အခန်း ၅၈၇
Vol. 40 Ch. 587
အခန်း (၅၈၇) -ထင်းရှူးပင်အိုကြီး၏ အသွင်ပြောင်းလဲခြင်းနှင့် ဟူဖေးဖေး၏ အဆင့်တက်လှမ်းခြင်း
ကောင်းကင်ယံ အထက်ဆီတွင်၊
ကျောင်းယန် ရှေးဟောင်းသူတော်စင် ၏ ပြင်ပကိုယ်ပွား သည် သူ၏ ကောင်းကင်မျက်လုံး ကို ဖွင့်လှစ်လိုက်၏။
“မြူခိုးဂိုဏ်း က တယ်လည်း ထူးဆန်းပါလား ..ကြီးမားလှတဲ့ ကံကြမ္မာ အရှိန်အဝါတွေက ဖုံးလွှမ်းနေပြီး အရင်တစ်ခေါက်ကထက်တောင် ပိုပြီး အစွမ်းထက်လာသလိုပဲ”
ကျောင်းယန် ရှေးဟောင်းသူတော်စင် မှာ ပို၍ပင် အံ့အားသင့်သွားရတော့၏။
ထိုအခိုက်အတန့်တွင် သစ်ပင်နတ်ဆိုး ဘိုးဘေး ၏ အစစ်အမှန်ယွမ် သလင်းကျောက် ကို တရှူးရှူးတရှဲရှဲ စားသုံးနေသော ဟူဖေးဖေး ကို သူ သတိထားမိလိုက်သည်။
“ထူးဆန်းလိုက်တာ ငါတောင်မှ သူ့ကို ဖောက်ထွင်းမမြင်ရပါလား”
ကျောင်းယန် ရှေးဟောင်းသူတော်စင် မှာ အနည်းငယ် အံ့အားသင့်သွားရ၏။
သူက ကောင်းကင်မျက်လုံး ကို အသုံးပြုကာ ဟူဖေးဖေး ၏ မျိုးနွယ်စုကို ဖောက်ထွင်းကြည့်ရှုရန် ကြိုးစားလိုက်၏။ သို့သော် သူမ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်း၍မရသလို နားလည်၍လည်း မရနိုင်သော ပန်းရောင် မြူခိုးလွှာ တစ်ခုက ဖုံးလွှမ်းနေသည်ကိုသာ တွေ့လိုက်ရ၏။
မြူခိုးတောင်ထိပ် ပေါ်တွင်၊
ယဲ့ဖုန်းက အားရပါးရ စားသောက်နေသော ဟူဖေးဖေး ကို ကြည့်ရင်း သူ၏ ရင်ထဲတွင် သွေးထွက်နေသလို ခံစားနေရ၏။
သူ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ လက်ဝါးထဲတွင် လူ့ခေါင်းအရွယ်အစားရှိ အစိမ်းရောင် အလင်းလုံးလေး တစ်လုံး လွင့်မျောနေ၏။ ၎င်းက သစ်ပင်နတ်ဆိုး ဘိုးဘေး ၏ အစစ်အမှန်ယွမ် သလင်းကျောက် ထဲမှ ထုတ်ယူထားသော ဝိညာဉ်သွေးပင် ဖြစ်၏။
“ထင်းရှူးအိုကြီး ..ဒါက ..ခင်ဗျားအတွက်ပဲ ကျုပ်ကို စိတ်ပျက်အောင် မလုပ်နဲ့ နော်”
ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းကာ ထို ဝိညာဉ်သွေး အလင်းလုံးကို နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင် ၏ ပင်စည်ပေါ်သို့ ရိုက်သွင်းပေးလိုက်ပြီး စုပ်ယူစေလိုက်သည်။
“ဝှီး...”
