အခန်း (၄၃၇-၄၃၈)
Vol. 44 Ch. 437-438
အခန်း (၄၃၇) - မဟာ ကောင်းကင် မိစ္ဆာကောင်ကို ဖျက်ဆီးခြင်း၊ တျန်ယွမ်ဇီကို ချိတ်ပိတ်ခြင်း(၂)
မဟာ ကောင်းကင် မိစ္ဆာကောင်ပေါ်တွင် ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ စုစည်းလာပြီး အများအပြား သိပ်သည်းသွားလေသည်။ မဟာ ကောင်းကင် မိစ္ဆာကောင်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး မာကြောသော အစိုင်အခဲဖြစ်လာသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များက ဝူယွမ်၏ ဓားအလင်းတန်းများကို ပိတ်ဆို့လိုက်လေသည်။
တစ်ချိန်တည်းမှာပင် မဟာ ကောင်းကင် မိစ္ဆာကောင်၏ ခန္ဓာကိုယ် ကျုံ့ဝင်သွားသည်နှင့်အမျှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုကလည်း ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များက မဟာ ကောင်းကင် မိစ္ဆာကောင်၏ ပါးစပ်မှ မြစ်တစင်းပမာ ဖြည်းညင်းစွာ စီးဆင်းနေသည်။ ထို မိစ္ဆာမြစ် စီးဆင်းလာသည်နှင့်အမျှ လေဟာနယ်မှာလည်း တဖြည်းဖြည်း ကြေမွပျက်စီးသွားလေသည်။
တျန်ယွမ်ဇီ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ စုစည်းသွားပြီး သူ၏ ဟိန်းဟောက်သံက ရုတ်တရက် ပေါ်ထွက်လာသည်။
“မိစ္ဆာသောင်းချီ မြေအောက်ကမ္ဘာ မြစ်၊ မိစ္ဆာက အရာခပ်သိမ်းကို တိုက်စားခြင်း”
မိစ္ဆာမြစ်က ဟိန်းဟောက်သံနှင့်အတူ ထွက်ပေါ်လာကာ များပြားသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များကို သယ်ဆောင်လာပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည့် အရှိန်အဟုန်ဖြင့် ဝူယွမ်ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာလေသည်။
မိစ္ဆာမြစ် ဖြတ်သန်းသွားသော နေရာတိုင်းတွင် ကောင်းကင်နှင့် မြေကြီးမှာ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
မိစ္ဆာမြစ် ထွက်ပေါ်လာပီး အချိန်ခနလေး အတွင်းမှာပင် ၎င်းသည် ဝူယွမ်ကို လွှမ်းခြုံသွားလေသည်။
တျန်ယွမ်ဇီ၏ ပြာယာခက်သွားသော အမူအရာကို ကြည့်ခြင်းဖြင့် ဤအရာမှာ သူ၏ နောက်ဆုံး အသည်းအသန် လှုပ်ရှားမှုဖြစ်ကြောင်း ဝူယွမ် သိရှိလိုက်သည်။
ဝူယွမ်သည် တွန့်ဆုတ်မနေပဲ အစိမ်းရောင် ကျောက်စိမ်းပြားကို ချက်ချင်း ထုတ်ယူလိုက်သည်။
“ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်း”
တျန်ယွမ်ဇီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဤနတ်ဘုရားရတနာကို မှတ်မိသွားလေသည်။
“မင်းမှာ အမြင်အာရုံက ကောင်းသားပဲ၊ ဒါက မင်းကို ငရဲပြည်ကို ပို့ပေးလိမ့်မယ်”
ဝူယွမ်က အနည်းငယ် ပြုံးလိုက်ပြီး ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းကို ပစ်လွှတ်လိုက်ရာ သူ၏ ယွမ်စွမ်းအင်များက ၎င်းအတွင်းသို့ ရူးသွပ်စွာ ဆူပွက်ဝင်ရောက်သွားလေသည်။ အစိမ်းရောင် စက်ဝိုင်းက မျက်စိတစ်မှိတ်အတွင်း ကျန်းတစ်သောင်း အရွယ်အစားသို့ ပြောင်းလဲသွားလေသည်။
ရွှီး ရွှီး ရွှီး... ဝူယွမ်၏ နှလုံးသားအတွင်းမှ ဘိုးဘေးအဆောင်များ ပျံသန်းထွက်လာပြီး ကောင်းကင်ထက်သို့ တောက်ပသည့် အလင်းတန်း လေးခုအဖြစ် ပြောင်းလဲသွားကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီးနောက် အစိမ်းရောင် ကျောက်စိမ်းပြားအတွင်းသို့ ဝင်ရောက်သွားကြ၏။
