အခန်း ၉၉၂
Vol. 100 Ch. 992
အခန်း (၉၉၂) မေရှန်းတာအိုဆရာ
ဆိုင်ရှင်မသည် မိုင်ထောင်ချီ စိတ်အာရုံချင်း ဆက်သွယ်နိုင်သော အဆောင်ကို လေ့လာဆင်ခြင်နေရင်းမှ မနေနိုင်ဘဲ ခေါင်းလှည့်၍ တစ်ချက် ပြောလိုက်ပြန်သည်။
"မှတ်ထားဦး... လူကို သတ်ပြီးရင် ပစ္စည်းတွေကိုပါ တစ်ခါတည်း ယူခဲ့ရမယ်၊ ရင်းမြစ်တွေကို ဖြုန်းတီးပစ်လို့ မဖြစ်ဘူး"
လီယန်ချူက ပြုံးလိုက်ပြီး -
"နားထောင်ရတာ တကယ့်ကို မိစ္ဆာခေါင်းဆောင်ကြီးတစ်ယောက်နဲ့ တူနေတာပဲ"
ဆိုင်ရှင်မက မေးစေ့ကို ပင့်ကာ ဟင်းခနဲ နှာခေါင်းရှုံ့လိုက်ပြီး -
"ဒါကို ဘယ်လိုလုပ် မိစ္ဆာလို့ ပြောလို့ရမှာလဲ၊ ငါက ဒါကို သုတေသနလုပ်ဖို့အတွက် လုပ်တာပါ"
လီယန်ချူသည် အူလှိုက်သဲလှိုက် ရယ်မောလိုက်ပြီး ရှေ့သို့ တိုးကာ ဆိုင်ရှင်မ၏ သွယ်လျလှပသော ခါးသိမ်လေးကို အသာအယာ ဆွဲဖက်လိုက်ရင်း -
"ငါ ဒီတစ်ခေါက်လည်း အပြင်ကို ထပ်သွားရဦးမယ်... မင်း လက်ရှိလုပ်နေတဲ့ အလုပ်တွေကို ခဏလောက် နားထားလိုက်လို့ မရဘူးလား"
ဆိုင်ရှင်မသည် ယခုရက်ပိုင်းအတွင်း ရတနာသွန်းလုပ်ခြင်း၌ အလွန်အမင်း စိတ်ဝင်စားနေပြီး စိတ်အာရုံအားလုံးကို အဆောင်၏ နယ်ပယ်ကျော် အသုံးပြုခြင်းအတတ်ပေါ်၌သာ ပုံအောထားခြင်း ဖြစ်သည်။ ဤအရာက အလွန်ပင် ကျော်လွှားရန် ခက်ခဲလှသော ကိစ္စရပ်တစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မတူညီသော ဟင်းလင်းပြင် ကမ္ဘာများကြားတွင် ပြင်းထန်လှသော အကာအကွယ်အတားအဆီးများ ရှိနေသောကြောင့်ပင်။
ဆိုင်ရှင်မသည် ထိုစကားကို ကြားသောအခါ နူးညံ့ချိုသာစွာ ပြုံးလိုက်ပြီး မြူဆွယ်ညှို့ယူလိုသော လေသံဖြင့် ခပ်တိုးတိုး ဆိုလိုက်သည်။
"ကောင်းပြီလေ..."
သူမ၏ အသားအရည်က မိတ်ကပ်လိမ်းစရာမလိုဘဲ ဝင်းမွတ်ဝေဆာနေပြီး ဖျော့တော့သော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေကာ မျက်နှာကလည်း အပြစ်ပြောစရာမရှိအောင်ပင် ပြည့်စုံလှပလွန်းလှသည်။ အထူးသဖြင့် သူမ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ရင်ခုန်လှုပ်ရှားဖွယ် ညှို့ဓာတ်အငွေ့အသက်က ပျိုမြစ်နုနယ်သော မိန်းကလေးငယ်များ မယှဉ်နိုင်သည့် အရာပင်။
ဆိုင်ရှင်မသည် မိမိ၏ နီမြန်းစိုစွတ်သော နှုတ်ခမ်းလွှာလေးကို ခပ်ဖွဖွ ကိုက်လိုက်ပြီး တုန်ရီနေသော ရင်အစုံဖြင့် လီယန်ချူ၏ ကိုယ်ကို တင်းကျပ်စွာ မှီကပ်လိုက်ရင်း သူ၏ နားရွက်နားသို့ ကပ်ကာ လေသံခပ်တိုးတိုးဖြင့် -
"ဒီတစ်ခေါက်တော့... ငါက အပေါ်ကနေ နေမှာ၊ ရှင့်ကို အနိုင်မယူနိုင်ဘူးလို့ မယုံကြည်ဘူး"
……
ဖုန်းနတ်ဘုရားလေးမြှားသည် ယခုအချိန်တွင် ကောင်းကင်ယံသို့ ထိုးဖောက်နိုင်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေပြီး ရိုးရှင်းကာ ဆန်းပြားလှပေသည်။ ထို့အပြင် ဆိုင်ရှင်မသည် ဤအကြောင်းကို ကြားသိပြီးနောက် ဖုန်းနတ်ဘုရားလေးမြှားကို တစ်ဖန် ပြန်လည်၍ သွန်းလုပ်ပေးခဲ့သေးသည်။
ယခင်တစ်ခေါက်က နတ်ဘုရားလက်နက်ဖြစ်သော ရှူယီဘူးသီးကို သွန်းလုပ်ရန်အတွက် အဖိုးတန်လှသော နတ်ဘုရား ရင်းမြစ်အမြောက်အမြားကို ကုန်ဆုံးခဲ့ရသည်။ သို့သော် ဖုန်းနတ်ဘုရားလေးမြှား၏ ယခုအခြေအနေက အနည်းငယ် ထူးဆန်းလှပြီး၊ ပြင်းထန်လှသော စွမ်းပကားများစွာကို ထပ်မံဖြည့်တင်းပေးထားခြင်း ခံရသဖြင့် ဤလေးမြှားကြီး၏ စွမ်းအားက ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ လက်ထဲတွင် ဆုပ်ကိုင်ထားရုံမျှဖြင့် ဆန်းကြယ်လှသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီး သွေးချီများကို အဆက်မပြတ် ဆူပွက်စေတော့သည်။
ချန်နိုင်ငံ၏ သိုင်းနတ်ဘုရားသည်ပင် မိမိက နတ်ဘုရားကျင့်စဉ်ကို ဖြည့်တင်းပေးထားပြီးနောက် ဤလေးမြှားကြီးကို အခြားတစ်ဦးက တစ်ဖန် ပြန်လည်သွန်းလုပ်ပြီး ပြောင်းလဲနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့လိမ့်မည် မဟုတ်ချေ။
