← Chapters

အခန်း ၅၉

Vol. 4 Ch. 59

အခန်း ၅၉

Vol. 4 Ch. 59

အခန်း (၅၉) … ကျောက်ကျိုယွမ် ပြောင်းလဲရခြင်း အကြောင်းရင်း … နောက်ထပ် မိစ္ဆာဆိုးတစ်ခု

“အရှင် နတ်စင်ဂေါပက"

ကျောက်ကျိုယွမ်မှာ လီယူမင်ကို ကြည်ညိုစွာ ဦးညွှတ်လိုက်၏။ သူ၏ဆံပင်များမှာ ဖြူဖွေးနေသော်လည်း အဝတ်အစားသစ်များလဲလှယ်၍ ကိုယ်လက်သန့်စင်ကာ တစ်ရက်ခန့် အနားယူပြီးနောက်တွင်မူ နံနက်ပိုင်းကထက် များစွာ လန်းဆန်းတက်ကြွနေပုံ ရသည်။

“မစ္စတာကျောက်… ကျွန်တော် ခေါ်ခိုင်းလိုက်တာက အရှင်လီယွဲ့ဆီက နတ်ဘုရားအမိန့်တစ်ခု ရထားလို့ပါ”

လီယူမင် တည်ငြိမ်စွာ ဆို၏။

“နတ်ဘုရားအမိန့် ဟုတ်လား”

ကျောက်ကျိုယွမ်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပြီး သူ၏ အမူအရာမှာ ချက်ချင်းပင် လေးနက်သွားတော့သည်။

“အရှင်လီယွဲ့က ဘယ်လို နတ်ဘုရားအမိန့်ကို ပေးသနားလိုက်တာလဲ”

သူ အနည်းငယ် စိတ်လှုပ်ရှားနေ၏။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ သူ ပထမဆုံးအကြိမ် ကြားနာရသော နတ်ဘုရားအမိန့်တော် ဖြစ်သည် မဟုတ်ပါလား။

တဖြည်းဖြည်း သူတော်စင်ဖြစ်လာနေသော ပထမတန်းစား ယုံကြည်သူတစ်ဦးအနေဖြင့် အရှင်လီယွဲ့အပေါ် သူ၏ ယုံကြည်ကိုးစားမှုမှာ သံသယဖြစ်စရာ မလိုပေ။

“လေးပြင်ကျယ်ကျေးရွာမှာ လူဦးရေ အများကြီး ရှိနေပြီမို့လို့ ဒီရွာကို မြို့နယ်အဖြစ် ပြောင်းလဲဖို့ အရှင်လီယွဲ့က အမိန့်ပေးလိုက်တယ်”

“ခင်ဗျား သိတဲ့အတိုင်း ကျေးရွာကို မြို့နယ်အဖြစ် ပြောင်းလဲဖို့ဆိုရင် ခရိုင်ဝန်ဆီကနေ စာရွက်စာတမ်း လိုအပ်တယ်… ခရိုင်ဝန်ရဲ့ တံဆိပ်တုံး ထုထားမှသာ တရားဝင် ဖြစ်မှာပါ”

“ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာကျောက်နဲ့ ဆွေးနွေးဖို့ လိုအပ်နေတယ်”

လီယူမင်၏ အသံမှာ လေးနက်လှ၏။

သူသည် နတ်ဘုရား၏ အမိန့်တော်များကို ဆောင်ရွက်ရာတွင် အမြဲတမ်း စေ့စပ်သေချာပြီး ပြီးပြည့်စုံအောင် ကြိုးစားလေ့ရှိသူ ဖြစ်သည်။

“ကျေးရွာကို မြို့နယ်အဖြစ် ပြောင်းလဲဖို့...”

