← Chapters

အခန်း ၈၈၁

Vol. 45 Ch. 881

အခန်း ၈၈၁

Vol. 45 Ch. 881

အပိုင်း (၈၈၁) မုန်ယာကို တိုက်ခိုက်ခြင်း

မဟုတ်သေး... ကျင်းရှီရုံနှင့် မုန်ယာတို့ကို ထိန်းချုပ်ထားနိုင်ရုံသာ မကတော့ပေ။

ယခုအချိန်မှစ၍ လင်းယွမ် သင်ကြားပေးခဲ့သော စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖျက်စီးသည့် နည်းလမ်းကို ဂျိမ်းစ်က အသုံးပြုကာ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်သည်။

သူတို့သည် ယခုအခါ ယခင်ကလောက် အထိနာနေမည် မဟုတ်တော့ပေ။

စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖျက်စီးနိုင်သည့် နည်းလမ်း ရှိလာသည်နှင့် ဂျိမ်းစ်သည် ရှုံးနိုင်ချေမရှိသော အနေအထားသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

ကျင်းရှီရုံကမူ ယခုအချိန်တွင် လူများကို ဦးဆောင်ကာ အလျင်အမြန် ဆုတ်ခွာနေရသည်။

သို့သော် အပြင်ဘက်တွင် ဂျိမ်းစ်တို့၏ ဝိုင်းရံထားမှုကို ခံထားရသဖြင့် ထွက်သွားသည်နှင့် အသတ်ခံရမည်သာ ဖြစ်သည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ ကျင်းရှီရုံ၏ မျက်ဝန်းများ ရုတ်တရက် အရောင်လက်သွားပြီး အသံဩဩဖြင့် အော်ဟစ်လိုက်သည်။ "ဆက်ပစ်စမ်း... စွမ်းအင်ချိတ်ပိတ် အစီအရင်ရဲ့ ဧရိယာကို ချဲ့လိုက်"

သူ၏စကားသံ အဆုံးတွင် ဟိုဘက်ရှိ စစ်သင်္ဘောကြီးက အမြောက်ပြောင်းများကို ချက်ချင်း လှည့်လာပြီး ဆက်တိုက် ပစ်ခတ်လေတော့သည်။

"ဘုန်း"

စွမ်းအင်ချိတ်ပိတ် အမြောက်ဆံများသည် ကောင်းကင်ယံသို့ အဆက်မပြတ် ပစ်လွှတ်ခံရပြီး အဝေးတစ်နေရာတွင် ပေါက်ကွဲသွားကြသည်။

အစီအရင်၏ အလင်းရောင်များက အဆက်မပြတ် တောက်ပထပ်တူကျလာပြီး မကြာမီမှာပင် အစီအရင် တစ်ခုလုံး၏ လွှမ်းခြုံနိုင်သော ဧရိယာမှာ ပိုမို ကြီးမားလာလေသည်။

ကျိုးတောက်တောင်ကိုသာမကဘဲ ပတ်ဝန်းကျင်ရှိ ရေလွှမ်းမိုးနေသော ဒေသများကိုပါ လွှမ်းခြုံသွားရာ မိုင် (၁၈) ကျော်ခန့်အထိ ကျယ်ပြန့်သွားလေသည်။

ဤမျှ ကြီးမားလှသော လွှမ်းခြုံနိုင်သည့် ဧရိယာကြီးကြောင့် အပြင်ဘက်ရှိ ခိုက်ရီနည်းပညာမှ အစွမ်းပိုင်ရှင်များလည်း နောက်တစ်ကြိမ် ထပ်မံ လွှမ်းခြုံခံလိုက်ရပြန်သည်။

ဂျိမ်းစ်သည် ပထမဆုံး အလျင်အမြန် ဆုတ်ခွာလိုက်ပြီး တစ်ချိန်တည်းမှာပင် အခြားသူများကိုပါ အမြန် ရှောင်ခွာစေလိုက်သည်။

