← Chapters

အခန်း (၄၃၅-၄၃၆)

Vol. 44 Ch. 435-436

အခန်း (၄၃၅-၄၃၆)

Vol. 44 Ch. 435-436

အခန်း (၄၃၅) - မဟာကောင်းကင်မိစ္ဆာကောင်၊ တျန်ယွမ်ဇီကို အံ့အားသင့်သွားစေခြင်း(၂)

ယွမ်ဂိုဏ်း ကောင်းကင်အထက်၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ပေါက်ကွဲထွက်လာသည်။

ဝူယွမ်နှင့် ချင်းကျီတို့ လေဟာနယ်တွင် ရပ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရှေ့ရှိ တျန်ယွမ်ဇီနှင့် ရန်ယွမ်ဇီတို့အပေါ်သို့ အာရုံစိုက်လိုက်ကြသည်။

“ယွမ်ဂိုဏ်းရဲ့ ခွေးအိုကြီး နှစ်ကောင်၊ မင်းတို့ဆီမှာ အခု တခြား ဘာလှည့်ကွက်တွေ ရှိသေးလဲ၊ အကုန်ထုတ်ခဲ့လိုက်စမ်း” ဝူယွမ်က တည်ငြိမ်စွာဖြင့် အကဲခတ်ကြည့်ရင်း ခွေးအိုကြီး နှစ်ကောင်ကို ပြောလိုက်သည်။

တျန်ယွမ်ဇီ၏ အမည်းရောင် မျက်လုံးများက ချင်းကျီကို ကြည့်လိုက်ပြီးနောက် ဝူယွမ်ကို ကြည့်ကာပြောလိုက်သည်

“ဝူယွမ် မင်းက အစွမ်းထက်ပုဂ္ဂိုလ် ဒီလောက် အများကြီးကို ခေါ်လာနိုင်တာက တကယ်ပဲ ငါ့ကို အံ့အားသင့်စေတယ်၊ မင်း ထွက်သွားပြီး တစ်နှစ်တောင် မပြည့်ခင်မှာ ကောင်းကင်ပြာနဂါး ဘုရင်လို အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်နဲ့ တကယ်ပဲ မိတ်ဆွေဖွဲ့နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

“မင်းတို့က ငါ့ရဲ့ ယွမ်ဂိုဏ်းကို တကယ်ပဲ ဖျက်ဆီးဖို့ ဆုံးဖျက်ချက် အခိုင်အမာ ချထားပီးပီးပဲ”

ချင်းကျီက သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ အသံတွင် သတ်ဖြတ်လိုစိတ်များ အပြည့်ဖြင့် ပြောလိုက်သည် “တျန်ယွမ်ဇီ၊ ကောင်းကင်ကို အပြစ်လုပ်ရင် ခွင့်လွှတ်လို့ ရနိုင်တယ်၊ ကိုယ့်လူမျိုးကို အပြစ်လုပ်ရင်တော့ အသက်ရှင်လို့ မရနိုင်ဘူး၊ မင်းတို့ ယွမ်ဂိုဏ်းက ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်နေတဲ့အတွက်ကြောင့် လူတိုင်းက မင်းတို့ ပျက်စီးသွားတာကို လိုချင်ကြတယ်”

တျန်ယွမ်ဇီက ပြန်ပြောလိုက်သည်

“လူတစ်ယောက်က ကိုယ့်အကျိုးအတွက်ကိုယ်ကြည့်တာကို အပြစ်လို့ မပြောနိုင်ဖူး၊ ဒီလောကကြီးကို တစ်နေ့ကျရင် ကမ္ဘာခြားနတ်ဆိုးတွေက သိမ်းပိုက်သွားလိမ့်မယ်၊ ကမ္ဘာခြားနတ်ဆိုး ဧကရာဇ်ကို သစ္စာခံတာက ပညာရှိတဲ့ လုပ်ရပ်ဖြစ်ပီး တစ်ခုတည်းသော ထွက်ပေါက်ဆိုလည်း ဟုတ်တယ်၊ အခု အဆောင်ဘိုးဘေးကြီး မရှိတော့ဘူးဆိုတော့ ဘယ်သူကမှလည်း လောကကြီးကို မကယ်တင်နိုင်တော့ဘူး”

“မင်းက ရေကိုဆန်တက်မယ်ဆိုရင် တစ်ချိန်ကြရင် ခြေကုန်လက်ပမ်းကြပီး ပျက်စီးသွားရမှာပဲ”

“ မင်းတို့က ငါ့ရဲ့ ယွမ်ဂိုဏ်းကို ဖျက်ဆီးချင်တယ်ဆိုရင် မင်းတို့မှာ အဲဒီ စွမ်းရည် ရှိမရှိ ကြည့်ကြတာပေါ့”

သူ၏ အသံ ဆုံးသွားသည်နှင့်တပြိုင်နက် အောက်ဘက်ရှိ မြေကြီးက ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ဝူယွမ်နှင့် အခြားသူများက ကျန်းတစ်ထောင်ခန့် ဧရာမ မိစ္ဆာ အရိပ်ကြီးတစ်ခုက သိပ်သည်းသော မိစ္ဆာ စွမ်းအင်များက မြေကြီး၏ အနက်ရှိုင်းဆုံး အပိုင်းမှ ဖြည်းညင်းစွာ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုမိစ္ဆာ စွမ်းအင်မှာ ထိန်းသိမ်း၍မရနိုင်လောက်အောင် လွှမ်းမိုးနိုင်လွန်းလှကာ ယခင်က‌ပေါ်လာသော အလောင်းကောင်များ၏ အဆင့်နှင့် မတူတော့ပေ။

မိစ္ဆာ စွမ်းအင်များ လှည့်ပတ်နေပြီး အလွန်ကြီးမားသော မိစ္ဆာ အရိပ်ကြီးတစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ၎င်းမှာ ဧရာမ ဘီလူးကြီးတစ်ကောင်နှင့် တူ၏။