ကျောက်ကျိုယွမ် စဉ်းစားနေပုံ ရသည်။

သူသည် နတ်ဘုရားအမိန့်ကို မည်သည့်အခါမျှ သံသယမဝင်သကဲ့သို့ အခြားသော အတွေးမျိုးလည်း မရှိပေ။ သူသည် အရှင်လီယွဲ့၏ နတ်ဘုရားအမိန့်ကို အကောင်းဆုံး ဆောင်ရွက်နိုင်ရန်သာ အလိုရှိ၏။

သို့သော် အမှန်တကယ်ပင် အခက်အခဲအချို့ ရှိနေသည်။

“အရှင် နတ်စင်ဂေါပက… အရင်တုန်းကဆိုရင် လေးပြင်ကျယ်ကျေးရွာကို မြို့နယ်အဖြစ် ပြောင်းလဲဖို့က လွယ်ကူပါတယ်”

“ဒါပေမဲ့ အခု ကျွန်တော့်မြေး ယုံယွမ်က ယစ်မူးမိစ္ဆာတောင် ရဲ့ တတိယမြောက်ဘုရင်ရဲ့ စတုတ္ထမြောက်သားကို သတ်ခဲ့ပြီးပြီ… ဒါကြောင့် ယစ်မူးမိစ္ဆာတောင်ကို လုံးဝ စော်ကားမိသလို ဖြစ်သွားပြီ”

“ကျွန်တော်တို့သာ ခရိုင်မြို့ကို သွားမယ်ဆိုရင် ယစ်မူးမိစ္ဆာတောင်ရဲ့ လက်စားချေတာကို သေချာပေါက် ခံရပါလိမ့်မယ်”

သူ သက်ပြင်းတိုးတိုးလေး ချလိုက်၏။

သူတို့၏ လေးပြင်ကျယ်ကျေးရွာသည် ယစ်မူးမိစ္ဆာတောင်ကို သဘာဝကျကျပင် မကြောက်ပေ။ ဤနေရာတွင် အရှင်လီယွဲ့၏ အကာအကွယ် ရှိနေသရွေ့ ယစ်မူးမိစ္ဆာတောင်က ဘယ်မိစ္ဆာပဲလာလာ သေရမည်မှာ သေချာလှသည်။

ဒါပေမဲ့ အဲဒါက အရှင်လီယွဲ့ရဲ့ နတ်ဘုရားစွမ်းအားကြောင့်ပဲလေ။

သူနှင့် လီယူမင်မှာ တတိယအဆင့်မှာသာ ရှိသေးသဖြင့် အကယ်၍ သူတို့ လေးပြင်ကျယ်ကျေးရွာမှ ထွက်ခွာ၍ ခရိုင်မြို့သို့ သွားမည်ဆိုလျှင် ယစ်မူးမိစ္ဆာတောင်မှ စတုတ္ထအဆင့် မဟာမိစ္ဆာဘုရင်ကို မည်သို့ ခုခံနိုင်ပါမည်နည်း။

“ဒါက ကိစ္စမရှိပါဘူး”

“နတ်စင်ဂေါပက တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ အရှင်လီယွဲ့ကို ဖိတ်ခေါ်နိုင်စွမ်း ရှိပါတယ်… ယစ်မူးမိစ္ဆာတောင်က စတုတ္ထအဆင့် မိစ္ဆာလောက်ကတော့ ပြောနေစရာတောင် မလိုပါဘူး"

လီယူမင် ပြုံးလိုက်ပြီး မြေစောင့်နတ်စင်ရှိရာသို့ ကြည်ညိုစွာ ဦးညွှတ်လိုက်၏။

“နတ်စင်ဂေါပကက အရှင်လီယွဲ့ကို အမှန်တကယ် ဖိတ်ခေါ်နိုင်တာလား”

“ဒါဆိုရင်တော့ ဘာပြဿနာမှ မရှိတော့ဘူးပေါ့”

ကျောက်ကျိုယွမ် အလွန်ဝမ်းသာသွားသည်။ အရှင်လီယွဲ့သည် စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်၏။

နတ်ဘုရားတစ်ပါး ဆင်းသက်လာမည် ဆိုလျှင် ၎င်း၏ နတ်ဘုရားတန်ခိုးတော်မှာ အဆုံးမဲ့လှသဖြင့်၊ မည်သည့် စတုတ္ထအဆင့် မိစ္ဆာပင်လာပါစေ အလွယ်တကူ နှိမ်နင်းနိုင်မည် ဖြစ်သည်။

