← Chapters

အခန်း ၅၈၆

Vol. 40 Ch. 586

အခန်း ၅၈၆

Vol. 40 Ch. 586

အခန်း (၅၈၆) - ရှေးဟောင်း သူတော်စင်နတ်ဘုရား၏ ဆန္ဒတော်ကို ရရှိခြင်းနှင့် အံ့အားသင့်သွားသော ရှေးဟောင်းသူတော်စင်

~“ဘာတွေ ဖြစ်နေတာလဲ”

ပထမဆုံး အံ့အားသင့်သွားသူကတော့ ယဲ့ဖုန်းပင် ဖြစ်လေ၏။

သူသည် အစစ်အမှန်ယွမ် စွမ်းအား ကျင့်ကြံခြင်းတံဆိပ် ဖွင့်ချမည့် အခြေအနေသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်နှင့် မြေပြင်မှ အဆုံးမဲ့ စွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရတော့သည်။

ထိုအရာက သိပ်မကြာခင် ပြန်လည်ရုပ်သိမ်းသွားမည့် ခဏတာ စွမ်းအားတစ်ခုသာ ဖြစ်သော်ငြားလည်း သူ့ကို ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဆဋ္ဌမအလွှာသို့ ချက်ချင်း တက်လှမ်းသွားစေခဲ့သည်။

ခန္ဓာကိုယ် အနှံ့ စွမ်းအားများ ပြည့်လျှံနေသည့် ထိုခံစားချက်က အလွန်ကို အံ့မခန်း ကောင်းမွန်လှ၏။

“ဒါ ဘာဖြစ်တာလဲ”

ယဲ့ဖုန်း မျက်လုံးပြူးသွားကာ အတွေးတစ်ချက်ဖြင့် သစ်မာ လွင်ပြင် ရှိရာ အရပ်သို့ အကြည့်ပို့လွှတ်လိုက်သည်။

ဤစွမ်းအားများက ထို ဦးခေါင်းခွံကြီးထံမှ ထွက်ပေါ်လာသည့် စွမ်းအားများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။

ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သည့် ထိုတည်ရှိမှုကြီးအတွက် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဆဋ္ဌမအလွှာ ဆိုသည့် စွမ်းအားက သူ၏ အခြေခံအုတ်မြစ် (၁) ရာခိုင်နှုန်းပင် မရှိချေ။

သို့သော်လည်း ယခုလက်ရှိ ယဲ့ဖုန်းအတွက်မူ ၎င်းက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေခဲ့တော့၏။

သူ ရှေ့သို့ တစ်လှမ်း ရုတ်တရက် လှမ်းလိုက်သည်။ နက်ရှိုင်းပြီး သမုဒ္ဒရာတစ်စင်းပမာ ကျယ်ပြောလှသော သူ၏ အရှိန်အဝါများက လွှမ်းခြုံသွားရာ လူတိုင်းကို မှင်သက်သွားစေပြီး သစ်ပင်နတ်ဆိုး ဘိုးဘေး နှင့် ဦးချို မွှေးပွ မျိုးနွယ်စု အကြီးအကဲကြီး တို့အား မိုင်ရာပေါင်းများစွာ အဝေးသို့ လွင့်စင်ထွက်သွားစေတော့၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“မင်းက တကယ်ကြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဆဋ္ဌမအလွှာမှာ ရှိနေတာလား”

ပြင်ပလောကမှ အကြီးအကဲကြီး နှစ်ဦးစလုံး ထိတ်လန့် တုန်လှုပ်သွားကြ‌၏။

မိုင်ပေါင်းများစွာ အဝေးတွင်မူ စက္ကူယပ်တောင် သခင်လေး မှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေချေပြီ။

'ယဲ့ဖုန်းက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဆဋ္ဌမအလွှာကို ရောက်နေတာလား'

'သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ လုံးဝ ပျောက်ကွယ်သွားပြီ ဆိုတာ မဟုတ်ဘူးလား'

“ဂိုဏ်းချုပ်ယဲ့ ခင်ဗျား”