ထိုဘီလူးကြီးမှာ ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေပြီး မိစ္ဆာ လက်မောင်း လေးဖက် ရှိသည်။ ၎င်းတွင် မျက်လုံး မရှိပေ။ ၎င်း၏ ပါးစပ်ထဲတွင် ကြောက်မက်ဖွယ် အမည်းရောင် အစွယ်များဖြင့် ပြည့်နှက်နေပီး မိစ္ဆာ စွမ်းအင်များကို ဆက်တိုက် ထိုက်လွှတ်နေ၏။

ဘီလူးကြီး ပေါ်လာသည်နှင့်တပြိုင်နက် တျန်ယွမ်ဇီသည် ပျံသန်းသွားပြီး ဘီလူးကြီးနှင့် ပေါင်းစပ်သွားကာ တစ်သားတည်း ဖြစ်သွားလေသည်။

“ဝူယွမ် သတိထား၊ ဒါက ကမ္ဘာခြားနတ်ဆိုးတွေထဲမှာ အလွန် အစွမ်းထက်တဲ့ အမျိုးအစားဖြစ်တဲ့ မဟာ ကောင်းကင် မိစ္ဆာကောင်ပဲ၊ ဟိုတုန်းက ကမ္ဘာခြားနတ်ဆိုး ဧကရာဇ်ရဲ့ စီးတော်ယှာဉ်က မဟာ ကောင်းကင် မိစ္ဆာကောင်ပဲ၊ အဲဒီ မိစ္ဆာကောင်ရဲ့ စွမ်းအားက သံသရာကပ်ဘေး နှစ်ခုကို ကျော်ဖြတ်ပြီးသား စစ်မှန်တဲ့ ဘုရင် တစ်ပါးနဲ့ ယှဉ်ပြိုင်နိုင်တယ်” ဤအချိန်တွင် ဟွမ်၏ လေးနက်သော အသံ ထွက်ပေါ်လာသည်။

“ဒီမဟာ ကောင်းကင် မိစ္ဆာကောင်က အခုချိန်မှာ အလောင်းကောင် တစ်ခုပဲဆို‌ပေမယ့် သူ့ကို ရန်ယွမ်ဇီက ထိန်းချုပ်နေတယ်၊ အဲဒါကြောက့် လက်ရှိ စွမ်းအား အဆင့်ကို သာမန် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေတောင် ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်”

တျန်ယွမ်ဇီက ထူးဆန်းသော ရယ်မောသံတစ်ခုနှင့် လှောင်ပြောကာ ပြောလိုက်သည်

“သန့်ရှင်းသော မျိုးနွယ်စုရဲ့ စွမ်းအားက ဘယ်လောက် ကြီးမားတယ်ဆိုတာ မင်းတို့ လုံးဝ မသိနိုင်ပါဘူး၊ အခု မင်းတို့ အားလုံး အတူတူ တက်လာရင်တောင် ဒီအရှင်သခင်ရဲ့ ပြိုင်ဘက် မဟုတ်‌တော့ဘူး”

မဟာ ကောင်းကင် မိစ္ဆာကောင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က သူ့ကို ပြိုင်ဘက်ကင်းသော စွမ်းအားကို ရရှိနေစေ၏။ မဟာ ကောင်းကင် မိစ္ဆာကောင်နှင့် ပေါင်းစပ်သွားသဖြင့် သူ၏ စိတ်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းလာပြီး သူသည် မည်သူမျှ အနိုင်မယူနိုင်သော ဤလောက၏ သခင် ဖြစ်လာကာ မည်သူမျှ သူ၏ ပြိုင်ဘက် မဟုတ်သကဲ့သို့ ခံစားလိုက်ရသည်။

ချင်းကျီ၏ မျက်နှာအမူအရာမှာ ပို၍ လေးနက်လာ၏။ဤမဟာ ကောင်းကင် မိစ္ဆာကောင်က သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေ၏။

ဝူယွမ်က ရိသဲ့သဲ့ဖြင့် ပြောလိုက်သည်

“ခွေးအိုကြီး ဒါက မင်း အားကိုးနေတဲ့ အရာလား၊ နှစ်တွေ အများကြီး ကမ္ဘာခြားနတ်ဆိုးတွေကို အောက်ကျခံ ဖားယားပြီး ကမ္ဘာခြားနတ်ဆိုး သားရဲ အလောင်းကောင် တစ်ခုကို ရတာနဲ့ မင်းက ဒီလောက်တောင် ပျော်နေတာလား၊ ခဗျားက တကယ်ကို သနားစရာ ကောင်းတာပဲ”

“မင်းရဲ့ ဖောက်ပြန်နေတဲ့ စိတ်ဓာတ်က နောက်ဆုံးတော့ လူအသွင်ကနေ မိစ္ဆာကောင်အဖြစ် ပြောင်းလဲသွားပီး အခုတော့ မင်းလည်း အဲ့ဒီမိစ္ဆာနဲ့ ခွဲခြားလို့မရအောင် ပေါင်းစပ်သွားခဲ့ပီပဲ”

“မင်းရဲ့ ဝိညာဉ်ရော အသွေးအသောတွေရောက ညစ်ညမ်းနေပြီဆိုမှတော့ ပျက်စီးခြင်းကို လက်ခံလိုက်တော့”

ရွှီး

မိုးကြိုး ကောင်းကင်ဓား ဝူယွမ်၏ လက်ထဲတွင် ပေါ်လာပြီး အဆုံးအစမဲ့ လျှပ်စီးများ တဖျပ်ဖျပ်လက်သွားကာ ဧရာမ မိုးကြိုးကန်တစ်ခု ဝူယွမ်၏ ဘေးတွင် ပေါ်လာ၏။ သူသည် ကောင်းကင်ဘုံ၏ စွမ်းအားများဖြင့် လွှမ်းခြုံခံထားရပြီး ကောင်းကင်ဘုံ ကိုယ်စား တရားမျှတမှုကို အကောင်အထည်ဖော်နေသည့် ဤလောက၏ သခင်နှင့် တူလှသည်။

တျန်ယွမ်ဇီသည် ကမ္ဘာခြားနတ်ဆိုးများ၏ ဖောက်ပြန်ပျက်စီးခြင်းကို ခံခဲ့ရပြီး သူတို့၏ အသစ္စာအရှိဆုံး နောက်လိုက် ဖြစ်လာကာ ကယ်တင်၍မရနိုင်တော့ဘဲ သေရေးရှင်ရေး တိုက်ပွဲတစ်ခုကို

လက်ခံရတော့မည် ဖြစ်၏။

နှစ်ဖက်စလုံးတွင် ကြီးမားသော တိုက်ခိုက်လိုစိတ်များ ရှိနေကြပြီး နှစ်ယောက် နှစ်ယောက် တိုက်ပွဲ ဖြစ်သည်!

