အခန်း ၅၉၂
Vol. 40 Ch. 592
အခန်း (၅၉၂) - ဟူဖေးဖေး၏ ပါရမီ၊ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပညာရှင်များ ကျဆုံးပြီးနောက် ကြယ်စုတန်းငယ်များ အဖြစ် ပြောင်းလဲသွားခြင်း
~မင်းသမီးလေး ၏ နေရာရွှေ့ပြောင်းခြင်း အကွာအဝေးကို မြင်သောအခါ ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့ပင်လျှင် အလွန် အံ့အားသင့်သွားကြ၏။
“ညီလေးယဲ့.. တာအိုရောင်းရင်း မြေခွေးမလေး ရဲ့ နေရာရွှေ့ပြောင်းခြင်း က ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ။ နေရာလွတ်နဲ့ သက်ဆိုင်တဲ့ အထူး နတ်ဘုရားစွမ်းရည် တစ်ခုခုများ ဖြစ်နေမလား”
သူတို့နှစ်ဦးမှာ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားကြ၏။
ယဲ့ဖုန်းက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ် ဒါက နေရာလွတ်နဲ့ သက်ဆိုင်တဲ့ အထူး နတ်ဘုရားစွမ်းရည် တစ်မျိုးပါ။ မင်းသမီးလေး တစ်ယောက်တည်းပဲ အသုံးပြုနိုင်တာပါ”
သို့သော် ထိုအရာက အမှန်တရား မဟုတ်ချေ။
မင်းသမီးလေး က စစ်မှန်သော သက်ရှိ သတ္တဝါ တစ်ဦး မဟုတ်ပေ။
အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်သည် ရှေးဟောင်း သူတော်စင် များ၏ ကောင်းချီးပေးခြင်းကို ခံထားရသော "အနတ္တ ကျောက်စိမ်းရွှံ့" ဆိုသည့် အထူးပစ္စည်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရာ အကန့်အသတ်မရှိသော အလားအလာများကို ပိုင်ဆိုင်ထား၏။
ဤပစ္စည်းသည် သဘာဝအားဖြင့် ဟင်းလင်းပြင်၏ ဂုဏ်သတ္တိများနှင့် ဆက်စပ်နေ၏။ သူမက အဆင့်မြင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းသွားသည်နှင့် တစ်ပြိုင်နက် နေရာရွှေ့ပြောင်းခြင်း ၏ အကွာအဝေးက သဘာဝကျစွာပင် အလွန် ရှည်လျားသွားခဲ့ခြင်း ဖြစ်သည်။
“ဝှီး... ”
မင်းသမီးလေး က ရုတ်တရက် အရှိန်မြှင့်လိုက်သည်။ တစ်ကြိမ် ရွှေ့ပြောင်းရုံဖြင့် မိုင်တစ်သိန်းကျော်ကို ဖြတ်ကျော်သွားကာ အကြီးအကဲ ထျန်းကျီး ကို အလွယ်တကူ မှီသွားတော့၏။
“ဒီအရှိန်နှုန်းက တကယ့်ကို သာမန်မဟုတ်ဘူး”
အကြီးအကဲ ထျန်းကျီး ၏ မျက်နှာက ထိတ်လန့်တကြား ပြောင်းလဲသွား၏။
အကြီးအကဲ ကျင်းမေ နှင့် သူသာမက ထွက်ပြေးနေဆဲဖြစ်သော အကြီးအကဲ ဟေးရွှမ် လည်း ယနေ့ အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ကြောင်းကို သူ သဘောပေါက်သွား၏။
အကြောင်းမှာ ဤ အမြီးခုနစ်ချောင်း ဝိညာဉ်မြေခွေး က အရမ်းကို အစွမ်းထက်လွန်းနေသောကြောင့်ပင်၊
“ဟွမ်ယွမ် တုတ်ကွက်”
အကြီးအကဲ ထျန်းကျီး ကို မှီသွားသည်နှင့် တစ်ပြိုင်နက် မင်းသမီးလေး က တစ်ဖက်လူကို ရှင်းပြခွင့် အနည်းငယ်မျှပင် မပေးဘဲ သူမ၏ လက်ရှိ အစွမ်းထက်ဆုံး တိုက်ကွက်ကို အသုံးပြုလိုက်သည်။
“ဒိုင်း... ”
အကြီးအကဲ ထျန်းကျီး က သူ၏ စွမ်းရည်အားလုံးကို ထုတ်သုံးခဲ့သော်လည်း ထိုတိုက်ကွက်ကြောင့် တစ်စစီ ပေါက်ကွဲထွက်သွားရ၏။
