← Chapters

အခန်း ၅၉၅

Vol. 40 Ch. 595

အခန်း ၅၉၅

Vol. 40 Ch. 595

အခန်း (၅၉၅) - ကိုယ်ပွားအတတ် ကို တွက်ချက်ဖန်တီးခြင်း၊ သူကတော့ ဂိုဏ်းချုပ်ယဲ့ ပင် ဖြစ်သည်

~“ဂိုဏ်းချုပ်ယဲ့ ဒီမှာ ဘာလာလုပ်တာလဲ”

ရတနာစုံ တာအိုသခင် က ယဲ့ဖုန်းကို အသေအချာ အကဲခတ်ကြည့်လိုက်ရာ သူ၏ လက်ထဲရှိ ခရမ်းရောင် ဝါးတံဆိပ် ကို သတိထားမိသွားသောအခါ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

“ဟိုက်.. ဒါက ယွီကျူး ရဲ့ ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြား ပါလား”

ယဲ့ဖုန်းက ခရမ်းရောင် ဝါးတံဆိပ် ကို အလျင်အမြန် သိမ်းဆည်းလိုက်၏။

“ကျွန်တော် ယွီကျူး နဲ့ တွေ့ပြီးပါပြီ။ အခု သန့်စင်သောမြို့တော် ရဲ့ သိုင်းကျမ်းဆောင် ဆီ သွားမလို့။ တာအိုရောင်းရင်း ရတနာစုံ ကများ လမ်းပြပေးနိုင်မလား”

“သိုင်းကျမ်းဆောင် ကို သွားမလို့ ဟုတ်လား။ ငါလည်း အဲဒီကို သွားမလို့ပဲ လမ်းကြုံနေတာပဲ”

“ဒါဆို... အတူတူ သွားကြမလား”

“ငါလည်း အဲဒီလိုပဲ စဉ်းစားနေတာ”

စကားအနည်းငယ် ပြောဆိုပြီးနောက် သူတို့နှစ်ဦး ပူးပေါင်းကာ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော သန့်စင်သောမြို့တော် ၏ သိုင်းကျမ်းဆောင် ဆီသို့ အတူတကွ ပျံသန်းသွားကြ‌၏။

လမ်းခရီးတစ်လျှောက်တွင် ရတနာစုံ တာအိုသခင် က အလွန် စိတ်အားထက်သန်နေပြီး အသေးအမွှား ကိစ္စလေးများကအစ အကုန်လုံးကို လိုက်လံ မေးမြန်းနေသဖြင့် ယဲ့ဖုန်းမှာ အနည်းငယ် စိတ်ရှုပ်သွားရတော့သည်။

'ဒီလူက ငါ့ဆီမှာ ယွီကျူး ရဲ့ ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြား ရှိနေတာကို မြင်သွားလို့ ငါက ယွီကျူး နဲ့ ရင်းနှီးတယ်လို့ ထင်နေတာ နေမှာ။ အဲဒါကြောင့် တမင်တကာ အဆက်အသွယ် ရအောင် ကြိုးစားနေတာပဲ...'

ယဲ့ဖုန်းက ရင်ထဲတွင် တွေးလိုက်‌၏။

တကယ်တမ်းတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် အလွန် ကြီးမားသော မျှော်စင် အဆောက်အအုံ စုကြီး အနီးသို့ ဆင်းသက်လာကြ၏။ အထက်သို့ မော့ကြည့်လိုက်သောအခါ ခမ်းနားထည်ဝါပြီး ကြီးမားလှသော မျှော်စင် ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်ကို မြင်တွေ့လိုက်ရ‌သည်။

“ဂိုဏ်းချုပ်ယဲ့.. ဒီနေရာက သန့်စင်သောမြို့တော် ရဲ့ သိုင်းကျမ်းဆောင် ပဲ။ စုစုပေါင်း မျှော်စင် (၂၈) လုံး ရှိပြီး အားလုံးက ရှေးဟောင်း စာအုပ်တွေနဲ့ ပြည့်နှက်နေတာ” ရတနာစုံ တာအိုသခင် က ပြုံးကာ နေရာကို မိတ်ဆက်ပေးလိုက်‌၏။

