← Chapters

အခန်း ၅၉၇

Vol. 40 Ch. 597

အခန်း ၅၉၇

Vol. 40 Ch. 597

အခန်း (၅၉၇) - လောကသုံးခုကို တံမြက်လှည်းသလို ရှင်းလင်းခြင်း၊ ခမ်းနားထည်ဝါလှသော ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင်

~“ဟင့်အင်း...”

ထျန်းကျီးစံအိမ် မှ ထိပ်တန်း အကြီးအကဲ နှစ်ဦးမှာ ယဲ့ဖုန်း၏ လက်သီးချက်များကို လုံးဝ ခံနိုင်ရည် မရှိကြချေ။ လှုပ်ရှားမှု တစ်ချက်တည်းနှင့်ပင် သူတို့မှာ တစ်စစီ ဖြစ်သွားပြီး တောက်ပသော ပန်းပွင့်နှစ်ပွင့် ပွင့်လာကာ တဖြည်းဖြည်း ကြယ်စုတန်းချပ်ပြား ပုံစံသို့ ပြောင်းလဲသွားသည့်နှယ် ဖြစ်သွား‌၏။

“ဒါ တကယ်ကို ထူးဆန်းတာပဲ”

ယဲ့ဖုန်း အလွန် အံ့အားသင့်သွားရတော့၏။

ပေါက်ကွဲသွားပြီးနောက် မူလနတ်ဘုရား အဆင့် နှင့် ဝိညာဉ်ပင်လယ် အဆင့် ကျင့်ကြံသူများမှာ ကြယ်စုတန်းချပ်ပြား အဖြစ် ပြောင်းလဲသွားခြင်း မရှိပေ။ သို့ဆိုလျှင် ဤ မြင်ကွင်းက ဘာကြောင့် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် မှစ၍ ဖြစ်ပေါ်လာရသနည်း။

ဒါက စကြဝဠာ နိယာမ တစ်ခုများလား။

ယဲ့ဖုန်းမှာ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရ‌၏။

“ဘုရားရေ”

“ထိပ်တန်း အကြီးအကဲ နှစ်ဦးက ပြင်ပမိစ္ဆာ တစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် တစ်စစီ ဖြစ်သွားရတယ်တဲ့လား”

“မြန်မြန် အကြီးအကဲ ကို သွားပင့်ကြဟေ့”

ထျန်းကျီးစံအိမ် အတွင်းတွင် တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် အနည်းငယ်နှင့် မူလနတ်ဘုရား အဆင့် အထွတ်အထိပ် ပညာရှင် ဒါဇင်နှင့်ချီ၍ ရှိနေကြပြီး သေးငယ်သော ကြယ်စုတန်းချပ်ပြား နှစ်ခုကို ကြည့်ကာ သူတို့၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေ‌၏။

ယဲ့ဖုန်းအတွက်မူ ထျန်းကျီးစံအိမ် သည် ပြင်ပလောက အင်အားစု တစ်ခု ဖြစ်သည်။ သို့သော် ထျန်းကျီးစံအိမ် မှ ကျင့်ကြံသူများ၏ အမြင်တွင်မူ သူသည်လည်း ပြင်ပမိစ္ဆာ တစ်ကောင် ဖြစ်နေသည် မဟုတ်ပါလား။

'ပြင်ပမိစ္ဆာ' ဟူသော ဝေါဟာရမှာ ပြင်ပရန်သူများကို ရည်ညွှန်းသော ယေဘုယျ အမည်တစ်ခုမျှသာ ဖြစ်‌၏။

“အကြီးအကဲ ကို သွားပင့်မယ် ဟုတ်လား။ အဲဒီအတွက် အနောက်ဘက် ကောင်းကင်ဘုံ ကို သွားရလိမ့်မယ်နော်”

