← Chapters

အခန်း ၅၉၁

Vol. 40 Ch. 591

အခန်း ၅၉၁

Vol. 40 Ch. 591

အခန်း (၅၉၁) - သစ်ပင်နတ်ဆိုး နယ်မြေ ကို တံမြက်လှည်းသလို ရှင်းလင်းခြင်းနှင့် အင်အားစုကြီး သုံးခုမှ ဘိုးဘေးများကို ဖိနှိပ်ခြင်း

~“ဒီ... ဒီစွမ်းအားက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်”

ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့မှာ ပင့်သက်ရှိုက်မိသွားကြ‌၏။

မင်းသမီးလေး ဟူဖေးဖေး က ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သို့ မကြာသေးမီကမှ တက်လှမ်းသွားခဲ့ကြောင်းကိုသာ သူတို့ သိထားကြပြီး သူမ၏ ခွန်အားက သူတို့နှင့် အဆင့်တူညီလိမ့်မည်ဟုသာ ထင်မှတ်ထားခဲ့ကြ၏။

သို့သော် သူမက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ အထွတ်အထိပ် တွင် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုကဲ့သို့သော ခွန်အားမျိုးက ဤကြယ်တာရာ ဟင်းလင်းပြင် တစ်ခွင်ကို တံမြက်လှည်းသလို ရှင်းလင်းပစ်ရန် လုံလောက်လှသည်။

“တာအိုရောင်းရင်း ငါတို့ ဆယ်ရာခိုင်နှုန်းပဲ ယူပါ့မယ် ကျန်တာတွေအကုန်လုံး မင်းတို့ပဲ ယူလိုက်ပါ။ ငါတို့ ရန်သူတွေကနေ မိတ်ဆွေတွေအဖြစ် ပြောင်းလဲလိုက်ကြရင် ဘယ်လိုလဲ”

သူ၏ နတ်ဘုရားပုံစံကြီး တစ်စစီ ရိုက်ခွဲခံလိုက်ရသည်ကို မြင်သောအခါ အကြီးအကဲ ကျင်းမေ ၏ ရင်ထဲတွင် အေးစက်သွားပြီး အလျင်အမြန် လက်နက်ချလိုက်‌၏။

“မရဘူး.. အကုန်လုံး ငါ့ဟာပဲ”

ယဲ့ဖုန်းထံမှ ဗိုလ်ကျစိုးမိုးသော အသံတစ်ခု ထွက်ပေါ်လာ၏။

“တာအိုရောင်းရင်း မင်းက အရမ်း လောဘကြီးလွန်းတယ်”

ဘိုးဘေးကြီး သုံးဦးစလုံး၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြ‌သည်။

သို့သော် ပေါက်ကွဲစေသော တုတ်တို ကို ကိုင်ဆောင်ကာ လိုက်ပါလာသော မင်းသမီးလေး ဟူဖေးဖေး ကို အကြည့်ပို့လွှတ်လိုက်မိသောအခါ သူတို့၏ မျက်ခွံများက အဆက်မပြတ် တုန်လှုပ်သွားကြပြီး ချက်ချင်း ခေါင်းညိတ်လိုက်ကြ၏။

“ကောင်းပါပြီ သစ်ပင်နတ်ဆိုး နယ်မြေ ကို မင်းတို့ဆီ လွှဲပြောင်းပေးပါ့မယ်။ ငါတို့ကိုတော့ ချမ်းသာပေးပါ”

ထိုအခါ၊

ယဲ့ဖုန်းက အေးစက်စက် နှာမှုတ်လိုက်‌သည်။

“သစ်ပင်နတ်ဆိုး ဘိုးဘေး ကို ငါတို့ မြူခိုးဂိုဏ်း က သတ်ခဲ့တာကွ။ သစ်ပင်နတ်ဆိုး နယ်မြေ က မူလကတည်းက ငါတို့ မြူခိုးဂိုဏ်း ပိုင်တာပဲ။ မင်းတို့က လွှဲပြောင်းပေးမယ်လို့ ပြောရအောင် ဘာအခွင့်အရေးများ ရှိနေလို့လဲ ရယ်စရာမကောင်းဘူးလား”

“ဘာ ..သစ်ပင်နတ်ဆိုး ဘိုးဘေး ကို သတ်ခဲ့တာ.. မင်းတို့လား” ဘိုးဘေးကြီး သုံးဦးမှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။

“ငါတို့ လျော်ကြေးပေးပါ့မယ်။ ပမာဏကို ညှိနှိုင်းလို့ ရပါတယ်” ဟု သူတို့က ပြောလိုက်ကြသည်။

