← Chapters

အခန်း ၅၈၈

Vol. 40 Ch. 588

အခန်း ၅၈၈

Vol. 40 Ch. 588

အခန်း (၅၈၈) - နတ်ဘုရားသစ်ပင် တစ်ပင် မွေးဖွားလာခြင်းနှင့် ညစာစားပွဲ

~“ဂိုဏ်းချုပ် ကျွန်မ အဆင့်တက်သွားပြီ”

ဟူဖေးဖေးက ပေါက်ကွဲစေသော တုတ်တိုကို ကိုင်ဆောင်လျက် ကောင်းကင်ယံမှ ဆင်းသက်လာကာ ယဲ့ဖုန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်လာ‌၏။

သူမ၏ လှပသော မျက်နှာလေးမှာ ယခင်ကထက် ပို၍ ဖြူရော်နေကာ အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုအပြည့်ရှိသော မြေခွေးမလေး တစ်ကောင်၏ မျက်နှာသွင်ပြင်မျိုး ဖြစ်နေတော့၏။

“အရမ်းကြီး အနားမကပ်နဲ့”

ယဲ့ဖုန်းက လက်တစ်ဖက် ဆန့်ထုတ်ကာ ဟူဖေးဖေး၏ နဖူးကို ဖိတွန်း၍ ဖယ်ရှားလိုက်ပြီးနောက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

မိုးကြိုးသားရဲလေးမှာ လျှပ်စီးမိုးကြိုးများကြားတွင် မြူးတူးပျော်ရွှင်နေလေ၏။

၎င်းက ကစားရသည်ကို ပင်ပန်းသွားပုံရပြီး ကောင်းကင်ကပ်ဘေးကြားတွင် ထိုအတိုင်း လှဲလျောင်းကာ အိပ်ပျော်သွားတော့သည်။ ကောင်းကင်ကပ်ဘေးမှာလည်း ရပ်တန့်သွားမည့် အရိပ်အယောင် မပြဘဲ မြူခိုးဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် အမြဲတမ်း တည်ရှိနေသော ကောင်းကင်ဖြစ်စဉ် တစ်ခုအဖြစ် ကျန်ရစ်နေခဲ့‌၏။ ၎င်းက သတ္တဝါလေးကို မပစ်ခတ်တော့ချေ။

“ကောင်းကင်ကပ်ဘေးက ဒီမိုးကြိုးသားရဲလေးကို မပစ်ခတ်ချင်ဘဲ မြူခိုးဂိုဏ်းရဲ့ အထက်မှာ မပျောက်မပျက်ဘဲ ဆက်ရှိနေပါလား”

ကျောင်းယန် ရှေးဟောင်းသူတော်စင်က အနှစ်သာရကို ထိုးထွင်းသိမြင်သွား‌၏။

“ငါ နားလည်ပြီ”

“သဘာဝ ဝိညာဉ်စွမ်းအင်တွေရဲ့ ဆန္ဒက ဒီမိုးကြိုးသားရဲလေးကို သဘောကျနေလို့ ကိုးဆင့် ကောင်းကင်ကပ်ဘေးကို အသုံးပြုပြီး သူ့ကို ကာကွယ်ပေးထားတာပဲ”

“မြူခိုးဂိုဏ်းက တကယ်ကို ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတာပဲ”

ကျောင်းယန် ရှေးဟောင်းသူတော်စင်၏ ရင်ထဲတွင် ပို၍၊ ပို၍ အံ့အားသင့်လာရ‌၏။

မြူခိုးဂိုဏ်းက အလွန် ထူးခြားဆန်းကြယ်ပြီး အတိတ်က ပေါ်ထွန်းခဲ့ဖူးသော မည်သည့် ကြယ်ငါးပွင့်အဆင့် အင်အားစုများထက်မဆို ပိုမို ကြီးမားသည့် အလားအလာများ ရှိနေကြောင်းကို သူ သဘောပေါက်သွား၏။

