← Chapters

အခန်း ၉၉၆

Vol. 100 Ch. 996

အခန်း ၉၉၆

Vol. 100 Ch. 996

အခန်း (၉၉၆) ကောင်းကင်ကိုးထပ် နဲ့ နယ်မြေဆယ်ခု ၏ အပြင်ဘက်

​တာအိုဆရာလေးသည် မျက်ခုံးကို ပင့်လိုက်မိပြီး အသေးစိတ် တွက်ချက်ကြည့်ကာ လက်ချောင်းများကို သုံး၍ ဗေဒင်နိမိတ်ကို တွက်ကြည့်သော်လည်း -

​"တွက်ချက်လို့ မရပါလား"

​"ထူးဆန်းလှချေကလား... တကယ်တော့ ဒါ ဘယ်သူလဲ"

​သူသည် ဝါကျင်ကျင် ဖြစ်နေသည့် တာအိုကျမ်းစာအုပ်ကို ချထားလိုက်ပြီး လက်ချောင်းများကို အသုံးပြုကာ နောက်တစ်ကြိမ် ထပ်မံ၍ ဗေဒင်တွက်ချက်ကြည့်ပြန်သည်။

​……………………

​ကျောင်းတော်တောင်တန်း၏ အောက်ခြေတွင်...

တံမြက်စည်းလှည်းနေသော အဘိုးအိုရဟန်းတစ်ပါးသည် ရုတ်တရက် လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး မနေနိုင်ဘဲ ဦးခေါင်းကို မော့ကာ ကြည့်လိုက်မိသည်။

​"မမှန်ဘူး... မမှန်ဘူး... ကောင်းကင်လျှို့ဝှက်ချက်တွေက ဝေဝါးရှုပ်ထွေးကုန်ပြီ၊ လောကကြီးရဲ့ အရေးကိစ္စတွေက အခြေအနေ အားလုံး ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီကို... ဘယ်သူက ဒီကိစ္စကို ဝင်ရောက် စွက်ဖက်နေတာလဲ"

​အဘိုးအိုရဟန်းသည် မျက်ခုံးကို ပင့်လိုက်မိပြီး မိမိ၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ မတ်လိုက်တော့သည်။

​သူသည် မူလက ကျောင်းတော်တံခါးဝတွင် အရှိန်အဝါ အမဲ့ဆုံးနှင့် လူသတိမထားမိဆုံး အဘိုးအိုရဟန်းတစ်ပါး ဖြစ်သော်လည်း... သူ၏ ခန္ဓာကိုယ်ကို မတ်တပ်ရပ် လိုက်ပြီးနောက်တွင်မူ သူ၏ ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါ ဖိအားတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာခဲ့ရသည်။

သို့သော် ထိုအရှိန်အဝါ ဖိအားမှာ ဖျတ်ခနဲ ပေါ်ပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့ကာ... အဘိုးအိုရဟန်းသည် တံမြက်စည်းကို ဆုပ်ကိုင်ထားရင်း ကျောင်းတော်တံခါးဝ အတွင်းသို့ ဖြည်းညှင်းစွာ ပြန်လည် လျှောက်လှမ်း ဝင်ရောက်သွားခဲ့တော့သည်။

​"ပြီးခဲ့တဲ့အကြိမ်က အဲဒီ တာအိုဆရာငယ်လေးက ငါ့ရဲ့ ကိုယ်ပွားတစ်ခုကို သတ်ဖြတ်ပစ်ခဲ့တယ်... အခု လူ့လောကရဲ့ ကိစ္စရပ်တွေမှာ ထပ်ပြီး အပြောင်းအလဲတွေ ရှိနေပြန်ပြီ၊ ဒါက သူနဲ့များ သက်ဆိုင်နေမလား"

​သူသည် မျက်ခုံးကို တွန့်ချိုးလိုက်မိပြီး အသေးစိတ် တွက်ချက်ကြည့်ရှုလိုက်သော်လည်း ကောင်းကင်လျှို့ဝှက်ချက်များမှာမူ လုံးဝဥဿုံ ဝေဝါးရှုပ်ထွေးနေခဲ့ချေပြီ။

"ဒီ တာအိုဆရာငယ်ရဲ့ ကိုယ်ပေါ်က အရှိန်အဝါက တကယ်ကို ထူးဆန်းလွန်းလှတယ်... မူလကတည်းက ကာကွယ်ပိတ်ဆို့ထားတဲ့ စွမ်းအားတစ်ခုအပြင်... တခြား စွမ်းအားနှစ်မျိုးကပါ သူ့ရဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေကို ကာကွယ်ပိတ်ဆို့ထားပုံ ရတယ်"

​"ဒီလူ့ရဲ့ ကိုယ်ပေါ်က ကံကြမ္မာ အကျိုးဆက်တွေက ဒီလောက်အထိ တောင် ကြီးမားပြင်းထန်လှတာလား"

​ဤအဘိုးအိုရဟန်းမှာ လီယန်ချူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် ကိုယ်ပွားတစ်ခု၏ မူလကိုယ်ထည် ဖြစ်သော ပိုင်ယန်တာအိုဆရာ ပင် ဖြစ်ပေသည်။

​ယခုအချိန်တွင် သူ၏ နယ်ပယ်အဆင့်မှာ များစွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သဖြင့် ဗေဒင်တွက်ချက်နိုင်စွမ်းမှာလည်း များစွာ မြင့်မားတိုးတက်လာခဲ့ပြီ ဖြစ်သည်။

​သူသည် ပိုမို၍ တွက်ချက်ကြည့်လေလေ... ရင်ထဲ၌ ပိုမို၍ ထိတ်လန့်စိုးရိမ်မှုများ ဖြစ်ပေါ်လာလေလေ ဖြစ်ကာ -

"နောက်ဆုံး စွမ်းအားတစ်ခုကတော့ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်... ငါကိုယ်တိုင်တောင် နှလုံးသားထဲကနေ ထိတ်လန့်တုန်လှုပ်မိတယ်"

​အတန်ငယ်မျှ တွက်ချက်ကြည့်လိုက်ရုံမျှဖြင့် ပိုင်ယန်တာအိုဆရာ၏ ရင်ထဲ၌ ကြောက်ရွံ့ခြင်း စိတ်ဆန္ဒများ ဝင်ရောက်လာခဲ့ရပြီး -

"ဒါက ဘာဖြစ်လို့လဲ... သေးငယ်လှတဲ့ ကန်ယွမ်လောကထဲမှာ... ဘယ်လိုလုပ် ငါ့ကိုတောင် ထိတ်လန့်ကြောက်ရွံ့စေနိုင်တဲ့သူ ရှိနေရတာလဲ"

​……………………

​ယွမ်ရှောင်းလျှို့ဝှက်နယ်မြေ...

​ဤနေရာသည် အလွန်ပင် ကျယ်ဝန်းလှပြီး ခန့်ညားထည်ဝါလှသော နတ်ဘုရားတောင်တန်းကြီးများ တစ်ခုပြီးတစ်ခု တည်ရှိနေကြသည်။

၎င်းသည် တာအိုကျောင်းတော်များ၏ အကောင်းဆုံးသော ကျင့်ကြံခြင်း နယ်မြေမဟုတ်သော်လည်း အလွန်ပင် ဆန်းပြားလှကာ ဝိညာဉ်စွမ်းအင်များ အလွန် ပြည့်ဝပြည့်စုံလှသဖြင့် ကျင့်ကြံအားထုတ်ရန် အလွန်ပင် သင့်တော်လှပေသည်။

​ကျဉ်းမြောင်းလှသော တောင်ကြားတစ်ခုအတွင်း၌... ဘေးဘယ်ညာတွင် ကြောက်မက်ဖွယ်ကောင်းလှသော သွေးသားများ ပြည့်နှက်နေပြီး... ဤသွေးသားများမှာ ရဲရဲနီနေကာ သက်ရှိတစ်ခုကဲ့သို့ပင် အဆက်မပြတ် လှုပ်ရှားတွန့်လိမ်နေကြသည်။