“အင်း ဒါဆို ကျွန်တော် လိုက်ကြည့်လိုက်ဦးမယ်”

ယဲ့ဖုန်းက ပထမဆုံး မျှော်စင် ဆီသို့ ချဉ်းကပ်သွားရင်း ပြောလိုက်၏။

“ဘယ်သူလဲ”

ချပ်ဝတ် ဝတ်ဆင်ထားသော အစောင့်နှစ်ဦးက လှံရှည်များကို ကိုင်ဆောင်လျက် ထွက်လာကြပြီး ယဲ့ဖုန်း၏ ရှေ့တွင် ကြက်ခြေခတ် ပုံစံ ကာကွယ်ကာ သူ၏ လမ်းကို ပိတ်ဆို့လိုက်‌၏။

သူတို့နှစ်ဦးစလုံးသည် မူလနတ်ဘုရား အဆင့် တတိယအလွှာ တွင် ရှိကြသည်။

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တွင် ဤကဲ့သို့သော ခွန်အားမျိုးက ကြယ်သုံးပွင့်အဆင့် အင်အားစု တစ်ခုကို တည်ထောင်နိုင်စွမ်း ရှိသော်လည်း ဤ သန့်စင်သောမြို့တော် ၏ သိုင်းကျမ်းဆောင် တွင်မူ သူတို့က သာမန် အစောင့်များသာ ဖြစ်ကြ‌၏။

“ကျွန်တော်က မြူခိုးဂိုဏ်း က ယဲ့ဖုန်းပါ။ သုတေသန လုပ်ဖို့ သိုင်းကျမ်းဆောင် ကို လာရောက်လည်ပတ်တာပါ” ယဲ့ဖုန်းက တက်ကြွစွာ မိတ်ဆက်လိုက်၏။

“မြူခိုးဂိုဏ်း”

“တစ်ခါမှ မကြားဖူးဘူး”

အစောင့်နှစ်ဦးက ခေါင်းခါမ်းယမ်းလိုက်ကြ‌သည်။

ထိုအထဲမှ တစ်ဦးက ယဲ့ဖုန်းထံသို့ လက်ဆန့်ထုတ်ကာ ပြောလိုက်၏။

“စာအုပ်တွေကို ကြည့်ရှုခွင့် ရဖို့အတွက် တစ်ရက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးရမယ်။ ပြီးတော့ သုံးတုံးကို ကြိုပေးထားရမယ်။ ခင်ဗျား ပြန်ထွက်တဲ့အခါ တကယ့် ဖတ်ရှုခဲ့တဲ့ အချိန်ကို တွက်ချက်ပြီးတော့ ပိုရင် ပြန်ပေးမယ် လိုရင် ထပ်တောင်းမယ်”

“ဝိညာဉ်ကျောက်တုံး တွေကို ငါ ရှင်းပေးမယ်”

ရတနာစုံ တာအိုသခင် က အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ချက်ချင်း ချပေးလိုက်ပြီးနောက် အစောင့်နှစ်ဦးကို မျက်နှာထား တင်းတင်းကြည့်ကာ တင်းမာသော မျက်နှာထားဖြင့် ကြိမ်းမောင်းလိုက်‌၏။

“ငကြောင် နှစ်ကောင်.. ဒါ ဘယ်သူလဲ ဆိုတာ သိရဲ့လား။ ဒါ မြူခိုးဂိုဏ်း က ဂိုဏ်းချုပ်ယဲ့ ပဲ။ သူ့ဆီမှာ ယွီကျူး ရဲ့ ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြား လည်း ရှိတယ်။ မင်းတို့ရဲ့ ရိုင်းစိုင်းမှုက ပြဿနာ ရှာနေတာနဲ့ အတူတူပဲကွ”