“အချိန်တစ်ခုသာ ပေးမယ်ဆိုရင် မြူခိုးဂိုဏ်းက ကြယ်ငါးပွင့်အဆင့်ကို တက်လှမ်းဖို့ ဆိုတာ ပြဿနာ မဟုတ်သလို ကြယ်ခြောက်ပွင့်အဆင့် သန့်စင်သောနယ်မြေ အဖြစ် ရပ်တည်လာနိုင်ဖို့ကလည်း မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး”

ကျောင်းယန် ရှေးဟောင်းသူတော်စင်မှာ ရင်တွင်း၌ တုန်လှုပ်သွားရ‌၏။

“ဂျွတ်... ဂျွတ်... ဂျွတ်... ”

ထိုအခိုက်အတန့်တွင် မြူခိုးတောင်ထိပ်ပေါ်မှ ထူးဆန်းသော အသံများ ထွက်ပေါ်လာ‌၏။

နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်က ရေတွက်၍မရနိုင်သော အိုမင်းနေသည့် အခေါက်များကို ခွာချလိုက်ပြီးနောက် ၎င်းတို့၏ နေရာတွင် ပို၍ မာကျောသော အခေါက်များ အလွှာလိုက် အသစ် ပြန်လည် ထွက်ပေါ်လာတော့၏။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်း ပုံစံများက တွယ်တက်လာပြီး ရှေးကျကာ ခိုင်မာသော ခံစားချက်ကို ထုတ်လွှတ်နေ‌၏။

၎င်း၏ ကျင့်ကြံခြင်းအဆင့်ကလည်း နတ်ဆိုး ဧကရာဇ် အဆင့်သို့ အောင်မြင်စွာ ဝင်ရောက်သွားတော့၏။

“ဝုန်း... ဝုန်း... ဝုန်း... ”

ကိုးဆင့် ကောင်းကင်ကပ်ဘေးကလည်း ချက်ချင်းဆိုသလို လိုက်ပါလာလေတော့သည်။

ခမ်းနားထည်ဝါသော ရွှေရောင် လျှပ်စီးမိုးကြိုးများက မိုးဖွဲဖွဲကျလာကာ နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင် အပေါ်သို့ ရိုက်ချလိုက်၏။ သစ်ပင်ကြီးက ၎င်းတို့ထဲမှ အများစုကို မျိုချလိုက်သော်လည်း အနည်းငယ်သော မိုးကြိုးများကြောင့် ၎င်း၏ သစ်ခေါက်များ ပေါက်ကွဲထွက်သွားရ‌၏။

သို့သော်လည်း အလွန် အားကောင်းသော သက်စောင့်အရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ ပျက်စီးသွားသော သစ်ခေါက်များကို လျင်မြန်စွာ ပြန်လည် ပြုပြင်ပေးလိုက်ရာ ၎င်းကို အမြင့်ဆုံး အခြေအနေတွင် အမြဲတမ်း ရှိနေစေတော့၏။

(၁) နာရီ ကြာပြီးနောက်၊

ကိုးဆင့် ကောင်းကင်ကပ်ဘေး ပြီးဆုံးသွား‌၏။

နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်က ခိုင်မာသော သက်စောင့်အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်လိုက်၏။ ထိုအခိုက်၊ ၎င်း၏ ပင်စည်က တုတ်ခိုင်လာကာ သစ်ကိုင်းများကလည်း ဝေဆာလာပြီး အောက်ခြေအဆင့် နတ်ဆိုး ဧကရာဇ် အဆင့်တွင် အခိုင်အမာ ရပ်တည်သွားလေတော့၏။

“အံ့မခန်းပဲ”