​နူးညံ့သိမ်မွေ့ပြီး သန့်ရှင်းစင်ကြယ်သော တာအိုဆရာငယ်လေးသည် လက်ထဲတွင် ရှေးဟောင်းလေးကြီးတစ်စင်းကို ကိုင်ဆောင်ထားပြီး... လေးကြိုးကို လပြည့်ဝန်းအလား အပြည့် ဆွဲဆန့်လိုက်တော့သည်။

​ဝုန်း

ပြင်းထန်လှသော တုန်ခါမှုကြီးတစ်ခုနှင့်အတူ... ရွှေဝါရောင် မြှားတစ်စင်းသည် ဟင်းလင်းပြင်ကို ထိုးဖောက်၍ ပျံသန်းထွက်ခွာသွားခဲ့ကာ ထိုသွေးသားများပေါ်သို့ ပြင်းထန်စွာ ကျရောက်ပေါက်ကွဲသွားခဲ့တော့သည်။

​မြှားတစ်စင်းတည်းဖြင့်ပင် ထိုသွေးသားများကို မှုန်မှုန်မွှားမွှား ဖြစ်သွားစေကာ ပြာမှုန့်အဖြစ် ပြောင်းလဲ၍ လုံးဝဥဿုံ ပျောက်ကွယ်သွားစေခဲ့တော့သည်။

လီယန်ချူသည် မိမိလက်ထဲရှိ ရှေးဟောင်းလေးကြီးကို ကြည့်လိုက်ပြီး -

"ဒီရက်ပိုင်းအတွင်း ယွမ်ရှောင်လျှို့ဝှက်နယ်မြေထဲမှာ လေးအတတ်ပညာကို ကျင့်ကြံအားထုတ်နေခဲ့တာ... ဖုန်းနတ်ဘုရားလေးကို ထိန်းချုပ်နိုင်စွမ်းက ပိုပြီးတော့ ကျွမ်းကျင်လာခဲ့သလို စွမ်းအားကလည်း များစွာ ကြီးမားလာခဲ့ပြီပဲ"

​ကျိုဖုန်းတောင်တွင် ဆိုင်ရှင်မနှင့် လမ်းခွဲခဲ့ပြီးနောက်... သူသည် ယွမ်ရှောင်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ကျိုဖုန်းတောင်ကဲ့သို့သော လျှို့ဝှက်နယ်မြေမျိုးစုံ စုစည်းရာ နေရာနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယွမ်ရှောင်လျှို့ဝှက်နယ်မြေကမှ ပုံမှန်အတိုင်း ဖြစ်တည်နေသည့် နေရာတစ်ခု ဖြစ်ပေသည်။

​သို့သော်လည်း ၎င်း၏အတွင်း၌ နယ်ပယ်ပြင်ပမိစ္ဆာများ၏ သွေးသားများ ပြည့်နှက်နေပြီး တာအိုကျင့်ကြံခြင်း နယ်မြေတစ်ခုကဲ့သို့ပင် ဖြစ်တည်နေတော့သည်။

​၎င်း၏အတွင်း၌ ကျင့်ကြံအားထုတ်ခြင်းမှာ ဤနယ်ပယ်ပြင်ပမိစ္ဆာများ၏ သွေးသားများကို တိုက်ခိုက်ဖျက်ဆီးပစ်ခြင်းပင် ဖြစ်၏။

သဘာဝအတိုင်းပင်... ယခုအချိန်တွင် သိရှိနားလည်ထားရသည့် အခြေအနေများအရ ဆိုပါက... ၎င်းတို့ကို ကောင်းကင်လူသားများ၏ သွေးသားများဟု ခေါ်ဆိုလိုက်ခြင်းက ပိုမို၍ သင့်တော်ပေလိမ့်မည်။

​"အရင်တုန်းက မြှားတစ်စင်းက ရိုက်ချိုးဖျက်ဆီးပစ်နိုင်ရုံပဲ ရှိတာ... ဒီသွေးသားတွေကို လုံးဝဥဿုံ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ခဲ့ဘူး၊ အခုတော့ ဒီမြှားက အရင်က စွမ်းအားအတိုင်း သုံးထားတာတောင် အစွမ်းသတ္တိက များစွာ ပိုပြီး ကြီးမားလာခဲ့ပြီ"

​သို့သော်လည်း လီယန်ချူသည် ဤအခြေအနေမှာ ဖုန်းရှန်လေး၏ အဆုံးစွန်သော ကန့်သတ်ချက် မဟုတ်သေးကြောင်း ခံစားမိနေသည်။

သူ၏လက်ထဲရှိ ဤရှေးဟောင်းလေးကြီးမှာ မာန်ဟွန်းကမ္ဘာအတွင်းရှိ သူရဲကောင်းဝိညာဉ်များ၏ စိတ်ဆန္ဒများကို ပေါင်းစပ်ထည့်သွင်းထားခြင်း ခံထားရရုံတင်မကဘဲ သိုင်းနတ်ဘုရား၏ စွမ်းအားများပါ ထည့်သွင်းပေးခြင်း ခံထားရကာ... နောက်ဆုံးတွင်မူ ဆိုင်ရှင်မက ပစ္စည်းအသစ်များကို ထည့်သွင်း၍ နောက်ထပ်တစ်ကြိမ် သွန်းလုပ်ပေးထားခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော ကြီးမားလှသည့် သတ်ဖြတ်ခြင်း လက်နက်တစ်ခု ဖြစ်လာခဲ့ချေပြီ။

​"ဒီသွေးသားတွေကို ဖျက်ဆီးပစ်ရတာက တကယ်ကို စိတ်ကျေနပ်ဖို့ ကောင်းတယ်... ပြီးတော့ ကုသိုလ်မှတ် တွေလည်း ရသေးတယ်"

​လီယန်ချူသည် ဤနေရာရှိ နယ်ပယ်ပြင်ပမိစ္ဆာများ၏ သွေးသားများကို ဖျက်ဆီးပစ်ပြီးနောက်တွင်မှ တိုက်ရိုက် ထွက်ခွာသွားခဲ့ပြီး နောက်ထပ်တစ်နေရာသို့ သွားရောက်ခဲ့တော့သည်။

​ဤနေရာတွင် မျက်စိတစ်ဆုံး မြင်တွေ့လိုက်ရသည်မှာ ကြီးမားလှသော အရိုးစုကြီးတစ်ခု ဖြစ်ပြီး... အလျား နှစ်မီတာခန့် ရှိကာ ကြောက်မက်ဖွယ်ကောင်းလှသော ငှက်ရဲကြီးတစ်ကောင်၏ ပုံသဏ္ဌာန်နှင့် အလားသဏ္ဍာန်တူလှပေသည်။

သို့သော်လည်း ယခုအချိန်တွင်မူ ၎င်း၏ မူလပုံသဏ္ဌာန်ကိုမူ အတိအကျ မသိရှိနိုင်တော့ချေ။

​ဤငှက်ရဲကြီး၏ အရိုးစုအတွင်း၌ ဖျော့တော့သော စွမ်းအားများနှင့် အလွန်ပင် ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေပြီး... သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း အရှိန်အဝါများမှာ ကျန်ရှိနေသေးသဖြင့် ဤငှက်ရဲကြီးသည် အသက်ရှင်စဉ်ကာလက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာလှပေသည်။

သို့သော်လည်း ယခုအချိန်တွင်မူ တစ်ကိုယ်လုံးတွင် ရဲရဲနီနေသည့် သွေးသားများ ဖုံးလွှမ်းနေသဖြင့် အလွန်ပင် ဖောင်းပွနေပုံ ရပြီး... မြစ်ရေလေး စီးဆင်းနေသကဲ့သို့ ဖြည်းညှင်းစွာ လှုပ်ရှား တွန့်လိမ်နေသဖြင့် လူကို အော့အန်ချင်စိတ် ဖြစ်ပေါ်စေတော့သည်။

​လီယန်ချူသည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး လေးတင်၍ မြှားဆွဲကာ ဤနယ်ပယ်ပြင်ပမိစ္ဆာများ၏ သွေးသားများကို ဖျက်ဆီးပစ်ရန် ပြင်ဆင်လိုက်စဉ် -

