← Chapters

အခန်း ၅၈

Vol. 4 Ch. 58

အခန်း ၅၈

Vol. 4 Ch. 58

အခန်း (၅၈) … ကျေးရွာမှ မြို့နယ်အဖြစ် ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုနှင့် ခရိုင်ဝန်၏ တံဆိပ်တုံး

“ဒါ... ဒါက... ဘယ်လို... စွမ်းအားမျိုးလဲ...”

ကြွက်မိစ္ဆာသည် လုံးဝမလှုပ်ရှားနိုင်တော့ဘဲ သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကာ နှလုံးသားထဲတွင်လည်း အဆုံးမရှိသော ကြောက်ရွံ့မှုများ ခံစားနေရ၏။

ဒါက မယုံနိုင်စရာပဲ။

သူသည် တတိယအဆင့် အထွတ်အထိပ် ခွန်အားရှိသော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်ချေ။ သူ ခံစားလိုက်ရသည်မှာ … ဤစွမ်းအားသည် ကောင်းကင်မျောက်တောင် သို့ သွားရောက်ပူဇော်ရာတွင် မဟာမိစ္ဆာဘုရင် နောက်သို့ လိုက်ပါလာသည့် ကောင်းကင်မျောက်ဘိုးဘေးထက်ပင် ပိုမိုကြောက်စရာ ကောင်းနေ၏။

ဤနေရာ၌ … ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး မည်သို့ရှိနေနိုင်သနည်း။

ကျောက်ကျိုယွမ်သည် ဤနေရာသို့ ထွက်ပြေးလာခြင်းဖြစ်ပြီ သူ၏နောက်ကွယ်တွင် အမှန်တကယ်ပင် အင်အားကြီးမားသော စွမ်းအားတစ်ခုက ကူညီပေးနေခြင်း ဖြစ်၏။ သူ နောင်တရမိသွားသည်။ ပိုပြီး ဂရုမစိုက်ခဲ့မိသည်ကို နောင်တရမိခြင်း ဖြစ်၏။

သို့သော် သူတို့သည် ခရိုင်မြို့အတွင်း၌ ရမ်းကားနေကျဖြစ်ရာ ဤကဲ့သို့ ဝေးလံခေါင်ဖျားသော တောင်တန်းဒေသတွင် မည်သို့လျှင် ဂရုစိုက်နေပါမည်နည်း။

ကြောင်မိစ္ဆာနှစ်ကောင်မှာမူ သေလုမတတ် ထိတ်လန့်နေကြ၏။ အကယ်၍ သူတို့သာ ထိုနေရာတွင် တောင့်တင်းမနေခဲ့ပါက သူတို့၏ ဆီးနှင့် ဝမ်းများကိုပင် ထိန်းနိုင်ကြမည် မဟုတ်ပေ။

“အသက်... အသက်ချမ်းသာပေးပါ...”

ကြွက်မိစ္ဆာမှ ခက်ခဲစွာ ပြောလိုက်၏။

သူသည် မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြောခဲ့ပေ။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် မိမိ၏ နောက်ခံကို ထုတ်ပြောခြင်းမှာ အပိုသာဖြစ်မည်ဟု သူ ခံစားလိုက်ရသည်။

ဘာပဲဖြစ်ဖြစ် သူတို့၏ ယစ်မူးမိစ္ဆာတောင် တွင် စတုတ္ထအဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည် မဟုတ်ပါလား။

သို့သော် မဟာမိစ္ဆာဘုရင်မှာ စတုတ္ထအဆင့် အလယ်အလတ်သာ ရှိပြီး သူတို့ကို ဤနေရာတွင် တောင့်တင်းသွားအောင် လုပ်နိုင်သည့် ပုဂ္ဂိုလ်နှင့် ယှဉ်လျှင်မူ များစွာ နိမ့်ကျလှပေသည်။ တတိယအဆင့် အထွတ်အထိပ် တစ်ဦးအနေဖြင့် … သူ၏ အသိပညာမှာ တတိယအဆင့် မြင့်မားသော ပင့်ကူမိစ္ဆာထက် များစွာ သာလွန်လှ၏။

