← Chapters

အခန်း ၅၉၉

Vol. 40 Ch. 599

အခန်း ၅၉၉

Vol. 40 Ch. 599

အခန်း (၅၉၉) - နတ်ဘုရားစွမ်းရည်၊ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း၊ တာ့ယွီ မင်းဆက် ဆီသို့ သွားရောက်ခြင်း

~မြူခိုးတောင်ထိပ် ပေါ်တွင်၊

ယွီကျူး နှင့် ကျောင်းယန် ရှေးဟောင်းသူတော်စင် တို့၏ စကားဝိုင်းကို ယဲ့ဖုန်း မသိရှိခဲ့ချေ။

ထိုအခိုက်အတန့်တွင် သူက အလွန် လေးနက်စွာဖြင့် တွက်ချက်ဖန်တီးနေ‌၏။

“အကြမ်းဖျင်း ပုံစံတော့ ထွက်လာပြီ”

နောက်ဆုံးတွင် အကြိမ် (၇၆၅) ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီးနောက် ယဲ့ဖုန်းက ဉာဏ်အလင်းပွင့်သွားပြီး အရည် အခြေအနေ ရှိသော သူရဲကောင်း ဝိညာဉ်စွမ်းအား များကို အသုံးပြုကာ ရွှေရောင် မန္တန်ဝင်္ကပါ တစ်ခုကို ဟင်းလင်းပြင်ထဲတွင် ပုံဖော်လိုက်‌သည်။

“ဝှီး... ”

သူ့ကို မန္တန်ဝင်္ကပါ ကြီးက ဖုံးလွှမ်းသွားသည်။

နောက်တစ်စက္ကန့်တွင် ရွှေရောင် အစက်အပြောက်လေးများ အဖြစ် ပြိုကွဲသွားသည်။

အရိပ်အယောင်လေးမျှပင် မချန်ရစ်ဘဲ ပျောက်ကွယ်သွားတော့၏။

မိုင်သောင်းပေါင်းများစွာ အဝေးတွင်၊

မဟာလျန် မိစ္ဆာနိုင်ငံတော် ၏ အထက် ကောင်းကင်ယံတွင် ရွှေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာ‌သည်။

ယဲ့ဖုန်းက သူ၏ စစ်မှန်သော ရုပ်ခန္ဓာ ကို ထုတ်ဖော်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ပြီး လက်ကွက်တစ်ခု ဖော်လိုက်ရာ နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားပြန်၏။

နောက်တစ်စက္ကန့်တွင်၊

သူ မိုင်တစ်သိန်း အဝေးသို့ ရောက်ရှိသွား‌သည်။

“ဟင် ငါက ဘယ်လိုလုပ် နန်ဝမ် ပြည်နယ် (၁၃) ခု ကို ရောက်လာတာလဲ...”

ယဲ့ဖုန်းမှာ ဆွံ့အသွားရတော့၏။ “ငါက မြောက်ဘက်ကို သွားချင်တာလေ။ ဒါပေမဲ့ တောင်ဘက်ကို ရောက်လာတယ်။ နေရာရွှေ့ပြောင်းတဲ့ အကွာအဝေးက မှန်ပေမဲ့ လမ်းကြောင်းက ပြောင်းပြန် ဖြစ်နေတယ်။ ဒီ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း မန္တန် ကို နည်းနည်း ထပ်ပြီး ပြုပြင်ဖို့ လိုသေးတာပဲ”

သူက အနည်းငယ် ညည်းညူလိုက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်‌၏။

သို့သော် နောက်တစ်စက္ကန့်တွင် ယဲ့ဖုန်းက မိစ္ဆာစွမ်းအင် အမြောက်အမြားကို အာရုံခံမိသွားသည်။ နန်ဝမ် ပြည်နယ် (၁၃) ခု ၏ ကောင်းကင်ယံက မည်းနက်သော မိစ္ဆာစွမ်းအင် များဖြင့် ပြည့်နှက်နေကာ မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းနေကြောင်း သတိပြုမိသွားတော့၏။