သူ၏ ကမ္ဘာငယ် အတွင်းမှ ရုတ်တရက် ပြင်းထန်လှသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာခဲ့ရသည်။

သူသည် ဝိညာဉ်အသိအာရုံကို ၎င်း၏အတွင်းသို့ ဖြန့်ကြက်၍ ကြည့်ရှုလိုက်ရာ... ရွှေကျီးကန်းငယ်လေးသည် အတောင်ပံများကို ဖြန့်၍ ကမ္ဘာငယ် အတွင်း၌ ဘယ်ပြန်ညာပြန် ပျံသန်းနေပြီး အလွန်ပင် စိတ်လှုပ်ရှား စိုးရိမ်နေကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။

​၎င်းသည် ကမ္ဘာငယ် အတွင်း၌ ရှိနေသဖြင့် ဤနေရာရှိ အရှိန်အဝါများကို အာရုံခံမိရန် မဖြစ်နိုင်ချေ။

အကယ်၍ တစ်စုံတစ်ရာကို အာရုံခံမိနေသည် ဆိုပါက... ၎င်းမှာ သွေးမျိုးဆက်များအကြား ဆက်သွယ်မှုကြောင့်သာ ဖြစ်ရပါမည်။

​"ဒါက ရွှေကျီးကန်းတစ်ကောင်ရဲ့ ရုပ်အလောင်း အရိုးစု ဖြစ်နေလို့လား"

​လီယန်ချူ မျက်ခုံးကို ပင့်လိုက်မိသည်။

ပြီးခဲ့သည့်အကြိမ်က လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌ ရွှေကျီးကန်းရုပ်အလောင်းနှင့် ဆုံတွေ့ခဲ့ဖူးသဖြင့် ရွှေကျီးကန်းငယ်လေးသည် အမွေအနှစ်များကို ရရှိခဲ့ကာ ကျင့်ကြံခြင်းအဆင့်မှာ များစွာ မြင့်မားတိုးတက်လာခဲ့ဖူးသည်။

အကယ်၍ နောက်ထပ် အမွေအနှစ်တစ်ခုကိုပါ ထပ်မံ၍ ရရှိနိုင်မည်ဆိုပါက... ရွှေကျီးကန်းငယ်လေး၏ စွမ်းအားမှာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလာဖို့ ရှိပေသည်။

​လီယန်ချူသည် ရွှေကျီးကန်းငယ်လေးကို အပြင်သို့ ထုတ်လွှတ်ပေးလိုက်ရာ... ရွှေကျီးကန်းငယ်လေးသည် သူ၏ဘေးတွင် ပျံသန်းနေခဲ့ပြီး မျက်ဝန်းအစုံမှာ အလွန်ပင် ကြည်လင်ပြတ်သားနေကာ အနည်းငယ်မျှပင် နောက်ကျိခြင်း မရှိချေ -

"ရွှေကျီးကန်းငယ်လေး... မင်းက ဘာဖြစ်လို့ ကျင့်ကြံခြင်းအဆင့်တွေ မြင့်တက်လာပေမဲ့... ဝိညာဉ်ဉာဏ်အလင်းပွင့်တာကိုတော့ နည်းနည်းလေးမှ မတွေ့ရတာလဲ"

​လီယန်ချူ သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။

​ယခုအချိန်တွင် သူသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံရမည်ကို မစိုးရိမ်တော့ချေ... မူလကတည်းက ရွှေကျီးကန်းငယ်လေး၏ မျက်ဝန်းများက ဤမျှအထိ ကြည်လင်ပြတ်သားနေခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းကို ကဒါဘဲ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲလိုက်မည် ဆိုပါက စိတ်နှလုံး ဖြူစင်လွန်းသည့် ပုံစံမျိုး ဖြစ်သွားပေလိမ့်မည်။

ထို ကြောင်တောင်တောင် မျက်ဝန်းပုံစံကို လီယန်ချူ ကြည့်ရှုလိုက်ရုံဖြင့်ပင် အနည်းငယ် ဦးနှောက်ခြောက်မိရတော့သည်။

ထို့ကြောင့် လီယန်ချူသည် အသွင်ပြောင်ခြင်း နတ်ဘုရားကျင့်စဉ်ကို ထုတ်ဖော်၍ ရွှေကျီးကန်းငယ်လေး၏ ပုံသဏ္ဌာန်ကို ပြောင်းလဲပေးခြင်း မလုပ်တော့ချေ။

​ရွှေကျီးကန်းငယ်လေးသည် သူ၏ဘေးတွင် ပျံသန်းနေခဲ့ရာ... နယ်ပယ်ပြင်ပမိစ္ဆာများ၏ သွေးသားများမှာလည်း ဘေးအန္တရာယ်ကို အာရုံခံမိသွားပုံ ရပြီး ချက်ချင်းပင် ဤကြီးမားလှသော အရိုးစု၏ တစ်ကိုယ်လုံးပေါ်သို့ လျင်မြန်စွာ ဖုံးလွှမ်းလိုက်ကြတော့သည်။

ဝေးရာမှ လှမ်း၍ ကြည့်ရှုလိုက်ပါက... ကိစ္စရပ်များကို မသိရှိထားသော လူများဆိုလျှင် ဤကြောက်မက်ဖွယ်ကောင်းလှသော ငှက်ရဲကြီးသည် ပြန်လည်ရှင်သန်လာခဲ့ပြီး တစ်ကိုယ်လုံးတွင် ရဲရဲနီနေသည့် သွေးသားများ ထွက်ပေါ်လာခဲ့သည်ဟု ထင်မှတ်မှားသွားကြပေလိမ့်မည်။

​ရွှေကျီးကန်းငယ်လေးသည် အတောင်ပံများကို ခတ်၍ ပျံသန်းသွားခဲ့ပြီး ပါးစပ်မှ နေမင်းစစ်မှန်သော မီးတောက် များကို မှုတ်ထုတ်လိုက်တော့သည်။

နေမင်းစစ်မှန်သော မီးတောက်များမှာ အလွန်ပင် ပြင်းထန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏အပေါ်ရှိ သွေးသားအများစုကို တိုက်ရိုက် လောင်ကျွမ်း အရည်ပျော်သွားစေခဲ့တော့သည်။

​ဤသွေးသားစုမှာ ဤငှက်ရဲကြီး၏ အရိုးစုပေါ်တွင် အချိန်အကြာကြီး အခြေချနေခဲ့သည့်အတွက်ကြောင့် ဖြစ်ရပါမည်... ဝိညာဉ်ဉာဏ်ရည်မှာ အလွန်ပင် မြင့်မားလှပေသည်။

သွေးသားအချို့မှာ လျင်မြန်စွာ စုစည်းသွားခဲ့ကြပြီး ဤကြီးမားလှသော အရိုးစုပေါ်ရှိ အက်ကွဲကြောင်းများထဲမှတစ်ဆင့် အတွင်းသို့ ပြဒါးကဲ့သို့ စီးဝင်သွားခဲ့ကြတော့သည်။

လီယန်ချူ ဤအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် လက်ဦးမှု ယူ၍ လှုပ်ရှားလိုက်ကာ

​ စိတ်ဓားတစ်စင်းဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်တော့သည်။

စိတ်ဓားက မူလဝိညာဉ်ကို ဖြတ်တောက်ခြင်းပင် ဖြစ်၏။

ဤနယ်ပယ်ပြင်ပမိစ္ဆာများ၏ သွေးသားများ၏ လှုပ်ရှားမှုမှာ ချက်ချင်းပင် တုံ့ဆိုင်းသွားခဲ့ရပြီး ဝေဝါးတွေဝေသွားခဲ့ရတော့သည်။