“မစ္စတာကျောက်… ခင်ဗျား ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို ကျွန်တော့်ကို ပြောပြလို့ ရမလား”

“ခင်ဗျားဟာ အရင်ကနဲ့ မတူတော့ဘူးလို့ ကျွန်တော် ခံစားနေရတယ်”

လီယူမင်၏ အကြည့်မှာ ကျောက်ကျိုယွမ်ပေါ်တွင် စွဲမြဲနေပြီး ထိုအခိုက်အတန့်၌ သူ့အနေဖြင့် တစ်ဖက်လူ၏ စိတ်အတွင်းပိုင်းတွင် တောက်ပသော အလင်းတန်းတစ်ခုသည် ကမ္ဘာလောကကို အလင်းပေးမည့် ကောင်းကင်ယံမှ ပူပြင်းလှသော နေမင်းကြီးအဖြစ်သို့ ပြောင်းလဲတော့မည့်အလား မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ၎င်းမှာ ထူးဆန်းသော်လည်း အလွန်ပင် စစ်မှန်လှပေသည်။ သူ၏ ခံစားချက် မှားနေလိမ့်မည်ဟု သူ မထင်ပေ။ ဘာပဲဖြစ်ဖြစ် သူသည် အရှင်လီယွဲ့ကိုယ်တိုင် ခန့်အပ်ထားသော နတ်စင်ဂေါပက တစ်ဦးဖြစ်ပြီး ကိုယ်ခံပညာရှင်များ၏ လမ်းစဉ်နှင့် မတူသော ချီကျင့်ကြံသူ တစ်ဦး ဖြစ်သည် မဟုတ်ပါလား။

“မတူဘူး ဟုတ်လား”

ကျောက်ကျိုယွမ် မှင်သက်သွား၏။ သူကိုယ်တိုင်တော့ ဘာမှ မခံစားရသဖြင့် ခါးသီးစွာ ပြောလိုက်သည်။

“အရှင် နတ်စင်ဂေါပက… ဒီတစ်ခေါက် ကျောက်မိသားစုဆီကို အပြန်မှာ ကျွန်တော့်ဆွေမျိုးတွေရဲ့ ဟန်ဆောင်မှုကို ကျွန်တော် ကိုယ်တိုင် တွေ့ခဲ့ရတယ်”

“အဲဒီနေ့က ကျွန်တော် ခရိုင်မြို့ကို အမြန်ပြန်သွားတဲ့အခါ ကျွန်တော့်မြေး ယုံယွမ်ကို ကျွန်တော့်ကျောက်မိသားစုက ဖမ်းဆီးထားပြီး ယစ်မူးမိစ္ဆာတောင်ကို ပို့ဖို့ လုပ်နေတာကို တွေ့ခဲ့ရတယ်”

“ကျွန်တော့်မြေးက ယစ်မူးမိစ္ဆာတောင်ရဲ့ တတိယဘုရင်ရဲ့ စတုတ္ထမြောက်သားကို သတ်မိလို့ ယစ်မူးမိစ္ဆာတောင်ကို စော်ကားမိခဲ့တယ်… ဒါကြောင့် ယစ်မူးမိစ္ဆာတောင်ရဲ့ ဒေါသက ကျောက်မိသားစုအပေါ် သက်ရောက်မှာကို သူတို့က ကြောက်နေကြတာ… ကျွန်တော် အရမ်းဝမ်းနည်းခဲ့ရပေမဲ့ ဒါကို လက်ခံဖို့ကလွဲပြီး တခြားနည်းလမ်း မရှိခဲ့ဘူး”

“ဒါပေမဲ့ ကျွန်တော့်ဆွေမျိုးတွေက...”