နတ်ဘုရားပန်းချီကားသည်လည်း ထိုနည်းတူပင် ၎င်းထဲတွင် ဆန်းကြယ်လှသော စွမ်းပကား အမြောက်အမြား ပါဝင်နေသော်လည်း ၎င်း၏ မူလဒြပ်စင် သစ်သားဓာတ်ကမူ အနည်းငယ် ချို့တဲ့နေခဲ့သည်။ ၎င်းထဲတွင် ပိုမိုပြင်းထန်လှသော အရာမှာ အချို့သော တာအို၏ စည်းမျဉ်းဥပဒေသများ ပါဝင်နေခြင်းပင်။ သို့သော် ဤပန်းချီကားထဲက ကမ္ဘာသည် လုံးဝ တည်ငြိမ်မှုမရှိဘဲ ပြင်းထန်လှသော စွမ်းအားများနှင့် ကြုံတွေ့ရပါက ရုန်းထွက်ခံရရန် လွယ်ကူလှပေသည်။
၎င်းထဲတွင် ကျင့်စဉ်ချင်း လက်ရည်ယှဉ် တိုက်ခိုက်ပါကလည်း ပျက်စီးသွားရန် လွယ်ကူလှပြီး၊ အထူးသဖြင့် မြေပြင်နတ်ဘုရား အဆင့်ရှိ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရပါက အသုံးဝင်မှု အလွန်ပင် နည်းပါးလှသည်။
ထို့ကြောင့် ဆိုင်ရှင်မသည် ဤနတ်ဘုရားပန်းချီကားကို ကျူယီအိုးကြီးထဲသို့ ထည့်သွင်းကာ ပြန်လည်သွန်းလုပ်ခဲ့ပြီး၊ ထိုနတ်ဘုရားပန်းချီကား၏ စွမ်းပကားများကို ှိုူယီဘူးသီးထဲသို့ ပေါင်းစပ်ထည့်သွင်းပေးခဲ့သည်။ နီရှန်းနတ်သမီးသည်လည်း ကာလရှည်ကြာ တိတ်ဆိတ်စွာ ကျင့်ကြံရန်အတွက် ဝေမြို့တော်၏ တောတောင် လျှိုမြောင်ကြားသို့ ထွက်ခွာသွားခဲ့ရာ၊ သူမအတွက်မူ ပန်းချီကားထဲတွင် နေထိုင်ရသည်ထက် များစွာ ပိုမိုကောင်းမွန်လှပေသည်။
ရှူယီဘူးသီးသည် မူလကပင် ဆန်းကြယ်လှသော စွမ်းပကားများစွာ ပါဝင်နေပြီး ဖြစ်သလို၊ ၎င်း၏ အဆင့်အတန်းကလည်း နတ်ဘုရားလက်နက် အဆင့်သို့ ရောက်ရှိထားသည်။ ယခုအချိန်တွင် လူကို ပိတ်လှောင်နိုင်သော စွမ်းအားကို ထပ်မံထုတ်ဖော်လိုက်ပါက စွမ်းအားက အဆပေါင်းများစွာ မြင့်တက်လာပြီး မြေပြင်နတ်ဘုရား အဆင့်ရှိသူကိုပင် သက်ရောက်မှု ပေးနိုင်စွမ်း ရှိလာတော့သည်။
လီယန်ချူသည် မိမိ၏ လက်ထဲ၌ ရှူယီဘူးသီးကို ဆုပ်ကိုင်ထားရင်း... ဤရှူယီဘူးသီးသည် လူကို စိမ်းသက်လှသော ကမ္ဘာတစ်ခုထဲသို့ လွယ်ကူစွာ ပိတ်လှောင်ထားနိုင်ပြီး အလွန်ပင် ခိုင်မာလှသည်။ စိတ်အာရုံကစဥ့်ကလျား ဖြစ်စေခြင်း သို့မဟုတ် ထင်ယောင်ထင်မှား အတတ်ကို ထုတ်ဖော်လိုက်ပါက မြေပြင်နတ်ဘုရား အဆင့်ရှိသူကိုပင် လွှမ်းမိုးသွားစေနိုင်စွမ်း ရှိပေသည်။
လီယန်ချူသည် ချက်ချင်း ထွက်ခွာရန်အတွက် အလျင်မလိုခဲ့ချေ။
လောလောဆယ်တွင်မူ နတ်ဘုရားလက်နက်များကသာ မြေပြင်နတ်ဘုရား အဆင့်ရှိသူကို ဒဏ်ရာရစေနိုင်ခြင်း ဖြစ်သည်။
ဆိုင်ရှင်မက တစ်ဖန် ပြန်လည်သွန်းလုပ်ပေးလိုက်ရာ... ကျူယီအိုးကြီးထဲတွင် ပါဝင်သော ရှေးဦးစွမ်းအင်များက ဤရတနာလက်နက်များကို ချေဖျက် စုပ်ယူနိုင်ပြီး ခွန်အားကို မြင့်တက်စေနိုင်သလို မူလဂုဏ်သတ္တိအချို့ကိုလည်း ထိန်းသိမ်းထားပေးနိုင်သည်။ လီယန်ချူ၏ လက်ထဲတွင် ပြင်းထန်လှသော ဓားအမျိုးအစား ရတနာလက်နက် အမြောက်အမြား ရှိနေသည်။ သူသည် ပုံမှန်အားဖြင့် ဓားရှည်ကိုသာ အသုံးပြုလေ့ရှိသော်လည်း၊ သူ၏ ခန္ဓာကိုယ်ထဲတွင် ဓားတာအို၏ ကံတရား အရှိန်အဝါများ ရှိနေသဖြင့် ဓားကို အသုံးပြုပါကလည်း စွမ်းအားက အလွန်ပင် ပြင်းထန်လှပေသည်။
သူသည် ယခုရက်ပိုင်းအတွင်း ဝေမြို့တော်၌ တရားဓမ္မ ရွတ်ဖတ်ပူဇော်ခြင်းအပြင် လက်သီးကျင့်စဉ်များကို လေ့ကျင့်နေခဲ့ပြီး၊ ထို့ပြင် ဖုန်းနတ်ဘုရားလေးမြှားထဲတွင် ပါဝင်သော သိုင်းပညာ နတ်ဘုရားကျင့်စဉ်များကိုလည်း လေ့လာဆင်ခြင်နေခဲ့ကာ၊ နေ့စဉ် နေ့တိုင်း လေးကြိုးကို ဆွဲတင်၍ ခွန်အားကို မြင့်တက်စေခဲ့သည်။
ဆိုင်ရှင်မသည် ကာလရှည် တံခါးပိတ်ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားခဲ့ပြီး ဆိုင်၏ အရောင်းအဝယ် ကိစ္စရပ်များကို အခြားသူများအား လွှဲပြောင်းပေးကာ ခြံဝန်းထဲ၌ ရတနာသွန်းလုပ်ခြင်းကိုသာ အာရုံစိုက် လုပ်ဆောင်နေခဲ့သည်။
လီယန်ချူသည် ယနေ့တွင် ချင်းယွန်းကျောင်းတော်ထဲ၌ မတ်တတ်ရပ်ကာ လေးကြိုးကို ဆွဲတင်နေပြီး၊ သူ၏ လက်မောင်းပေါ်ရှိ ကြွက်သားများက ဖုထစ်ရုန်းကြွနေကာ ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားများ ပြည့်နှက်နေတော့သည်။
'ဝုန်း...'