“ဗျာ”

အစောင့်နှစ်ဦး၏ မျက်နှာများက သိသိသာသာ ပြောင်းလဲသွားကြတော့၏။

ယွီကျူး ဆိုသည်မှာ အလွန် မြင့်မားသော ပါရမီ ရှိသည့် ကျောင်းယန် ရှေးဟောင်းသူတော်စင် ၏ တိုက်ရိုက် တပည့်ပင် ဖြစ်‌၏။ ကျောင်းယန် သန့်စင်သော မြို့တော် ၏ မြို့စားမင်း ပင်လျှင် သူမကို ရိုသေမှု အနည်းငယ် ပြသရသည်။

'အာ... ဒီ ပါးစပ်ဖွာတဲ့ ကောင်'

ရတနာစုံ တာအိုသခင် ၏ ပေါက်ကရ ပြောဆိုမှုများကို ကူကယ်ရာမဲ့စွာဖြင့် ယဲ့ဖုန်းသည် ယွီကျူး ၏ ခရမ်းရောင် ဝါးတံဆိပ် ကို ထုတ်ပြရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

“စီနီယာ ကို နှုတ်ဆက်ပါတယ်ဗျာ”

“စီနီယာ အနေနဲ့ သိုင်းကျမ်းဆောင် ထဲက ရှေးဟောင်း စာအုပ်တွေ အားလုံးကို အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်”

“ဒီမှာ ဝိညာဉ်ကျောက်တုံး ပါ။ ခင်ဗျားတို့ နှစ်ယောက်ကို ပြန်ပေးပါတယ်”

အစောင့်နှစ်ဦးမှာ ကြောက်လန့်တကြား ဖြစ်သွားကြပြီး ရတနာစုံ တာအိုသခင် ၏ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး ကို အလျင်အမြန် ပြန်ပေးကာ ယဲ့ဖုန်းကို မျှော်စင် အတွင်းသို့ အလွန် ယဉ်ကျေးစွာဖြင့် ခေါ်ဆောင်သွားကြတော့၏။

ဧရာမ စာအုပ်စင်ကြီး တစ်ခု၏ ရှေ့တွင်၊

ယဲ့ဖုန်းသည် ခရမ်းရောင် ဝါးတံဆိပ် ကို သိမ်းဆည်းလိုက်ပြီးပြီ ဖြစ်ကာ သူ၏ ဘေးတွင် ဖားယားနေသော မျက်နှာထားဖြင့် ရှိနေသည့် ရတနာစုံ တာအိုသခင် ကို ကြည့်ရင်း ပြောလိုက်‌သည်။

“တာအိုရောင်းရင်း ရတနာစုံ.. ကျွန်တော့်ရဲ့ အထောက်အထားကို လျှို့ဝှက်ထားပေးလို့ မရဘူးလားဗျာ”

“ကိစ္စမရှိပါဘူးဗျာ ..ဒါက အဆင်ပြေစေတာပဲလေ”

ရတနာစုံ တာအိုသခင် က တခွိိီခွီ ရယ်လိုက်၏။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းမှာ အတော်လေး စကားပြောရ

ခက်သွားရသည်။

'တယ်လည်း အကြံပိုင်တဲ့ကောင်ပဲ။ စာဖတ်ခ နည်းနည်းလေး သက်သာ ဖို့အတွက်နဲ့ ငါ့ကို တမင်တကာ ထုတ်ဖော်လိုက်တာ မဟုတ်လား'

ယဲ့ဖုန်းက နှုတ်ခမ်းကို တွန့်ကာ တစ်ဖက်သို့ အကြည့်လွှဲလိုက်ပြီး သိုင်းကျမ်းဆောင် အတွင်း စတင် ရှာဖွေတော့၏။

