← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃ - အင်မော်တယ် ဓား၊ တောင်ပင်လယ် အင်မော်တယ်ဂိုဏ်း ရဲ့ ဆဋ္ဌမမြောက် ဆရာဘိုးဘေး

ထိုအရာမှာ လူနှင့် ဓား တစ်သားတည်းကျသည့် တိုက်ခိုက်မှု တစ်ခုပင် ဖြစ်သည်။ ပြိုင်ဘက်ကင်း ဓားတာအို နှင့် ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း လက်နက်တို့ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခြင်းမှ ဖြစ်ပေါ်လာသော တိုက်ခိုက်မှုဖြစ်ပြီး မယိမ်းယိုင်သော စွမ်းအားများဖြင့် ရှေ့သို့ တိုးဝင်လာသည်။

၎င်းသည် မိုးမြေပိတ်လှောင်ခြင်း စွမ်းအားများဖြင့် ချိတ်ပိတ် ထားသော ကောင်းကင်နှင့် မြေကြီးကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ဝုန်း...

ကောင်းကင်နှင့် မြေကြီးမှာ ပြောင်းပြန် ဖြစ်သွားပြီး ခါးသီးခြင်းပင်လယ််မှာလည်း ဆူပွက်သွားခဲ့သည်။

ထိုတိုက်ခိုက်မှု၏ သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ် သို့ ရောက်ရှိနေပြီး မိုးမြေပိတ်လှောင်ခြင်း စွမ်းအားများကို အတင်းအဓမ္မ ဆုတ်ဖြဲပစ်လိုက်သည်။

လူတိုင်း အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။

"ဒီကောင်က မိုးမြေပိတ်လှောင်ခြင်းကို ချိုးဖျက်နိုင်တဲ့ စွမ်းအား တကယ်ကို ပိုင်ဆိုင်ထားတာပဲ"

မိုးမြေပိတ်လှောင်ခြင်း ဆိုသည်မှာ အစွမ်းအထက်ဆုံးသော ကောင်းကင်ဘုံ၏ အပြစ်ပေးမှု စွမ်းအားပင် ဖြစ်သည်။ ယခုအချိန်အထိ ၎င်းကို တာလော့ဂိုဏ်းချုပ် သာ လုပ်ဆောင်နိုင်ကြောင်း လင်းရီနှင့် အခြားသူများ မြင်တွေ့ခဲ့ဖူးသည်။

ယခုအခါ ချန်ရှန်း သည်လည်း လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ တာလော့ဂိုဏ်းချုပ်သည် မိုးမြေပိတ်လှောင်ခြင်း ကို လက်ချောင်းတစ်ချောင်းတည်းဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ချန်ရှန်းမှာမူ သူ့ဘဝ၏ အဆုံးသတ်တွင် သူ့ကိုယ်ပိုင်အသက်စွမ်းအား အားလုံးဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်ရှန်းသည် သူ၏ လက်ထဲရှိ ချင်းယွီ ကို ကြည့်ကာ မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ပေါ်လာပြီး ပြောဆိုလိုက်သည် ။

"ချင်းယွီ... ဒီနေ့ မင်းက ခါးသီးခြင်းပင်လယ် ကနေ ထွက်လာပြီဆိုတော့ မင်းရဲ့ ကံကြမ္မာမှာ ကပ်ဘေးတစ်ခု ရှိလာလိမ့်မယ်... ဒီကပ်ဘေးက ကံကြမ္မာရဲ့ ကပ်ဘေးပဲ... မင်း အဲဒီအထဲကို မဝင်ခင် မင်းကို အိမ်ပြန်ပို့ပေးမယ်"

ချန်ရှန်းသည် သူ၏ နောက်ဆုံး စွမ်းအား အနည်းငယ်ကို စုစည်းကာ ချင်းယွီကို ခါးသီးခြင်းပင်လယ် အတွင်းမှ ရေကန်တစ်ခုထဲသို့ ပို့ဆောင်ပေးလိုက်သည်။

ထိုရေကန်မှာ ငါးနတ်ဆိုး အသွင်ပြောင်းခဲ့သော ရေကန် ပင် ဖြစ်သည်။ ရေကန်ထဲတွင် ငါးစိမ်း အုပ်စုများ ရှိနေသည်။ သူမ၏ စစ်မှန် ဝိညာဉ် နှင့် ရုပ်ခန္ဓာ ပေါင်းစပ်မှုက အချိန်အတော်ကြာ ယူရမည်ဆိုလျှင်တောင်မှ အဖော်အဖြစ် ငါးအုပ်စုရှိနေသဖြင့် ချင်းယွီသည် အထီးကျန်မှုကို ခံစားရမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ချင်းယွီ သည် စည်ကားသော နေရာများကို နှစ်သက်သည်။