ထို့နောက် ငွေရောင် အလင်းတန်းတစ်ခု ထပ်မံပေါ်ထွက်လာကာ ပိုအလင်းတန်းသည် ပုံရိပ်ယောင် ဘိုးဘေးအဆောင် လေးခုနှင့် မတူဘဲ ဤငွေရောင် အလင်းတန်းမှာ စစ်မှန်သော လေဟာနယ် ဘိုးဘေးအဆောင်ပင် ဖြစ်သည်။
ဘိုးဘေးအဆောင် ငါးခု၊ အတု လေးခုနှင့် အစစ် တစ်ခု။
ဤအလင်းတန်း ငါးခုက အစိမ်းရောင် ကျောက်စိမ်းပြားအတွင်းသို့ ဝင်ရောက်သွားသည်နှင့်အမျှ ကျောက်စိမ်းပြားက ပြင်းထန်စွာ တုန်ခါသွားပီး နက်နဲသော ရူန်းသင်္ကေတများ ပိုမို ရှင်းလင်းလာပြီး ကျောက်စိမ်းပြား တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားလေ၏။
ကျန်းတစ်သောင်းခန့် ကြီးမားသော ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းက အစိမ်းရောင် အလင်းတန်း ဖြာထွက်နေပြီး ၎င်းပေါ်ရှိ နက်နဲသော ရူန်းသင်္ကေတများ အားလုံး လင်းလက်လာကာ ကျောက်စိမ်းပြားက ပို၍ပို၍ ကြည်လင်ပြတ်သားလာသည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်က ကြေမွပျက်စီးသွားပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်လှိုင်းများ ပြန့်ကျဲထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။
ဘုရင်သုတ်သင် အမှတ်အသား ပေါ်လာသည်နှင့်အမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။
စစ်မှန်သော ဘိုးဘေးအဆောင် တစ်ခု ထပ်တိုးလာသဖြင့် ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်း၏ စွမ်းအားမှာ ပို၍ ကြီးမားလာပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာခဲ့သည်။
ဝူယွမ်က အေးစက်စွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။ ထို့နောက် အစိမ်းရောင် ကျောက်စိမ်းပြားက ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်းကို ဖုံးလွှမ်းထားသော နက်နဲသည့် ရူန်းသင်္ကေတများက နဂါးများပမာ လူးလွန့်သွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား အလွှာများက ကျောက်စိမ်းပြား၏ ဗဟိုချက်ဆီသို့ လျင်မြန်စွာ စုစည်းလာသည်။ နောက်တစ်ခဏတွင် ကျောက်စိမ်းပြားက ရုတ်တရက် တုန်ခါသွားပြီး လူ့ခေါင်းတစ်လုံးခန့် အရွယ်အစားရှိသော အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်လေသည်။
အလင်းတန်းမှာ အလွန်စူးရှပြီး အတွင်း၌ ကျောက်စိမ်း အရည်များပါဝင်နေသည်။
အစိမ်းရောင် ကျောက်စိမ်း အရည်များက မဟာ ကောင်းကင် မိစ္ဆာကောင် ထုတ်လွှတ်လိုက်သော အမည်းရောင် မိစ္ဆာမြစ်နှင့် ဝင်တိုက်မိလေသည်။
ဝုန်း ဝုန်း ဝုန်း...
လေဟာနယ် ကြေမွပျက်စီးသွားပြီး စွမ်းအားနှစ်ခုသာ ကျန်ရစ်ခဲ့သည်။
ဤအရာမှာ ကမ္ဘာခြားနတ်ဆိုး နယ်ပယ်၏ စွမ်းအားနှင့် ဘိုးဘေးအဆောင်များ၏ စွမ်းအားတို့ ယှဉ်တိုက်ခိုက်ဖြစ်၏။
တဖြည်းဖြည်း အစိမ်းရောင် အလင်းတန်းက ပို၍ အစွမ်းထက်လာပြီး အမည်းရောင် မိစ္ဆာမြစ်ကို အပြည့်အဝ ဖုံးလွှမ်းသွားလေသည်။
ကျန်းတစ်သောင်းခန့် ကြီးမားသော ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းက ကောင်းကင်ထက်တွင်ရှိနေပီး ၎င်း၏ တောက်ပသော အစိမ်းရောင် အလင်းတန်းက ယွမ်ဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
အစိမ်းရောင် ကျောက်စိမ်း အရည်များက မဟာ ကောင်းကင် မိစ္ဆာကောင်ကို ဝါးမြိုသွားလေ၏။
၎င်းအထက်ရှိ တျန်ယွမ်ဇီ၏ မျက်နှာမှာ အလွန်ထိတ်လန့်စိုးရိမ်ပီး မျှော်လင့်ချက်မဲ့သွားကာ ပုံပျက်ပန်းပျက်ဖြစ်သွားလေသည်။
ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်း၏ စွမ်းအားမှာ အစွမ်းထက်လွန်းပီး တျန်ယွှမ်ဇီမှာ ဤကပ်ဘေးကိုကျော်လွှားနိုင်သော
စွမ်းအား မရှိတော့ပေ။
“ဝုန်း”
မဟာ ကောင်းကင် မိစ္ဆာကောင်၏ ခန္ဓာကိုယ်မှာ အစိမ်းရောင် အလင်းတန်းဖြင့် တိုက်ရိုက် ထိုးဖောက်ခံလိုက်ရပြီး ပေါက်ကွဲသွားလေသည်။
မဟာ ကောင်းကင် မိစ္ဆာကောင် ပေါက်ကွဲသွားသော နေရာမှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်ကို လွှမ်းမိုးနေသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များမှာ ထိုအလင်းတန်းနှင့် ထိတွေ့သောအခါ ရေများအငွေ့ပျံသွား သကဲ့သို့ အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားလေ၏။
ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်း၏ အလင်းတန်းဖြင့် ထိုးဖောက်ခံထားရသော မဟာကောင်းကင် မိစ္ဆာကောင်ကြီး၏ အမည်းရောင် အလောင်းကောင် ခန္ဓာကိုယ် သွေးများ စီးကျလာပြီး အနံ့ဆိုးများလည်း ထွက်နေ၏။
မဟာ ကောင်းကင် မိစ္ဆာကောင်မှာ အပီးတိုင် ချေမှုန်းခံလိုက်ရပေသည်။
“သူ နိုင်သွားပြီ”
မနီးမဝေးတွင် ဝူယွမ်ဘက်ရှိ တိုက်ပွဲကို အာရုံစိုက်နေခဲ့သော ယင်းဟွမ်ဟွမ်မှာ စိတ်သက်သာရာရသွားလေပြီ။ သူမ၏ မျက်လုံးပေါ်ရှိ ရေခဲပြာရောင်မှာ တဖြည်းဖြည်း ပျောက်သွား၏။
အကယ်၍ ဝူယွမ်သာ ရှုံးနိမ့်သွားပါက သူမသည် ရေခဲ သခင်မ၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်မည်သာဖြစ်သည်။
ဝူယွမ်က မဟာ ကောင်းကင် မိစ္ဆာကောင်ကို အနိုင်ယူလိုက်သည်ကို မြင်သောအခါ လူတိုင်း သက်ပြင်းချလိုက်နိုင်ကြပြီး သေဆုံးပီးသောမိစ္ဆာကောင်များမှာလည်း ပြန်လည် မရှင်သန်လာတော့ပေ။
“ဝူယွမ် သတိထား၊ တျန်ယွမ်ဇီရဲ့ မူလစိတ်ဝိညာဉ်က အဲဒီမှာ ရှိနေလောက်သေးတယ်” ဟွမ်၏ အသံကို ဝူယွမ်၏ စိတ်ထဲတွင် ကြားလိုက်ရလေသည်။
ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းကို ပြန်ရုပ်သိမ်းကာ ဘိုးဘေးအဆောင် အားလုံးကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။
ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းသည် အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ထားခြင်းကြောင့် လက်ရှိတွင် ပြန်လည် အသုံးပြု၍ မရနိုင်သေးပေ။
အောက်ဘက်ရှိ မဟာ ကောင်းကင် မိစ္ဆာကောင်၏ အလောင်းကောင်ကို စိုက်ကြည့်ပီး ဝူယွမ်က အေးစက်စွာ ပြောလိုက်သည်။ “တျန်ယွမ်ဇီ ခွေးအိုကြီး၊ ခဗျားက သေချင်ယောင် ဆောင်နေတာလား”
“မူလစိတ်ဝိညာဉ် ဓားသန္ဓေသား”
ဝူယွမ်က ကစဉ်ကလျားထိန်းချုပ်ခြင်း ဓားအတတ်ကို အသုံးပြုလိုက်ရာ အမည်းရောင် မိစ္ဆာ အလောင်းကောင်ကို ခုတ်ပိုင်းလိုက်လေသည်။
ရွှီး
မိစ္ဆာ အလောင်းကောင်အထဲမှ အမည်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပီး မြေကြီးထဲသို့ ဝင်ပြေးသွားသည်။
“ထွက်ပြေးဖို့ ကြိုးစားနေတာလား၊ ခဗျားက လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား”
ဝူယွမ်က သူ၏ လက်ဟန်သင်္ကေတများကို ပြောင်းလဲလိုက်သည်။ အမည်းရောင် ဓားသန္ဓေသားက မူလစိတ်ဝိညာဉ်ကို ပစ်မှတ်ထားကာ မြေကြီးထဲသို့ တိုးဝင်သွားပြီး ၎င်းကို ပြန်လည် ကန်ထွက်လာစေခဲ့သည်။
တျန်ယွမ်ဇီ တုံ့ပြန်ရန် အချိန်မရလိုက်မီ ဝူယွမ်က သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး သေးငယ်သော ရှေးဟောင်း ကျောက်တိုင်ကိုထုတ်ကာပစ်လွှတ်လိုက်လေ၏။