ကျန်းလင်းဘိုးဘေး ၏ ကိုယ်ပွားနှင့် လင်မြောင်ဘိုးဘေး တို့မှာ အံ့ဩမှင်သက်နေကြပြီး ယဲ့ဖုန်းအား ဘီလူးသဘက်တစ်ကောင်ကို ကြည့်သည့်အလား စိုက်ကြည့်နေကြတော့သည်။

“ငါ ထင်တဲ့အတိုင်းပဲ ကွက်တိပဲကွ”

ယဲ့ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“တကယ်တော့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ လုံးဝ ပျောက်ကွယ်သွားခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ခင်ဗျားတို့ အားလုံး သိတဲ့အတိုင်း ကျွန်တော်က ရှေးဟောင်း သူရဲကောင်းဝိညာဉ်တွေရဲ့ စွမ်းအားတွေကို အမွေဆက်ခံနိုင်တဲ့ ကောင်းကင်ရဲ့ ရွေးချယ်ခံပဲလေ။ အခုလေးတင် ရှေးဟောင်း စီနီယာကြီး တစ်ယောက်က သူ့ရဲ့ စွမ်းအားတချို့ကို ကျွန်တော့်ဆီ ပေးသနားလိုက်လို့ အခုလို အသစ်တစ်ဖန် ပြန်လည် မွေးဖွားနိုင်ခဲ့တာပါ”

“ဒီစွမ်းအားက ရေရှည် မခံဘူးဆိုပေမဲ့ ဒီ ပြင်ပမိစ္ဆာ နှစ်ကောင်ကို ရှင်းလင်းဖို့ကတော့ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်”

ယဲ့ဖုန်း ခပ်တိုးတိုး ပြောလိုက်သည်။

သူ၏ အသံက အလွန် ဆွဲဆောင်မှုရှိပြီး ဤအချိန်တွင် ပို၍ပင် နက်ရှိုင်းလာကာ ရှေးဟောင်း နတ်ဘုရားတစ်ပါး၏ အသံတော်ကို ကြားလိုက်ရသည့်နှယ် လူတိုင်းကို ခံစားသွားစေ‌၏။

“ကောင်းလိုက်တာ ငါတို့တော့ ကယ်တင်ခံလိုက်ရပြီ။ ဂိုဏ်းချုပ်ယဲ့က အရမ်း အစွမ်းထက်တာပဲ”

လူတိုင်းမှာ ဝမ်းသာလုံးဆို့ပြီး မျက်ရည်များပင် ကျလာကြတော့သည်။

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကြီး ယနေ့ ပျက်စီးရတော့မည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း ဂိုဏ်းချုပ်ယဲ့က တစ်ကျော့ပြန် မတ်တတ်ရပ်လာပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်မည်ဟု မည်သူက ထင်ထားမည်နည်း။

(ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + ၆၃၈၂၁၉၃)

မျက်တောင်တစ်ခတ်အတွင်းမှာပင် မြူခိုးဂိုဏ်း ၏ ဂုဏ်သတင်းတန်ဖိုးများက သန်းပေါင်းများစွာအထိ ထိုးတက်သွား‌၏။

၎င်းက ယဲ့ဖုန်းအား အလွန် စိတ်လှုပ်ရှားသွားစေပြီး ဝမ်းသာအားရ ခုန်ပေါက်လုမတတ်ပင် ဖြစ်သွားစေ၏။

သို့သော်လည်း တိုက်ပွဲက မပြီးဆုံးသေးသောကြောင့် သူ၏ ဟန်ဆောင်မှုကို အပျက်ခံ၍ မဖြစ်ပေ။ ထို့ကြောင့် သူက ကျောက်ရုပ်တစ်ရုပ်ပမာ အေးခဲနေသည့် သစ်ပင်နတ်ဆိုး ဘိုးဘေး နှင့် ဦးချို မွှေးပွ မျိုးနွယ်စု အကြီးအကဲကြီး တို့အား အေးစက်စက် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။

“ခင်ဗျားတို့ နှစ်ကောင်.. ကျုပ်တို့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ဆီ သေဖို့အတွက် ကြယ်တာရာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ယဲ့ဖုန်း လှုပ်ရှားလိုက်တော့၏။