ဤနေရာသို့ ရောက်သောအခါ ကျောက်ကျိုယွမ်၏ မျက်လုံးများတွင် မထိန်းချုပ်နိုင်သော ဒေါသများ ပေါ်လာ၏။

“သူတို့က ကျွန်တော့်မြေးကိုပဲ ယစ်မူးမိစ္ဆာတောင်ကို ပို့တာ မဟုတ်ဘဲ ကျွန်တော့်အဘိုးရဲ့ မျိုးနွယ်စု ခုနစ်ခုလုံးက လူပေါင်း နှစ်ရာကျော်ကိုပါ ယစ်မူးမိစ္ဆာတောင်ဆီ ပို့ဖို့ လုပ်နေကြတာ"

“အဲဒီထဲမှာ ကျွန်တော်၊ ကျွန်တော့်မိန်းမ၊ သားဖြစ်သူ ယီနျန်နဲ့ ကျွန်တော့်ချွေးမတို့လည်း ပါတာပေါ့”

“ဒါတင်မကသေးဘူး … ”

ဤနေရာတွင် သူ၏လက်သီးများကို တင်းတင်းဆုပ်ထားပြီး သူ၏မျက်နှာမှာ အေးစက်နေတော့သည်။

“သူတို့က မွေးကင်းစကလေး ၅၀၀ ကိုလည်း တိတ်တဆိတ် ဖမ်းဆီးထားပြီး အဲဒီကလေးတွေအားလုံးကို ယစ်မူးမိစ္ဆာတောင်ကို အစာအဖြစ် ပို့ဖို့ ကြံစည်နေကြတာ"

“အဲဒီအချိန်ကျမှ ကျွန်တော် နားလည်သွားတယ်”

“သူတို့က ယစ်မူးမိစ္ဆာတောင်ကို ကြောက်နေကြတာ မဟုတ်ဘူး… ယစ်မူးမိစ္ဆာတောင်ရဲ့ မျက်နှာသာပေးမှုကို ရချင်နေကြတာ”

“ဘာပဲဖြစ်ဖြစ် ကျောက်မိသားစုဟာ ရွှမ်ခရိုင်မှာ အကြီးဆုံး မိသားစုဖြစ်ပြီး သူတို့နောက်ကွယ်က မိစ္ဆာအင်အားစုတွေကလည်း အဝေးကြီးအထိ ပျံ့နှံ့နေတာလေ”

“ကျွန်တော့်သားက ယစ်မူးမိစ္ဆာတောင်ရဲ့ တတိယဘုရင်ရဲ့ စတုတ္ထမြောက်သားကို သတ်ခဲ့တယ် ဆိုပေမဲ့ ယစ်မူးမိစ္ဆာတောင်အနေနဲ့ ကျောက်မိသားစု တစ်ခုလုံးကို အမှန်တကယ် ဒုက္ခပေးဖို့ဆိုတာ ခက်ခဲပါတယ်… အလွန်ဆုံးရှိမှ ကျွန်တော့်မိသားစုရဲ့ အသက်နဲ့ ပေးဆပ်ရမှာပဲလေ”

“ဒါပေမဲ့ ကျောက်မိသားစုက အဲဒီလို လုပ်ခဲ့တယ်… အဲဒီကလေးငယ် ၅၀၀ က ဘာအပြစ်လုပ်ခဲ့လို့လဲ”

“ဒါနဲ့ပဲ … ”

“ကျွန်တော် ဒေါသတကြီးနဲ့ မျိုးနွယ်စုခေါင်းဆောင်ကို သတ်ပစ်လိုက်ပြီး ကျောက်မိသားစုကို ပုန်ကန်ခဲ့တယ်”

“ခရိုင်ရုံးကိုလည်း အကြောင်းကြားခဲ့ပြီး အဲဒီကလေးငယ် ၅၀၀ ကို သူတို့အိမ်တွေကို ပြန်ပို့ဖို့ အစောင့်တွေကို ညွှန်ကြားခဲ့တယ်”

“အဲဒီနောက်မှာတော့ ကျွန်တော် ဇနီး၊ သားသမီးတွေနဲ့ မိဘတွေကို ခေါ်ပြီး မြို့ကနေ ထွက်ခဲ့တာ… လမ်းမှာတော့ ယစ်မူးမိစ္ဆာတောင်က လွှတ်လိုက်တဲ့ မိစ္ဆာတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရတယ်”

လီယူမင် ဤအကြောင်းကို ကြားလိုက်ရသောအခါ ကျောက်ကျိုယွမ် မည်မျှအထိ ဒေါသထွက်ခဲ့မည်ကို ခန့်မှန်းနိုင်ပေသည်။