ရှေးဟောင်းကျောက်တိုင်က ကောင်းကင်ထက်မှ ပြင်းထန်စွာအရှိန်ဖြင့် ကျဆင်းလာပြီးနောက် ကောင်းကင်ယံတွင် ကျန်းထောင်ချီ ကြီးမားသော ကျောက်တိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ရှေးဟောင်းကျောက်တိုင်က ကောင်းကင်ယံတွင် လွင့်မျောနေပြီးနောက် ကြည်လင်ပြတ်သားသော အသံတစ်ခုနှင့်အတူ ပေါက်ကွဲထွက်လာသည်။ ကျောက်တိုင်၏ အောက်ခြေတွင် အလင်းတန်းများ စုစည်းလာပြီး ရှေးဟောင်း အစီအရင် တစ်ခု ဖန်တီးလိုက်ပီး တျန်ယွမ်ဇီ၏ မူလစိတ်ဝိညာဉ်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်၏။
ရှေးဟောင်းကျောက်တိုင်၏ အလင်းရောင် ထွန်းလင်းမှုအောက်တွင် တျန်ယွမ်ဇီ၏ မူလစိတ်ဝိညာဉ်မှာ အပ်များစွာဖြင့် ထိုးခံနေရသကဲ့သို့ ပျင်းထန်သော နာကျင်မှုကို ခံစားရသောကြောင့် အော်ဟစ်လိုက်
လိုက်လေသည်။ ကောင်းကင်ထက်မ ကျဆင်းလာသော ရှေးဟောင်းကျောက်တိုင်ကြီးကို ကြည့် တျန်ယွမ်ဇီစိတ်ထဲတွင်အလွန်ထိပ်လန့်တုန်လှုပ်နေတော့သည်။
“ တျန်ယွမ်ဇီ ခွေးအိုကြီး၊ ခဗျား ဒီလိုအဆုံးသတ်ရမယ်လို့ ကံကြမ္မာက သတ်မှတ်ပီးသားပဲ”ကောင်းကင်ထက်မ ဝူယွမ်၏ အသံကို တျန်ယွမ်ဇီ၏ ကျန်ရှိသော ဝိညာဉ်က ကြားလိုက်ရ၏။
“ချိတ်ပိတ်လိုက်စမ်း”
ကျယ်လောင်သော အော်သံတစ်ခုနှင့် အတူ ကောင်ကင်ပိတ်လှောင်အစီအရင် စွမ်းအားဖြင့် တျန်ယွမ်ဇီ၏ ဝိညာဉ်ကို ရှေးဟောင်းကျောက်တိုင် အတွင်း၌ ချိတ်ပိတ်လိုက်တော့သည်။
အခန်း (၄၃၈) - ယင်းဟွမ်ဟွမ်၊ အမျိုးသမီးငယ်လေး တစ်ယောက် ဖြစ်လိုခြင်း(၁)
ရှေးဟောင်းကျောက်တိုင် ကမ္ဘာတွင် ကမ္ဘာခြားနတ်ဆိုး ဘုရင် နှစ်ကောင်မှာ ဝူယွမ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ရုပ်သေးရုပ်များအဖြစ် သန့်စင်ခံခဲ့ရသဖြင့် ဖိနှိပ်ခံထားရသော ကမ္ဘာခြားနတ်ဆိုးများထဲတွင် မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်သာ ရှိတော့သည်။
ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုးများမှလွဲ၍ အခြား ကမ္ဘာခြားနတ်ဆိုးများက ဟွမ်ယွမ်နှင့် အခြားသူများကို ဖိအား မပေးနိုင်ပေ။
ယခု တျန်ယွမ်ဇီတစ်ယောက် တိုးလာသော်လည်း ပြဿနာ မရှိပေ။ ပိုမို ကြီးမားသော ကမ္ဘာသစ်ပင်နှင့် ဘိုးဘေးအဆောင်တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာသော ကောင်းကင်ပိတ်လှောင် အစီအရင် မြေပုံတို့က ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုးများကို လွယ်ကူစွာ ဖိနှိပ်ထားနိုင်၏။
သုံးဆင့် သံသရာအဆင့်ရှိ စစ်မှန်သော ဘုရင်တစ်ပါး မှလွဲ၍ ရှေးဟောင်းကျောက်တိုင် ကမ္ဘာက သာမန် ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုးများကို ဖိနှိပ်ထားနိုင်သည်။
“အခုကတော့ အဲဒီ ခွေးငယ်လေး ရန်ယွမ်ဇီ အလှည့်ပဲ”
ဝူယွမ်၏ အကြည့်များက ချင်းကျီနှင့် ရန်ယွမ်ဇီတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသော စစ်မြေပြင်သို့ ရောက်သွား၏။
တူညီသောအဆင့်ရှိသည့် ယှဉ်ပြိင်တိုက်ခိုက်မှုများတွင် သာမန်အားဖြင့် နတ်ဘုရားရတနာ တစ်ခု၏ အကူအညီ မပါဝင်ပဲ အနိုင်အရှုံးကို လျင်မြန်စွာ ဆုံးဖြတ်ရန် ခက်ခဲလှသည်။
ထိုအထဲတွင် လှည့်စားမှူများနှင့် ညဏ်များလှသော ဝူယွမ်မပါဝင်ပေ။ အဆင့်တူကြား တိုက်ခိုက်မှုများတွင်သာမက အဆင့်ကျော်လွန်သော ရန်သူများကို သတ်ဖြတ်ခြင်းသည်ပင် ဝူယွမ်အတွက် သာမန်ကဲ့သို့ ဖြစ်နေ ၏။