ဘုန်း …

ကောင်းကင်နှင့် မြေကြီးကြားမှ မိုးခြိမ်းသံကဲ့သို့သော အသံများကို သူတို့ ကြားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးတော်ကို ပြသလိုက်တော့သည်။ ထို့နောက် ခေါင်းသုံးလုံးရှိသော မိစ္ဆာမှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့၏။ မိစ္ဆာများ၏ ဝိညာဉ်များသည် လီယွဲ့အတွက် အသုံးမဝင်ပေ။ သူသည် ဖြောင့်မတ်သော နတ်ဘုရားတစ်ပါးဖြစ်ရာ ထိုကဲ့သို့သော ယုတ်ညံ့သော မိစ္ဆာမှော်လက်နက်များကို ဖန်တီးလိမ့်မည် မဟုတ်ပေ။ သူ၏ လက်အောက်ရှိ ဝိညာဉ်စစ်သည်များနှင့် နတ်တမန်များမှာလည်း ဖြောင့်မတ်ကြသူများဖြစ်ပြီး ဝိညာဉ်များကို ဝါးမြိုခြင်းကဲ့သို့သော အောက်တန်းကျသည့် အရာများကို စက်ဆုပ်ရွံရှာကြသူများ ဖြစ်၏။

ဝှစ် …

နောက်တစ်ခဏတွင်။

ခေါင်းသုံးလုံးရှိသော မိစ္ဆာ၏ အလောင်းမှာ ပျောက်ကွယ်သွားပြီး လီယွဲ့က နတ်ဘုရားနယ်မြေ အတွင်းသို့ သိမ်းဆည်းလိုက်တော့သည်။

“ကျွန်တော့်မိသားစု တစ်ခုလုံးကို ကယ်တင်ပေးပြီး လိုက်လံဖမ်းဆီးသူတွေကို နှိမ်နင်းပေးတဲ့အတွက် အရှင်လီယွဲ့ကို ကျေးဇူးတင်ရှိပါတယ်"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်ကျိုယွမ်သည် အလွန်ပင် စိတ်လှုပ်ရှားကြည်ညိုစွာဖြင့် ချက်ချင်း ဒူးထောက်လိုက်ပြီး သူ၏ အနက်ရှိုင်းဆုံး ကျေးဇူးတင်မှုကို ဖော်ပြလိုက်၏။

သူ၏ ဘေးတွင်မူ သူ၏ ဇနီး၊ သားဖြစ်သူ ကျောက်ယီနျန်၊ ချွေးမနှင့် မြေးဖြစ်သူ ကျောက်ယုံယွမ် တို့သည်လည်း အရှင်လီယွဲ့၏ ကူညီမှုကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြရန် အားလုံး ဒူးထောက်လိုက်ကြသည်။ သူတို့အားလုံး အလွန်အမင်း တုန်လှုပ်နေကြ၏။ ဤမျှ အင်အားကြီးမားသော ခေါင်းသုံးလုံးရှိ မိစ္ဆာကို အရှင်လီယွဲ့က ခုခံခွင့်ပင် မပေးဘဲ ချက်ချင်း နှိမ်နင်းလိုက်ခြင်း ဖြစ်သည်။ ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးလဲ။ တကယ့်ကို မယုံနိုင်စရာပဲ။

သူတို့ ခံစားလိုက်ရသည်မှာ ခရိုင်အတွင်းရှိ အကြောက်ရွံ့ရဆုံး မိစ္ဆာဖြစ်သည့် ဒဏ္ဍာရီလာ ကောင်းကင်မျောက်ဘိုးဘေးပင်လျှင် ဤမျှအထိ ကြောက်စရာ ကောင်းမည် မဟုတ်ဟု ဖြစ်၏။ “မိစ္ဆာတွေကို နှိမ်နင်းပြီး ကျွန်ုပ်တို့ ယုံကြည်သူတွေကို အကာအကွယ်ပေးတဲ့အတွက် အရှင်လီယွဲ့ကို ကျေးဇူးတင်ရှိပါတယ်"