“နန်ဝမ် ပြည်နယ် (၁၃) ခု က လူတွေက ရင်ထဲမှာ ကြီးမားတဲ့ အငြိုးအာဃာတတွေနဲ့ သေဆုံးသွားခဲ့ကြပုံရတယ်။ အဲဒီလိုမှ မဟုတ်ရင် ဒီလောက်တိုတောင်းတဲ့ အချိန်လေး အတွင်းမှာ မိစ္ဆာစွမ်းအင် တွေ ဒီလောက် အများကြီး ဖြစ်ပေါ်လာမှာ မဟုတ်ဘူး”

ယဲ့ဖုန်းက ထိုသို့ တွေးလိုက်‌သည်။

သူက လေဝိညာဉ် ပုလဲလုံး ကို ထုတ်ယူလိုက်ပြီး ထိုဧရိယာအတွင်းရှိ မိစ္ဆာစွမ်းအင် အားလုံးကို မျိုချပစ်လိုက်ရာ နန်ဝမ် ပြည်နယ် (၁၃) ခု ၏ ကောင်းကင်ယံက ပိုမို ကြည်လင်လာတော့၏။

“ဝှီး... ”

မိစ္ဆာစွမ်းအင် များကို ရှင်းလင်းပြီးနောက် ယဲ့ဖုန်းက ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း နတ်ဘုရားစွမ်းရည် ကို နောက်တစ်ကြိမ် အသုံးပြုလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း မိုင်ရှစ်သောင်းကို ဖြတ်ကျော်သွားပြီး မြူခိုးဂိုဏ်း သို့ ပြန်လည် ရောက်ရှိသွား‌၏။

“ဒီ နတ်ဘုရားစွမ်းရည် က ပြီးပြည့်စုံတဲ့ အခြေအနေ မရောက်သေးဘူး။ ဆက်ပြီး တွက်ချက်ဖန်တီးရဦးမယ်”

ယဲ့ဖုန်းက တီးတိုးရေရွတ်လိုက်ပြီး ဆက်လက်၍ အားထုတ် ကြိုးပမ်းနေတော့၏။

ကျင့်ကြံခြင်း နေ့ရက်များတွင် အချိန်များက လျင်မြန်စွာ ကုန်လွန်သွား‌၏။

မျက်တောင်တစ်ခတ်အတွင်း လဝက်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

မြူခိုးဂိုဏ်း ၏ အကြီးအကဲများနှင့် တပည့်များသည် ပထမအသုတ် ကောင်းကင်နှင့် မြေကြီး ရတနာ များကို အပြည့်အဝ သန့်စင်ပြီးသွားကြပြီ ဖြစ်ကာ ပျမ်းမျှအားဖြင့် တစ်ယောက်လျှင် အသေးစား နယ်ပယ် သုံးခုခန့်စီ အဆင့်တက်လှမ်းသွားကြ‌၏။

“ချွင်... ”

ပျံဝဲနေသည့် ကျွန်းတစ်ကျွန်း ပေါ်မှ စူးရှသော ဓားဆန္ဒ တစ်ခု ပေါက်ကွဲထွက်လာပြီး အနက်ရောင် ပုဝါပါသော ဦးထုပ်ကို ဆောင်းထားသည့် ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခု လိုက်ပါလာ‌၏။

ပြင်းထန်သော လေလှိုင်းများက သူမထံသို့ ရိုက်ခတ်သွားတော့၏။

မြူခိုးတောင်ထိပ် ပေါ်တွင် ယဲ့ဖုန်းက ခေါင်းမော့ကြည့်လိုက်သည်။

“မိုယင် က ဝိညာဉ်ပင်လယ် အဆင့် ကို တက်လှမ်းတော့မှာပဲ”

ယဲ့ဖုန်းက အံ့အားမသင့်ခဲ့ချေ။

သူက မိုယင် အား နှစ်တစ်ထောင် ဆေးလုံး တစ်လုံး၊ သက်တမ်း ရှစ်ရာ ရှိသော ကျင့်ကြံရေး ဝိညာဉ်မြက်ပင် တစ်ပင်၊ မွှေးကြိုင်သော ဝိညာဉ်သစ်သီး ဆယ်ကျင်း (၅ ကီလိုဂရမ်ခန့်) နှင့် အခြားသော ကောင်းကင်နှင့် မြေကြီး ရတနာ မျိုးစုံတို့ကို ပေးအပ်ခဲ့ခြင်း ဖြစ်‌သည်။