သူ၏ မူလဝိညာဉ် နှင့် ရုပ်ခန္ဓာတို့က ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် ပြန့်ကျဲလွင့်မျောသွားပြီး မိုင်တစ်သောင်းခန့် ကျယ်ဝန်းကာ တဖြည်းဖြည်း လည်ပတ်နေသော ခမ်းနားထည်ဝါသည့် ကြယ်စုတန်းငယ် တစ်ခုနှင့် တူနေတော့သည်။
“ထူးဆန်းတယ်.. ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပညာရှင်တွေ သေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေက ဘာလို့ ဒီလို ပုံသဏ္ဌာန်မျိုး ဖြစ်သွားရတာလဲ”
ကျန်းလင်းဘိုးဘေး မှာ နားမလည်နိုင်အောင် ဖြစ်နေ၏။
လင်မြောင်ဘိုးဘေး ကလည်း ဇဝေဇဝါ ဖြစ်နေ၏။
သူတို့က ခေါင်းမော့ကာ ကျယ်ပြောလှသော အဆုံးမဲ့ ကြယ်တာရာ ဟင်းလင်းပြင်ကို အကြည့်ပို့လွှတ်လိုက်ကြရာ ထိုကဲ့သို့သော ကြယ်စုတန်းငယ် ပေါင်း သန်းနှင့်ချီ၍ ရှိနေသည်ကို သတိထားမိလိုက်ကြသည်။
“ဟိုက်”
“ကျဆုံးသွားတဲ့ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပညာရှင်တိုင်းက ကြယ်စုတန်းငယ်လေးတွေ အဖြစ် ပြောင်းလဲသွားတာများလား”
ကျန်းလင်းဘိုးဘေး က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
ယဲ့ဖုန်းသည် အကြီးအကဲ ကျင်းမေ ၏ အစစ်အမှန်ယွမ် စွမ်းအင်များကို စုဆောင်းနေပြီး နောက်ဆုံးတွင် လူ့ခေါင်းအရွယ်အစားရှိ ရွှေရောင် သလင်းကျောက် တစ်တုံးအဖြစ် စုစည်းလိုက်သည်။
ဘိုးဘေးနှစ်ဦး၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ သူ ခေတ္တမျှ ရပ်တန့်သွား၏။
ပေါက်ကွဲသွားသော အကြီးအကဲ ထျန်းကျီး မှ ဖြစ်တည်လာသည့် မိုင်တစ်သောင်းခန့် ကျယ်ဝန်းသော ကြယ်စုတန်း ချပ်ပြားကြီးကို ကြည့်လိုက်ရာ ယဲ့ဖုန်း၏ အကြည့်များက စူးရှသွားတော့သည်။
“တကယ်ပဲ အဲဒီလို ပုံစံမျိုးနဲ့ တူနေတာပဲ”
ယဲ့ဖုန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။
သို့သော်လည်း ကြယ်တာရာ ဟင်းလင်းပြင်ထဲရှိ ကြယ်စုတန်း များသည် သေဆုံးသွားသော ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပညာရှင်များထံမှ ဖြစ်တည်လာခြင်း ဖြစ်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အရွယ်အစား ကွာဟချက်က အလွန် ကြီးမားလွန်းလှသောကြောင့် ဖြစ်သည်။
ကြယ်စုတန်း တစ်ခု၏ ရှေ့တွင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဆိုသည်မှာ ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သည်။
“ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ရဲ့ အရွယ်အစားက မလုံလောက်နိုင်ပေမဲ့ ရှေးဟောင်း သူတော်စင် တစ်ပါး သေဆုံးသွားပြီးနောက်မှာတော့ ကြယ်စုတန်း တစ်ခု ဖြစ်လာနိုင်တယ်။ ပြီးတော့ ရေတွက်လို့ မရနိုင်တဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်း တစ်ခုကို မွေးဖွားပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်”