အသက်ရှင်သန်ရန် အသည်းအသန် ဖြစ်နေသော ဘိုးဘေးကြီး သုံးဦးမှာ သူတို့၏ ခပ်တင်းတင်း ရပ်တည်ချက်ကို အလျင်အမြန် လျှော့ချလိုက်ကြ‌၏။

“ငါ ပြောပြီးသားပဲ။ အကုန်လုံး ငါ့ဟာပဲလို့။ အဲဒီတော့ မင်းတို့ အင်အားစုကြီး သုံးခုဆီမှာ ရှိတဲ့ ရတနာတွေ အကုန်လုံးလည်း ပါတာပေါ့” ယဲ့ဖုန်းက ခပ်အေးအေးပင် ပြောလိုက်၏။

“မင်းက ငါတို့ အင်အားစုကြီး သုံးခုရဲ့ ပစ္စည်းတွေကိုပါ လိုချင်သေးတာလား။ တာအိုရောင်းရင်း..မင်းရဲ့ လောဘက အဆုံးအစ မရှိဘူးပဲ”

ဘိုးဘေးကြီး သုံးဦးမှာ အော်၍ ကျိန်ဆဲလိုက်ကြ‌၏။

သေချာသည်ကတော့ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ရတနာများကို သူတို့ အလွယ်တကူ လွှဲပြောင်းပေးမည် မဟုတ်ချေ။ ချက်ချင်း လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်ကြ၏။

သူတို့၏ အမြင်တွင် မင်းသမီးလေး ဟူဖေးဖေး က ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ အထွတ်အထိပ် တွင် ရှိနေပြီး သူတို့ကို အလွယ်တကူ လွှမ်းမိုးနိုင်သော်လည်း သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ဟု ထင်မှတ်ထားကြ‌သည်။

ထို့ကြောင့် ဘိုးဘေးကြီး သုံးဦးသည် တစ်ယောက်တစ်လမ်းစီ ခွဲ၍ ထွက်ပြေးကြတော့၏။

“ဟီးဟီး. ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မဟာတန်ခိုးရှင် တွေရဲ့ လိုက်သတ်တာကို ခံရမယ့် ကံဆိုးတဲ့ ကောင်က ဘယ်သူ ဖြစ်မလဲ မသိဘူး” အကြီးအကဲ ကျင်းမေ က ထွက်ပြေးရင်း သရော်လိုက်‌လေသည်။

မင်းသမီးလေး ဟူဖေးဖေး က သူ့နောက်သို့ လိုက်လာမည့် အခွင့်အရေးက သုံးပုံတစ်ပုံသာ ရှိ‌၏။ အကယ်၍ သူသာ အလုံအလောက် မြန်မြန် ပြေးနိုင်မည်ဆိုလျှင် မင်းသမီးလေး ဟူဖေးဖေး က အခြား ဘိုးဘေးကြီး နှစ်ဦးထဲမှ တစ်ဦးဦးကို ဖမ်းမိချိန်တွင် သူက အဝေးသို့ ရောက်ရှိနေပြီ ဖြစ်ပေလိမ့်မည်။

ထိုအချိန်ဆိုလျှင် သူ လုံခြုံသွားပြီ ဖြစ်‌၏။

“ဟွန်း ငါ ပြန်လာနိုင်တဲ့ တစ်နေ့ကျရင်...”

အကြီးအကဲ ကျင်းမေ သည် သူ၏ အနာဂတ် အစီအစဉ်များကို စဉ်းစားနေစဉ်မှာပင် ကြက်သီးထလာရသည်။ ရုတ်တရက်၊ သူ ခေါင်းလှည့်ကြည့်လိုက်ရာ မင်းသမီးလေး ဟူဖေးဖေး က ဟွမ်ယွမ် တုတ်တို ကို ကိုင်ဆောင်လျက် ရူးလောက်သော အရှိန်နှုန်းဖြင့် ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရတော့၏။

“ဘာလို့ ငါလဲ”

အကြီးအကဲ ကျင်းမေ က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ဟိန်းဟောက်လိုက်‌သည်။

သုံးပုံတစ်ပုံ အခွင့်အရေးဖြင့် သူ ကံဆိုးစွာ တွေ့ကြုံလိုက်ရခြင်း ဖြစ်၏။ တကယ့်ကို ကံဆိုးလွန်းလှသည်။