သို့သော် သူတို့ ဆုတ်ခွာသွားချိန်တွင် ကျင်းရှီရုံ၏ ကိုယ်ပွားများအားလုံးက ချက်ချင်းပင် အလျင်အမြန် လိုက်လံ တိုက်ခိုက်ကြလေတော့သည်။

တစ်ဖက်က လိုက်၊ တစ်ဖက်က ပြေးနေကြစဉ်အတွင်း သူ၏ ကိုယ်ပွားများသည် ခိုက်ရီနည်းပညာမှ လူများကို လျင်မြန်စွာ သတ်ဖြတ်ပစ်လိုက်ကြသည်။

ဂျိမ်းစ်မှာ အဆက်မပြတ် ဒေါသတကြီး ဟိန်းဟောက်နေသော်လည်း ယခုအခါ စွမ်းအင်ချိတ်ပိတ် အစီအရင်၏ ဧရိယာက ကြီးမားလွန်းနေပြီ ဖြစ်သဖြင့် ယာဉ်ပျံများ ကောင်းကင်သို့ ပျံတက်ကာ အောက်သို့ ပစ္စည်းများ ပစ်ချလျှင်ပင် ရန်သူကို ထိမှန်နိုင်မည် မသေချာတော့ပေ။

"ဆုတ်... နောက်ဆုတ်ကြ"

ဂျိမ်းစ်က စူးရှစွာ အော်ဟစ်လိုက်သည်။ လောလောဆယ်တွင် သူတို့ ယာယီ နောက်ဆုတ်ရန်သာ တတ်နိုင်တော့သည်။

...

မုန်ယာနှင့် ခိုက်ရီနည်းပညာတို့၏ တိုက်ပွဲမှာ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

သို့သော် မုန်ယာ ဌာနချုပ် တည်ရှိရာ ချီတောင်ကမူ အင်အားကြီးသော ရန်သူများ ရောက်ရှိလာသည်ကို လုံးဝ သတိမထားမိပေ။

နက်ရှိုင်းသော ရေပြင်ထက်တွင်မူ ဧရာမ စစ်သင်္ဘောကြီး တစ်စင်းက အလျင်အမြန် ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။

ဤစစ်သင်္ဘောကြီးကို အစောဆုံး တွေ့ရှိခဲ့သည်မှာ ကင်းလှည့် ယာဉ်ပျံတစ်စင်း ဖြစ်သည်။

"တီ... သတင်းပို့ပါတယ်... သတင်းပို့ပါတယ်... ငါတို့ရဲ့ ရေပိုင်နက်ထဲကို ဧရာမ စစ်သင်္ဘောကြီး တစ်စင်း ဝင်ရောက်လာပါပြီ"

ယာဉ်ပျံပေါ်ရှိ ယာဉ်ပျံမှူးသည် မုန်ယာ ဌာနချုပ်သို့ သတင်းကို အလျင်အမြန် တင်ပြလိုက်သည်။

ချီတောင်ပေါ်တွင် ကျင်းရှီရုံ၏ ကိုယ်ပွားတစ်ခုသည် လူတစ်စုကို စွမ်းအင်ချိတ်ပိတ် သင်္ကေတများ အလျင်အမြန် ဖန်တီးရန် ကြီးကြပ်နေသည်။

ရုတ်တရက် အပြင်ဘက်မှ လူတစ်ယောက် အလျင်အမြန် ဝင်လာပြီး ရေပြင်ပေါ်ရှိ အခြေအနေကို သတင်းပို့လေသည်။

ကျင်းရှီရုံက ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး "စစ်သင်္ဘောကြီး... ဘယ်ကရောက်လာတာလဲ"

သတင်းပို့သူက စိုးရိမ်တကြီးဖြင့် "မသိပါဘူး... ဒါပေမဲ့ သူတို့ဆီမှာ အလံတစ်ခုတော့ ရှိတယ်"

"ဘယ်လိုပုံစံလဲ"

"တောင်တစ်လုံးရယ်... အောက်မှာ ရေလှိုင်းတွေနဲ့ဗျ"

"တောင်ပုံစံ အလံ"