“စီနီယာ ချင်းကျီ ခွေးငယ်လေး ရန်ယွမ်ဇီက စီနီယာ အတွက်ပဲ”

“ခွေးအိုကြီး တျန်ယွမ်ဇီကိုတော့ ကျ‌တော် ဖြေရှင်းလိုက်မယ်”

ဝူယွမ်က ချင်းကျီကို ပြောလိုက်သည်။

ချင်းကျီက ကန့်ကွက်ခြင်း မရှိပေ။ သူ ရရှိခဲ့သော နတ်ဘုရားရတနာ ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းကို ဝူယွမ်အား ပေးအပ်ခဲ့၏။ ဝူယွမ်၏ လက်ထဲတွင် လက်နက်ကြီး တစ်ခု ရှိနေခြင်းကြောင့် ပိုမို အစွမ်းထက်သော တျန်ယွမ်ဇီနှင့် မဟာ ကောင်းကင် မိစ္ဆာကောင် ပေါင်းစပ်ထားသော ခန္ဓာကိုယ်ကို အနိုင်ရရန် အခွင့်အရေး ပိုများပေသည်။

“မိုးကြိုး ကောင်းကင်ဓား”

ဝူယွမ်သည် မိုးကြိုး၏ စွမ်းအားကို သယ်ဆောင်ကာ သူ၏ လက်ထဲရှိ ငွေရောင် မိုးကြိုးဓားကို ခုတ်ပိုင်းလိုက်ရာ ကျန်းတစ်သောင်းခန့်ရှိသော ဓားအလင်းတန်းတစ်ခု ကျဆင်းလာလေသည်။

ဧရာမ မဟာ ကောင်းကင် မိစ္ဆာကောင် ပြေးထွက်လာပြီး မြေကြီး တုန်ခါသွားသည်နှင့်အမျှ ဆူပွက်နေသော မိစ္ဆာ စွမ်းအင်များ ပြန့်ကျဲထွက်ပေါ်လာကာ လှည့်ပတ်နေသော မုန်တိုင်းများ

ဖြစ်ပေါ်လာ၏။

ဝူယွမ်၏ ဓားအလင်းတန်းကို ရင်ဆိုင်ရချိန်တွင် မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြသခဲ့ဘဲ သူ၏ မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များသာ ပြည့်နှက်နေ၏။

မဟာ ကောင်းကင် မိစ္ဆာကောင်နှင့် ပေါင်းစပ်သွားသော တျန်ယွမ်ဇီသည် ရူးသွပ်သွားခဲ့လေပြီ။

“မိစ္ဆာကောင် ဒိုင်းကာ”

တျန်ယွမ်ဇီက ဟိန်းဟောက်လိုက်ရာ မိစ္ဆာ စွမ်းအင်များ သူ၏ ရှေ့တွင် ဆူပွက်လာပြီး မဟာ ကောင်းကင် မိစ္ဆာကောင်၏ ရှေ့တွင် ကျန်းတစ်ထောင်ခန့် အမည်းရောင် ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်သည်။ ဒိုင်းကာကို ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ မျက်နှာများဖြင့် ဖုံးလွှမ်းထားပြီး အေးစက်သော မိစ္ဆာ စွမ်းအင်များကို ဖြာထွက်နေသည်။

ဝုန်း

မိုးကြိုး ကောင်းကင်ဓား ဟိန်းဟောက်လာပြီး ဧရာမ အမည်းရောင် ဒိုင်းကာကြီးပေါ်သို့ ကျရောက်သွားလေသည်။ တောက်ပသော လျှပ်စီးများနှင့် မှောင်မိုက်သော မိစ္ဆာ စွမ်းအင်များ ပြင်းပြင်းထန်ထန် ဝင်တိုက်မိကြသည်။

ဂျွတ် ဂျွတ် ဂျွတ်… ကြည်လင်ပြတ်သားသော အသံတစ်ခုနှင့်အတူ ဧရာမ မိစ္ဆာကောင် ဒိုင်းကာကြီး အက်ကွဲသွား၏။

စွမ်းအင် ရိုက်ခတ်မှုများ တဖြည်းဖြည်း ပြန့်ကျဲသွားပြီး အမည်းရောင် ဧရာမ ဒိုင်းကာကြီးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကာ တ‌ဖြေးဖြေး ကြေမွပျက်စီးသွားလေသည်။

ဧရာမ ဒိုင်းကာကြီး ကြေမွသွားသော်လည်း ၎င်းက ဝူယွမ်၏ တိုက်ခိုက်မှုကို တားဆီးနိုင်သေးသည်။

မဟာ ကောင်းကင် မိစ္ဆာကောင်ပေါ်ရှိ တျန်ယွမ်ဇီ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီးနောက် မဟာ ကောင်းကင် မိစ္ဆာကောင်က ၎င်း၏ ဧရာမ ခြေထောက်ကြီးကို ဆောင့်နင်းလိုက်ရာ ဧရာမ ခန္ဓာကိုယ်ကြီးက ယုံကြည်နိုင်စရာမရှိလောက်အောင် အံ့မခန်း အရှိန်ကို ပြသလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ဝူယွမ်၏ နောက်တွင် ပေါ်လာပြီး မိစ္ဆာစွမ်းအင်များကို လက်ထဲ‌တွင်‌ ဆုပ်ကိုင်လိုက်ကာ သေစေနိုင်လောက်သော စွမ်းအားများ ပါဝင်သည့် လက်သီးတစ်ချက်က ဝူယွမ်အပေါ်သို့ ရက်စက်စွာ ထိုးချလိုက်လေသည်။

ရှင်းအက္ခရာလျှို့ဝှက်ချက် ဝူယွမ်၏ ခြေလှမ်းများ တဖျပ်ဖျပ်လက်သွားတာ မှာ ပုံရိပ်ယောင်သာ ကျန်ရှိခဲ့ပီး အကွာအဝေးတစ်ခုသို့ ချက်ချင်း ရောက်သွားလေသည်။