ထို အစွမ်းထက်လှသော သွေးကြောစွမ်းအင်၏ ပံ့ပိုးမှုဖြင့် နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင် က သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အရှိန်နှုန်းဖြင့် ကြီးထွားလာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေပေါင်း (၃၀၀) အမြင့်သို့ ရောက်ရှိသွားပြီး သစ်ရွက်ဖုံးများက ကောင်းကင်နှင့် နေရောင်ကိုပင် ကွယ်ဝှက်ထားနိုင်လောက်အောင် ကျယ်ပြန့်လာတော့၏။
၎င်း၏ အရှိန်အဝါက ပိတ်ဆို့မှု နှစ်ခုကို ချက်ချင်း ဖောက်ထွက်သွားပြီး အထွတ်အထိပ် နတ်ဆိုး ဘုရင် အဆင့်သို့ ရောက်ရှိသွားကာ ဆက်လက်၍ မြင့်တက်နေဆဲပင် ဖြစ်၏။
“ဟင် ..ဒါက ဘယ်လို ကျင့်စဉ်မျိုးလဲ”
ကျောင်းယန် ရှေးဟောင်းသူတော်စင် က ထိုမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားရ၏။
ယဲ့ဖုန်းက နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင် ထဲသို့ သွေးကြော အစစ်အမှန်ယွမ် တစ်အုပ်စာ ရိုက်သွင်းလိုက်သည်ကို သူ သိမြင်နိုင်သော်လည်း ထိုသစ်ပင်က ဤသွေးကြောစွမ်းအားကို ပြီးပြည့်စုံစွာ စုပ်ယူနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ရှေးဟောင်း သူတော်စင် တစ်ပါးဖြစ်သော သူကိုယ်တိုင်ပင် ထိုကဲ့သို့သော နည်းစနစ်မျိုး ရှိချင်မှ ရှိမည် ဖြစ်၏။
“ထူးဆန်းတယ်.. တကယ်ကို ထူးဆန်းလွန်းတယ်”
ကျောင်းယန် ရှေးဟောင်းသူတော်စင် မှာ ပို၍ပို၍ အံ့အားသင့်လာရပြီး မြူခိုးဂိုဏ်း ၏ နယ်မြေက သူ၏ သိချင်စိတ်ကို လှုံ့ဆော်ပေးသော အရာများနှင့် ပြည့်နှက်နေသည်ဟု ခံစားလိုက်ရတော့သည်။
ဥပမာအားဖြင့်ဆိုရသော်၊
ဝိညာဉ်သားရဲ စင်မြင့်၊ ဝိညာဉ်စွမ်းအင်စုစည်းခြင်းမျှော်စင်၊ ကျင့်ကြံရေးမျှော်စင် နှင့် ကောင်းကင်ယံတွင် ဖုံးကွယ်ထားသော ကြယ်ရောင်စုံ မဟာဝင်္ကပါ တို့ပင် ဖြစ်ကြ၏။
“ဟင် ..အလားအလာ အရမ်းကောင်းတဲ့ ကျောက်တုံးဝိညာဉ် ..တစ်ခုကို မွေးဖွားပေးနိုင်တဲ့ အသက်ဝင်နေတဲ့ ကျောက်တုံးတစ်တုံး ပါလား”
ကျောင်းယန် ရှေးဟောင်းသူတော်စင် သည် ဝိညာဉ်ရေကန် ဘေးတွင် ရှိနေသော ဂိုဏ်းချုပ် သီးသန့်သုံး ကျောက်တုံးကိုလည်း တွေ့ရှိသွားပြီး ၎င်းထံမှ ထူးခြားသော အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်၏။
