← Chapters

အခန်း ၉၉၉

Vol. 100 Ch. 999

အခန်း ၉၉၉

Vol. 100 Ch. 999

အခန်း (၉၉၉) : ကိုးလုံးမြောက် ဂါထာမန္တန်

​ဤကျောက်နံရံကြီးသည် ချောမောပြေပြစ်ပြီး သန့်ရှင်းသပ်ရပ်နေကာ အပေါ်တွင် နွယ်ပင်များ တွားတက်နေကြသည်။

​လီယန်ချူသည် သူ၏ ထက်မြက်လှသော အာရုံခံစားမှုဖြင့် ထိုကျောက်နံရံထက်၌ ဟင်းလင်ပြင် ရွှေ့ပြောင်းခြင်းဆိုင်ရာ စွမ်းအင် အနည်းငယ်ကို ခံစားလိုက်ရသည်။ သို့သော်လည်း သူသည် လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်အတွက် နံရံဖဖောက်အတတ် ဟူသော အတားအဆီးဖွင့် နတ်ဘုရားအတတ်ကို ထုတ်သုံး၍ ဖြေရှင်းရန် ကြိုးစားလိုက်သော်လည်း ၎င်းအပေါ်၌ တစ်စုံတစ်ရာ သက်ရောက်မှုမရှိကြောင်း တွေ့လိုက်ရလေသည်။

​ယခုအခါတွင်မူ သူသည် ကျောက်နံရံကြီး၏ ရှေ့သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြီး ဤကျောက်နံရံကြီး၏ နောက်ကွယ်တွင် လျှို့ဝှက်နယ်မြေတစ်ခု ပုန်းအောင်းနေလိမ့်မည်ဟူသော သံသယစိတ်က ပိုမိုပြင်းထန်လာခဲ့သည်။

“ဒီနေရာက ချိတ်ပိတ်မှု အဆင့်အတန်းက အရမ်းမြင့်မားနေတာလား... ဒါမှမဟုတ် တစ်စုံတရား ထူးခြားတဲ့ သဘာဝရှိနေလို့ နံရံ‌ဖောက် နတ်ဘုရားအတတ်က မဖျက်ဆီးနိုင်တာလား...”

​လီယန်ချူသည် ခဏမျှ အသာအယာ စဉ်းစားလိုက်ပြီးနောက် သူ၏ ရှူယီဘူးသီး ကို တိုက်ရိုက် ထုတ်ယူလိုက်လေသည်။ ရှူယီဘူးသီးသည် ရတနာအလင်းတန်းများ တောက်ပစွာ ဖြာထွက်လျက် သူ၏ ဘေးပတ်ဝန်းကျင်တွင် ဝဲပျံလှုပ်ရှားနေတော့သည်။

​“ဒီဝင်ပေါက်ကို ဖွင့်လို့ရမလား... တစ်ချက်လောက် စမ်းကြည့်စမ်း...”

လီယန်ချူက ဆိုလိုက်သည်။

​ရှူယီဘူးသီးသည် ‘ဝုန်းဝုန်း’ ဟူ၍ မြည်ဟီးသွားပြီး သူ၏ စကားကို ပြန်လည်တုံ့ပြန်နေသကဲ့သို့ ရှိတော့သည်။ ထို့နောက် ဘူးသီးဝမှ ရောင်စုံနတ်ဘုရား အလင်းတန်းများ ထွက်ပေါ်လာပြီး လီယန်ချူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်လေသည်။

​နောက်တစ်ခဏတွင် လီယန်ချူသည် မျက်စိတစ်မှိတ်အတွင်း ဆန်းကြယ်လှသော နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။ ဤထူးခြားသော နယ်မြေသည် အလွန်ပင် ဆန်းပြားလှပြီး သူ၏ ဦးခေါင်းထက်တွင် ဝိုင်းစက်သော ခွက်တစ်ခုကို မှောက်ခုံ အုပ်ထားသကဲ့သို့ ဖြစ်နေသည်။ ကောင်းကင်နှင့် မြေပြင်သည် သာမန်မျက်စိဖြင့် ကြည့်ရုံမျှဖြင့် ဝိုင်းစက်နေကြောင်း ထင်ရှားလှပြီး ပတ်ဝန်းကျင် အကျယ်အဝန်းမှာ မီတာငါးရာခန့်မျှသာ ရှိတော့သည်။

လီယန်ချူက ရှုယီဘူးသီးကို အသာအယာ ပုတ်လိုက်ရင်း “ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ...” ဟု ချီးကျူးလိုက်သည်။

​ ရှူယီဘူးသီးသည် သူ၏ လက်မောင်းကို နူးညံ့စွာဖြင့် အသာအယာ လာရောက်ပွတ်သပ်နေတော့သည်။

​ဤနေရာ၏ မြေပြင်ပေါ်တွင် တရားထိုင်သည့် ဖျာတစ်ချပ် ရှိနေပြီး ထိုဖျာပေါ်တွင် အဝတ်အစား၊ ဘောင်းဘီနှင့် ဖိနပ်များ ရှိနေသည်။ ဖျာ၏ ဘေးတွင် ကျောက်စားပွဲငယ်တစ်ခု ရှိနေပြီး ၎င်းထက်တွင် စာအုပ်များနှင့် ပေလွှာအချို့ကို တင်ထားလေသည်။

​“ဒါက ဂျင်ရှင်း အရင်က ဝင်ခဲ့တဲ့ ဂူသင်္ချိုင်း ဖြစ်ရမယ်...”

လီယန်ချူ၏ ရင်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။

​သူသည် ရှေ့သို့တက်ကာ စစ်ဆေးကြည့်ရှုလိုက်ရာ ကျောက်စားပွဲပေါ်ရှိ ပေလွှာများသည် အလွန်တရာ ကြာမြင့်လှသော အချိန်ကာလများကို ဖြတ်သန်းခဲ့ရသော်လည်း ပျက်စီးခြင်းမရှိဘဲ ပြည့်စုံလုံလောက်စွာ ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအထဲတွင် ဆန်းကြယ်သော စွမ်းအင်တစ်ခု ပါဝင်နေပုံရပြီး ဤနေရာ၌ လေလွင့်ပျက်စီးမသွားအောင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

​လီယန်ချူက စာအုပ်တစ်အုပ်ကို ယူ၍ လှန်လိုက်ရာ ထိုပေလွှာပေါ်တွင် စာလုံးကြီးသုံးလုံးကို တွေ့လိုက်ရသည်။ ၎င်းမှာ လင် ဂါထာမန္တန် ပင် ဖြစ်တော့သည်။

တာအိုဂိုဏ်း၏ ကိုးလုံးမြောက် ဂါထာမန္တန် ဆိုသည်မှာ ‘လင်၊ ပင်း၊ တောက်၊ ကျဲ့၊ ကျဲ၊ ကျန့်၊ လျဲ့၊ ချန်၊ သျှင်’ ဟူ၍ ဖြစ်သည်။

‘လင်’ ဂါထာမန္တန်သည် ဝိညာဉ်ကို တည်ငြိမ်စေနိုင်ပြီး ၎င်းကို မာကျောခိုင်ခံ့စေကာ ပြင်းထန်သော လေပြင်းများနှင့် နတ်ဘုရားမီးလျှံများကိုပင် ကြောက်ရွံ့ခြင်း မရှိစေတော့ပေ။

​“ဂျင်ရှင်းက ဒီ ‘လင်’ ဂါထာမန္တန်ကို ကျင့်ကြံခဲ့လို့ပဲ သူရဲ့ ဝိညာဉ်က ဒီလောက်အထိ မာကျောခိုင်ခံ့နေတာကိုး...”