ယဲ့ဖုန်းက အပန်းဖြေ ကုလားထိုင်ပေါ်တွင် ခပ်ပြုံးပြုံး ထိုင်လျက် ဖန်ဒါ ဟု အမည်ရသော သောက်စရာ အသစ်တစ်မျိုးကို စုပ်သောက်ရင်း အလွန် သက်တောင့်သက်သာ ရှိနေသည်ဟု ခံစားနေရ‌၏။

နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်နှင့် မိုးကြိုးသားရဲလေးတို့၏ အဆင့်တက်လှမ်းမှုက ယဲ့ဖုန်းအတွက် ကျင့်ကြံခြင်းအဆင့်ကို အားနည်းစွာ မြှင့်တင်ပေးနိုင်ခဲ့ခြင်း မဟုတ်ပေ။

ယနေ့အချိန်အထိ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အားကိုးမည်ဆိုလျှင် ယဲ့ဖုန်း၏ စွမ်းအားက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာနှင့် အကန့်အသတ်မရှိ နီးစပ်နေတော့၏။

“ကြည့်ကြစမ်း.. အစောင့်အရှောက် အကြီးအကဲက မူလနတ်ဘုရား အဆင့်ကို တက်လှမ်းသွားပြီဟေ့”

“ငါတို့ မြူခိုးဂိုဏ်းမှာ နောက်ထပ် လေးစားရတဲ့ နတ်ဆိုး ဧကရာဇ် စီနီယာကြီး တစ်ပါး ထပ်တိုးလာပြန်ပြီ”

“ဟင်းလင်းပြင်ဖြိုခွဲ အဆင့်မှာ ရှိတဲ့ မဟာတန်ခိုးရှင်တွေ ဖြစ်ကြတဲ့ မြူခိုးသခင်လေး နဲ့ မင်းသမီးလေး ဟူဖေးဖေး တို့က ခိုင်မာတဲ့ အစောင့်အရှောက်တွေ အဖြစ် ရှိနေပြီးတော့ လေးစားရတဲ့ နတ်ဆိုး ဧကရာဇ် ဆယ်ပါးနီးပါးလောက်က အထိုင်ချနေတာဆိုတော့ ငါတို့ မြူခိုးဂိုဏ်းက ကြယ်လေးပွင့်အဆင့် အင်အားစု တစ်ခုနဲ့ တကယ်ကို ယှဉ်နိုင်နေပြီပဲ”

“မှန်တာပေါ့”

“ငါတို့ ဂိုဏ်းကြီး ဒီထက်မက ဆက်လက် တစ်ဟုန်ထိုး တိုးတက်ပါစေ”

ကြီးကြပ်သူများနှင့် တပည့်များမှာ မြူခိုးတောင်ထိပ် ပေါ်ရှိ ပေ (၃၀၀) အမြင့်ရှိ နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင် ဆီသို့ အကြည့်ပို့လွှတ်လိုက်ကြသည့်အခိုက် ၎င်းထံမှ တက်ကြွသော သက်စောင့်စွမ်းအင်နှင့် ရင့်ကျက်တည်ငြိမ်မှုတို့ကို ခံစားနေရ‌၏။

“ထင်းရှူးအိုကြီး ၊ ခင်ဗျားမှာ ပါရမီအသစ်တွေ ရလာသေးလား”

ယဲ့ဖုန်းက သစ်ပင်အောက်ခြေတွင် မတ်တတ်ရပ်ရင်း အလွန် သိချင်နေ၏။

“ဟုတ်ကဲ့ပါ ကျွန်တော့်ရဲ့ စပျစ်နွယ်ပင် ပါရမီက အဆင့်မြင့်သွားပါပြီ။ အခုဆိုရင် နွယ်ပင်ပေါင်း ရာနဲ့ချီပြီး တစ်ပြိုင်တည်း ထုတ်လွှတ်နိုင်သလို အမြင့်ဆုံး အကွာအဝေးကလည်း မိုင်တစ်ထောင်လောက်အထိ ရောက်နိုင်ပါတယ်။ အဆင့်နိမ့် ဝိညာဉ်ရတနာ တစ်ခုလိုပဲ ဖျက်ဆီးလို့ မရနိုင်ပါဘူး”