“ငါတို့ကို ချမ်းသာပေးပါ”

ပြင်ပလောကမှ အကြီးအကဲကြီး နှစ်ဦးစလုံး အရာအားလုံးကို နောင်တရသွားကြတော့သည်။

သူတို့ ထွက်ပြေးချင်သည်။ သို့သော် ပြင်းထန်သည့် နယ်မြေစွမ်းအား ပြန့်နှံ့လာ၏။ ဟင်းလင်းပြင်က အေးခဲသွားသည်။ သူတို့ ခန္ဓာကိုယ်များ လေထဲတွင် လုံးဝ ပိတ်လှောင်ခံလိုက်ရတော့သည်။

“သေစမ်း”

ယဲ့ဖုန်းက သူတို့ဆီသို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ လေထဲတွင် ခပ်ကြမ်းကြမ်း ဆုပ်ကိုင်လိုက်၏။

“ဝုန်း... ဝုန်း...”

ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ အထွတ်အထိပ်တွင်ရှိသော အကြီးအကဲကြီး နှစ်ဦး၏ ခန္ဓာကိုယ်များ ချက်ချင်း ပေါက်ကွဲသွားသည်။ လူ့ခေါင်းအရွယ်အစားရှိ အစစ်အမှန်ယွမ် သလင်းကျောက် နှစ်တုံးအဖြစ် သန့်စင်သွားတော့၏။

တစ်တုံးက အစိမ်းရောင်။

အခြားတစ်တုံးက အပြာရောင် ဖြစ်နေ‌၏။

“သိမ်းလိုက်ပြီ”

ယဲ့ဖုန်းက ထို စွမ်းအင်သလင်းကျောက် နှစ်တုံးကို စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် လှည့်ကာ အံ့အားသင့်နေသော ကျန်းလင်းဘိုးဘေး ၏ ကိုယ်ပွားနှင့် လင်မြောင်ဘိုးဘေး တို့အား ပြုံးပြလိုက်၏။

“စီနီယာကြီးတို့ ပြင်ပမိစ္ဆာ တွေကို ရှင်းလင်းပြီးသွားပြီမို့ ဘာမှ စိတ်ပူစရာ မလိုတော့ပါဘူး”

ယဲ့ဖုန်း၏ အသံက နူးညံ့နေကာ ဘိုးဘေးနှစ်ဦးအား ရှင်းပြ၍မရသော လုံခြုံမှုမျိုးကို ခံစားရစေသည်။

ထိုအခိုက်အတန့်၌ ယဲ့ဖုန်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများက တဖြည်းဖြည်း လွင့်စင်သွားတော့၏။

သူသည် ကျင့်ကြံခြင်းစွမ်းအား လုံးဝမရှိတော့သည့် အခြေအနေသို့ အလျင်အမြန် ပြန်လည်ရောက်ရှိသွားကာ မသိသောသူများ အမြင်တွင်မူ ယဲ့ဖုန်းက အလွန် ချောမောခန့်ညားသော သာမန်လူတစ်ယောက်နှင့်သာ တူနေလေတော့သည်။

“ဂိုဏ်းချုပ်ယဲ့ ခုနက တကယ် ဘာတွေ ဖြစ်သွားတာလဲ”

“ဟုတ်တယ် ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က ရုတ်တရက်ကြီး ထိုးတက်သွားတာပဲ။ ရှေးဟောင်း သိုင်းပညာရှင်ကြီး တစ်ယောက်ဆီက စွမ်းအားတွေ တကယ် ရလိုက်တာလား”

ကျန်းလင်းဘိုးဘေး ၏ ကိုယ်ပွားနှင့် လင်မြောင်ဘိုးဘေး တို့မှာ ယဲ့ဖုန်း အနားသို့ ဝိုင်းအုံလာကြပြီး သူတို့၏ အံ့အားသင့်မှုက အချိန်အတော်ကြာသည့်တိုင် မပျောက်ကွယ်သွားခဲ့ချေ။

