← Chapters

အခန်း ၉၉၁

Vol. 100 Ch. 991

အခန်း ၉၉၁

Vol. 100 Ch. 991

​ အခန်း (၉၉၁) ကြေးညိုဖလားကြီး

​လူသူမနီးသော တောတောင်လျှိုမြောင်ကြားရှိ ရှေးဟောင်းမြို့ပြပျက်၏ အပျက်အစီးများထဲတွင် အဘိုးအိုတစ်ဦး ရုတ်တရက် အော်ဟစ်ငိုကြွေးနေသည်ကို မြင်တွေ့လိုက်ရခြင်းကပင် ၎င်း၌ တစ်ခုခု ထူးဆန်းနေကြောင်း ဖော်ပြနေတော့သည်။

​လီယန်ချူသည် ဝိညာဥ်မျက်စိကျင့်စဉ်ကို အသုံးပြုကာ ထိုအဖိုးအိုကို စိုက်ကြည့်လိုက်၏။

ဤအဖိုးအို၏ ကိုယ်ပေါ်ရှိ အရှိန်အဝါက သာမန်ကာလျှံကာသာ ရှိပြီး ရုပ်ခန္ဓာကလည်း သာမန်လူများထက်ပင် ပိုမိုအားနည်းချို့တဲ့ပုံရသည်။ သူဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ယခုခေတ် ကန်နိုင်ငံတွင် ရေပန်းစားနေသည့် ပုံစံမျိုးဖြစ်ပြီး မဟာရှအင်ပါယာခေတ်က ဝတ်စုံမဟုတ်သဖြင့် အလွန်ပင် ရိုးရှင်းလှပေသည်။

​လီယန်ချူသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး ခပ်အေးအေးပင်...

​"အဘိုးအို... ဘာဖြစ်လို့ ဒီနေရာမှာ ဒီလောက်တောင် ဝမ်းနည်းပူဆွေးပြီး ငိုနေရတာလဲ"

​ဟု မေးလိုက်သည်။ ထိုအဖိုးအိုသည် ကြီးစွာသော သောကဗျာပါဒ ရောက်နေသည့်အလား အဆက်မပြတ် အော်ဟစ်ငိုကြွေးနေပြီး မျက်ရည်များကလည်း အရေးအကြောင်းများ ထင်ကျန်နေသည့် မျက်နှာပြင်ပေါ်မှတစ်ဆင့် စီးကျလာတော့သည်။

​ခဏမျှ အမောဖြေပြီးနောက်မှ ခေါင်းလှည့်ကာ လီယန်ချူကို...

​"ဘယ်က ကောင်းကင်ပြစ်ဒဏ်သင့်တဲ့ကောင်က... ငါ့အဖိုးကြီး အပင်ပန်းခံ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို ဖျက်ဆီးပစ်လိုက်လဲ မသိပါဘူး"

​"ငါက အသက်အရွယ်လည်း ဒီလောက်ကြီးနေပြီ၊ ဒါက ငါသွေးချွေးကျခံပြီး ခက်ခက်ခဲခဲ စိုက်ပျိုးထားတဲ့ သီးနှံတွေ... အခုတော့ ရိတ်သိမ်းခါနီးကျမှ အကုန်ဖျက်ဆီးခံလိုက်ရပြီ"

​ဟု ပြောလိုက်သည်။ စကားဆုံးသည်နှင့် အဖိုးအိုသည် မအောင့်နိုင်ဘဲ ထပ်မံ၍ ငိုကြွေးပြန်တော့သည်။

တောတောင်လျှိုမြောင်ကြားတွင် လူအချို့ လယ်ယာစိုက်ပျိုးခြင်း ရှိနိုင်သော်လည်း၊ ယခုအချိန်တွင် အဖိုးအို ရောက်ရှိနေသည့် နေရာမှာ ရှေးဟောင်းမြို့ပြပျက်၏ နယ်မြေဧရိယာ ဖြစ်နေသည်။ ဤနေရာသည် ပျက်စီးယိုယွင်းနေသော အပျက်အစီးပုံကြီးတစ်ခုသာ ဖြစ်၏။

ဤနေရာကို မပြောနှင့်ဦး၊ ယခုနေရာမှ အပြင်ဘက်သို့ မိုင်ပေါင်းများစွာ ဝေးကွာသည့်တိုင်အောင် လူသူအရိပ်အယောင် လုံးဝမရှိချေ။

​လီယန်ချူက ခပ်အေးအေးပင်...

​"အဘိုးအို စိုက်ပျိုးထားတဲ့ သီးနှံက ဘာအမျိုးအစားမို့လို့လဲ"

​ဟု မေးလိုက်သည်။ အဖိုးအိုက ခေါင်းမော့ကာ...

​"သဘာဝအတိုင်း စပါးပင်တွေပေါ့ကွာ၊ ကျန်းနန်ခရိုင်ဆိုတာ ရေမြေကောင်းမွန်တဲ့ ဆန်ရေစပါး စိုက်ပျိုးရာ ဒေသပဲဥစ္စာ... ငါအဖိုးကြီးက ဒီရိက္ခာလေးကိုပဲ အမှီပြုပြီး အသက်ဆက်နေရတာ၊ အခုတော့ ဒီလို ဘေးဒုက္ခမျိုးနဲ့ ကြုံရပြီဆိုတော့... ငါ ဘယ်လို အသက်ဆက်ရတော့မှာလဲ"

​ဟု ဆိုသည်။ လီယန်ချူသည် မျက်ဝန်းအစုံဖြင့် ဤအဖိုးအိုကို စိုက်ကြည့်ကာ တည်ငြိမ်အေးဆေးစွာဖြင့်...

​"ကျွန်တော် ကြည့်ရသလောက်တော့ ဒီနေရာက မြေငလျင်လှုပ်ခတ်သွားပြီး သဘာဝဘေးအန္တရာယ် ကြုံတွေ့လိုက်ရတာနဲ့ တူတယ်... ကပ်ဆိုးနှစ်တွေ၊ ငတ်မွတ်ခေါင်းပါးတဲ့နှစ်တွေဆိုတာ ကမ္ဘာပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပဲမို့လို့... အဘိုးအိုအနေနဲ့ စိတ်ထဲ သိပ်မထားပါနဲ့"

​ဟု ဆိုလိုက်သည်။ ထိုအဖိုးအိုသည် မျက်ခုံးပင့်ကာ ဒေါသတကြီးဖြင့်...

​"မင်းလို ကိုရင်လေးက လူ့လောကရဲ့ ဆင်းရဲဒုက္ခတွေကို မသိဘဲနဲ့... ငါတို့လို သာမန်လူတွေရဲ့ ရုန်းကန်ရမှုကို ဘယ်လိုလုပ် နားလည်မှာလဲ၊ ဒီလို တောတောင်လျှိုမြောင်ကြားမှာ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့အတွက် ဘယ်လောက်တောင် စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး ဂရုစိုက်ခဲ့ရလဲ မင်းသိလား... ငါ့မှာက ဒီလိုအသက်အရွယ်ကြီးထိ အားကိုးရာမရှိဘဲ ဖြစ်နေတာ၊ ပျက်စီးသွားတာက မင်းရဲ့ လယ်ကွင်းမဟုတ်လို့ပေါ့"

​ဟု ဆိုသည်။ အဖိုးအိုသည် ဒေါသထွက်လွန်းသဖြင့် လက်ထဲက တုတ်ကောက်ကို မြေကြီးပေါ်သို့ တဒုန်းဒုန်း စောင့်လိုက်ပြီး နှုတ်ခမ်းမွှေးတလှုပ်လှုပ်၊ မျက်လုံးတောက်တောက်ဖြင့် စိုက်ကြည့်နေတော့သည်။

​လီယန်ချူက...

​"ရိက္ခာမရှိလည်း လူက ငတ်မသေနိုင်ပါဘူး... အသားစားလို့ ရတာပဲ"

​ဟု ဆိုသည်။ အဖိုးအိုက...

​"ငါက ဒီလိုအသက်အရွယ်ကြီးမှာ အစားအသောက် အပေါ့အပါးကိုပဲ အကြိုက်ဆုံးကွ၊ လူက အိုမင်းလာတော့ အစာအိမ်က မကောင်းတော့ဘူး... အသားတွေကို အစာမကြေနိုင်ဘူး"

​ဟု ဆိုကာ၊ ချက်ချင်းပင် မျက်ဝန်းအစုံဖြင့် လီယန်ချူကို စိုက်ကြည့်ရင်း...