“ကျွန်တော့်ရဲ့ မူလပါရမီ ဖြစ်တဲ့ ချပ်ဝတ် အစောင့်အရှောက် ကလည်း ဆင့်ကဲပြောင်းလဲသွားပါပြီ။ အခုဆိုရင် ဝိညာဉ်ပင်လယ် အထွတ်အထိပ်အဆင့် ခွန်အားတွေ ရှိကြတဲ့ ချပ်ဝတ် အစောင့်အရှောက် ရာနီးပါးလောက်ကို တစ်ပြိုင်တည်း ထုတ်လွှတ်နိုင်ပါပြီ”

“ဒါ့အပြင် ချပ်ဝတ် အစောင့်အရှောက် တွေမှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးခြင်း ဆိုတဲ့ ပါရမီအသစ်တစ်ခု ရလာပါတယ်။ အကယ်လို့ သူတို့က အလုံအလောက် နီးကပ်နေမယ်ဆိုရင် ပေါက်ကွဲသွားတဲ့အခါ အသစ်တက်လှမ်းထားတဲ့ မူလနတ်ဘုရား အဆင့် ကျင့်ကြံသူတွေတောင် ခံနိုင်ရည်မရှိဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်ပါတယ်”

“သေချာတာပေါ့ အရေးကြီးဆုံး ပါရမီအသစ်ကတော့ ထူးခြားတဲ့ ထင်းရှူးသီး ပါပဲ။ အဲဒီအထဲက ထင်းရှူးစေ့တွေကို စားသုံးလိုက်ရင် ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်စေနိုင်ပါတယ်”

နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်က ၎င်း၏ စွမ်းရည်သစ်များကို မိတ်ဆက်ပေးလိုက်‌၏။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်လုံးများက အရောင်လက်သွားတော့၏။

“ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်စေနိုင်တဲ့ ထင်းရှူးစေ့တွေ ဟုတ်လား။ ကောင်းတယ် အခုကစပြီး ဂိုဏ်းသားတွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် ထင်းရှူးစေ့တွေကို ဖြစ်နိုင်သမျှ အများကြီး ထုတ်လုပ်ပေးပေတော့”

“အမိန့်အတိုင်းပါပဲ ဂိုဏ်းချုပ်”

နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်၏ ပင်စည်ပေါ်ရှိ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားရာ ၎င်းက လူသားမျိုးနွယ်စုများ ခေါင်းညိတ်ပြသည်နှင့် တူညီသည်။

၎င်းက မြူခိုးတောင်ထိပ်၏ ကြီးမားသော ဝိညာဉ်ကြောပေါ်တွင် အမြစ်တွယ်ထားရာ သဘာဝ ဝိညာဉ်စွမ်းအင် မြောက်မြားစွာကို မျိုချနိုင်စွမ်း ရှိ၏။ ဝိညာဉ်စွမ်းအင်များ ခန်းခြောက်မသွားသရွေ့ ၎င်းက ထူးဆန်းသော ထင်းရှူးသီးများကို အဆက်မပြတ် ထုတ်လုပ်ပေးနိုင်သည်။

ထို့ကြောင့် မြူခိုးဂိုဏ်းမှ တပည့်များမှာ သူတို့၏ ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တိုးတက်လာမည့် အခွင့်အရေးတစ်ခုကို ကြိုဆိုရတော့မည် ဖြစ်၏။

“နတ်ဘုရားသစ်ပင်ငယ်လေး လို့တောင် ခေါ်လို့ရတဲ့ ထင်းရှူးပင် တစ်ပင်ပါလား။ စိတ်ဝင်စားစရာပဲ”