မိသားစုခေါင်းဆောင်ကိုပင် သတ်ပစ်နိုင်သည်အထိ ဆိုလျှင် များစွာ စိတ်ပျက်ခဲ့ရမည်မှာ သေချာ၏။

ကျောက်ကျိုယွမ်သည် အလွန်အမင်း စိတ်ပျက်ပြီး သူ၏နှလုံးသားမှာ လုံးဝ အေးစက်သွားခြင်း မရှိခဲ့လျှင် ဤကဲ့သို့သော အမှုကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။

“ခံစားချက်လား”

“ကျောက်ကျိုယွမ်ရဲ့ ပြောင်းလဲမှုဟာ ပြင်းထန်လှတဲ့ ခံစားချက်တွေကြောင့် ဖြစ်နိုင်မလား”

လီယူမင် စဉ်းစားနေပုံ ရသည်။

ကျောက်ကျိုယွမ်၏ ပြောင်းလဲမှုက ဘာလဲဆိုတာ သူ မသိသော်လည်း သူ ခံစားမိတာက အဲဒီလို ပြောင်းလဲမှုမျိုးကို အရှင်လီယွဲ့မှ ကြိုဆိုသင့်သည်ဟု ဖြစ်၏။

ဒါက ပိုပြီး ခိုင်မာတဲ့ ယုံကြည်မှုဆီကို သွားမယ့် သော့ချက်တစ်ခု ဖြစ်နိုင်တယ်လေ။

လီယူမင် စဉ်းစားနေသည်ကို မြင်သောအခါ ကျောက်ကျိုယွမ်သည် စိတ်ကို တည်ငြိမ်အောင် ထား၍ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။

ပြောင်းလဲမှုလား။

ငါက အမှန်တကယ်ပဲ တစ်ခုခု ပြောင်းလဲသွားလို့လား။

ဒါပေမဲ့ နတ်စင်ဂေါပကက အဲဒီလို ပြောတယ်ဆိုမှတော့ ငါ့ကိုယ်ငါ သတိမထားမိတဲ့ ပြောင်းလဲမှုအချို့ ရှိနေလို့ ဖြစ်ရမယ်။

သူ မိမိကိုယ်မိမိ တွေးလိုက်၏။

ခဏအကြာတွင်။

လီယူမင် သူ၏အတွေးများကို စုစည်းလိုက်ပြီး ကျောက်ကျိုယွမ်ကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။

“မစ္စတာကျောက်… ကျေးရွာကို မြို့နယ်အဖြစ် ပြောင်းလဲတဲ့ကိစ္စကို သေချာဆောင်ရွက်ဖို့အတွက် ကျွန်တော်နဲ့အတူ ခရိုင်ရုံးကို လိုက်ဖို့ ဆန္ဒရှိပါသလား”

“သေချာပေါက် ရှိတာပေါ့"

ကျောက်ကျိုယွမ်က ချက်ချင်း ပြန်ဖြေလိုက်၏။

“ဒါဆိုရင် မနက်လင်းတာနဲ့ ကျွန်တော်တို့ ထွက်ကြမယ်”

လီယူမင်မှ ဆို၏။

နောက်တစ်နေ့ နံနက်တွင်။

လီယူမင်သည် မြင်းမိစ္ဆာ ပိုင်ရူရွှယ်ထံမှ ပထမအဆင့် စစ်မြင်းနှစ်ကောင်ကို ယူလာခဲ့သည်။ လူနှစ်ယောက်နှင့် မြင်းနှစ်ကောင်တို့သည် လေးပြင်ကျယ်ကျေးရွာမှ ချက်ချင်း ထွက်ခွာခဲ့ပြီး ရွှမ်ခရိုင်မြို့သို့ ဦးတည်သွားကြတော့သည်။ သူသည် အခြား မည်သူ့ကိုမျှ ခေါ်မသွားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ခရိုင်မြို့သို့ သွားမည့် ဤခရီးစဉ်မှာ အခက်အခဲများနှင့် ပြည့်နှက်နေမည်မှာ သေချာလှသည် မဟုတ်ပါလား။ လူများများ ခေါ်သွားလေလေ၊ ဒုက္ခများလေလေ ဖြစ်နိုင်ပေသည်။