ရိုးရှင်းလှသော လေးမြှားကြီးကို ဖြည်းညှင်းစွာ ဆွဲတင်လိုက်ရာ လပြည့်ဝန်းအလား တင်းကျပ်သွားပြီး၊ သွေးချီများက သူ၏ ရုပ်ခန္ဓာကို အဆက်မပြတ် ဆေးကြောသန့်စင်ပေးသဖြင့် သူ၏ ရုပ်ခန္ဓာက ပိုမို၍ သန်မာကြံ့ခိုင်လာခဲ့ရသည်။ နေ့စဉ် နေ့တိုင်း ကျင့်ကြံနေသဖြင့် ၎င်းထဲတွင် ပါဝင်သော သိုင်းပညာနတ်ဘုရားကျင့်စဉ်နှင့် လေးပစ်ခြင်း အတတ်ပညာကိုမူ လုံးဝ ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။
ထိုစဉ် လီယန်ချူသည် ရုတ်တရက် မိမိ၏ ဟူထျန်းဟင်းလင်းပြင်ထဲမှ ပြင်းထန်သော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ကမ္ဘာငယ်၏ ဝင်ပေါက်ကို ဖွင့်ပေးလိုက်ရာ ကြောင်ကလေးတစ်ကောင်က ဖျတ်ခနဲ ခုန်ထွက်လာခဲ့ပြီး ကိုယ်ပေါ်ရှိ အရှိန်အဝါက ကမ္ဘာမြေနှင့် တစ်သားတည်း ဖြစ်နေတော့သည်။ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် ချက်ချင်းပင် ကြောင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ခန္ဓာကိုယ် တည်ဆောက်ပုံက လှပကျော့ရှင်းပြီး ကိုယ်ထည်က သွယ်လျကာ၊ နတ်မီးခိုးရောင် အလင်းတန်းများက ခန္ဓာကိုယ်ပေါ်တွင် ဝန်းရံနေတော့သည်။
တစ်ချက်ကြည့်ရုံမျှဖြင့် ကျွေ့ဟွာ ၏ ကိုယ်ပေါ်က ပြောင်းလဲမှုများကို မြင်တွေ့လိုက်ရပြီး အသွင်သစ် ပြောင်းလဲသွားသည့်အလား ရှိနေသည်။ လီယန်ချူက မချီးကျူးဘဲ မနေနိုင်တော့ဘဲ -
"စွမ်းအားတွေ အများကြီး တိုးတက်လာတာပဲ"
ကျွေ့ဟွာ က မေးစေ့ကို ပင့်ကာ ဟင်းခနဲ နှာခေါင်းရှုံ့လိုက်ပြီး -
"ဒါကတော့ သဘာဝအတိုင်းပေါ့... ငါက ငါ့ရဲ့ သွေးမျိုးဆက်ထဲမှာ ပါတဲ့ နတ်ဘုရားကျင့်စဉ် အမြောက်အမြားကို လုံးဝ ကျွမ်းကျင်ပြီး သဘောပေါက်သွားပြီ၊ ပြီးတော့ ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်နှစ်ခု ပေါင်းစပ်တာကလည်း အလွန်ပဲ ချောမွေ့ခဲ့တယ်... အခုအချိန်မှာ နင်ဆိုရင်တောင် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်တော့မှာ"
ကျွေ့ဟွာ ၏ ကျင့်ကြံခြင်းအဆင့်က သွေးမျိုးဆက်မှ လာခြင်းဖြစ်သဖြင့် အဟုန်ပြင်းစွာ တိုးတက်လာခဲ့ပြီး အလွန်ပင် မြန်ဆန်လှသည်။ လီယန်ချူက ခပ်ဖွဖွလေး ပြုံးလိုက်မိပြီး၊ ကျွေ့ဟွာ သည် ယခင်ကအတိုင်း အလွန်ပင် မာနကြီးနေဆဲပင်။
သူက ကျွေ့ဟွာ ကို ကြည့်ကာ -
"မင်း ဘေးဒုက္ခတွေနဲ့ ပတ်သက်ပြီး ဘာကို ထပ်ပြီး အာရုံခံမိသေးလဲ"
အစောပိုင်းတုန်းက သူမသည် ဆိုင်ရှင်မ၏ လမ်းညွှန်ပြသမှုကို ခံခဲ့ရပြီး ကျင့်ကြံခြင်းက မြန်ဆန်လွန်းသဖြင့် အဆင့်အတန်းက မတည်ငြိမ်ဘဲ ဖြစ်နေခဲ့ရာ၊ လူသားဘေးဒုက္ခ သို့မဟုတ် ကောင်းကင်ဘေးဒုက္ခများ ကျရောက်လာနိုင်ချေ ရှိနေခြင်းပင်။
ကျွေ့ဟွာ က
"ငါ ကမ္ဘာငယ်ထဲမှာ အကြာကြီး ကျင့်ကြံနေခဲ့တာ... စိတ်အာရုံထဲမှာ ကြိုတင်ခံစားမိတယ်၊ ဘေးဒုက္ခတွေကတော့ ပြေပျောက်သွားပြီ ထင်တာပဲ"
လီယန်ချူက ခေါင်းညိတ်လိုက်ပြီး -
"ဒါကတော့ အကောင်းဆုံးပေါ့"
သို့သော် သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ကျွေ့ဟွာ ကို ကြည့်ကာ -
"အခုထိ လူသားအသွင် မပြောင်းလဲနိုင်သေးဘူးလား"
ကျွေ့ဟွာ က သက်ပြင်းတစ်ချက် ချလိုက်ပြီး -
"ဟုတ်တယ်... ဘာဖြစ်လို့လဲတော့ မသိဘူး၊ ကျင့်ကြံခြင်းအဆင့်က ပိုပြီး မြင့်မားလာလေလေ လူသားအသွင် ပြောင်းလဲဖို့က ပိုပြီး ခက်ခဲလာလေလေပဲ"
လီယန်ချူက -
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ကျွေ့ဟွာ က ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။ သူမသည် ဆိုင်ရှင်မထံသို့ သွားရောက်၍ အဖြေရှာလိုနေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် လီယန်ချူကမူ သာမန်ကာလျှံကာ တိုက်ခိုက်ခြင်း အတတ်ကိုသာ သိရှိသောကြောင့် ဖြစ်သည်။
လီယန်ချူက -
"ဆိုင်ရှင်မက အခု တံခါးပိတ်ကျင့်ကြံနေတာ"
ကျွေ့ဟွာ ၏ မျက်ဝန်းများက ချက်ချင်း လင်းခနဲ ဖြစ်သွားပြီး -
"နောက်ထပ် နတ်ဘုရားလက်နက်ကို ထပ်ပြီး သွန်းလုပ်နေတာလား"
လီယန်ချူက -
"ဟုတ်တယ်... ဒီတစ်ခေါက် အောင်မြင်မလားတော့ မသိဘူး"
ကျွေ့ဟွာ အနည်းငယ် စိတ်ဝင်စားသွားပြီး -
"ဒီတစ်ခေါက်က ဘယ်လိုမျိုး နတ်ဘုရားလက်နက်ကို သွန်းလုပ်နေတာလဲ"
ဆိုင်ရှင်မက နတ်ဘုရားလက်နက်ကို သွန်းလုပ်နိုင်စွမ်း ရှိသည်ဟူသော အချက်သာ အပြင်သို့ ပျံ့နှံ့သွားပါက တစ်ကမ္ဘာလုံးကို တုန်လှုပ်ချောက်ချားသွားစေမည်မှာ သေချာလှပြီး၊ ကမ္ဘာပေါ်ရှိ ကျွမ်းကျင်သူ အမြောက်အမြားကိုပါ ရူးသွပ်သွားစေလိမ့်မည် ဖြစ်သည်။
လီယန်ချူက -
"နတ်ဘုရားဓားတစ်စင်း ဖြစ်လိမ့်မယ် ထင်တယ်"
ကျွေ့ဟွာ အလွန်ပင် စိတ်ဝင်စားသွားခဲ့ပြီး၊ စိတ်ထဲတွင် ဆိုင်ရှင်မအပေါ်၌ အားကိုးလိုစိတ်များ ပိုမိုပြင်းထန်လာခဲ့ကာ -
"ဒီလို ကြီးမားလှတဲ့ ခြေထောက်ကြီးကိုတော့... ငါ အမိအရ ဆွဲထားရမယ်"
သူမ၏ ယခုကျင့်ကြံခြင်းအဆင့်က ပိုမိုမြင့်မားလာခဲ့သော်လည်း၊ ဆိုင်ရှင်မ၏ ဆန်းကြယ်လှသော နည်းလမ်းများကိုမူ အခုထိ နားမလည်နိုင်သေးချေ။ သူမသည် ဆိုင်ရှင်မ၏ နောက်ခံသမိုင်းကြောင်းကို ခန့်မှန်းမိလိုက်ပြီး ကောင်းကင်ဘုံက နတ်မင်းကြီးတစ်ပါး၏ လူဝင်စားခြင်း ဖြစ်ရမည်ဟု တွေးမိသည်။ သို့သော် ဘယ်လိုမျိုး နတ်မင်းကြီးဖြစ်မို့လို့ ဤကဲ့သို့သော နတ်ဘုရားကျင့်စဉ်ကို ပိုင်ဆိုင်ထားရတာလဲ။