သိပ်မကြာခင်မှာပင်၊

သူသည် ကိုယ်ပွားများနှင့် အရှိန်အဝါ ဖုံးကွယ်ခြင်း တို့နှင့် သက်ဆိုင်သော သိုင်းနည်းစနစ် ရာပေါင်းများစွာကို ရှာတွေ့ခဲ့ပြီး ၎င်းတို့အားလုံးက နတ်ဘုရားစွမ်းရည် များနှင့် ဆက်စပ်နေ‌သည်။

သိုင်းကျမ်းဆောင် အတွင်းတွင် နတ်ဘုရားစွမ်းရည် များသည် အတွေ့ရများသော အရာများ မဟုတ်ချေ။

ဤကဲ့သို့သော အစွမ်းထက်သည့် စာအုပ်များကို အများအားဖြင့် အင်အားစုကြီး များအတွင်း သီးသန့် သိမ်းဆည်းထားလေ့ ရှိပြီး သာမန်အားဖြင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်မျှ အကုန်အကျခံရုံဖြင့် ဝင်ရောက် ကြည့်ရှုနိုင်သော သန့်စင်သော မြို့တော် ၏ သိုင်းကျမ်းဆောင် တွင် မထားတတ်ပေ။

သို့သော်လည်း သိုင်းကျမ်းဆောင် အတွင်းတွင် ပထမအဆင့်မှ နဝမအဆင့်အထိ သိုင်းနည်းစနစ်များကို ရှာတွေ့နိုင်ပြီး စုစုပေါင်း အမျိုးအစား တစ်သန်းကျော် ရှိ‌၏။

“တကယ်ကို စုံလင်လှတဲ့ စုဆောင်းမှုပဲ”

ယဲ့ဖုန်းက ရင်ထဲတွင် အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး နေရာတစ်ခုတွင် ထိုင်ကာ စားပွဲပေါ်ရှိ ရှေးဟောင်း သိုင်းကျမ်း ရာပေါင်းများစွာကို စတင် ဖတ်ရှုလိုက်‌၏။

တစ်ချိန်တည်းမှာပင် သူက ဉာဏ်အလင်းပွင့် နှလုံးသား ကို အသုံးပြုလိုက်၏။

သူ၏ သာမန်ထက် ထူးကဲသော နားလည်သဘောပေါက်နိုင်စွမ်း ဖြင့် သိုင်းနည်းစနစ် တစ်ခုကို မှတ်သားပြီး ကျွမ်းကျင်သွားစေရန် ဆယ်ကြိမ် အသက်ရှူချိန်ပင် မကြာခဲ့ချေ။

ထို့ကြောင့် ဘေးမှ ကြည့်နေသူများ၏ အမြင်တွင် ယဲ့ဖုန်းသည် စာအုပ်တစ်အုပ်ကို ပေါ့ပေါ့ပါးပါး လှန်လှောကြည့်ရှုပြီးနောက် အခြားတစ်အုပ်သို့ ကူးပြောင်းသွားသည်ဟုသာ ထင်မြင်ရ‌၏။

“သူ ဘာလုပ်နေတာလဲ”

“စာအုပ်တွေကို ရမ်းသန်းပြီး လှန်ကြည့်နေတာလား”

ကျင့်ကြံသူ အများအပြားက ယဲ့ဖုန်း၏ လုပ်ရပ်ကို သတိထားမိသွားကြပြီး အချို့က ၎င်းနှင့် ပတ်သက်၍ မဆွေးနွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြ‌သည်။

သို့သော် ယဲ့ဖုန်းကမူ ဂရုမစိုက်ခဲ့ချေ။

မျက်တောင်တစ်ခတ်အတွင်း (၁) နာရီ ကုန်လွန်သွားတော့၏။

ယဲ့ဖုန်းသည် ဤ သိုင်းနည်းစနစ် ရာပေါင်းများစွာကို နောက်ဆုံးတွင် သင်ယူတတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ဉာဏ်အလင်းပွင့် နှလုံးသား ၏ သာမန်ထက် ထူးကဲသော နားလည်သဘောပေါက်နိုင်စွမ်း ကို အသုံးပြုကာ အနှစ်သာရများကို စုပ်ယူလိုက်ပြီးနောက် “ကိုယ်ပွား ဖန်တီးခြင်း အတတ်” ဟု အမည်ရသော နတ်ဘုရားစွမ်းရည် တစ်ခု၏ အခြေခံပုံစံကို တဖြည်းဖြည်း တွက်ချက်ဖန်တီးလိုက်ကာ ပိုမို နက်ရှိုင်းသော တွက်ချက်မှုများကို စတင် လုပ်ဆောင်တော့၏။