သူက ပုံရိပ်ကို ဖုံးကွယ်ထားရင်း မြူခိုးဂိုဏ်း အနှံ့ လမ်းလျှောက်ကြည့်လိုက်၏။
သူ ရောက်လေရာ နေရာတိုင်းတွင် အခြားနေရာများ၌ မတွေ့နိုင်သော ထူးဆန်းသည့် အရာများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိရ၏။
“မြူခိုးဂိုဏ်း က လျှို့ဝှက်ဆန်းကြယ်လှတဲ့.. ကြီးမားတဲ့ ကံကြမ္မာရဲ့ ကောင်းချီးပေးတာ.. ခံရတာ မဆန်းပါဘူး ..အတွင်းထဲမှာက အံ့မခန်းစရာတွေနဲ့ ပြည့်နှက်နေတာကိုး”
“ဒါပေမဲ့ ဒီကံကြမ္မာက ရှေးဟောင်း သူတော်စင်နတ်ဘုရား နဲ့တော့ မသက်ဆိုင်ဘူး”
“ဒါဆိုရင် ရှေးဟောင်း သူတော်စင်နတ်ဘုရား က ဘာလို့ သူ့ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ယဲ့ဖုန်း ဆီ ပေးသနားခဲ့ရတာလဲ။ သူက ကောင်းကင်ရဲ့ ရွေးချယ်ခံ ဖြစ်နေပြီး လူတွေကို ကယ်တင်ဖို့ အရေးကြီးတဲ့ အချိန်မှာ ထွက်ပေါ်လာလို့ များလား”
“ဒါပေမဲ့.. အဲဒါက သိပ်တော့ ယုတ္တိမတန်ဘူး”
ကျောင်းယန် ရှေးဟောင်းသူတော်စင် က ဤအရာအားလုံးမှာ သိပ်ပြီး ဖြစ်တန်စွမ်းမရှိဟု ခံစားနေရ၏။
အထွတ်အထိပ် အဆင့်တွင် ရှိနေသော ရှေးဟောင်း သူတော်စင်နတ်ဘုရား တစ်ပါးဆိုသည်မှာ သူ့ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သည့် ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုကြီး တစ်ခုပင် ဖြစ်၏။
ထိုသို့သော စွမ်းအားရှင်ကြီး တစ်ဦးအတွက် သူတော်စင် အဆင့်အောက်မှ လူအားလုံးမှာ ပုရွက်ဆိတ်လေးများမျှသာ ဖြစ်၏။
ရှေးဟောင်း သူတော်စင်နတ်ဘုရား တစ်ပါးက ဤလူများ၏ အသက်ရှင်ခြင်း သေဆုံးခြင်းကို ဘာကြောင့်များ ဂရုစိုက်နေမည်နည်း။
ကျောင်းယန် ရှေးဟောင်းသူတော်စင် မှာ မည်သို့မျှ တွေး၍ မရနိုင်အောင် ဖြစ်နေတော့သည်။
“ဝုန်း...”
ထိုအခိုက်အတန့်၌ ဝိညာဉ်သားရဲ စင်မြင့် အထက်ဆီမှ မိုးကြိုးလှိုင်းလုံးကြီး တစ်ခုက ရေလှိုင်းလုံးကြီး တစ်ခုပမာ ဟင်းလင်းပြင်ကို လှည်းကျင်းသွား၏။
“ဒိုင်း... ဒိုင်း...”
ကြောက်မက်ဖွယ် ကောင်းသော မိုးကြိုးမုန်တိုင်းက ကောင်းကင်ယံတွင် ပေါက်ကွဲထွက်လာပြီး လျှပ်စီးလှိုင်းလုံးများက အရပ်မျက်နှာ အနှံ့သို့ ရူးသွပ်စွာ ရိုက်ခတ်သွားတော့၏။
ထို့နောက် လိမ့်တက်လာသော ကပ်ဘေးတိမ်တိုက်များ ထွက်ပေါ်လာ၏။
“ဝှီး...”
