ကမ္ဘာတစ်ဝှမ်းမှ လူသားသန်းပေါင်း သုံးထောင်တို့ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး တောရိုင်းနတ်ဘုရားတွေအဖြစ် ကူးပြောင်းရောက်ရှိသွားကြတဲ့အခါ။ ဤကမ္ဘာတွင် နတ်ဘုရား သို့မဟုတ် ထာဝရရှင်သန်သူများ မရှိကြ။ မိစ္ဆာများနှင့် မကောင်းဆိုးဝါး ဝိညာဉ်များသာ နေရာအနှံ့ ရှိနေပြီး ယုတ်မာသူများမှာလည်း မကောင်းမှု၏ အားပေးအားမြှောက်ပြုသူများ ဖြစ်နေကြသည်။ တောရိုင်းနတ်ဘုရား သန်းပေါင်း သုံးထောင်သည် သက်ဝင်ယုံကြည်သူများကို မည်ကဲ့သို့ တိုးပွားအောင်လုပ်ပြီး နတ်ဘုရားစွမ်းအင်များကို မည်သို့ လေ့ကျင့်ယူမည်နည်း။ မကောင်းဆိုးဝါး ဝိညာဉ်များကို မည်သို့ နှိမ်နင်းပြီး ကောင်းကင်ဧကရာဇ် ပလ္လင်ဆီကို တက်လှမ်းကြမည်နည်း။ မင်းကတော့ အနိုင်မရနိုင်တဲ့ ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့ လမ်းစဖောက်တဲ့အနေနဲ့ ကုဋေကုဋာမကတဲ့ မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေကို သတ်ဖြတ်ဖို့ မကြောက်မရွံ့ ရှေ့ဆက်လှမ်းနေမလား။ ဒါမှမဟုတ် အစွမ်းထက်ဆုံး ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့အတွက် နှစ်ပေါင်း သန်းချီ၊ ကုဋေချီအောင် အသက်ရှင်သန်နေထိုင်မလား။ …… လီယွဲ့တစ်ယောက် ပူဇော်သက္ကာများအား အဆတစ်ရာ တိုးပွါးစေနိုင်သည့် တောရိုင်းနတ်ဘုရားများ အားလုံးထဲမှာ သူတစ်ယောက်တည်းသာ ရရှိထားသော အခြေအနေကို ရှာဖွေတွေ့ရှိသွားပါသည်။ [ယုံကြည်သူမှ သင့်ကို အားဖြည့်မြက် တစ်ပင် ပူဇော်လိုက်ရာမှ သင်ဟာ နဂါးသွေး မီးတောက်မြက် တစ်ပင်ကို ရရှိလိုက်ပါသည်။] [ယုံကြည်သူမှ သင့်ကို မီးကျီးကျီးကန်း အလောင်း တစ်ခု ပူဇော်လိုက်ရာမှ သင်ဟာ နေမင်းရွှေကျီးကန်း အလောင်း တစ်ခုကို ရရှိလိုက်ပါသည်။] [ယုံကြည်သူမှ သင့်ကို သူတော်စင်လက်နက် တစ်ခု ပူဇော်လိုက်ရာမှ သင်ဟာ အထွတ်အထိပ် ဧကရာဇ်လက်နက် တစ်ခုကို ရရှိလိုက်ပါသည်။] [ယုံကြည်သူမှ သင့်ကို သုံးကြိမ်မြောက် ဧကရီ တစ်ပါးကို ပူဇော်လိုက်ရာမှ သင်ဟာ မြေအောက်ကမ္ဘာရဲ့ နတ်ဘုရားမ တစ်ပါးကို ရရှိလိုက်ပါသည်။] "ငါ တည့်တည့်ပဲ ပြောလိုက်မယ်" "အခုကစပြီး ငါဟာ ကောင်းကင်ဘုံနဲ့ ကမ္ဘာပေါင်းစုံကို အစိုးရတဲ့ ကောင်းကင်ဧကရာဇ်ပဲ… ဘယ်သူက ထောက်ခံပြီး ဘယ်သူက ကန့်ကွက်မလဲ" လီယွဲ့သည် ကောင်းကင်ဘုံ၏ အနက်ရှိုင်းဆုံးနေရာ၌ ထိုင်နေပြီး သူ့ခြေဖဝါးအောက်တွင်တော့ ကျယ်ပြောလှသည့် မြေအောက်ကမ္ဘာ ရှိနေပါသည်။ သူသည် ကောင်းကင်ဘုံနှင့် လူ့လောကကို အေးစက်တည်ငြိမ်သော အကြည့်များနှင့် ငုံ့ကြည့်နေတော့၏။ ***** ဘာသာပြန်ဆရာမ ရဲ့ ၄ အုပ်မြောက် စာစဥ်လေးဖြစ်ပါတယ်ဗျ