ယဲ့ဖုန်းက ရယ်မောလိုက်ပြီး သူ၏ သတ်ဖြတ်မှုများကို ဆက်လက် ပြုလုပ်တော့၏။

ကမ္ဘာငယ် တစ်ခုလုံးစာမျှ လေးလံသော သူ၏ လက်သီးများအောက်တွင် မူလနတ်ဘုရား အဆင့် အထွတ်အထိပ် ဖြစ်စေ တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဖြစ်စေ မည်သူမျှ လက်သီးတစ်ချက်ကိုပင် မခံနိုင်ကြဘဲ မြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားကာ လေထဲတွင် တွဲလွဲခိုနေကြတော့သည်။

“ကြယ်စုတန်းချပ်ပြား နဲ့တော့ လုံးဝ မတူဘူးပဲ”

ယဲ့ဖုန်းက တီးတိုးရေရွတ်လိုက်‌၏။

ထျန်းကျီးစံအိမ် ၏ ထိပ်တန်း ပညာရှင် ဒါဇင်နှင့်ချီ၍ ရှင်းလင်းပြီးနောက် သူက ဆက်မတိုက်ခိုက်တော့ဘဲ ထိပ်တန်း အကြီးအကဲ နှစ်ဦး၏ အလောင်းကောင် ကြယ်စုတန်းချပ်ပြား နှစ်ခုကို အစစ်အမှန်ယွမ် သလင်းကျောက် နှစ်တုံးအဖြစ် သန့်စင်ရန် လေဝိညာဉ် ပုလဲလုံး ကို ထုတ်ယူလိုက်‌၏။

သို့သော် သူတို့က မိစ္ဆာမျိုးနွယ်စု မှ မဟုတ်ကြသဖြင့် သွေးကြောစွမ်းအင်များ မပါရှိကြချေ။

ထို့နောက် ယဲ့ဖုန်းက မူလနတ်ဘုရား အဆင့် အထွတ်အထိပ် နှင့် တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒါဇင်ပေါင်းများစွာ၏ အလောင်းကောင်များကိုလည်း အစစ်အမှန်ယွမ် သလင်းကျောက် များအဖြစ် သန့်စင်လိုက်‌၏။

သို့သော် သလင်းကျောက် တစ်တုံးစီက လက်သီးဆုပ် အရွယ်အစားမျှသာ ရှိ‌၏။

ဟူဖေးဖေး က ၎င်းတို့ကို တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်း စိတ်ဝင်စားမှု ပျောက်ကွယ်သွားတော့၏။

“မင်းသမီးလေး က ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တွေရဲ့ အစစ်အမှန်ယွမ် သလင်းကျောက် တွေကိုပဲ စိတ်ဝင်စားပုံရတယ်။ ကျန်တာတွေကို အထင်မကြီးဘူးပဲ”

ယဲ့ဖုန်း တိတ်တဆိတ် ကောက်ချက်ချ၏။

ထို့နောက်၊ ထျန်းကျီးစံအိမ် ၏ ပျံဝဲနေသည့် ကျွန်းများကို အကြည့်ပို့လွှတ်လိုက်ရာ ၎င်းတို့အပေါ်တွင် ကျင့်ကြံသူများစွာ ရှိနေသည်ကို တွေ့လိုက်ရ၏။ စုစုပေါင်းဆိုလျှင် ထျန်းကျီးစံအိမ် တွင် ကျင့်ကြံသူပေါင်း သန်းတစ်ရာကျော် ရှိနေ‌လေသည်။

“ထျန်းကျီးစံအိမ် က မူလက ကမ္ဘာငယ် တစ်ခုပဲ။ ဒါပေမဲ့ အကြီးအကဲ ထျန်းကျီး သိမ်းပိုက်ပြီးတဲ့နောက် အင်အားစု တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ”

ယဲ့ဖုန်းက အမှန်တရားကို သဘောပေါက်သွား‌၏။

သူက ကျန်သည့် လူတွေကို မသတ်တော့ချေ။ အဓိက အကြောင်းရင်းမှာ ထျန်းကျီးစံအိမ် ၏ အကာအကွယ် ဒိုင်းလွှား က ခိုင်မာလွန်းလှပြီး တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ခွန်အားမရှိလျှင် ၎င်းကို ဖျက်ဆီး၍ မရနိုင်သောကြောင့် ဤလူများ ထွက်ပြေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်‌၏။