ယဲ့ဖုန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။
ထိုစကားကို ကြားသောအခါ ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့၏ မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားကြ၏။
“ဒါလည်း ဖြစ်နိုင်တာပဲ”
အနည်းငယ် စဉ်းစားကြည့်ပြီးနောက် သူတို့နှစ်ဦးစလုံးက ထိုအရာက အလွန် ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလိုက်ရသည်။
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပညာရှင် တစ်ဦး၏ အရွယ်အစားက အလွန် သေးငယ်လွန်းလှ၏။ ကြီးမားသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့လျှင်တောင်မှ ထိခိုက်ပျက်စီးမှု ဧရိယာက မိုင်သောင်းဂဏန်းခန့်သာ ရှိပေလိမ့်မည်။
ကျယ်ပြောပြီး အဆုံးအစမရှိသော ကြယ်စုတန်း ကြီးများနှင့် နှိုင်းယှဉ်လျှင် ၎င်းကို သေးငယ်သော ပုရွက်ဆိတ်လေး ဟု ခေါ်ခြင်းကပင် ချီးကျူးလွန်းရာ ကျနေသည်။
တကယ့် လက်တွေ့တွင်မူ ဖုန်မှုန့်လေး တစ်မှုန့်မျှသာ ဖြစ်၏။
သို့သော် ရှေးဟောင်း သူတော်စင် များကတော့ ကွာခြားသည်။
သူတို့သည် ကောင်းကင်နှင့် မြေကြီး၏ ဆန္ဒကို ကိုယ်စားပြုသော တည်ရှိမှုများ ဖြစ်ကြ၏။ သူတို့ ကျဆုံးသွားခဲ့လျှင်တောင်မှ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စုစုပေါင်း စွမ်းအင်က အလွန် ကြီးမားလှသည်။ သူတို့အနေဖြင့် ကျယ်ပြောလှသော ကြယ်စုတန်း ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ချေ ရှိ၏။
“ငါ့ကို ချမ်းသာပေးပါ... အား... ”
ထိုအခိုက်အတန့်တွင် အဝေးရှိ ကြယ်တာရာ ဟင်းလင်းပြင်ထဲမှ မျှော်လင့်ချက် ကင်းမဲ့နေသော ဝိညာဉ်အာရုံ လှိုင်းတစ်ခု ပဲ့တင်ထပ်လာ၏။
၎င်းက အကြီးအကဲ ဟေးရွှမ် ၏ နောက်ဆုံး ထွက်သက် ပင် ဖြစ်၏။
သို့သော် မင်းသမီးလေး က အနည်းငယ်မျှပင် သနားညှာတာမှု မပြခဲ့ချေ။
ဟွမ်ယွမ် တုတ်တို ၏ ရိုက်ချက်အောက်တွင် သူက မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော ကြယ်စုတန်းငယ် တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားပြီး အေးစက်ကာ လူသူကင်းမဲ့သော ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် တွဲလွဲခိုနေတော့သည်။
“ဂိုဏ်းချုပ်.. သမီး.. အားလုံး ရှင်းလင်းပြီးသွားပြီ”
မင်းသမီးလေး က ဟွမ်ယွမ် တုတ်တို ကို ကိုင်ဆောင်ကာ ပြန်လာပြီး ယဲ့ဖုန်း၏ ဘေးတွင် မတ်တတ်ရပ်ကာ သူမ၏ နှာခေါင်းကို လက်မဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပွတ်လိုက်၏။
“ကောင်းတယ် အရမ်း တော်တယ်”
ယဲ့ဖုန်းက အားရပါးရ ရယ်မောလိုက်ပြီး အကြီးအကဲ ထျန်းကျီး ပြောင်းလဲသွားသော ကြယ်စုတန်းငယ် ကို သိမ်းဆည်းရန် လေဝိညာဉ် ပုလဲလုံး ကို အသက်သွင်းလိုက်သည်။
“တာအိုရောင်းရင်းတို့..သစ်ပင်နတ်ဆိုး နယ်မြေ မှာ ကျန်နေတဲ့ ရန်သူတွေကိုတော့ ခင်ဗျားတို့ပဲ ရှင်းလိုက်ကြပါတော့”