အပြာရောင် လျှပ်စီးများ ရစ်ပတ်ထားပြီး အပြာနှင့် အဖြူရောင်စပ်နေသော ချီလင် သားရဲလို ပုံရိပ်တစ်ခုက ကောင်းကင်ယံသို့ ပျံတက်သွားကာ ကိုးဆင့် ကောင်းကင်ကပ်ဘေးအား ခံယူလိုက်တော့သည်။
“ဟင်. သဘာဝအတိုင်း မွေးဖွားလာတဲ့ မိုးကြိုးသားရဲလေး တစ်ကောင် ပါလား”
ကျောင်းယန် ရှေးဟောင်းသူတော်စင် က အံ့အားသင့်စွာ ရေရွတ်လိုက်၏။
မြူခိုးတောင်ထိပ် ပေါ်တွင်၊
ယဲ့ဖုန်းက ထိုမြင်ကွင်းကို မော့ကြည့်ရင်း အံ့ဩသွား၏။
“ဟားဟား.. မိုးကြိုးသားရဲလေး က ရေခဲမိစ္ဆာ ရဲ့ အစစ်အမှန်ယွမ် သလင်းကျောက် ကို အစာချေဖျက်ပြီးသွားလို့ မူလနတ်ဘုရား အဆင့် ကို ချိုးဖောက်ပြီး နတ်ဆိုး ဧကရာဇ် ဖြစ်လာတော့မှာပဲ”
ရေခဲမိစ္ဆာ ၏ သွေးကြောက အဆင့်မြင့်မားလှသည်။
၎င်းအတွင်း၌ ပါဝင်သော စွမ်းအင်များကလည်း အလွန်ပင် ပြင်းထန်လှ၏။ သို့သော် ၎င်းက မိုးကြိုးသားရဲလေး ၏ သွေးကြောကို အသွင်ပြောင်း မြှင့်တင်ပေးရာတွင် ပို၍ အသုံးဝင်ပြီး ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ပေးရာတွင်မူ အကန့်အသတ် ရှိ၏။ နတ်ဆိုး ဧကရာဇ် အဆင့်သို့ တက်လှမ်းခြင်းက ၎င်း၏ အမြင့်ဆုံး ကန့်သတ်ချက်ပင် ဖြစ်သည်။
ယခုအချိန်မှစ၍ ကျင့်ကြံခြင်း အဆင့်ကို ဆက်လက် မြှင့်တင်လိုပါက ၎င်း၏ ခိုင်မာလာသော သွေးကြောကို အားကိုးကာ ကျင့်ကြံခြင်းကို အရှိန်မြှင့်ပြီး တဖြည်းဖြည်းချင်း အဆင့်တက်လှမ်းသွားရန်သာ ရှိတော့၏။
“ဂျိမ်း... ဂျုန်း...”
လျှပ်စီးမိုးကြိုးများ၏ ပေါက်ကွဲသံကြီးများက တဝုန်းဝုန်း ဆက်တိုက် ကျဆင်းလာ၏။
သို့သော် မိုးကြိုးသားရဲလေး မှာ မူလကတည်းက မြေကမ္ဘာ၏ အသန့်စင်ဆုံး မိုးကြိုးစွမ်းအင်များမှ ပေါက်ဖွားလာခြင်း ဖြစ်ရာ ကောင်းကင်ကပ်ဘေး ကို အနည်းငယ်မျှပင် မကြောက်ချေ။ ထို့အပြင် မိုးကြိုးမုန်တိုင်းထဲတွင် အေးအေးလူလူ လူးလာကူးခတ်နေပြီး တစ်ခါတစ်ရံတွင် ပါးစပ်ဟကာ လျှပ်စီးတန်း တစ်ခုကိုပင် မျိုချလိုက်သေး၏။
“ဟယ် ကောင်းကင်ကပ်ဘေး ကိုတောင် မျိုချနေပါလား”
“အဲဒါ မြူခိုးဂိုဏ်း ရဲ့ တောင်စောင့် ဝိညာဉ်သားရဲ ဖြစ်ရမယ်”
အင်အားစု အသီးသီးမှ အစွမ်းထက် ပညာရှင်များက ထိုမြင်ကွင်းကို သတိပြုမိသွားကြပြီး အားလုံးမှာ အလွန် အံ့အားသင့်သွားကြတော့သည်။
(ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး အပေါင်း ၂၃၈၆၄)