​"ဒီကိုရင်လေးက တကယ်ပဲ အလိုက်ကန်းဆိုးမသိတာပဲ... လူကို လာပြီး အားပေးနှစ်သိမ့်တာ ဒီလို ပုံစံမျိုး ရှိရော့သလား"

​ဟု အော်ဟစ်လိုက်တော့သည်။ လီယန်ချူက...

​"ဩော်... ဒါဆိုရင်လည်း ဟုတ်ပြီ၊ ဒါဆိုရင်တော့ အဘိုးအို ဆက်ပြီး ငိုနေလိုက်ပါဦး"

​ဟု ဆိုလိုက်သည်။ အဖိုးအိုမှာ...

​"………………"

​ဆိတ်ဆိတ်နေသွားတော့သည်။ သူသည် မျက်လုံးပြူးကြီးဖြင့် လီယန်ချူကို စိုက်ကြည့်ကာ ဒေါသတကြီးဖြင့်...

​"ဒီနေရာမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိဘူး... ငါကြည့်ရသလောက်တော့ မင်းပဲ ငါ့ရဲ့ ကောက်ပဲသီးနှံတွေကို ဖျက်ဆီးပစ်လိုက်တာ နေမှာ"

​ဟု ဆိုသည်။ လီယန်ချူက ပြုံးလျက်...

​"ဒီစကားကိုတော့ လျှောက်မပြောပါနဲ့ဗျာ... ဘယ်မျက်လုံးနဲ့ မြင်လို့ ကျွန်တော်က အဘိုးအိုရဲ့ သီးနှံတွေကို ဖျက်ဆီးပါတယ်လို့ ပြောတာလဲ"

​ဟု မေးလိုက်သည်။ အဖိုးအိုက...

​"မင်း ဖျက်ဆီးတာ မဟုတ်ရင်... ဘာဖြစ်လို့ ငါ့ကိစ္စကို လာပြီး ပတ်သက်နေရတာလဲ"

​ဟု ဆိုလိုက်ရာ၊ လီယန်ချူမှာလည်း...

​"………………"

​ဆိတ်ဆိတ်နေသွားရပြန်သည်။ နှစ်ဦးသား မျက်လုံးချင်း ဆုံကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြစဉ်၊ ထိုအဖိုးအိုသည် ရုတ်တရက် ရှေ့သို့ တက်လာပြီး ဒေါသတကြီးဖြင့် လီယန်ချူကို ဆွဲကိုင်ရန် ပြင်လိုက်တော့သည်။

​"မင်း သွားလို့မရဘူး... မင်း ငါ့ရဲ့ ဆုံးရှုံးမှုတွေကို လျော်ရမယ်"

​ဤအဖိုးအိုသည် အိုမင်းရင့်ရော်နေပြီး ဇရာထောင်းနေသဖြင့် လမ်းလျှောက်သည်မှာလည်း သိပ်မမြန်ချေ။ သို့သော် လီယန်ချူ၏ ရှေ့မှောက်သို့ မရောက်မီမှာပင်... သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် လီယန်ချူကို သူ၏ လက်အင်္ကျီစဝတ်ရုံထဲသို့ သိမ်းကျုံးသွင်းယူလိုက်တော့သည်။

အဖိုးအိုက အနည်းငယ် ဝမ်းနည်းပူဆွေးသော လေသံဖြင့်...

​"အခုခေတ် လူငယ်တွေက တကယ်ပဲ လူကြီးသူမကို ရိုသေရမှန်း ပိုပြီး မသိကြတော့ဘူး... တစ်ဆင့်ချင်းစီ သေသေချာချာ အပင်ပန်းခံ စီမံထားရတဲ့အရာကို မျက်စိတစ်မှိတ်အတွင်းမှာ ဖျက်ဆီးပစ်လိုက်တယ်ပေါ့"

​ထိုသို့ ပြောပြီးနောက် အဖိုးအို၏ အကြည့်များက ရုတ်တရက် အေးစက်စူးရှသွားပြီး...

​"ရိက္ခာတွေ မရှိတော့ဘူးဆိုရင်တော့... မင်းကိုပဲ စားပစ်ရတော့မှာပေါ့၊ မင်းရဲ့ သွေးသားတွေက သန်မာကြံ့ခိုင်နေတာဆိုတော့... တစ်ခါတလေ အရသာအသစ် ပြောင်းလဲပြီး စားရတာလည်း မဆိုးပါဘူး"

​ဟု ရေရွတ်လိုက်သည်။ အစောပိုင်းက သူ၏ ထိုလက်ကွက်တစ်ချက်ဖြင့်... ရုပ်ခန္ဓာက ရှေးဟောင်းရိုင်းစိုင်းသော သားရဲကြီးတစ်ကောင်အလား သန်မာလှသည့် လီယန်ချူကို လက်အင်္ကျီစထဲသို့ ဖမ်းဆီးထည့်သွင်းနိုင်ခဲ့ခြင်းပင်။

လက်အင်္ကျီစထဲတွင်မူ သီးခြားကမ္ဘာတစ်ခု ရှိနေသည့်အလား... အဖိုးအိုသည် ခန္ဓာကိုယ်ကို လှည့်၍ ထွက်ခွာရန် ပြင်လိုက်တော့သည်။

​ထိုစဉ် ရုတ်တရက်...

​'ကရက်...' ဟူသော အက်ကွဲသံနှင့်အတူ... သူ၏ လက်အင်္ကျီစတွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်အလင်းတန်းတစ်ခု လျှံထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်ခု ဖျတ်ခနဲ အပြင်သို့ ရုန်းထွက်လာပြီး၊ လေထုထဲ၌ လူသားပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားတော့သည်။

​၎င်းမှာ အစောပိုင်းက ခန့်ညားထည်ဝါလှသော ထိုလူငယ်တာအိုဆရာလေးပင် ဖြစ်၏။

အဖိုးအို၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ထွက်ပေါ်လာခဲ့သည်။

​လီယန်ချူသည် လက်ထဲတွင် ရွှေရောင်ညှပ်တစ်ခုကို ဆုပ်ကိုင်ထားပြီး အေးစက်စွာ လှောင်ရယ်လိုက်ကာ...

​"လူကြီးပီသမှု့ ကင်းမဲ့လိုက်တာ... ကျင့်ကြံခြင်းလောကကြီးကို မင်းတို့လို လူမျိုးတွေကသာ ကြီးစိုးထားမယ်ဆိုရင်... ဘယ်လောက်တောင် မှောင်မိုက်နေဦးမလဲ မသိဘူး"

​ဟု ဆိုသည်။ အဖိုးအိုသည် လီယန်ချူ၏ လက်ထဲရှိ ညှပ်ကို ကြည့်ကာ အံ့အားသင့်စွာဖြင့်...

​"ရွှေနဂါးကပ်ကြေး ပဲ"

​ဟု ရေရွတ်လိုက်မိသည်။ သူသည် လီယန်ချူ၏ လက်ထဲက ရွှေနဂါးကပ်‌ေကြးကို ကြည့်ကာ မျက်ဝန်းအစုံက တောက်ပလျှံထွက်လာခဲ့သည်။

လီယန်ချူက ခပ်အေးအေးပင် ပြုံးလိုက်ပြီး...

​"ဟုတ်ပါတယ်... ဒါက နတ်ဘုရားလက်နက် တစ်ခုမျှသာပါပဲ၊ ဘာလဲ... မင်းက သဘောကျလို့လား"

​ဟု မေးလိုက်သည်။ အဖိုးအို၏ အကြည့်က လီယန်ချူ၏ လက်ထဲရှိ ရွှေနဂါးကပ်ကြေး ပေါ်သို့ ကျရောက်နေပြီး...

​"သဘာဝအတိုင်း သဘောကျတာပေါ့... ဘာလဲ... မင်းက ငါအဖိုးကြီးကို လက်ဆောင်ပေးမလို့လား"

​"အကယ်၍ အဲဒီလိုဆိုရင်တော့... မင်း ငါ့ရဲ့ ကောက်ပဲသီးနှံတွေကို ဖျက်ဆီးခဲ့တဲ့ ကိစ္စကို တစ်ခါတည်း ကြေလည်ပြီလို့ သတ်မှတ်ပေးလိုက်မယ်"

​ဟု ဆိုသည်။ လီယန်ချူက အေးစက်စွာ လှောင်ရယ်လိုက်ပြီး...