​လီယန်ချူသည် လက်ညှိုးဖြင့် ခပ်ဖွဖွလေး တို့လိုက်ရာ... သုံးရောင်ခြယ်မီးတောက် များသည် အက်ကွဲကြောင်းများအတိုင်း အတွင်းသို့ စီးဝင်လောင်ကျွမ်းသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နယ်ပယ်ပြင်ပမိစ္ဆာများကို လုံးဝဥဿုံ လောင်ကျွမ်း အရည်ပျော်သွားစေခဲ့တော့သည်။

​လီယန်ချူသည် လက်ကို ဆန့်၍ ရွှေကျီးကန်းငယ်လေးကို မိမိ၏ ဘေးသို့ ခေါ်ဆောင်လိုက်ပြီး စိတ်ရှည်လက်ရှည်ဖြင့် သွန်သင်ဆုံးမလိုက်ကာ -

"ငါ မင်းကို အပြင်ထုတ်ပေးတာက... မင်းကို ရန်သူတွေကို လုပြီး သတ်ခိုင်းဖို့အတွက် မဟုတ်ဘူးနော်"

​ရွှေကျီးကန်းငယ်လေး၏ မျက်ဝန်းများမှာ အလွန်ပင် ကြည်လင်ပြတ်သားနေဆဲ ဖြစ်ပြီး... ပျော်ရွှင်စွာဖြင့် လီယန်ချူ၏ ဘေးတွင် ဆက်လက်၍ ပျံသန်းနေဆဲပင် ဖြစ်၏။

​လီယန်ချူ သက်ပြင်းတစ်ချက်ကို ချလိုက်မိပြီး -

"ထားလိုက်ပါတော့... ထားလိုက်ပါတော့... မင်း ဘာလုပ်ချင်လဲ... သွားပြီးတော့ လုပ်တော့"

​ရွှေကျီးကန်းငယ်လေးသည် အတောင်ပံများကို ဖြန့်၍ ပျံသန်းသွားခဲ့ပြီး ချိုသာပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ကာ... ၎င်းသည် လီယန်ချူ၏ စကားကို နားလည်သွားခဲ့ခြင်း ဖြစ်မလား သို့မဟုတ် မူလကတည်းက ဤမျှအထိ ပျော်ရွှင်နေခြင်း ဖြစ်မလား ဆိုတာကိုမူ မသိရတော့ချေ။

၎င်း၏ သာယာလှသော အော်ဟစ်သံနှင့်အတူ... ကြီးမားလှသော သားရဲကြီး၏ အရိုးစုကြီးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာခဲ့ရပြီး ဝုန်းဝုန်းဒိုင်းဒိုင်း အသံများ ထွက်ပေါ်လာခဲ့တော့သည်။

ယခုတစ်ကြိမ်တွင်မူ ယခင်က နယ်ပယ်ပြင်ပမိစ္ဆာများ၏ ထိန်းချုပ်ခြင်းကို ခံရသည့် အခြေအနေနှင့် မတူညီဘဲ... တကယ်ပင် ပြန်လည်ရှင်သန်လာခဲ့သည့် အလားသဏ္ဍာန်တူလှပေသည်။

​ဂျွတ်... ဂျွတ်... ဂျွတ်

​၎င်းသည် ရုန်းကန်၍ မတ်တတ်ရပ်ရန် ပြင်ဆင်လိုက်သော်လည်း ဤအရိုးစုမှာ နှစ်ပေါင်းများစွာ ကြာမြင့်စွာ တိုက်စားခြင်းကို ခံထားရသဖြင့် အချို့သော နေရာများမှာ ဆွေးမြည့်ပျက်စီးနေခဲ့ပြီ ဖြစ်ကာ... အထူးသဖြင့် နယ်ပယ်ပြင်ပမိစ္ဆာများ၏ သွေးသားများက အချိန်အကြာကြီး အခြေချ၍ ၎င်း၏အတွင်းရှိ အနှစ်သာရစွမ်းအားများကို စုပ်ယူခဲ့ကြသဖြင့် -

မလှုပ်ရှားရသေးခင်မှာပင် အရိုးများမှာ နေရာအမြောက်အမြား ကျိုးပဲ့ ပျက်စီးသွားခဲ့ရတော့သည်။

​ကိ

​ရွှေနှင့် ကျောက်တုံးများကိုပင် ထိုးဖောက်နိုင်လောက်သော ကျယ်လောင်လှသည့် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း လီယန်ချူသည် ဤငှက်ရဲကြီး၏ ခြေရာလက်ရာများကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိချေ။

သို့သော်လည်း သူသည် မရေမရာဖြင့် ရွှေကျီးကန်းငယ်လေး၏ ကိုယ်ပေါ်မှ အရှိန်အဝါများမှာ သိသိသာသာ သန်မာအားကောင်းလာကြောင်း သတိပြုမိလိုက်ကာ

မျက်စိတစ်မှိတ်အတွင်းမှာပင် စွမ်းအားများမှာ နောက်ထပ်တစ်ကြိမ် ဆယ်ဆမျှ မြင့်တက်သွားခဲ့ရပြန်သည်။

​"ဒါက ဒီငှက်ရဲကြီးရဲ့ အမွေအနှစ်လား"

​လီယန်ချူ မျက်ခုံးကို ပင့်လိုက်မိပြီး -

စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်

"မင်းတို့ ကောင်တွေကမှ တကယ့်ကို အလကားရတဲ့ အကောင်တွေပဲ"

​ကျွေ့ဟွာ က သွေးမျိုးဆက် နိုးထမှုကို အားကိုးခဲ့ရပြီး... ရွှေကျီးကန်းငယ်လေးကမူ ရှေးဟောင်းအမွေအနှစ်များကို အားကိုးခဲ့ကာ

တစ်ကောင်ချင်းစီ၏ စွမ်းအားများမှာ မီးရှူးမီးပန်းများ ပစ်လွှတ်လိုက်သကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြခြင်းပင်။

​ငှက်ရဲကြီး၏ အရိုးစုမှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ရပြီး ပြာမှုန့်အဖြစ် ပြောင်းလဲ၍ ကမ္ဘာမြေကြီးထဲသို့ ပျောက်ကွယ်သွားခဲ့တော့သည်။

ရွှေကျီးကန်းငယ်လေးသည် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ပြီး လီယန်ချူ၏ ဘေးသို့ ချဉ်းကပ်ကာ... ဦးခေါင်းဖြင့် လီယန်ချူ၏ လက်မောင်းကို အကြိမ်အနည်းငယ်မျှ လာရောက် ပွတ်သပ်နေခဲ့သည်။

ကံကောင်းသည်မှာ လီယန်ချူ၏ အဝတ်အစားများမှာ ခရမ်းရောင်နတ်ဘုရားဝတ်စုံ ကနေ ပြောင်းလဲထားခြင်း ဖြစ်သဖြင့် ရေမဝင်၊ မီးမလောင်၊ ဓားလှံမတိုးနိုင်ခြင်း ဖြစ်ပေသည်။

မဟုတ်လျှင် ထိုကဲ့သို့ လာရောက် ပွတ်သပ်လိုက်ရုံမျှဖြင့် ၎င်း၏ဦးခေါင်းပေါ်ရှိ မီးတောက်များကြောင့် အဝတ်အစားများ လောင်ကျွမ်း ပျက်စီးသွားပေလိမ့်မည်။

​"ဟော့ထုံတောင်ထဲက နေ မင်းကို ခေါ်ထုတ်လာခဲ့တာ... မင်းနဲ့ငါနဲ့ကလည်း ရေစက်ရှိတယ်လို့ ပြောရမှာပဲ၊ မင်း အမြန်ဆုံး အသိဉာဏ်အလင်း ပွင့်လာပါစေလို့ မျှော်လင့်ရမှာပဲ"

​လီယန်ချူက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

​ထို့နောက်တွင်မူ လီယန်ချူသည် ရွှေကျီးကန်းငယ်လေးကို ခေါ်ဆောင်၍ ယွမ်ရှောင်လျှို့ဝှက်နယ်မြေအတွင်း၌ ရန်သူများကို အပြတ်အသတ် သတ်ဖြတ်နေခဲ့တော့သည်။