“အရှင် နတ်စင်ဂေါပက… ခရိုင်မြို့ကို သွားတဲ့ လမ်းမှာ ခင်ဗျား အထူးဂရုစိုက်ရမယ့် နေရာတစ်ခု ရှိပါတယ်”

ကျောက်ကျိုယွမ်၏ အမူအရာမှာ လေးနက်လှ၏။

“လမ်းမကြီးရဲ့ ဘေးမှာ အိမ်ရာကြီးတစ်ခု ရှိတယ်… အဲဒီအိမ်ရာရဲ့ ပိုင်ရှင်က လူတွေကို ဧည့်ခံရတာ အရမ်းဝါသနာပါပြီး တံခါးဝမှာ အမြဲတမ်း ရပ်နေပြီး လူတွေကို အနားယူဖို့ ဖိတ်ခေါ်လေ့ရှိတယ်”

“ဒါပေမဲ့ အရှင် နတ်စင်ဂေါပက… ခင်ဗျား အဲဒီအိမ်ရာထဲကို လုံးဝ မဝင်သွားရဘူး”

“အဲဒါက မိစ္ဆာဆိုးတစ်ခုပဲ”

“စတုတ္ထအဆင့် မိစ္ဆာတစ်ကောင် တစ်ခါက အဲဒီထဲကို ဝင်သွားခဲ့ပေမဲ့ ဘယ်တော့မှ ပြန်ထွက်မလာတော့ဘူး”

...

နတ်ဘုရားနယ်မြေ အတွင်းဝယ်။

နတ်စင်ဂေါပက လီယူမင်မှတစ်ဆင့် ကျောက်ကျိုယွမ်၏ စကားကို ကြားလိုက်ရသောအခါ လီယွဲ့ ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။

မိစ္ဆာဆိုး ဟုတ်လား။

သူ၏ အမြင်တွင်မူ မိစ္ဆာဆိုးများ ဆိုသည်မှာ နတ်မှော်ဥပဒေသ အပိုင်းအစများကို ကိုယ်စားပြု၏။ သူ၏ လက်ထဲတွင် နတ်မှော်ဥပဒေသ အပိုင်းအစ ၅၀ ကျန်နေသေးသော်လည်း သဘာဝကျကျပင် ဤကဲ့သို့သော ရတနာများမှာ များလေကောင်းလေ ဖြစ်သည် မဟုတ်ပါလား။

သူသည် ဘယ်အချိန်မှာ နတ်ဘုရားအဆင့်အတန်းကို အပ်နှင်းနိုင်မလဲဆိုတာကိုပင် တွေးနေခဲ့ခြင်း ဖြစ်၏။ လက်အောက်ခံ နတ်ဘုရားတစ်ပါးကို အဆင့်အတန်း အပ်နှင်းရန်အတွက် နတ်မှော်ဥပဒေသ အပိုင်းအစ ၂၀၀ တိတိ လိုအပ်ပေသည်။

“အဲဒီ မိစ္ဆာဆိုးက ဘယ်အဆင့်မှာ ရှိသလဲ ကြည့်ရအောင်”

“အကယ်၍ အရင်က မိစ္ဆာစက္ကူအရုပ်ဆိုင်နဲ့ အဆင့်တူမယ်ဆိုရင်တော့ … ”

လီယွဲ့၏ မျက်လုံးများမှာ တောက်ပနေ၏။

အကယ်၍ နတ်ဘုရားအနေဖြင့် ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ရန် လိုအပ်လျှင်ပင် သူသည် ထိုမိစ္ဆာဆိုးကို ဖျက်ဆီးပစ်လိမ့်မည်။ ဒေသတွင်း အေးချမ်းသာယာမှုကို စောင့်ရှောက်သော မြေစောင့်နတ်ဘုရား လီယွဲ့အနေဖြင့် မိစ္ဆာဆိုးများ ရမ်းကားပြီး လူသားများကို ဒုက္ခပေးနေသည်ကို မည်သို့လျှင် ခွင့်ပြုနိုင်ပါမည်နည်း။

All Chapters