တစ်ချိန်က သူတို့ကို ကာကွယ်ပေးခဲ့သော ကမ္ဘာကြီးသည် ယခုအခါ သူတို့ကို ပိတ်လှောင်ထားသော အကျဉ်းထောင် တစ်ခု ဖြစ်လာခဲ့တော့သည်။

“ဝှီး... ”

ယဲ့ဖုန်းက လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့သူများ၏ သိုလှောင်လက်စွပ် များကို စုဆောင်းလိုက်ပြီးနောက် သူ၏ နှလုံးသားထဲမှ အာရုံခံစားမှုနောက်သို့ လိုက်ကာ ထျန်းကျီးစံအိမ် ၏ ရတနာတိုက် တံခါးကို လက်သီးဖြင့် ထိုးခွဲ၍ စတင် လုယက်တော့၏။

“လုယက်မှုကနေ ရတဲ့ အကျိုးအမြတ်တွေက တကယ်ကို ကြောက်စရာ ကောင်းလောက်အောင် များပြားလှတာပဲ”

ယဲ့ဖုန်းက အပုံလိုက် ရှိနေသော ကောင်းကင်နှင့် မြေကြီး ရတနာ များကို ကြည့်ကာ မှင်သက်သွားရ‌၏။ ခဏအကြာတွင် သူက ၎င်းတို့ကို ဆက်လက် သိမ်းဆည်းလိုက်သည်။

ထျန်းကျီးစံအိမ် က သူ့ထံမှ ယူဆောင်သွားခဲ့သော အရာများကို ယခုအခါ သူက ပြန်လည် သိမ်းယူလိုက်ခြင်းပင် ဖြစ်‌၏။ ၎င်းက ကံကြမ္မာ ဘီးကြီး လည်ပတ်နေသည့်နှယ်ပင်။

နာရီဝက် ကြာပြီးနောက်၊

ယဲ့ဖုန်းက ထျန်းကျီးစံအိမ် တွင် ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ တစ်ခု ချန်ရစ်ထားခဲ့ပြီး ဟူဖေးဖေး နှင့်အတူ နေရာမှ ထွက်ခွာလာခဲ့ကာ မိုင်သန်းချီ ဝေးကွာသော ကျင်းမေနန်းတော် ဆီသို့ ဦးတည်သွားလိုက်တော့သည်။

ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင်၊

ဟူဖေးဖေး က ယဲ့ဖုန်းကို ခေါ်ဆောင်သွားပြီး တစ်ကြိမ် နေရာရွှေ့ပြောင်းလျှင် မိုင်တစ်သိန်းကျော် အကွာအဝေးကို ဖြတ်ကျော်သွား‌၏။

သို့သော် မိုင်သန်းချီ ဝေးကွာသော ကျင်းမေနန်းတော် သို့ ရောက်ရှိရန် ဆက်တိုက် နေရာရွှေ့ပြောင်းခြင်း ထောင်ပေါင်းများစွာ ပြုလုပ်ရမည် ဖြစ်ပြီး ရောက်ရှိရန် နာရီဝက်ခန့် ကြာမြင့်မည် ဖြစ်‌၏။

“အရှိန်က နည်းနည်း နှေးနေသေးတယ်”

ယဲ့ဖုန်းက တီးတိုးရေရွတ်လိုက်၏။

“ဂိုဏ်းချုပ်.. သမီးရဲ့ အရှိန်က အမြန်ဆုံး ဖြစ်နေပြီလေ” ဟူဖေးဖေး က နှုတ်ခမ်းလေးစူကာ ပြောလိုက်‌သည်။

“ဒီထက် ပိုမြန်အောင် မရဘူးလား”

“သေချာတာပေါ့ ရတာပေါ့”

“...”