တောင်ကြားတစ်ခုအတွင်းရှိ နယ်ပယ်ပြင်ပမိစ္ဆာများမှာ သူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသဖြင့် သွေးသားများမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ရသည်။

သားရဲကြီးများ၏ အရိုးစုပေါ်တွင် ကပ်ငြိနေသည့် သွေးသားအချို့မှာမူ ကြောက်မက်ဖွယ်ကောင်းလှသော ခန္ဓာကိုယ်ရှိသည့် မိစ္ဆာကောင်ကြီးများအဖြစ် ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သော်လည်း လီယန်ချူနှင့် ရင်ဆိုင်ရချိန်တွင်မူ လျင်မြန်စွာပင် ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

လီယန်ချူ၏ ကိုယ်ပေါ်ရှိ ကုသိုလ်ကံ အသိအာရုံများမှာလည်း ဤနေရာ၌ သုံးသန်းအထိ အောင်မြင်စွာ ဖောက်ထွက်သွားခဲ့ရတော့သည်။

​"ကုသိုလ်မှတ် သုံးသန်း"

​လီယန်ချူ စိတ်လှုပ်ရှားစွာဖြင့် ခံစားလိုက်ရသည်။

ဤမျှအထိ များပြားလှသော ကုသိုလ်မှတ် များဖြင့် မိမိလက်ထဲရှိ ရတနာလက်နက် အချို့ကို နောက်ထပ်တစ်ကြိမ် အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

​"နတ်ဘုရားအဆင့် အရည်အသွေးအထိ ရောက်ရှိနိုင်မလားဆိုတာ မသိရသေးဘူး"

​လီယန်ချူ စိတ်ထဲမှ တွေးတောလိုက်မိသည်။

​ဤနေ့တွင် သူသည် နောက်ထပ်တစ်ကြိမ် မြှားတစ်စင်းဖြင့် နယ်ပယ်ပြင်ပမိစ္ဆာများ၏ သွေးသားများ ဖုံးလွှမ်းနေသည့် လူသားပုံသဏ္ဌာန် မိစ္ဆာကောင်ကြီးတစ်ကောင်ကို ပစ်သတ်လိုက်ပြီးနောက်

လူပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ပျံသန်းရောက်ရှိလာခဲ့ပြီး... ၎င်းမှာ အလွန်ပင် လှပချောမောလှသည့် အဖြူ ရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ဖြစ်ကာ အရှိန်အဝါက အေးစက်တည်ငြိမ်လှပေသည်။

သို့သော်လည်း ဆွဲဆောင်မှုရှိသော အရိပ်အယောင်အချို့လည်း ရှိနေသဖြင့် မတူညီသော အရှိန်အဝါနှစ်မျိုးမှာ သူမ၏ ကိုယ်ပေါ်တွင် ပြီးပြည့်စုံစွာ ပေါင်းစပ်နေခဲ့ခြင်းပင် ဖြစ်၏။

သူမ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ အလွန်ပင် တင်းကျပ်နေပုံရပြီး ခန္ဓာကိုယ်ကို မတ်လိုက်ချိန်တွင် ဤအဝတ်အစားများမှာ ကြီးမားလှသော ဖိအားများကို ခံရပုံရပေသည်။

ဤအမျိုးသမီး ကျင့်ကြံသူ၏ အလှအပမှာ ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသည့် နတ်သမီးတစ်ပါးအလား ဆန်းပြားလှပေရာ -

​"ရက်အနည်းငယ်လောက် တရားထိုင်နေခဲ့တာ... ယွမ်ရှောင်လျှို့ဝှက်နယ်မြေထဲမှာ တစ်စုံတစ်ယောက်က နယ်ပယ်ပြင်ပမိစ္ဆာတွေရဲ့ သွေးသားတွေကို လိုက်ပြီး ဖျက်ဆီးနေတယ်လို့ ကြားလိုက်ရတယ်၊ တာအိုမိတ်ဆွေ ရောက်လာတာ ဖြစ်ရမယ်လို့ ကျွန်မ စိတ်ထဲက သိနေခဲ့တာ... တကယ်ပဲ ထင်တဲ့အတိုင်း ဖြစ်နေတာပဲ"

အ​ဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးက တိုးညှင်းစွာဖြင့် ဆိုလိုက်သည်။

​ဤဆွဲဆောင်မှုရှိပြီး အလွန်လှပသော အမျိုးသမီးမှာ ယွန်းချူ ပင် ဖြစ်ပြီး၊ ယွမ်ရှောင်လျှို့ဝှက်နယ်မြေအတွင်း၌ ကျင့်ကြံအားထုတ်နေသည့် သန်မာလှသော ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

​လီယန်ချူက ပြုံးလျက် ဆိုလိုက်သည်

"တာအိုမိတ်ဆွေရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားခဲ့လို့...အားနာမိပါတယ်"

​ဆွဲဆောင်မှုရှိသော အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးက ပြုံးလျက် ဆိုလိုက်သည်။

"ဘယ်လိုလုပ်ပြီး အနှောင့်အယှက် ဖြစ်ရမှာလဲ... ယွမ်ရှောင်လျှို့ဝှက်နယ်မြေက အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့တာ... တာအိုမိတ်ဆွေ ရောက်လာပြီးမှပဲ အသက်ဝင်တဲ့ အရှိန်အဝါတွေ ရှိလာခဲ့ရတာပါ၊ ကျွန်မက ရုတ်တရက် ပေါ်ထွက်လာခဲ့တာ ဖြစ်လို့... တာအိုမိတ်ဆွေအနေနဲ့ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ဦး"

​လီယန်ချူက ဆိုလိုက်သည်

"မဆုံဖြစ်တာ ကြာပြီဖြစ်တဲ့ တာအိုမိတ်ဆွေရဲ့ စကားပြောပုံက... တကယ်ကို ယဉ်ကျေးပျူငှာလာခဲ့တာပဲ"

​မြေခွေးမလေးတစ်ကောင်အလား ဆွဲဆောင်မှုရှိသော မျက်နှာရှိသည့် ဖြူစင်သော ဝတ်စုံဝတ် အမျိုးသမီးက မျက်တောင်ခတ်လျက် ဆိုလိုက်သည်။

"ဒါက သဘာဝကျပါတယ်... ရက်အနည်းငယ်လောက် မဆုံဖြစ်ကြတဲ့အခါ... ဘယ်လောက်ပဲ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ပါစေဦး အနည်းငယ်တော့ စိမ်းသက်သွားရတာပဲလေ... အဲဒါကြောင့် မင်းနဲ့ငါနဲ့က အကြိမ်အနည်းငယ်ပဲ ဆုံဖူးတာဆိုတော့ ပိုပြီးတော့ သဘာဝကျတာပေါ့"

​လီယန်ချူ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး ဘာမှ ထပ်မံ၍ မဆိုတော့ချေ။

​အကယ်၍ လျှို့ဝှက်နယ်မြေအတွင်းရှိ အခြားသော လူများသာ ယွန်းချူက လီယန်ချူနှင့် ဤမျှအထိ ရင်းနှီးပျူငှာစွာ စကားပြောဆိုနေသည်ကို မြင်တွေ့လိုက်ရပါက... သေချာပေါက် အံ့ဩမှင်တက်သွားကြပေလိမ့်မည်။

ယွန်းချူသည် ဆန်းကြယ်လှပြီး သန်မာလှကာ... ယွမ်ရှောင်လျှို့ဝှက်နယ်မြေအတွင်း၌ အခြေချနေထိုင်ပြီး... ဘယ်လိုနည်းနဲ့မှ သွားရောက်၍ မစော်ကားရဲသည့် လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်ပေသည်။

သူမသည် အချို့သော ရှေးဟောင်းတည်ရှိမှုကြီးများထက်ပင် ပိုမို၍ ထိတ်လန့်ဖွယ်ကောင်းလှကာ သတ်ဖြတ်ခြင်း ကိစ္စရပ်များတွင် ပြတ်သားလှပြီး... စိတ်နေသဘောထားကလည်း အနည်းငယ် ပြောင်းလဲလွယ်လှပေရာ -