လီယူမင်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“မိစ္ဆာတွေကို နှိမ်နင်းပြီး ကျွန်ုပ်တို့ ယုံကြည်သူတွေကို အကာအကွယ်ပေးတဲ့အတွက် အရှင်လီယွဲ့ကို ကျေးဇူးတင်ရှိပါတယ်"

အခြားသော ရွာသားများလည်း အလွန်ပင် ကျေးဇူးတင်နေကြသည်။ တစ်ချိန်တည်းမှာပင် အရှင်လီယွဲ့ မိစ္ဆာများကို နှိမ်နင်းသည်ကို ပထမဆုံးအကြိမ် မျက်မြင်တွေ့လိုက်ရသော ယုံကြည်သူ အများအပြားမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။

နတ်ဘုရား။

ဤအရှင်သည် သူတို့၏ လေးပြင်ကျယ်ကျေးရွာကို စောင့်ရှောက်သော နတ်ဘုရား ဖြစ်သည်။ ဤမျှ အင်အားကြီးမားသော နတ်ဘုရား၏ အကာအကွယ်ရှိနေသရွေ့ သူတို့သည် မိစ္ဆာများ၏ ဘေးရန်ကို ကြောက်နေစရာ မလိုတော့ပေ။

...

နတ်ဘုရားနယ်မြေ အတွင်းဝယ်။

လီယွဲ့သည် မိစ္ဆာသုံးကောင်၏ အလောင်းများကို နတ်ဘုရားဆိုင် အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ထည့်သွင်း၍ ရောင်းချလိုက်၏။ စုစုပေါင်း ထာဝရတန်ခိုးတော် ၂၉၅ ကို ရောင်းချရရှိခဲ့သည်။

“ဒုတိယအဆင့် ယင်စစ်သည် နတ်လက်နက် တစ်ခုကို ပင်ပင်ပန်းပန်း ဖန်တီးဖို့ ငါ့မှာ နှစ်ရက်ခွဲ အချိန်ယူရတယ်လေ”

သူ ပြုံးလိုက်သည်။

ထို့နောက် သူ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး ယုံကြည်သူ၏ သတင်းစကားကို ဖွင့်ကြည့်လိုက်၏။

...

[နေ့စဉ် နံ့သာတိုင်ပူဇော်မှု] … ၁၆,၅၄၄

[တရားဒေသနာအဆင့် ယုံကြည်သူ] … ၀ ဦး

[နေ့စဉ် နံ့သာတိုင် ၁၀၀,၀၀၀ ပေးစွမ်းသည်]

[ကောင်းကင်အဆင့် ယုံကြည်သူ] … ၀ ဦး

[နေ့စဉ် နံ့သာတိုင် ၁၀,၀၀၀ ပေးစွမ်းသည်]

[သူတော်စင်အဆင့် ယုံကြည်သူ] … ၀ ဦး

[နေ့စဉ် နံ့သာတိုင် ၁,၀၀၀ ပေးစွမ်းသည်] [အဆင့်အေ ယုံကြည်သူ] … ၁၆ ဦး

[နေ့စဉ် နံ့သာတိုင် ၁၀၀ ပေးစွမ်းသည်]

[အဆင့်ဘီ ယုံကြည်သူ] … ၁,၁၀၅ ဦး

[နေ့စဉ် နံ့သာတိုင် ၁၀ ပေးစွမ်းသည်]

[အဆင့်စီ ယုံကြည်သူ] … ၃,၉၅၄ ဦး

[နေ့စဉ် နံ့သာတိုင် ၁ ပေးစွမ်းသည်]

[အဆင့်ဒီ ယုံကြည်သူ] … ၃၉၈ ဦး

[ဆယ်ရက်လျှင် နံ့သာတိုင် ၁ ပေးစွမ်းသည်]

...

