနစ်တကျ တန်းစီ ထွက်ပေါ်လာပီး ယွမ်စွမ်းအင်များ ဆူပွက်လာကာ ပြင်းပြသော ယွမ်စွမ်းအင်များ ပြန့်ကျဲထွက်ပေါ်လာသည်။

သူတို့၏ နောက်တွင် ယင်းရှောင်ရှောင်နှင့် အခြားသူများ ဦးဆောင်သော တောင်ဂိုဏ်း၏ အဖွဲ့ကလည်း တိုက်ပွဲအတွက် အသင့်ဖြစ်နေကြသည်။

“ဂါး ဂါး ဂါး...”

ထိုကမ္ဘာခြားနတ်ဆိုးများမှာ ရုတ်တရက် ကောင်းကင်သို့ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ချိုင့်ဝင်နေသော မျက်လုံးအိမ်များက ကောင်းကင်ထက်ရှိ များပြားလှသော အစွမ်းထက်ပုဂ္ဂိုလ်များကို စိုက်ကြည့်နေကြ၏။

ထို့နောက် သူတို့က ကျိုင်းကောင်များပမာ အုံလိုက်ကျင်းလိုက် တက်လာကြပြီး ကောင်းကင်ထက်ရှိ များပြားလှသော အစွမ်းထက်ပုဂ္ဂိုလ်များဆီသို့ ပြေးဝင်လာကြသည်။

ရှေ့တွင် ရပ်နေသော ဝူယွမ်နှင့် အခြား ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များက မီးနတ်ဘုရား အစောင့်အရှောက်များအတွက် လမ်းဖယ်ပေးလိုက်ကြသည်။

များပြားလှသော ကမ္ဘာခြားနတ်ဆိုး အလောင်းကောင်များကို ရင်ဆိုင်ရာတွင် မီးနတ်ဘုရား အစောင့်အရှောက်များ၏ စစ်ရေးအစီအမံများကဲ့သို့ ပြင်းထန်သော

ထိုးဖောက်မှုများက အကောင်းဆုံး နည်းလမ်း ဖြစ်၏။

ထန်ရှင်းလျန်၏ ကျောက်စိမ်းရောင်လက်ထဲတွင် ဖီးနစ် မီးလှံတံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ထိုအချိန်တွင် သူမသည် မီးနတ်ဘုရား အစောင့်အရှောက်များနှင့် ဝိညာဉ်ရေးရာ ပေါင်းစည်းမှု တစ်ခု ပြုလုပ်ထားပီး တပ်မှူးတစ်ဦးကဲ့သို့ ဦးဆောင်ကာ အမိန့်နှင့်အာဏာများကို ထိန်းချုပ်နေ၏။

“ကောင်းကင်နဲ့ မြေကြီး ပေါင်းစည်းခြင်း နည်းစနစ်”

ကောင်းကင်ထက်မှနေ၍ ထန်ရှင်းလျန် အော်ဟစ်အမိန့်ပေး လိုက်သည်နှင့်အမျှ အောက်ဘက်ရှိ မီးနတ်ဘုရား အစောင့်အရှောက်များထဲမှ မီးနတ်ဘုရားနန်းတော်၏ အကြီးအကဲ နှစ်ဆယ့်ရှစ်ဦးက ထောင်ချီသော မီးနတ်ဘုရား အစောင့်အရှောက်များကြားတွင် နေရာယူလိုက်ပီး စစ်တပ် တစ်ခုလုံး၏ စွမ်းအားကို စုစည်းရန် မိမိကိုယ်ကို ဗဟိုချက်များအဖြစ် ထားလိုက်၏။

များပြားလှသော ယွမ်စွမ်းအင်များ စုစည်းလာပြီး ထန်ရှင်းလျန်၏ လမ်းညွှန်မှုအောက်တွင် ထိုကြီးကျယ်ခမ်းနားသော ယွမ်စွမ်းအင်များ အားလုံး ထွက်ပေါ်လာကာ သူတို့၏ အထက်တွင် ကျန်းတစ်ထောင်ခန့် ကြီးမားသော မီးတောက် တောင်ထွတ်တစ်ခု ဖြစ်ပေါ်လာ၏။