ယခုကဲ့သို့သော ပုံစံမျိုးကိုမူ မည်သူမျှ မြင်တွေ့ဖူးခြင်း မရှိချေ။

​နှစ်ဦးသား ခဏမျှ စကားစမြည် ပြောဆိုလိုက်ကြပြီးနောက်... ယွန်းချူက ပြုံးလျက် မေးမြန်းလိုက်သည်။

"တာအိုမိတ်ဆွေနဲ့ မဆုံဖြစ်တာ ကြာပြီဖြစ်တာ... ဘယ်အရပ်ကနေ ရွှေကျီးကန်းတစ်ကောင်ကို ရှာဖွေလာခဲ့တာလဲ"

​လီယန်ချူက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်

"အရင်က လျှို့ဝှက်နယ်မြေတစ်ခုကို သွားရောက်ခဲ့တာ... ဒီရွှေကျီးကန်းကလည်း ငါနဲ့ ရေစက်ရှိတယ်လို့ ပြောရမှာပဲ"

​ယွန်းချူ၏ ဆောင်းဦးရေပြင်လေးအလား ကြည်လင်လှသော မျက်ဝန်းအစုံက ရွှေကျီးကန်းငယ်လေး၏ ကိုယ်ပေါ်သို့ ဖြည်းညှင်းစွာ ဖြတ်သန်းကြည့်ရှုလိုက်ပြီး တိုးညှင်းစွာဖြင့် ဆိုလိုက်သည်။

"တကယ်ကို ရှားပါးတာပဲ... ရွှေကျီးကန်းစစ်စစ် တစ်ကောင် ဖြစ်နေတာပဲ"

​လီယန်ချူ မှင်တက်သွားမိပြီး

"အမြင်အာရုံ တကယ်ကောင်းတာပဲ"

​ယွန်းချူက လှပစွာ ပြုံးလိုက်ပြီး

"တာအိုမိတ်ဆွေရဲ့ ကံကောင်းမှု အရှိန်အဝါက ပုံမှန်အတိုင်းပဲ ရှိနေပေမဲ့... သွေးစစ်တဲ့ ရွှေကျီးကန်းတစ်ကောင်က ဘေးနားမှာ အဖော်ပြုပေးနေတာကို ကြည့်ရတာ... ရှင့်ရဲ့ ကံကြမ္မာ အခွင့်အလမ်းက အလွန် ကြီးမားကျယ်ပြန့်ပြီး သာမန် စည်းမျဉ်းတွေနဲ့ တိုင်းတာလို့ မရနိုင်တာ သိသာတယ်"

​ကံကြမ္မာ အခွင့်အလမ်းက သဘာဝအတိုင်း ကြီးမားလှပေသည်... ဒိုချန်ပုတီးစေ့ အကြောင်းကို သိရှိထားပုံ ရပြီး... လီယန်ချူက မေးမြန်းလိုက်သည်။

"တာအိုမိတ်ဆွေက ဘာဖြစ်လို့ ယွမ်ရှောင်လျှို့ဝှက်နယ်မြေထဲမှာပဲ အမြဲတမ်း နေထိုင်နေရတာလဲ"

​ယွန်းချူ၏ စိတ်နေသဘောထားမှာ အလွန်ပင် တက်ကြွလှုပ်ရှားခြင်း မရှိသော်လည်း ဘယ်လိုနည်းနဲ့မှ စိတ်နှလုံး အေးချမ်းသာယာလှသည့် ခက်ခဲစွာ ကျင့်ကြံအားထုတ်နေသည့် လူမျိုးတော့ မဟုတ်ချေ။

အမှန်တရားအရဆိုပါက ဤနေရာ၌ တိတ်တဆိတ် ကျင့်ကြံအားထုတ်နေရန် မသင့်တော်ချေ။

​ယွန်းချူက ပြုံးလျက် ဆိုလိုက်သည်။

"လူ့လောကကြီးက ဆိုးဆေးအိုးကြီးတစ်လုံးလိုမျိုး ဖြစ်နေတာ... ယွမ်ရှောင်လျှို့ဝှက်နယ်မြေရဲ့ အေးချမ်းသာယာမှုမျိုးကို ဘယ်အရပ်မှာ ယှဉ်လို့ ရနိုင်မှာလဲ"

​လီယန်ချူ အံ့ဩသွားမိပြီး

"နယ်ပယ်ပြင်ပမိစ္ဆာတွေရဲ့ သွေးသားတွေက ဒီအတွင်းမှာ ရှိနေကြပြီး...အမှန်တရားဂိုဏ်း နဲ့ မိစ္ဆာဂိုဏ်းကကျွမ်းကျင်သူတွေပါ ပုန်းအောင်းနေကြတာကို...မင်းက ဒါကို အေးချမ်းသာယာတယ်လို့ ခေါ်တာလား"

​ယွန်းချူက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်

"အဖြူနဲ့ အမည်း ရှင်းလင်းနေတာပဲ... ဒီလိုမျိုးက အေးချမ်းသာယာတာ မဟုတ်ဘူးလား"

​လီယန်ချူ မှင်တက်သွားမိပြီးနောက် မည်သည့်စကားမျှ ထပ်မံ၍ မဆိုတော့ချေ။

​မြေခွေးမလေးတစ်ကောင်အလား ဆွဲဆောင်မှုရှိသော မျက်နှာရှိသော်လည်း အရှိန်အဝါက အနည်းငယ် အေးစက်တည်ငြိမ်လှသည့် ယွန်းချူက ပြုံးလျက် ဆိုလိုက်သည်။

"အကယ်လို့ ကျွန်မ အကြည့်မမှားဘူးဆိုရင်... တာအိုမိတ်ဆွေရဲ့ ကိုယ်ပေါ်က အဝတ်အစားက ခရမ်းရောင်နတ်ဘုရားဝတ်စုံ ဖြစ်ရလိမ့်မယ်"

​လီယန်ချူ မျက်ခုံးကို ပင့်လိုက်မိပြီး

"ငါ ဝတ်ဆင်ထားတာက သာမန် တာအိုဝတ်စုံတစ်ခုမျှသာ ပါပဲ"

​ယွန်းချူက ခေါင်းခါယမ်းလိုက်ပြီး လှပစွာ ပြုံးလျက်

"အကယ်၍ အရင်ကဆိုရင် ကျွန်မလည်း မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး... အခု ကျင့်ကြံအားထုတ်မှုမှာ အနည်းငယ် နားလည်သဘောပေါက်မှုတွေ ရှိလာခဲ့လို့... အဲဒါကြောင့် ရိပ်မိလိုက်တာပါ၊ တာအိုမိတ်ဆွေလည်း ရှင်းပြနေဖို့ မလိုတော့ပါဘူး"

​လီယန်ချူ ဤအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ထပ်မံ၍ ဖုံးကွယ်မနေတော့ဘဲ တည်ငြိမ်စွာဖြင့် -

"အမြင်အာရုံ တကယ်ကောင်းတာပဲ"

​သူသည် ခရမ်းရောင်နတ်ဘုရားဝတ်စုံကို သာမန် တာအိုဝတ်စုံပုံသဏ္ဌာန်အဖြစ် ပြောင်းလဲ၍ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်ပြီး... ယနေ့အထိ မည်သူမျှ မြင်တွေ့နိုင်ခြင်း မရှိခဲ့ချေ။

သို့သော်လည်း ယွမ်ရှောင်လျှို့ဝှက်နယ်မြေသို့ ရောက်ရှိလာချိန်တွင်မူ... ယွန်းချူ၏ စကားတစ်ခွန်းတည်းဖြင့်ပင် တိုက်ရိုက် ရိပ်မိသွားခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

သို့သော်လည်း ယခုအချိန်တွင် ကြည့်ရသည်မှာ... ဤယွန်းချူသည် လောဘစိတ်များ ရှိနေပုံ မရချေ။