ကျောင်းယန် ရှေးဟောင်းသူတော်စင်က နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်ကို ကြည့်လိုက်ရာ မျက်လုံးများ အနည်းငယ် အရောင်လက်သွား‌၏။

ကျောင်းယန် သန့်စင်သော မြေ၏ သခင်တစ်ဦးအနေဖြင့် ဖူစန်းသစ်ပင် တစ်ပင်ကို စိုက်ပျိုးခဲ့ပြီး အထွတ်အထိပ် နတ်ဆိုး ဧကရာဇ် အဆင့်အထိ ပြုစုပျိုးထောင်ကာ နှစ်ပေါင်း တစ်သိန်းကျော်တိုင်တိုင် အမွေဆက်ခံစေခဲ့သည်။

ဖူစန်းသစ်ပင် ရှိနေခြင်းဖြင့် ကျောင်းယန် နယ်မြေက ၎င်း၏ ကြီးပွားချမ်းသာမှုကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ခဲ့လေ၏။

ထို့ပြင် အင်အားစု တစ်ခုအနေဖြင့် ၎င်း၏ အဓိက ဗဟိုချက်တွင် ဖူစန်းသစ်ပင် ၊ သို့တည်းမဟုတ် နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင် ကဲ့သို့သော အထွတ်အမြတ် သစ်ပင်တစ်ပင် ရှိနေရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရေရှည်တည်တံ့ရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် နှစ်တစ်ထောင် ရှေးဟောင်းထင်းရှူးပင်က နတ်ဆိုး ဧကရာဇ် အဆင့်သို့ တက်လှမ်းသွားပြီး တပည့်များ၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်သည့် ထူးဆန်းသော ထင်းရှူးသီးများကို ထုတ်လုပ်ပေးနိုင်သည်ကို မြင်လိုက်ရသောအခါ ကျောင်းယန် ရှေးဟောင်းသူတော်စင်က မြူခိုးဂိုဏ်း၏ အခြေခံအုတ်မြစ်များမှာ ပို၍ပို၍ အံ့မခန်း ဖြစ်လာနေကြောင်းကို သဘောပေါက်သွား‌၏။

ထိုကဲ့သို့သော အင်အားစုမျိုးက အများအားဖြင့် အကန့်အသတ်မရှိသော အလားအလာများ ရှိတတ်သည်။

“ဒီသူတော်စင် တောင်မှ ဖောက်ထွင်းမမြင်နိုင်တဲ့ အင်အားစု တစ်ခုပါလား။ စိတ်ဝင်စားစရာပဲ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလွန်းတယ်”

ကျောင်းယန် ရှေးဟောင်းသူတော်စင်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ ပြင်ပကိုယ်ပွားကို ပြန်လည်ရုပ်သိမ်းလိုက်တော့၏။

သူက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ကို စနစ်တကျ အကွက်ချ၍ ထောက်ပံ့ပေးခဲ့ခြင်းမှာ သစ်မာ လွင်ပြင် အောက်ရှိ ရှေးဟောင်း သူတော်စင်နတ်ဘုရားကို တရားဝင် သိမ်းပိုက်နိုင်ရန်သာ ဖြစ်‌၏။

သို့သော် ရှေးဟောင်း သူတော်စင်နတ်ဘုရား က သူ့ကို အထင်အမြင်သေးခဲ့သည်။

ထိုအချက်က သူ့ကို ကူကယ်ရာမဲ့သလို ခံစားသွားရစေ၏။

ထို့ပြင် ရှေးဟောင်း သူတော်စင်နတ်ဘုရား၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သော ယဲ့ဖုန်းမှာ ယခုအခါ ကျောင်းယန် ရှေးဟောင်းသူတော်စင် ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့ပြီး သူ၏ ရင်ထဲတွင် အတွေးသစ်များကို လှုံ့ဆော်ပေးလိုက်‌၏။