တစ်ချိန်တည်းမှာပင် ချန်ရှန်း သည် သူ၏ အသန့်စင်ဆုံးသော ဓားဆန္ဒတစ်မျှင်ကိုလည်း ပေးပို့လိုက်သည်။ ထိုဓားဆန္ဒမှာ သတ်ဖြတ်ခြင်း အမွေအနှစ် တစ်ခုဖြစ်ပြီး ကာကွယ်မှု တစ်ခုလည်းဖြစ်ကာ ချင်းယွီ ကို ကာကွယ်ပေးနိုင်သည်။

ဝုန်း...

ချန်ရှန်းသည် ဤလုပ်ရပ်များကို အဆုံးသတ်လိုက်သည်နှင့် ထာဝရအသက်တံခါး အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ချန်ရှန်း ထံသို့ တိုက်ရိုက် ဦးတည်လာသည်။ ထိုအရာသည် ကြီးကျယ်ခမ်းနားကာ ပြိုင်ဘက်ကင်းပြီး တားဆီး၍ မရနိုင်ချေ။ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ချန်ရှန်း မှာ လုံးဝ ပျက်စီးသွားခဲ့သည်။

ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း ဓားတစ်လက်သာ ကျန်ရစ်ခဲ့ပြီး ခါးသီးခြင်းပင်လယ် ၏ အောက်ခြေသို့ ချလွင် ဟူသော အသံနှင့်အတူ ထိုးစိုက်သွားသည်။ စစ်မှန်ဝိညာဉ် အစက်အပြောက်လေးများက သတ်ဖြတ်ခြင်းဓား၏ ပတ်လည်တွင် ဝဲပျံနေသည်။

မင်းသမီး ယွီကျွင်း က ထိုနေရာတွင် ထိုးစိုက်နေသော သတ်ဖြတ်ခြင်း ဓားကို ကြည့်ကာ အလွန်အမင်း စိတ်ထိခိုက်စွာဖြင့် ပြောဆိုလိုက်သည်။

"ချန်ရှန်း က သူမအတွက် ဒီလောက်အထိတောင် လုပ်ပေးခဲ့တာကိုး"

ယွီလင်း ဘုရင် ဖြစ်စေ၊ ဝမ်ကျွင်း ဖြစ်စေ သူတို့ အားလုံးသည် ချန်ရှန်းတွင် ခံစားချက်ကင်းမဲ့သော နှလုံးသားတစ်ခု ရှိသည်ဟု ပြောဆိုခဲ့ကြသည်။ သို့သော် လုံးဝ ခံစားချက်ကင်းမဲ့သော နှလုံးသားတစ်ခုက လူတစ်ယောက်အတွက် ဤမျှအထိ လုပ်ဆောင်ပေးခဲ့သည်။

လင်းရီနှင့် အခြားသူများလည်း တိတ်ဆိတ်သွားကြသည်။

ချန်ရှန်း...

သူသည် သက်ရှိများကို လုံးဝ ဂရုမစိုက်သူ ဖြစ်သည်။ သက်ရှိ ကျင့်ကြံသူ ဂိုဏ်းတစ်ခုလုံးပင်လျှင် ချန်ရှန်း၏ အမြင်တွင် အရောင်းအဝယ် တစ်ခုသာ ဖြစ်သည်။ သို့သော် ချင်းယွီ အတွက်မူ သူသည် နှလုံးသား အနက်ရှိုင်းဆုံးအထိ တကယ်ကို ကောင်းမွန်ခဲ့သည်။

ဝုန်း...

တစ်ချိန်တည်းမှာပင် ထင်ယောင်ထင်မှား ဝင်္ကပါ အတွင်း၌ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေသော ချန်ရှန်း မှာ ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။ ထင်ယောင်ထင်မှား အလွှာပေါင်းများစွာမှာ ပြင်းပြင်းထန်ထန် လှုပ်ခါကာ ပြိုကျလုနီးပါး ဖြစ်သွားသည်။

လင်းရီက နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။

"ဟင်းလင်းပြင် ဝိညာဉ်... အင်မော်တယ် မူးယစ်ခြင်း"