ဝက်တစ်ကောင် ဖြစ်နေလျှင်တောင်မှ ၎င်း၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်သို့ တစ်ဟုန်ထိုး တက်သွားပေလိမ့်မည်။

မိုယင် က ထိုအရာများ၏ အကူအညီဖြင့် ဝိညာဉ်ပင်လယ် အဆင့် သို့ တက်လှမ်းသွားခြင်းမှာ ပုံမှန်ကိစ္စ တစ်ခုသာ။

ရှီလေ့၊ လုံထျန်းရှင်း၊ လီကျောက်ကျောက်၊ ဟိုယွင်ကျဲ နှင့် အခြားသူများလည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်များ တစ်ဟုန်ထိုး တက်လာသည်ကို တွေ့မြင်ခဲ့ရပြီး အားလုံးက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ၏ အမြင့်ပိုင်း အလွှာများသို့ ရောက်ရှိသွားကြတော့၏။

အထူးသဖြင့် ဟိုယွင်ကျဲ မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် နဝမအလွှာ သို့ပင် ရောက်ရှိနေပြီပင်။

အဆင့်တက်လှမ်းရန်က သိပ်မဝေးတော့ချေ။

“အားလုံးရဲ့ အဆင့်တက်လှမ်းမှု အရှိန်အဟုန် ပြီးဆုံးသွားပြီ။ ပြီးတော့ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း နတ်ဘုရားစွမ်းရည် လည်း ငါ့လက်ထဲမှာ ပြီးပြည့်စုံသွားပြီ”

တရားထိုင်သည့် အခင်းပေါ်တွင် ထိုင်လျက် ယဲ့ဖုန်း၏ ရင်ထဲတွင် ဝမ်းသာမှုများ ပြည့်နှက်နေတော့၏။

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှေရောင် မန္တန်ဝင်္ကပါ ကြီးက သူ့ကို ရစ်ပတ်သွားကာ

မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။

ထိုသို့၊ ဆက်တိုက် ရှစ်ကြိမ် နေရာရွှေ့ပြောင်းပြီးနောက် လေဝူ မင်းဆက် နှင့် မနီးမဝေးရှိ လေမိစ္ဆာ တောင်တန်း အထက်တွင် ယဲ့ဖုန်း ထွက်ပေါ်လာ‌၏။

“တစ်ကြိမ် ရွှေ့ပြောင်းရင် မိုင်တစ်သန်း ဆိုတာ မဆိုးပါဘူး”

ယဲ့ဖုန်း အတော်လေး ကျေနပ်သွား၏။

သူရဲကောင်း ဝိညာဉ်စွမ်းအား များဖြင့် အသုံးပြုရသော ဤ နတ်ဘုရားစွမ်းရည် သည် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေး ပိုမို ရှည်လျားလေလေ ဖြစ်သည်။

အစစ်အမှန်ယွမ် စွမ်းအား ၏ ဆယ်ဆ တိုးမြှင့်မှုကို အသုံးပြုမည်ဆိုလျှင် တစ်ကြိမ် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ဖြင့် မိုင်ဆယ်သန်းကျော် အထိ ရောက်ရှိနိုင်‌၏။

မြူခိုးဂိုဏ်း သို့ ပြန်ရောက်သောအခါ ယဲ့ဖုန်းက ရှီလေ့ ကို ရှာလိုက်သည်။

“ဂိုဏ်းချုပ်ဦးလေး ကျွန်တော့်ကို ရှာနေတာလား”

“မရှာဘဲနဲ့ မင်းကို ဘာလို့ ခေါ်ရမှာလဲ”