သူက အဝေးရှိ သစ်ပင်နတ်ဆိုး နယ်မြေ ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
မင်းသမီးလေး က ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အကြီးအကဲကြီး သုံးဦးစလုံးကို ရှင်းလင်းလိုက်ပြီးနောက် ထျန်းကျီးစံအိမ်၊ ဟေးရွှမ်ဂိုဏ်း နှင့် ကျင်းမေနန်းတော် တို့မှ ကျင့်ကြံသူများ အားလုံးမှာ လူစုကွဲကာ ထွက်ပြေးကုန်ကြပြီပင်။
သို့သော် သူတို့က အလွန်ဆုံး မူလနတ်ဘုရား အဆင့် တွင်သာ ရှိကြသည်။
ကျယ်ပြောလှသော ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် သူတို့က နေရာရွှေ့ပြောင်းခြင်း ကို အသုံးပြုနိုင်လျှင်တောင်မှ အကွာအဝေးက အရမ်း တိုတောင်းလွန်းနေသေး၏။
“ကြွက်သွားဖမ်းကြစို့”
ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့နှစ်ဦးစလုံး လှုပ်ရှားလိုက်ကြတော့၏။
သူတို့က နတ်ဘုရားပုံစံ ကြီးများကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်ပြီး တစ်ချက် ဆုပ်ကိုင်ရုံဖြင့် မူလနတ်ဘုရား အဆင့် ပညာရှင် ရာပေါင်းများစွာကို ချေမွ သတ်ဖြတ်ပစ်နိုင်သည်။
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ၏ ရှေ့တွင် မူလနတ်ဘုရား အဆင့် ဆိုသည်မှာ ပုရွက်ဆိတ်များသာ ဖြစ်ကြ၏။
ပြန်လည် ခုခံမည် လား။
ထူးခြားသော စွမ်းရည်များ သို့မဟုတ် အဆင့်မြင့် ဝိညာဉ်ရတနာ များ မရှိလျှင် မူလနတ်ဘုရား အဆင့် ပညာရှင်များအနေဖြင့် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ကို တုန်လှုပ်သွားစေရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်။
သစ်ပင်နတ်ဆိုး နယ်မြေ တွင်၊
ကျန်ရစ်သော ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သစ်ပင်နတ်ဆိုး သုံးကောင်မှာ မြေပြင်ပေါ်တွင် လဲလျောင်းကာ နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေကြပြီး သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေ၏။
ယခင်က သူတို့သည် အကြီးအကဲ ဟေးရွှမ် ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။
ဘိုးဘေးကြီး နှစ်ဦးက ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် ဘယ်ညာ လိုက်လံ သတ်ဖြတ်နေသည်ကို ကြောက်ရွံ့စွာ ကြည့်နေကြစဉ်မှာပင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သစ်ပင်နတ်ဆိုးကြီး သုံးကောင်မှာ ပြင်းထန်သော ဒဏ်ရာများကြောင့် ထွက်ပြေးရန် မတတ်နိုင်သေးဘဲ ဖြစ်နေကြ၏။
“ကောင်းကင်ဘုံက ငါတို့ သစ်ပင်နတ်ဆိုး နယ်မြေ ကို စွန့်ပစ်လိုက်ပြီပဲ”
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သစ်ပင်နတ်ဆိုးကြီး သုံးကောင်မှာ ဝမ်းနည်းပူဆွေးစွာ မျက်ရည်ကျနေကြတော့သည်။
ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင်၊