ကျင်းရှီရုံ ကြောင်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။ "ထိုက်ယန်တောင်က လူတွေလား"

သူ၏မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားပြီး မျက်ဝန်းများ အရောင်လက်သွားကာ အမိန့်ပေးလိုက်သည်။ "လူတွေလာကြစမ်း... ချက်ချင်း စစ်တိုက်ဖို့ပြင်ဆင်"

ထိုသို့ပြောပြီးသည်နှင့် သူသည် သင်္ကေတကျောက်တုံးများ ဖန်တီးရာ စက်ရုံထဲမှ အလျင်အမြန် ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ အရိပ်တစ်ချက် လက်သွားကာ ချီတောင်မှနေ၍ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားလေသည်။

သူသည် လေထဲတွင် ရပ်တန့်လိုက်ပြီး ရှေ့ရှိ အဆုံးအစမရှိသော ရေပြင်ကြီးကို စူးစိုက်ကြည့်လိုက်သည်။

အဝေးတစ်နေရာတွင် ဧရာမ စစ်သင်္ဘောကြီးကို သူ မြင်တွေ့လိုက်ရသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုစစ်သင်္ဘောကြီးမှာ မူလက မုန်ယာ၏ စစ်သင်္ဘောဖြစ်ကြောင်း သူ မှတ်မိသွားသည်။

နောက်ပိုင်းတွင် ဝူယောင်ပန်းက လင်ကျောင်းမြို့သို့ သွားရန် တောင်းဆိုခဲ့ပြီး ဤစစ်သင်္ဘောကြီးကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းသည် ထိုက်ယန်တောင်၏ စစ်သင်္ဘောဖြစ်ကြောင်း ကျင်းရှီရုံ ချက်ချင်း အတည်ပြုလိုက်သည်။

လွန်ခဲ့သောရက်အနည်းငယ်က သူ၏ ပင်မခန္ဓာကိုယ်သည် ကိုယ်ပွားသုံးခုကို ခေါ်ဆောင်ကာ ထိုက်ယန်တောင်ကို သွားရောက်ဖျက်ဆီးစဉ်က အကြီးအကျယ် အထိနာခဲ့ရသည်ကို ပြန်လည်တွေးတောမိလိုက်သည်။

ကိုယ်ပွားသုံးခုစလုံး ကျဆုံးသွားခဲ့ပြီး ပင်မခန္ဓာကိုယ် ပြန်ရောက်လာပြီးနောက် စွမ်းအင်ချိတ်ပိတ် သင်္ကေတကို ပြန်လည်ခိုးယူရန် ကိုယ်ပွားတစ်ခုကို ချက်ချင်း စေလွှတ်ခဲ့ရသည်။

ယခုတော့ ဤထိုက်ယန်တောင်မှ လူများသည် မုန်ယာထံသို့ ကိုယ်တိုင် ပြဿနာလာရှာနေကြပြီလား။

"သေချင်နေကြတာလား"

ကျင်းရှီရုံက အေးစက်စက် ရယ်မောလိုက်သည်။ "စွမ်းအင်ချိတ်ပိတ် သင်္ကေတလေး ရှိရုံနဲ့ ငါ့ကို နိုင်မယ်လို့ တကယ်ပဲ ထင်နေကြတာလား"

"အခု ငါ့ဆီမှာလည်း စွမ်းအင်ချိတ်ပိတ် သင်္ကေတ ရှိနေပြီ... နောက်ပြီး အများအပြားတောင် ထုတ်လုပ်ထားနိုင်ပြီ... ဟက်ဟက်"

သူ့အမြင်တွင် ဤထိုက်ယန်တောင်ဆိုသည်မှာ အမှန်တကယ်တော့ အရေးတယူ လုပ်နေစရာပင် မလိုပေ။

သူ အနည်းငယ် အလေးထားမိသည်မှာ လင်းယွမ်ဆိုသည့် ထိုက်ယန်တောင်၏ ခေါင်းဆောင် တစ်ယောက်သာ ရှိသည်။