“ဟားဟား အကြီးအကဲ ကျင်းမေ ဒီနေ့တော့ ငါတို့အတွက် မင်းက ကပ်ဘေးကို ခံပေးလိုက်တော့။ နောက်နှစ် ဒီလိုနေ့ကျရင် မင်းအတွက် ငွေစက္ကူတွေ ပိုပြီး မီးရှို့ပေးပါ့မယ်”

အကြီးအကဲ ထျန်းကျီး နှင့် အကြီးအကဲ ဟေးရွှမ် တို့က ဟားတိုက် ရယ်လိုက်ကြ‌၏။

သူတို့၏ အမြင်တွင် မင်းသမီးလေး ဟူဖေးဖေး က အကြီးအကဲ ကျင်းမေ နောက်သို့ လိုက်သွားသရွေ့ သူတို့နှစ်ဦးမှာ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ပြီ ဖြစ်‌၏။

အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိနေဆဲပင် မဟုတ်ပါလော။

အကယ်၍ သူတို့က သည်းခံပြီး နှစ်ရာပေါင်း သို့မဟုတ် ထောင်ပေါင်းများစွာ ကြိုးစားကျင့်ကြံကာ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ အထွတ်အထိပ် ၊ သို့မဟုတ် စတုတ္ထအလွှာ သို့ ရောက်ရှိသွားမည် ဆိုလျှင် လက်စားချေ ရန် ပြန်လာရန် နောက်ကျမည် မဟုတ်ချေ။

ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင်၊

အကြီးအကဲ ကျင်းမေ သည် သူ၏ ဘဝတွင် အမြန်ဆုံး အရှိန်နှုန်းဖြင့် ထွက်ပြေးနေ‌၏။

သူက နေရာရွှေ့ပြောင်းခြင်း ကို ဆက်တိုက် အသုံးပြုနေသည်။

တစ်ကြိမ် ရွှေ့ပြောင်းတိုင်း မိုင်သောင်းပေါင်းများစွာ အဝေးသို့ ရောက်ရှိသွားသော်လည်း ရုတ်တရက် အနောက်သို့ ပြန်ကြည့်လိုက်သောအခါ မင်းသမီးလေး ဟူဖေးဖေး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ‌၏။

“ဘာတွေ ဖြစ်နေတာလဲ”

အကြီးအကဲ ကျင်းမေ မှာ အနည်းငယ်မျှပင် စိတ်အေးလက်အေး မရှိဘဲ မျက်နှာထား တင်းမာနေကာ မင်းသမီးလေး ဟူဖေးဖေး က ဟင်းလင်းပြင်ထဲတွင် အနီးအနား၌ ရှိနေပြီး အချိန်မရွေး တိုက်ခိုက်လာနိုင်သည်ဟု ခံစားနေရသည်။

“ဟွမ်ယွမ် တုတ်ကွက်”

ရုတ်တရက် ပန်းရောင် ပုံရိပ်တစ်ခုက ဘေးဘက်မှ ထွက်ပေါ်လာ‌၏။

၎င်း၏ နောက်တွင် ကောင်းကင်ကို ဖုံးကွယ်ထားသော ပေထောင်ပေါင်းများစွာ ရှည်လျားသည့် ပန်းရောင် တုတ်ရိပ်ကြီး က ထက်ကြပ်မကွာ လိုက်ပါလာပြီး ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။

“ရွှေရောင်ဓားသွား ကောင်းကင်ဖြတ်ပိုင်း”

အကြီးအကဲ ကျင်းမေ က အပြင်းအထန် ပြန်လည် တိုက်ခိုက်လိုက်သည်။ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်ကာ ကောင်းကင်ယံသို့ ရိုက်ထုတ်လိုက်ရာ ပေထောင်ပေါင်းများစွာ ရှည်လျားသော ရွှေရောင် ဓားသွားကြီး တစ်ခု သူ၏ အနောက်တွင် ပေါ်လာ‌၏။

“ဒိုင်း...”