“လမ်းကြောင်းခြောက်သွယ် သံသရာ လက်သီး”

သူက တန်ပြန် တိုက်ခိုက်လိုက်ပြီး သံသရာ၏ စွမ်းအားကို အသက်သွင်းလိုက်သည်။ လမ်းကြောင်းခြောက်သွယ် သံသရာ တံခါးများ ပွင့်လာသကဲ့သို့ ကောင်းကင်ယံတွင် ထူးဆန်းသော ဖြစ်စဉ် အမျိုးမျိုး ပေါ်လာပြီး ကျယ်ပြောလှသော စွမ်းအားများ ပေါက်ကွဲထွက်လာကာ မဟာ ကောင်းကင် မိစ္ဆာကောင်၏ လက်သီးနှင့် ဝင်တိုက်မိလေသည်။

ဝုန်း...ဝုန

ပြင်းထန်သော ဝင်တိုက်မှုက လေဟာနယ်ကို ဟိန်းဟောက်သွားစေပြီး ဝင်တိုက်မှု၏ ဗဟိုချက်ရှိ လေဟာနယ်မှာ ကြေမွပျက်စီးသွားလေသည်။

ဝူယွမ်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏ သွေးများ ဆူပွက်လာကာ သူ၏ လက်မောင်းပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ မိစ္ဆာ စွမ်းအင်များက အရိုးတွင် ကပ်တွယ်နေသော လောက်ကောင်များပမာ ဝူယွမ်၏ လက်မောင်းကို ရစ်ပတ်သွားလေသည်။

ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်နှင့် အာဏာရှင် ခန္ဓာကိုယ်၏ စွမ်းအားမှာ လုံလောက်အောင် အစွမ်းထက်လှသည်။ ခရမ်းရောင် သွေးများ စီးဆင်းလာပြီး ဧကရာဇ်သွေးကြောများ လည်ပတ်သွားသည်နှင့်အမျှ ၎င်းသည် ကျန်ရှိနေသော မိစ္ဆာ စွမ်းအင် အားလုံးကို တစ်စစီ ပျက်စီးသွားစေခဲ့သည်။

အခြားတစ်ဖက်တွင် မဟာ ကောင်းကင် မိစ္ဆာကောင်၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားလှသည်။ ၎င်း၏ လက်မောင်း တစ်ဖက်လုံး အက်ကွဲသွားပြီး ၎င်း၏ လက်သီးရိုးမှာ ကြေမွသွားသဖြင့် အလွန်တရာမ နာကျင်မှုဒဏ်ကို ခံစားလိုက်ရသည်။

၎င်း၏နှင့်ပေါင်းစည်းထားသော တျန်ယွမ်ဇီ၏ မျက်နှာအိုကြီးမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်လာ၏။

ဝူယွမ်၏ စွမ်းအားက သူ့ကို အမှန်တကယ်ပင် ဒဏ်ရာရစေနိုင်သည်။

ထိုစွမ်းအားမှာ သန့်စင်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းအား ဖြစ်သည်။

မဟာ ကောင်းကင် မိစ္ဆာကောင်သည် အလွန်တရာ အစွမ်းထက်သော ကမ္ဘာခြားနတ်ဆိုး သားရဲ တစ်ကောင်ဖြစ်၏။ ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အဆင့်တူ သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် ဒဏ်ရာရစေရန် ခက်ခဲလှသည်။

“မင်းက တကယ်ကို မိစ္ဆာ တစ်ကောင်ပဲ”

တျန်ယွမ်ဇီက ဝူယွမ်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ကာကြောက်ရွံလာသောအသံဖြင့် ပြောလိုက်သည်။

သူသည် နှစ်ပေါင်း ရာချီကြာ ကျင့်ကြံခဲ့ပြီး မဟာ ကောင်းကင် မိစ္ဆာကောင်နှင့်ပင် ပေါင်းစပ်ခဲ့ရာ ကမ္ဘာခြားနတ်ဆိုး စွမ်းအားကို ရရှိရုံသာမက မဟာ ကောင်းကင် မိစ္ဆာကောင်၏ အလောင်းကောင် အကူအညီကိုပါ ရရှိခဲ့သည်။

ဤအခြေအနေများအောက်တွင်ပင် သူသည် ဝူယွမ်ကို မချေမှုန်းနိုင်သေးပေ။

ဤဝူယွမ်သည် အသက် နှစ်ဆယ်ကျော် အရွယ်သာ ရှိသေးသည်။

တျန်ယွမ်ဇီ၏ စိတ်နှလုံးထဲတွင် အလွန်တရာ မနာလိုမှုများကို ခံစားလိုက်ရသည်။

ထိုစွမ်းအားကို ရရှိရန် သူ မည်မျှတောင် ကြိုးစားခဲ့ရသနည်း မည်မျှတောင် စတေးခဲ့ရသနည်း။

“ဒါပေမယ့် အခု ဘာလို့ အသက် နှစ်ဆယ်ကျော် အရွယ် လူငယ်လေး တစ်ယောက်ကို မကျော်လွန်နိုင်ရတာလဲ” တျန်ယွမ်ဇီ နှလုံးသားထဲ နာကျင်ခံစားလာရ၏။

ဝူယွမ်က တျန်းယွမ်ဇီ၏ အမူအရာကို ကြည့်ရင်းပြောလိုက်သည်။

“ဒီလို နာကြည်းတဲ့ အကြည့်မျိုးနဲ့ ငါ့ကို မကြည့်နဲ့၊ ငါတို့က ကမ္ဘာတစ်ခုတည်းက လူတွေ မဟုတ်ဘူး”

အခန်း (၄၃၆) - မဟာ ကောင်းကင် မိစ္ဆာကောင်ကို ဖျက်ဆီးခြင်း၊ တျန်ယွမ်ဇီကို ချိတ်ပိတ်ခြင်း(၁)

ယွမ်ဂိုဏ်း၏ ကုန်းမြေသည် စွမ်အင်လှိုင်းကြီးများကြောင့်ပျက်စီးမှုများ ပြည့်နှက်နေသည်။