​"အသုံးမကျတဲ့ကောင်"

​ဟု ဆိုလိုက်၏။ အဖိုးအိုမှာ...

​"………………"

​နောက်တစ်ခဏတွင် သူသည် အလွန်အမင်း ဒေါသထွက်သွားပြီး လက်ကို ဆန့်ထုတ်ကာ လီယန်ချူကို ဖမ်းဆွဲရန် လှမ်းလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် လက်ချောင်းကို ခပ်ဖွဖွလေး တောက်လိုက်ရာ... ပျက်စီးခြင်းစွမ်းအင် များ ပြည့်နှက်နေသော ကြောက်မက်ဖွယ်ကောင်းလှသည့် နတ်ဘုရားကျင့်စဉ်တစ်ခုက အုန်းခနဲ ဗုံးပေါက်ကွဲသလို ထွက်ပေါ်လာခဲ့သည်။

​လီယန်ချူသည် ရွှေနဂါးကပ်ကြေး ကို လေထဲသို့ မြှောက်တင်လိုက်ရာ... ရွှေနဂါးကပ်ကြေး သည် ရွှေရောင်နဂါးနှစ်ကောင်အသွင် ပြောင်းလဲသွားပြီး ပြင်းထန်စွာ ညှပ်ချလိုက်တော့သည်။

​'ဖြတ်...'

​အဖိုးအို၏ လက်ခလယ်သည် ပြတ်တောက်သွားခဲ့ပြီး သွေးများ အဆက်မပြတ် စီးကျလာတော့သည်။

ဤနတ်ဘုရားကျင့်စဉ်ကို လီယန်ချူအနေဖြင့် အနည်းငယ် ရင်းနှီးနေသလို ခံစားရပြီး၊ အထူးသဖြင့် ၎င်းထဲတွင် ပါဝင်သော ပျက်စီးခြင်းစွမ်းအင်များကြောင့် ဖြစ်သည်။

​လီယန်ချူက ခပ်အေးအေးပင်...

​"အရသာက ဘယ်လိုလဲ"

​ဟု မေးလိုက်သည်။

အဖိုးအိုက ဒေါသတကြီးဖြင့်...

​"ငါက အသက်အရွယ် ဒီလောက်ကြီးနေပြီကို... မင်းက ဘာဖြစ်လို့ ဒီလောက်တောင် လက်ရက်စက်ရတာလဲ"

​ဟု ဆိုကာ ခြေတစ်လှမ်း တက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း လီယန်ချူ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

သူ၏ လက်ဝါးထဲမှနေ၍ လျှပ်စီးအလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

​'ဒုန်း...'

​ခေါင်းလောင်းကြီးတစ်လုံး မြည်ဟိန်းလိုက်သည့်အလား ကျယ်လောင်လှသော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး... လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှေးဟောင်းဆန်းပြားလှသော ချပ်ဝတ်တန်ဆာ တစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤလျှပ်စီးအလင်းတန်းထဲတွင် ပါဝင်သော စွမ်းပကားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး၊ အလွန်ပင် ပြင်းထန်ထူထဲလှသည်။

​လျှပ်စီးအလင်းတန်းက ချပ်ဝတ်တန်ဆာပေါ်သို့ အုန်းခနဲ ကျရောက်သွားရာ၊ ထို ချပ်ဝတ်သည်ပင် အနည်းငယ် တုန်ခါသွားခဲ့ရသည်။

'ရှူး...' ဟူသော အသံနှင့်အတူ ကျန့်ကျောင်း ဓား သည် အစွပ်ထဲမှ ကျွတ်ထွက်လာခဲ့ပြီး၊ အဖြူရောင် လျှပ်စီးတန်းတစ်ခုအလား အဖိုးအို၏ လည်ပင်းဆီသို့ ဖျတ်ခနဲ ဝှေ့ယမ်းလိုက်တော့သည်။

​အဖိုးအိုသည် လက်ဝါးတစ်ချက်ဖြင့် လီယန်ချူကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သော်လည်း အလန့်တကြား ဖြစ်မသွားချေ။ နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်သည် ခြေရာလက်ရာမရှိ ကွယ်ပျောက်သွားခဲ့ပြီး...

ကျန့်ကျောင်း ဓား၏ ပစ်မှတ်က လွဲချော်သွားကာ မြေကြီးပေါ်သို့ အုန်းခနဲ ကျရောက်သွားသဖြင့် မိုင်ပေါင်းများစွာ ရှည်လျားလှသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။

​၎င်းမှာ ရုပ်ကူးပုံပြောင်း အတတ်ပင်။

​လီယန်ချူသည် မိမိ၏ ဦးခေါင်းနောက်ဘက်မှနေ၍ ကြောက်မက်ဖွယ်ကောင်းလှသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသော်လည်း သူသည် ခန္ဓာကိုယ်ကို လှည့်မကြည့်ဘဲ... ချက်ချင်းပင် ခရမ်းရောင်နတ်ဝတ်စုံ ကို အသုံးပြုလိုက်ရာ၊ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော ခရမ်းရောင်အလင်းတန်းများ ဖျတ်ခနဲ လင်းထိန်သွားခဲ့သည်။

​အဖိုးအို၏ လက်သည် သူ၏ ခန္ဓာကိုယ်အနီး တစ်ပေအကွာသို့ပင် ချဉ်းကပ်နိုင်ခြင်း မရှိတော့ချေ။

ရွှေနဂါးကပ်ကြေး က ထပ်မံ၍ ညှပ်ချလိုက်ပြန်ရာ၊ အဖိုးအို၏ ပုံရိပ်သည် ထပ်မံကွယ်ပျောက်သွားပြီး... မြင့်မားလှသော တောင်ထိပ်တစ်ခုပေါ်တွင် မတ်တတ်ရပ်ကာ...

​"မဆန်းပါဘူး... ငါအဖိုးကြီးရဲ့ သီးနှံတွေကို ဖျက်ဆီးနိုင်တာ၊ ရုပ်ခန္ဓာက သန်မာရုံတင်မကဘဲ ကိုယ်ပေါ်မှာလည်း ရတနာလက်နက်တွေ ဒီလောက်အများကြီး ရှိနေတာကိုး"

​ဟု အဖိုးအိုက ခပ်အေးအေးပင် ဆိုလိုက်သည်။

သို့သော် နောက်တစ်ခဏတွင် သူ၏ မျက်နှာက အလွန်ပင် အိုမင်းရင့်ရော်ကာ မှောင်မိုက်သွားပြီး...

​"မင်းကိုသာ အချိန်ထပ်ပေးလိုက်ရင်... ငါအဖိုးကြီးတောင် တကယ်ပဲ မင်းကို ဖမ်းဆွဲနိုင်မှာ မဟုတ်တော့ဘူး၊ ဒါပေမဲ့ နှမြောစရာကောင်းတာက... မင်းက အခုအချိန်မှာတော့ နုနယ်လွန်းသေးတယ်"

​ဟု ဆိုလိုက်တော့သည်။ စကားဆုံးသည်နှင့် ကျင့်စဉ်တစ်ခုကို ထုတ်ဖော်လိုက်ရာ... ကောင်းကင်ယံတွင် တောင်ကြီးတစ်လုံးအလား ကြီးမားလှသော ကြေးညိုဖလားကြီးတစ်လုံး ပေါ်ထွက်လာခဲ့ပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းအက္ခရာဝိညာဉ်စာလုံးများ တဖျတ်ဖျတ် လင်းထိန်နေတော့သည်။

​ကြေးညိုဖလားကြီးသည် အောက်သို့ ဖိနှိပ်ကျရောက်လာခဲ့ပြီး၊ မည်သည့်အရာမဆို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါများ ပြည့်နှက်နေတော့သည်။

ထို့အပြင် ဘေးပတ်ဝန်းကျင် ကမ္ဘာမြေကြီးတစ်ခုလုံးသည်လည်း လုံးဝ ချိပ်ပိတ်ခံလိုက်ရသဖြင့်... ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ မရနိုင်တော့ရုံတင်မကဘဲ မည်သည့်နတ်ဘုရားကျင့်စဉ် အတတ်ပညာကိုမဆို ထုတ်ဖော်၍ မရနိုင်တော့ချေ။