“ဂိုဏ်းချုပ်ယဲ့ ဘာလုပ်နေတာလဲ”

မလှမ်းမကမ်းတွင် ရတနာစုံ တာအိုသခင် က စာအုပ်စင်ပေါ်တွင် မှောက်လျက် ယဲ့ဖုန်း၏ လှုပ်ရှားမှုတိုင်းကို ခိုးကြည့်နေ‌၏။

သူ၏ ထိုင်ခုံတွင်၊

ယဲ့ဖုန်းက စားပွဲပေါ်တွင် သူ၏ လက်ဖြင့် ဆက်တိုက် ရေးသားနေပြီး အလွန် ရှေးကျကာ နက်ရှိုင်းပုံရသော ရွှေရောင် အက္ခရာ များကို ချန်ရစ်ထားခဲ့‌၏။ သူ၏ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ လူငယ်များမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြတော့၏။

“ဒါ ဘာကြီးလဲ”

ဝိညာဉ်ပင်လယ် အဆင့် ပါရမီရှင် တစ်ဦးက မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မျက်ကန်းဖြစ်သွားသလို ခံစားလိုက်ရကာ ယဲ့ဖုန်း ဘာတွေ ရေးနေသည်ကို နားမလည်နိုင်အောင် ဖြစ်နေ‌၏။

နာရီဝက် ကြာပြီးနောက်၊

ယဲ့ဖုန်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာပြီး ရှေးဟောင်း စာအုပ် ရာပေါင်းများစွာကို မူလနေရာများသို့ ပြန်ထားလိုက်၏။

ထို့နောက် သူက ပေါ့ပါးသော အမူအရာဖြင့် သိုင်းကျမ်းဆောင် မှ ထွက်ခွာသွားတော့သည်။

“ကြည့်စမ်း .. ဟို ဟန်ရေးပြနေတဲ့ကောင် နောက်ဆုံးတော့ ထွက်သွားပြီ”

“သူက စားပွဲပေါ်မှာ အထူး ရွှေရောင် အက္ခရာ တွေတောင် ချန်ထားခဲ့သေးတယ်။ ငါ ဘာမှ နားမလည်ဘူး။ သူက အဓိပ္ပာယ်မရှိတာတွေ ရေးခြစ်သွားတာလား”

ကျင့်ကြံသူ လူငယ် အများအပြား အလျင်အမြန် ပြေးလာကြပြီး ယဲ့ဖုန်း ထိုင်သွားခဲ့သော စားပွဲကို ဝိုင်းအုံကြည့်လိုက်ကြ‌၏။

“ဘာတွေ ဆူညံနေကြတာလဲ”

ထိုအခိုက်အတန့်တွင် နုပျိုသော အသွင်အပြင် ရှိပြီး မူလနတ်ဘုရား အဆင့် အထွတ်အထိပ် တွင် ရှိသော အဘိုးအို တစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်လျက် အာဏာပါသော အရှိန်အဝါဖြင့် ချဉ်းကပ်လာ‌၏။

“သိုင်းကျမ်းဆောင် အကြီးအကဲ ကို နှုတ်ဆက်ပါတယ်ဗျာ”

“တစ်ယောက်ယောက်က စာအုပ်တွေကို ကမောက်ကမ လုပ်ပြီး စားပွဲပေါ်မှာ အကုန် ရေးခြစ်သွားတယ်။ သူ့ကို လိုက်ခေါ်ပြီး ပြန်ရှင်းလင်းခိုင်းသင့်တယ်လို့ ကျွန်တော် ထင်တယ်”