ကောင်းကင်ကိုပင် တုန်ဟည်းသွားစေ လောက်သော တိုက်ပွဲကြီးတစ်ခု ဤနေရာတွင် ဖြစ်ပေါ်ခဲ့သည်။

မီးနတ်ဘုရားနန်းတော်နှင့် တောင်ဂိုဏ်း၏ တပည့် အများအပြားသည် မဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့်အတူ မြေကြီးအောက်မှ ထွက်ပေါ်လာသော မိစ္ဆာ အလောင်းကောင်များကို တိုက်ခိုက်နေကြ၏။

ထျန်ယွမ်ဇီ အသက်သွင်းလိုက်သော မိစ္ဆာများသည် ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များကို အဆက်မပြတ် ရရှိနေကြသည်။ ထို့ကြောင့် လူပေါင်း များစွာ တိုက်ခိုက်နေသည့် မိစ္ဆာအလောင်းကောင်များမှာ နှိမ်နင်း အနိုင်ယူနိုင်ခဲ့လျှင်ပင် ၎င်းတို့သည် မကြာမီ တစ်ဖန်ပြန်လည် ရှင်သန်လာကာ အဆုံးမရှိသော တိုက်ပွဲ တစ်ခုကို ရင်ဆိုင်နေရ၏။

တစ်ဖက်တွင်တော့ မီးနတ်ဘုရား အစောင့်အရှောက်များ ၊ တောင်ဂိုဏ်းနဲ့ တခြား တပည့်တွေမှာတော့ မိစ္ဆာကောင်များကဲ့သို့ ပြန်လည် ရှင်သန်လာရန် မဖြစ်နိုင်ပေ။

လက်ရှိတိုက်ပွဲတွင် စစ်ရေးအရ အားသာချက်ကို ရရှိထားပြီး မိစ္ဆာ အလောင်းကောင်များကို ခြေမှုန်းနိုင်သော်လည်း ဤအတိုင်း ဆက်သွား‌ပါက နောက်ဆုံးတွင် အခြေအနေပြောင်းလဲကာ ဝူယွမ်နှင့် အခြားသူများအတွက် အခက်အခအခက်အခဲများ ဖြစ်လာနိုင်၏။

မိစ္ဆာ အလောင်းကောင်များသည် ချေမှုန်းခံရလိုက် ပြန်လည် ရှင်သန်လာလိုက်နှင့် ဖြေရှင်း၍မရသော ပြဿနာတစ်ခု ဖြစ်နေသည်။

တဖြည်းဖြည်းဖြင့် တိုက်ပွဲတွင် အသာစီးရရှိထားသော အခြေအနေမှာ လျော့ကျလာပီး မိစ္ဆာကောင်များကို တိုက်ခိုက်နေသော လူတိုင်းသည် တဖြည်းဖြည်းဖြင့် စွမ်းအင်များ ကုန်ခမ်းလာပီဖြစ်သည်။ဤကဲ့သို့သာ ဆက်ဖြစ်‌နေပါက နောက်ဆုံးတွက် မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

တိုက်ပွဲက ပိုမိုပြင်းထန်လာသည်နှင့်အမျှ မိုလော့၊ ယွင်းရွှမ်ဇီနှင့်အခြားသူများ၏ အမူအရာများမှာ လေးနက်လာကာ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာ၏။

သူတို့သည် ဝင်စားခြင်းအဆင့် မိစ္ဆာအလောင်းကောင် အများအပြားကို အနိုင်ယူခဲ့ပြီးဖြစ်သော်လည်း ဤမိစ္ဆာ အလောင်းကောင်များအားလုံးမှာ သေဆုံးသွားပြီးနောက် သူတို့က ပြန်လည် ရှင်သန်လာသည်။

“ဒီမိစ္ဆာ အလောင်းကောင် ရုပ်သေးရုပ်တွေကို ကမ္ဘာခြားနတ်ဆိုး စွမ်းအင်က ထိန်းသိမ်းထားတာပဲ၊ ဒီနေရာ မှာရှိတဲ့ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်တွေကို မဖြတ်တောက်ပစ်သရွေ့ ဒီမိစ္ဆာ အလောင်းကောင်တွေ ကို ငါတို့ ဖယ်ရှားနိုင်မှာ မဟုတ်ဖူး”

“ဒါတွေ အားလုံးကို ဖန်တီးခဲ့တဲ့ တရားခံ တျန်ယွမ်ဇီကို ငါတို့ သုတ်သင်ရမယ်”

“ဝူယွမ် တျန်ယွမ်ဇီကို မြန်မြန်အဆုံးသတ်လိုက်‌တော့ ” မိုလော့နှင့် အခြားသူများက ဝူယွမ်ထံသို့ စိတ်ချင်းဆက်သွယ်၍ အသံ ပို့လွှတ်လိုက်ကြသည်။

ဝူယွမ်က ထိုစကားများကို ကြားသောအခါ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ ဝိညာဉ်အာရုံက စူးစိုက်လိုက်လေသည်။ အနိုင်ယူခံလိုက်ရသော မိစ္ဆာ အလောင်းကောင်များမှာ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်၏ တိုက်စားမှုကို ခံရပြီးနောက် ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် ထပ်မံ ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

မိမိတို့ဖက်တွင် သေဆုံးဒဏ်ရာရမှုများ စတင် ပေါ်ပေါက်လာနေပြီဖြစ်သည်။ အကယ်၍ မိုလော့၊ လင်းတုန်နှင့် ယင်းရွှမ်ဇီတို့ကဲ့သို့ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်များကသာ အခြေအနေကို ထိန်းသိမ်းမထားပါက သေဆုံးဒဏ်ရာရမှုများ ပိုမို ဆိုးရွားနိုင်ပေသည်။

“ဝူယွမ်၊ တျန်ယွမ်ဇီကို မြန်မြန် ဖြေရှင်းဖို့ လိုတယ်၊ သူက ဒီမိစ္ဆာ ကမ္ဘာရဲ့ သခင်ပဲ၊ ဒီကောင်တွေက ကမ္ဘာခြားနတ်ဆိုး စွမ်းအင် ပိုရလေလေ ပိုအစွမ်းထက်လာလေလေပဲ”