အခြားသော ထိုက်ယန်တောင်မှ အစွမ်းပိုင်ရှင်များအားလုံးမှာ အရေးမပါဘဲ ပုရွက်ဆိတ်တစ်အုပ်မျှသာ ဖြစ်သည်။

သို့သော် တစ်ဖက်လူများတွင် စွမ်းအင်ချိတ်ပိတ် အစီအရင် ရှိနေပြီး ထိုအစီအရင်ကို အားကိုးကာ လူအင်အား သုံး၍ တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်။

ထို့ကြောင့်သာ သူ၏ ကိုယ်ပွားသုံးခုကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော အင်အားလောက်ဖြင့် မုန်ယာထံသို့ ကိုယ်တိုင်လာပြီး ပြဿနာရှာရဲသေးသည်ပေါ့။

ကျင်းရှီရုံ၏ ရင်ထဲတွင် ရယ်ချင်စိတ်သာ ဖြစ်ပေါ်လာသည်။

"မုန်ယာဆိုတာ ငါ့ရဲ့ နယ်မြေကွ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင် အရေအတွက်က မင်းတို့ထက် အများကြီး ပိုများတယ်... ငါ့ဆီ လာဖို့ မင်းတို့မှာ အသက်ဘယ်နှစ်ချောင်းများ ပါလာလို့လဲ"

သူသည် လေပေါ်ကျွန်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားပြီး လေပေါ်ကျွန်း၏ အနောက်ဆောင်သို့ ရောက်ရှိကာ အခြားသော ကိုယ်ပွားများကို အမြန် ရှာဖွေလိုက်သည်။

မကြာမီမှာပင် ကိုယ်ပွားကြီးငါးခု စုရုံးရောက်ရှိလာကြပြီး အားလုံးမှာ ကျင်းရှီရုံ၏ ကိုယ်ပွားများချည်းသာ ဖြစ်သည်။

ခေါင်းဆောင်လုပ်သူမှာ အပြာရောင် ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသော ကျင်းရှီရုံ ဖြစ်ပြီး သူက အသံဩဩဖြင့် ပြောလိုက်သည်။ "ဒီအထိတောင် လာရဲတယ်ဆိုတော့... ဒီ ထိုက်ယန်တောင် ကျွန်းက လူတွေ တကယ်ပဲ သေချင်နေကြတာလား"

"နေပါဦး... ဒါထူးဆန်းမနေဘူးလား... ငါတို့ ခိုက်ရီနည်းပညာကို တိုက်ခိုက်ဖို့ လူတွေ လွှတ်လိုက်တဲ့အချိန်... အခု မုန်ယာဘက်မှာ လူအင်အား နည်းနေချိန်ကျမှ သူတို့ ရောက်လာတာလေ" အဖြူရောင် ညဝတ်အင်္ကျီနှင့် အခြား ကျင်းရှီရုံ တစ်ယောက်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"သူတို့နဲ့ ခိုက်ရီနည်းပညာ ကုမ္ပဏီတို့ ပူးပေါင်းလိုက်တယ်လို့ မင်း ဆိုလိုချင်တာလား"

"ဖြစ်နိုင်ခြေ ရှိတယ်လို့ ထင်တယ်... မဟုတ်ရင်လည်း တိုက်ဆိုင်လွန်းနေတယ်လေ"

"ဟမ့်... ပူးပေါင်းတော့ကော ဘာဖြစ်လဲ... အခု စွမ်းအင်ချိတ်ပိတ် အစီအရင်က ငါတို့ လက်ထဲမှာ ရှိနေပြီလေ... ငါတို့ရဲ့ ကိုယ်ပွား အစွမ်းတွေနဲ့ ပေါင်းလိုက်ရင် လူအင်အား သုံးတဲ့ နည်းဗျူဟာရဲ့ အားသာချက်ကို အမြင့်ဆုံးအထိ အသုံးချနိုင်ပြီ"