​ကြေးညိုဖလားကြီးသည် ဝိညာဉ်နှင့် စိတ်ဝိညာဉ်ကိုပါ တုန်လှုပ်ချောက်ချားစေနိုင်စွမ်း ရှိသဖြင့်... လူကို ခုခံလိုစိတ်ပင် ပျောက်ကွယ်သွားစေတော့သည်။

ဤအဖိုးအို၏ စွမ်းပကားသည် ဆန်းကြယ်လှပြီး၊ မြေပြင်နတ်ဘုရား အဆင့်တွင် ရှိနေနိုင်ချေ ရှိသည်။

ဤနတ်ဘုရားကျင့်စဉ်သည် မည်သည့်အတတ်ပညာကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

​လီယန်ချူ၏ မျက်ဝန်းအစုံက အေးစက်သွားပြီး... မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာခဲ့သည်။

သူသည် မပျက်စီးနိုင်တဲ့ ရွှေကိုယ်ထည်ကို လည်ပတ်စေလိုက်ရာ... မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အရှိန်အဝါသည် ရူးသွပ်မတတ် မြင့်တက်လာခဲ့တော့သည်။

​နောက်တစ်ခဏတွင် သူသည် လက်ထဲ၌ ဓားကို ဆုပ်ကိုင်ကာ ရှေ့သို့ ပြေးဝင်၍ သတ်ဖြတ်လိုက်တော့သည်။

​'ဘုန်း...'

​ဓားအလင်းတန်းသည် ကြေးညိုဖလားကြီးပေါ်သို့ အုန်းခနဲ ကျရောက်သွားရာ... ကြေးညိုဖလားကြီး၏ အလင်းတန်းက မှေးမှိန်သွားခဲ့ပြီး၊ ကမ္ဘာလောကကြီးကို ဖိနှိပ်ထားသော ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါကြီးသည်လည်း တားဆီးခြင်း ခံလိုက်ရတော့သည်။

လီယန်ချူ၏ ကိုယ်ပေါ်ရှိ လျှပ်စီးမီးတောက် အငွေ့အသက်များနှင့် ခရမ်းရောင်အလင်းတန်းများကလည်း အဆက်မပြတ် ပေါက်ကွဲပျက်စီးနေခဲ့သည်။

​ကြေးညိုဖလားကြီးထဲတွင် ပါဝင်သော နတ်ဘုရားကျင့်စဉ်သည် ရုပ်ခန္ဓာနှင့် ဝိညာဉ်အပေါ်တွင် ကြီးစွာသော ဖိအားကို ပေးစွမ်းနိုင်ခြင်းပင်။

အဖိုးအိုက မျက်ခုံးပင့်လိုက်မိပြီး...

​"ဒီတာအိုဆရာငယ်လေးရဲ့ ကိုယ်ပေါ်မှာ... ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ နတ်ဘုရားလက်နက်တစ်ခု ရှိနေရမယ်"

​"ခရမ်းရောင်အလင်းတန်းဆိုတော့...ဒါက ခရမ်းရောင်နတ်ဝတ်စုံ လား"

​ထိုသို့ တွေးမိလိုက်ချိန်တွင် သူ၏ နှုတ်ခမ်းထောင့်က မတတ်နိုင်ဘဲ အလိုအလျောက် ပြုံးရယ်ရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ယနေ့ ကောက်ပဲသီးနှံများ ဖျက်ဆီးခံလိုက်ရသဖြင့် ရတနာများကို ဆက်လက်၍ သွန်းလုပ်၍ မရတော့သော်လည်း... မထင်မှတ်ဘဲ ဤကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိလိမ့်မည်ဟု ထင်မထားခဲ့ချေ။

​သူသည် လက်ဝါးကို အားထည့်လိုက်ရာ... ကြေးညိုဖလားကြီးပေါ်ရှိ အလင်းတန်းများက ပိုမို၍ ထူထဲသိပ်သည်းလာပြီး ကမ္ဘာမြေကြီးပေါ်သို့ အလင်းတန်းပေါင်းသောင်းခြောက်ထောင် ဖြာထွက်လာတော့သည်။

လီယန်ချူအနေဖြင့် အကယ်၍ မပျက်စီးနိုင်တဲ့ ရွှေကိုယ်ထည်ကို ကျင့်ကြံထားခြင်း မရှိပါက... သူသည် အစီရင်ဝတ်စုံ ၏ အကူအညီကို အသုံးပြုထားပြီး တောင်ထမ်းမခြင်းအတတ်၊ တောင်ကိုရွှေ့ခြင်း ‌အတတ်နှင့် ခွန်အားကြီးမားခြင်းအတတ် ဟူသော နတ်ဘုရားကျင့်စဉ် သုံးခုစလုံးကို ကျွမ်းကျင်ထားသော်လည်း မည်သို့မျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

​ယခုအချိန်တွင်မူ သူသည် မိမိ၏ အံ့အားသင့်ဖွယ်ကောင်းလှသော ရုပ်ခန္ဓာအင်အားကို အမှီပြု၍... ဤကြေးညိုဖလားကြီးကို အတင်းအကျပ် အောင့်အီးခံနိုင်ရည် ရှိနေခြင်းပင်။

သူ၏ မျက်ဝန်းအစုံမှနေ၍ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မိုင်ပေါင်းများစွာကို လင်းထိန်သွားစေကာ၊ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ဆူပွက်လာခဲ့သည်။

သူသည် တစ်ခဏအတွင်း ကိုယ်ပွား အတတ်ကို အသုံးပြုလိုက်ရာ... လီယန်ချူ နှစ်ဦး ထပ်မံပေါ်ထွက်လာခဲ့ပြီး၊ သုံးဦးစလုံး တစ်ပြိုင်နက်တည်း လက်ရည်ယှဉ် တိုက်ခိုက်ကြတော့သည်။

​'ကောင်းကင်ပျက်သုဥ်း သိုင်းရှစ်ကွက်'

​'ဒုန်း... ဒုန်း... ဒုန်း...'

​လက်သီးချက်၊ လက်ဝါးချက်၊ တံတောင်ဆစ်ချက်နှင့် ခြေကန်ချက်များ၏ ရိုက်ခတ်သံကြီးက နားမခံနိုင်လောက်အောင် အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး... နတ်ဘုရားကျင့်စဉ် အမြောက်အမြားက အုန်းခနဲ ကျရောက်သွားတော့သည်။

ကြေးညိုဖလားကြီး၏ မျက်နှာပြင်ပေါ်တွင် လက်ဝါးရာ၊ လက်သီးရာနှင့် ခြေရာများ အထပ်ထပ် ထင်ကျန်နေခဲ့ပြီး...

ဤကြေးညိုဖလားကြီးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။

​'ရှူး...'

​တောက်ပလှသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး... ကြေးညိုဖလားကြီးသည် လုံးဝ တစစီ ကွဲအက်ပျက်စီးသွားသဖြင့် ကမ္ဘာလောကကြီးသည် နောက်တစ်ကြိမ် ပြန်လည် ကြည်လင်တောက်ပသွားတော့သည်။

အဖိုးအိုသည် မျက်ခုံးများကို ပြင်းထန်စွာ သုန်မှုန်သွားပြီး...

​"နောက်ထပ် သိုင်းနတ်ဘုရား တစ်ယောက်လား"

​ဟု ရေရွတ်လိုက်မိသည်။ ဤနေရာသည် ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများဖြင့် လွှမ်းခြုံထားပြီး၊ လီယန်ချူ၏ ကိုယ်ပေါ်တွင် တောက်ပလှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသဖြင့် ကောင်းကင်ဘုံက နတ်မင်းကြီးတစ်ပါးအလား ဖြစ်နေတော့သည်။

အဖိုးအိုသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွလေး ချလိုက်ပြီး... အသက်တစ်ချက် ရှူသွင်းလိုက်ရာ၊ ဘေးပတ်ဝန်းကျင် မိုင်ပေါင်းများစွာအတွင်းရှိ ဝိညာဉ်စွမ်းအင်များအားလုံးကို တစ်ခဏအတွင်း စုပ်ယူပစ်လိုက်တော့သည်။

​ချက်ချင်းပင် သူသည် ပါးစပ်ကို ဟကာ မှုတ်ထုတ်လိုက်ရာ...