ဟွမ်ကလည်း ဝူယွမ်ကို လျှင်မြန်စွာ သတိပေးလိုက်၏။

ဤအချိန်တွင် မြေအောက်မှ ဆူပွက်လာသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များက မဟာ ကောင်းကင် မိစ္ဆာကောင်အပေါ်တွင် စုစည်းသွားလေသည်။ ဝူယွမ်၏ တိုက်ခိုက်မှုဖြင့် အပြင်းအထန် ဒဏ်ရာရသွားပီး အက်ကွဲသွားသော မဟာ ကောင်းကင် မိစ္ဆာကောင်၏ လက်မောင်းမှာလည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

တျန်ယွမ်ဇီ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ မိစ္ဆာ လက်သီးပေါ်တွင် ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ ပြင်းပြင်းထန်ထန် ဆူပွက်လာပြီးနောက် လက်တစ်ဖက်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ အခြားလက်တစ်ဖက်၏ လက်ချောင်းငါးချောင်းမှာ အလွန် ထက်မြက်သည့် မိစ္ဆာ လှံတံများပမာ ဖြစ်နေ၏။

“ဝူယွမ် သေလိုက်စမ်း”

တျန်ယွမ်ဇီက သူ၏ မိစ္ဆာ ဓားကို ခုတ်ပိုင်းလိုက်ရာ ကျန်းတစ်ထောင်ခန့် ရှည်လျားသော အမည်းရောင် ဓားအလင်းတန်းတစ်ခုက တည့်မတ်စွာ ပြေးဝင်လာလေသည်။

“လေဟာနယ် မှန်”

ဝူယွမ်၏ ယွမ်စွမ်းအင်များ ဆူပွက်ထွက်ပေါ်လာပြီး သူ၏ ရှေ့တွင် လွင့်မြောနေသော လေဟာနယ် မှန်ကို အသက်သွင်းလိုက်ကာ ဧရာမ ဓားအလင်းတန်းကို အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိဘဲ ရင်ဆိုင်လိုက်သည်။

ရွှီး..

အမည်းရောင် ဓားအလင်းတန်း တဖျပ်ဖျပ်လက်သွားပြီး ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ မကျရောက်နိုင်ပဲ ပျောက်ကွယ်သွားလေသည်။

တျန်ယွမ်ဇီမှာ အသက်ရှုရန် တစ်ခါလောက်မကို မနားနိုင်တော့ပဲ သူ၏ မိစ္ဆာ လှံတံကို အသုံးပြု၍ တိုက်ခိုက်လိုက်လေသည်။

ဝူယွမ်က ရှင်းအက္ခရာလျှို့ဝှက်ချက်ကို အသုံးပြုကာ အဆက်မပြတ် ရှောင်တိမ်းနေသည်။ အကယ်၍ မရှောင်တိမ်းနိုင်ခဲ့ပါက တိုက်ခိုက်မှုကို လမ်းကြောင်းပြောင်းသွားရန် လေဟာနယ် မှန်ကို အသက်သွင်းမည်ဖြစ်သည်။

လေဟာနယ် မှန်မှာ အလွန် အစွမ်းထက်လွန်းပြီး အသက်သွင်းကာ အသုံးပြုနိုင်ရန် စွမ်းအင်ကုန်ဆုံးမှုကလည်း များပြားလှ၏။ထို့အပြင် ဝူယွမ်သည် လေဟာနယ် မှန်၏ တိုက်ခိုက်‌ရေး နည်းလမ်းများကို မကျွမ်းကျင်သေးပေ။

“ကောင်းကင်ဆန့်ကျင် မိစ္ဆာ ခုနစ်ပိုင်း”

ဝူယွမ်သည် မိုးကြိုး ဝိညာဉ် ကောင်းကင်ဓားကို ကိုင်ဆောင်ထားကာ သူ၏ အသက်စွမ်းအင်များများကို လောင်ကျွမ်းစေပီး ချယ်အက္ခရာလျှို့ဝှက်ချက်ကို အဆက်မပြတ် အသက်သွင်းနေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများကို ဝူယွမ်၏ လက်ထဲမှ တစ်ခုပြီး တစ်ခု ပစ်လွှတ်လိုက်လေ၏။

သူ၏ ဓားများမှာ အလွန်တရာ အစွမ်းထက်လှပြီး တျန်ယွမ်ဇီ ထုတ်လွှတ်လိုက်သော ဓားအလင်းတန်းများနှင့် လှံတံ အရိပ်များကို တိုက်ရိုက် ကြေမွပျက်စီးသွားစေခဲ့သည်။

“ဒါက ဘယ်လို ဓားသိုင်းမျိုးလဲ”

တျန်ယွမ်ဇီမှာ ထိတ်လန့်သွားလေသည်။ သူ၏ လက်မောင်းများပေါ်ရှိ ဓားနှင့် လှံတံတို့က မိစ္ဆာကောင် ဒိုင်းလွှားတစ်ခုအဖြစ် ထပ်မံ ပြောင်းလဲသွားလေသည်။

“ဝုန်း ဝုန်း...”

ကြည်လင်ပြတ်သားသော အသံများနှင့်အတူ မိစ္ဆာကောင် ဒိုင်းကာမှာ ကောင်းကင်ဆန့်ကျင် မိစ္ဆာ ခုနစ်ပိုင်း၏ တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ တဖြည်းဖြည်း ကြေမွပျက်စီးသွားပီး မဟာ ကောင်းကင် မိစ္ဆာကောင်၏ လက်မောင်းများမှာလည်း ပြတ်တောက်သွားခဲ့၏။

တျန်ယွမ်ဇီမှာ ထိတ်လန့်သွားလေသည်။ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ မြေအောက်မှ ဆူပွက်လာပြီး သူ၏ နောက်တွင် ဧရာမ အမည်းရောင် တိုင်ကြီးတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။

၎င်းက ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များနှင့်အတူ လွှမ်းခြုံလာပြီး ဟိန်းဟောက်သံများနှင့်အတူ ဝူယွမ်အပေါ်သို့ ရိုက်ချလိုက်လေသည်။

“အား...”