"မင်းပြောတာ မှန်တယ်... ဒီ စွမ်းအင်ချိတ်ပိတ် အစီအရင်က အခု ငါတို့လက်ထဲ ရောက်နေမှပဲ သူ့ရဲ့ အပြင်းထန်ဆုံး စွမ်းအားကို ထုတ်ဖော်နိုင်မှာ"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင်တွေ အားလုံးကို စစ်ရေးပြင်ဆင်ခိုင်းလိုက်"

"စိတ်ချ... အမိန့်ပေးထားပြီးပြီ... အဲဒီ စစ်သင်္ဘောကြီး ငါတို့ရဲ့ တိုက်ခိုက်မှု အကွာအဝေးထဲ ရောက်လာတာနဲ့ ချက်ချင်း တိုက်ခိုက်မှာ"

"ပင်မခန္ဓာကိုယ်ကရော အခု ဘယ်မှာလဲ"

"သေချာမသိဘူး... ပြီးခဲ့တဲ့တစ်ခေါက်က လင်း ဆိုတဲ့ကောင်ရဲ့ လုပ်ကြံတာကို ခံလိုက်ရပြီးကတည်းက လုံခြုံရေးအတွက် ပင်မခန္ဓာကိုယ်က ကြိုပြီး ပုန်းအောင်းနေပြီ"

"ဒီ လင်း ဆိုတဲ့ကောင်မှာ ဝိညာဉ်စွမ်းအားကို ကိုင်တွယ်နိုင်တဲ့ အစွမ်း ရှိနေတာက တကယ်ကို မျှော်လင့်မထားတဲ့ ကိစ္စပဲ"

"ဒီလိုရန်သူမျိုး မသေသရွေ့ ပင်မခန္ဓာကိုယ်အနေနဲ့ စိတ်အေးနိုင်မှာ မဟုတ်ဘူး"

"ဒီတစ်ခါတော့ သူ့ကို သေချာပေါက် သတ်ရမယ်"

ကျင်းရှီရုံ အားလုံးက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လွင်နေသည်။

ထို့နောက် အလယ်ဗဟိုရှိ အဖြူရောင်ဝတ်စုံနှင့် ကျင်းရှီရုံက လက်ဝှေ့ယမ်းလိုက်ရာ ကျင်းရှီရုံ ငါးယောက်သည် လေပေါ်ကျွန်းမှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင် အချို့ကို ခေါ်ဆောင်ကာ တိမ်လွှာများအောက်သို့ လျင်မြန်စွာ ပျံသန်းသွားကြလေသည်။

"ဝုန်း"

ယခုအချိန်တွင် အမြောက်သံများ ထွက်ပေါ်လာပြီဖြစ်ပြီး ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ကြားနေရသည်။

"အဲဒီ စစ်သင်္ဘောကြီး ငါတို့ရဲ့ တိုက်ခိုက်မှု အကွာအဝေးထဲ ဝင်လာပြီ"

"ဟင်... ဘာလို့ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို မသုံးတာလဲ" အပြာရောင်ဝတ် ကျင်းရှီရုံက မနေနိုင်ဘဲ မေးလိုက်သည်။

အဖြူရောင် ညဝတ်အင်္ကျီနှင့် ကျင်းရှီရုံက ပြုံးလိုက်ပြီး "ထိုက်ယန်တောင်က လူတွေက ငါတို့ဆီမှာ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ရထားပြီဆိုတာရယ်... စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ချထားနိုင်ပြီဆိုတာရယ်ကို မသိကြသေးဘူးလေ"

"ငါက သူတို့ကို ချီတောင်ရဲ့ အတွင်းပိုင်းအထိ မျှားခေါ်ပြီးမှ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖွင့်လိုက်မလို့... ဒါဆို သူတို့ ထွက်ပြေးဖို့ အချိန်တောင် မရလိုက်တော့ဘူးလေ"

"ဒီတစ်ခါတော့ ဒီစစ်သင်္ဘောကြီးကို ပြန်ယူနိုင်ရုံတင်မကဘူး... သူတို့အားလုံးကိုပါ ဒီမှာ အပြီးအပိုင် ရှင်းပစ်မှာ"