နောက်တစ်နေ့ မွန်းလွဲပိုင်းအထိ ရောက်ရှိလာချိန်တွင်မူ... ဆိုင်ရှင်မသည် မိုရှဲ့ရတနာဓား ကို အခြေခံထားပြီး ရှေးဟောင်းဓားအမြောက်အမြားကို ပေါင်းစပ်ကာ၊ ပြင်းထန်လှသော နတ်ဘုရား တာအိုအက္ခရာစာလုံးများကို ထည့်သွင်း၍ နတ်ဘုရားဓားတစ်စင်းကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့သည်။
ဆိုင်ရှင်မက ဓားရှည်ကို လီယန်ချူထံသို့ ကမ်းပေးလိုက်ရင်း -
"မိုရှဲ့ကို အဓိကထားပြီး သွန်းလုပ်ထားတာဆိုတော့... ဒါကို မိုရှဲ့ဓား လို့ပဲ ဆက်ပြီး ခေါ်လိုက်ရအောင်"
လီယန်ချူသည် ဤဓားရှည်ကို လှမ်းယူလိုက်ရာ ရှေးဟောင်းဆန်းပြားပြီး သွယ်လျလှကာ၊ အရှည်က သုံးပေခုနစ်လက်မ ရှိပေသည်။
လီယန်ချူ ရင်ထဲ၌ -
"နောက်ထပ် နတ်ဘုရားဓားတစ်စင်း တိုးလာပြန်ပြီ"
ဟု တွေးမိလိုက်သည်။ သာမန် မြေပြင်နတ်ဘုရား အဆင့်ရှိသူများတွင်ပင် နတ်ဘုရားလက်နက် ရှိချင်မှ ရှိတတ်ကြသော်လည်း၊ သူ၏ လက်ထဲတွင်မူ မူလနတ်ဘုရားလက်နက်များအပြင် ယခုအခါ မိုရှဲ့ရတနာဓားတစ်စင်းပါ ထပ်မံတိုးပွားလာခဲ့ခြင်းပင်။
ကျွေ့ဟွာ သည် ယခုအချိန်တွင် ကြောင်ကလေးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး ဆိုင်ရှင်မ၏ ခြေထောက်နားသို့ ရောက်ရှိလာကာ ခန္ဓာကိုယ်ကို အသာအယာ ပွတ်သပ်နေတော့သည်။ သူမ လူသားအသွင် မပြောင်းလဲနိုင်ခြင်းက ဤကဲ့သို့သော အကျိုးကျေးဇူး ရှိနေခြင်းပင်။ သေးငယ်သွားသည့် အခါတွင် အလွန်ပင် ချစ်စရာကောင်းလှပြီး ကလေးဆိုးလေးအလား ကပ်ချွဲနေခြင်းက ဘာမှ အပြစ်ပြောစရာမရှိချေ။
ဆိုင်ရှင်မက အသာအယာ ပြုံးလိုက်ပြီး သူမကို ပွေ့ချီလိုက်ကာ -
"မဆိုးဘူး မဆိုးဘူး... စွမ်းအားတွေ အများကြီး တိုးတက်လာတာပဲ"
အလွန်ပင် မာနကြီးလှသော ကျွေ့ဟွာ သည် ယခုအချိန်တွင် မအောင့်နိုင်တော့ဘဲ ဆိုင်ရှင်မ၏ ဖြူဖွေးနုနယ်သော လက်ဖဝါးလေးကို အသာအယာ ပွတ်သပ်နေမိသည်။ သူမသည် ဆိုင်ရှင်မ၏ ရင်ခွင်ထဲသို့ ရောက်ရှိနေပြီး ခက်ခက်ခဲခဲ ခေါင်းလေးတစ်လုံးကို ထုတ်ဖော်ထားရကာ၊ ဆိုင်ရှင်မက ပြုံးလျက် -
"ဒီတစ်ခေါက် အပြင်သွားရင် ကျွေ့ဟွာ ကို ခေါ်မသွားနဲ့ဦး... သူမကို ငါ့အနားမှာ ထားခဲ့လိုက်၊ ငါ သူမကို သင်ပေးစရာ အချို့ရှိတယ်"
လီယန်ချူ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ -
"ကောင်းပြီလေ"
ကျွေ့ဟွာ ၏ မျက်န်းများက လင်းခနဲ ဖြစ်သွားပြီး ဆိုင်ရှင်မ၏ ကိတ်ထနေသော ရင်အစုံပေါ်သို့ ခေါင်းလေးဖြင့် အသာအယာ ဆွဲပွတ်မိရာ၊ ဆိုင်ရှင်မမှာ ကိကိကကနှင့် သဘောကျစွာ ရယ်မောတော့သည်။
ကျွေ့ဟွာ ရင်ထဲ၌ -
"အလွန်ပဲ ကြီးတယ်..."
ဟု မချီးကျူးဘဲ မနေနိုင်တော့ချေ။
သူမ အနည်းငယ် မိန်းမောသွားရသည်။ သူမ လူသားအသွင် ပြောင်းလဲချိန်ထက်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားလှသဖြင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
လီယန်ချူသည် တိမ်တိုက်ကို စီးနင်းကာ ကျိုဖုန်းတောင် ဆီသို့ တိုက်ရိုက် ဦးတည်ထွက်ခွာသွားခဲ့သည်။ ဝေမြို့တော်၏ ဘေးပတ်ဝန်းကျင် ဟင်းလင်းပြင်က ပိုမို၍ ဆန်းပြားချိပ်ပိတ်ထားသဖြင့် ရှာဖွေရန် ခက်ခဲလှသော်လည်း၊ ကျိုဖုန်းတောင်၏ ဟင်းလင်းပြင်ကမူ အလွန်ပင် လှုပ်ခတ်နေသည်။
ယခုအချိန်တွင် သူသည်လည်း ဟင်းလင်းပြင် တာအိုလမ်းစဉ်ကို လုံးဝ ကျွမ်းကျင်ထားပြီး ဖြစ်သဖြင့် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို လွယ်ကူစွာ ရှာဖွေနိုင်ခြင်းပင်။
……………………
လီယန်ချူ ဝေမြို့တော်မှ ထွက်ခွာသွားပြီးနောက်... ဆိုင်ရှင်မသည် ကြောင်ကလေးကို ပွေ့ချီကာ တည်းခိုခန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ခန်းမကြီးကို ဖြတ်ကျော်၍ နောက်ဖေးခြံဝန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ လက်ချောင်းလေးဖြင့် ကြောင်ကလေး၏ ဦးခေါင်းကို အသာအယာ သပ်ပေးလိုက်ရာ ခြံဝန်းထဲတွင် လူတစ်ရပ်စာမျှ မြင့်မားလှသော ကြေးညိုပင်ငယ်လေးတစ်ပင် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
၎င်း၏ အရှိန်အဝါက အလွန်ပင် ရှေးဟောင်းဆန်းပြားလှပြီး၊ ရှေးကမ္ဘာဦးခေတ်က သမိုင်းဝင် အငွေ့အသက်ကြီးတစ်ခု ထွက်ပေါ်နေတော့သည်။
ထို့ပြင် ဤကြေးညိုပင်သည် သေဆုံးနေသောအရာ မဟုတ်ဘဲ အမှန်တကယ်ပင် သက်ရှိထင်ရှား ရှိနေသောအရာ ဖြစ်သဖြင့် ၎င်းထဲတွင် ပြည့်နှက်နေသော ဇီဝသက်စောင့်စွမ်းအင်များကိုပါ ရှင်းလင်းစွာ ခံစားမိလိုက်သည်။ ကျွေ့ဟွာ အနည်းငယ် အံ့အားသင့်သွားပြီး ဝိုင်းစက်တောက်ပလှသော မျက်ဝန်းကြီးဖြင့် စိုက်ကြည့်နေမိသည်။
ဆိုင်ရှင်မက ပြုံးလျက် သူမ၏ ဦးခေါင်းကို ပုတ်ပေးလိုက်ကာ -
"ဒါကို ကျန်မုန့် လို့ ခေါ်တယ်"
ကျွေ့ဟွာ ၏ သွေးမျိုးဆက်ထဲတွင် ပြင်းထန်လှသော အမွေအနှစ် ဆက်ခံမှုများ ပါဝင်နေသဖြင့် ဤကဲ့သို့သော အရာများနှင့် ပတ်သက်၍ မှတ်တမ်းများ ရှိနေပေရာ၊ ထိုစကားကို ကြားသောအခါ အံ့အားသင့်စွာဖြင့် -
" ကျန်မုန့်...ဒဏ္ဍာရီထဲက ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံကို ဆက်သွယ်ပေးတဲ့ တံတားကြီးပေါ့"
ဆိုင်ရှင်မက ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် -
"ဟုတ်တယ်... ဒါက အဲဒီ ဒဏ္ဍာရီထဲက ကျန့်မုန့်ပဲ၊ ဒါပေမဲ့ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံကို ဆက်သွယ်ပေးတဲ့ တံတားဆိုတာကတော့ အနည်းငယ် ချဲ့ကားပြောထားတာပါ... ဒါက အလွန်ပဲ ရှားပါးလှတဲ့ ရတနာသွန်းလုပ်စရာ ဝိညာဥ်ပစ္စည်းတစ်ခုပဲ"
ကျွေ့ဟွာ တစ်ယောက် မှင်တက်သွားရကာ -
"ရတနာသွန်းလုပ်စရာ ပစ္စည်း ဟုတ်လား..."