လီယန်ချူသည် အမှန်တရားကို ရုတ်ချည်း နားလည်သွားတော့သည်။

​သူက အခြားစာအုပ် အချို့ကိုပါ ထပ်မံယူ၍ လှန်လှောကြည့်ရှုလိုက်ရာ ‘လင်’ ဂါထာမန္တန်အပြင် ကျဲ့ ဂါထာမန္တန် ဟူသော စာအုပ်တစ်အုပ်ကိုပါ ထပ်မံတွေ့ရှိရလေသည်။ ‘ကျဲ့’ ဂါထာမန္တန်သည် မိမိ၏ ခန္ဓာကိုယ်နှင့် အခြားသူများ၏ ခန္ဓာကိုယ်ကိုပါ ထိန်းချုပ်မောင်းနှင်နိုင်ပြီး တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်ပေသည်။

​လီယန်ချူ၏ မျက်ဝန်းအစုံတွင် စဉ်းစားဆင်ခြင်ရိပ်များ ဖြတ်သန်းသွားပြီး

“ဝိညာဉ်ဖြင့် ခန္ဓာကိုယ်လုယူခြင်း အတတ်က ဒီ ‘ကျဲ့’ ဂါထာမန္တန်ထဲကနေ ဆင်းသက်လာတာ နေမှာပဲ...”

ဟု တွေးလိုက်မိသည်။

​ဤနေရာတွင် ထိုဂါထာမန္တန် နှစ်မျိုးအပြင် ကျန့် ဂါထာမန္တန် ဟုခေါ်သော အစီအရင် ဂါထာမန္တန်တစ်အုပ်နှင့် ဆန်းကြယ်သော မှော်အတတ်ကျမ်း အချို့ပါ ရှိနေသေးသည်။ ထိုအထဲတွင် အရှိန်အဝါဖုံးအတတ် ဟူသော ကျမ်းတစ်စောင် ပါဝင်ပြီး မိမိ၏ အသက်ရှူနှုန်းနှင့် အရှိန်အဝါများကို လုံးဝခြေရာဖျောက်ထားနိုင်ကာ ရှာဖွေ၍မရအောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ နာမည်က သာမန်မျှသာ ဖြစ်သော်လည်း ၎င်းအထဲတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများမှာ အလွန်တရာ သိမ်မွေ့နက်နဲလှပေသည်။

​လီယန်ချူက ၎င်းကို သာမန်ကာလျှံကာ ဖတ်ရှုကြည့်လိုက်ရာ ထိုအထဲတွင် စုစုပေါင်း မှော်အတတ် လေးမျိုးကို မှတ်တမ်းတင်ထားကြောင်း တွေ့လိုက်ရသည်။

အရှိန်အဝါဖုံးအတတ်အပြင် ၊ ကိုယ်ယောင်ဖျောက်အတတ် ၊ဗေဒင်ကိန်းခန်း တွက်ချက်ခြင်း အတတ် နှင့် စွမ်းအင်ဝါးမြိုအတတ် တို့ ပါဝင်သည်။

​ကိုယ်ယောင်ဖျောက်အတတ်သည် နာမည်အတိုင်းပင် ကျင့်ကြံသူ သို့မဟုတ် အတတ်ကို အသုံးပြုသူကို ကိုယ်ယောင်ဖျောက်စေနိုင်ပြီး ၎င်းအထဲတွင် မှတ်တမ်းတင်ထားသော နည်းလမ်းမှာ အလွန်ပင် ဆန်းပြားလှသည်။ သို့သော် မြေပြင်နတ်ဘုရား များ၏ အာရုံခံစားမှုကိုပါ ဖုံးကွယ်ထားနိုင်ခြင်း ရှိမရှိကိုမူ မသိရသေးပေ။

ဗေဒင်ကိန်းခန်း တွက်ချက်ခြင်း အတတ်ကမူ ကောင်းကင်ယံရှိ ကြယ်တာရာများ၏ ကံကြမ္မာပြောင်းလဲမှုကို တွက်ချက်ခြင်းဖြစ်ပြီး အရာခပ်သိမ်းကို လွှမ်းခြုံထားသည်။

နောက်ဆုံးဖြစ်သော စွမ်းအင်ဝါးမြိုအတတ်မှာမူ အကယ်၍ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပါက ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ထုတ်သုံးလိုက်ရုံဖြင့် ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်းစွမ်းအင်များကို တစ်ရှိန်ထိုး အဆမတန် တိုးပွားလာစေနိုင်ပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် ဝါးမြိုနိုင်လောက်သည့် အရှိန်အဝါမျိုး ရှိပေသည်။

​“ဒီမှော်အတတ်တွေရဲ့ နာမည်တွေက သာမန်လမ်းဘေးအတတ်တွေလို ထင်ရပေမဲ့ အထဲမှာ မှတ်တမ်းတင်ထားတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေကတော့ အလွန်ပဲ ဆန်းပြားနက်နဲလှတယ်...”

လီယန်ချူက စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။

​အဓိကအချက်မှာ ၎င်းတို့ကို ရေးသားထားသော စာရွက်များမှာလည်း အလွန်ပင် သာမန်ဆန်လှသော စာရွက်များ ဖြစ်နေခြင်းပင်။ လီယန်ချူက ထိုအဝတ်အစားများနှင့် တရားထိုင်သည့် ဖျာကိုပါ တိတ်တဆိတ် စစ်ဆေးကြည့်ရှုလိုက်ရာ အားလုံးမှာ သာမန်ပစ္စည်းများသာ ဖြစ်ကြပြီး ဤနေရာ၏ ထူးခြားသော သဘာဝကြောင့်သာ ယနေ့အထိ မပျက်စီးဘဲ တည်ရှိနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

​“ဂျင်ရှင်းက ဒီနေရာကို မတော်တဆ ရောက်လာပြီး အရှိန်အဝါဖုံးအတတ်နဲ့ ‘လင်’ ဂါထာမန္တန်ကို ကျင့်ကြံခဲ့လို့ အချိန်တိုအတွင်းမှာ အဆင့် (၃) ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာပဲ... ဒါက တကယ့်ကို ကြီးမားတဲ့ ကံကောင်းခြင်း လို့ ပြောရမယ်...”

လီယန်ချူက မျက်ခုံးကို ပင့်လိုက်သည်။

​ထိုစာအုပ်များနှင့် ပေလွှာများမှလွဲ၍ ဤနေရာတွင် အခြားမည်သည့်အရာမျှ မရှိတော့ပေ။ လီယန်ချူက ထိုစာအုပ်များကို သူ၏ သို‌လှောင်အိတ် ထဲသို့ ထည့်သွင်းရန် ကြိုးစားလိုက်သော်လည်း စာအုပ်များသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိဘဲ ရွေ့မရကြောင်း တွေ့လိုက်ရသည်။

ထို့နောက် သူက ကမ္ဘာငယ် ထဲသို့ ထည့်သွင်းရန် ထပ်မံကြိုးစားလိုက်ပြန်သည်။ သို့သော် စကားလုံးများမှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲကာ ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့ရလေသည်။

​လီယန်ချူသည် စာအုပ်ကို အမြန်ဆုံး ပြန်လည်ထုတ်ယူလိုက်ရပြီး စာအုပ်သည် ချက်ချင်းပင် မူရင်းအတိုင်း ပြန်လည်ကောင်းမွန်သွားတော့သည်။

“ဒီနေရာမှာတင် လေ့လာလို့ရမယ်... အပြင်ကိုတော့ ယူသွားလို့ မရဘူးပေါ့...”

​လီယန်ချူသည် ဤအချက်ကို သိရှိသွားပြီးနောက် ဤနေရာ၌ပင် စာအုပ်ကို အစအဆုံး သေသေချာချာ ဖတ်ရှုတော့သည်။ သူသည် တစ်ကြိမ်မျှ ဖတ်ရှုပြီးသည်နှင့် ပထမဆုံး ဖြစ်သော ‘လင်’ ဂါထာမန္တန်ကို ချက်ချင်းပင် တတ်မြောက်သွားတော့သည်။ သူက ‘လင်’ ဂါထာမန္တန်ကို လှုံ့ဆော်လိုက်ရာ သူ၏ ဝိညာဉ်သည် အလွန်တရာ မာကျောခိုင်ခံ့သွားပြီး ကျစ်လျစ်သိပ်သည်းသွားတော့သည်။

​“အကယ်၍ ဒီအတတ်ကို အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံနိုင်ရင်... စိတ်ကြည်လင်ကျောက်စိမ်းပြား ကာကွယ်ထားတာနဲ့တောင် ယှဉ်နိုင်လောက်တယ်...”

လီယန်ချူက စိတ်ထဲတွင် တိတ်တဆိတ် အကဲဖြတ်လိုက်သည်။

​ဤအတတ်၏ ကျင့်ကြံခြင်း နည်းလမ်းမှာ အလွန်ပင် နက်နဲဆန်းပြားပြီး နားလည်ရန် ခက်ခဲလှသော်လည်း ကံကောင်းလှသည်မှာ သူ၏ ဉာဏ်ပညာ ပါရမီအဆင့်အတန်းကမူ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းပင်။ ထို့နောက် သူက ‘ကျန့်’ ဂါထာမန္တန်ကျမ်းကိုပါ ထပ်မံယူ၍ ဖတ်ရှုလိုက်ပြန်သည်။ ‘ကျန့်’ ဂါထာမန္တန်သည် အရာခပ်သိမ်းကို လွှမ်းခြုံထားပြီး ရှုပ်ထွေးနက်နဲလွန်းလှသဖြင့် ‘လင်’ ဂါထာမန္တန်ထက်ပင် ကျင့်ကြံရန် ပိုမိုခက်ခဲလှပေသည်။

​လီယန်ချူသည် များပြားလှသော နတ်ဘုရားအတတ်များကို သင်ယူခဲ့ဖူးသော်လည်း ယခုကဲ့သို့ ရှုပ်ထွေးလှသော နည်းလမ်းမျိုးကိုမူ တစ်ကြိမ်မျှပင် မတွေ့ဖူးခဲ့ချေ။ ၎င်းသည် ကောင်းကင်ဘုံမှ ကျမ်းစာတစ်စောင်ကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း သူက စိတ်ရှည်လက်ရှည်ဖြင့် တစ်ကြိမ်မျှ အစအဆုံး သေသေချာချာ ဖတ်ရှုပြီးနောက်တွင်မူ ဤအတတ်ကိုပါ ထပ်မံ၍ တတ်မြောက်သွားပြန်တော့သည်။

​သူ၏ ခန္ဓာကိုယ်သည် တစ်ချက် လှုပ်ရှားသွားပြီး ခြေ ‌ေထာက်အောက်တွင် နဝမနန်းတော် အစီအရင်ကြီး တစ်ခု ပေါ်ထွက်လာသည်။ ထိုအစီအရင်၏ အလယ်တွင် ရှိနေစဉ် လီယန်ချူသည် ကောင်းကင်နှင့် မြေပြင်၏ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါကို ခံစားလိုက်ရလေသည်။

“အစီအရင် နည်းလမ်းက ကိုယ့်ရဲ့ စွမ်းရည်ကို တိုးပွားစေပြီး ကျင့်ကြံသူကို အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်စေတယ်... ‘ကျန့်’ ဂါထာမန္တန်ကို တတ်မြောက်သွားပြီဆိုတော့ အရာခပ်သိမ်းကို ချိတ်ဆက် စဉ်းစားနိုင်ပြီ... နောက်ဆိုရင် အစီအရင်ပိုင်းမှာ ထိပ်တန်းဆရာကြီးတစ်ဦး တောင် ဖြစ်လာနိုင်တယ်...”

​သူ၏ ပါရမီနှင့် ဉာဏ်ပညာသည် အလွန်ပင် ထူးချွန်လှသဖြင့် ဤနည်းလမ်းများက မည်မျှပင် ခက်ခဲနက်နဲပါစေဦးတော့ တစ်ကြိမ်မျှ ဖတ်ရှုရုံဖြင့် ချက်ချင်း တတ်မြောက်နိုင်ခြင်း ဖြစ်သည်။ သူသည် အချိန်တိုအတွင်းမှာပင် ဤနေရာရှိ မှော်အတတ်များနှင့် နတ်ဘုရား တန်ခိုးစွမ်းအား အားလုံးကို အကြွင်းမဲ့ တတ်မြောက်သွားတော့သည်။ ဤကဲ့သို့သော ပါရမီမျိုးမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေနိုင်လောက်ပေသည်။

​လီယန်ချူက ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး

“ဒီနေရာက နည်းလမ်းတွေက ဒီလောက်အထိ နက်နဲတာကို... ဂျင်ရှင်းမှာလည်း ငါ့လို ဉာဏ်ပညာ ပါရမီမျိုး ရှိနေလို့လား...” ဟု တွေးလိုက်မိသည်။

သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် နတ်ဘုရားအတတ်များစွာကို သင်ယူခဲ့ဖူးပြီး အခြားသော ပါရမီရှင်များနှင့် နှိုင်းယှဉ်ချက်အရ ရရှိလာသော အတွေ့အကြုံများကြောင့် ဖြစ်သည်။ သူ၏ ပါရမီအဆင့်အတန်းမှာ အမှန်တကယ်ပင် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

​လီယန်ချူသည် ခဏမျှ အသာအယာ စဉ်းစားလိုက်ပြီးနောက် ဂျင်ရှင်း၏ ဝိညာဉ်ကို ပြန်လည်ထုတ်လွှတ်လိုက်သည်။ ယခုအခါ ဂျင်ရှင်း၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေပြီး မိစ္ဆာနှိမ်နင်းရေး အဆောင် များက ဖုံးလွှမ်းထားလျက် ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းများ ခပ်ရေးရေး ထွက်ပေါ်နေကာ တစ်ကိုယ်လုံးမှာ အလွန်တရာ သနားစဖွယ် ဖြစ်နေတော့သည်။

​အပြင်သို့ ရောက်ရှိလာသည်နှင့် ဂျင်ရှင်းသည် ချက်ချင်းပင် ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်တော့သည်။

“တာအိုဆရာကြီး... အသက်ချမ်းသာပေးပါ... တာအိုဆရာကြီး အသက်ချမ်းသာပေးပါ...”

လီယန်ချူက တည်ငြိမ်စွာဖြင့်

“ဒါက မင်း အရင်က မှားယွင်းပြီး ရောက်ခဲ့တဲ့ ဂူသင်္ချိုင်း ဟုတ်လား...” ဟု မေးလိုက်သည်။

​ဂျင်ရှင်းက မော့ကြည့်လိုက်ပြီး ချက်ချင်းပင်

“မှန်ပါတယ်... ဒီနေရာပါပဲ...” ဟု ဆိုသည်။

လီယန်ချူ၏ ရင်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားပြီး လေးနက်သော အသံဖြင့်

“အဲဒီတုန်းက မင်း ဒီဂူထဲမှာ ဘယ်နှစ်ရက်ကြာအောင် နေခဲ့တာလဲ...” ဟု ထပ်မံမေးမြန်းလိုက်သည်။

​ဂျင်ရှင်းက ခဏမျှ စဉ်းစားလိုက်ပြီး

“ခဏလေးပါပဲ... နာရီဝက် လောက်ပဲ နေခဲ့ရတာပါ... အဲဒီထဲက မှော်အတတ် အချို့ကို တတ်မြောက်ပြီးတဲ့နောက်မှာ ရုတ်တရက် ဝိညာဉ်တွေ ဝေဝါးသွားပြီး ဘာလို့လဲမသိဘဲ ဒီနေရာကနေ ထွက်ခွာသွားခဲ့တာပါ...”

ဟု ပြောသည်။

​နာရီဝက်မျှသာ... လီယန်ချူသည် နောက်ဆုံးစကားလုံး ဖြစ်သော ‘ဝိညာဉ်များ ဝေဝါးသွားခြင်း’ ဟူသော အချက်ကို သတိပြုမိလိုက်သည်။

“ဆိုလိုတာက... မင်း ဘယ်လိုဝင်လာလဲဆိုတာကိုလည်း မသိဘူး... ဘယ်လိုပြန်ထွက်သွားလဲဆိုတာကိုလည်း မသိဘူးပေါ့...”

လီယန်ချူက ဆိုလိုက်သည်။

​ဂျင်ရှင်းက ခေါင်းညိတ်ပြလျက်

“မှန်ပါတယ်... ဒီလိုပါပဲ... တာအိုဆရာကြီး အသက်ချမ်းသာပေးပါ... ကျုပ် နောက်ဆိုရင် တကယ့်ကို လူကောင်းတစ်ယောက်အဖြစ် စိတ်ပြောင်းလဲပါ့မယ်...”

ဟု အဆက်မပြတ် တောင်းပန်နေတော့သည်။

လီယန်ချူသည် သူ၏ တောင်းပန်မှုကို ဂရုမစိုက်ဘဲ

“ဝိညာဉ်ဖြင့် ခန္ဓာကိုယ်လုယူခြင်း အတတ်က... ‘ကျဲ့’ ဂါထာမန္တန်ထဲကနေ သင်ယူခဲ့တာလား...” ဟု ထပ်မံမေးမြန်းသည်။

​ဂျင်ရှင်းက အမြန်ပင် “မှန်ပါတယ်...” ဟု ဖြေကြားသည်။

လီယန်ချူ၏ မျက်ခုံးများက အလွန်တရာ တွန့်ချိုးသွားပြီး

“မင်းက ‘ကျဲ့’ ဂါထာမန္တန်ထဲကနေ ဒီအတတ်ကို သင်ယူခဲ့တာဆိုရင်... မင်းရဲ့ ဆရာကော ဘာလို့ ဒီအတတ်ကို တတ်နေရတာလဲ...” ဟု မေးလိုက်သည်။

​ဂျင်ရှင်းက ဆွံ့အသွားပြီး

“ဒါကိုတော့ ကျုပ်လည်း သေသေချာချာ မသိပါဘူး...”

ဟု ဆိုသည်။

လီယန်ချူသည် တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ထိုသက်လတ်ပိုင်း တာအိုဆရာ ကျင့်ကြံခဲ့သည်မှာ အခြားသော ဝိညာဉ်ဖြင့် ခန္ဓာကိုယ်လုယူခြင်း အတတ်တစ်မျိုး ဖြစ်နေ၍လား။

“ဒါက တကယ့်ကို တိုက်ဆိုင်လွန်းလှချည်လား... အရှိန်အဝါဖုံးအတတ်၊ ‘လင်’ ဂါထာမန္တန်နဲ့ ‘ကျဲ့’ ဂါထာမန္တန်တွေကို ကွက်တိ သင်ယူခဲ့ရတာကိုး...”

​ဂျင်ရှင်း၏ ဝိညာဉ်ကို လီယန်ချူက ချုပ်နှောင်ထားသဖြင့် သူသည် စွမ်းရည်အနည်းငယ်မျှပင် ထုတ်သုံးနိုင်ခြင်း မရှိချေ။ လီယန်ချူသည် ခဏမျှ အသာအယာ စဉ်းစားလိုက်ပြီးနောက် ရှစ်ခွင်မှန် ကို ထုတ်ယူလိုက်လေသည်။ ရှစ်ခွင်မှန် သည် မိစ္ဆာများကို ဖော်ထုတ်နိုင်ပြီး အမှန်တရားကို မြင်တွေ့နိုင်စွမ်း ရှိကာ သူ၏ ဝိညာဉ်မျက်စိ ထက်ပင် အဆင့်အတန်း ပိုမိုမြင့်မားလှပေသည်။

​လီယန်ချူက ရှစ်ခွင်မှန် ကို ထုတ်ယူလိုက်ပြီးနောက် နတ်ဘုရား အလင်းတန်းများသည် တစ်ခဏချင်းအတွင်း နယ်မြေတစ်ခုလုံး ကို လွှမ်းခြုံသွားတော့သည်။ သို့သော်လည်း ဤနေရာ၌ ထူးခြားသော တည်ရှိမှုမျိုး မရှိကြောင်း တွေ့ရသည်။

“ကြည့်ရတာ ဒီဂူရဲ့ အရှင်သခင်က သေဆုံးသွားခဲ့တာ ကြာပြီဖြစ်ရမယ်...”

လီယန်ချူက စိတ်ထဲတွင် တွေးလိုက်မိသည်။

​သို့သော်လည်း ရှစ်ခွင်မှန်၏ အလင်းတန်းသည် ဂျင်ရှင်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် မှန်ပြားသည် ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

‘ဝုန်း... ဝုန်း... ဝုန်း...’

ရှစ်ခွင်မှန် သည် ဆက်တိုက် တုန်ခါလာခဲ့သည်။

​လီယန်ချူက မျက်ခုံးကို ပင့်လိုက်သည်။ ယခုအခါ ရှစ်ခွင်မှန်၏ အလင်းတန်းအောက်တွင် ရှိနေသော ဂျင်ရှင်းမှာမူ မျက်နှာတစ်ခုလုံး ကြောင်အသွားပြီး ဘာဖြစ်နေမှန်းကို မသိရှာပေ။ လီယန်ချူက ရှစ်ခွင်မှန် ကို မော့ကြည့်လိုက်ရာ မှန်ပြား၏ အတွင်း၌ တာအိုဆရာ လူငယ်တစ်ဦး၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ ၎င်း၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်ခြင်းများနှင့် ပြည့်နှက်နေလျက် ရှိသည်။

​ထို့အပြင် ထိုတာအိုဆရာလူငယ် ဂျင်ရှင်း၏ နောက်ကွယ်တွင်မူ အလွန်တရာ ဖြူလျော်လှသော လူသားမျက်နှာတစ်ခု ပေါ်ထွက်နေသည်ကို တွေ့လိုက်ရလေသည်။ ဤမျက်နှာသည် အလွန်ပင် ဆန်းပြားလှပြီး ရှည်လျားကာ မျက်ခုံးနှင့် မျက်ဝန်းတို့၏ ကြားအကွာအဝေးမှာ အလွန်ပင် ကျယ်ပြန့်လှသော်လည်း မသိစိတ်ဖြင့် ကြီးမားသော အရှိန်အဝါနှင့် ဩဇာတိက္ကမကို ပေးစွမ်းနေပေသည်။

လီယန်ချူ၏ အကြည့်များသည် ဓားကဲ့သို့ ထက်မြက်သွားပြီး “မင်းက အမှန်တော့ ဘယ်သူလဲ...” ဟု ဟိန်းဟောက်လိုက်တော့သည်။

​သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လှပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေလျက် ထွင်းဖောက်လှုပ်ရှားသွားတော့သည်။ ထိုအထဲတွင် တာအိုဂိုဏ်း၏ ဂါထာမန္တန်အရှိန်အဝါနှင့် မဟာနဂါးဟိန်းသံ တို့ ပါဝင်နေသဖြင့် တစ်ချက်မျှ အော်ဟစ်လိုက်ရုံဖြင့် သရဲတစ္ဆေပေါင်းများစွာ ကွယ်ပျောက်သွားနိုင်သည်။

​ဂျင်ရှင်းသည် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့သွားပြီး သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းဖြင့် လီယန်ချူ၏ ပြင်းထန်လှသော အော်ဟစ်သံကို လုံးဝ ခုခံနိုင်ခြင်း မရှိချေ။ သို့သော်လည်း သူ၏ ဝိညာဉ်သည် ကွယ်ပျောက်သွားခြင်း မရှိရုံတင်မကဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာပြီး ဤနယ်မြေတစ်ခုလုံးနှင့် တစ်သားတည်း ပေါင်းစပ်သွားသကဲ့သို့ ဖြစ်သွားတော့သည်။

​နောက်တစ်ခဏတွင် မြေပြင်ပေါ်၌ ဒူးထောက်နေသော ဂျင်ရှင်းသည် ရုတ်ရက် မတ်တတ်ထရပ်လိုက်လေသည်။ သူ၏ မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများနှင့် အံ့ဩခြင်းများ ရှိနေဆဲဖြစ်ပြီး ဘာဖြစ်နေသည်ကို လုံးဝ နားမလည်နိုင် ဖြစ်နေဆဲပင်။

“မင်းလို လူငယ်က တကယ်ပဲ ဇွဲကောင်းလှချည်လား... မမျှော်လင့်ဘဲ ဒီလိုမျိုး ဆန်းကြယ်တဲ့ ရတနာမှန်ပြား ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး...”

​ဂျင်ရှင်း၏ ခန္ဓာကိုယ်ထဲမှ အလွန်တရာ အိုမင်းရင့်ရော်လှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ နောက်တစ်ခဏတွင် သူ၏ မျက်ဝန်းအစုံသည် ရွှေရောင်အတိ ပြောင်းလဲသွားတော့သည်။

‘ဖျတ်... ဖျတ်... ဖျတ်...’

သူ၏ ကိုယ်ပေါ်ရှိ မိစ္ဆာနှိမ်နင်းရေး အစီရင် များအားလုံးသည် တစ်စစီ ပြတ်တောက်သွားပြီး ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားတော့သည်။

​လီယန်ချူသည် မိမိ၏ ကိုယ်ပိုင်စွမ်းအားဖြင့် မိစ္ဆာနှိမ်နင်းရေး အစီရင်များကို တိုက်ရိုက် ချိုးဖျက်ပစ်နိုင်သည့် လူမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ယခုအခါ ဂျင်ရှင်းမှာမူ မျက်နှာတစ်ခုလုံး ထိတ်လန့်ကြောက်ရွံ့နေပြီး ဘာဖြစ်နေမှန်းကို မသိတော့ချေ။ ဤကဲ့သို့သော ပြောင်းလဲမှုသည် သူ့ကို အလွန်ပင် ကြောက်ရွံ့စေသည်။

​ထိုစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ အိုမင်းလှသော အသံသည် တစ်ဖက်မှ ထပ်မံထွက်ပေါ်လာပြန်သည်။

“အပြင်လောကမှာဆိုရင် ငါက တကယ်ပဲ မင်းရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး... ဒါပေမဲ့ ငါ သိထားတာက မင်း ဒီဂူသင်္ချိုင်းအကြောင်းကို သိသွားရင် မင်းက ငါ့ကို ဒီနေရာကို သေချာပေါက် ခေါ်လာလိမ့်မယ်ဆိုတာပဲ... ဒီလျှို့ဝှက်ချက်ကို မြင်ရင် မင်းက ငါ့ကို မသိစိတ်နဲ့ မေးမြန်းလိမ့်မယ်...”

သူ၏ လေသံမှာ အေးဆေးတည်ငြိမ်လှပြီး သာမန်ကိစ္စတစ်ခုကို ပြောဆိုနေသကဲ့သို့ ဖြစ်သော်လည်း ရင်ထဲမှ ဂုဏ်ယူဝင့်ကြွားမှုကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

​လီယန်ချူ၏ အမူအရာက တည်ငြိမ်နေဆဲပင်။

“အိုး ဒါဆို ဒါတွေအားလုံးက ခင်ဗျား စီစဉ်ထားတဲ့ အကွက်တွေပေါ့...”

ဂျင်ရှင်းသည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ထိုအိုမင်းလှသော အသံကို ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။

“အဲဒီတုန်းက ဒီကောင်လေး ဂူထဲကို ရောက်လာတော့ ငါက ဒုတိယအကြိမ်အဖြစ် စမ်းသပ်မှု လုပ်ခဲ့တာပဲ... ဒါပေမဲ့ မမျှော်လင့်ဘဲ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းက အမြဲတမ်း တက်မလာခဲ့ဘူး... မင်းကမှ ကောင်းကင်ဘုံက ကျုပ်အတွက် ပေးသနားလိုက်တဲ့ တကယ့် ရတနာအစစ်အမှန်ပဲ...”

သူ၏ လေသံထဲတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများနှင့် အေးစက်မှုများ ပြည့်နှက်နေသဖြင့် လူကို တုန်လှုပ်ခြောက်ခြားစေနိုင်သည်။

​ဂျင်ရှင်းသည် အလွန်တရာ ကြောက်ရွံ့နေသော်လည်း သူသည် စကားတစ်လုံးမျှ မပြောနိုင်တော့ချေ။ သူ၏ ဝိညာဉ်သည် အခြားသူတစ်ဦး၏ ခန္ဓာကိုယ်လုယူခြင်းကို ခံလိုက်ရသကဲ့သို့ လုံးဝ ထိန်းချုပ်ခြင်း ခံထားရသည်။

လီယန်ချူက

“ဒုတိယအကြိမ် စမ်းသပ်မှု ဟုတ်လား... ဒါဆို ပထမဆုံးအကြိမ်က... တာအိုဆရာ ဇုန်းယွန်း ပေါ့...”

ဟု မေးလိုက်သည်။

​ယခုအခါ နယ်မြေတစ်ခုလုံး သည် ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီး ဆန်းကြယ်သော စာလုံးမန္တန်များက လှည့်ပတ်တုန်ခါလာခဲ့သည်။ နယ်မြေတစါခုလုံး သည် ကျောက်စိမ်းခွက်ကြီး တစ်လုံးကဲ့သို့ ဖြစ်နေပြီး အစီရင်မန္တန်များက ၎င်းအထဲတွင် တည်ရှိနေလျက် ဂျင်ရှင်း၏ အရှိန်အဝါကို ပိုမိုအားကောင်းလာစေကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့် (၃) ၏ အထွတ်အထိပ်ကို ကျော်လွန်သွားတော့သည်။

​ထိုစဉ် ဂျင်ရှင်း၏ ခန္ဓာကိုယ်ထဲမှ အိုမင်းလှသော အသံက ထပ်မံဆိုလိုက်သည်။

“မှန်ပါတယ်... ဒါပေမဲ့ ဇုန်းယွန်းရဲ့ ပါရမီက အကန့်အသတ် ရှိလွန်းတယ်... ပြီးတော့ ကံကောင်းခြင်းလည်း မရှိလို့ ငါ့ရဲ့ ဂူသင်္ချိုင်းထဲကို မဝင်နိုင်ခဲ့ဘူး... အဲဒီတော့ သူ့ကို သာမန် ကျင့်ကြံခြင်း နည်းလမ်းအချို့ပဲ သင်ပေးနိုင်ခဲ့တာပေါ့...”

လီယန်ချူက မျက်ခုံးကို ပင့်လိုက်သည်။

​ဂျင်ရှင်းနဲ့ ဇုန်းယွန်း နှစ်ယောက်စလုံးက ဝိညာဉ်ဖြင့် ခန္ဓာကိုယ်လုယူခြင်း အတတ်ကို တတ်နေကြပြီး အလုပ်လုပ်ပုံချင်း တူညီနေကြခြင်း ဖြစ်သည်။ အားလုံးမှာ ဤဂူတွင်းရှိ လူ၏ လှည့်စားမှုကို ခံခဲ့ရခြင်းကြောင့်ပင်။

လီယန်ချူ၏ ရင်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားပြီး

“ဂူအပြင်က အဲဒီ အဆင့်မြင့် သားရဲကြီးကော မင်းရဲ့ လက်ချက်ပဲလား...” ဟု မေးလိုက်သည်။

​ယခုအခါ ဂျင်ရှင်း၏ မျက်နှာသည် ပြင်းထန်စွာ တုန်ခါနေပြီး လူငယ်မျက်နှာနှင့် အိုမင်းလှသော မျက်နှာနှစ်ခုမှာ အဆက်မပြတ် လဲလှယ်ပြောင်းလဲနေကာ သူ၏ အသံမှာလည်း ထပ်တူထပ်မျှ ဖြစ်နေလျက် တစ်ခုလုံးသော နယ်မြေအတွင်း ပဲ့တင်ထပ်နေတော့သည်။

ထိုအသံက ရယ်မောလိုက်ရင်း

“မှန်တယ်...ငါ သူ့ကို ရှေးဟောင်း မိစ္ဆာသားရဲတွေရဲ့ ကျင့်စဉ်ကို သင်ပေးခဲ့တာ... ဒါပေမဲ့ ဒီသားရဲရဲ့ ပါရမီက နိမ့်လွန်းလို့ ကျင့်ရင်းကျင့်ရင်းနဲ့ သွေးမျိုးဆက် စွမ်းအား အနည်းငယ်ပဲ ထွက်လာခဲ့တာပေါ့...”

ဟု ဆိုသည်။

​လီယန်ချူသည် ရုတ်ချည်း နားလည်သွားတော့သည်။ ယခင်က ထိုသားရဲကြီး၏ ကိုယ်ပေါ်တွင် ရှေးဟောင်း သတ်ဖြတ်ခြင်း အရှိန်အဝါများ ရှိနေခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။

လီယန်ချူက အေးစက်စွာဖြင့်

“ဒီလောက်အထိ အကွက်ချခဲ့တာ... လွတ်မြောက်ဖို့အတွက်ပဲလား...” ဟု မေးလိုက်သည်။

​ဂူသင်္ချိုင်းအတွင်းရှိ အစီရင်မန္တန်များမှာ အောင်မြင်စွာ စုစည်းသွားခဲ့ပြီ ဖြစ်သည်။ သူတို့ရှေ့မှ တာအိုဆရာလူငယ်သည် အလွန်တရာ ဆန်းပြားလှသော မျက်နှာရှိသည့် အမျိုးသားတစ်ဦးအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီး မျက်ခုံးနှစ်ခုကြား အကွာအဝေးမှာ အလွန်ပင် ကျယ်ပြန့်လှသော်လည်း ကိုယ်ပိုင်ဩဇာတစ်ခု ရှိနေသည်။ မြေပြင်ပေါ်ရှိ အဝတ်အစားများသည် ပျံသန်းလာခဲ့ပြီး သူ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်သွားကြရာ အလွန်ပင် သက်ရှိထင်ရှား ရှိလှပေသည်။

​လူဆိုးအများစုသည် အရာခပ်သိမ်း အောင်မြင်ခါနီးအချိန်တွင် စကားများစွာ ပြောလေ့ရှိကြသည်။ အကြောင်းရင်းမှာ အရိုးရှင်းဆုံးပင် ဖြစ်ပြီး ဤအချိန်တွင် အလွန်တရာ စိတ်ကျေနပ်ပြီး ပျော်ရွှင်စရာကောင်းလှသောကြောင့် ဖြစ်သည်။ ထို့အပြင် ယခုအခါတွင်မူ အောင်ပွဲကို လက်ဝါးကြီးအုပ်ထားနိုင်ပြီဖြစ်ရာ တစ်စုံတစ်ဦးကို ဖွင့်ဟမပြောရလျှင် ဤမျှကြီးမားသော အကွက်ချမှုကို အလဟဿ ဖြစ်စေမည် မဟုတ်ပါလား။

၎င်းသည် ယခင်ဘဝက ဂိမ်းကစားချိန်တွင် ရန်သူတစ်ဖွဲ့လုံးကို သတ်ဖြတ်ပြီးသော်လည်း စခန်းကို ချက်ချင်းမဖျက်ဆီးဘဲ နေရသည့် စိတ်ကျေနပ်မှုမျိုးနှင့် ဆင်တူလှပေသည်။ ဤကဲ့သို့သော ခံစားချက်မှာ ဖော်ပြရန် ခက်ခဲလှသည်။

​ယခုအခါ ဤဆန်းပြားသော အမျိုးသားသည်လည်း ဤကဲ့သို့သော စိတ်ခံစားမှုမျိုး ရှိနေခြင်း ဖြစ်သည်။

သူက ခပ်အေးအေးပင် ပြုံးလိုက်ရင်း

“အခုလို အခြေအနေမျိုးကို ရောက်နေတာတောင် မင်းက တည်ငြိမ်နေဆဲပဲ... မင်းလို ပါရမီရှင်တွေအားလုံးမှာ ဒီလိုမျိုး မာနကြီးတဲ့ အကျင့်ဆိုး ရှိတတ်ကြတာပဲ...”

ဟု ဆိုသည်။

လီယန်ချူက ဘာမှ ပြန်မပြောပေ။

​ဆန်းပြားသောအမျိုးသားက ပြုံးလျက်

“ဂျင်ရှင်း ဒီနေရာကို ရောက်လာကတည်းက ကျုပ် သူ့ကို ခန္ဓာကိုယ် လုယူခဲ့တာ... ဒါပေမဲ့ သူကတော့ ဘာမှမသိရှာဘဲ မိမိရဲ့ ကိုယ်ပိုင်ပါရမီကြောင့် ဒီနတ်ဘုရားအတတ်ကို တတ်မြောက်သွားတာလို့ ထင်နေခဲ့တာပေါ့...”

ဟု ဆိုသည်။

လီယန်ချူက အေးစက်စွာ ရယ်မောလိုက်ရင်း

“‘ကျဲ့’ ဂါထာမန္တန် ပေါ့လား...” ဟု မေးလိုက်သည်။

​ဆန်းပြားသောအမျိုးသားက

“မှန်တယ်... ‘ကျဲ့’ ဂါထာမန္တန်က ဝိညာဉ်ကို ကျင့်ကြံတာဖြစ်ပြီး တန်ခိုးစွမ်းအားက အလွန်ပဲ ဆန်းကြယ်တယ်... ဒီလိုမျိုး ခန္ဓာကိုယ်လုယူလိုက်ရင် နှစ်ယောက်စလုံးက တစ်သားတည်း ပေါင်းစပ်သွားလို့ ဘယ်လိုခြေရာလက်ရာမှ ကျန်ခဲ့မှာ မဟုတ်သလို ဘယ်သူမှလည်း ရိပ်မိမှာ မဟုတ်ဘူး...”

ဟု ပြုံးလျက် ဆိုသည်။

လီယန်ချူသည် သူ၏ ရင်ထဲတွင် ‘ကျဲ့’ ဂါထာမန္တန်ကို ပိုမို၍ အထင်ကြီးသွားတော့သည်။ သူသည် ယခုအခါ တတ်မြောက်သွားခဲ့ပြီ ဖြစ်သော်လည်း တစ်ကြိမ်မျှ ထုတ်မသုံးဖူးသေးချေ။

​ဆန်းပြားသောအမျိုးသားက ခပ်အေးအေးပင်

“ဒီနတ်ဘုရားအတတ်ကို ကျုပ်က နှစ်ပေါင်းတစ်ရာလောက် ကြိုးစားကျင့်ကြံပြီးမှ အခြေခံအဆင့်ကိုပဲ ရောက်ခဲ့တာ... သူလို ပါရမီမျိုးနဲ့ နာရီဝက် လောက်နဲ့ တတ်မြောက်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

“အကယ်၍ ဒီလိုလူမျိုး ရှိခဲ့ရင်... ကျုပ်ရဲ့ နှစ်ပေါင်းတစ်ရာ ကြိုးစားမှုက အလကား ဖြစ်သွားမှာပေါ့... ကျုပ်က လောကမှာ အကြီးဆုံး အရူးကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား...”

​သူသည် ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း လီယန်ချူ၏ အကြည့်များက အလွန်ပင် ဆန်းပြားနေပြီး မိမိကို ကြည့်နေသည့် အမူအရာကလည်း ထူးဆန်းနေကြောင်း သတိပြုမိလိုက်သည်။ ၎င်းက ဤဆန်းပြားသောအမျိုးသားကို မသိစိတ်ဖြင့် အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသည်။

​အဘယ်ကြောင့်ဆိုသော် ယခင်က ဤအမျိုးသားသည် ‘ယင်ယန်ဓာတ်နှစ်ပါးပုလင်း’ အတွင်း၌ ပိတ်မိနေခဲ့သဖြင့် အပြင်လောကရှိ အခြေအနေများကို လုံးဝ မသိရှိခဲ့ခြင်းကြောင့်ပင်။ သူ မသိသည်မှာ လီယန်ချူသည် တစ်ကြိမ်မျှ ဖတ်ရှုရုံဖြင့် ဤနတ်ဘုရားအတတ်ကို အကြွင်းမဲ့ တတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

​ဆန်းပြားသောအမျိုးသားသည် ရုတ်ချည်း စိတ်ရှည်မှု ကင်းမဲ့သွားပြီး အေးစက်စွာဖြင့်

“ပြောသင့်တာတွေကို ငါ မင်းကို ပြောပြပြီးပြီ... မင်း ဒီနေရာကို ရောက်လာကတည်းက... ဒီခန္ဓာကိုယ်ကိုတော့ ငါကပဲ အပိုင်သိမ်းလိုက်တော့မယ်...”

ဟု ဆိုလိုက်တော့သည်။

​စကားလုံးလည်း ဆုံးရော... မြေပြင်ပေါ်မှ အစီအရင် မန္တန်များက ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီး လီယန်ချူ၏ တစ်ကိုယ်လုံးကို ဝိုင်းရံပိတ်ဆို့ထားလိုက်တော့သည်။ ဤအစီအရင် မန္တန်များသည် အလွန်ပင် ရှုပ်ထွေးလှပြီး ယင်ယန်နှင့် ဓာတ်ကြီးငါးပါး၏ ပြောင်းလဲမှုကို လွှမ်းခြုံထားသည်။ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဟူသော ဓာတ်ငါးပါး စွမ်းအင်များသည် အပြန်အလှန် ပေါင်းစပ်ခြင်းနှင့် ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက် ငါးရောင်ခြယ် အလင်းတန်းများ ဖြာထွက်နေပြီး ထိုအထဲတွင် အမည်းနှင့် အဖြူရောင် အရှိန်အဝါ နှစ်ခု ပါဝင်နေသည်။

​“ဒီနေရာက ငါ့အတွက် အကျဥ်းထောင် ဖြစ်သလို... ငါ့ရဲ့ ကိုယ်ပိုင်ကမ္ဘာလည်း ဖြစ်တယ်... ငါ့ရဲ့ ယင်ယန်ဓာတ်ငါးပါး အစီအရင် က ဘယ်လိုလဲ...”

ဆန်းပြားသောအမျိုးသား၏ အမူအရာက တည်ငြိမ်အေးဆေးလှသည်။

​နောက်တစ်ခဏတွင် လီယန်ချူသည် ရှေ့သို့ ခြေတစ်လှမ်း တိုက်ရိုက် လှမ်းလိုက်လေသည်။

‘ခလွမ်...’ ဟူသော အသံနှင့်အတူ...