(ယုံကြည်မှု စွမ်းအား အပေါင်း ၇၅၃၆)
ဂုဏ်သတင်း တန်ဖိုးများနှင့် ယုံကြည်မှု စွမ်းအားများက နောက်ထပ် လှိုင်းတစ်လုံးအဖြစ် ရိုက်ခတ်လာ၏။
ယဲ့ဖုန်းက ခေါင်းကို ကုတ်လိုက်ရင်း မှတ်ချက်ချလိုက်၏။
“ကပ်ဘေးကို ကျော်ဖြတ်တာကတောင် ဂုဏ်သတင်း နဲ့ ယုံကြည်မှု စွမ်းအားတွေကို တိုးလာစေတယ်ဆိုတော့ တယ်လည်းမိုက်ပါလား”
ဝိညာဉ်သားရဲ စင်မြင့် ပေါ်တွင်၊
ရွှေရောင် ငန်းဝကြီး မှာ ကျောက်နံရံ တစ်လျှောက် အလွန်ခက်ခဲစွာ တွယ်တက်လာခဲ့ပြီး အထက်မှ မိုးကြိုးမုန်တိုင်းကို မြင်လိုက်ရသောအခါ အကြောက်လွန်ကာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းကို အတောင်ပံများဖြင့် ကပျာကယာ ဖုံးကွယ်လိုက်၏။
“ကောင်းကင်က မိုးကြိုးပစ်နေပြီဟေ့”
၎င်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ရင်း ခြေချော်ကာ တောင်ထိပ်ပေါ်မှ ပြန်လည် လိမ့်ကျသွားပြီး အသံရှည်ကြီးဖြင့် အော်ဟစ်သွားတော့၏။
ဝိညာဉ်သားရဲ စင်မြင့် ပေါ်တွင် အစ်ကိုကြီးခေါင်းပြား က ထူးဆန်းသော အော်သံ တစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။ သူက ချက်ချင်း မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော်လည်း တရားခံကို မတွေ့ရသဖြင့် သူ မျက်စိနောက်နေသော တောင်စောင့် မျောက်နတ်ဘုရား ဘက်သို့ လှည့်ကြည့်လိုက်၏။
ထို့နောက် အစ်ကိုကြီးခေါင်းပြား က အတင်း ဝင်တိုက်လိုက်တော့၏။
“ဝုန်း...”
တောင်စောင့် မျောက်နတ်ဘုရား က မည်းနက်သော ကောင်းကင်တုတ်တို ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်စွာ ဝင်တိုက်လာသော အစ်ကိုကြီးခေါင်းပြား မှာ မိုင်ရာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားပြီး မည်သည့် တောင်၏ ချောင်ကွယ်သည့် နေရာသို့ ရောက်သွားမှန်းပင် မသိရတော့ချေ။
ကောင်းကင်ယံတွင် မိုးကြိုးမုန်တိုင်းက ဆက်လက် ပြင်းထန်နေဆဲ ဖြစ်၏။
(ဟူဖေးဖေး ၏ အဆင့်မြှင့်တင်မှု စွမ်းအင်- ၃၇၅%)
“တီ..တီ.. ဟူဖေးဖေး ၏ အဆင့်မြှင့်တင်မှု စွမ်းအင် ပြည့်သွားပါပြီ။ အဆင့်တက်လှမ်းခြင်း စတင်ပါမည်... အဆင့်တက်လှမ်းခြင်း အောင်မြင်ပါသည်။ ကိုးဆင့် ပျက်သုဉ်းခြင်း ကောင်းကင်ကပ်ဘေး ကို စတင်ပါမည်”
စနစ်၏ အသိပေးသံက လျင်မြန်စွာ ထွက်ပေါ်လာ၏။
“ဝုန်း...”