ဆိုင်ရှင်မက ခေါင်းညိတ်ပြလိုက်ပြီး -
"ဟုတ်တယ်"
သူမ ဆက်လက်၍ ရှင်းလင်းပြောကြားခြင်း မရှိတော့ချေ။ ကျွေ့ဟွာ ၏ မျက်လုံး များက ပြူးကျယ်သွားရတော့သည်။
သူမ၏ သွေးမျိုးဆက် အမွေအနှစ်ထဲတွင် ကျန်မုန့်နှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးနိုင်သောအရာ ဟူ၍ ဖြစ်သည်။ သို့သော် ဆိုင်ရှင်မ၏ မျက်ဝန်းထဲတွင်မူ ရတနာသွန်းလုပ်စရာ ပစ္စည်းတစ်ခုမျှသာ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ကျွေ့ဟွာ သည် မိမိ၏ စပ်စပ်စုစု သိလိုစိတ်ကို မအောင့်နိုင်တော့ဘဲ အံ့အားသင့်စွာ မေးလိုက်သည်။
"ဒီအရာက တကယ်တော့ ဘာကို သွန်းလုပ်ဖို့အတွက် သုံးတာလဲ"
ဆိုင်ရှင်မက နှုတ်ခမ်းလေးကို စိစိလေး ပြုံးလိုက်ရာ မိန်းမောဖွယ်ကောင်းလှပြီး -
"ခန္ဓာကိုယ်ကို သွန်းလုပ်လို့ ရတယ်... ပျက်စီးသွားတဲ့ သက်ရှိအချို့ ပြန်လည်ရှင်သန်လာဖို့အတွက် အလွန်ပဲ သင့်တော်တာပေါ့"
ကျွေ့ဟွာ- "………………"
ဆိုင်ရှင်မက သူမ၏ ဦးခေါင်းကို အသာအယာ ပုတ်ပေးလိုက်ကာ -
"ဒါပေမဲ့... ဒါက ဝိညာဥ်ပစ္စည်းတွေထဲက တစ်ခုပဲ ရှိသေးတာပါ"
……………………
မော်ရှန်းတောင်
နဂါးချိပ်ပိတ်တွင်း
တွင်းဝအနီးတွင် လူ့လောက၏ အငွေ့အသက်များ ကင်းစင်နေသော အမျိုးသမီး တာအိုဆရာမတစ်ဦးသည် တင်ပျဉ်ခွေကာ တရားမှတ်နေပြီး၊ သူမ ဝတ်ဆင်ထားသော တာအိုဝတ်စုံက အလွန်ပင် ပွပွကြီး ဖြစ်နေကာ လူကမူ အလွန်ပင် သွယ်လျလှပေသည်။ ဤကဲ့သို့သော ပွပွကြီးဖြစ်နေသည့် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမကို ပိုမို၍ နုနယ်အားနည်းပုံ ပေါ်စေတော့သည်။
အတိတ်က မှတ်ဉာဏ်များကို ပြန်လည်ရရှိထားသော ချိုင်ဖုန်းနတ်သမီး သည် ဤနေရာ၌ ရှိနေသည်မှာ ကာလအတန်ကြာလှပြီ ဖြစ်သည်။ လေညင်းကို စားသုံးကာ နှင်းရည်ကို သောက်သုံးနေပြီး လူ့လောက၏ အစားအစာများကို မသုံးဆောင်သဖြင့် မျက်နှာလေးက အနည်းငယ် ပိန်ကျသွားခဲ့ပြီး တစ်ကိုယ်လုံးတွင် အေးစက်စူးရှလှသော အငွေ့အသက်များ ပြည့်နှက်နေတော့သည်။
နဂါးချိပ်ပိတ်တွင်းသည် မိစ္ဆာလောက နှင့် လူ့လောကကို ဆက်သွယ်ပေးထားသော ဝင်ပေါက်တစ်ခု ဖြစ်ပြီး အလွန်ပင် အရေးကြီးလှသော လမ်းကြောင်းတစ်ခု ဖြစ်၏။ ယခင်တစ်ခေါက်က ေသွးမိစ္ဆာဂိုဏ်း ကျိရုယန် နှင့် ပေဖုန်းတို့ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သဖြင့် မော်ရှန်းတောင်တစ်ခုလုံးကို လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင်မူ လီယန်ချူက သူတို့၏ ကိုယ်ပွားများကို ခြေမှုန်းဖျက်ဆီးခဲ့ပြီး၊ ထို့ပြင် နဂါးချိပ်ပိတ်တွင်းကိုပါ ပြင်းထန်လှသော အစီအရင်များဖြင့် ထပ်မံချိပ်ပိတ်ပေးခဲ့သဖြင့် အလွန်ပင် ခိုင်မာလှပေသည်။
ချိုင်ဖုန်းနတ်သမီးသည် နတ်ဘုရားကျင့်စဉ်များကို ကျင့်ကြံကာ အတိတ်မှတ်ဉာဏ်များကို ပြန်လည်ရရှိပြီးနောက် ဤနေရာ၌ တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့ခြင်းပင်။
သူမ၏ ကိုယ်ပေါ်ရှိ အဆင်တန်ဆာများက အလွန်ပင် ရိုးရှင်းလှပြီး၊ ဦးခေါင်းပေါ်တွင် သစ်သားဆံထိုးတစ်ချောင်းကိုသာ အသုံးပြု၍ ဆံပင်ကို စည်းနှောင်ထားကာ၊ ၎င်းမှလွဲ၍ အခြားမည်သည့် အလှဆင်ပစ္စည်းမျှ မရှိချေ။ လက်နက်ဓားကိုပင် ဆောင်ထားခြင်း မရှိပေ။
မော်ရှန်းတောင်သည် ကြီးစွာသော ဘေးဒုက္ခများနှင့် ကြုံတွေ့ခဲ့ရသဖြင့် ကျွမ်းကျင်သူ အမြောက်အမြားက ေကာ်ချိုင်ဖုန်း အပေါ်၌ မျှော်လင့်ချက်များ ပုံအောထားကြသည်။ ယခုအချိန်တွင် ကော်ချိုင်ဖုန်း၏ ကျင့်ကြံခြင်းအဆင့်က အလွန်ပင် မြင့်မားလှပြီး ချိုင်ဖုန်းနတ်သမီးအဖြစ်သို့ ရောက်ရှိထားပေရာ၊ တောင်နောက်ဘက် နဂါးချိပ်ပိတ်တွင်းရှေ့တွင် မတ်တတ်ရပ်နေခြင်းက ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်ကြီးတစ်ဦးအလား ဖြစ်နေတော့သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးတစ်ဦး မော်ရှန်းတောင်၌ ရှိနေသဖြင့် မော်ရှန်းတောင်က တာအိုဆရာကြီးများနှင့် အကြီးအကဲများအားလုံး စိတ်အေးချမ်းသာ ဖြစ်နေကြရတော့သည်။
သို့သော် ယခုအချိန်တွင်မူ... ကာလရှည်ကြာ တိတ်ဆိတ်စွာ တရားမှတ်နေသော ချိုင်ဖုန်းနတ်သမီးသည် ချက်ချင်းပင် မျက်ဝန်းကို ဖွင့်လိုက်တော့သည်။ သူမ၏ ရှေ့မှောက်တွင် လေညင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး မြေပြင်ပေါ်ရှိ သစ်ရွက်အချို့ကို လွှင့်ပျံသွားစေခဲ့သည်။ ၎င်းမှာ အလွန်ပင် သာမန်ကာလျှံကာ ကိစ္စရပ်တစ်ခု ဖြစ်ပုံရသော်လည်း၊ ချိုင်ဖုန်းနတ်သမီး၏ အာရုံစိုက်မှုကိုမူ ကြီးစွာ ရရှိသွားခဲ့သည်။
"တာအိုဆရာကြီး... ဒီနေရာကို ရောက်လာပြီပဲဥစ္စာ၊ ဘာဖြစ်လို့ လူကိုယ်တိုင် ထွက်ပြီး မတွေ့ရတာလဲ"
ထိုသူသည် ဆန်းပြားလှသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် မြင့်မားသော သရဖူ ဆောင်းထားကာ၊ ခါးတွင် နက်မှောင်လှသော ဓားအိမ်ရှိသည့် ဓားရှည်တစ်စင်းကို ဆွဲချိတ်ထားသည်။ ဆံပင်များအားလုံး ဖြူဖွေးနေပြီ ဖြစ်သော်လည်း ရုပ်ရည်ကမူ ခန့်ညားထည်ဝါနေဆဲ ဖြစ်ပြီး မည်သည့်အိုမင်းခြင်း အငွေ့အသက်မျှ မရှိချေ။
ချိုင်ဖုန်းနတ်သမီးသည် ဤလူကို မြင်တွေ့လိုက်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး မတတ်နိုင်ဘဲ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပြီး သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား -
"ဆရာကြီး..."