သူ၏ ခန္ဓာကိုယ်တွင်းရှိ ဝိုင်တာအို ဆိုင်ရာ အစစ်အမှန်ချီ များမှာ သူ၏လက်ချောင်းထိပ်တွင် ချက်ချင်း စုစည်းသွားပြီး ချန်ရှန်း၏ မျက်ခုံးနှစ်ခုကြားသို့ ဦးတည်သွားသည်။ ၎င်းမှာ ဟင်းလင်းပြင် နတ်ဘုရား စွမ်းအားများ သာမက အင်မော်တယ် မူးယစ်ခြင်း လက်ချောင်း၏ စွမ်းအားလည်း ဖြစ်သည်။

လင်းရီသည် ဝိုင်တာအို နတ်ဘုရား စွမ်းရည်ကို ဖော်ဆောင်ရန် သူ၏ ဝိုင်ဝိညာဉ် ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းပင် ဖြစ်သည်။

ဟုန်းဟုန်းတောက်နေသော ဝိုင်စွမ်းအားများက ချန်ရှန်း ကို မူးယစ်စေရန် ရည်ရွယ်ချက်ဖြင့် ချန်ရှန်း ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားပြီး တစ်ချိန်တည်းမှာပင် ထင်ယောင်ထင်မှား ကို တည်ငြိမ်စေရန် ဟင်းလင်းပြင် နတ်ဘုရား စွမ်းအားကိုပါ အသုံးပြုလိုက်သည်။

သို့သော် ထိုသို့ပြုလုပ်ခဲ့သည့်တိုင် ၊ လင်းရီသည် ချန်ရှန်း၏ ခုခံမှုကို ခံစားနေရဆဲ ဖြစ်သည်။

မူလက တည်ငြိမ်နေသော ထင်ယောင်ထင်မှား မှာ ယခုအခါ အနည်းငယ် ဝေဝါးလာသည်။

လင်းရီက လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။

"ကြည့်ရတာ ချန်ရှန်း ရဲ့ အကြီးမားဆုံး ဆန္ဒက အရင်တုန်းက နေ့ရက်တွေကို ပြန်လိုချင်နေတာပဲ... နောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ချန်ရှန်း က အရမ်းကို ဆန့်ကျင်နေပြီး သူ ပြန်မမှတ်မိချင်ဘူး... ငါ့ရဲ့ ထင်ယောင်ထင်မှား တာအို နဲ့ အင်မော်တယ် မူးယစ်ခြင်း လက်ချောင်း က သိပ်ကြာကြာ ခံနိုင်တော့မှာ မဟုတ်ဘူး"

ဟင်းလင်းပြင် နတ်ဘုရား စွမ်းအားသည် ချန်ရှန်း ကို ထင်ယောင်ထင်မှား အတွင်းသို့ ဆွဲသွင်းနိုင်ခဲ့ခြင်းမှာ ချန်ရှန်း၏ စိတ်ကို သူ၏ ဆရာဘိုးဘေးကြီးက ချိုးဖျက်လိုက်သောကြောင့်ပင် ဖြစ်သည်။

အင်မော်တယ် မူးယစ်ခြင်း လက်ချောင်း...

၎င်း၏ အမြင့်ဆုံး စွမ်းအားမှာ အင်မော်တယ် တစ်ပါးကို နှစ်ပေါင်း သုံးထောင်တိုင်အောင် မနိုးဘဲ အိပ်ပျော်သွားစေနိုင်သည်။ ထို့ကြောင့် ၎င်းကို ကောင်းကင်ဘုံကို အန်တုခြင်း ဟု ခေါ်ဆိုနိုင်သည်။

သို့သော် ချန်ရှန်း မှာ မြေကမ္ဘာအင်မော်တယ် စတုတ္ထနယ်ပယ် မှ မြေကမ္ဘာအင်မော်တယ် တစ်ပါးဖြစ်ပြီး ထိပ်ဆုံး သုံးယောက်စာရင်းဝင်နိုင်သော ပြိုင်ဘက်ကင်းသူ တစ်ဦး ဖြစ်သည်။ လင်းရီ၏ လက်ချောင်းက ချန်ရှန်း ကို မည်မျှကြာအောင် အိပ်ပျော်စေနိုင်မည်ကို လင်းရီ ကိုယ်တိုင်ပင် မသိရှိချေ။

ဝှစ်...