“မှန်တာပေါ့”

လူတိုင်းက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ‌၏။

“ဟွန်း .. ဟုတ်လို့လား”

သိုင်းကျမ်းဆောင် အကြီးအကဲ ၏ မျက်မှောင်များ အနည်းငယ် တွန့်သွားပြီး စားပွဲရှေ့တွင် မတ်တတ်ရပ်လိုက်၏။ လုံးဝ မှေးမှိန်မသွားသေးသော ရွှေရောင် အက္ခရာ များကို မြင်လိုက်ရသောအခါ သူ၏ ကိုယ်ပိုင် နတ်ဘုရားဝိညာဉ် ပင်လျှင် ၎င်းတို့ထဲသို့ ဆွဲသွင်းခံလိုက်ရသလို ခံစားလိုက်ရ‌၏။

“ဒုန်း... ဒုန်း... ဒုန်း...”

သူ အံ့အားသင့်စွာဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားမိပြီး ကြမ်းပြင်ပေါ်တွင် ခြေရာရှည်ကြီးများ ချန်ရစ်ထားခဲ့မိတော့၏။

“အရူးတွေ.. မင်းတို့ ဘာမှ နားမလည်ဘူး။ အဲဒီ စီနီယာကြီး က သိုင်းနည်းစနစ် ရာပေါင်းများစွာကို အသုံးပြုပြီး အလွန် ပြောင်မြောက်တဲ့ နတ်ဘုရားစွမ်းရည် တစ်ခုကို တွက်ချက်ဖန်တီးသွားတာ။ ဒါပေမဲ့ မင်းတို့ကတော့ သူ့ရဲ့ ထူးချွန်မှုကို မမြင်နိုင်လောက်အောင် မျက်ကန်းဖြစ်နေကြတာကွ”

သိုင်းကျမ်းဆောင် အကြီးအကဲ က အံ့အားသင့်စွာဖြင့် လူအုပ်ကြီးကို ဆူပူလိုက်‌၏။

“အာ”

“နတ်ဘုရားစွမ်းရည် တွေကို တွက်ချက်ဖန်တီးတာလား။ အဲဒါက ကြောက်စရာကောင်းလောက်အောင် မြင့်မားတဲ့ နားလည်

သဘောပေါက်နိုင်စွမ်း ရှိနေတယ်ဆိုတာကို ပြသနေတာ မဟုတ်ဘူးလား”

“အဲဒီလူက အရမ်း ငယ်ရွယ်ပုံရပြီး ချီစွမ်းအင် လှုပ်ရှားမှုတွေလည်း မရှိပါဘူး။ သူက တကယ်ပဲ ပြိုင်ဘက်ကင်းတဲ့ ပညာရှင်ကြီး တစ်ယောက် များလား”

လူတိုင်းမှာ အံ့ဩတကြီးဖြင့် အသက်ရှူမှားသွားကြ‌၏။

“ဟွန့်.. တကယ့်ကို ကိုယ့်ရှေ့မှာ မြင်းကောင်း တစ်ကောင် ရှိနေတာတောင် မမှတ်မိတဲ့ အဖြစ်မျိုးပါလား”

ရတနာစုံ တာအိုသခင် က ထောင့်တစ်နေရာမှ အေးအေးလူလူ လျှောက်ထွက်လာ၏။

သူ၏ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အရှိန်အဝါကြောင့် လူတိုင်း၏ အသက်ရှူသံများပင် လေးလံသွားရတော့သည်။