ရောက်ရှိလာသူကမူ ချိုင်ဖုန်းနတ်သမီး၏ ဆရာကြီး ဖြစ်နေခြင်းပင်။ ၎င်းမှာ မေရှန်းတာအိုဆရာ ဖြစ်၏။
မေရှန်းတာအိုဆရာက တည်ငြိမ်အေးဆေးစွာဖြင့် -
"ဖုန်းအာ ... မင်း ငါ့ကို မှတ်မိနေသေးတာပဲကိုး"
ချိုင်ဖုန်းနတ်သမီး၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ထွက်ပေါ်လာခဲ့ပြီး တိတ်တဆိတ် လက်ကွက်တစ်ခုကို ဖော်ဆောင်ကာ ဝိညာဉ်မျက်စိကို အသုံးပြု၍ ဤလူကို စိုက်ကြည့်လိုက်တော့သည်။ မေရှန်းတာအိုဆရာသည် တည်ငြိမ်အေးဆေးစွာဖြင့် ထိုနေရာ၌ မတ်တတ်ရပ်နေပြီး၊ သူ ပေးစွမ်းသော ခံစားချက်က အလွန်ပင် ဆန်းကြယ်လှကာ သူ၏ နောက်ကွယ်ရှိ ကမ္ဘာမြေကြီးနှင့် တစ်သားတည်း ဖြစ်နေသည့်အလား ရှိနေသည်။
ချိုင်ဖုန်းနတ်သမီးက အံ့အားသင့်စွာဖြင့် -
"ဆရာကြီးက... ဘာဖြစ်လို့ သေဆုံးရာကနေ ပြန်လည်ရှင်သန်လာရတာလဲ"
မေရှန်းတာအိုဆရာက ပြုံးလျက် -
"မင်းတောင် လူဝင်စားပြီး ပြန်လည်ကျင့်ကြံနိုင်သေးတာပဲ... ငါအဖိုးကြီးကကော ဘာဖြစ်လို့ မရနိုင်ရမှာလဲ"
ချိုင်ဖုန်းနတ်သမီး မတ်တတ်ရပ်လိုက်သည်။ သူမ၏ ရှေ့မှောက်က ဆရာကြီးသည် သူမ၏ မှတ်ဉာဏ်ထဲရှိ ပုံစံအတိုင်း တစ်ထေရာတည်း တူညီနေပြီး မည်သည့်ပြောင်းလဲမှုမျှ မရှိချေ။ သို့သော် သူမသည် ယုံကြည်နိုင်စွမ်း မရှိသေးဘဲ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေဆဲပင်။
မေရှန်းတာအိုဆရာက ခပ်အေးအေးပင် -
"အတိတ်တုန်းက ကျန်မုန့်အတွက်နဲ့... မင်း မိုက်မဲတဲ့ ကိစ္စအချို့ကို လုပ်ခဲ့တယ်၊ အခုတော့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သလို... ငါအဖိုးကြီးကလည်း ဆက်ပြီး အပြစ်မယူတော့ပါဘူး၊ ဒါပေမဲ့ မင်း ကျန်မုနိ့ကိုတော့ ပြန်ပြီး အပ်ရမယ်"
ချိုင်ဖုန်းနတ်သမီး ခေတ္တမျှ ဆိတ်ဆိတ်နေသွားပြီးနောက်မှ ဖြည်းညှင်းစွာ ဆိုလိုက်သည်။
"အတိတ်က တိုက်ပွဲတုန်းက... ကျန်မုန့်က ပျောက်ဆုံးသွားခဲ့ပြီး ဘယ်နေရာကို ရောက်သွားလဲဆိုတာ မသိတော့ပါဘူး"
မေရှန်းတာအိုဆရာသည် မျက်ဝန်းအစုံဖြင့် သူမကို စိုက်ကြည့်ကာ တည်ငြိမ်စွာဖြင့် -
"မင်းမှာ တပည့်တစ်ယောက် ရှိခဲ့တယ် မဟုတ်လား... ကျန်မုန့် က သူ့ရဲ့ လက်ထဲမှာ ရှိနေတာလား"
ချိုင်ဖုန်းနတ်သမီးက -
"သူ့ဆီကို ဘယ်လိုလုပ် ရောက်သွားမှာလဲ... သူ့ရဲ့ ပါရမီက အကန့်အသတ် ရှိရုံတင်မကဘူး၊ ကျွန်မ လူဝင်စားပြီးတဲ့နောက်မှာ... သူလည်း ကာလရှည်ကြာလို့ အရိုးတွေတောင် ပြာဖြစ်နေလောက်ပြီ... အခုတော့ ဘယ်နေရာ ရောက်နေလဲ မသိတော့ဘူး"
မေရှန်းတာအိုဆရာက ခပ်အေးအေးပင် -
"မင်းလည်း မသိဘူးလား"
ချိုင်ဖုန်းနတ်သမီးက ခေါင်းညိတ်ပြလိုက်ကာ -
"ကျန်မုန့် ရဲ့ သတင်းအချက်အလက်ကို တကယ်ပဲ မသိတာပါ... ပြီးတော့ ကျွန်မရဲ့ တပည့်နဲ့လည်း ဘာမှ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်"
မေရှန်းတာအိုဆရာသည် မျက်ဝန်းအစုံဖြင့် သူမကို စိုက်ကြည့်ကာ ပြုံးလျက် -
"ငါ မှတ်ဉာဏ်မမှားဘူးဆိုရင်... မင်းရဲ့ တပည့်နာမည်က လီရွှင် လို့ ခေါ်တယ် မဟုတ်လား"
ချိုင်ဖုန်းနတ်သမီးက ခပ်အေးအေးပင် -
"ဆရာကြီးက တကယ်ပဲ မှတ်ဉာဏ်ကောင်းတာပဲ"
မေရှန်းတာအိုဆရာက -
"မင်း မပြောချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့... နဂါးချိပ်ပိတ်တွင်းကို ဖွင့်ပေးလိုက်၊ ငါအဖိုးကြီး လုပ်စရာ ကိစ္စရှိတယ်"
စိုင်းဖုန်းနတ်သမီးက ခေါင်းခါလိုက်ပြီး ပြတ်သားစွာဖြင့်
"နဂါးချိပ်ပိတ်တွင်းဆိုတာ မိစ္ဆာလောက နဲ့ လူ့လောကရဲ့ ဝင်ပေါက်ဖြစ်လို့ ကိစ္စက အလွန်ပဲ ကြီးမားလှပါတယ်... ဒီကိစ္စကိုတော့ တပည့်အနေနဲ့ မလိုက်လျောနိုင်ပါဘူး"
မေရှန်းတာအိုဆရာက အနည်းငယ် ပြုံးလိုက်ပြီး -
"မင်းရဲ့ စရိုက်က... အတိတ်တုန်းကအတိုင်း တစ်ထေရာတည်း ရှိနေဆဲပဲကိုး"
ချိုင်ဖုန်းနတ်သမီးက -
"အတိတ်က ကိစ္စတွေက ကုန်လွန်သွားခဲ့ပါပြီ... တပည့်က အခု အသက်သစ် ပြန်ရထားတာ ဖြစ်လို့... ဆရာကြီးအနေနဲ့လည်း လမ်းမှန်ကို ပြန်လည်ရွေးချယ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"
မေရှန်းတာအိုဆရာက ခပ်အေးအေးပင် -
"ငါ လုပ်မယ့် ကိစ္စက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး... မင်း ငါ့ကို တစ်ကြိမ် သတ်ဖူးတယ်၊ အခု နောက်ထပ်တစ်ကြိမ် ထပ်ပြီး သတ်ချင်သေးလို့လား"
ချိုင်ဖုန်းနတ်သမီးက လက်နှစ်ဖက်ကို ပူးယှက်ကာ -
"တပည့် မဝံ့ရဲပါဘူး"
မေရှန်းတာအိုဆရာက -
"ဒီနေ့ ကိစ္စကို... မင်း ငါအဖိုးကြီးကို လုံးဝ လိုက်လျောမှာ မဟုတ်ဘူးပေါ့"
ချိုင်ဖုန်းနတ်သမီးက ပြတ်သားစွာဖြင့် -
"ဟုတ်ပါတယ်"
မေရှန်းတာအိုဆရာ၏ အမူအရာက တည်ငြိမ်နေပြီး ခပ်ဖွဖွလေး ရယ်မောလိုက်ကာ -
"ကောင်းပြီလေ..."