သို့သော် ဟွမ်ယွမ် တုတ်တို ၏ စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလှ၏။ ဧရာမ ရွှေရောင် ဓားသွားကြီး ကို အလွယ်တကူ ရိုက်ခွဲကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်ပြီး အတားအဆီးမရှိ ဆက်လက် ကျဆင်းလာကာ အကြီးအကဲ ကျင်းမေ ကို တစ်စစီ ဖြစ်သွားအောင် ရိုက်ချိုးပစ်လိုက်တော့သည်။

“ဟင့်အင်း”

ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် တစ္ဆေပုံရိပ် တစ်ခု ထွက်ပေါ်လာ‌၏။

၎င်းက အကြီးအကဲ ကျင်းမေ ၏ မူလဝိညာဉ် ပင် ဖြစ်‌၏။

မင်းသမီးလေး ဟူဖေးဖေး က သူ၏ ရုပ်ခန္ဓာကို ဖျက်ဆီးပစ်လိုက်သည်ကို သူ မျက်လုံးပြူးကာ ကြည့်နေခဲ့ရပြီး လုံးဝ ပြန်လည် မခုခံနိုင်ခဲ့ချေ။ သူ၏ ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေပြီး အလျင်အမြန် ထွက်ပြေးတော့၏။

“လရောင် အကျဉ်းထောင်”

သို့သော် ဟူဖေးဖေး က လက်ညိုးဖြင့် ညင်သာစွာ ညွှန်ပြလိုက်သောအခါ အကြီးအကဲ ကျင်းမေ ၏ မူလဝိညာဉ် အထက်တွင် ပန်းရောင် လဝန်းကြီး တစ်ခု ပေါ်လာပြီး ကျယ်ပြောလှသော အလင်းတန်းများကို ဖြာကျစေကာ သူ့ကို ထိုနေရာတွင် အလွယ်တကူ ချုပ်နှောင်ထားလိုက်‌၏။

“မူလဝိညာဉ် ကိုတောင် ချုပ်နှောင်ထားနိုင်တာလား”

“ဒါ ဘယ်လို နတ်ဘုရားစွမ်းရည် မျိုးလဲ”

လင်မြောင်ဘိုးဘေး နှင့် ကျန်းလင်းဘိုးဘေး တို့မှာ အလွန် အံ့အားသင့်သွားကြတော့သည်။

ယဲ့ဖုန်း၏ မျက်နှာပေါ်တွင်ပင် အံ့အားသင့်သွားသော အမူအရာတစ်ခု ပေါ်လာ၏။

'မင်းသမီးလေး က အဆင့်မြင့် ဝိညာဉ်ရတနာ အဖြစ် တက်လှမ်းသွားပြီးတဲ့နောက် ပေါက်ကွဲစေသော တုတ်တို ကို ဟွမ်ယွမ် တုတ်တို အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ရုံသာမက လရောင် အကျဉ်းထောင် လိုမျိုး အစွမ်းထက်တဲ့ ချုပ်နှောင်ခြင်း နတ်ဘုရား စွမ်းရည်ကိုတောင် ရလာခဲ့ပါလား။ တယ်လည်း မဆိုးဘူးပဲ'

ယဲ့ဖုန်းက တွေးလိုက်ပြီး အနည်းငယ် ဝမ်းသာသွား‌၏။

“ဒါ”

အဝေးတွင်ရှိနေသော အကြီးအကဲ ထျန်းကျီး နှင့် အကြီးအကဲ ဟေးရွှမ် တို့မှာ လေအေးများကို ရှူသွင်းလိုက်ကြသည်။ သူတို့နှင့် ခွန်အားမတိမ်းမယိမ်း ရှိသော အကြီးအကဲ ကျင်းမေ သည် တစ်ချက်တည်းနှင့်ပင် အစွမ်းအစ ကင်းမဲ့သွားကာ ရုပ်ခန္ဓာ တစ်စစီ ရိုက်ခွဲခံလိုက်ရမည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

သူ၏ မူလဝိညာဉ် ပင် ချုပ်နှောင်ခံလိုက်ရတော့၏။

ဤအဖြစ်အပျက်က သူတို့၏ ကျောရိုးထဲမှ စိမ့်တက်လာအောင် ကြောက်လန့်သွားစေ၏။

အကယ်၍ ထို ရက်စက်ကြမ်းကြုတ်သော အမြီးခုနစ်ချောင်း ဝိညာဉ်မြေခွေး ၏ ဖမ်းဆီးခြင်းကို ခံရမည်ဆိုလျှင် သူတို့လည်း ဇာတ်သိမ်းသွားပြီ မဟုတ်ပါလား။

ထိုသို့တွေးမိပြီး သူတို့နှစ်ဦးမှာ ပို၍ အလျင်အမြန် ထွက်ပြေးကြတော့သည်။

“တာအိုရောင်းရင်းတို့ ကျွန်တော့်ကို ချမ်းသာပေးကြပါဗျာ”