"ဟားဟားဟား... သိပ်ကောင်းတဲ့ အကြံပဲ"

သူတို့အားလုံး အသံကျယ်ကြီးဖြင့် ဟားတိုက် ရယ်မောလိုက်ကြသည်။

သို့သော် ထိုစစ်သင်္ဘောကြီးသည် အတွင်းပိုင်းသို့ ဝင်လာမည့်ပုံ မပေါ်ပေ။ သင့်တင့်သော အကွာအဝေးသို့ ရောက်ရှိလာပြီးနောက် စစ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်ရှိ ယာဉ်ပျံများသည် ကောင်းကင်သို့ ဝီခနဲ ပျံတက်သွားကြသည်။

ယာဉ်ပျံများ တစ်စင်းပြီးတစ်စင်း ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။

တစ်ချိန်တည်းမှာပင် ကုန်းပတ်ပေါ်ရှိ လူရိပ်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပျံသန်း ထွက်ပေါ်လာကြသည်။

ထိုလူများသည် ပျံသန်းထွက်လာပြီးနောက် ဧရာမ မျိုးရိုးဗီဇ သားရဲကြီးများအဖြစ် လျင်မြန်စွာ အသွင်ပြောင်းသွားကာ ချီတောင်ကို အရူးအမူး စတင် တိုက်ခိုက်ကြတော့သည်။

ဤအခြေအနေကို မြင်လိုက်ရသောအခါ လေထဲရှိ ကျင်းရှီရုံသည် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ "အစီအရင် ခင်းစမ်း"

သူ၏ အမိန့်ပေးသံအဆုံးတွင် မုန်ယာ၏ ယာဉ်ပျံများက စွမ်းအင်ချိတ်ပိတ် အမြောက်ဆံများကို တစ်လုံးပြီးတစ်လုံး စတင် ပစ်ချလေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ကောင်းကင်ယံတွင် စွမ်းအင်ချိတ်ပိတ် အစီအရင်၏ အလင်းတန်းများ ပေါ်ထွက်လာပြီး ကောင်းကင်ပြင် တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားလေသည်။

စစ်မြေပြင်သည် ရုတ်တရက် သန္ဓေပြောင်းစွမ်းအင် လှိုင်းများ လုံးဝမရှိတော့သည့် နယ်မြေအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

စစ်သင်္ဘောကြီးပေါ်တွင် ဝမ်လင်းအာက ဤမြင်ကွင်းကို ကြည့်ရင်း ချက်ချင်း ပြောလိုက်သည်။ "ဆရာလင်း... တစ်ဖက်လူတွေ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို သုံးလိုက်ပြီ"

လင်းယွမ်က ပြန်ပြောလိုက်သည်။ "ယာဉ်ပျံတွေ အားလုံးကို စွမ်းအင်ချိတ်ပိတ် အစီအရင်ရဲ့ ဧရိယာထဲကနေ ဆုတ်ခွာခိုင်းလိုက်... အားလုံးပဲ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အသွင်ကို ပြောင်းကြ... ကျင်းရှီရုံရဲ့ ကိုယ်ပွားကို တွေ့တာနဲ့ ဘယ်နေရာမှာလဲဆိုတာ ကျွန်တော့်ကို ချက်ချင်း အကြောင်းကြား"

"နားလည်ပါပြီ"

"သိပါပြီ"

ထိုက်ယန်တောင်မှ အစွမ်းပိုင်ရှင်များအားလုံး တစ်ယောက်ပြီးတစ်ယောက် စတင် ထွက်ခွာသွားကြသည်။

သူတို့သည် ရေလွှမ်းမိုးနေသော ဧရိယာထဲသို့ ဝင်ရောက်သွားပြီး ဧရာမ မျိုးရိုးဗီဇ သားရဲကြီးများအဖြစ် လျင်မြန်စွာ အသွင်ပြောင်းလိုက်ကြသည်။