နောက်ဆုံးတွင် ယဲ့ဖုန်းသည် အကြီးအကဲ ထျန်းကျီး မှ ပြောင်းလဲသွားသော ကြယ်စုတန်းငယ် ကို လူ့ခေါင်းအရွယ်အစားရှိ အစစ်အမှန်ယွမ် သလင်းကျောက် အဖြစ် စုစည်းလိုကိသည်။ ထို့နောက်၊ မင်းသမီးလေး ဟူဖေးဖေး ၏ နေရာရွှေ့ပြောင်းခြင်း အကူအညီဖြင့် အကြီးအကဲ ဟေးရွှမ် ကျဆုံးခဲ့သော နေရာသို့ ထွက်ခွာသွား၏။
(၁၅) မိနစ် ကြာပြီးနောက်၊
ယဲ့ဖုန်းသည် အကြီးအကဲ ဟေးရွှမ် ၏ အစစ်အမှန်ယွမ် သလင်းကျောက် ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ပြီး စနစ်နေရာလွတ်ထဲသို့ ပစ်ထည့်လိုက်သည်။
ဤလုပ်ငန်းစဉ် အတွင်း မင်းသမီးလေး ဟူဖေးဖေး မှာ တော်တော်လေး တည်ငြိမ်နေ၏။
“မင်းသမီးလေး မင်း အစစ်အမှန်ယွမ် သလင်းကျောက် တွေကို မစားချင်ဘူးလား”
“သေချာတာပေါ့ စားချင်တာပေါ့”
“ဒါဆို ဘာလို့ သွားရည်မကျနေတာလဲ”
“ဘာလို့လဲဆိုတော့ . မိန်းကလေး တစ်ယောက်က ဣန္ဒြေရှိရမယ်လေ သိလား”
“ဒါ”
ယဲ့ဖုန်းမှာ စကားပြောရခက်သွားတော့၏။
သူက မင်းသမီးလေး ဟူဖေးဖေး ကို ခိုးကြည့်လိုက်ရာ သူမက တံတွေး မျိုချလိုက်သလိုမျိုး လည်ပင်းက အနည်းငယ် လှုပ်ရှားသွားသည်ကို သတိထားမိလိုက်၏။
လုပ်ငန်းစဉ် တစ်ခုလုံးက မသိမသာလေး ဖြစ်သော်လည်း သူကတော့ သတိထားမိလိုက်ပါသေးသည်။
“ဘုရား ဘုရား”
ယဲ့ဖုန်း.. ခါးသီးစွာ ပြုံးလိုက်၏။
သူ ယခုလေးတင် စုဆောင်းထားသော အစစ်အမှန်ယွမ် သလင်းကျောက် များမှာ မင်းသမီးလေး ဟူဖေးဖေး အကုန်စားပစ်ခြင်း မခံရမီ အချိန်အကြာကြီး မခံနိုင်လောက်ပေ။
“မဖြစ်သေးပါဘူး”
“ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ရဲ့ အစစ်အမှန်ယွမ် သလင်းကျောက် တွေကို ဝိညာဉ်ရတနာ တွေ ဖန်တီးရာမှာ အသုံးပြုလို့ ရတယ်။ ငါ့မှာ လောလောဆယ် အသုံးပြုရ အဆင်ပြေတဲ့ လက်နက် မရှိသေးဘူး။ လက်နက် တစ်ခု ဖန်တီးဖို့ ပစ္စည်းတွေ ရှာရမယ့် အချိန်ရောက်ပြီ”
“ပြီးတော့ ဒီည လေဝူဘိုးဘေး ရဲ့ ညစာစားပွဲ တက်ပြီးတဲ့နောက် အရေးကြီးတဲ့ ကိစ္စတစ်ခုကို ငါ မေ့သွားပါလား”
ယဲ့ဖုန်းက သူ၏ နဖူးကို ဖျတ်ခနဲ ရိုက်လိုက်မိသည်။
သူက ကိုယ်ပွားအတတ် တစ်ခုကို တွက်ချက်ဖန်တီးရန် ကိုးကားစရာ စာအုပ်များ ရှာဖွေရန် ကျောင်းယန် သန့်စင်သော မြို့တော် ၏ သိုင်းကျမ်းဆောင် သို့ သွားရန် စီစဉ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ မေ့သွားခဲ့ခြင်းပါ။
“ဝှီး... ”
သူတို့နှစ်ဦး နေရာရွှေ့ပြောင်းခြင်း ကို စတင်လိုက်ပြီး သစ်ပင်နတ်ဆိုး နယ်မြေ ၏ အထက် ကောင်းကင်ယံသို့ ပြန်လည်ရောက်ရှိသွားကြ၏။
ထိုအချိန်တွင် ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့က စစ်မြေပြင်ကို ရှင်းလင်းပြီးသွားခဲ့ပြီ ဖြစ်ကာ ထျန်းကျီးစံအိမ်၊ ဟေးရွှမ်ဂိုဏ်း နှင့် ကျင်းမေနန်းတော် တို့မှ ကျင့်ကြံသူများ အားလုံးကို အပြတ်ရှင်းလင်း သတ်ဖြတ်ပြီးသွားခဲ့ပြီပင်။
မြေပြင်ပေါ်တွင် ရတနာတောင်ကြီး တစ်တောင် ထွက်ပေါ်လာ၏။