ယဲ့ဖုန်းမှာ စကားပြောရခက်သွားတော့သည်။

“ပိုမြန်နိုင်တယ် ဆိုရင် ဘာလို့ အရှိန်မတင်ရတာလဲ”

“အဆင့်တက်သွားရင် သမီးရဲ့ အရှိန်က သေချာပေါက် ပိုမြန်လာမှာပဲလေ”

ဟူဖေးဖေး က တခစ်ခစ် ရယ်မောလိုက်ရာ သူမ၏ မျက်လုံးများက လခြမ်းလေးများပမာ ကွေးညွတ်သွားပြီး အလွန် ချစ်စရာ ကောင်းနေတော့၏။

ယဲ့ဖုန်း- “အင်းပါ ဒါဆိုလည်း”

သန့်စင်သောမြို့တော် ၏ သိုင်းကျမ်းဆောင် မှ သူရှာတွေ့ခဲ့သော ရှေးဟောင်း စာအုပ်များမှနေ၍ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုကို တွက်ချက်ဖန်တီးရန် သိုင်းကျမ်းဆောင် သို့ နောက်တစ်ခေါက် ထပ်သွားရန် ဆုံးဖြတ်လိုက်သည်။

သို့မဟုတ် သတ်မှတ်ထားသော နေရာများသို့ သွားရောက်နိုင်သည့် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုကို တွက်ချက်ဖန်တီးရန် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကိုသာ အားကိုးလိုက်နိုင်သည်။

*

(၁) နာရီ ကြာပြီးနောက်၊

ကျင်းမေနန်းတော်။

၎င်းက "ရွှေရောင်လင်းလက် ကမ္ဘာငယ်" ဟု အမည်ရသော သီးခြား ကမ္ဘာငယ် တစ်ခု ဖြစ်ပြီး သစ်ပင်နတ်ဆိုး နယ်မြေ နှင့် အရွယ်အစား တူညီကာ မိုင်တစ်သန်းခန့် ကျယ်ဝန်းပြီး ရှုပ်ထွေးသော အင်အားစုများ မှီတင်းနေထိုင်ကြ‌၏။

ကျင်းမေနန်းတော် ၏ ပင်မခန်းမဆောင် ကြီးကို ကောင်းကင်ယံအထက် မိုင်သောင်းပေါင်းများစွာ အမြင့်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

၎င်းက ပျံဝဲနေသော ကျွန်းတစ်ကျွန်း ဖြစ်‌၏။

၎င်းတွင် စည်ကားပြီး ရှေးကျသော မဏ္ဍပ်များစွာ ရှိသော်လည်း အထိုင်ချနေထိုင်မည့် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပညာရှင် မရှိသဖြင့် တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ကိုးဦးသာ ရှိ‌၏။

“အရမ်း အားနည်းလွန်းတဲ့ ကျင်းမေနန်းတော် ပါလား...”

ယဲ့ဖုန်းက မမှတ်ချက်မချဘဲ မနေနိုင်အောင် ဖြစ်သွားရ‌သည်။ ထို့နောက် ကျင်းမေနန်းတော် ၏ ရတနာ ဆောင် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကာ ကောင်းကင်နှင့် မြေကြီး ရတနာ များ အားလုံးအပြင် ရှေးဟောင်း စာအုပ် အများအပြားကို မောက်မာစွာဖြင့် ယူဆောင်သွားတော့၏။

“ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့ကောင်လဲ”

“ကောင်းကင်ကိုးထပ် ချိတ်ဆက် ဝင်္ကပါ”

ထို တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ကိုးဦးက ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး မတူညီသော နေရာအသီးသီးတွင် မတ်တတ်ရပ်ကာ လက်ဟန်များ ရေးဆွဲလိုက်ကြသည်။ သူတို့ကိုယ်သူတို့ ဝင်္ကပါ ၏ မျက်လုံးများအဖြစ် အသုံးပြုကာ ဧရာမ သတ်ဖြတ်ခြင်း ဝင်္ကပါ ကြီး တစ်ခုကို ဖန်တီးလိုက်ကြ‌၏။