​ယွန်းချူက ဆွဲဆောင်မှုရှိစွာဖြင့် ပြုံးလျက် ဆိုလိုက်သည်။

"လွန်ခဲ့တဲ့ရက်ပိုင်းက လူအချို့က လူအများကြီးကို စေလွှတ်ပြီး ယွမ်ရှောင်လျှို့ဝှက်နယ်မြေထဲမှာ ခရမ်းရောင်နတ်ဘုရားဝတ်စုံကို လာရောက် လုယူဖို့ လုပ်ခဲ့ကြသေးတယ်... ဒါပေမဲ့ ဒီနေရာမှာ တိတ်တဆိတ် ကျင့်ကြံနေတဲ့ ကျွမ်းကျင်သူတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ... ကယောက်ကယက် ဖြစ်ပြီး ထွက်ပြေးသွားခဲ့ကြရတယ်၊ ဒီ ခရမ်းရောင်နတ်ဘုရားဝတ်စုံက ဘယ်တုန်းကတည်းက အပြင်ကို ယူဆောင်သွားခြင်း ခံလိုက်ရပြီလဲဆိုတာကို သူတို့ ဘယ်လိုနည်းနဲ့မှ မသိရှိခဲ့ကြဘူးလေ"

​လီယန်ချူ စိတ်ထဲမှ တွေးတောလိုက်သည်

"သေချာတာပေါ့... ခရမ်းရောင်နတ်ဘုရားဝတ်စုံကို ဝတ်ဆင်ပြီး ယွမ်ရှောင်လျှို့ဝှက်နယ်မြေထဲကို လာတာက... လူတွေ ရိပ်မိသွားနိုင်တဲ့ ဘေးအန္တရာယ် ရှိနိုင်တာပဲ"

"ဒါက ကံကောင်းလို့ပါပဲ"

​နှစ်ဦးသား စကားပြောဆိုနေကြစဉ်... ဝေးရာ အရပ်မျက်နှာမှ ရုတ်တရက် ကောင်းကင်နှင့် မြေပြင်ကြီးကို တုန်လှုပ်ချောက်ချားသွားစေနိုင်လောက်သော ဒေါသတကြီး အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှပေသည်။

ဤအသံသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ယွမ်ရှောင်လျှို့ဝှက်နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့သည်။

​ယွန်းချူ မျက်ခုံးကို ပင့်လိုက်မိပြီး -

"နောက်ပိုင်းမှာ ပိုပြီးတော့ ခဏခဏ လှုပ်ရှားလာခဲ့ပြီပဲ"

​လီယန်ချူက မေးမြန်းလိုက်သည်

" ချောက်နက်ကြီးရဲ့ အောက်ခြေက ဟို ရှေးဟောင်းနတ်ဘုရားလား"

​ယွန်းချူက ခပ်ဖွဖွလေး ခေါင်းညိတ်ပြကာ

"မှန်တယ်... ဒီနေရာက အက်ကွဲကြောင်းတစ်ခုရဲ့ အောက်ခြေမှာ... ဘာအကြောင်းကြောင့်လဲဆိုတာ မသိရဘဲ... ရှေးဟောင်းနတ်ဘုရားတစ်ပါးကို အတွင်းမှာ ပိတ်လှောင်ထားတာ"

​လီယန်ချူသည် ပြီးခဲ့သည့်အကြိမ်က လက်ရှစ်ဖက် ရှိသည့် ရှေးဟောင်းနတ်ဘုရားသည် ငါးရောင်ခြယ်ဒေါင်း နှင့် ရွှေတောင်ရဟန္တာ တို့ကို စိတ်ကူးပုံဖော်ထားသည့် ကျွမ်းကျင်သူနှစ်ဦးနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ကို မြင်တွေ့ခဲ့ဖူးပြီး... အဆုံးသတ်တွင်မူ ချောက်နက်ကြီး၏ အောက်ခြေသို့ အောင်မြင်စွာ ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။

သို့သော်လည်း လီယန်ချူသည် ဟော့ထုံတောင်အတွင်း၌လည်း ချောက်နက်ကြီးတစ်ခု ရှိနေသည်ကို မနေနိုင်ဘဲ သတိရသွားခဲ့မိပြီး... သူသည် ယွန်းချူအား ဤကိစ္စရပ်ကို ပြောပြလိုက်တော့သည်။

​ယွန်းချူ ထိုစကားကို ကြားလိုက်ရသောအခါ မှင်တက်သွားမိပြီး -

"ဟော့ထုံတောင်ထဲမှာလည်း ‌ေချာက်နက်ကြီးတစ်ခု ရှိနေတာလား... ပြီးတော့ အရာအချို့ကလည်း အတွင်းကနေ တွားသွားတက်လာပြီး... လူသားတွေရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားကြတာလား"

​လီယန်ချူက ခေါင်းညိတ်ပြလိုက်သည်

"မှန်တယ်... မဟာရှမင်းဆက်ရဲ့ ကျင့်ကြံသူတွေက ဒါကို အလောင်း နတ်ဘုရား လို့ ခေါ်ကြတယ်"

​အလောင်းနတ်ဘုရား…… ယွန်းချူ၏ မျက်ဝန်းအစုံထဲတွင် တွေးတောမိသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရသည်။

​ဝေးရာတွင်... ထို ကြီးမားလှသော ဆူညံသံကြီးမှာ ဆက်လက်၍ ပြင်းထန်စွာ တုန်ခါနေဆဲပင် ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင်... ဗုဒ္ဓဘာသာ၏ ရွှေရောင်ကိုယ်ထည် ရဟန္တာရုပ်ပွားတော်ကြီးတစ်ဆူ ထွက်ပေါ်လာခဲ့ပြီး... လက်ထဲတွင် မိစ္ဆာနှိမ်နင်းရေး တုတ်ကောက် ကို ကိုင်ဆောင်၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။

ဤကြီးမားကျယ်ပြန့်လှသော အရာသည် ယွမ်ရှောင်လျှို့ဝှက်နယ်မြေတစ်ခုလုံးကို လင်းထိန်သွားစေခဲ့ပြီး... အလွန်ပင် တောက်ပလှသော ဗုဒ္ဓအလင်းတန်းများက ကောင်းကင်ယံကြီးတစ်ခုလုံးကို ရွှေဝါရောင်အဖြစ် ပြောင်းလဲပေးလိုက်သဖြင့် အလွန်ပင် တောက်ပလှပေသည်။

​ယွန်းချူက ဆိုလိုက်သည်

"တစ်စုံတစ်ယောက်က အတွင်းက မိစ္ဆာကောင်ကြီးကို ဖိနှိပ်နေကြတာပဲ... တာအိုမိတ်ဆွေအနေနဲ့ သွားပြီးတော့ ကြည့်ရှုဖို့ စိတ်ဝင်စားလား"

​လီယန်ချူက တိုးညှင်းစွာဖြင့် - "ကောင်းပြီ" ဟု ဆိုလိုက်သည်။

​နှစ်ဦးသားသည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကြပြီး... လေကိုစီး၍ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားခဲ့ကြတော့သည်။

​ယခုတစ်ကြိမ်တွင် ခေျာက်နက်ကြီး၏ ဘေးသို့ ရောက်ရှိလာခဲ့ချိန်တွင်... ခေျာက်နက်ကြီး၏ အောက်ခြေရှိ ထို လက်ရှစ်ဖက် ရှိသည့် နတ်ဘုရားသည် ဒေါသတကြီး အော်ဟစ်နေသည်ကို မြင်တွေ့လိုက်ရပြီး... ကိုယ်ပေါ်ရှိ သံကြိုးကြီးများမှာလည်း တုန်ခါနေခဲ့ကာ -

ဂျွင်... ဂျွင်... ဂျွင်

အသံမှာ အလွန်ပင် နားဝင်မချိုလှချေ။

ဤနေရာ၌ ယခင်အတိုင်း ဖျော့တော့သော မြူခိုးများ ပြည့်နှက်နေဆဲ ဖြစ်ပြီး... လွင့်မျောနေသဖြင့် လူကို ရှင်းလင်းစွာ မမြင်တွေ့နိုင်အောင် ကန့်သတ်ထားပုံရပေသည်။