ဝူယွမ်တွင် ဂျယ်အက္ခရာလျှို့ဝှက်ချက်ကို ပိုင်ဆိုင်ထားသဖြင့် ထိုခိုက် ဒဏ်ရာများနှင့် စွမ်းအင် အလွန်အကျွံသုံးမှုကြောင့် ပင်ပန်းမှုများမှာ လျှင်မြန်စွာ ပြန်လည်ကောင်းနိုင်၏။
ဂျယ်အက္ခရာလျှို့ဝှက်ချက်ကို အသက်သွင်းလိုက်ရာ တျန်ယွမ်ဇီနှင့် တိုက်ခိုက်စဉ် သုံးစွဲခဲ့သော စွမ်းအင်များမှာ လျင်မြန်စွာ ပြန်လည်
ရရှိလာသည်။
အစွမ်းအထက်ဆုံး မဟာကောင်းကင် မိစ္ဆာကောင်ကြီးကို နှိမ်နင်းနိုင်ပီးသောကြောင့် ဝူယွမ်မှာ မစိုးရိမ်တော့ပေ။
ဝူယွမ်သည် သူ၏ ဝိညာဉ်စွမ်းအားကို ခွဲထုတ်လိုက်ပီး အထွတ်အထိပ် ဝင်စားခြင်းအဆင့် မိစ္ဆာ အလောင်းကောင် နှစ်ခုကို ထိန်းချုပ်လိုက်ပီး တိုက်ပွဲတွင် ပါဝင်ကာ လူတိုင်းအပေါ်ကျရောက်နေသော ဖိအားများကို လျော့ကျစေရန် စေလွှတ်လိုက်သည်။
အဆက်မပြတ် ပြန်လည်ရှင်သန်လာနေသော ထိုမိစ္ဆာ အလောင်းကောင်များမှာ မီးနတ်ဘုရားနန်းတော်နှင့် တောင်ဂိုဏ်း၏ တပည့်များအတွက် မပီးဆုံးနိုင်သော တိုက်ပွဲတစ်ခု ဖြစ်နေခဲ့သည်။
သေဆုံးဒဏ်ရာရမှုများလည်း အချိန်တိုင်း နေရာတိုင်းတွင် ဖြစ်ပေါ်နေ၏။
မိစ္ဆာအလောင်းနှစ်ကောင်ကို တိုက်ပွဲတွင် ကူညီရန် ခိုင်းစေပီးနောက် ဝူယွမ်သည် ချင်းကျီနှင့် ရန်ယွမ်ဇီတို့ တိုက်ပွဲတင် ဝင်ရောက်ကူညီရန် ပြင်ဆင်လိုက်သည်။
ချင်းကျီသည် ကောင်းကင်ပြာနဂါး ဘုရင်ဖြစ်ပြီး သူ ဖန်တီးခဲ့သော ကောင်းကင်ပြာနဂါး အသွင်ပြောင်း ကျင့်စဉ်သည် လက်ရှိတွင် အစွမ်းအထက်ဆုံး ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာဖြစ်ကာ ထိပ်တန်း ကောင်းကင် သိုင်းပညာတစ်ခုဟု ဆိုနိုင်ပေသည်။
သူ၏ စွမ်းအားမှာ သံသရာအဆင့်တူများအတွင်း၌ပင် ထိပ်တန်းအဆင့် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ရန်ယွမ်ဇီကို ရင်ဆိုင်ရာတွင် ချင်းကျီက အပြတ်အသတ် အသာစီးရနေသည်။
မျက်နှာချင်းဆိုင်ယှဉ်ပြိုင်တိုက်ခိုက်ပါက ချင်းကျီအတွက် အနိုင်ယူရန် မခက်ခဲသော်လည်း ရန်ယွမ်ဇီက ယှဉ်ပြိုင်မတိုက်ခိုက်ပဲ မဆက်မပြတ် ရှောင်တိမ်းနေပြီး အချိန်ဆွဲရန် ကြိုးပမ်းနေ၏။ထိုကြောင့် ချင်းကျီအတွက် ရန်ယွမ်ဇီကို အချိန်တိုအတွင်း အနိုင်တိုက်ခိုက်ရန် အနည်းငယ် ခက်ခဲနေ၏။
ထို့အပြင် ဤနေရာတွင် မိစ္ဆာ စွမ်းအင်များလွှမ်းမိုးနေခြင်းကြောင့် မိစ္ဆာ မျိုးစေ့ကို ပိုင်ဆိုင်ထားသော ရန်ယွမ်ဇီသည် မိစ္ဆာစွမ်းအင်ကိုအသုံးပြုကာ
ဒဏ်ရာများကို လျှင်မြန်စွာ ပြန်လည်ကောင်းမွန်နေပီး တိုက်ပွဲကို
အချိန်ကြမြှင့်စွာ တိုက်ခိုက်နိုင်၏။
ရန်ယွမ်ဇီ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလှသည်။ သူသည် ကောင်းကင်ပြာနဂါး ဘုရင်၏ ပြိုင်ဘက် မဟုတ်ကြောင်း သိထားသဖြင့် ချင်းကျီကိုသာ အချိန်ဆွဲလိုပြီး တျန်ယွမ်ဇီက မဟာ ကောင်းကင် မိစ္ဆာကောင်ဖြင့် ဝူယွမ်ကို သတ်ဖြတ်ပီးနောက် အတူပူးပေါင်းကာ ချင်းကျီနှင့် တစ်ခြားသူအားလုံးကို သုတ်သင်ပစ်ရန်ဖြစ်သည်။
သို့သော် မဟာ ကောင်းကင် မိစ္ဆာကောင် ဖျက်ဆီးခံရပြီး တျန်ယွမ်ဇီ၏ မူလစိတ်ဝိညာဉ် ချိတ်ပိတ်ခံရခြင်းကြောင့် ရန်ယွမ်ဇီမှာ မျှော်လင့်ချက်မဲ့သွားကာ ဆက်လက်တိုက်ခိုက်လိုခြင်း မရှိတော့ပေ။
မဟာ ကောင်းကင် မိစ္ဆာကောင်မှာ သူတို့၏ အစွမ်းအထက်ဆုံး ဝှက်ဖဲဖြစ်ပီး ၎င်းကပင် ဝူယွမ်ကို မတားဆီးနိုင်ခဲ့သဖြင့် သူက ပြိုင်ဘက် မဟုတ်သည်မှာ သေချာ၏။