သို့သော် သူတို့သည် ကြိုတင်ပြင်ဆင်ထားခဲ့ကြသဖြင့် မျိုးရိုးဗီဇ သားရဲကြီးများအဖြစ် အသွင်ပြောင်းလိုက်လျှင်ပင် သံချပ်ကာကဲ့သို့သော အကာအကွယ် လက်နက်များကို ကြိုတင် ဝတ်ဆင်ထားကြသည်။

သူတို့၏ လက်ထဲတွင် ဧရာမ ဓားကြီးများနှင့် သံတူကြီးများကဲ့သို့သော လက်နက်ကြီးများကိုပါ ကိုင်ဆောင်ထားကြသေးသည်။

အဝေးမှ တိုက်ခိုက်ရာတွင် ကျွမ်းကျင်သူများကမူ စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲသို့ ဝင်ရောက်မသွားကြဘဲ အစီအရင် အပြင်ဘက်မှနေ၍ အတွင်းရှိ မုန်ယာမှ ရန်သူများကို အမြောက်ဆံများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။

ထို့ကြောင့် နောက်ဆက်တွဲအနေဖြင့် တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်ပေါ်လာတော့သည်။

စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲရှိ မုန်ယာ၏ အစွမ်းပိုင်ရှင်များမှာ ပြန်လည်ခုခံနိုင်စွမ်း သိပ်မရှိတော့သည်ကို တွေ့လိုက်ရသည်။

သင့်သော်သော လက်နက်များ မရှိခြင်း၊ ကာကွယ်ပေးနိုင်သည့် သံချပ်ကာများ မရှိခြင်းတို့ကြောင့် သန္ဓေပြောင်းစွမ်းအင်များ အသုံးမပြုနိုင်တော့သည့် အခြေအနေမျိုးတွင် သံချပ်ကာနှင့် လက်နက်များ ရှိနေခြင်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၌ အလွန်ကြီးမားသော အားသာချက် ဖြစ်နေလေသည်။

ထိုက်ယန်တောင်ဘက်တွင်မူ ဤသို့သော နည်းလမ်းများ ရှိနေရုံမျှမကဘဲ ယာဉ်ပျံများအားလုံးကို ကောင်းကင်ယံသို့ ပျံတက်စေကာ အစီအရင်ထဲရှိ ရန်သူများအပေါ် ယမ်းပေါက်ကွဲစေတတ်သည့် ဗုံးများ ပစ်ချရန် လင်းယွမ်က တိုက်ရိုက် အမိန့်ပေးခဲ့သေးသည်။

ချက်ချင်းဆိုသလိုပင် မုန်ယာဘက်ရှိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင်များသည် အသတ်ခံရကာ အဆက်မပြတ် ဆုတ်ခွာသွားကြရလေသည်။

ဤဘက်ရှိ ကျင်းရှီရုံကမူ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဤနည်းဖြင့် ဖျက်စီးနိုင်သည်ကို သိပုံမပေါ်ပေ။

ယခုအချိန်တွင် သူ၏ ကိုယ်ပွားအချို့မှာ ခိုက်ရီနည်းပညာဘက်၌ အထိနာထားခဲ့ပြီး ဖြစ်သည်။

ယခု မုန်ယာဘက်ရှိ ကိုယ်ပွားများသည်လည်း နောက်တစ်ကြိမ် ထပ်မံ အထိနာရပြန်သည်။

သူ၏ လက်အောက်ငယ်သားများ သေဆုံးဒဏ်ရာရမှု များပြားနေသည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် ကျင်းရှီရုံ ငါးယောက်မှာ ချက်ချင်းပင် ငြိမ်မနေနိုင်တော့ပေ။

"တောက်... ထိုက်ယန်တောင်က လူတွေက ကြိုပြီး ပြင်ဆင်ထားကြတာပဲ"

"ဒီ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဒီလို ဖျက်စီးလို့ ရတယ်ပေါ့"