ဟူဖေးဖေး က ကောင်းကင်ယံသို့ ရုတ်တရက် ပျံတက်သွားပြီး မိုင်ထောင်ပေါင်းများစွာ အမြင့်သို့ ရောက်ရှိသွား၏။ သူမ၏ အရှိန်အဝါကို တစ်ချက် လှုပ်ခါလိုက်ရာ ကောင်းကင်ယံတွင် မိုင်သောင်းပေါင်းများစွာ အထိ ကျယ်ပြန့်သော ကပ်ဘေးတိမ်တိုက်ကြီး တစ်ခုကို ဖြစ်ပေါ်လာစေပြီး အလွန် အားကောင်းသော အရှိန်အဝါများဖြင့် ပြည့်နှက်သွားတော့သည်။
“ဟင်းလင်းပြင်ဖြိုခွဲ အဆင့် မိုးကြိုးကပ်ဘေး ကြီးပါလား”
“အစောင့်အရှောက် ဟူဖေးဖေး က ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ကို တက်လှမ်းတော့မှာလား”
မြူခိုးဂိုဏ်း မှ တပည့်များမှာ တောင်တန်းများထဲတွင် စုဝေးနေကြပြီ ဖြစ်သည်။ ဟူဖေးဖေး တစ်ယောက် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကိုးဆင့် ကောင်းကင်ကပ်ဘေး ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလှသော ကမ္ဘာမြေ ပျက်သုဉ်းမည့်အလား ကောင်းကင်ကပ်ဘေးကြီး ကို ဖန်တီးလိုက်သည်ကို မြင်သောအခါ အားလုံးမှာ အလွန် အံ့အားသင့်သွားကြတော့သည်။
“မြူခိုးဂိုဏ်း မှာ နောက်ထပ် ဘိုးဘေးအဆင့် ပညာရှင် သစ် တစ်ယောက် မွေးဖွားလာတော့မယ်ကွ”
လျှို့ဝှက်ဆန်းကြယ် မြို့တော် တွင် ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့၏ ကိုယ်ပွား နှစ်ခုလုံးမှာ တံခါးပိတ် ကျင့်ကြံရာ ခြံဝင်းအတွင်းမှ အလျင်အမြန် ထွက်လာကြပြီး ရေပေါ်ဖြူ မြို့တော် အထက် ကောင်းကင်ယံသို့ အကြည့်ပို့လွှတ်လိုက်ကြ၏။
ကောင်းကင်ကပ်ဘေး ၏ စွမ်းအင်က အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် သာမကဘဲ အဝေးတွင်ရှိသော သဲကန္တာရလွင်ပြင်၊ မဟာလျန် မိစ္ဆာနိုင်ငံတော်၊ တောင်ပိုင်းမင် နိုင်ငံ နှင့် အခြားနေရာများကပါ ထို ထူးခြားမှုကို သတိပြုမိသွားကြ၏။
မိုင်ထောင်ပေါင်းများစွာ မြင့်သော ကောင်းကင်ယံတွင်၊
ဟူဖေးဖေး က အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်၏။ သူမ၏ မျက်ခုံးကြားရှိ ပန်းရောင် အမှတ်အသားလေးက ရုတ်တရက် ပြောင်းလဲသွားပြီး မီးတောက်နေသော အမြီးခုနစ်ချောင်း ပုံစံရှိသည့် ကိုးကွယ်ရာ သင်္ကေတ တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။
“ဝှီး...”