နာကျင်မှုများ ပါဝင်နေသော ကြေကွဲဖွယ် ဟိန်းဟောက်သံတစ်ခုက မဟာ ကောင်းကင် မိစ္ဆာကောင်၏ ဧရာမ ပါးစပ်ကြီးမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ၎င်းပေါ်ရှိ တျန်ယွမ်ဇီ၏ မျက်နှာတွင် ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာ၏။

ဝူယွမ်၏ ကောင်းကင်ဆန့်ကျင် မိစ္ဆာ ခုနစ်ပိုင်းက မဟာ ကောင်းကင် မိစ္ဆာကောင်၏ လက်မောင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။ တျန်ယွမ်ဇီသည် ကမ္ဘာခြားနတ်ဆိုး စွမ်းအင်ကို အားကိုး၍ ပျက်စီးသွားသော လက်မောင်းများကို ကုစားနေသော်လည်း ဤတစ်ကြိမ်တွင် ပျက်စီးမှုက များလွန်လှ၏။ ဤလက်မောင်းများကိုများကို ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဆယ်စုနှစ်များစွာ ကြာမြင့်ပေလိမ့်မည်။

“ဝူယွမ် မင်းက တစ်ကယ် သေသင့်တယ့်ကောင်ပဲ ၊ ဒီမဟာ ကောင်းကင် မိစ္ဆာကောင်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့လေ သူ့ကို ပြုပြင်ဖို့ ငါတို့ တန်ဖိုး ဘယ်‌လောက်တောင် ပေးဆပ်ခဲ့ရလဲ မင်း သိလား”

တျန်ယွမ်ဇီမှာ အလွန်‌ဒေါသထွက်လာပီး သူ၏နှလုံးများပင် ကြေကွဲလုမတက် ခံစားလိုက်၏။ မဟာ ကောင်းကင် မိစ္ဆာကောင်မှာ သူ၏ အစွမ်းအထက်ဆုံးနှင့် နောက်ဆုံး အားကိုးရာ ဖြစ်သည်။

သို့သော်လည်း ဝူယွမ်၏ တိုက်ခိုက်မှုများက သူ၏ မဟာ ကောင်းကင် မိစ္ဆာကောင်ကို အကြိမ်ကြိမ် ဒဏ်ရာရစေခဲ့သည်။

“ဟားဟား ဒီလောက်လေးတောင် မခံနိုင်တော့ဘူးလား၊ နောက်ထပ် ပိုဆိုးတာတွေ လာဦးမယ်” ဝူယွမ်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“အား”

စူးရှသော ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်သွားပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်တစ်ခု မဟာ ကောင်းကင် မိစ္ဆာကောင်၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ထွက်ပေါ် လာသည်။ တျန်ယွမ်ဇီက ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်သည်။

“ငါ့အတွက် သေလိုက်စမ်း”

“မဟာ မိစ္ဆာကောင် ချောက်ကမ်းပါး”

နာကျင်နေသော တျန်ယွမ်ဇီမှာ လုံးဝ ဒေါသထွက်သွားလေပြီ။

မဟာ ကောင်းကင် မိစ္ဆာကောင်၏ ကြမ်းကြုတ်သော ဧရာမ ပါးစပ်ကြီးမှ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ထိုဧရာမ ပါးစပ်ကြီး၏ အတွင်းမှ သိပ်သည်းသော သေမင်း စွမ်းအင်လှိုင်းတစ်ခု ပြန့်ကျဲထွက်ပေါ်လာသည်။

မဟာ ကောင်းကင် မိစ္ဆာကောင်၏ ခန္ဓာကိုယ် အရွယ်အစားမှာ

ရုတ်တရက် အဆပေါင်းများစွာ ကြီးထွားလာ၏။

ကုန်းမြေကြီးပင် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ပြင်းထန်သော စုပ်ယူမှု စွမ်းအားတစ်ခုက မဟာ ကောင်းကင် မိစ္ဆာကောင်၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ စုပ်ယူမှု စွမ်းအားမှာ အလွန် အစွမ်းထက်လွန်းသဖြင့် လေဟာနယ်ပင် ပြိုကျသွားလေသည်။

ဝူယွမ်က စုပ်ယူမှုစွမ်းအားကို ခုခံရန် အစွမ်းကုန်ကြိုးစားကာ တိုက်ခိုက်‌နေသော်လည်း ခုခံနိုင်ရန် အလွန် ခက်ခဲ‌နေ၏။

ဤမဟာ ကောင်းကင် မိစ္ဆာကောင်သည် အစွမ်းအထက်ဆုံး ကမ္ဘာခြားနတ်ဆိုး သားရဲ တစ်ကောင်ဖြစ်သည်မှာ သေချာပြီး ၎င်းတွင် လှည့်ကွက်အချို့ တကယ်ပင် ရှိနေသည်။

မိစ္ဆာ‌ကောင်၏ ဧရာမ ပါးစပ်ကြီးမှာ ပို၍ကျယ်ပြန့်လာ၏။

ဝူယွမ်သည် ဧရာမ ပါးစပ်ကြီး၏ တွင်းနက်ကြီးထဲသို့ စုပ်ယူခံ‌ရေသည်ကို အကူအညီမဲ့စွဖြင့် စောင့်ကြည့်နေ၏။ ထိုဧရာမ ပါးစပ်ကြီး၏ အဝမှာ ၎ယ သေမင်း ချောက်ကမ်းပါးတစ်ခုပမာ ဖြစ်နေပြီး ဖော်ပြ၍မရနိုင်သော အန္တရာယ် ခံစားချက်တစ်ခုက သူ၏ စိတ်နှလုံးကို စိမ့်ဝင်ပျံ့နှံ့သွားလေသည်။

မကြာမီ သူသည် အမှောင်ထု၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး မဟာ ကောင်းကင် မိစ္ဆာကောင်၏ ပါးစပ်ထဲသို့ ကျဆင်းသွားလေသည်။

“ဟားဟား ဒီမဟာ မိစ္ဆာကောင် ချောက်ကမ်းပါးထဲကို ကျသွားတဲ့ ဘယ်သူမှ အသက်ရှင်လျက် ပြန်မထွက်လာဖူးဘူး”

တျန်ယွမ်ဇီက တခစ်ခစ် ရယ်မောလိုက်ရာ သူ၏ ရယ်မောသံတွင် ရက်စက်သော အကြံအစည်များ ပြည့်နှက်နေသည်။