“ဟုတ်ပါတယ် ဒီလိုပါပဲ” ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

သူက ခေတ္တမျှ စဉ်းစားဟန်ပြုလိုက်ပြီး စကားဆက်လိုက်သည်။

“နှမြောစရာကောင်းတာက ဒီလိုအခြေအနေမျိုးက အစွမ်းထက်တဲ့ ပြင်ပလောက မိစ္ဆာဆိုးတွေ နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှသာ ပေါ်လာတတ်တာဗျ။ ပုံမှန် အချိန်တွေမှာတော့ ကျွန်တော်က အရမ်းကို သာမန်ဆန်တဲ့ လူတစ်ယောက်ပါပဲ”

ထိုစကားကို ကြားသောအခါ ဘိုးဘေးနှစ်ဦးမှာ အချင်းချင်း အရိပ်အခြေ ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လွင်နေတော့သည်။

'မင်းက အရမ်း သာမန်ဆန်တယ် ဟုတ်လား'

'ဒါဆိုရင် ငါတို့က သာမန်လူတွေနဲ့တောင် နှိုင်းယှဉ်လို့ ရမှာ မဟုတ်တော့ဘူးပေါ့'

ဘိုးဘေးနှစ်ဦး၏ ရင်ထဲတွင် ခါးသီးမှုများ တစ်ဟုန်ထိုး တက်လာလေ၏။

သူတို့၏ အတွေးများကို မသိသော ယဲ့ဖုန်းက ပြင်ပလောကမှ မိစ္ဆာအသစ်များ ကျူးကျော်လာခြင်း ရှိမရှိ သေချာစေရန် ပတ်ဝန်းကျင်ကို ဝိညာဉ်အာရုံဖြင့် စကင်ဖတ်စစ်ဆေးလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“အခု သစ်ပင်နတ်ဆိုး ဘိုးဘေး နဲ့ ဦးချို မွှေးပွ မျိုးနွယ်စု အကြီးအကဲကြီး တို့လည်း သေကုန်ပြီဆိုတော့ အဲဒီ မျိုးနွယ်စု နှစ်ခုလုံးကို ချေမှုန်းဖို့ ကြယ်တာရာ ဟင်းလင်းပြင်ကို နောက်တစ်ကြိမ် ကျူးကျော်မယ့် အချိန်တစ်ခု သတ်မှတ်ကြရင် ဘယ်လိုလဲ”

သူ၏ စကားကြောင့် ဘိုးဘေးနှစ်ဦး၏ မျက်လုံးများ အရောင်လက်သွားကြ‌၏။

ထို ပြင်ပမိစ္ဆာ မျိုးနွယ်စု နှစ်ခုတွင် သာမန်ထက် ထူးကဲသော အခြေခံအုတ်မြစ်များ ရှိနေမည်မှာ သေချာလှသည်။ သူတို့အနေဖြင့် အကျိုးအမြတ် အနည်းငယ်သာ ရရှိမည် ဆိုလျှင်တောင် ၎င်းက ကြီးမားလှသော ကံကောင်းမှုကြီး တစ်ခု ဖြစ်ပေလိမ့်မည်။

“ဘာလို့ အခုချက်ချင်း မလှုပ်ရှားရမှာလဲ” လင်မြောင်ဘိုးဘေး က နားမလည်ဟန်ဖြင့် မေးလိုက်၏။

ယဲ့ဖုန်းက လက်ကာပြလိုက်ရင်း ရှင်းပြလိုက်သည်။

“ကျွန်တော်တို့ ကြယ်တာရာ ဟင်းလင်းပြင်ရဲ့ တစ်ဖက်ခြမ်း အကြောင်းကို ဘာမှ မသိသေးဘူးလေ။ အကယ်လို့ ကမူးရှူးထိုး သွားတိုက်မယ်ဆိုရင် ကျယ်ပြောလှတဲ့ ဟင်းလင်းပြင်ထဲမှာ လမ်းပျောက်ပြီး ပြန်မလာနိုင်ဘဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် မသွားခင် လမ်းကြောင်းကို အရင် စူးစမ်းရပါမယ်”

“ဂိုဏ်းချုပ်ယဲ့ရဲ့ အမြင်က တကယ်ကို စူးရှတာပဲ”