“အဲဒီလူက တခြားသူ မဟုတ်ဘူး။ ယွီကျူး ရဲ့ မိတ်ဆွေကောင်း မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ယဲ့ဖုန်း ပဲ။ အတွေ့အကြုံ မရှိသေးတဲ့ မင်းတို့လို ဂျူနီယာ တွေက သူ သိုင်းကျမ်းဆောင် ကို လာလည်တာကို ရည်ရွယ်ချက် မရှိဘဲ စာအုပ်တွေ လျှောက်လှန်ကြည့်နေတယ်လို့ ထင်ခဲ့ကြတာ ..တကယ့်ကို ရယ်စရာကောင်းတယ်”

“ထားလိုက်ပါတော့.. ဒါတွေ အကြောင်း ဆက်မပြောကြတော့နဲ့”

“ဒီအချိန်လောက်ဆို ဂိုဏ်းချုပ်ယဲ့ အပြင်မှာ ငါ့ကို စောင့်နေလောက်ပြီ။ ငါ သွားလိုက်ဦးမယ်”

ရတနာစုံ တာအိုသခင် က ဟန်ရေးပြကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

“ယွီကျူး ရဲ့ မိတ်ဆွေ ဟုတ်လား”

“မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ယဲ့ဖုန်း တဲ့လား”

“ဒီလူက တကယ် ဘယ်သူများလဲ”

သိုင်းကျမ်းဆောင် မှ လူများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး အချင်းချင်း တီးတိုး ဆွေးနွေးနေကြ‌၏။ ယဲ့ဖုန်း ထွက်ခွာသွားသော ပုံရိပ်က သူတို့၏ စိတ်ကူးထဲတွင် စွဲထင်နေတော့သည်။

သိုင်းကျမ်းဆောင် ၏ အပြင်ဘက်တွင်၊

ရတနာစုံ တာအိုသခင် က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သော်လည်း ယဲ့ဖုန်းကို ဘယ်နေရာမှာမှ မတွေ့ရသဖြင့် ရုတ်တရက် စိုးရိမ်စိတ်များ တစ်ဟုန်ထိုး တက်လာ‌၏။

“ဂိုဏ်းချုပ်ယဲ့ ..ကျွန်တော့်ကို စောင့်ပါဦးဗျာ”

ရတနာစုံ တာအိုသခင် က အော်ခေါ်လိုက်သော်လည်း ယဲ့ဖုန်းထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။ သူက သက်ပြင်းတစ်ချက်ချကာ အရပ်မျက်နှာ တစ်ခုဆီသို့ ပျံသန်းသွားတော့၏။

... ... ...

ယဲ့ဖုန်းက အချိန်မဆွဲဘဲ မြူခိုးဂိုဏ်း သို့ တိုက်ရိုက် ပြန်သွား‌လေသည်။

သူက တောင်ထိပ်ပေါ်တွင် တရားထိုင်ကာ အစစ်အမှန်ယွမ် အခြေအနေသို့ ဝင်ရောက်လိုက်၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပြန်လည်ရရှိလာသည်နှင့် တစ်ပြိုင်နက် “ကိုယ်ပွား ဖန်တီးခြင်း အတတ်” ကို ချက်ချင်း အသုံးချလိုက်‌သည်။

“ဝှီး... ”

သူသည် ထပ်တူညီသော အရှိန်အဝါများ ရှိသည့် ယဲ့ဖုန်း နှစ်ယောက် အဖြစ်သို့ ပြောင်းလဲသွား၏။ သို့သော် နောက်တစ်စက္ကန့်တွင် ယဲ့ဖုန်း တစ်ယောက်က အသွင်ပြောင်းသွားပြီး မြူခိုးသခင်လေး ၏ အသွင်အပြင်နှင့် ရုပ်ရည်သွင်ပြင် ကို ရယူလိုက်‌သည်။

ပုံတူကူးယူထားမှုက အလွန် သက်ဝင်လှုပ်ရှားလွန်းလှသဖြင့် ယွီကျူး ကိုယ်တိုင်ပင်လျှင် အစစ်နှင့် အတုကို ခွဲခြားနိုင်မည် မဟုတ်ချေ။

“အောင်မြင်သွားပြီ”

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု တွဲခိုလာတော့သည်။

--

All Chapters