ဖာတောင်သခင်သည် ထိုစကားကို ကြားသောအခါ သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရင်း ချန်ရှန်း၏ ခန္ဓာကိုယ်အပေါ်တွင် သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စကို ဖုံးလွှမ်းစေခဲ့သည်။

ပြင်းထန်စွာ ရုန်းကန်နေသော ချန်ရှန်း မှာ ချက်ချင်းပင် ငြိမ်သက်သွားပြီး ထင်ယောင်ထင်မှား အတွင်း၌ပင်လျှင် သူ၏ မျက်နှာပေါ်တွင် အေးချမ်းပြီး ကျေနပ်နေသော အမူအရာတစ်ခု ဖြစိပေါ်လာသည်။

လင်းရီက ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်သည်။

"အဲဒါပဲ... ဆရာဘိုးဘေးကြီး ရဲ့ အရှိန်အဝါက ချန်ရှန်း အလိုချင်ဆုံး အရာပဲ"

ထင်ယောင်ထင်မှား မှာ တည်ငြိမ်သွားပြီး မြင်ကွင်းများက ဆက်လက် ပေါ်ထွက်လာခဲ့သည်။ အချိန်များက အံ့အားသင့်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ကုန်ဆုံးသွားခဲ့သည်။ ချန်ရှန်း မှလွဲ၍ အချိန်မည်မျှ ကြာသွားသည်ကို မည်သူမျှ မသိကြချေ။

သတ်ဖြတ်ခြင်း ဓား တည်ရှိနေသော နေရာမှာ တားမြစ်နယ်မြေ ဖြစ်လာပြီး ခါးသီးခြင်းပင်လယ် မှ သက်ရှိများပင် အနီးသို့ မချဉ်းကပ်ရဲကြချေ။

ချန်ရှန်း၏ စစ်မှန် ဝိညာဉ် သည် ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း ဓားနှင့် ဖြည်းညင်းစွာ ပေါင်းစပ်သွားသည်။ စစ်မှန် ဝိညာဉ် နှင့် သတ်ဖြတ်ခြင်း ဓားတို့ ပေါင်းစပ်သွားသည်နှင့်အမျှ သတ်ဖြတ်ခြင်း ဓား၏ မူလ ပြိုင်ဘက်ကင်း သတ်ဖြတ်လိုစိတ်မှာ တဖြည်းဖြည်း ဆုတ်ယုတ်သွားသည်။

တစ်နေ့တွင် ကျင့်ကြံသူ တစ်ဦး ဝင်ရောက်လာသည့်တိုင်အောင်ပင် ဖြစ်သည်။ ထိုသူမှာ ပန်းချီ ခြင်းတောင်း တစ်ခုကို လွယ်ထားပြီး စီးဆင်းနေသော အလင်းတန်း ကျောက်စိမ်း စုတ်တံ တစ်ချောင်းကို ကိုင်ဆောင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

သခင်မလေး ရှန်ကွမ်၏ လှပသော မျက်လုံးများက ထိုသက်လတ်ပိုင်း အမျိုးသားကို မြင်သောအခါ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။

"ဆရာဘိုးဘေး ချောင်ရွှင်ယင်း"

လင်းရီ၏ နှလုံးသားမှာ လှုပ်ရှားသွားပြီး မေးလိုက်သည် ။

"ချောင်ရွှင်ယင်း ဟုတ်လား"

သခင်မလေး ရှန်ကွမ် က ရှင်းပြသည်။

"ဒီလူက ငါတို့ တောင်ပင်လယ် အင်မော်တယ်ဂိုဏ်း ရဲ့ ဆဋ္ဌမမြောက် ဆရာဘိုးဘေးပဲ.. သူက မကောင်းဆိုးဝါး ကျင့်ကြံသူတွေကို သတ်ဖြတ်ဖို့ ခါးသီးခြင်းပင်လယ်ထဲကို တစ်ခါက ဝင်ရောက်ခဲ့ဖူးပြီး ပန်းချီ အင်မော်တယ် လို့ လူသိများခဲ့တယ်... ဒါပေမဲ့ ဆရာဘိုးဘေး က အဲဒီခရီးစဉ် ပြီးတဲ့နောက် ပြန်မလာတော့ဘူး"

သခင်မလေး ရှန်ကွမ် သဘောပေါက်သွားပြီး ပြောဆိုလိုက်သည်။

"ဒီတော့ ဆရာဘိုးဘေး က ခါးသီးခြင်းပင်လယ် ထဲမှာ ချန်ရှန်း နဲ့ တွေ့ခဲ့တာကိုး"

ချန်ရှန်းသည် တောင်ပင်လယ် အင်မော်တယ်ဂိုဏ်း ၏ အမြင့်ဆုံး ပန်းချီ တာအို နတ်ဘုရား စွမ်းရည် ဖြစ်သော 'ပန်းချီ ကမ္ဘာ' ကို ဘာကြောင့် ပိုင်ဆိုင်ထားမှန်း သခင်မလေး ရှန်ကွမ်လည်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

လင်းရီနှင့် အခြားသူများလည်း ရုတ်တရက် သဘောပေါက်သွားကြသည်။ မြင်ကွင်းထဲမှ ချောင်ရွှင်ယင်း သည် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး၏ စွမ်းအား တိုက်စားခြင်းကို ခံစားနေရသည်။ သူ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး သူ၏ အပြာရောင် ဝတ်ရုံပေါ်တွင် သွေးများ စွန်းတင်နေကာ ၊ သူ၏ စီးဆင်းနေသော အလင်းတန်း ကျောက်စိမ်း စုတ်တံ ၏ ထိပ်ဖျားမှာလည်း ကျိုးပဲ့နေသည်။

ဝှစ်... ဝှစ်... ဝှစ်...

ချောင်ရွှင်ယင်း ၏ အနောက်တွင် မြေကမ္ဘာအင်မော်တယ် လေးဦးက သူ့ကို လိုက်လံ ဖမ်းဆီးနေကြသည်။

မကောင်းဆိုးဝါး ကျင့်ကြံသူ လေးဦး က နတ်ဘုရား လက်နက် အမျိုးမျိုးကို ကိုင်ဆောင်ကာ ချောင်ရွှင်ယင်း ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရင်း အော်ဟစ်လိုက်ကြသည်။

"သတ်"

ထိုအရာမှာ မြေကမ္ဘာအင်မော်တယ် လေးဦး၏ စွမ်းအား ပင် ဖြစ်သည်။

ဓားမ ကိုင်ဆောင်ထားသူမှာ ဓားမ တာအို တွင် ပြီးပြည့်စုံခြင်း သို့ ရောက်ရှိနေသည်။ ဓား ကိုင်ဆောင်ထားသူမှာ ဓား တာအို တွင် ပြီးပြည့်စုံခြင်း သို့ ရောက်ရှိနေသည်။ လှံ ကိုင်ဆောင်ထားသူမှာ လှံ တာအို တွင် ပြီးပြည့်စုံခြင်း သို့ ရောက်ရှိနေသည်။ မြား ကိုင်ဆောင်ထားသူမှာ မြား တာအို တွင် ပြီးပြည့်စုံခြင်း သို့ ရောက်ရှိနေသည်။

သူတို့ လေးဦး လှုပ်ရှားလိုက်သည်နှင့် ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း အရှိန်အဝါ တစ်ခုက ချောင်ရွှင်ယင်း ကို ပတ်ပတ်လည် ပိတ်‌ဆို့ထားနိုင်ခဲ့သည်။

ခါးသီးခြင်းပင်လယ်၏ ရေလှိုင်း အလွှာပေါင်းများစွာက နောက်သို့ လိမ့်ဆင်းသွားပြီး အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်သော မြားတစ်စင်းက ချောင်ရွှင်ယင်း၏ ကျောပြင်ဆီသို့ တိုက်ရိုက် ပြေးဝင်လာလေ၏။ ဤမြားသည် မြေကမ္ဘာအင်မော်တယ် တစ်ပါးကိုပင် သတ်နိုင်စွမ်း ရှိသည်။

ချောင်ရွှင်ယင်း ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူသည် လှည့်ကာ သူ၏ လက်ထဲရှိ ပန်းချီ စုတ်တံကို ဝှေ့ယမ်းလိုက်သည်။

သူသည် ပြိုင်ဘက်ကင်း ပန်းချီ အင်မော်တယ် တစ်ပါး ဖြစ်သည်။ သူ့အနေဖြင့် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်နှင့် မြေကြီးကို ပန်းချီကားလိပ် အဖြစ် ၊ မဟာတာအိုကို မှင်အဖြစ် အသုံးပြုကာ သူ၏ ရှေ့တွင် ပေါ်လာမည့် ကြီးကျယ်ခမ်းနားသော ရှုခင်း တစ်ခုကို ရေးဆွဲလိုက်သည်။

ဝုန်း...

သို့သော် ထိုမြား၏ စွမ်းအားမှာ အလွန် ထက်မြက်လှပေသည်။ မြား ရောက်ရှိလာသည်နှင့် ကြီးကျယ်ခမ်းနားသော ရှုခင်း မှာ ဖောက်ထွင်းခံလိုက်ရပြီး စိတ်ဝိညာဉ်ကို တုန်လှုပ်စေသော မြားထိပ်ဖျားက ချောင်ရွှင်ယင်း ထံသို့ ဆက်လက် ဦးတည်လာခဲ့သည်။

All Chapters