ဝင်္ကပါ အတွင်း ရပ်နေသော ယဲ့ဖုန်းက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ ၏ ခွန်အားကို ပိုင်ဆိုင်ထားသော ရှေးဟောင်း သားရဲ အများအပြားက သူ့ထံသို့ ခုန်အုပ်လာနေသည်ကို သတိထားမိလိုက်သည်။

“အလွန် ပြောင်မြောက်လှတဲ့ သတ်ဖြတ်ခြင်း ဝင်္ကပါ ကြီးပါလား။ အခုကစပြီး ငါ့ဟာ ဖြစ်သွားပြီ”

သူက သုံးကြိမ်တိုင်တိုင် အားရပါးရ ရယ်လိုက်‌၏။

ကမ္ဘာငယ် တစ်ခုစာမျှ လေးလံသော သူ၏ လက်သီးက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လိုက်ရာ ဝင်္ကပါ ၏ ရှေးဟောင်း သားရဲ များ အားလုံးကို အလွယ်တကူ တစ်စစီ ရိုက်ခွဲပစ်လိုက်ပြီး ထို တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ကိုးဦးကိုလည်း ပေါက်ကွဲ

ထွက်သွားစေတော့သည်။

ယဲ့ဖုန်းက ကောင်းကင်ယံရှိ အကြွင်းအကျန်များကို လက်သီးဆုပ် အရွယ်အစားရှိ အစစ်အမှန်ယွမ် သလင်းကျောက် ကိုးတုံးအဖြစ် သန့်စင်လိုက်ပြီး ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ တစ်ခု ချန်ရစ်ထားခဲ့‌၏။

“ဒီနေ့ကစပြီး ကျင်းမေနန်းတော် ဆိုတာ မရှိတော့ဘူး။ ရွှေရောင်လင်းလက် ကမ္ဘာငယ် ကို ငါတို့ မြူခိုးဂိုဏ်း က လွှဲပြောင်းယူလိုက်ပြီ”

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏ အသံက ကမ္ဘာငယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ဂုဏ်သတင်း တန်ဖိုး အမြောက်အမြားကို ရိတ်သိမ်းရရှိလိုက်ကာ ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များစွာကို မျိုချလိုက်ပြီးနောက် ဟူဖေးဖေး နှင့်အတူ အောင်ပွဲခံကာ ထွက်ခွာသွားကြတော့သည်။

“လေဝိညာဉ် ပုလဲလုံး က အဆင့်တက်တော့မယ်”

ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် ယဲ့ဖုန်းက ရွှေရောင်ရင့်ရင့် ပြောင်းသွားသော လေဝိညာဉ် ပုလဲလုံး ကို ကြည့်လိုက်ရာ အတွင်းရှိ ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် မှာ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် နှင့် အကန့်အသတ်မရှိ နီးစပ်နေပြီး လေဝိညာဉ် ပုလဲလုံး ကိုလည်း အသွင်ပြောင်းရန် တွန်းအားပေးနေကြောင်း တွေ့လိုက်ရ‌၏။

“ဂိုဏ်းချုပ် သမီးတို့ (၁) နာရီ အတွင်း ဟေးရွှမ်ဂိုဏ်း ကို ရောက်တော့မယ်”

ဟူဖေးဖေး ၏ အသံက သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

“ကောင်းပြီ” ယဲ့ဖုန်းက ခေါင်းညိတ်လိုက်‌၏။

သူ၏ လက်ထဲတွင် တောက်ပနေသော လေဝိညာဉ် ပုလဲလုံး ကို သူ ကြည့်လိုက်ရာ အတွင်းရှိ သူရဲကောင်း ဝိညာဉ်စွမ်းအား များက စတင် ပြိုကျကာ အသွင်ပြောင်းလာပြီး ပိုမို သန့်စင်သော စွမ်းအားတစ်ခု အဖြစ်သို့ ပြောင်းလဲလာနေကြောင်း တွေ့ရှိလိုက်ရသည်။

“အခုကတည်းက စတင် အသွင်ပြောင်းနေပြီလား”