တောက်ပလှသော ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

​ဤဓားချက်သည် မြေပြင်နတ်ဘုရား အဆင့်၏ စွမ်းပကား ဖြစ်၏။

အဖိုးအို ပိုင်ဆိုင်ထားသော စွမ်းအားက အလွန်တရာ ပြင်းထန်ထူထဲလှသည်။

​ဓားအလင်းတန်း ပေါ်ထွက်လာရုံမျှ ရှိသေး...

လီယန်ချူသည် ဘေးအန္တရာယ်တစ်ခု ကြုံတွေ့ရတော့မည့်အလား စိတ်ထဲ၌ ကြိုတင်ခံစားမိလိုက်သည်။ သူသည် သိုင်းပညာဗီဇအရ... ဤဓားချက်ထဲတွင် ပါဝင်သော စွမ်းပကားကို ခန့်မှန်းမိလိုက်ခြင်းပင်။

​သို့သော် သူ နည်းလမ်းများကို ထုတ်ဖော်ရန် မပြင်ရသေးမီမှာပင်... ကောင်းကင်ယံမှနေ၍ ရုတ်တရက် ကျယ်လောင်လှသော မိုးကြိုးသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

​"မင်း ရဲတင်းလှချေလား"

​အသံက ခေါင်းလောင်းကြီးတစ်လုံး တီးခတ်လိုက်သည့်အလား ကျယ်လောင်လှပြီး...

ချက်ချင်းပင် ကောင်းကင်ယံမှနေ၍ အလင်းတန်းတစ်ခု ဖျတ်ခနဲ ကျရောက်လာကာ ဤဓားအလင်းတန်းကို တစ်ခဏအတွင်း တစစီ ခြေမှုန်းဖျက်ဆီးပစ်လိုက်တော့သည်။

​နောက်တစ်ခဏတွင် ၎င်းသည် အဖိုးအို၏ ကိုယ်ပေါ်သို့ အုန်းခနဲ ကျရောက်သွားသဖြင့် အဖိုးအိုသည် နောက်သို့ လွင့်စင်ထွက်ခွာသွားရတော့သည်။

အဖိုးအို၏ နောက်ကျောဘက်ရှိ သွေးသားများက ဒိန်းခနဲ ပေါက်ကွဲထွက်သွားပြီး လက်သီးရာတစ်ခု ထင်ကျန်နေခဲ့ကာ သွေးချင်းချင်းနီသွားတော့သည်။

သူ၏ နောက်ကွယ်ရှိ ကောင်းကင်ယံတွင် တောက်ပလှသော လေလှိုင်းကြီးတစ်ခု ပေါ်ထွက်လာပြီး တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

​အဖိုးအို၏ မျက်နှာက ချက်ချင်းပင် ဖြူလျော်သွားပြီး သွေးများ အဆက်မပြတ် အန်ထွက်လာတော့သည်။

လီယန်ချူသည်လည်း အံ့အားသင့်သွားရသည်။ ဤအဖိုးအိုသည် မြေပြင်နတ်ဘုရား အဆင့်တွင် ရှိနေသည်မှာ သေချာလှသည်။

ဒါဆိုရင် ဤအလင်းတန်းက ဘာအရာလဲ။

​အလင်းတန်းထဲတွင် ဝေဝါးသော ပုံရိပ်တစ်ခု ရှိနေပြီး အလွန်ပင် တောက်ပလင်းထိန်နေသည်။

လီယန်ချူ စိုက်ကြည့်လိုက်ရာ... ၎င်းသည်လည်း အဖိုးအိုတစ်ဦး ဖြစ်ပုံရပြီး လက်တစ်ဖက် ပြတ်တောက်နေသည်ကို မသဲကွဲဘဲ မြင်တွေ့လိုက်ရသည်။

​တုတ်ကောက်ကို အားပြုထားသော အဖိုးအို၏ အသံက ချက်ချင်းပင် အေးစက်သွားပြီး...

​"မင်းက ဘယ်သူလဲ"

​ဟု မေးလိုက်သည်။ ရွှေရောင်အလင်းတန်းထဲတွင် လွှမ်းခြုံထားသော ထိုပုံရိပ်၏ အသံက ခေါင်းလောင်းကြီးတစ်လုံးအလား ဟိန်းထွက်လာခဲ့ပြီး...

​"ထွက်သွား... ဒီနေရာက မင်း လာပြီး ရမ်းကားရမယ့်နေရာ မဟုတ်ဘူး"

​ဟု ဆိုလိုက်သည်။ စကားဆုံးသည်နှင့် သူသည် ခြေတစ်လှမ်း တက်ကာ သတ်ဖြတ်ရန် ရှေ့သို့ ပြေးဝင်သွားပြီး...

လက်သီးတစ်ချက်ဖြင့် ထိုတုတ်ကောက်ကို အားပြုထားသော အဖိုးအို၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

​အဖိုးအို၏ ကိုယ်ပေါ်တွင် ထူထဲလှသော နတ်ဘုရားအလင်းတန်းများ ပေါ်ထွက်လာပြီး၊ သူ၏ ဘေးပတ်ဝန်းကျင်တွင် ကြယ်တာရာများ ဝန်းရံနေသည့်အလား ရှိနေသည်။

သို့သော် ဤရွှေရောင်အလင်းတန်းထဲက ပုံရိပ်၏ လက်သီးတစ်ချက်အောက်တွင်... မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာရာများအားလုံး ပေါက်ကွဲပျက်စီးသွားခဲ့ရသည်။

​တုတ်ကောက်ကို အားပြုထားသော အဖိုးအိုသည် နောက်ထပ် ကိုက်ရာချီ၍ နောက်သို့ ဆုတ်ခွာသွားရပြီး၊ မျက်ဝန်းထဲတွင် ကြီးစွာသော ထိတ်လန့်တုန်လှုပ်ရိပ်များ ပြည့်နှက်နေတော့သည်။

ဤတစ်ကြိမ်တွင်မူ သူသည် ရွှေရောင်အလင်းတန်းထဲက လူ၏ အဆင့်အတန်းကို မှတ်မိသွားပုံရပြီး... ချက်ချင်းပင် တုံ့ဆိုင်းခြင်းမရှိဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝေးရာသို့ ထွက်ပြေးလွတ်မြောက်သွားတော့သည်။

​ရွှေရောင်အလင်းတန်းထဲတွင် လွှမ်းခြုံထားသော ပုံရိပ်က တည်ငြိမ်အေးဆေးစွာဖြင့်...

​"တာအိုဆရာငယ်လေးရဲ့ နတ်ဘုရားလေးမြှား ကို တစ်ချက်လောက် ငှားသုံးပါရစေ"

​ဟု ဆိုသည်။ လီယန်ချူက မျက်ခုံးပင့်လိုက်မိသည်။

တစ်ဖက်လူက သူ၏ ကိုယ်ပေါ်တွင် ဖုန်းနတ်ဘုရားလေးမြှား ရှိနေသည်ကို မည်သို့သိရှိနေရတာလဲ။

သို့သော် ဤလူသည် ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်နေသည်မှာ ထင်ရှားလှပေသည်။

​လီယန်ချူက လက်ကို ဝှေ့ယမ်းလိုက်ရာ... အလင်းတန်းတစ်ခုသည် ထိုပုံရိပ်၏ လက်ထဲသို့ ဖျတ်ခနဲ ပျံသန်းဝင်ရောက်သွားခဲ့သည်။ ၎င်းမှာ ရှေးဟောင်းဆန်းပြားလှသော လေးမြှားကြီး ဖြစ်ပြီး၊ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေတော့သည်။

ရွှေရောင်အလင်းတန်းထဲတွင် လွှမ်းခြုံထားသော ထိုပုံရိပ်သည် လက်အင်္ကျီစကို ဝှေ့ယမ်းကာ လေးကြိုးကို ဆွဲတင်လိုက်ရာ... မျက်စိတစ်မှိတ်အတွင်းမှာပင် လေးကြိုးက လပြည့်ဝန်းအလား တင်းကျပ်သွားတော့သည်။

​ချက်ချင်းပင် မြှားတစ်စင်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကြယ်တာရာများကို လိုက်လံဖမ်းဆီးသည့်အလား... မျက်စိတစ်မှိတ်အတွင်းမှာပင် ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားတော့သည်။

