← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) - တစ္ဆေစေတမန်က ဝိညာဉ်ကို ဖမ်းဆီးခြင်း၊ ငရဲရုံးတော်

"မင်း မှတ်မိသေးရဲ့လား..."

"လွန်ခဲ့တဲ့ ငါးနှစ်က ညတစ်ည..."

"မင်း ငါ့ကို ရေတွင်းထဲ တွန်းချပြီး ရေနစ်သေအောင် လုပ်ခဲ့တာလေ..."

လျောင်ရှို့အာမှာ လျောင်ရှုံကို အေးစက်စွာ စိုက်ကြည့်နေပြီး သူ့ မျက်လုံးဖြူဖြူများထဲတွင် အေးစက်သည့် နာကြည်းမှုများ ပေါ်လာသည်။ တကယ်လို့သာ အဲဒီလူကြောင့် မဟုတ်ရင် အခုဆို သူ အိမ်ထောင်ကျနေလောက်ပြီ။

ကလေးတွေတောင် ရနေလောက်ပြီ။

သို့သော် ဒီတိရစ္ဆာန်မှ သူ့ကို ရေတွင်းထဲ တွန်းချပြီး သတ်ခဲ့၏။ သူ့အစ်ကိုကိုပင် ရေတွင်းထဲ တွန်းချပြီး သတ်ခဲ့သေးသည်။ သူတို့၏ မျိုးဆက် လုံးဝ ပြတ်တောက်သွားခဲ့ရပြီ။

"မင်း... မင်းပဲ..."

"တကယ်ပဲ မင်းပဲ—"

"မင်း... မင်း... ငါ့နားကို မလာနဲ့"

"ငါလည်း ဒီလို မလုပ်ချင်ပါဘူး မင်းက ငါ့စကား နားမထောင်လို့ ငါ လုပ်လိုက်ရတာ မင်းသာ ငါ့ကို အလိုက်သင့် နေပေးခဲ့ရင် ငါ မင်းကို ရေတွင်းထဲ တွန်းချမှာ မဟုတ်ဘူး"

"ဒါတွေ အားလုံးက မင်း အပြစ်တွေချည်းပဲ"

လျောင်ရှုံမှာ ကြောက်လန့်တကြားနှင့် မြေပြင်ပေါ် လဲကျသွားပြီး အသည်းအသန် အော်ဟစ်ရင်း နောက်ပြန် ဆုတ်နေတော့သည်။ သူ့နှလုံးသားတစ်ခုလုံး ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီ။

လျောင်ရှို့အာမှာ တစ္ဆေဖြစ်နေပြီး အခု သူ့ကို လာရှာနေပြီ။

"တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်"

တစ္ဆေစေတမန် ဝတ်စုံကို ဝတ်ထားသည့် လျောင်ချန်ဖိန်မှာ ဘေးကနေ မျက်နှာသေနှင့် ပြေးထွက်လာသည်။ သူ့လက်ထဲမှာ ဝိညာဉ်ချည်နှောင်သည့် သံကြိုးပုံရိပ်ကို ကိုင်ထားပြီး လျောင်ရှုံကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

လျောင်ရှုံ၏ လည်ပင်းမှ လက်ဖွဲ့ အလင်းလက်သွားသည်။ သို့သော် ဝိညာဉ်ချည်နှောင်သည့် သံကြိုးပေါ်တွင်လည်း နတ်ဘုရား စွမ်းအားများ လက်ခနဲ ဖြစ်သွားပြီး လက်ဖွဲ့မှာ ချက်ချင်း ကြေမွသွားတော့သည်။ လွန်ခဲ့သည့် ငါးနှစ်လုံးလုံး မောင်နှမ နှစ်ယောက်ကို ကလဲ့စားမချေနိုင်အောင် တားဆီးထားခဲ့သည့် ထိုလက်ဖွဲ့မှာ ဝိညာဉ်ချည်နှောင်သော သံကြိုးရှေ့မှာတော့ လုံးဝ အသုံးမဝင်တော့ပေ။

"လျောင်ချန်ဖိန်"

"မင်းလည်း တစ္ဆေဖြစ်နေတာလား"

လျောင်ရှုံ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ကြောက်လန့်လွန်း၍ ဆီးများ ထွက်ကျသွား၏။

သူ လုံးဝ မထင်ထားချေ။

လွန်ခဲ့တဲ့ နှစ်တွေက သူ ရေတွင်းထဲ တွန်းချသတ်ခဲ့သည့် မောင်နှမမှာ တစ္ဆေဖြစ်ပြီး အခု သူ့ကို ကလဲ့စားလာချေနေကြပြီ။

ထို့အပြင် ဆရာကြီး ပေးထားတဲ့ လက်ဖွဲ့ကလည်း တကယ်ပဲ ပျက်သွားပြီ။

"အစ်ကို…"

လျောင်ရှို့အာမှ လျောင်ချန်ဖိန်ကို ဆွဲတားလိုက်ပြီး သံကြိုးနှင့် လျောင်ရှုံကို ဆက်မရိုက်ဖို့ တားလိုက်တယ်။ "ဟင်"

လျောင်ချန်ဖိန် သူ့ညီမကို နားမလည်နိုင်သည့် မျက်နှာထားနှင့် ကြည့်လိုက်၏။

ဒီတိရစ္ဆာန်က သူတို့ကို သတ်ခဲ့တာလေ။

သူ့ကို အပိုင်းပိုင်း မီးရှို့ပစ်ရင်တောင် ငါတို့ရဲ့ နာကြည်းချက်က ပြေမှာ မဟုတ်ဘူး။

"နတ်ဘုရား အရှင်မြတ်ရဲ့ အမိန့်က သူ့ရဲ့ ဝိညာဉ်ကို ဖမ်းပြီး ပြန်ခေါ်လာဖို့ပဲ"

"အရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ငါတို့ ကိုယ့်သဘောနဲ့ကိုယ် ပြစ်ဒဏ်မပေးသင့်ဘူး"

လျောင်ရှို့အာက အသက်ပြင်းပြင်းရှူပြီး ခေါင်းခါလိုက်သည်။

သူ လျောင်ရှုံကို အသည်းထဲကနေ မုန်းတီးနေပြီး သံကြိုးနှင့် ရိုက်နှက်ကာ နှိပ်စက်ချင်ခြင်း မှန်သော်လည်း သူ လူ့ဘဝတုန်းက ပုံပြင်တချို့ကို ကြားဖူးခဲ့သည်။

အထက်လူကြီးများမှာ ကိုယ့်သဘောနှင့်ကိုယ် လုပ်တတ်သော လက်အောက်ငယ်သားများကို မကြိုက်ကြဘူးဆိုတာ သူ သိပါသည်။

အခု သူတို့ မောင်နှမမှာ နတ်ဘုရား အရှင်မြတ်၏ လက်အောက်၌ အလုပ်လုပ်နေတာဆိုတော့ နတ်ဘုရား အရှင်မြတ်၏ စည်းကမ်းများကို လိုက်နာရမည်။

သူ ယုံကြည်တာက နတ်ဘုရား အရှင်မြတ်မှ ဒီတိရစ္ဆာန်ကို သူနှင့် ထိုက်တန်သော ပြစ်ဒဏ်ကို မလွဲမသွေ ပေးလိမ့်မယ်ဆိုသည်ပင်။

"ညီမလေး ပြောတာ မှန်တယ်"

လျောင်ချန်ဖိန် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်သည် ကြောက်လန့်တကြားနဲ့ ဆီးထွက်ကျနေတဲ့ လျောင်ရှုံပေါ်သို့ ကျရောက်သွား၏။ သူ့လက်ထဲမှ ဝိညာဉ်ချည်နှောင်သည့် သံကြိုးမှာ ချက်ချင်း ရှည်ထွက်သွားပြီး အနက်ရောင် မြွေကြီးတစ်ကောင်ကဲ့သို့ လျောင်ရှုံ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်တော့သည်။

ထို့နောက် သူ သံကြိုးကို ဆွဲလိုက်ရာ လျောင်ရှုံ၏ ဝိညာဉ်မှာ သံကြိုး၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ်ထဲကနေ ထွက်လာတော့သည်။

"ငါ... ငါလည်း တစ္ဆေဖြစ်သွားပြီလား"

လျောင်ရှုံမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် သူ့ အသက်မဲ့ ခန္ဓာကိုယ်ကို ကြောက်လန့်တကြား ကြည့်နေမိသည်။

"သွားစို့"

လျောင်ရှို့အာ၏ အဖြူရောင် ဂါဝန်ဟာ ချက်ချင်း တစ္ဆေစေတမန် ဝတ်စုံအဖြစ် ပြောင်းလဲသွားပြီး လေးပြင်ကျယ်ရွာဆီကို ဦးတည်လိုက်တော့သည်။ ဝိညာဉ်ချည်နှောင်သည့် သံကြိုးမှာ ဆယ်မီတာလောက် ရှည်ထွက်သွားပြီး လျောင်ရှုံ၏ ဝိညာဉ်ကို တရွတ်တိုက် ဆွဲခေါ်သွားသည်။

တိတ်ဆိတ်နေသော မြို့ကလေးမှာ ဆက်ပြီး ငြိမ်သက်နေဆဲပင်။

လျောင်ရှုံ၏ ထိတ်လန့်တကြား အော်ဟစ်သံများကို ဘေးနားက မြို့သူမြို့သားများ ကြားကြမှာ ဖြစ်သော်လည်း ဘယ်သူမှတော့ အပြင်ထွက် မကြည့်ရဲကြ၊ ဘယ်သူမှ အသံမထွက်ရဲကြပေ။ မြို့သူမြို့သား အများအပြားဟာ မျက်နှာများ ဖြူဖျော့ပြီး တုန်ရင်နေကြသည်။

သူတို့ ခုနက "တစ္ဆေ" ဆိုသည့် စကားလုံးကို ကြားလိုက်ရတာလေ။

တစ်ယောက်ယောက် တစ္ဆေနဲ့ တွေ့နေတာလား။

ကျွန်တော်တို့ အိမ်ကိုတော့ မလာပါနဲ့ဟုပဲ အနီးအနားရှိ မြို့သူမြို့သားများ ဆုတောင်းနေကြတော့သည်။

...

မြေစောင့်နတ်စင် အပြင်ဘက်တွင်။

နှစ်ခြိုက်စွာ အိပ်ပျော်နေသော လီယူမင်သည် ရုတ်တရက် အေးစိမ့်မှုကို ခံစားလိုက်ရပြီး ချက်ချင်း နိုးလာသည်။

"ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ အငွေ့အသက်က ဘယ်က လာတာလဲ"

သူ အနည်းငယ် အံ့သြသွားသည်။

ဒါက မြေစောင့်နတ်စင်လေ။

အရှင် လီယွဲ့ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိတာ ဘယ်လို တစ္ဆေမျိုးက ဒီကို လာရဲရတာလဲ။

သူ တံခါးကို တွန်းဖွင့်လိုက်သည်။ ခန္ဓာကိုယ်အတွင်းရှိ ကျိ စွမ်းအင်များကို မျက်လုံးထဲသို့ ပို့လွှတ်လိုက်၏။ ထိုအခါ ချက်ချင်း မြင်လိုက်ရသည်မှာ စေတမန် ဝတ်စုံကို ဝတ်ထားသည့် တစ္ဆေနှစ်ကောင် မြေစောင့်နတ်စင်ရှေ့မှာ ရိုသေစွာ ဒူးထောက်နေကြသည်။

သူတို့ထဲက တစ်ယောက်၏ လက်ထဲမှာ သံကြိုးတစ်ချောင်း ရှိနေပြီး အဲဒီသံကြိုးက နောက်ထပ် တစ္ဆေတစ်ကောင်ကို ချည်နှောင်ထားသည်။ အချည်ခံထားရသည့် တစ္ဆေကတော့ အရမ်းကို ကြောက်လန့်နေသော ပုံစံဖြစ်သည်။

"လျောင်ချန်ဖိန်၊ လျောင်ရှို့အာ"

"လျောင်ရှုံ"

သူ အနည်းငယ် အံ့သြစွာဖြင့် ပြောလိုက်သည်။ လွန်ခဲ့တဲ့ ငါးနှစ်က လျောင်ချန်ဖိန်နဲ့ လျောင်ရှို့အာ မောင်နှမ နှစ်ယောက် ရေတွင်းထဲကျပြီး သေဆုံးခဲ့ကြတာ မဟုတ်လား။

ဒီကိစ္စက ထိုစဉ်က ရွာလေးရွာလုံးမှာ ဟိုးဟိုးကျော်ခဲ့သည်။ လျောင်ရှုံ၏ လက်ချက်ဟုလည်း ကောလာဟလများ ထွက်ခဲ့သေး၏။

သို့သော် ဘာသက်သေမှ မရှိ၍ ဒီအတိုင်းသာ ပြီးသွားခဲ့သည်။

ဒါက ဘာတွေ ဖြစ်နေတာလဲ။

သေသွားတဲ့ လျောင်ချန်ဖိန်နဲ့ လျောင်ရှို့အာက တစ္ဆေဖြစ်သွားတာလား။

သူတို့က လျောင်ရှုံရဲ့ ဝိညာဉ်ကိုတောင် ဖမ်းလာကြတာလား။

ဒါဆိုရင် လျောင်ချန်ဖိန်နဲ့ လျောင်ရှို့အာကို လျောင်ရှုံက တကယ်ပဲ ရေတွင်းထဲ တွန်းချသတ်ခဲ့တာပေါ့။

"ဦးလေး ယူမင်"

"ကျွန်တော်တို့ကို မြင်ရလို့လား"

လျောင်ရှို့အာမှ အံ့သြတကြီး မေးလိုက်သည်။ ရွာလေးရွာမှာ မဝေးလှပေ။ ထို့အပြင် သူ့ အမေကလည်း လီရွာကပဲဖြစ်၍ သူ လီရွာကို ခဏခဏ လာဖူးပါသည်။

"ငါက အရှင် လီယွဲ့ရဲ့ နတ်စင်ဂေါပကလေ… အရှင် လီယွဲ့ရဲ့ ကိုယ်စား လူတွေကြားမှာ သွားလာနေတာဆိုတော့ မင်းတို့ကို မြင်ရတာ သဘာဝပါပဲ"

"မင်းတို့က စေတမန် ဝတ်စုံတွေ ဝတ်ပြီး အရှင် လီယွဲ့ရဲ့ နတ်စင်ရှေ့မှာ ဒူးထောက်နေကြတာဆိုတော့ အရှင် လီယွဲ့ဆီက ကောင်းချီး ရထားကြတာလား"

လီယူမင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး သူ ခန့်မှန်းလိုက်သည်။

"ဒါဆိုရင် ကြီးမြတ်တဲ့ နတ်ဘုရားက အရှင် လီယွဲ့ပေါ့"

"ဦးလေး ယူမင်က တကယ်ပဲ နတ်ဘုရား အရှင်မြတ်ရဲ့ ဂေါပက ဖြစ်နေတာပဲ"

လျောင်ရှို့အာ ရုတ်တရက် သဘောပေါက်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

"ဦးလေး ယူမင်… ကျွန်မတို့ကို အရှင် လီယွဲ့က တစ္ဆေစေတမန်တွေအဖြစ် ခန့်အပ်ပေးလိုက်တာပါ"

တစ္ဆေစေတမန်တွေ ဟုတ်လား။

လီယူမင် ခေါင်းငြိမ့်လိုက်ပြီး ကျေနပ်စွာ ပြောလိုက်သည်။

"မင်းတို့ မောင်နှမတွေက ကံဆိုးခဲ့ကြပေမဲ့ သေပြီးနောက်မှာ အရှင် လီယွဲ့ရဲ့ လက်အောက်မှာ တစ္ဆေစေတမန်တွေအဖြစ် အမှုထမ်းခွင့်ရတာကတော့ တကယ့် ကံကောင်းခြင်းပါပဲ"

မည်သို့ပင်ဖြစ်စေ ဒီမောင်နှမ နှစ်ယောက် ကြီးပြင်းလာတာကို သူ ကြည့်ခဲ့ရတာလေ။

သူတို့၏ အဖိုးဆိုလျှင် သူ့ ငါးဆက်မြောက် ညီအစ်ကို တော်စပ်သေးသည်။ သို့သော် ကွယ်လွန်သွားသည်မှာ ကြာပါပြီ။

ထိုသို့ ပြောပြီးနောက်။

သူ အခန်းထဲသို့ ချက်ချင်း ပြန်ဝင်သွားပြီး ဘာမှ ထပ်မမေးတော့ချေ။ သူသည် အရှင် လီယွဲ့၏ ဂေါပကဖြစ်ပြီး လူ့လောကထဲမှ ကိစ္စများကို အရှင်မြတ်ကိုယ်စား စီမံခန့်ခွဲရသည်။

သို့သော် လျောင်ရှို့အာတို့ မောင်နှမမှာ တစ္ဆေစေတမန်တွေ ဖြစ်နေကြပြီ။

သူတို့ လုပ်တဲ့ အလုပ်တွေက လူ့လောကနဲ့ မဆိုင်တော့ဘူး။

လူ့လောကနဲ့ မဆိုင်တဲ့ ကိစ္စတွေ။

သူ ရှောင်ရှားသင့်သည်။

အသက် ၅၀ ကျော် နေလာခဲ့တဲ့သူမို့ အခြေခံ သဘောတရားများကို သူ နားလည်ပါသည်။

...

နတ်ဘုရားနယ်မြေအတွင်းတွင်။

လီယွဲ့သည် မြေစောင့်နတ်စင် အပြင်ဘက်တွင် ဒူးထောက်နေကြသော တစ္ဆေစေတမန် လျောင်ရှို့အာ၊ လျောင်ချန်ဖိန်နှင့် သူတို့ ဖမ်းဆီးလာသော လျောင်ရှုံ၏ ဝိညာဉ်ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာ၏။ လျောင်ရှို့အာက သေဆုံးချိန်တွင် အသက် ၁၆ နှစ်သာ ရှိသေးသော်လည်း သူမက အလွန် ထက်မြက်ပြီး ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာကို သိရှိသူ ဖြစ်သည်။ အနာဂတ်မှာ သူတို့ကို ပိုပြီး မြှင့်တင်ပေး၍ ရနိုင်ပါသည်။

သူ လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်။ ရုတ်တရက် မီတာ ၃၀ ပတ်လည်လောက်အထိ ကျယ်ပြန့်လာသော နတ်ဘုရားနယ်မြေ သည် ခန့်ညားထည်ဝါလှသော ငရဲရုံးတော်ကြီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ခန်းမအတွင်းရှိ တိုင်လုံးကြီးများမှာ မြင့်မားလှပြီး ပတ်ဝန်းကျင်တွင်လည်း မှောင်မိုက်သော မြူခိုးများ ဖုံးလွှမ်းနေသဖြင့် အလွန် လေးနက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ပေးစွမ်းနေသည်။

သူသည် မြေစောင့်နတ်မင်း ဝတ်စုံနှင့် သရဖူကို ဆင်မြန်းထားပြီး ရုံးတော်၏ အလယ်ဗဟိုတွင် ထိုင်နေ၏။ သူ့ရှေ့က စားပွဲပေါ်မှာတော့ မြေစောင့်နတ်မင်း၏ တံဆိပ်တုံးနှင့် မြေစောင့်မှတ်တမ်းတို့ ရှိနေသည်။

"လျောင်ရှုံကို ခေါ်လာခဲ့"

သူ တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုအသံမှာ မြေစောင့်နတ်စင်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး လျောင်ရှို့အာနှင့် လျောင်ချန်ဖိန်တို့မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ငရဲရုံးတော်အဖြစ် ပြောင်းလဲသွားသော နတ်ဘုရားနယ်မြေ အတွင်းသို့ ရောက်ရှိသွားကြသည်။

ဝိညာဉ်ချည်နှောင်သော သံကြိုးနှင့် အချည်ခံထားရသည့် လျောင်ရှုံလည်း ပါလာလေ၏။

All Chapters