ဤအရာများ အားလုံးမှာ အင်အားစု သုံးခုမှ ပညာရှင်များက သစ်ပင်နတ်ဆိုး နယ်မြေ ထဲတွင် လုယက်ထားခဲ့သော ကောင်းကင်နှင့် မြေကြီး ရတနာ များ ဖြစ်ကြပြီး ၎င်းတို့၏ စုစုပေါင်း တန်ဖိုးမှာ ရေတွက်၍ မရနိုင်သော အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး များနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် များပြားလှသည်။
“မင်းတို့ပဲ”
ထိုအခိုက်အတန့်တွင် ပေသုံးရာ အမြင့်ရှိသော သစ်ပင်သတ္တဝါကြီး သုံးကောင်က အဝေးတွင် မတ်တတ်ရပ်လာကြပြီး ယဲ့ဖုန်းကို အေးစက်စက် ကြည့်လိုက်ကြ၏။
သူတို့မှာ အခြားမဟုတ် သစ်ပင်နတ်ဆိုး နယ်မြေ မှ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သစ်ပင်နတ်ဆိုးကြီး သုံးကောင်ပင် ဖြစ်ကြ၏။
ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ သူတို့က စိမ်းပြာရောင် နွယ်ပင်နတ်သမီး ထံမှ ပြန်လည် ပေးပို့လိုက်သော ပုံရိပ်များကို သတိရသွားကြပြီး ထိုအထဲတွင် ယဲ့ဖုန်း၏ ပုံရိပ်လည်း ပါဝင်နေ၏။
“ရှန်ကျိုးတိုက်ကြီး ရဲ့ မျက်နှာပြင်မှာ ကောင်းကင်နဲ့ မြေကြီး ဝင်္ကပါ ကြီး ရှိနေရက်နဲ့ မင်းတို့က ကြယ်တာရာ ဟင်းလင်းပြင် ဆီ ဘယ်လိုရောက်လာပြီး ငါတို့ သစ်ပင်နတ်ဆိုး နယ်မြေ ကို ဘယ်လို ရှာတွေ့သွားတာလဲ”
သစ်ပင်နတ်ဆိုး အကြီးအကဲ သုံးဦးမှာ နားမလည်နိုင်အောင် ဖြစ်နေကြ၏။
“အဲဒါက မင်းတို့ အပူမပါဘူး” ယဲ့ဖုန်းက လက်ကို ဂရုမစိုက်သလို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သေရမယ့်သူတွေက အများကြီး သိစရာ မလိုပါဘူး”
“ဒိုင်း... ဒိုင်း... ဒိုင်း... ”
မင်းသမီးလေး ဟူဖေးဖေး က ချက်ချင်း လှုပ်ရှားလိုက်သည်။ တစ်ကောင်ကို တုတ်တစ်ချက်စီ ရိုက်ချလိုက်ရာ သစ်ပင်နတ်ဆိုး အကြီးအကဲကြီး သုံးဦးစလုံး တစ်စစီ ပေါက်ကွဲထွက်သွားတော့၏။
“မင်း... မင်း ဘာလို့ သူတို့ကို သတ်လိုက်တာလဲ” ယဲ့ဖုန်းက အံ့အားသင့်စွာ မေးလိုက်၏။
“အာ... သူတို့ကို သတ်လိုက်ဖို့ ဂိုဏ်းချုပ်ပဲ ပြောတာ မဟုတ်ဘူးလား” မင်းသမီးလေး ဟူဖေးဖေး က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်၏။
“...” ယဲ့ဖုန်းမှာ အတော်လေး စကားပြောရခက်သွားတော့သည်။
သေချာသည်ကတော့ သစ်ပင်နတ်ဆိုး အကြီးအကဲကြီး သုံးဦးစလုံးကို သူ အသက်ရှင်ခွင့် ပေးမည် မဟုတ်ချေ။ သို့သော် သူက အရေးကြီးသော သတင်းအချက်အလက်များအတွက် သူတို့ကို အရင်ဆုံး စစ်ဆေးမေးမြန်းပြီးမှ အသုံးမဝင်တော့သည့် အချိန်တွင် သတ်ပစ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် မင်းသမီးလေး ဟူဖေးဖေး က ဤမျှလောက် စိတ်မြန်လက်မြန် ရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
တုတ်သုံးချက် ရိုက်လိုက်ရုံဖြင့် အားလုံး သေကုန်ကြပြီ ဖြစ်၏။
အခု သူ ဘယ်သူ့ကို သွားပြီး စစ်ဆေးမေးမြန်းရတော့မည်နည်း။
--