ယခုအချိန်တွင် နတ်ဘုရားကျင့်စဉ်ကို အသုံးပြု၍ ဝေးရာသို့ ပြေးလွှားနေသော ထိုတုတ်ကောက်ကို အားပြုထားသည့် အဖိုးအို၏ ကိုယ်ပေါ်ရှိ ဒဏ်ရာက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး နောက်ကျောဘက်တွင် သွေးများ အဆက်မပြတ် စီးကျနေခဲ့သည်။

​သူသည် ရင်တထိတ်ထိတ်ဖြင့် စဉ်းစားဆင်ခြင်ရန် မပြင်ရသေးမီမှာပင်... ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်းအငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

ခေါင်းလှည့်ကြည့်လိုက်ရာ... မြှားတစ်စင်းက သူ၏ထံသို့ ပြင်းထန်စွာ ပြေးဝင်လာနေပြီး၊ အလွန်ပင် စူးရှကာ နတ်ဘုရားစွမ်းပကားများ ထူထဲသိပ်သည်းနေတော့သည်။

​သူသည် နတ်ဘုရားကျင့်စဉ်ကို လည်ပတ်စေလိုက်ပြီး လက်ငါးချောင်းကို ကောင်းကင်ထောက်တိုင်ကြီးငါးခုအလား ပြောင်းလဲစေကာ ထိုမြှားစင်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဤနတ်ဘုရားကျင့်စဉ်ထဲတွင် ပါဝင်သော ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားကြောင့် ဟင်းလင်းပြင်ကြီးသည် ရေလှိုင်းများကဲ့သို့ တုန်ခါသွားခဲ့ရသည်။

​သို့သော် ဤမြှားစင်းကမူ သူ၏ လက်မောင်းကို တစစီ ပေါက်ကွဲပျက်စီးသွားစေခဲ့သည်။

​'ဘုန်း...'

​ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားသည် လက်မောင်းမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ကူးစက်ဝင်ရောက်လာခဲ့သည်။

တုတ်ကောက်ကို အားပြုထားသော အဖိုးအိုသည် ညည်းတွားလိုက်မိပြီး... လက်ဝါးဖြင့် မိမိ၏ လက်မောင်းကို ပြင်းထန်စွာ ရိုက်ချကာ လက်မောင်းကို ဖြတ်တောက်ပစ်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် ဤကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားကိုလည်း ဖြတ်တောက်ပစ်လိုက်၏။

​သူ၏ မျက်နှာက အလွန်ပင် ဖြူလျော်သွားပြီး မျက်စိ၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှနေ၍ သွေးများ စိမ့်ထွက်လာတော့သည်။

​" နိုင်ငံကာကွယ်ရေး သိုင်းနတ်ဘုရား ... ဒီလူက အခုထိ မသေသေးဘူးလား"

​မျက်နှာပြင်ပေါ်ရှိ ဒဏ်ရာများကို ဖြေရှင်းပြီးသွားသော်လည်း... ထိုကြောက်မက်ဖွယ်ကောင်းလှသော သိုင်းပညာနတ်ဘုရားကျင့်စဉ်ကမူ သူ၏ ဇီဝိန္ဒြေကို အဆက်မပြတ် ခြေမှုန်းဖျက်ဆီးနေဆဲပင်။

​"ကောင်းကင်က သတ်ဖြတ်ခြင်းအငွေ့အသက်တွေ ထွက်ပေါ်နေပြီး... လူသားတွေကလည်း သတ်ဖြတ်ခြင်းအငွေ့အသက်တွေ ထွက်ပေါ်နေတယ်၊ လူ့လောကကြီးထဲမှာ ဆက်ပြီး နေလို့မရတော့ဘူး... အရင်ဆုံး နတ်ဘုရားနန်းတော် ထဲကို သွားပြီး ပုန်းကွယ်နေရမယ်"

​သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်ခါကာ ခြေရာလက်ရာမရှိ ကွယ်ပျောက်သွားတော့သည်။

​……

​အခြားတစ်ဖက်တွင်မူ... လီယန်ချူသည် ရွှေရောင်အလင်းတန်းထဲတွင် လွှမ်းခြုံထားသော ထိုပုံရိပ်ကို စိုက်ကြည့်ကာ ခပ်အေးအေးပင်...

​"မင်းက တကယ်တော့ ဘယ်သူလဲ"

​ဟု မေးလိုက်သည်။ ထိုပုံရိပ်သည် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသဖြင့် အလွန်ပင် တောက်ပလင်းထိန်နေပြီး၊ နတ်ဘုရားစွမ်းပကားက ခန့်ညားထည်ဝါလှသည်။

အစောပိုင်းက အဖိုးအို၏ ထိုဓားချက်ထဲတွင် ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

​လီယန်ချူအနေဖြင့် ဤဓားချက်၏ စွမ်းပကားကို ရှင်းလင်းစွာ ခံစားမိလိုက်ခြင်းပင်။

သို့သော် ဤသူ ရုတ်တရက် ထွက်လိုက်သည်နှင့် ကမ္ဘာပျက်မတတ် ပြင်းထန်လှပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတုတ်ကောက်ကို အားပြုထားသော အဖိုးအိုကို နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။

​ရွှေရောင်အလင်းတန်းထဲက ပုံရိပ်က ခပ်အေးအေးပင်...

​"ကျင့်စဉ်မဲ့ခြင်းက ကျင့်စဉ်ရှိခြင်းကို အောင်နိုင်တယ်... ကျင့်စဉ်တစ်ခုက ကျင့်စဉ်ပေါင်းသောင်းခြောက်ထောင်ကို ခြေမှုန်းနိုင်တယ်"

​ဟု ဆိုသည်။ ၎င်းမှာ သိုင်းနတ်ဘုရား မှတ်တမ်းထဲတွင် မှတ်တမ်းတင်ထားသော စိတ်ကူးစိတ်သန်းများ ဖြစ်သဖြင့် လီယန်ချူ ချက်ချင်းပင် သဘောပေါက်သွားပြီး၊ တကယ်ပဲ သူဖြစ်နေခြင်းပင်။

​"ချန်နိုင်ငံရဲ့ နိုင်ငံကာကွယ်ရေး သိုင်းနတ်ဘုရား လား"

​ရွှေရောင်အလင်းတန်းထဲတွင် လွှမ်းခြုံထားသော ဤပုံရိပ်က ခပ်အေးအေးပင်...

​"နိုင်ငံကာကွယ်ရေးဆိုတာကိုတော့ ထည့်မပြောပါနဲ့တော့... သိုင်းနတ်ဘုရား ဆိုတဲ့ စကားလုံးနှစ်လုံးကိုတော့ ငါအဖိုးကြီးက သဘောကျပါတယ်၊ သိုင်းပညာနတ်လူသား ဆိုတာထက် ပိုပြီး ကောင်းတာပေါ့"

​ဟု ဆိုသည်။ ဤသူသည် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသဖြင့် မျက်နှာကို ရှင်းလင်းစွာ မမြင်ရချေ။

သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါက အလွန်ပင် ခန့်ညားထည်ဝါလှသော်လည်း ပြောဆိုသည့် စကားများကမူ အလွန်ပင် ရိုးရှင်းလှပြီး ရင်းနှီးလွယ်လှပေသည်။

​လီယန်ချူက လက်နှစ်ဖက်ကို ပူးယှက်ကာ...

​"စီနီယာ ထွက်ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

​ဟု ဆိုလိုက်သည်။ အစောပိုင်းက သူ့တွင် ဖဲချပ်အမြောက်အမြားကို ထုတ်ဖော်ခြင်းမရှိသေးဘဲ၊ အကယ်၍ ဤနေရာ၌ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါက ရလဒ်ကလည်း ခန့်မှန်းရခက်ခဲလှပေသည်။

ရွှေရောင်အလင်းတန်းထဲက ပုံရိပ်က ခေါင်းခါလိုက်ပြီး တည်ငြိမ်အေးဆေးစွာဖြင့်...

​"ဒီနေရာက သူတို့ လာပြီး ရမ်းကားရမယ့်နေရာ မဟုတ်သေးပါဘူး"

​ဟု ဆိုသည်။ ထိုသိုင်းနတ်ဘုရားသည် မြေပြင်နတ်ဘုရား အဆင့်ရှိသူများ ထွက်လာသည်ကို သိရှိနိုင်စွမ်း ရှိနေခြင်းပင်... လီယန်ချူက...

​"အစောပိုင်းက ထွက်ခွာသွားတဲ့လူက ဘယ်သူလဲဆိုတာကို သိခွင့်ရှိမလား"

​ဟု မေးလိုက်သည်။ ရွှေရောင်အလင်းတန်းထဲက ပုံရိပ်က...

​"အိုမင်းရင့်ရော်နေတဲ့ လူအိုကြီးအုပ်စုတစ်စုပါပဲ"

​ဟု ဆိုကာ၊ သတင်းအချက်အလက် အမြောက်အမြားကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

လီယန်ချူက ပွင့်ပွင့်လင်းလင်းပင်...

​"စီနီယာ ကမ္ဘာပေါ်မှာ ရှိနေသေးတာပဲကို... ဘာဖြစ်လို့ ကမ္ဘာလောကကြီးထဲမှာ မိစ္ဆာကောင်တွေ ဒီလောက်တောင် သောင်းကျန်းနေတာလဲ၊ စီနီယာ ထွက်လာတာကို တစ်ခါမှ မမြင်ဖူးပါဘူး"

​ဟု မေးလိုက်သည်။ ရွှေရောင်အလင်းတန်းထဲက ပုံရိပ်က ခပ်အေးအေးပင်...

​"ငါ တစ်ခါမှ မထွက်လာဖူးဘူးလို့ မင်းက ဘယ်လိုလုပ် သိတာလဲ"

​ဟု မေးလိုက်သည်။ လီယန်ချူ မျက်ခုံးပင့်ကာ ခေါင်းမော့၍ ဤပုံရိပ်ကို စိုက်ကြည့်လိုက်မိသည်။ တကယ်ပဲ ဤ နိုင်ငံ ကာကွယ်ရေး သိုင်းနတ်ဘုရားသည် နောက်ကွယ်မှနေ၍ တစ်စုံတစ်ဦးနှင့် ကစားပွဲဆင်နွှဲနေခြင်း ဖြစ်နိုင်ပါသလား။

ဥပမာအားဖြင့် ယနေ့ ကြုံတွေ့ရသော ထိုတုတ်ကောက်ကို အားပြုထားသည့် အဖိုးအိုကဲ့သို့သော လူမျိုးများနှင့် ဖြစ်သည်။

လီယန်ချူ ဆက်လက်၍ စကားမပြောတော့ချေ။

​ဤပုံရိပ်က တည်ငြိမ်အေးဆေးစွာဖြင့်...

​"မင်း နောင်တစ်ချိန်မှာ မြေပြင်နတ်ဘုရား အဆင့်ကို ရောက်ရှိသွားတဲ့အခါ... ကိစ္စရပ်အမြောက်အမြားကို သဘာဝအတိုင်း သိရှိလာလိမ့်မယ်"

​"မဟုတ်ရင်တော့ အခု စကားအများကြီး ပြောလည်း အသုံးမဝင်ရုံတင်မကဘဲ... မင်းကိုပါ ဒုက္ခရောက်စေလိမ့်မယ်"

​ဟု ဆိုသည်။ လီယန်ချူသည် မျက်ဝန်းအစုံဖြင့် ဤရွှေရောင်အလင်းတန်းထဲက ပုံရိပ်ကို စိုက်ကြည့်ကာ၊ တစ်ဖက်လူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုစိတ် ပြည့်နှက်နေသော်လည်း...

ဤပုံရိပ်သည် ဖြည်းညှင်းစွာဖြင့် ကွယ်ပျောက်သွားခဲ့ပြီး တည်ငြိမ်အေးဆေးလှသော စကားသံကမူ ကမ္ဘာမြေကြီးထဲ၌ ဟိန်းထွက်နေဆဲပင်။

​"မင်း စောစောစီးစီး ဒီအဆင့်ကို ရောက်ရှိလာပြီး... သိုင်းပညာနဲ့ နတ်ဘုရားတွေ ‌ကို သတ်ဖြတ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"

​တစ်ချိန်တည်းမှာပင် ဖုန်းနတ်ဘုရားလေးမြှားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လီယန်ချူ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လီယန်ချူ၏ ကိုယ်ပေါ်ရှိ တာအိုဝတ်စုံသည် လေထဲတွင် တဖျတ်ဖျတ် ဝဲပျံနေပြီး အကြည့်များက တည်ငြိမ်နေသည်။

​ဤတုတ်ကောက်ကို အားပြုထားသော အဖိုးအိုဖြစ်စေ၊ ဤရွှေရောင်အလင်းတန်းထဲက သိုင်းနတ်ဘုရားဖြစ်စေ... သူတို့၏ စွမ်းအားအဆင့်အတန်းသည် သူ့ထက် များစွာ သာလွန်လှပေသည်။

အထူးသဖြင့် ဤသိုင်းနတ်ဘုရား ထုတ်ဖော်လိုက်သော သတ်ဖြတ်ခြင်းစွမ်းအားက ထိုဆန်းကြယ်လှသည့် အဖိုးအိုထက် များစွာ ပိုမိုပြင်းထန်လှသည်။

​လီယန်ချူသည် လက်ထဲရှိ ရိုးရှင်းလှသော လေးမြှားကြီးကို စိုက်ကြည့်ကာ... လေးမြှားကြီးပေါ်မှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ခံစားလိုက်မိသည်။

၎င်းသည် ယခင်ကထက် ဆယ်ဆ၊ အဆပေါင်းရာချီ၍ ပိုမိုထူထဲသိပ်သည်းလာခဲ့ပြီး... သူသည် သိုင်းနတ်ဘုရား ၏ လက်ထဲ၌ နတ်ဘုရားများကို ပစ်ခတ်သတ်ဖြတ်ရန် အသုံးပြုခြင်း ခံခဲ့ရသဖြင့် ယခုအခါတွင်မူ ပိုမို၍ ဆန်းပြားကာ ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေတော့သည်။

​လီယန်ချူ သေသေချာချာ အာရုံခံကြည့်လိုက်ရာ... ကျင့်စဉ်တစ်ခုသည် သူ၏ စိတ်အာရုံထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

၎င်း၏ မျက်နှာပြင်ပေါ်တွင် လေးပစ်ခြင်းအတတ်ပညာတစ်ခုကို မှတ်တမ်းတင်ထားပြီး၊ အလွန်ပင် ဆန်းကြယ်လှကာ အဆင့်မြင့်လှသော သတ်ဖြတ်ခြင်း နတ်ဘုရားကျင့်စဉ်တစ်ခု ဖြစ်သဖြင့်... လီယန်ချူ ကျင့်ကြံထားသော ကောင်းကင်ပျက်သုဥ်း သိုင်းရှစ်ကွက်ထက်ပင် များစွာ ပိုမိုသာလွန်လှပေသည်။

လီယန်ချူ ဤအရာသည် ထိုသိုင်းနတ်ဘုရား ချန်ထားခဲ့သော အရာဖြစ်ကြောင်း သိရှိလိုက်သည်။

​သူသည် တည်ငြိမ်အေးဆေးစွာဖြင့် ပြုံးလိုက်ပြီး...

​"ဒီစီနီယာကြီးက စကားပြောရင် အမြဲတမ်း ဖုံးကွယ်ထားရတာကို သဘောကျတယ်... ပြီးတော့ မိမိဘာသာ ကျင့်စဉ်မဲ့ခြင်းက ကျင့်စဉ်ရှိခြင်းကို အောင်နိုင်တယ်လို့ ပြောပြီးတော့၊ ထွက်လာတဲ့အချိန်ကျတော့ ဘာဖြစ်လို့ ဒီလောက်တောင် ရက်စက်ရတာလဲ"

​ဟု တွေးမိသည်။ ယခင်ဘဝတုန်းက သိုင်းဆရာအမြောက်အမြားသည် ဓားဖြင့် လှံကို ခြေမှုန်းခြင်း၊ ဓားရှည်ဖြင့် လှံကို ခြေမှုန်းခြင်းအတတ်ကို အသေးစိတ် ရှင်းပြတတ်ကြသော်လည်း...

စစ်မြေပြင်သို့ ရောက်ရှိချိန်တွင်မူ လှံက အားလုံးထက် ပိုမိုရှည်လျားနေပြီး ချပ်ဝတ်တန်ဆာကလည်း အားလုံးထက် ပိုမိုထူထဲနေတတ်ကြသည်။

​လီယန်ချူသည် ဤလေးမြှားကျင့်စဉ်ကို သေသေချာချာ အာရုံခံကြည့်လိုက်ပြီး...