ဘိုးဘေးနှစ်ဦးက ခေါင်းညိတ်လိုက်ကြပြီး

“ဒါဆိုရင် နောက်ရက်အနည်းငယ် ကြာရင် ကျင်းပမယ့် လေဝူဘိုးဘေး ရဲ့ ပွဲတက်ပြီးတာနဲ့ ငါတို့ အတူတူ ကြယ်တာရာ ဟင်းလင်းပြင်ဆီ သွားကြတာပေါ့”

“ပြဿနာ မရှိပါဘူး”

ယဲ့ဖုန်းက သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။

မကြာမီမှာပင် သူတို့အားလုံး အသီးသီး အိမ်ပြန်သွားကြလေ၏။

ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲ သတင်းကလည်း လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။

ထို အဖြစ်အပျက်က ရေပေါ်ဖြူ မြို့တော် အနီးရှိ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု နယ်မြေ၏ အထက်တည့်တည့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သောကြောင့် လေဝူ မင်းဆက် မှ ကျင့်ကြံသူများစွာသည် ယင်းကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး သတင်းများက လေဝူ မင်းဆက် ဆီသို့ ရောက်ရှိသွား‌၏။

“တကယ်ကို တုန်လှုပ်စရာပဲ”

“မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ယဲ့ဖုန်းက ရှေးဟောင်း သူတော်စင်နတ်ဘုရား တစ်ပါးရဲ့ စွမ်းအားတွေကို ရရှိခဲ့ပြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ အထွတ်အထိပ်မှာ ရှိနေတဲ့ ပြင်ပမိစ္ဆာ နှစ်ကောင်ကို အလွယ်တကူ ချေမှုန်းသွားခဲ့တယ်တဲ့”

“မြူခိုးဂိုဏ်း က ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခံရလို့ ဧကန်မလွဲ တိုးတက်လာတော့မှာပဲ”

“ငါ မြူခိုးဂိုဏ်း ကို ဝင်ချင်တယ်ကွာ”

ရုတ်တရက် လေဝူ မင်းဆက် အတွင်း၌ မြူခိုးဂိုဏ်း ၏ ဂုဏ်သတင်းက အခြား ဂိုဏ်းအားလုံးကို ကျော်လွန်ကာ အမြင့်ဆုံးသို့ တစ်ဟုန်ထိုး ရောက်ရှိသွားတော့သည်။

ရေတွက်၍ မရနိုင်သော လူများစွာသည် အလယ်အလတ် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို စီးနင်းကာ ရေပေါ်ဖြူ မြို့တော် သို့ လာရောက်ကြတော့၏။ အချို့က ထိုနေရာတွင် အခြေချ နေထိုင်ရန် စီစဉ်ကြကာ အချို့ကမူ မြူခိုးဂိုဏ်း သို့ ဝင်ရောက်ရန် ဆန္ဒရှိနေကြ‌၏။

*

မြူခိုးတောင်ထိပ် ပေါ်တွင်၊

ယဲ့ဖုန်းက အပန်းဖြေ ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်နေ‌၏။

သူက ဂိုဏ်း၏ ပင်မရင်ပြင်ရှိ ဒုတိယမျိုးဆက် တပည့်သစ် ထောင်ပေါင်းများစွာကို အကြည့်ပို့လွှတ်လိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပွင့်သီးလာ၏။

'ကောင်းတယ် အရမ်းကောင်းတယ်။ ဒါက ငါ လိုချင်နေတဲ့ ရလဒ်ပဲ'

သူက လေဝူ မင်းဆက် မှ တပည့်များ စုဆောင်းရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုမူ ထိုသို့ ပြုလုပ်ရန် မလိုအပ်တော့ပေ။ လေဝူ မင်းဆက် ၏ ဒေသအသီးသီးမှ ထူးချွန်ထက်မြက်သော လူငယ်ပါရမီရှင်များသည် သူ၏ ထံသို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြပြီ ဖြစ်ရာ သင့်တော်သော တပည့်များ မရရှိမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

“ဂိုဏ်းချုပ်... သမီး အရမ်း စားချင်နေပြီ”

အစားမက်သော မြေခွေးမလေး ဟူဖေးဖေး ပြေးလာပြန်သည်။ သူမက ယဲ့ဖုန်း၏ ပခုံးပေါ်သို့ လက်တင်လိုက်ကာ စားပွဲပေါ်ရှိ သစ်ပင်နတ်ဆိုး ဘိုးဘေး ၏ အစစ်အမှန်ယွမ် သလင်းကျောက် ကို စိုက်ကြည့်ရင်း ပန်းရောင်သန်းနေသော နှုတ်ခမ်းလေးများကို သပ်လိုက်‌၏။

'ဟူး...'