နောက်တစ်ခဏတွင် သူ၏ ပုံရိပ်သည် ထိုနေရာမှ ခြေရာလက်ရာမရှိ ကွယ်ပျောက်သွားခဲ့ပြီး... သူနှင့်အတူ တစ်ပြိုင်နက်တည်း ကွယ်ပျောက်သွားသူမှာမူ ပွပွကြီးဖြစ်နေသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး အနည်းငယ် ပိန်ကျကာ အေးစက်လှသော ချိုင်ဖုန်းနတ်သမီးပင် ဖြစ်၏။
သူတို့နှစ်ဦး မတ်တတ်ရပ်နေခဲ့သည့် နေရာတွင် ကြီးမားလှသော အစီအရင် အလင်းကွင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဖျတ်ခနဲ လင်းထိန်ကာ ကွယ်ပျောက်သွားခဲ့သည်။
အလင်းတန်း ကွယ်ပျောက်သွားပြီးနောက် ချိုင်ဖုန်းနတ်သမီးသည် မိမိကိုယ်ကို ကြီးမားလှသော ပင်လယ်ပြင်ကြီးတစ်ခုပေါ်သို့ ရောက်ရှိနေသည်ကို သတိပြုမိလိုက်သည်။ ပင်လယ်လှိုင်းတံပိုးများက အလွန်ပင် ပြင်းထန်ထူထဲလှပေသည်။ စောစောက မျက်စိတစ်မှိတ်အတွင်းမှာပင်... သူမသည် ပင်လယ်ပြင်ကြီးထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ချိုင်ဖုန်းနတ်သမီးက လေးနက်လှသော လေသံဖြင့် -
"ဆရာကြီး... နှစ်ပေါင်း ဒီလောက်အကြာကြီး ကုန်လွန်သွားတာတောင်... မင်းက အခုထိ ဒီလောက်တောင် စိတ်ဝိညာဉ်တွေ မှောင်မိုက်နေဆဲပဲလား"
သူမသည် အလွန်ပင် ဉာဏ်ပညာကြီးမားလှသဖြင့် ဤအရာသည် ဆရာကြီးက သူမကို ဝေးရာသို့ ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ နဂါးချိပ်ပိတ်တွင်းဘက်တွင်မူ... ပြဿနာတစ်ခုခု မလွဲဧကန် တက်တော့မည် ဖြစ်သည်။
မေရှန်းတာအိုဆရာက ခပ်အေးအေးပင် -
"မှောင်မိုက်နေတာက မင်းပဲ... မဟုတ်ဘူး၊ မင်းတို့အားလုံးပဲ"
စကားဆုံးသည်နှင့် ပေရာချီ မြင့်မားလှသော လှိုင်းလုံးကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပြီး၊ ချိုင်ဖုန်းနတ်သမီးဆီသို့ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများနှင့်အတူ ရိုက်ချလိုက်တော့သည်။
ချိုင်ဖုန်းနတ်သမီး၏ ကိုယ်ပေါ်တွင် ပြင်းထန်လှသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ နတ်ဘုရားကျင့်စဉ် အမြောက်အမြားကို ထုတ်ဖော်ကာ ထိုလှိုင်းလုံးကြီးကို တစစီ ဖြတ်တောက်ပစ်လိုက်တော့သည်။
မေရှန်းတာအိုဆရာ၏ အမူအရာက တည်ငြိမ်နေပြီး မျက်ဝန်းထဲတွင် အေးစက်စူးရှလှသော အငွေ့အသက်များ ပြည့်နှက်နေကာ -
"ဒီကိစ္စက မင်းတစ်ယောက်တည်း တားဆီးလို့ မရရုံတင်မကဘူး... ကောင်းကင်ဘုံက ပုဂ္ဂိုလ်ကြီး ရောက်လာရင်တောင် တားဆီးနိုင်မှာ မဟုတ်ဘူး"
စကားဆုံးသည်နှင့် ပင်လယ်ပြင်ကြီးထဲတွင် ကြီးမားလှသော ဝဲဂယက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ပင်လယ်ရေအားလုံးက ၎င်းထဲသို့ စုပ်ယူသွားကာ ချိုင်ဖုန်းနတ်သမီးကိုပါ ၎င်းထဲသို့ ဝါးမြိုရန် ပြင်လိုက်တော့သည်။ ကြောက်မက်ဖွယ်ကောင်းလှသော စုပ်ယူမှုအားက သူမကို လုံးဝ လွှမ်းခြုံထားတော့သည်။
ချိုင်ဖုန်းနတ်သမီးသည် နတ်ဘုရားကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ... ဝဲဂယက်ကြီးက ပြောင်းပြန် လည်ပတ်သွားခဲ့ပြီး၊ တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက် ဖြစ်သွားကာ အုန်းခနဲ ဗုံးပေါက်ကွဲသလို ပျက်စီးသွားတော့သည်။ သူမ၏ နတ်ဘုရားကျင့်စဉ် အတတ်ပညာက အပြောင်းအလဲ အလွန်ပင် များပြားလှပြီး၊ အတိတ်က မှတ်ဉာဏ်များကိုလည်း ပြန်လည်ရရှိထားသဖြင့် ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးသော်လည်း၊ ပြင်းထန်လှသော တိုက်ခိုက်မှု စွမ်းပကားကို ထုတ်ဖော်နိုင်ကာ နယ်ပယ်ကျော်၍ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
မေရှန်းတာအိုဆရာသည် မူလကပင် သူမ၏ ဆရာကြီး ဖြစ်ခဲ့ပြီး၊ အတိတ်တုန်းက ကောင်းကင်ဘုံ၏ အလိုတော်ကို ဆန့်ကျင်ခဲ့သဖြင့် သူမ၏ လက်ချက်ဖြင့် ကွပ်မျက်ခြင်း ခံခဲ့ရသည်။ ယခုအခါတွင်မူ ပြန်လည်ရောက်ရှိလာပြီး စွမ်းအားက များစွာ မြင့်တက်လာခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
မေရှန်းတာအိုဆရာက လက်ညှိုးဖြင့် ခပ်ဖွဖွလေး တို့လိုက်ရာ ပင်လယ်ပြင်ကြီးက ခဲသွားခဲ့ပြီး၊ ချိုင်ဖုန်းနတ်သမီးကိုပါ ၎င်းထဲ၌ ပိတ်လှောင်ထားကာ တစ်ပြိုင်နက်တည်း ကျင့်စဉ်စွမ်းအားများကိုပါ ချိပ်ပိတ်ပစ်လိုက်သည်။ ချိုင်ဖုန်းနတ်သမီး၏ ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းလှသော အပူရှိန်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဖုန်းငှက်တစ်ကောင် အော်ဟစ်မြည်တမ်းလိုက်သည့်အလား ရှိနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရေခဲများအားလုံး အရည်ပျော်သွားခဲ့ပြီး ပင်လယ်ပြင်ကြီးသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ်သွားတော့သည်။
မေရှန်းတာအိုဆရာက ခပ်အေးအေးပင် ဆိုလိုက်သည်။