သူသည် ဖြည်းညှင်းစွာဖြင့် လေးကြိုးကို ဆွဲတင်လိုက်ရာ... မူလက လေးကြိုးကို လပြည့်ဝန်းအလား လွယ်ကူစွာ ဆွဲတင်နိုင်သော်လည်း ယခုအချိန်တွင်မူ အနည်းငယ် ခက်ခဲလာသည်ကို သတိပြုမိလိုက်သည်။

​လီယန်ချူ၏ ကိုယ်ပေါ်တွင် သွေးချီများ ဆူပွက်လာခဲ့ပြီး လေးကြိုးကို ဆွဲတင်လိုက်ချိန်တွင်... ကြောက်မက်ဖွယ်ကောင်းလှသော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အချိန်တိုင်း သူ၏ ရုပ်ခန္ဓာသည် ပိုမို၍ သန်မာလာခဲ့ရသည်။

​"ဘာပဲဖြစ်ဖြစ်... ဒီလက်ဆောင်ကတော့ စေတနာအမှန်ပဲ ဖြစ်ရမယ်"

​ဟု လီယန်ချူ ရင်ထဲ၌ တွေးမိသည်။

ဤအရာထဲတွင် လေးကြိုးကို ဆွဲတင်ခြင်းဖြင့် ရုပ်ခန္ဓာကို သန်မာစေသော နည်းလမ်းများ ပါဝင်နေသည်မှာ ထင်ရှားလှပေသည်။

လီယန်ချူ ဤအရာကို လုံးဝ ကျွမ်းကျင်သွားသည့် အခါတွင်မူ... သူ၏ ရုပ်ခန္ဓာသည် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ မလွဲဧကန် ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

​"တကယ်ပဲ ကမ္ဘာပေါ်က သူရဲကောင်းတွေကို လျှော့တွက်လို့ မရပါဘူး... အနည်းဆုံးတော့ သိုင်းပညာလမ်းစဉ်မှာတော့ သိုင်းနတ်ဘုရားက ငါ့ထက် ပိုပြီး ဝေးဝေးကို လျှောက်လှမ်းနိုင်ခဲ့တာပဲ။"

​………………

​ဝေမြို့တော်...

​ထိုရှေးဟောင်းမြို့ပြပျက်ထဲမှ ပြန်လည်ရောက်ရှိလာပြီးနောက်... ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤရက်ပိုင်းအတွင်း လီယန်ချူသည် ဖုန်းနတ်ဘုရားလေးမြှားထဲတွင် ပါဝင်သော သိုင်းပညာ ခွန်အားစိုက်ထုတ်ခြင်း နည်းလမ်းများကို လေ့လာဆင်ခြင်နေခဲ့သည်။

​ရက်အနည်းငယ်အတွင်းမှာပင် သူ၏ ရုပ်ခန္ဓာသန်မာမှုသည် များစွာ မြင့်တက်လာခဲ့ပြန်သည်။

ထိုလေးပစ်ခြင်းအတတ်ပညာကိုမူ... သူသည် တစ်ကြိမ်မျှ ကြည့်ရုံမျှဖြင့် လုံးဝ ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။

ဤရက်ပိုင်းအတွင်း သူသည် မကြာခဏ လေ့ကျင့်လေ့ရှိပြီး... မြှားများကို ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများ ပြည့်နှက်နေသဖြင့် ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့ရသည်။

​နည်းလမ်းမရှိတော့သဖြင့်... သူသည် နတ်ဘုရားပန်းချီကားထဲသို့ ဝင်ရောက်၍သာ ကျင့်ကြံရတော့သည်။

သို့သော် နတ်ဘုရားပန်းချီကားသည် အတိတ်က ထိုမဟာမိစ္ဆာနှင့် တိုက်ခိုက်ခဲ့သည့် ပွဲစဉ်ကြောင့်... များစွာ လှုပ်ခတ်သွားခဲ့ရပြီး ကန့်သတ်ချက် တားမြစ်ချက် အမြောက်အမြား ပျက်စီးသွားခဲ့ရသည်။

​၎င်းထဲတွင် လေးမြှားအတတ်ကို လေ့ကျင့်ရာ၌... လေးမြှားအတတ်၏ စွမ်းပကားကို အဆုံးစွန်ထိ မထုတ်ဖော်ရသေးမီမှာပင် နတ်ဘုရားပန်းချီကားတစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခတ်သွားစေခဲ့သည်။

​နီရှန်းနတ်သမီး သည် ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ရာ... သူမသည် အလွန်ပင် အေးချမ်းပြီး နူးညံ့သိမ်မွေ့လှသော နတ်သမီးတစ်ပါး ဖြစ်၏။

ယခုအချိန်တွင် သူမသည်ပင် မအောင့်နိုင်တော့ဘဲ...

​"မင်းသာ ဒီအတိုင်း ဆက်ပြီး လေ့ကျင့်နေမယ်ဆိုရင်... ဒီနတ်ဘုရားပန်းချီကားကြီးကတော့ မင်းရဲ့ လက်ချက်နဲ့ ပျက်စီးသွားတော့မှာပဲ"

​ဟု ဆိုလိုက်သည်။ လီယန်ချူက...

​"ဒါပေမဲ့ မလေ့ကျင့်ရင်လည်း ဘယ်လိုလုပ် တိုးတက်မှု ရှိမှာလဲ... ထပ်ပြီးတော့ အပြင်မှာ လေ့ကျင့်ရင်လည်း အပြစ်မဲ့တဲ့လူတွေကို ဒဏ်ရာရသွားမှာ စိုးရသေးတယ်"

​ဟု ဆိုသည်။ ဖုန်းရှန်ဝတ္ထု ထဲတွင် နီကျားသည် ကောင်းကင်မြေပြင်လေးမြှား ကို ဆွဲတင်လိုက်ရာ... မြှားတစ်စင်းဖြင့် ရှောက်ကျီး၏ ကလေးငယ်ကို ပစ်သတ်မိသွားသဖြင့် မလိုအပ်သော တိုက်ပွဲများကို ဖိတ်ခေါ်မိသွားခဲ့သည် မဟုတ်ပါလား။

​နီရှန်းနတ်သမီးက...

​"နတ်နန်းတော်တစ်ခုခုကို သွားပြီး ရှာဖွေလိုက်လေ... အကောင်းဆုံးကတော့ နယ်ပယ်ပြင်ပက မိစ္ဆာကောင်တွေ ရှိတဲ့နေရာမျိုးပေါ့... အဲဒီထဲကို ဝင်ပြီး လေ့ကျင့်ရင် ပိုပြီး မကောင်းဘူးလား"

​ဟု ဆိုသည်။ လီယန်ချူ အံ့အားသင့်သွားပြီး...

​"အကျိုးအကြောင်း ရှိတယ်... ငါ အခုပဲ သွားလိုက်မယ်"

​ဟု ဆိုသည်။ လီယန်ချူသည် နတ်ဘုရားပန်းချီကားထဲမှ ထွက်ခွာလာခဲ့ပြီးနောက် ဆိုင်ရှင်မ နှင့် ဤကိစ္စကို ဆွေးနွေးလိုက်သည်။

ဆိုင်ရှင်မသည် ဤရက်ပိုင်းအတွင်း မိုင်ထောင်ချီ စိတ်အာရုံချင်း ဆက်သွယ်နိုင်သော ဆောင် ၏ နယ်ပယ်ကျော် အသုံးပြုခြင်းအတတ်ကို စိတ်ဝင်စားနေခြင်းပင်။

​ဤကိစ္စကို ကြားရသောအခါ သူမသည်လည်း သဘောတူညီမှု ပြလိုက်ပြီး...

​"နီရှန်း ပြောတာ မှန်ပါတယ်... လျှိုဝှက်နယ်မြေ ထဲကို သွားပြီး နယ်ပယ်ပြင်ပက မိစ္ဆာကောင်တွေကို သတ်ဖြတ်တာ ဖြစ်စေ... ဒါမှမဟုတ် လောကကြီးထဲကနေ ပုန်းကွယ်နေတဲ့ မိစ္ဆာခေါင်းဆောင်အချို့ကို သွားရောက်နှိမ်နင်းတာ ဖြစ်စေ... ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒအတိုင်း မကောင်းမှုကို နှိမ်နင်းတာပဲပေါ့"

​ဟု ဆိုသည်။

လီယန်ချူသည် အသာအယာ ခေါင်းညိတ်လိုက်တော့သည်။

All Chapters