ထိုကြောင့် သူသည် မျှော်လင့်ချက်မဲ့စွာဖြင့် ထွက်ပြေးရန်သာ ရွေးချယ်လိုက်တော့၏။
ရန်ယွမ်ဇီက ကောင်းကင်ထက်မှ မြေကြီးထဲသို့ ရုတ်တရက် ပျံသန်းသွားလေသည်။ မြေအောက်တွင် ပွင့်နေသော မိစ္ဆာ အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်ကာ ဤနေရာမှ လွတ်မြောက်ရန် ကြိုးစာလေ၏။
“ထွက်ပြေးဖို့ ကြိုးစားတာလား၊ ဒီအရှင်သခင်ဆီကနေ မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား”
ချင်းကျီက လှောင်ပြောင်လိုက်ပြီး ကျန်းတစ်ထောင်ခန့် ရှည်လျားသော ကောင်းကင်ပြာနဂါး တစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။ နဂါးဟိန်းဟောက်သံတစ်ခုနှင့်အတူ သူ၏ ဧရာမ နဂါးခန္ဓာကိုယ်ကြီး မြေကြီးထဲသို့ ထိုးဝင်သွားပီး မိစ္ဆာ အက်ကွဲကြောင်းကို ဖုံးအုပ်ကာ ရန်ယွမ်ဇီကို ပိတ်ဆို့လိုက်လေသည်။
“ဂါး”
ချင်းကျီက ကောင်းကင်ပြာနဂါး ဟိန်းသံ တစ်ခုကို ထွက်ပေါ်လာပီး ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် အသံလှိုင်းများ ကြောင့် လေဟာနယ် တစ်ခုလုံး ကြေမွပျက်စီး ပြိုကျသွားသကဲ့သို့ ဖြစ်သွားသည်။
ရန်ယွမ်ဇီ၏ ခန္ဓာကိုယ်လည်း ပုံပျက်သွားပြီး သူ၏ နားစည်များ ပေါက်ပြဲကာ သူ၏ အပေါက် ခုနစ်ပေါက်မှ သွေးများ စီးကျလာသည်။
“ကောင်းကင်နဲ့ မြေကြီး ရှေးဟောင်း အစီအရင် ပေါင်းစပ်စမ်း”
ဝူယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအား အမျိုးမျိုးကို ပေါင်းစပ် စုစည်းလိုက်သည်။
“မြေအောက်ကမ္ဘာ နတ်ဘုရား လှံတံ”
မျက်စိတစ်မှိတ်အတွင်း နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအားကို အသက်သွင်းလိုက်ပြီး အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး နည်းစနစ်ကို အသုံးပြုလိုက်သည်။
များပြားလှသော စွမ်းအင်များ ဆူပွက်လာပြီး ဧရာမ လှံတံရှည်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပီး ကောင်းကင်ဘုံကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအင်များ ထွက်ပေါ်လာ၏။
“သတ်စမ်း”
ဝူယွမ်က ဟိန်းဟောက်လိုက်ရာ မြေအောက်ကမ္ဘာ နတ်ဘုရား လှံတံက လေဟာနယ်ကို ဆုတ်ဖြဲပြီး ရန်ယွမ်ဇီဆီသို့ ဝင်ရောက်သွားလေသည်။
ချင်းကျီ၏ အသံလှိုင်း ထိန်းချုပ်မှုနှင့် ပူးပေါင်းကာ မြေအောက်ကမ္ဘာ နတ်ဘုရား လှံတံက ရန်ယွမ်ဇီ၏ နောက်ကျောမှ ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။
“အား...”
ရန်ယွမ်ဇီ အော်ဟစ်လိုက်ရပီး သူ၏ ရင်ဘတ်ရှိ ဧရာမ ဒဏ်ရာကြီးက သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်များကို အဆက်မပြတ် ဖျက်ဆီးနေသည်။ သူ၏ ပေါင်းစပ်ထားသော စွမ်းအားများဖြင့် ထုတ်လွှတ်လိုက်သော ဝူယွမ်၏ မြေအောက်ကမ္ဘာ နတ်ဘုရား လှံတံ၏ တိုက်ခိုက်မှုကြောင့် ရန်ယွမ်ဇီ၏ ခန္ဓာကိုယ်မှာ မသန်မစွမ်း ဖြစ်သွားလေပြီ။
ဝူယွမ်က ပြောလိုက်သည်။ “ခွေးငယ်လေး ရန်ယွမ်ဇီ၊ အရင်တုန်းက မင်းတို့ ခွေးအိုကြီး သုံးကောင် ကမ္ဘာခြားနတ်ဆိုးမြို့တော်မှာ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့ကြတယ်၊ အဲဒီတုန်းက မင်းတို့သုံးယောက်ပေါင်း တိုက်ခိုက်မှုစွမ်းအားကို မယှဉ်နိုင်တဲ့အတွက် ငါ့မှာ ထွက်ပြေးဖို့ရလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး”