သူ၏ မူလဝိညာဉ် ချုပ်နှောင်ခံထားရပြီး လွတ်မြောက်အောင် မရုန်းထွက်နိုင်တော့သဖြင့် အကြီးအကဲ ကျင်းမေ က သူ၏ အသက်ကို ကယ်တင်နိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် အလျင်အမြန် အသနားခံလိုက်‌၏။

“မင်း.. ငါ့ရဲ့ မြူခိုးဂိုဏ်း ထဲ ဝင်ဖို့ ဆန္ဒရှိလား”

ယဲ့ဖုန်းက ရှေ့သို့ တစ်လှမ်း တိုးကာ မေးလိုက်သည်။

“ဆန္ဒရှိပါတယ်.. အကြိမ်တစ်ထောင် မက ဆန္ဒရှိပါတယ်”

အကြီးအကဲ ကျင်းမေ က ဖားယားသော မျက်နှာထားဖြင့် ချက်ချင်း ပြောလိုက်သည်။

သို့သော် သူ၏ ရင်ထဲတွင်မူ အသက်ကို ကယ်တင်ပြီးနောက် မည်သို့ ထွက်ပြေးရမည်နှင့် နောင်တစ်ချိန်တွင် မည်သို့ လက်စားချေ ရမည်ကို စဉ်းစားနေ‌၏။

“တီ..တီ.. ပစ်မှတ်က ဂိုဏ်းချုပ် အပေါ် သတ်ဖြတ်လိုတဲ့ ဆန္ဒ ရှိနေပါတယ်။ လူသစ်စုဆောင်းလို့ မရနိုင်ပါ”

စနစ်၏ အသိပေးသံကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း သက်ပြင်းချလိုက်‌၏။

သူ နှမြောသွားရသည်။

အကြီးအကဲ ကျင်းမေ သည် အစွမ်းထက်သော ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဒုတိယအလွှာ အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦး ဖြစ်‌၏။ အကယ်၍ သူ့အား မြူခိုးဂိုဏ်း သို့ ဝင်ရောက်ရန် ဖျောင်းဖျနိုင်မည်ဆိုလျှင် သူ၏ ရုပ်ခန္ဓာ ခွန်အားက သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။

နှမြောစရာကောင်းသည်က ထိုလူက သတ်ဖြတ်လိုသော ဆန္ဒ ရှိနေခြင်းပင်...။

“သူ့ကို ဖျက်ဆီးပစ်လိုက်”

ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ မင်းသမီးလေး ကလည်း အဆင့်မြှင့်တင်ထားသော ဟွမ်ယွမ် တုတ်တို ကို ချက်ချင်း ဝှေ့ယမ်းလိုက်ပြီး အကြီးအကဲ ကျင်းမေ ၏ မူလဝိညာဉ် ကို ရိုက်ခွဲပစ်လိုက်တော့၏။

“ဘာလို့လဲ...”

အကြီးအကဲ ကျင်းမေ မှာ မသေဆုံးမီလေးတွင် နားမလည်နိုင်အောင် ဖြစ်သွားရ‌သည်။

ငါ အသနားခံသည့်.. ပုံစံက မှားယွင်းနေခဲ့လို့များလား။

ဘာလို့များ ငါ့ကို သတ်ရသေးတာလဲ။

အဆုံးမဲ့ မကျေနပ်မှုများဖြင့် အကြီးအကဲ ကျင်းမေ ..လုံးဝ ပျက်သုဉ်းသွားတော့၏။

“ကျန်တဲ့ နှစ်ယောက်ကိုပါ သွားရှင်းလိုက်။ တစ်ယောက်မှ အကျန်မခံနဲ့”

ယဲ့ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်‌သည်။

အကြီးအကဲ ထျန်းကျီး နှင့် အကြီးအကဲ ဟေးရွှမ် တို့သည်လည်း သူ၏အပေါ် သတ်ဖြတ်လိုသော ဆန္ဒ ရှိနေကြမည်သာ ဖြစ်သည်။ ဤအခြေအနေများအောက်တွင် လူသစ်စုဆောင်းရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် သူတို့ကို ဖျက်ဆီးပစ်လိုက်ရုံသာ ရှိတော့၏။

“ဟုတ်”

မင်းသမီးလေး က ဟွမ်ယွမ် တုတ်တို ကို ဝှေ့ရမ်းကစားလျက် စိတ်လှုပ်ရှားစွာဖြင့် ပျံသန်းထွက်ခွာသွား‌တော့၏။