“မင်းက တကယ်ကို မိစ္ဆာကောင် တစ်ကောင်ပဲ၊ ငါ့ကိုတောင် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ခံစားရအောင် လုပ်နိုင်တယ်၊ မဟာ ကောင်းကင် မိစ္ဆာကောင်သာ မရှိရင် ငါ တကယ်ကို မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ဒါပေမယ့် အခု မဟာ မိစ္ဆာကောင် ချောက်ကမ်းပါးထဲ ကျသွားပြီးတဲ့နောက် မင်းကို ကိုင်တွယ်ဖြေရှင်းဖို့ မဖြစ်နိုင်တာတော့

မဟုတ်ဖူး”

တျန်ယွမ်ဇီ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ မဟာ ကောင်းကင် မိစ္ဆာကောင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မှောင်မိုက်သွားပြီး များပြားသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များက ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ အလျှင်အမြန် ဝင်ရောက်သွားကာ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များဖြင့် အတွင်းရှိ ဝူယွမ်ကို တိုက်စားပြီး သုတ်သင်ပစ်ရန် ကြိုးပမ်းလေသည်။

“ကမ္ဘာခြားနတ်ဆိုး စွမ်းအင်လား၊ ဒါက မင်း အရမ်း ဂုဏ်ယူနေတဲ့ နည်းလမ်းလား”

ဝူယွမ်က လှောင်ပြောင်လိုက်သည်။ သူသည် မဟာ မိစ္ဆာကောင် ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသော်လည်း သူ သိပ်ပြီး မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤမဟာ မိစ္ဆာကောင် ချောက်ကမ်းပါး၏ နည်းလမ်းများကို သူ သိထားသောကြောင့် ဖြစ်သည်။

အတွင်းတွင် ၎င်းသည် ကမ္ဘာခြားနတ်ဆိုး နယ်ပယ်ငယ်တစ်ခုနှင့် ဆင်တူ၏။ ဝါးမျိုခြင်း အလောင်းကောင် ချန်ထားခဲ့သော ရှေးခေတ် ပုံရိပ်များတွင် ဝါးမျိုခြင်း သခင်ကြီး ကမ္ဘာခြားနတ်ဆိုး နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားပြီး ဝါးမျိုခြင်း အလောင်းကောင်ကိုပင် ထိခိုက်စေသည့် အစွမ်းထက်သော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသည်။

ဝူယွမ်သည် ဤကမ္ဘာခြားနတ်ဆိုး နယ်ပယ်၏ အားနည်းချက်ကို

ကြိုတင် သိရှိထားခဲ့၏။

ထိုကြောင့် များပြားလှသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်အတွက်မူ ဝူယွမ် မစိုးရိမ်ပေ။

“ကမ္ဘာခြားနတ်ဆိုး စွမ်းအင်က ငါ့အတွက်တော့ စွမ်းအားတွေ ပိုပီးတိုးလာစေမယ့် အရာပဲ၊ မင်းရဲ့ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်အားလုံးကို ဒီနေ့ ငါ အကုန်စုပ်ယူပစ်မယ်”

ဝူယွမ်က ရယ်မောစွာ ပြောလိုက်ပီး သူ၏ ရင်ဘတ်ထဲရှိ ရှေးဟောင်းကျောက်တိုင်မှ စိမ်းလန်းသော ကမ္ဘာသစ်ပင် အကိုင်းအခက်များ အပြင်သို့ ထွက်လာ၏။

ဤကမ္ဘာသစ်ပင် အကိုင်းအခက်များသည် ဟွမ်ယွမ်၏ ထိန်းချုပ်မှုအောက်တွင် မဟာ မိစ္ဆာကောင် ချောက်ကမ်းပါးအတွင်းရှိ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များကို အရူးအမူး စုပ်ယူကြလေသည်။

တျန်ယွမ်ဇီ၏ မျက်နှာမှာ ရုတ်တရက် အေးစက်သွားပြီးနောက် မဟာ ကောင်းကင် မိစ္ဆာကောင်၏ ခန္ဓာကိုယ်က ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ပေါ်တွင် စိမ်းလန်းသော အလင်းတန်းများ အမှန်တကယ်ပင် တဖျပ်ဖျပ်လက်နေသည်။

အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်နှင့်အမျှ တျန်ယွမ်ဇီ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူက နာကျင်သော အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ မဟာ ကောင်းကင် မိစ္ဆာကောင်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း တုန်ယင်လာခဲ့၏။

“မဟုတ်ဘူး၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းက ကမ္ဘာခြားနတ်ဆိုး စွမ်းအင်ကို ဘာဖြစ်လို့ စုပ်ယူနိုင်ဝာာလဲ”

ကမ္ဘာခြားနတ်ဆိုး စွမ်းအင်သည် မိစ္ဆာ မျိုးစေ့ မရှိသူများအတွက် သေစေနိုင်သော အဆိပ်တစ်ခုဖြစ်ကြောင်းကို လည်းသိရှိထားကြောင့် သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု များစွာဖစ်ပေါ်နေ၏။

ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များက ဤအချိန်တွင် မဟာ ကောင်းကင် မိစ္ဆာကောင်၏ ခန္ဓာကိုယ်အတွင်းမှ ရူးသွပ်စွာ ထွက်လာ၏။ မဟာ ကောင်းကင် မိစ္ဆာကောင်၏ ခန္ဓာကိုယ်အတွင်းမှ တောရိုင်းတိရစ္ဆာန်များ၏ ဟိန်းဟောက်သံများကဲ့သို့ အသံများကို ကြားနေရသည်။

ဝူယွမ်ကို ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်လေသည်။

“တျန်ယွမ်ဇီ ခွေးအိုကြီး၊ မင်းက ဒီ‌လောက်နဲ့ပဲ အဆုံးသတ်သင့်ပီ ”

ဝူယွမ်သည် မိုးကြိုး ဝိညာဉ် ကောင်းကင်ဓားကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်ရာ အစွမ်းထက်သော ကျန်းတစ်ထောင်ခန့် ဓားအလင်းတန်း အများအပြားကို ထုတ်လွှတ်လိုက်လေသည်။

All Chapters