ယဲ့ဖုန်း ငိုချင်စိတ်ပင် ပေါက်သွားတော့၏။

သူ၏ လက်ထဲတွင် အနွေးဓာတ်ပင် မပျောက်သေးသော ရတနာကို ဟူဖေးဖေး က မျက်စိကျနေတော့၏။

သို့သော် ၎င်းကို သန့်စင်ပြီးနောက် ဟူဖေးဖေး အဆင့်မြင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းသွားမည့်အရေးကို တွေးမိသောအခါ နာကျင်စွာဖြင့် အနစ်နာခံရန်သာ တတ်နိုင်တော့သည်။

... ... ...

ကျောင်းယန် သန့်စင်သော မြို့တော် အတွင်းဝယ်၊

ရှန်ကျိုးတိုက်ကြီး နှင့် သီးခြားတည်ရှိနေသော ကျောင်းယန် နယ်မြေတွင် ကျောင်းယန် ရှေးဟောင်းသူတော်စင် က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်‌၏။

သူက လက်ချောင်းတစ်ချက် ခေါက်လိုက်သည်။ ဟင်းလင်းပြင်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာ၏။

ပုံရိပ်ထဲတွင် ယဲ့ဖုန်းက ဟင်းလင်းပြင်ကို စီးနင်းထားပြီး အစွမ်းထက်သော ကျင့်ကြံခြင်း အရှိန်အဝါများ မထုတ်လွှတ်ဘဲ ပြင်ပလောကမှ ဘိုးဘေးနှစ်ဦးကို တိုက်ရိုက် ရင်ဆိုင်ရန် ရဲတင်းနေသည်ကို တွေ့ရ‌၏။

“ဒီလူငယ်က တော်တော် သတ္တိရှိတာပဲ” ကျောင်းယန် ရှေးဟောင်းသူတော်စင် က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ရင်းနှီးနေသော စွမ်းအားတစ်ခုက ယဲ့ဖုန်း၏ ခွန်အားကို မြှင့်တင်ပေးလိုက်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်က ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဆဋ္ဌမအလွှာသို့ တစ်ဟုန်ထိုး တက်သွားပြီး ပြင်ပလောကမှ ဘိုးဘေးနှစ်ဦးကို အလွယ်တကူ ချေမှုန်းသွားခဲ့‌၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျောင်းယန် ရှေးဟောင်းသူတော်စင် က ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

“ငါးစိမ်းသည်လေး တစ်ယောက်က ဘယ်လို ကောင်းမှုကုသိုလ်တွေ ဘယ်လို အရည်အချင်းတွေ ရှိနေလို့ ရှေးဟောင်း သူတော်စင်နတ်ဘုရား တစ်ပါးရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပေးသနားခံရတာလဲ။ ဒီနောက်ကွယ်မှာ ကြံစည်မှု တစ်ခုခု ရှိနေရမယ်”

“ငါ ကိုယ်တိုင် မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ကို သွားတွေ့ပြီး သူက ဘယ်လိုလူလဲဆိုတာ ကြည့်ရမယ်”

ကျောင်းယန် ရှေးဟောင်းသူတော်စင် က လက်ဖျစ် တစ်ချက် တောက်လိုက်ရာ ပြင်ပကိုယ်ပွား တစ်ခု ထွက်ပေါ်လာလေ၏။

မျက်တောင်တစ်ခတ်အတွင်း မိုင်ပေါင်း သန်းချီ ရွေ့လျားသွားကာ မြူခိုးဂိုဏ်း ၏ အထက်သို့ ရောက်ရှိသွားတော့သည်။

--

All Chapters