ဝူယွမ်နှင့် ဂိုဏ်းသား အများစုမှာ ဤတိုက်ခိုက်ရေး နည်းစနစ်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း အံ့အားသင့်နေကြဆဲပင်။

ဆန်းကြယ်သေခြင်းအဆင့် စွမ်းအားရှိသော ထန်ရှင်းလျန်သည် စစ်တပ် တစ်ခုလုံး၏ စွမ်းအားကို အမှန်တကယ် စုစည်းနိုင်ခဲ့ပြီး သူတို့၏ ကိုယ်ပိုင် နယ်ပယ်ထက် များစွာ ကျော်လွန်သော တိုက်ခိုက်မှုတစ်ခုကို အသုံးပြုရန် လူတစ်ထောင်၏ စွမ်းအားကို စုစည်းနိုင်ခဲ့သည်။

“မီးနတ်ဘုရား တောင်ထွတ် သုတ်သင်ပစ်စမ်း”

ထန်ရှင်းလျန်က အော်ဟစ်လိုက်ရာ ကျန်းတစ်ထောင်ခန့် ကြီးမားသော မီးတောက် တောင်ထွတ်က များပြားလှသော မိစ္ဆာ အလောင်းကောင် စစ်တပ်ပေါ်သို့ ရိုက်ချလိုက်လေသည်။

ဝုန်း

ဧရာမ ဟိန်းဟောက်သံကြီးတစ်ခု အဆက်မပြတ် မြည်ဟည်းနေပြီး ပူပြင်းလောင်ကျွမ်းကာ ပေါက်ကွဲနေသော မီးတောက်များ ပတ်ဝန်းကျင်အနှံ့ ပြန့်ကျဲသွားပြီး မီးနတ်ဘုရား တောင်ထွတ်က မီးတောက် သမုဒ္ဒရာတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ပြေးဝင်လာသော မိစ္ဆာ အလောင်းကောင် စစ်တပ်၏ ပထမဆုံး လှိုင်းမှာ ဤတိုက်ခိုက်မှုအောက်တွင် ကြေမွပျက်စီးသွားပြီး ပြာအဖြစ် ပြောင်းလဲသွားလေသည်။

ထန်ရှင်းလျန်နှင့် မီးနတ်ဘုရား အစောင့်အရှောက်များ ဤတိုက်ခိုက်မှုက

ဝူယွမ်နှင့် ဂိုဏ်သားများ၏ တိုက်ခိုက်လိုစိတ်ကို အမှန်တစ်ကယ်

မြင့်တက်လာစေ၏။

အခြားတစ်ဖက်တွင် ကျန်ရှိနေသော ယွမ်ဂိုဏ်း အကြီးအကဲ အနည်းငယ် နှင့် အခြား အလယ်အလတ်မှ အထက်တန်းအဆင့် ဂိုဏ်းသားများ၏ မျက်နှာအမူအရာများမှာ မှုန်ကုပ်နေကြပြီး မီးနတ်ဘုရားနန်းတော်၏ စစ်တပ်ကို အလွန်အမင်း ဒေါသထွက်စွာဖြင့် ကြည့်နေကြသည်။

“ဒါက ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ ကြော်ကြားလွန်းတဲ့ ထိပ်တန်း စစ်တပ် မီးနတ်ဘုရား အစောင့်အရှောက်တွေလား၊ ကြော်ကြားမှုနှင့် လိုက်အောက် တစ်ကယ်အစွမ်းထက်တာပဲ”

“ငါ့ရဲ့ ယွမ်ဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းဖို့ ဒီစစ်တပ်ကို မိုင်ထောင်ချီ အဝေးကနေ ဒီအထိ ခေါ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”