“ယုံကြည်သူ ငါးထောင် လေးရာ ခုနစ်ဆယ့်နှစ်ဦး”

“နေ့စဉ် ရရှိနိုင်တဲ့ ထာဝရတန်ခိုးတော် ပမာဏဟာ ၁၆ အထိ ရောက်လာပြီပဲ”

လီယွဲ့ ကျေနပ်သွား၏။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ပိုတိုးလာသော အဆင့်အေ ယုံကြည်သူ သုံးဦးကို သူ ကြည့်လိုက်၏။

မူလက အဆင့်အေ ယုံကြည်သူ ၁၂ ဦး ရှိခဲ့ပြီး နောက်ပိုင်းတွင် ကျောက်ကျိုယွမ် ထပ်တိုးလာကာ ယခု မဟာပူဇော်ပွဲတွင် သုံးဦး ထပ်တိုးလာခြင်း ဖြစ်သည်။

ကျောက်ကျိုယွမ်သည် သူတော်စင်အဆင့် ယုံကြည်သူအဖြစ်သို့ လုံးဝ မရောက်ရှိသေးဘဲ သူသည် အဆင့်အေ ယုံကြည်သူသာ ရှိသေး၏။ သူတော်စင်ဖြစ်ခြင်း ဆိုသည်မှာ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး နေ့ချင်းညချင်း ဖြစ်လာနိုင်သော အရာမဟုတ်ပေ။

“ကျိုးပိုင်ချွမ်း၊ ကွမ်းယွီ၊ ချန်ကျင်”

“ဟမ်”

“ဒီကွမ်းယွီကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ”

“သူ့ရဲ့ ပါရမီက ကျောက်ကျိုယွမ်နဲ့ တန်းတူပဲ”

“ဒါပေမဲ့ ကျောက်ကျိုယွမ်က မွေးကတည်းက နီမြန်းတောက်ပတဲ့ နှလုံးသားနဲ့ ကြွယ်ဝတဲ့ သွေးနဲ့ ချီစွမ်းအင်တွေ ပါလာတာ”

“ကွမ်းယွီကတော့ မွေးကတည်းက သန်မာတဲ့ ညာလက်မောင်း ပါလာတာပဲ… သူသာ ဓားသိုင်း လေ့ကျင့်မယ်ဆိုရင် သူ့သက်တူရွယ်တူတွေကြားမှာ သူ့ကို ယှဉ်နိုင်ဖို့ ခက်လိမ့်မယ်”

လီယွဲ့ အတော်လေး အံ့သြသွား၏။ သူ၏ အကြည့်သည် ငါးထောင်ကျော်သော ယုံကြည်သူများပေါ်သို့ ပျံ့နှံ့သွားသည်။

သို့သော် ဒုတိယမြောက် ပါရမီရှင်ကို ရှာမတွေ့ခဲ့ပေ။ ထိုအစား ကျောက်ကျိုယွမ် ပြန်ခေါ်လာသည့် သူ၏မြေး ကျောက်ယုံယွမ်ထံတွင် ပါရမီရှင်တစ်ဦး၏ အရိပ်အယောင်များကို ရှာဖွေတွေ့ရှိခဲ့၏။

“နောက်တစ်ကြိမ်မှာ နတ်ဘုရားကျေးဇူးတော် ထပ်ပြီး ပေးသနားရဦးမယ်”

သူ အနည်းငယ် အံ့သြသွားရုံသာ ရှိပြီး ထို့နောက် အာရုံစိုက်ခြင်းကို ရပ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့... ထူးခြားတဲ့ ပါရမီရှိသူတွေဆိုတာတောင် ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။

သက်တူရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်း ဖြစ်နေရင်ရော ဘာဖြစ်သလဲ။

ဒုတိယအဆင့် ပြိုင်ဘက်ကင်းသူ တစ်ဦးဖြစ်နေပါစေ တတိယအဆင့် ပြိုင်ဘက်ကိုတော့ သူ ဘယ်တော့မှ အနိုင်မတိုက်နိုင်ပါဘူး။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညနေခင်းသို့ ရောက်ရှိလာ၏။

လီယွဲ့၏ အကြည့်သည် တရားထိုင်နေသော လီယူမင်ပေါ်သို့ ကျရောက်သွားပြီး ခံ့ညားထည်ဝါပြီး အစွမ်းထက်သော အသံတစ်ခုသည် လီယူမင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားတော့သည်။

“လီယူမင်”