"ငါ အချိန်အများကြီး ကုန်ဆုံးမှာ မဟုတ်ဘူး... အကယ်၍ ဟိုလူရဲ့ စိုက်ကြည့်ခြင်းကို ခေါ်ဆောင်မိရင်... မကောင်းတဲ့ ဘေးဆိုးတွေ မလွဲဧကန် ကြုံတွေ့ရလိမ့်မယ်၊ ဒါပေမဲ့ ဒီနေ့တော့ မင်း စမ်းကြည့်လို့ ရပါတယ်... မော်ရှန်းတောင် နဂါးချိပ်ပိတ်တွင်းဆီကို ပြန်သွားနိုင်မလားဆိုတာကိုပေါ့"
စကားဆုံးသည်နှင့် သူက ခပ်ဖွဖွလေး တို့လိုက်ရာ မိုင်ပေါင်းများစွာ ရှိသော ပင်လယ်လှိုင်းတံပိုးကြီးများက ကမ်းခြေဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့ပြီး ကြီးမားလှသော ဆူနာမီလှိုင်းလုံးကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ မေရှန်းတာအိုဆရာ၏ နတ်ဘုရားကျင့်စဉ်သည် သာမန်ကာလျှံကာ ထုတ်ဖော်လိုက်ရုံမျှဖြင့် ကြောက်မက်ဖွယ်ကောင်းလှသော သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်ပေါ်သွားစေခြင်းပင်။
ချိုင်ဖုန်းနတ်သမီး မျက်နှာပျက်သွားရတော့သည်။
သူမ သိရှိလိုက်သည်မှာ ဆရာကြီးသည် ကမ်းခြေရှိ သန်းပေါင်းများစွာသော သက်ရှိဝိညာဉ်များကို အသုံးချကာ သူမကို ရွေးချယ်ခိုင်းနေခြင်းပင်။ အကယ်၍ သူမ နဂါးချိပ်ပိတ်တွင်းဆီသို့ ပြန်သွားပြီး ဤနေရာကို ပစ်ထားခဲ့ပါက... နောင်တစ်ချိန်တွင် လူ့လောကနှင့် မိစ္ဆာကမ္ဘာ၏ ဝင်ပေါက်ကို နှိမ်နင်းနိုင်ခဲ့လျှင်တောင်၊ ဤမျှကြီးမားလှသော ဘေးဒုက္ခ ကံကြမ္မာ အကျိုးဆက်ကြီးက သူမ၏ စိတ်နှလုံးထဲတွင် အမာရွတ်တစ်ခု ဖြစ်ကျန်နေခဲ့လိမ့်မည် ဖြစ်သည်။
နောင်တစ်ချိန်တွင် ကျင့်ကြံခြင်းက တိုးတက်နိုင်တော့မည် မဟုတ်ရုံတင်မကဘဲ စိတ်နှလုံး ဘေးဒုက္ခအောက်၌ပင် သေဆုံးသွားရနိုင်ချေ ရှိပေသည်။
အကယ်၍ သူမ ဤနေရာ၌ နေခဲ့ပါက နဂါးချိပ်ပိတ်တွင်းကမူ ပြဿနာ မလွဲဧကန် တက်တော့မည် ဖြစ်သည်။
မော်ရှန်းတောင်၏ တာအိုအစဉ်အလာကို ထိန်းသိမ်းထားနိုင်ခဲ့လျှင်တောင်၊ ထိုအချိန်တွင် မိစ္ဆာလောက ပွင့်သွားပါက မည်ကဲ့သို့သော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ချေ။
မေရှန်းတာအိုဆရာ၏ ကျယ်လောင်လှသော စကားသံက ဟိန်းထွက်လာခဲ့သည်။
"လူကို သတ်မလား၊ လူကို ကယ်မလားဆိုတာက... မင်းရဲ့ စိတ်ကူးတစ်ချက်ပေါ်မှာပဲ မူတည်နေတယ်၊ ငါအဖိုးကြီးကတော့ မင်း ဘယ်လိုရွေးချယ်မလဲဆိုတာကို ကြည့်ချင်သေးတာပဲ"
လူကို သတ်ပြီး စိတ်နှလုံးကို ခြေမှုန်းခြင်းပင်။
ဆူနာမီလှိုင်းလုံးကြီးက ဟိန်းဟောက်ကာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့သည်။
ချိုင်ဖုန်းနတ်သမီးသည် ယခုအချိန်တွင် စွန့်လွှတ်နိုင်ခြင်း မရှိတော့ဘဲ... အရင်ဆုံး ဆူနာမီလှိုင်းလုံးကြီးကိုသာ ခုခံတားဆီးရန် ပြင်လိုက်တော့သည်။ နတ်ဘုရားကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ ကြီးမားလှသော ပန်းခြင်းတောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ နတ်ဘုရားအလင်းတန်းများ အဆက်မပြတ် ကျရောက်သွားကာ ပင်လယ်ရေများကို အတင်းအကျပ် ဖိနှိပ်တားဆီးလိုက်တော့သည်။
"ဒီလိုမျိုး ကိစ္စတွေကို လုပ်တာ... ကောင်းကင်ပြစ်ဒဏ်သင့်မှာကို မကြောက်ဘူးလား..."
ချိုင်ဖုန်းနတ်သမီး ကြီးစွာ ဒေါသထွက်သွားရသည်။
မေရှန်းတာအိုဆရာက ခပ်အေးအေးပင် ပြုံးလိုက်ပြီး -
"ကောင်းကင်ပြစ်ဒဏ် ဟုတ်လား... ရယ်စရာပဲ"
ကောင်းကင်ယံတွင် တိမ်တိုက်များက ပြင်းထန်စွာ ဆူပွက်လာခဲ့ပြီး ကြီးမားလှသော ကောင်းကင်နတ်မင်းကြီး တစ်ပါး ပေါ်ထွက်လာခဲ့သည်။ တိမ်တိုက်များထဲတွင် ထိုင်နေပြီး လက်ထဲ၌ ကြီးမားလှသော မြှားတံကြီးကို ကိုင်ဆောင်ကာ၊ သေးငယ်လှသော ကြိုးတစ်ချောင်းကို အောက်သို့ ချပေးလိုက်တော့သည်။
နတ်မင်းကြီးက တိမ်တိုက်ထဲကနေ ငါးမျှားနေခြင်းပင်။
သို့သော် ဤကြိုးကမူ ရုတ်တရက် ချိုင်ဖုန်းနတ်သမီး၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ချိုင်ဖုန်းနတ်သမီး၏ သစ်သားဆံထိုးသည် လင်းထိန်လှသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထုထဲ၌ သုံးပေရှိသော သစ်သားဓားရှည်တစ်စင်းအဖြစ် ပြောင်းလဲကာ ဤကြိုးကို တစ်ခဏအတွင်း ဖြတ်တောက်ပစ်လိုက်တော့သည်။
"ဆရာကြီး... မင်းက တကယ်တော့ ကောင်းကင်နတ်ဘုရားတွေရဲ့ ခွေးတစ်ကောင် ဖြစ်သွားခဲ့တာကိုး..."
ချိုင်ဖုန်းနတ်သမီးသည် ယခုအချိန်တွင် ရင်ထဲက ဒေါသများကို မအောင့်နိုင်တော့ဘဲ အေးစက်စွာ ပြောဆိုလိုက်တော့သည်။
မေရှန်းတာအိုဆရာသည် မျက်နှာပြင်ပေါ်တွင် မည်သည့်ပြောင်းလဲမှုမျှ မရှိဘဲ တည်ငြိမ်စွာ ပြုံးလိုက်ပြီး -
"ခွေးတစ်ကောင် ဖြစ်ရင်လည်း ဘာဖြစ်လဲ... မိမိရဲ့ အလိုဆန္ဒအတိုင်း ဖြစ်ရင် ရတာပဲဥစ္စာ"
သူသည် မျက်နှာပြောင်တိုက်မှု့ အဆုံးစွန်ထိ ရောက်ရှိနေပြီး၊ ခွေးတစ်ကောင်ဖြစ်ခြင်းကိုပင် အလွန်ပင် တည်ငြိမ်အေးဆေးစွာ ပြောဆိုနိုင်ခြင်းပင် ဖြစ်တော့သည်။