“ဒါပေမယ့် မင်းတို့မှာ ဒီစစ်တပ်လေးတစ်ခုပဲ ရှိတယ်ဆိုရင်တော့ အလာရှိပေမယ့် အပြန်မရှိလောက်တော့ဖူး၊ ဘာလို့လဲဆိုတော့ ငါ့ရဲ့ ကမ္ဘာခြားနတ်ဆိုး စစ်တပ်က အဆုံးအစမရှိလို့ပဲ”

တျန်ယွမ်ဇီသည် ဖျက်ဆီးခံလိုက်ရသော မိစ္ဆာ အလောင်းကောင်များ၏ ပထမဆုံး လှိုင်းအတွက် မည်သည့် စိုးရိမ်မှုအရိပ်အယောင်မ မပေါ်ခဲ့ပေ။ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ပို၍အေးစက်လာပြီး သွေးဆာနေသော အကြည့်တစ်ခု သူ၏ မျက်လုံးများတွင် ပေါ်လာသည်။

မီးနတ်ဘုရား တောင်ထွတ်၏ တိုက်ခိုက်မှု ပီးဆုံးသွားသည်နှင့်အမျှ လောင်ကျွမ်းခံလိုက်ရသော မိစ္ဆာ အလောင်းကောင်များမှာ ပြန်လည် အသက်ဝင်လာသည်။ မြေအောက်မှ မိစ္ဆာ စွမ်းအင်များ ပြန်လည် ဆူပွက်လာကာ ယခင်ကနှင့် အနည်းငယ် ကွာခြားလာ၏။

ကောင်းကင်ထက်သို့ ပစ်လွှတ်သွားသော ဧရာမ မိစ္ဆာ စွမ်းအင် အစုအဝေး အနည်းငယ်အတွင်းမှ ပိန်ချုံးနေသော မိစ္ဆာ အလောင်းကောင် ဒါဇင်ပေါင်းများစွာ ပေါက်ကွဲထွက်လာသည်။ သူတို့၏ အရွယ်အစားမှာ ပို၍ကြီးမလာသော်လည်း မိစ္ဆာ စွမ်းအင် သိပ်သည်းမှုမှာ ယခင် မိစ္ဆာ အလောင်းကောင်များထက် များစွာ သာလွန်လှသည်။

ဤမိစ္ဆာ အလောင်းကောင်များသည် သူတို့ အသက်ရှင်စဉ်က အနည်းဆုံး ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုး စွမ်းအား ရှိခဲ့မည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ယခု သူတို့ ထုတ်လွှတ်နေသော အရှိန်အဝါမှာ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ယှဉ်နိုင်သောကြောင့် ဖြစ်သည်။

အလောင်းကောင်များပင်လျှင် ဝင်စားခြင်းအဆင့်နှင့် ယှဉ်နိုင်သည်ဆိုသည်မှာ အသက်ရှိစဉ်ကမည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးကြည့်နိုင်၏။

ဤမိစ္ဆာ အလောင်းကောင် ဒါဇင်ပေါင်းများစွာ၏ အရှိန်အဝါမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး မီးနတ်ဘုရား အစောင့်အရှောက်များ၏ အရှိန်အဝါကို ချက်ချင်း လွှမ်းမိုးသွားလေသည်။

မီးနတ်ဘုရား အစောင့်အရှောက်များသည် ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များဖြင့် အဓိက ဖွဲ့စည်းထားသော စစ်တပ်တစ်ခု ဖြစ်သည်။ သူတို့၏ နယ်ပယ်ထက် ကျော်လွန်၍ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို တိုက်ခိုက်နိုင်စွမ်းရှိခြင်းကပင် ယုံကြည်နိုင်စရာမရှိလောက်အောင် ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုကို သက်သေပြနေသည်။