ယဲ့ဖုန်းက အံ့အားသင့်စွာ မေးလိုက်‌၏။ “စနစ် အထူး အစစ်အမှန်ယွမ် မရှိဘဲနဲ့ လေဝိညာဉ် ပုလဲလုံး ကို အောင်မြင်စွာ အသွင်ပြောင်းလို့ ရနိုင်မလား”

[အလုံအလောက် ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များကို စုပ်ယူပြီးနောက် အောင်မြင်စွာ အသွင်ပြောင်းနိုင်တဲ့ အခွင့်အရေး အလွန် မြင့်မားပါတယ်။]

စနစ်က ရှင်းပြလိုက်‌၏။

“ဒါဆို ရှင်းသွားပြီ။ အသွင်ပြောင်းဖို့ အခြေအနေတွေ ပြည့်မီလောက်အောင် ဟေးရွှမ်ဂိုဏ်း မှာ ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် တွေ အလုံအလောက် ရှိမရှိ သွားကြည့်ရမယ်”

ယဲ့ဖုန်းက စဉ်းစားလိုက်သည်။

ယခုအခါ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်နေသော လေဝိညာဉ် ပုလဲလုံး သည် ဤတစ်ကြိမ် အဆင့်တက်နိုင်ခဲ့လျှင် အဆင့်မြင့် သို့ တက်လှမ်းနိုင်မည် ဖြစ်‌၏။

(၁) နာရီ ကြာပြီးနောက်၊

သူတို့နှစ်ဦး ဟေးရွှမ်ဂိုဏ်း သို့ အောင်မြင်စွာ ရောက်ရှိသွားကြ‌သည်။

ဤဂိုဏ်းကို "ဟေးရွှမ် ရှေးဟောင်းကြယ်" ဟု ခေါ်သော အချင်း မိုင်တစ်သိန်းကျော်ရှိသည့် ရှေးဟောင်း သက်ရှိကြယ် တစ်ခုပေါ်တွင် တည်ထောင်ထားခြင်း ဖြစ်‌၏။

ဟေးရွှမ် ရှေးဟောင်းကြယ် ၏ မျက်နှာပြင် အများစုမှာ ထူထဲသော ရေခဲမြစ်များဖြင့် ဖုံးလွှမ်းနေပြီး သက်ရှိ သတ္တဝါများ အလွန် နည်းပါးလှသည်။

သို့သော် ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များမှာတော့ မရှားပါးချေ။

“ကောင်းလိုက်တာ”

ယဲ့ဖုန်းမှာ အလွန် ဝမ်းသာသွားတော့၏။

သူက ဟေးရွှမ်ဂိုဏ်း မှ လူများကို အနည်းငယ်မျှပင် ဂရုမစိုက်နိုင်တော့ဘဲ ဟင်းလင်းပြင်ထဲတွင် လွင့်မျောကာ ဟေးရွှမ် ရှေးဟောင်းကြယ် တစ်ခုလုံး၏ ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များကို စတင် မျိုချတော့သည်။

“ဝှီး... ”

ဟေးရွှမ် ရှေးဟောင်းကြယ် ၏ နက်ရှိုင်းသော နေရာများမှ ရွှေရောင် အငွေ့အသက် အများအပြား ပေါက်ကွဲထွက်လာသည်။ ကောင်းကင်ယံသို့ ထိုးတက်လာသော ပူပြင်းသည့် မုန်တိုင်းကြီး တစ်ခုပမာ လေဝိညာဉ် ပုလဲလုံး ထဲသို့ အားလုံး စီးဝင်သွားကြတော့၏။

“ဘာတွေ ဖြစ်နေတာလဲ”

ဟေးရွှမ် ရှေးဟောင်းကြယ် ပေါ်ရှိ သတ္တဝါများ အားလုံးက ကောင်းကင်သို့ တစ်ယောက်ပြီး တစ်ယောက် မော့ကြည့်လိုက်ကြပြီး ကောင်းကင်ယံသို့ အဆက်မပြတ် စီးဆင်းနေသော ရွှေရောင် ဒီရေလှိုင်းကြီး ကို ကြည့်ကာ အလွန် အံ့အားသင့်သွားကြရတော့သည်။

--

All Chapters