“လေးပြင်ကျယ်ကျေးရွာမှာ လူဦးရေ အများကြီး ရှိနေပြီ… ဒါကြောင့် ဒီရွာကို မြို့နယ်အဖြစ် ပြောင်းလဲဖို့ ငါ အမိန့်ပေးလိုက်တယ်”

“ဒါကို နှစ်လအတွင်း အပြီးလုပ်ပါ”

လေးပြင်ကျယ်ကျေးရွာကို လေးပြင်ကျယ်မြို့နယ်အဖြစ် မြှင့်တင်မှသာ သူသည် အဋ္ဌမအဆင့် နတ်ဘုရားအဖြစ် တက်လှမ်းနိုင်ပြီး မြေစောင့်နတ်ဘုရား ဖြစ်လာနိုင်မည် ဖြစ်သည်။

နတ်ဘုရားလမ်းစဉ်နှင့် လူသားလမ်းစဉ်တို့သည် အမြဲတမ်း တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေကြသည် မဟုတ်ပါလား။

လူသားများက နတ်ဘုရားများအတွက် နံ့သာတိုင်ပူဇော်မှုနှင့် နယ်မြေကို ပေးအပ်ကြပြီး နတ်ဘုရားများက လူသားများအတွက် အကာအကွယ်နှင့် ကောင်းချီးများကို ပေးအပ်ကြ၏။ ဤခေတ်ကာလတွင် နှစ်မျိုးလုံးမှာ မရှိမဖြစ် လိုအပ်လှပေသည်။ နတ်ဘုရားအကာအကွယ် မရှိလျှင် လူသားများသည် မိစ္ဆာများ၏ အစာ ဖြစ်သွားကြလိမ့်မည်။ လူသားများ၏ ကိုးကွယ်မှု မရှိလျှင်လည်း နတ်ဘုရားများသည် အမြစ်မရှိသော မှော်ပင်များကဲ့သို့ ဖြစ်သွားကြလိမ့်မည်။

ဘာကြောင့် သူ နတ်ဘုရားအမိန့်ကို စောစောမထုတ်ပြန်ခဲ့သနည်း။ သဘာဝကျကျပင် နတ်ဘုရားစနစ်တွင် လူဦးရေ ငါးထောင်ရှိမှသာ မြို့နယ်ဟု ခေါ်ဆိုရန် အရည်အချင်းပြည့်မီသောကြောင့် ဖြစ်၏။ အကယ်၍ လူဦးရေ မလုံလောက်လျှင် ကျေးရွာကို မြို့နယ်အဖြစ် ပြောင်းလဲလိုက်စေကာမူ ၎င်းကို နတ်ဘုရားဥပဒေသများက အသိအမှတ်ပြုမည် မဟုတ်ပေ။ ဥပမာအားဖြင့် ယနေ့ခေတ် ဆန်ကူမြို့နယ်ကို ကြည့်ပါ။

နတ်ဘုရားဥပဒေသများအရ ၎င်းကို ကျေးရွာတစ်ရွာအဖြစ်သာ သတ်မှတ်နိုင်ပေသည်။

ယခုမူ မဟာပူဇော်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

လီယူမင်သည် ကျေးရွာကို မြို့နယ်အဖြစ် ပြောင်းလဲခြင်း ဟူသော အရေးကြီးသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် အချိန်ရသွားပြီ ဖြစ်၏။

...

“ကျွန်တော်မျိုး အရှင်လီယွဲ့ရဲ့ နတ်ဘုရားအမိန့်တော်ကို နာခံပါ့မယ်"

လီယူမင် ဒူးထောက်၍ ကြည်ညိုစွာ ဦးညွှတ်လိုက်သည်။ ထို့နောက် သူ ထရပ်လိုက်ပြီး သူ၏မျက်နှာတွင် စဉ်းစားနေသော အမူအရာ ပေါ်လာ၏။

ကျေးရွာကို မြို့နယ်အဖြစ် ပြောင်းလဲခြင်း။

ဤသည်မှာ လေးပြင်ကျယ်ကျေးရွာ မလွဲမသွေ လုပ်ဆောင်ရမည့် ခြေလှမ်းတစ်ခု ဖြစ်သည်။ အမှန်စင်စစ် သူသည် ထိုသို့လုပ်ဆောင်ရန် အစီအစဉ် ရှိပြီးသား ဖြစ်၏။