ယခုအခါ ဝင်စားခြင်းအဆင့် ရန်သူ ဒါဇင်ပေါင်းများစွာကို ရင်ဆိုင်ရချိန်တွင် မီးနတ်ဘုရား အစောင့်အရှောက်များသာ တက်သွားပါက မိမိကိုယ်ကိုယ် စတေးလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဝူယွမ်က တျန်ယွမ်ဇီကို စိုက်ကြည့်ကာ လင်းတုန်နှင့် အခြားသူများကို ပြောလိုက်သည်။

“နန်းတော်သခင် မိုလော့၊ ဂိုဏ်းချုပ်ကြီး၊ လင်းတုန်၊ ဒီဝင်စားခြင်းအဆင့် မိစ္ဆာ အလောင်းကောင်တွေကို မင်းတို့ကို အပ်လိုက်ပြီ”

‌ကံကောင်းစွာဖြင့် ဝူယွမ်တို့သည် ဤတစ်ကြိမ်တွင် သေချာ ပြင်ဆင်လာခဲ့ကြပြီး အစွမ်းထက်ပုဂ္ဂိုလ် အများအပြားကို စည်းရုံး‌ခေါ်ဆောင်နိုင်ခဲ့ကြ၏။သူတို့၏ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် အရေအတွက်မှာ ထိုမိစ္ဆာ အလောင်းကောင်များနှင့်

သိပ်မကွာလှပေ။

သံသရာအဆင့် တည်ရှိမှုများဖြစ်ကြပြီး တျန်ယွမ်ဇီနှင့် ရန်ယွမ်ဇီတို့ကို ကိုင်တွယ်ဖြေရှင်းရန် ဝူယွမ်နှင့် ချင်းကျီတို့အပြင် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို တိုက်ခိုက်ရန် လုံလောက်သော စွမ်းအားရှိနှင့်ပြီးဖြစ်သည့် ဘိုးဘေးအဆောင် ထိန်းချုပ်သူ နှစ်ဦးဖြစ်သော လင်းတုန်နှင့် မိုလော့တို့ကို ဖယ်ထားလိုက်လျှင်ပင် ဝင်စားခြင်းအဆင့် မိစ္ဆာ အလောင်းကောင်များကို ကိုင်တွယ်ဖြေရှင်းရန်

ဝင်စားခြင်းအဆင့် အစွမ်းထက် ပုဂ္ဂိုလ် အရေအတွက်လုံလောက်စွာ

ကျန်ရှိနေသေးသည်။

ထို့အပြင် အဘိုးအိုဖန်ထျန်းနှင့် ဝူယွမ်ဆိုသော ဝှက်ဖဲကြီး နှစ်ခုလည်း ရှိသေးသည်။

သူတို့ ပူးပေါင်းလုပ်ဆောင်ပါက ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုး တစ်စုကို ရင်ဆိုင်ရလျှင်တောင် ပြဿနာ မရှိပေ။

ထို့ကြောင့် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်စေ၊ စစ်တပ်များဖြစ်စေ ဝူယွမ်တို့၏ဘက်မှ အားသာနေ၏။

ထို‌ကဲ့သို့ ကြိုတင်ပြင်ဆင်ထား‌သော အကြောင်းများကြောင့် ဝူယွမ်က ယွမ်ဂိုဏ်းကို တိုက်ခိုက်ရန် စိန်ခေါ်ရဲခဲ့ခြင်း ဖြစ်သည်။

သူသည် နှစ်ဖက်စလုံး၏ တိုက်ခိုက်ရေးစွမ်းအားကို အသေအချာ တွက်ချက်ထားပြီးဖြစ်သောကြောင့် လက်ရှိတွင် အပြတ်အသတ် သာလွန်နေခြင်းဖြစ်၏။ သူသည် အနိုင်ရရှိရန် ကိုးဆယ့်ရှစ် ရာခိုင်နှုန်း 98 ရာခိုင်နှုန်းထက် နည်းပါက တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

All Chapters