"အမြန်လုပ်... အတူတူ ဝင်တိုက်ကြမယ်"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင်းရှီရုံ ငါးယောက်သည် ပုံစံမတူညီသော ဧရာမ မျိုးရိုးဗီဇ သားရဲကြီးများအဖြစ် အသီးသီး အသွင်ပြောင်းလိုက်ကြပြီး စစ်မြေပြင်ထဲသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။

သို့သော် ဤကျင်းရှီရုံများသည် အလွန် ပါးနပ်ကြသည်။ မဝင်ရောက်မီ သူတို့ကိုယ်တိုင် လက်နက် တပ်ဆင်ထားကြပြီး တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင်ဘက်ရှိ အစွမ်းပိုင်ရှင်များ၏ လက်နက်နှင့် အကာအကွယ်များကို လုယူလိုက်ကြသည်။

ဤကျင်းရှီရုံ၏ ကိုယ်ပွား ငါးခုလုံး၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့်မှာ မနိမ့်ကျပေ။ သူတို့ ထုတ်ဖော်ပြသလိုက်သော မျိုးရိုးဗီဇပုံစံများမှာ အခြေခံအားဖြင့် ရာခိုင်နှုန်း ၇၀ ကျော်နေပြီ ဖြစ်သည်။

ထိုအထဲမှ နှစ်ကောင်မှာဆိုလျှင် ပေ ၂၆၀ ကျော်အထိပင် ကြီးမားလှသည်။

၎င်းတို့သည် ကျင်းရှီရုံ၏ ကိုယ်ပွားများထဲတွင် အားအကောင်းဆုံးများ ဖြစ်ကြောင်း အလွန် သိသာထင်ရှားလှသည်။

ဤကိုယ်ပွားများကို သူ၏ ဌာနချုပ်ကို ကာကွယ်ရန် ကျင်းရှီရုံက တမင်တကာ ချန်ထားခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုလင်းယွမ်... ကျင်းရှီရုံ ပေါ်လာပြီ"

ဝမ်လင်းအာသည် သားရဲများကို ထိန်းချုပ်ရင်း ကျင်းရှီရုံ၏ ကိုယ်ပွားများကို တွေ့ရှိသွားသဖြင့် ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ်က ပြုံးလိုက်ပြီး "နောက်ဆုံးတော့ ငြိမ်မနေနိုင်တော့ဘူးပေါ့"

သူသည် ကုန်းပတ်ပေါ်သို့ လျှောက်သွားကာ စွမ်းအင်ချိတ်ပိတ် အစီအရင် အတွင်းရှိ အခြေအနေကို လှမ်းကြည့်လိုက်သည်။

ဧရာမ သားရဲကြီး ငါးကောင်သည် ထိုက်ယန်တောင်ဘက်မှ မျိုးရိုးဗီဇ သားရဲကြီးများ၏ တိုက်ခိုက်မှုကို ရိုင်းစိုင်းကြမ်းတမ်းစွာ ပြန်လည် ခုခံနေကြသည်ကို တွေ့လိုက်ရသည်။

သူက ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အကျိုးဆက်မျို နဂါးလင်းနို့ မျိုးရိုးဗီဇကို လှုံ့ဆော်လိုက်သည်။

မျက်စိဖြင့် မမြင်နိုင်သော အသံလှိုင်းများ တစ်ခုပြီးတစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။

သို့သော် စွမ်းအင်ချိတ်ပိတ် အစီအရင်နှင့် ထိတွေ့သွားသောအခါ အသံလှိုင်းများမှာ ချက်ချင်းပင် လုံးဝ ပျောက်ကွယ်သွားလေသည်။

လင်းယွမ် မျက်ခုံးအနည်းငယ် ပင့်သွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ "လင်းအာ... မင်းရဲ့ သားရဲတွေကို ပူးပေါင်းခိုင်းပြီး အရွယ်အစား အသေးဆုံး ကျင်းရှီရုံကို အပြင်ကို ဆွဲထုတ်လိုက်"

ဝမ်လင်းအာက ချက်ချင်း ပြုံးကာ "သိပြီ"

ဆက်ရန်...

All Chapters