“ဒါပေမယ့် အခုတော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပီ၊ မင်းရဲ့ အကိုခွေးအိုကြီးနှစ်ကောင်နဲ့ စုံစည်းဖို့ မင်းကိုပါပို့ပေးမယ်၊ ဒါမှ မင်းတို့ ငရဲမှာ ပြန်ဆုံနိုင်မှာ”
ဝူယွမ် စကားပြောပီးသည်နှင့်တစ်ပြိုင်နက် ရှေးဟောင်းကျောက်တိုင်သည် နောက်တစ်ကြိမ် ကျန်းတစ်သောင်း အရွယ်အစားသို့ ကြီးထွားလာပြီး အောက်သို့ ဖိနှိပ်ချလိုက်လေသည်။
ရန်ယွမ်ဇီက စူးရှစွာ အော်ဟစ်ရင်း ပြောလိုက်သည်
“ဝူယွမ် မင်းကအောင်ပွဲခံဖို့ အရမ်းစောပါသေးတယ်၊ငါတို့ကို သတ်လိုက်ရင်တောင် မိစ္ဆာ စွမ်းအင်တွေက က ဒီမိစ္ဆာ ကမ္ဘာကို အပြည့်အဝ လွှမ်းခြုံထားပီးသားပဲ ၊ ဟားဟား ဟားဟား အခုကစပြီး ဒီနေရာက မိစ္ဆာ စွမ်းအင် ကမ္ဘာတစ်ခု ဖြစ်လာလိမ့်မယ်၊ မင်းတို့ တစ်ယောက်မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး၊ မိစ္ဆာ စွမ်းအင်ရဲ့ တိုက်စားခြင်းကို တစ်ယောက်ပြီး တစ်ယောက် ခံရဖို့ စောင့်နေလိုက်ကြ”
ထိုစကားကို ကြားသောအခါ ချင်းကျီနှင့် အခြားသူများက ကောင်းကင်ထက်သို့ အလျင်အမြန် မော့ကြည့်လိုက်ကြရာ ကျယ်ပြန့် ထူထဲပြီး ထိုးဖောက်၍မရနိုင်သည့် မိစ္ဆာ စွမ်းအင် အတားအဆီးတစ်ခုက ယွမ်ဂိုဏ်းတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံထားသည်ကို မြင်တွေ့လိုက်ရသည်။
မိစ္ဆာ စွမ်းအင် အတားအဆီးအထက်တွင် ထူးဆန်းသည့် မိစ္ဆာပုံစံများ လူးလွန့်နေသည်ကို မြင်တွေ့ရသည်။ထိုအတားအဆီးက ဤနေရာနှင့် အပြင်ကမ္ဘာကြား ဆက်သွယ်မှု အားလုံးကို ဖြတ်တောက်ပစ်လိုက်၏။
ထူထဲသော မိစ္ဆာ စွမ်းအင် အတားအဆီးက ကောင်းကင်ယံကို ဖုံးကွယ်ထားပြီးနောက် အလွန်တရာ ဝေးကွာသော အစွန်အဖျားများတွင် မှောက်ထားသော ပန်းကန်လုံးတစ်ခုပမာ ကျဆင်းလာကာ ၎င်းအတွင်းရှိ လူတိုင်းကို ဖုံးအုပ်ထားလိုက်လေသည်။
တျန်ယွမ်ဇီနှင့် ရန်ယွမ်ဇီတို့ ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းတွင် ဖိနှိပ်ခံထားရပီး မြေအောက်မှ ထွက်ပေါ်လာသော မိစ္ဆာ အလောင်းကောင်များမှာ တစ်ခုပြီး တစ်ခု ပေါက်ကွဲသွားကြပြီး မိစ္ဆာ စွမ်းအင် အမျှင်တန်းများအဖြစ် ပြောင်းလဲသွားလေသည်။
မူလက ရှုပ်ယှက်ခက်နေသော တိုက်ပွဲမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ ယခင်က သွေးဆာနေခဲ့သော မိစ္ဆာ အလောင်းကောင်များ အားလုံး ပျောက်ကွယ်သွား၏။ ကောင်းကင်ယံတွင် မီးနတ်ဘုရားနန်းတော်၊ တောင်ဂိုဏ်း၏ တပည့်များနှင့် အခြား အစွမ်းထက်ပုဂ္ဂိုလ် အများအပြားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကောင်းကင်ထက်ရှိ မိစ္ဆာ စွမ်းအင် အတားအဆီးကို စိုးရိမ်တကြီး ကြည့်လိုက်ကြကာ ထိတ်လန့်သွားကြ၏။ ထိုကဲ့ ထိတ်လန့်မှုက တစ်ယောက်ပီးတစ်ယောက်နှင့် လူပေါင်များစွာ အထိ ပြန့်နှံ့လာသည်။
လူတိုင်းက အတားအဆီးအတွင်း ပါဝင်နေသော မိစ္ဆာ စွမ်းအင် လှိုင်းများကို အာရုံခံကြည့်ပြီးနောက် သူတို့၏ မျက်နှာများ စိုးရိမ်သွားကြ၏။ များပြားလှသော မိစ္ဆာ အလောင်းကောင်များ ပေါက်ကွဲသွားခြင်းကြောင့်ဟု ထင်ရသော ဤမိစ္ဆာ စွမ်းအင် ကမ္ဘာမှာ အပြင်ကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားပီး သီးခြား မိစ္ဆာ စွမ်းအင် ကမ္ဘာငယ်တစ်ခု ဖြစ်လာခဲ့၏။
ဤအရာမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး လေဟာနယ်တွင် ယွမ်စွမ်းအင်များ မရှိတော့ပေ။ တဖြည်းဖြည်းဖြင့် မိစ္ဆာကမ္ဘာငယ်ကို များပြားလှသော မိစ္ဆာ စွမ်းအင်များက လူတိုင်းကို အဆက်မပြတ် တိုက်စားလာခဲ့သည်။
“ဒီမှာ မိစ္ဆာ စွမ်းအင်တွေက အရမ်း အစွမ်းထက်လွန်းတယ်၊ ငါတို့ရဲ့ စွမ်းအားတွေက ခုခံထားနိုင်မယ့် သာမန် အစွမ်းထက်ပုဂ္ဂိုလ် တချို့က ဒီမှာ အချိန်အကြာကြီး နေရင် မိစ္ဆာ စွမ်းအင်ရဲ့ တိုက်စားတာကို ခံရနိုင်တယ်” ယင်းရွှမ်ဇီက ဖြေးညင်းစွာ ဆိုလိုက်၏။
ချင်းကျီ၏ မျက်လုံးများ လင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်က အစိမ်းရောင် အလင်းတန်းများတောက်ပလာ၏။ နဂါးဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ဧရာမ ကောင်းကင်ပြာနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာ စွမ်းအင် အတားအဆီးကို အပြင်းအထန် ရိုက်ခတ်သွားလေသည်။
ဝုန်း... အစိမ်းရောင် အလင်း စက်ဝိုင်းတစ်ခု ပြန့်ကျဲသွားပြီး လှိုင်းထသွားကာ တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားလေသည်။ လျှိုချင်း၏ အစွမ်းထက်သော တိုက်ခိုက်မှုက အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
၎င်းကို မြင်သောအခါ လူတိုင်း၏ မျက်လုံးများထဲတွင် ထိပ်လန့်မှုများ ပိုတိုးလာ၏။ ကောင်းကင်ပြာနဂါး ဘုရင်၏ တိုက်ခိုက်မှုပင်လျှင် ဤအတားအဆီးကို မချိုးဖောက်နိုင်ပေ။
“ဘုရားရေ၊ သံသရာအဆင့် တိုက်ခိုက်မှုကတောင် ဒီအတားအဆီးကို မချိုးဖောက်နိုင်ဘူးလား”
“ပတ်ဝန်းကျင်က မိစ္ဆာ စွမ်းအင်တွေပဲ ပြည့်နှက်နေတယ် ၊ ပြန်လည်ကောင်းမွန်လာဖို့ ဘယ်ယွမ်စွမ်းအင်မ စုပ်ယူလို့ မရဘူး”
“မဖြစ်နိုင်ဘူး၊ ငါတို့ ဒီမှာ ပိတ်မိပြီး တကယ် သေရတော့မှာလား”
“ယွမ်ဂိုဏ်းရဲ့ နည်းလမ်းတွေက အရမ်း ရက်စက်လွန်းတယ်၊ ငါတို့ကိုပါ သူတို့အနဲအတူ သေစေချင်နေတာပဲ”
လူတိုင်း ထိတ်လန့်နေကြ၏။ ချင်းကျီကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်ပင်လျှင် အတားအဆီးကို အနည်းငယ်မ မဖျက်စီးနိုင်ပါက အခြား မည်သူက ချိုးဖျက်နိုင်မည်နည်း။
သူတို့၏ အကြည့်များက မသိမသာဖြင့် ဝူယွမ်အပေါ်သို့ ရောက်သွား ကြလေသည်။ ဤနေရာတွင် ဝူယွမ် တစ်ယောက်တည်းကိုသာ မျှော်လင့်ချက်ထားနိုင်တော့သည်။
သို့သော် ဝူယွမ်သည် ထိတ်လန့်မှု အရိပ်အယောင် လုံးဝ မပြဘဲ အောင်ပွဲခံသော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
“အစ်ကို ဝူယွမ် ဘာကို ပြုံးနေတာလဲ” ထန်ရှင်းလျန်က အနည်းငယ် တွေဝေစွာ မေးလိုက်သည်။
“မင်းတို့ အားလုံးကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာထဲ အရင် ဝင်နေလိုက်ပါ ၊ ဒီမိစ္ဆာ ပွဲတော် ကမ္ဘာနဲ့ ပတ်သက်ပြီးတော့ သူ့ကို ချိုးဖျက်ဖို့ ငါ့မှာ ကိုယ်ပိုင် နည်းလမ်း ရှိပါတယ်”
ဝူယွမ်က သူတို့ကို ပြောလိုက်ပြီးနောက် ဟွမ်ဝူကို ကျန်းတစ်ရာခန့် ကျယ်ဝန်းသော လေဟာနယ်တံခါး တစ်ခု ဖွင့်ခိုင်းလိုက်သည်။
ယင်းရွှမ်ဇီနှင့် အခြားသူများက တပည့် အများအပြားကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ခေါ်ဆောင်သွားကြသည်။
အများစုမှာ ယခင် တိုက်ပွဲတွင် ဒဏ်ရာရပြီး စွမ်းအင် ကုန်ခမ်းနေခဲ့ကြကာ ယခု ပြန်လည်ကောင်းမွန်လာရန် သဘာဝ စွမ်းအင် အရေးတကြီး လိုအပ်နေသည်။ ရှေးဟောင်းကျောက်တိုင် လေဟာနယ်၏ ပတ်ဝန်းကျင်မှာ သူတို့၏ စွမ်းအားများ ပြန်လည်ကောင်းမွန်လာရန် အကောင်းဆုံး နေရာဖြစ်သည်။