“မြူခိုးဂိုဏ်း... လောလောဆယ်တော့ စောင့်ကြည့်ရသေးတာပေါ့။ ပြီးမှ ဒီအင်အားစုကို ထောက်ပံ့ပေးသင့် မသင့် ဆုံးဖြတ်မယ်”

ကျောင်းယန် ရှေးဟောင်းသူတော်စင် က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အင်အားစု တစ်ခုကို ထောက်ပံ့ပေးခြင်းဆိုသည်မှာ အလားအလာ သက်သက်မျှဖြင့် ဆုံးဖြတ်၍ ရသော ကိစ္စ မဟုတ်ပေ။ ထိုအင်အားစု၌ သစ္စာဖောက်မည့် အကြံအစည် မရှိကြောင်း သေချာစေရန် အဘက်ဘက်မှ အကဲဖြတ်ရန် လိုအပ်‌၏။ သို့မဟုတ်ပါက ထောက်ပံ့ပေးပြီးသည်နှင့် တစ်ပြိုင်နက် သူ့အတွက် အကျိုးယုတ်စေနိုင်၏။

... ... ...

ယဲ့ဖုန်းကမူ သူသည် ကျောင်းယန် ရှေးဟောင်းသူတော်စင် ၏ အာရုံစိုက်မှုကို ခံနေရကြောင်း လုံးဝ မသိရှိခဲ့ချေ။

သူက အပန်းဖြေ ကုလားထိုင်ပေါ်တွင် ထိုင်လျက် ရေခဲ ကိုလာကို တစ်ကျိုက် သောက်လိုက်ပြီး ဖန်ဒါ အေးအေးလေးကို ထပ်သောက်လိုက်သည်။ ထို့နောက် အအေးခံထားသော ဖရဲသီး တစ်စိတ်ကို စားလိုက်ရာ လုံးဝကို သက်တောင့်သက်သာ ရှိသွားသည်ဟု ခံစားလိုက်ရ‌၏။

“တယ်လည်း ဇိမ်ကျပါလား”

ယဲ့ဖုန်းက လည်ပင်းကို အညောင်းဆန့်လိုက်ပြီး သိုင်းနည်းစနစ်အချို့ကို စတင် တွက်ချက်လိုက်သည်။ ထို့နောက် ၎င်းတို့ကို အလွယ်တကူ ကျင့်ကြံနိုင်သော ကျင့်ကြံရေး လက်စွဲစာအုပ် အဖြစ် ရေးသားလိုက်ပြီး ကျီဇီလင်း ထံသို့ ပေးအပ်ကာ ယာယီ စွမ်းအားဖြန့်ဝေခြင်း အကြီးအကဲ တစ်ဦးအနေဖြင့် ဆက်လက် သင်ကြားပေးရန် ပြောကြားလိုက်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွား‌၏။

လင်မြောင်ဘိုးဘေး က မြူခိုးတောင်ထိပ် သို့ အလျင်စလို ရောက်ရှိလာ၏။

“ညီလေးယဲ့.. သွားရမယ့် အချိန်ရောက်ပြီကွ”

“ဟင်.. ခင်ဗျား.. တစ်ယောက်တည်းပါလား။ ကျန်းလင်းဘိုးဘေး ရဲ့ ကိုယ်ပွားရော ဘယ်ရောက်သွားလဲ”

“ပြောမနေပါနဲ့တော့ကွာ။ အဲဒီအဘိုးကြီးက မနေ့ကတင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဒုတိယအလွှာကို တက်လှမ်းသွားတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းကို ခိုင်မာအောင် လုပ်ဖို့အတွက် ကိုယ်ပွားကို ပြန်ရုပ်သိမ်းပြီး ပင်မကိုယ်ထည်နဲ့ ပေါင်းစပ်လိုက်ပြီ။ မင်း.. ငါနဲ့ပဲ လိုက်ခဲ့လိုက်တော့”

“ကောင်းပါပြီဗျာ”

ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

ယနေ့တွင် သူက လေဝူဘိုးဘေး ကျင်းပမည့် ညစာစားပွဲသို့ တက်ရောက်ရန် ကျောင်းယန် သန့်စင်သော မြို့တော် သို့ သွားရောက်ရမည် ဖြစ်လေ၏။

စကားမစပ် သူက နတ်ဆိုး ဘုရားကျောင်း ၏ အတိမ်အနက်ကိုလည်း စူးစမ်းရဦးမည် ဖြစ်သည်။

“ဝှီး... ”

နောက်တစ်စက္ကန့်တွင် ယဲ့ဖုန်း၊ ဟူဖေးဖေး နှင့် လင်မြောင်ဘိုးဘေး တို့က မြူခိုးတောင်ထိပ် မှ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို စီးနင်းကာ လျှို့ဝှက်ဆန်းကြယ် မြို့တော် သို့ သွားရောက်လိုက်ကြ၏။ ထိုမှတစ်ဆင့် ကြီးမားသော နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို အသုံးပြုကာ ကျောင်းယန် သန့်စင်သော မြို့တော် သို့ ရောက်ရှိ

သွားကြတော့သည်။

နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် ၏ အပြင်ဘက်တွင်၊

မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် မတ်တတ်ရပ်လိုက်စဉ် ယဲ့ဖုန်းက ခမ်းနားထည်ဝါသော အရှိန်အဝါ တစ်ခုက သူ့အပေါ်သို့ ရိုက်ခတ်လာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။

“ကျောင်းယန် သန့်စင်သော မြို့တော် က နာမည်နဲ့ လိုက်ပါပေတယ်။ ပတ်ဝန်းကျင်က လက်အောက်ခံ မြို့နယ်တွေကိုပါ ထည့်တွက်မယ်ဆိုရင် တစ်ခုလုံး ခြုံကြည့်ရတဲ့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကြီးထက်တောင် ပိုပြီး ကြီးမားနေပါလား”

ယဲ့ဖုန်းက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။

“မှန်တာပေါ့”

လင်မြောင်ဘိုးဘေး က ခေါင်းညိတ်လိုက်ပြီး ရှင်းပြလာသည်။

“ကျောင်းယန် သန့်စင်သော မြို့တော် က မိုင်သန်းပေါင်း ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ကျယ်ဝန်းပြီး ရေတွက်လို့ မရနိုင်တဲ့ အင်အားစုတွေ မှီတင်းနေထိုင်ကြတယ်။ ကြယ်လေးပွင့်အဆင့် အင်အားစု တွေချည်းပဲ သီးသန့်ကို ရာနဲ့ချီပြီး ရှိတာကွ”

“တကယ်ကို များပြားလှတာပဲ”

ယဲ့ဖုန်းက မသိမသာ ရေရွတ် လိုက်ပြီး သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ နတ်ဆိုး ဘုရားကျောင်း ရှိရာ နေရာကို ပိတ်လှောင်လိုက်ပြီး သွားရောက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်‌သည်။

ဟူဖေးဖေး က အဆင့်မြင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။

ပုံမှန် အခြေအနေတွင် သူမက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။ တတိယ တိုက်ခိုက်ရေးပုံစံ သို့ ဝင်ရောက်သွားပါက နတ်ဆိုး ဘုရားကျောင်းသခင် ကို အနိုင်ယူရန် ဆိုသည်မှာ ပြဿနာ မဟုတ်တော့ချေ။

လက်စားချေ ရန် အချိန်ကျရောက်လာတော့၏။

“ညီလေးယဲ့ ငါ့ကိုလည်း စောင့်ပါဦးကွ”

ယဲ့ဖုန်း ဘာလုပ်လိုသည်ကို ခန့်မှန်းမိသွားသော လင်မြောင်ဘိုးဘေး မှာ အလျင်စလို နောက်မှ လိုက်ပါသွားတော့သည်။

--

All Chapters