ယဲ့ဖုန်းက ရှီလေ့ ကို တစ်ချက် ကြည့်လိုက်ပြီး လင်မြောင်ဘိုးဘေး ပေးအပ်ခဲ့သော ‘မြေကြီးနှင့် ကျောက်တုံး ဆောက်လုပ်ရေး ကျမ်း’ ကို စားပွဲပေါ်သို့ တင်လိုက်‌၏။

“ဒီ ရှေးဟောင်း စာအုပ်ကို ငါ ပြီးပြည့်စုံအောင် ပြုပြင်ပြီး အဆင့်မြှင့်ထားတယ်။ အဲဒီထဲမှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေ အများကြီး ထည့်ထားတယ်။ ရှီလေ့ မင်း ကြိုးစားပြီး အနာဂတ်မှာ ဆောက်လုပ်ရေး ပညာရှင်ကြီး တစ်ယောက် ဖြစ်လာအောင် လုပ်စမ်းပါ”

ရှီလေ့ က ရှေးဟောင်း စာအုပ်ကို လှမ်းယူလိုက်ရာ သူ၏ ရင်ထဲတွင် အလွန် လှုပ်ရှားသွားရတော့၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး”

သူက အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ရှေးဟောင်း စာအုပ်ကို ဝမ်းသာအားရ လှန်လှောကြည့်ရှုလိုက်ရာ မြေကြီးနှင့် ကျောက်တုံးများကို ကိုင်တွယ်အသုံးပြုသည့် နည်းလမ်းသစ်များစွာကို ရှာတွေ့သွားပြီး ကောင်းကင်ဘုံမှ ပေးသနားသော ဉာဏ်ပညာတစ်ခု အဖြစ် သတ်မှတ်ကာ မနားမနေ စတင် လေ့ကျင့်တော့၏။

အပန်းဖြေ ကုလားထိုင်ပေါ်တွင်၊

ယဲ့ဖုန်းက ဂိုဏ်းချုပ်၏ ပဉ္စမအဆင့် တာဝန် တိုးတက်မှု မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်‌သည်။

[တာဝန် တိုးတက်မှု]

[ရေပေါ်ဖြူ မြို့တော် လူဦးရေ- ၆.၅ သန်း / ၁၀ သန်း]

[ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး (တပည့်များ)- ၁ သိန်း ၃ သောင်း / ၁ သန်း]

“လိုနေတာတွေက အများကြီး ရှိသေးတာပဲ...”

မြူခိုးဂိုဏ်း က ကြယ်သုံးပွင့်အဆင့် အင်အားစု တစ်ခုအဖြစ် အဆင့်တက်လှမ်းရန်အတွက် ၎င်း၏ လက်အောက်ခံဖြစ်သော ရေပေါ်ဖြူ မြို့တော် သည် ပထမဦးစွာ ကြယ်နှစ်ပွင့်အဆင့် သို့ တက်လှမ်းရန် လိုအပ်‌၏။

မြို့တစ်မြို့ ကြယ်နှစ်ပွင့်အဆင့် သို့ တက်လှမ်းရန်အတွက် အတွင်းပိုင်း အဆောက်အအုံများနှင့် ထိပ်တန်း ကျင့်ကြံသူများ ကဲ့သို့သော အခြေအနေများအပြင် စုစုပေါင်း လူဦးရေကလည်း သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် ဖြစ်သည်။

လက်ရှိတွင် ရေပေါ်ဖြူ မြို့တော် ၏ လူဦးရေမှာ သတ်မှတ်ချက်၏ သုံးပုံနှစ်ပုံမျှသာ ရှိသေး၏။

တပည့်များ၏ ဂုဏ်သတင်း တန်ဖိုးများမှာလည်း (၁၃၀၀၀၀) မျှသာ ရှိသေးပြီး ရည်မှန်းချက်ဖြစ်သော တစ်သန်း နှင့် အလွန် ကွာဝေးနေသေး‌၏။

“ဒီလုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန် ဘယ်လို လုပ်ရမလဲ”

ယဲ့ဖုန်းမှာ နက်ရှိုင်းသော အတွေးထဲသို့ နစ်မြုပ်သွားတော့သည်။

“သြော်.. ