← Chapters

နင်မြို့ပေါ်မှ လေပြင်းများ တိုက်ခတ်ခြင်း (၂)

Vol. 34 Ch. 338

နင်မြို့ပေါ်မှ လေပြင်းများ တိုက်ခတ်ခြင်း (၂)

Vol. 34 Ch. 338

“အမိန့်ထုတ်ပြန်လိုက်”

“ဝံပုလွေအသိုက်ကို အဆင့် ၂ သတိပေးချက် အခြေအနေထဲ သွင်းလိုက်မယ်"

“အပြင်ဘက်ပတ်လည် ထောက်လှမ်းရေး တပ်ဖွဲ့များအားလုံး တောင်ဘက်က သားရဲ‌အုပ်စုရဲ့ လှုပ်ရှားမှုတွေကို အဓိက အာရုံစိုက်ကြ”

“အထူးသဖြင့် အဲဒီ မိစ္ဆာဘုရင် ငါးပါးရဲ့ လှုပ်ရှားမှုတွေနဲ့ ခွန်အား အကဲဖြတ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ တိတိကျကျ အစီရင်ခံရမယ်”

“ငါတို့ကတော့”

လင်းထျန်းလုံသည် သူ၏ အဓိကလက်တွဲဖော်များကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေသည့် အကွေးတစ်ခုအဖြစ် ကွေးတက်သွားသည်။

“ဘေးကနေ အရင်ဆုံး စောင့်ကြည့်ပြီး အချိန်‌ကောင်းကို စောင့်မယ် အခွင့်အရေး ရှိလာရင်...”

“ငါတို့လည်း ဒီ ရွှံ့နွံထဲ ဝင်ပြီး အခြေအနေကို မွှေနှောက်ပြီးတော့ ဝေစုတစ်ခုရယူရမယ်”

ဝံပုလွေအသိုက်က တောင်ဘက်၏ လှုပ်ရှားမှုများကို သေချာဖမ်းယူပြီး ၎င်းတို့၏ အစီအစဉ်များကို စတင် ချမှတ်နေချိန်တွင် နင်မြို့နှင့် ပတ်ဝန်းကျင်ရှိ လူသားအင်အားစုများသည်လည်း ယခင်က မကြုံဖူးသော ကြောက်လန့်မှုများနှင့် အတွင်းပိုင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည်။

လောင်ကျွမ်းမီးလျှံဂိုဏ်း ဌာနချုပ်၊ ချော်ရည် ခန်းမဆောင်။

ဟုန့်ကျိသည် လှည့်ပတ်နေသော အနီရောင်ရင့်ရင့် ချော်ရည်ကန်၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်နေသည်။

သူ့ပတ်လည်တွင် လောင်ကျွမ်းနေသော မီးတောက်များသည် လင်းထိန်သော လိမ္မော်နီရောင် မဟုတ်တော့ဘဲ ပိုမိုနက်ရှိုင်းပြီး ကြမ်းတမ်းသည့် အနီရောင်ရင့်ရင့် အရောင်သို့ ဦးတည်နေပြီး အကန့်အသတ်အထိ ဖိသိပ်ထားသော ဒေါသတရားများနှင့် တူနေသည်။

သူ၏ ရောင်ဝါသည် ယခင်ကထက် ပိုမို ရက်စက်ပြီး ခြိမ်းခြောက်မှု ရှိလာသည်။

[စနစ်အသိပေးချက်]။ ။အဆင့် - ၄၁ (ဒုတိယဘုရင်အဆင့်)

ဝံပုလွေဘုရင် ဆောင်ကြဉ်းလာသည့် သေခြင်းတရား၏ ဖိအားအောက်တွင်လည်းကောင်း…

နင်မြို့၏ ပုံမှန်မဟုတ်သော စွမ်းအင်များ၏ လှုံ့ဆော်မှုအောက်တွင်လည်းကောင်း…

သူသည် မပျက်စီးနိုင်သော မီးလျှံဝိညာဉ်၏ လက္ခဏာများနှင့် အလွန်ရက်စက်သော ကျင့်ကြံခြင်း နည်းလမ်းကို အားကိုးလျက် ဒုတိယဘုရင်အဆင့်သို့ နောက်ဆုံးတွင် နောက်ထပ် တစ်လှမ်း တက်လှမ်းနိုင်ခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သူ့မျက်နှာပေါ်၌ အဆင့်တက်ခြင်းအတွက် ဝမ်းမြောက်မှု သိပ်မရှိဘဲ ကြီးမားလှသော လေးနက်မှုနှင့် စိတ်တိုဒေါသထွက်မှုများသာ ရှိနေသည်။

အရာအားလုံးကို ဝါးမြိုတော့မည့်အလား ဖြစ်နေသည့် တောင်ဘက်မှ ရင်ခုန်စရာကောင်းသော စွမ်းအင် အတက်အကျများ၊ မြောက်ဘက်ရှိ ထျန်းစန်းတောအုပ်၏ နက်ရှိုင်းသောနေရာမှ သူ့အား ဖိနှိပ်ထားသည့် ထွက်ပေါ်မလာသေးသော ဖိအားကို ခံစားလိုက်ရချိန်တွင် အံကြိတ်မိလိုက်သည်။

“စောက်ရူးတွေ... သုတေသနကိုပဲ ရူးသွပ်နေတဲ့ အရူးတွေ။ ပြီးတော့ မြောက်ဘက်က အဲဒီ ဝံပုလွေ... သူတို့အားလုံး ဒီအချိန်ကိုပဲ တိုက်တိုက်ဆိုင်ဆိုင် ရွေးချယ်ကြတယ်”

သံမဏိဒိုင်းကာ ကင်းစခန်း၊ အမြင့်ဆုံး ကင်းမျှော်စင်။

လေ့ဟောက်သည် ကင်းမျှော်စင်ထိပ်တွင် တောင်ကြီးတစ်လုံးအလား မတ်မတ်ရပ်နေပြီး ထူထဲသော အဝါရောင် အလင်းတန်းတစ်ခုက သူ့ပတ်လည်တွင် လှည့်ပတ်နေသည်။

၎င်းသည် သူ့ခြေအောက်ရှိ မြေကြီး၏ ခုန်လှုပ်မှုနှင့် လုံးဝ ချိတ်ဆက်ထားသကဲ့သို့ ဖြစ်နေသဖြင့် မလှုပ်မယှက်နိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။

[စနစ်အသိပေးချက်]။ ။အဆင့် - ၃၅ (ပထမဘုရင်အဆင့်)

သူ၏ အဆင့်တက်ခြင်းမှာ ကာကွယ်ရေးနှင့် အခြေခံအုတ်မြစ်ကို အစွန်းရောက်အောင် စုစည်းခြင်းအပေါ် ပိုမို အာရုံစိုက်ထားသဖြင့် သူ၏ ရောင်ဝါမှာ ရှေးဟောင်း ကျောက်ဆောင်တစ်ခုအလား တည်ငြိမ်နေသည်။

သို့သော် ဤအခိုက်အတန့်တွင် တောင်ဘက် မိုးကုတ်စက်ဝိုင်းပေါ်ရှိ ဝေဝါးစွာ မြင်တွေ့နေရသော စွမ်းအင်များနှင့် ကင်းစခန်းအပြင်ဘက်ရှိ ကင်းလှည့်တပ်ဖွဲ့များ အဆက်မပြတ် ပို့လွှတ်လာကြသည့် မိစ္ဆာသားရဲများ၏ လှုပ်ရှားမှု အစီရင်ခံစာများကို ကြည့်ရင်း သူသည် မျက်မှောင် ကြုတ်သွားသည်။

“နင်မြို့က စွမ်းအင်ယိုစိမ့်မှုက... လုံးဝ ထိန်းချုပ်မှုလွတ်သွားပြီလား”

“ဒီလောက်များပြားပြီး ဒီလောက်အားကောင်းတဲ့ မိစ္ဆာသားရဲတွေကို အမှန်တကယ် ဆွဲဆောင်နိုင်တာက... တကယ်ပဲ လှုပ်ခတ်နေတဲ့ စွမ်းအားတစ်ခုပဲ”

သူ၏ ကင်းစခန်း တည်နေရာမှာ ရှေ့တန်းရောက်နေသဖြင့် သားရဲအုပ်စုများ ဖွဲ့စည်းပြီး တိုက်ခိုက်လာပါက သူသည် သေချာပေါက် ပထမဆုံး ထိခိုက်မှုကို ခံရမည်ဖြစ်ရာ သူ၏ နှလုံးသား လေးလံနေသည်။

မီးပွားသုသေသနပညာရှင်အသင်း၊ မြေအောက် အဓိကဓာတ်ခွဲခန်း။

ယန်ချင်းယွမ်သည် ရှုပ်ထွေးသော စွမ်းအင် ပြွန်များနှင့် စောင့်ကြည့်ရေးရုန်းများ ဖုံးလွှမ်းထားသည့် ကြီးမားလှသော အသက်ထောက်ပံ့မှု ကွန်တိန်နာကြီးတစ်ခု ရှေ့တွင် ရပ်နေသည်။

ကွန်တိန်နာအတွင်း၌ မတည်ငြိမ်သော စွမ်းအင်များဖြင့် လင်းလက်နေသည့် နောက်ကျိသော အရည်များ ပြည့်နေပြီး ၎င်းအတွင်း၌ အားကောင်းသော်လည်း ဖရိုဖရဲဖြစ်နေသည့် စွမ်းအင်အတက်အကျများကို ထုတ်လွှတ်နေသည့် မှုန်ဝါးဝါး ပုံရိပ်တစ်ခု လွင့်မျောနေသည်။

သူသည် အနည်းငယ် လျှောကျနေသော သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး မျက်မှန်နောက်ကွယ်ရှိ သူ့မျက်လုံးများမှာ သွေးကြောများ ပြည့်နှက်နေသော်လည်း ပြင်းထန်သော ရူးသွပ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ ရောယှက်နေသည့် ရှုပ်ထွေးသော အလင်းတန်းများ လင်းလက်နေသည်။

[စနစ်အသိပေးချက်]။ ။အဆင့် - ၃၁ (ပထမဘုရင်အဆင့်)

သူ၏ အဆင့်တိုးလာမှုမှာ သုံးဦးထဲတွင် အနှေးကွေးဆုံးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ စွမ်းအင်နှင့် အရင်းအမြစ် အားလုံးနီးပါးကို ဤနတ်ဘုရားဖန်တီးရေး စီမံကိန်းထဲသို့ ပုံအောထားသောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဓာတ်ခွဲခန်းအတွင်းရှိ အချက်ပေးသံ အမြောက်အမြားသည် နားကွဲမတတ် ဆူညံလျက်ရှိသည်။

ပင်မမျက်နှာပြင်ပေါ်တွင် နင်မြို့ပတ်လည်ရှိ မိစ္ဆာသားရဲများ၏ စွမ်းအင် တုံ့ပြန်မှုများကို ကိုယ်စားပြုသည့် အလင်းစက်လေးများသည် သိပ်သည်းသော အနီရောင်ပင်လယ်ကြီးတစ်ခုအဖြစ် စုဆုံသွားခဲ့ပြီဖြစ်ပြီး ခြိမ်းခြောက်မှုအဆင့်မှာ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။

“စွမ်းအင် ယိုစိမ့်မှုနှုန်းက သီအိုရီအရ အမြင့်ဆုံးထက် ၂၃.၇ ရာခိုင်နှုန်း ပိုများနေတယ်... “

“ဆွဲဆောင်မှု အကွာအဝေးက ဘေးကင်းရေး သတ်မှတ်ချက်ထက် ၁၈၉ ရာခိုင်နှုန်း ကျော်လွန်နေတယ်...”

“ဖွဲ့စည်းပုံက တော်တော်လေး မတည်ငြိမ်သေးဘူး၊ ထပ်တူကျမှုနှုန်းက ၆၅ ရာခိုင်နှုန်းနဲ့ ၈၂ ရာခိုင်နှုန်းကြား ပြင်းပြင်းထန်ထန် လှုပ်ခတ်နေတယ်...”

ဒေတာများကို စိုက်ကြည့်ရင်း သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

အစီအစဉ်သည် ထိန်းချုပ်မှု ပြင်ပသို့ ရောက်သွား‌သော်လည်း ကြောက်ရွံ့မှုများ မရှိသည့်အပြင် သူ့မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သော စိတ်လှုပ်ရှားမှုနှင့် လိမ်ကောက်နေသော အောင်မြင်မှု ခံစားချက် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ဒါပေမဲ့... ‘နတ်ဘုရား’တစ်ပါး နိုးထလာဖို့က အမြဲတမ်း လုံလောက်တဲ့ စတေးမှုတွေ လိုအပ်တာပဲ... လာကြစမ်း.. အားလုံး လာခဲ့ကြစမ်း…”

“ဒီကြီးကျယ်ခမ်းနားတဲ့ မီးရှူးမီးပန်းတွေက ငါတို့ ဉာဏ်ပညာရဲ့ နောက်ဆုံး သလင်းကျောက်ကို သက်သေပြပါစေ။ အဲ့ဒါအတွက် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်ပါစေ”

ဝံပုလွေအသိုက် ကြယ်မျှော်စင်ပေါ်တွင် လင်းထျန်းလုံသည် တောင်ဘက်မှ သူ၏ အကြည့်များကို ရုပ်သိမ်းလိုက်သည်။

ဤအခိုက်အတန့်တွင် နင်မြို့အတွင်းရှိ ဖရိုဖရဲ မြင်ကွင်းများနှင့် ထို “အသိမိတ်ဆွေဟောင်း” သုံးဦး၏ မျက်နှာပေါ်ရှိ အံ့ဩဖွယ် အမူအရာများကို သူ စိတ်ကူးကြည့်၍ ရနိုင်လောက်သည်။

မိစ္ဆာဘုရင်အဆင့် ငါးပါး ဦးဆောင်သော မိစ္ဆာသားရဲ မဟာမိတ်အဖွဲ့ဆိုသည်မှာ သေးငယ်သောပြဿနာ လုံးဝမဟုတ်ပေ။

၎င်းသည် လူသားတို့၏ အဓိက မြို့ကြီးတစ်မြို့ကို ဖျက်ဆီးပစ်ရန် လုံလောက်သော အင်အားဖြစ်သည်။

စွမ်းအင်များကြောင့် ဆွဲဆောင်ခံရပြီး ရူးသွပ်မှုထဲသို့ ကျရောက်သွားကြသည့် မရေမတွက်နိုင်သော အလယ်အလတ်နှင့် အဆင့်နိမ့် မိစ္ဆာသားရဲများကို ထည့်မတွက်ရသေးပေ။

တောင်ပေါ်တွင် မိုးရွာတော့မည်ဖြစ်ရာ အမည်းရောင် တိမ်တိုက်များက မြို့ပေါ်သို့ ရွေ့လာနေပြီဖြစ်သည်။

“အမိန့်ပေးလိုက်”

လင်းထျန်းလုံ၏ အသံသည် တည်ငြိမ်နေသော်လည်း စွမ်းအားတစ်ခု ပါဝင်နေပြီး ဝံပုလွေအသိုက်၏ အဆင့်မြင့် အဖွဲ့ဝင်များအားလုံးထံ ပျံ့နှံ့သွားသည်။

“ဝံပုလွေအသိုက်ကို အဆင့် ၂ သတိပေးချက် အခြေအနေထဲ သွင်းလိုက်မယ်၊ ပြီးတော့ ကင်းလှည့် အကွာအဝေးကို အပြင်ဘက် မိုင်နှစ်ဆယ်ခန့်အထိ တိုးချဲ့မယ်”

“အပြင်ဘက်ပတ်လည် ထောက်လှမ်းရေး တပ်ဖွဲ့များအားလုံး အမြင့်ဆုံး သတိပေးချက် အဆင့်ကို အသုံးပြုပြီး တောင်ဘက်က သားရဲဒီရေရဲ့ လှုပ်ရှားမှုတွေကို အဓိက အာရုံစိုက်”

“အထူးသဖြင့် အဲဒီမိစ္ဆာဘုရင်ငါးပါးရဲ့ လှုပ်ရှားမှုတွေ၊ ခွန်အားတွေနဲ့ မျိုးနွယ်စု လက္ခဏာရပ်တွေကို အချိန်နဲ့တစ်ပြေးညီ တိတိကျကျ အစီရင်ခံရမယ်”

သူသည် ကျယ်ပြောလှသော တောအုပ်၏ တောင်ဘက် နင်မြို့ တွင် လူသားတို့၏ လောဘတရားများနှင့် ရူးသွပ်မှုများကြောင့် လောင်ကျွမ်းသွားသော မုန်တိုင်း ဗဟိုချက်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ တံခါးဝမှာ မီးရှို့ရုံတင် မကဘူး”

သူ၏ မျက်လုံးများမှာ နက်ရှိုင်းနေပြီး သူ၏ လေသံတွင် အေးစက်သော လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

“အသားတုံးကြီး တစ်တုံးကိုပါ ပစ်ချလိုက်ပြီး ဝံပုလွေအုပ်စုကို ဆွဲဆောင်လိုက်တာပဲ”

“ဒီမီးက ပိုးဖလံတွေကို သေစေနိုင်သလို မြို့တစ်မြို့လုံးကိုလည်း ပြာကျ‌စေနိုင်တယ် အဲဒီအသားတုံးကတော့...”

သူ သွားများကို အနည်းငယ် ဖြဲပြလိုက်ရာ ထက်မြက်သော အစွယ်များ ပေါ်လာသည်။

“နောက်ဆုံး ဘယ်သူ့ပါးစပ်ထဲ ကျမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့”

ငြိမ်းချမ်းသော နေ့စဉ် လူနေမှုဘဝသည် နောက်ဆုံးတွင် တောင်ဘက်မှ လာသော ဤမုန်တိုင်း၏ ရှေ့ပြေးနိမိတ်ကြောင့် ပျက်စီးသွားခဲ့ရပြီဖြစ်သည်။

အပြောင်းအလဲအသစ်များသည် နင်မြို့ပေါ်တွင် လှိုင်းထကာ စုဆုံနေပြီး ဤတစ်ကြိမ်တွင် ဝံပုလွေအသိုက်သည် ပွဲကြည့်သူသက်သက် မဟုတ်တော့ပေ။

All Chapters