ဘာပဲဖြစ်ဖြစ် လူဦးရေ ဒီလောက်များနေတာကို လေးပြင်ကျယ်ကျေးရွာလို့ပဲ ခေါ်နေလို့ ဘယ်ဖြစ်ပါ့မလဲ။

သဘာဝကျကျပင် လေးပြင်ကျယ်မြို့နယ်လို့ အမည်ပြောင်းသင့်သည် မဟုတ်ပါလား။

သို့သော် ကျေးရွာကို မြို့နယ်အဖြစ် ပြောင်းလဲခြင်းသည် အမည်ပြောင်းရုံနှင့် မပြီးပေ။ အကယ်၍ အမည်ပြောင်းရုံသက်သက်ဆိုလျှင် အရှင်လီယွဲ့က ၎င်းကို နှစ်လအတွင်း အပြီးဆောင်ရွက်ရန် ခွင့်ပြုပါမည်လော။

“မဟာကျိုးမင်းဆက် ပျက်သုဉ်းသွားပြီ ဆိုပေမဲ့ မြို့အသီးသီးရဲ့ တရားဝင် တံဆိပ်တုံးတွေကတော့ ရှိနေသေးတယ်”

“ဒီတံဆိပ်တုံးတွေက လူသားအားလုံး အသိအမှတ်ပြုထားတဲ့ ဒီလောကရဲ့ တရားဝင် အာဏာစက်တွေ ဖြစ်နေတုန်းပဲ”

“ကျေးရွာကို မြို့နယ်အဖြစ် ပြောင်းလဲဖို့ဆိုရင် ခရိုင်ရုံးကနေ စာရွက်စာတမ်း ထုတ်ပေးရမယ်… ပြီးတော့ ခရိုင်ဝန်ရဲ့ တံဆိပ်တုံး ထုနှိပ်ထားမှသာ တရားဝင် ပြောင်းလဲမှုလို့ သတ်မှတ်နိုင်မှာ ဖြစ်တယ်”

လီယူမင် တစ်ယောက်တည်း ရေရွတ်လိုက်သည်။

သူသည် ဤအကြောင်းကို သိရှိပြီးသား ဖြစ်၏။ ထို့နောက် တံခါးဝတွင် စောင့်နေသော ကိုယ်ခံပညာရှင်ကို ကြည့်၍ အမိန့်ပေးလိုက်သည်။

“သွားပြီး ကျောက်ကျိုယွမ်ကို အခုချက်ချင်း ဒီကို ခေါ်ခဲ့ပါ”

ခရိုင်မြို့အကြောင်းကို သိရှိဖို့ဆိုလျှင် ခရိုင်မြို့ရှိ ကျောက်မိသားစုမှ ဤကိုယ်ခံပညာဆရာကြီးသည် အသိဆုံး ဖြစ်မည်မှာ သေချာ၏။

နေ့ခင်းပိုင်းက သူသည် ကျောက်ကျိုယွမ်ကို သူ၏မိသားစုနှင့်အတူ အနားယူရန် ပြောခဲ့သဖြင့် သူတို့ ထွက်ပြေးလာရသည့် အခြေအနေကို အသေးစိတ် မမေးမြန်းရသေးပေ။

“ဒါပေမဲ့ ငါ အမြဲ ခံစားနေရတာက … ”

“ကျောက်ကျိုယွမ်ဟာ ကောင်းကင်ယံကို ပျံတက်တော့မယ့် လူတစ်ယောက်လို ခံစားနေရတယ်...”

သူ တိုးတိုးလေး ဆို၏။

ဤခံစားချက်မှာ သူတော်စင်ဖြစ်တော့မည့် အရိပ်အယောင်များ ပြနေသည့် ကျောက်ကျိုယွမ်၏ ဝိညာဉ်ကြောင့် သူ ခံစားလိုက်ရခြင်း ဖြစ်ပေသည်။

All Chapters