“ညီလေးယဲ့ ဘာလို့ အကြီးအကဲ ကျင်းမေ ကို ဖျက်ဆီးပစ်ဖို့ ရွေးချယ်လိုက်သေးတာလဲ။ သူ မြူခိုးဂိုဏ်း ထဲ ဝင်ဖို့ ဆန္ဒမရှိလို့လား”

“မှန်တာပေါ့ အစွမ်းထက်တဲ့ မဟာမိတ် တစ်ယောက်ကို ရနိုင်မယ့် အခွင့်အရေးကောင်း တစ်ခု ဖြစ်နိုင်တာပဲ။ ဘာလို့ သူ့ကို ဖျက်ဆီးပစ်လိုက်ရတာလဲ”

ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့မှာ နားမလည်နိုင်အောင်.. ဖြစ်နေကြ‌သည်။

“သူ တကယ်.. အညံ့ခံတာ မဟုတ်ဘူး။ သူ့ရဲ့ စိတ်ထဲမှာ မကောင်းတဲ့ အကြံအစည်တွေ အပြည့်ပဲ။ သူ့ကို အသက်ရှင်ခွင့် ပေးထားတာက ပြဿနာပဲ ဖြစ်လာလိမ့်မယ်”

ယဲ့ဖုန်းက အတိုချုံး ရှင်းပြလိုက်၏။

“ညီလေးယဲ့.. မင်းက တခြားသူတွေရဲ့ အတွေးတွေကိုတောင် ခန့်မှန်းနိုင်တာလား” ကျန်းလင်းဘိုးဘေး က အံ့အားသင့်စွာ ပြောလိုက်သည်။

ယဲ့ဖုန်းတွင် စိတ်ဖတ်နိုင်သော နတ်ဘုရားစွမ်းရည် များ ရှိနေတာများလား။

“ဒါကြောင့်ပါ”

ယဲ့ဖုန်းက ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း ကို ထုတ်ယူလိုက်၏။

“ဒီခေါင်းလောင်းကို ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း လို့ ခေါ်တယ်။ ဒီခေါင်းလောင်းကို မြည်အောင် လုပ်နိုင်တဲ့ သူတွေကပဲ ကျွန်တော်တို့ မြူခိုးဂိုဏ်း နဲ့ ကံစပ်တဲ့ သူတွေပဲ”

“ဪ.. ဒီလိုကိုး”

ဘိုးဘေးနှစ်ဦး သဘောပေါက်သွားကြ‌၏။

သူတို့က ကံကြမ္မာ ခရမ်းရောင် ရွှေခေါင်းလောင်း ကို ညင်သာစွာ ထိတွေ့ကြည့်ကြသော်လည်း မြည်အောင် မလုပ်နိုင်ကြသဖြင့် အနည်းငယ် နှမြောသွားကြသည်။

ယဲ့ဖုန်းလည်း ကူကယ်ရာမဲ့သွားရ‌၏။

ဤဘိုးဘေးနှစ်ဦးကို ဂိုဏ်းထဲ သွင်း၍ မရနိုင်ခြင်းက တကယ်ကို နှမြောစရာ ကောင်းလှသည်။

အဝေးရှိ ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင်၊

မင်းသမီးလေး က မျက်တောင်တစ်ခတ်အတွင်း မိုင်သောင်းပေါင်းများစွာကို ဖြတ်သန်းသွား‌၏။ သူမ၏ အရှိန်နှုန်းက သာမန် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အကြီးအကဲများထက် အဆပေါင်းများစွာ ပိုမြန်နေပြီး အကြီးအကဲ ထျန်းကျီး နှင့် အကွာအဝေးကို လျင်မြန်စွာ ကျဉ်းမြောင်းသွားစေတော့သည်။

“မင်းက ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ”

အကြီးအကဲ ထျန်းကျီး မျက်လုံးများ ပြူးသွားရ‌၏။

ပုံမှန် အခြေအနေများအောက်တွင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာ ကျင့်ကြံသူ တစ်ဦးပင်လျှင် တစ်ကြိမ် နေရာရွှေ့ပြောင်းလျှင် မိုင်တစ်သောင်းကျော် အနည်းငယ်မျှသာ သွားနိုင်‌၏။

သို့သော် ဤ လျှို့ဝှက်ဆန်းကြယ်သော အမြီးခုနစ်ချောင်း ဝိညာဉ်မြေခွေး က တစ်ကြိမ် နေရာရွှေ့ပြောင်းတိုင်း မည်သို့လုပ်၍ ဤမျှ ကြီးမားသော အကွာအဝေးကို ဖြတ်သန်းနိုင်ရသနည်း။

သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတော့၏။

--

All Chapters