ယင်ယန်ဓာတ်ငါးပါး အစီအရင်ကြီးသည် တစ်စစီ ပေါက်ကွဲပျက်စီးသွားတော့သည်။

​ဆန်းပြားသောအမျိုးသားသည် အံ့ဩတုန်လှုပ်သွားပြီး

“............” ဘာမှ မပြောနိုင်တော့ချေ။

​သူသည် လီယန်ချူ၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော ကျင့်ကြံခြင်း စွမ်းအင်လှိုင်းများကို မခံစားလိုက်ရချေ။ တစ်ဖက်လူသည် အစီအရင်၏ အားနည်းချက် အားနည်းဆုံး နေရာကို ကွက်တိ နင်းခြေလိုက်သကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ယင်ယန်ဓာတ်များ ပြောင်းပြန်ဖြစ်သွားပြီး ဓာတ်ငါးပါး အပြန်အလှန် ဖျက်ဆီးကာ အစီအရင်ကြီး တစ်ခုလုံး ပေါက်ကွဲသွားခြင်း ဖြစ်သည်။

​လီယန်ချူက ခပ်အေးအေးပင် ာ

“ဘာမှ မဟုတ်ပါဘူး... သာမန်ဆန်လွန်းတယ်...” ဟု ဆိုလိုက်သည်။

​၎င်းက လူကို အရှင်လတ်လတ် စိတ်ဓာတ်ကျအောင် လုပ်ဆောင်လိုက်ခြင်းပင်။ ဆန်းပြားသောအမျိုးသားသည် ဤအခြင်းအရာကို မြင်သောအခါ စကားများစွာ ပြောမနေတော့ချေ။ ကြည့်ရသည်မှာ ရှေ့မှလူသည် လောကတွင် ရှားမှရှားသည့် အစီအရင် ပါရမီရှင်တစ်ဦး ဖြစ်ရမည်။

​သူက အော်ဟစ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်မုန်တိုင်းတစ်ခုသည် ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားတော့သည်။ ယခုအခါ ဝိညာဉ်အဆင့်အတန်းချင်း ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်သည်။

လီယန်ချူက အသာအယာ အော်ဟစ်လိုက်သည်။

“လင်...”

​စကားလုံးလည်း ဆုံးရော... မသိမြင်နိုင်သော ဟင်းလင်းပြင်ထဲမှ ဆန်းကြယ်သော စွမ်းအင်တစ်ခု လာရောက် ကူညီထောက်ပံ့ ပေးလိုက်လေသည်။ သူ၏ ခန္ဓာကိုယ်သည် မြင့်မားလှသော တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်သွားပြီး ဤလောကတွင် မရှိသကဲ့သို့ ရှာဖွေ၍မရအောင် ဖြစ်သွားတော့သည်။

​‘လင်’ ဂါထာမန္တန်သည် ရုပ်ခန္ဓာကိုလည်း ကာကွယ်ပေးနိုင်သော်လည်း အရေးအကြီးဆုံးမှာ ဝိညာဉ်အဆင့်အတန်းတွင် ဖြစ်သည်။ ဆန်းပြားသောအမျိုးသား၏ ဤနတ်ဘုရားအတတ်သည် လီယန်ချူ၏ ဝိညာဉ်ကို အနည်းငယ်မျှပင် လှုပ်ခါနိုင်ခြင်း မရှိချေ။

​သူ၏ မျက်ဝန်းအစုံတွင် ကြောက်ရွံ့တုန်လှုပ်ခြင်းများ ပေါ်ထွက်လာပြီး

“’လင်’ ဂါထာမန္တန်လား... မင်းက ဘာလို့ ‘လင်’ ဂါထာမန္တန်ကို တတ်နေရတာလဲ...” ဟု အော်ဟစ်လိုက်တော့သည်။

လီယန်ချူက ခပ်အေးအေးပင် ပြုံးလိုက်ရင်း

“ခုနတင်ကပဲ သင်ယူထားတာ... ဒီအရာက မျက်စိရှိပြီး လက်ရှိရင် ရပြီ မဟုတ်ဘူးလား... တစ်ကြိမ်ကြည့်ရုံနဲ့ တတ်နိုင်တာပဲ...” ဟု ဆိုလိုက်သည်။

​ဆန်းပြားသောအမျိုးသားက အေးစက်စွာ ရယ်မောလိုက်ရင်း

“မောက်မာလှချည်လား... မင်း ဘာတွေပြောနေလဲဆိုတာကိုကော မင်းကိုယ်မင်း သိရဲ့လား...” ဟု ဆိုသည်။

​နောက်တစ်ခဏတွင် သူ၏ ပုံရိပ်သည် တစ်ခဏချင်းအတွင်း ကွယ်ပျောက်သွားတော့သည်။ ကောင်းကင်နှင့် မြေပြင်ကြားတွင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါ်ထွက်လာပြီး ဆန်းကြယ်လှသော ဓားချက်အချို့သည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကာ လီယန်ချူ၏ ဦးခေါင်းနောက်ဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။

လီယန်ချူသည်လည်း နောက်တစ်ခဏတွင် တစ်ပြိုင်နက်တည်း ကွယ်ပျောက်သွားခဲ့သဖြင့် ဓားချက်များမှာ ဟာလာဟင်္သာထဲတွင် လွဲချော်သွားခဲ့ရသည်။

​ထို့နောက် အလွန်တရာ တောက်ပလွန်းလှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

‘ဝုန်း...’ ဟူသော ပြင်းထန်လှသော ညည်းတွားသံနှင့်အတူ...

ပုံရိပ်နှစ်ခုစလုံးသည် တစ်ပြိုင်နက်တည်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။

​ဆန်းပြားသောအမျိုးသား၏ မျက်ဝန်းအစုံတွင် အံ့ဩခြင်းများ ပြည့်နှက်သွားပြီး “............” ဘာမှ မပြောနိုင်တော့ချေ။

​သူသည် ဤနေရာ၌ ကျန်ရစ်ခဲ့သော နတ်ဘုရား တန်ခိုးစွမ်းအား အချို့ကို ထုတ်သုံးလိုက်သော်လည်း ဤတာအိုဆရာငယ်သည်လည်း ၎င်းတို့ကို တတ်မြောက်နေကြောင်း တွေ့လိုက်ရသဖြင့် ဖြစ်သည်။ သူသည် အမှန်တကယ်ပင် ခုနတင်ကမှ တတ်မြောက်သွားခဲ့ခြင်းလား။

မျက်စိတစ်မှိတ်အတွင်း သူ၏ တစ်သက်တာ သိမြင်နားလည်မှုများအားလုံး ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလိုက်ရသည်။

​ဆန်းပြားသောအမျိုးသားသည် ဤနေရာ၏ စွမ်းအားအားလုံးကို လှုံ့ဆော်လိုက်ရာ မြေပြင်ပေါ်မှ ရွှေရောင်မီးလျှံများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ခုလုံးသော နယ်မြေသည် တစ်ခဏချင်းအတွင်း မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

သို့သော်လည်း အလွန်ပင် ဆန်းပြားလှသည်မှာ ထိုစာအုပ်များနှင့် ပေလွှာများသည် မီးထဲတွင် အနည်းငယ်မျှ ပျက်စီးခြင်းမရှိဘဲ ဟင်းလင်းပြင်ထဲတွင် တည်ရှိနေဆဲ ဖြစ်သည်။ ဤစာအုပ်များသည် သူချန်ထားခဲ့ခြင်း မဟုတ်ဘဲ ယခင်က သူ ဤနေရာ၌ ချိတ်ပိတ်ခြင်း ခံရစဉ်က ဤနေရာ၏ ထူးခြားသော နိယာမစည်းကမ်းချက်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

​ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မီးပင်လယ်ကြီးအတွင်း ရှိနေသော်လည်း လီယန်ချူ၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုလျက် အလွန်ပြင်းထန်လှသော မီးလျှံတစ်ခု ပေါက်ကွဲထွက်ပေါ်သွားတော့သည်။

၎င်းမှာ သုံးရောင်ခြယ် မီးလျှံ ပင် ဖြစ်တော့သည်။

သုံးရောင်ခြယ်မီးလျှံသည် အလွန်တရာ ပြင်းထန်လှစွာဖြင့် စတင်လောင်ကျွမ်းနေတော့သည်။

All Chapters