အရပ် တစ်လံခွဲခန့် ရှိသော ရွှေရောင်ကိုယ်ထည် ရဟန္တာကြီးသည် လက်ထဲတွင် မိစ္ဆာနှိမ်နင်းရေး တုတ်ကောက်ကို ကိုင်ဆောင်၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။

​ဝုန်း... ဝုန်း... ဝုန်း

ကြီးမားလှသော ပေါက်ကွဲသံကြီးများမှာ အဆက်မပြတ် ထွက်ပေါ်လာခဲ့ရသော်လည်း -

ယခုတစ်ကြိမ်တွင်မူ ငါးရောင်ခြယ်ဒေါင်းကို စိတ်ကူးပုံဖော်ထားသည့် ကျွမ်းကျင်သူကို မြင်တွေ့ရခြင်း မရှိဘဲ... ရဟန္တာကြီးတစ်ယောက်တည်းသာ သတ်ဖြတ်ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

လီယန်ချူ၏ မျက်ဝန်းများက ထို ရှေးဟောင်းနတ်ဘုရား၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး -

"ဒါကလည်း အသူရာလောက ရဲ့ နတ်ဘုရားတစ်ပါး ဖြစ်မနေဘူးလား"

​သူသည် ယွန်းချူအား ဤကိစ္စကို ပြောပြလိုက်တော့သည်။

ယွန်းချူသည် ဤနေရာ၌ ကျင့်ကြံအားထုတ်နေသည့် စွမ်းအားကြီးမားလှသော ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့်... သူမနှင့် ဆွေးနွေးတိုင်ပင်ခြင်းက အချို့သော အတွေးအမြင်များကို သက်သေပြရန်အတွက် အဆင်ပြေလှပေသည်။

"သူ့ရဲ့ နောက်ခံသမိုင်းကြောင်းကိုတော့ ကျွန်မလည်း အတိအကျ မသိရပါဘူး"

ယွန်းချူက ခေါင်းခါယမ်းလိုက်ပြီး ဆိုလိုက်သည်

"ဒါပေမဲ့ ဒီနတ်ဘုရားက စစ်မှန်တဲ့ ခန္ဓာကိုယ်နဲ့တင် ဒီနေရာမှာ ပိတ်လှောင်ခြင်းကို ခံထားရတာ ဖြစ်ပုံရတယ်... ကျွန်မရဲ့ ခန့်မှန်းချက်အရဆိုရင် သူ့ကို ပိတ်လှောင်ထားတာက ဒီသံကြိုးတွေ မဟုတ်ဘဲ... ဒီ ခေျာက်နက်ကြီး ကိုယ်တိုင် ဖြစ်ရလိမ့်မယ်"

​လီယန်ချူ မျက်ခုံးကို ပင့်လိုက်မိပြီး -

" ချောက်နက်ကြီး ကိုယ်တိုင် ဟုတ်လား"

​ယွန်းချူက ခပ်ဖွဖွလေး ခေါင်းညိတ်ပြကာ -

"မှန်တယ်... ငါတို့တွေ ရှိနေတဲ့ လူ့လောကအပြင်... တခြားသော ဂူဗိမာန်များနှင့် ရှေးဟောင်းလျှို့ဝှက်နယ်မြေတွေ အများကြီး ရှိသေးတယ်... ဒါပေမဲ့ ဒါတွေရဲ့ အပြင်ဘက်မှာလည်း တခြားကမ္ဘာမြေကြီးတွေ ရှိနေပါသေးတယ်"

​"ဒီ ချောက်နက်ကြီးက လူကို ပေးတဲ့ ခံစားချက်က... ဘယ်အရပ်နဲ့မှ မသက်ဆိုင်သလိုမျိုးပဲ...ကောင်းကင်ကိုးထပ် နဲ့ နယ်မြေဆယ်ခု ရဲ့ အပြင်ဘက်မှာ သီးခြားစီ ဖြစ်တည်နေတာ ဖြစ်နိုင်တယ်၊ ငါတို့တွေ အခု မြင်တွေ့နေရတာက... သေချာပေါက် သူ့ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်နိုင်တယ်"

​ယွန်းချူ၏ စကားများကြောင့် လီယန်ချူသည် စိတ်နှလုံးထဲ၌ ကြီးမားလှသော ထိခိုက်မှုများကို ခံစားလိုက်ရသည်။

ယခင်က ဤကဲ့သို့သော ကိစ္စရပ်များကို သူ ဘာမှ မသိရှိထားခဲ့ချေ... နောက်ပိုင်းတွင်မှ ပိုင်ယန်တာအိုဆရာ၏ ပါးစပ်မှတစ်ဆင့် ကမ္ဘာအနှံ့အပြား အရေးကိစ္စများကို သိရှိခွင့်ရခဲ့ခြင်း ဖြစ်သည်။

​ပိုင်ယန်တာအိုဆရာ ပြောဆိုခဲ့ဖူးသည့် ကမ္ဘာအနှံ့အပြား ဆိုသည်မှာ... သေချာပေါက် ယွန်းချူ ပြောဆိုနေသည့် ကောင်းကင်ကိုးထပ် နဲ့ နယ်မြေဆယ်ခု ပင် ဖြစ်ရပါမည်... အခေါ်အဝေါ် ကိစ္စရပ်တစ်ခုမျှသာ ဖြစ်ပေသည်။

ယွန်းချူ၏ ဤ ချောက်နက်ကြီးအပေါ် ခန့်မှန်းချက်များက လီယန်ချူကို များစွာ စိတ်လှုပ်ရှားသွားစေခဲ့ရပြီး -

"အကယ်လို့ ဒီ ချောက်နက်ကြီးတွေအားလုံးက တစ်ခုတည်း ဖြစ်နေခဲ့မယ်ဆိုရင်...အတွင်းမှာ အလောင်းစားနတ်ဘုရားတွေ ‌ရှိနေရုံတင်မကဘဲ ပိတ်လှောင်ခြင်းကို ခံထားရတဲ့ ရှေးဟောင်းနတ်ဘုရားတွေပါ ရှိနေတာဆိုတော့... ဒီချောက်နက်ကြီးက တကယ်ပဲ ကြောက်စရာကောင်းတာပဲ"

​ယွန်းချူက ပြုံးလျက် ဆိုလိုက်သည်

"ဒီနေရာက ကျွမ်းကျင်သူတွေအားလုံးရဲ့ စွမ်းအားတွေကို စုစည်းလိုက်မယ်ဆိုရင်... ဒီရှေးဟောင်းနတ်ဘုရားကို သတ်ဖြတ်ပစ်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှင် သိလား... ဘာဖြစ်လို့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တာတောင်... ဘယ်သူမှ သွားပြီးတော့ မလုပ်ကြတာလဲဆိုတာကို"

​လီယန်ချူ မျက်ခုံးပင့်လိုက်မိပြီး -

"ဘာဖြစ်လို့လဲ"

​ယွန်းချူက ဆွဲဆောင်မှုရှိစွာဖြင့် ပြုံးလျက် ဆိုလိုက်သည်။

"ဒီရှေးဟောင်းနတ်ဘုရားက အမြဲတမ်း ရုန်းထွက်ဖို့ ကြံစည်နေတာ... သူ့ရဲ့ စွမ်းအားတွေက လျော့နည်းသွားခဲ့ပြီ ဖြစ်လို့ ဖိနှိပ်ဖို့က မခဲယဉ်းဘူး၊ ဒါပေမဲ့ တစ်စုံတစ်ယောက်က တွက်ချက်ကြည့်ဖူးတယ်... သူ့ကို သတ်ဖြတ်ပစ်လိုက်တာက ဆန့်ကျင်ဘက်အနေနဲ့ သူ့ကို ကူညီပြီး လွတ်မြောက်စေသလိုမျိုး ဖြစ်သွားလိမ့်မယ်... အဲဒါက ဆက်တိုက် တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေပြီး... ချောက်နက်ကြီးက ယွမ်ရှောင်လျှို့ဝှက်နယ်မြေတစ်ခုလုံးကိုပါ ဝါးမြိုသွားစေလိမ့်မယ်"

All Chapters