သူမ၏ နောက်ကျောဘက်တွင် နူးညံ့အိစက်သော ပန်းရောင် မြေခွေးအမြီး နှစ်ချောင်း ထပ်မံ ထွက်ပေါ်လာရာ စုစုပေါင်း အမြီးခုနစ်ချောင်း ဖြစ်သွားတော့၏။
သူမ၏ လက်ထဲရှိ ပေါက်ကွဲစေသော တုတ်တို မှာလည်း ပိုမို သွယ်လျလာပြီး မျက်နှာပြင်တွင် ထူးခြားသော ပုံစံများ ပေါ်လာကာ တောက်ပသော အလင်းတန်းများ ရစ်ပတ်သွားပြီး အစွမ်းထက်သည့် ခံစားချက်ကို ထုတ်လွှတ်နေ၏။
“အမြီးခုနစ်ချောင်း ဝိညာဉ်မြေခွေး လား”
ကျောင်းယန် ရှေးဟောင်းသူတော်စင် က ဟူဖေးဖေး ကို အာရုံစိုက် ကြည့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။
“ဒါဆို သူမက တကယ်ပဲ မြေခွေးဝိညာဉ် မျိုးနွယ်စု ကပေါ့။ ဒါပေမဲ့ သူမရဲ့ အရှိန်အဝါက နည်းနည်း ထူးဆန်းတယ် အခြား ဝိညာဉ်မြေခွေး တွေနဲ့ မတူဘူး... ဒါ ဘာကြီးလဲ”
ကျောင်းယန် ရှေးဟောင်းသူတော်စင် ၏ ရေရွတ်သံ မဆုံးမီမှာပင် ဟူဖေးဖေး က ရုတ်တရက် ပါးစပ်ဟကာ ကိုးဆင့် ပျက်သုဉ်းခြင်း ကောင်းကင်ကပ်ဘေး တစ်ခုလုံးကို မျိုချလိုက်သည်ကို မြင်လိုက်ရသဖြင့် သူ အလွန် လန့်ဖျပ်သွားရတော့သည်။
“ဟိုက်”
သူ လုံးဝ မှင်သက်သွားရတော့၏။
ရှေးဟောင်း သူတော်စင် တစ်ပါး ဖြစ်သော သူပင်လျှင် အတိတ်က ကျင့်ကြံရာတွင် အဆင့်ဆင့် သေချာစွာ ကျင့်ကြံခဲ့ရပြီး ကောင်းကင်ကပ်ဘေး ကို မျိုချပစ်သည်အထိ မည်သည့်အခါကမှ မလုပ်ဆောင်ခဲ့ဖူးချေ။
သို့သော် ယနေ့တွင်မူ ထိုမြင်ကွင်းကို သူ မျက်ဝါးထင်ထင် တွေ့မြင်နေရတော့၏။
“မြူခိုးဂိုဏ်း မှာ ဘာလို့ မိစ္ဆာကောင်တွေချည်းပဲ ရှိနေရတာလဲ”
ကျောင်းယန် ရှေးဟောင်းသူတော်စင် ၏ လည်ချောင်းများပင် ခြောက်သွေ့သွားသလို ခံစားလိုက်ရ၏။
(ဟူဖေးဖေး ၏ အဆင့်မြှင့်တင်မှု စွမ်းအင်- ၃၈%)
...
(ဟူဖေးဖေး ၏ အဆင့်မြှင့်တင်မှု စွမ်းအင်- ၄၀%)
ကိုးဆင့် ပျက်သုဉ်းခြင်း ကောင်းကင်ကပ်ဘေး တစ်ခုလုံးကို မျိုချလိုက်ပြီးနောက် ဟူဖေးဖေး ၏ အဆင့်မြှင့်တင်မှု စွမ်းအင်က ၄၀% အထိ အံ့ဩဖွယ်ရာ မြင့်တက်သွား၏။
“တယ်လည်း မဆိုးပါလား”
ယဲ့ဖုန်းက အလွန် ကျေနပ်သွား၏။
သစ်ပင်နတ်ဆိုး ဘိုးဘေး ၏ အစစ်အမှန်ယွမ် သလင်းကျောက် ကို စားသုံးပြီးနောက် ဟူဖေးဖေး ၏ အဆင့်မြှင့်တင်မှု စွမ်းအင်က ၃၇၅% သို့ ရောက်ရှိသွားခဲ့ပြီး အဆင့်မြှင့်တင်ရန်အတွက် ၁၀၀% အသုံးပြုလိုက်ပြီးနောက်တွင်ပင် သူမ၌ ၂၇၅% ကျန်ရှိနေသေးသည်။ အဆင့်မြှင့်တင်ပြီးနောက်တွင် ၎င်းက ၂၇.၅% သို့ လျော့ကျသွားမည် ဖြစ်၏။
ယခု ကိုးဆင့် ပျက်သုဉ်းခြင်း ကောင်းကင်ကပ်ဘေး ကို မျိုချလိုက်ပြီးနောက် ၎င်းက ၄၀% အထိ ပြန်လည် မြင့်တက်လာနိုင်ခြင်းမှာ တကယ်ကို ကောင်းမွန်လွန်းလှသည်။
--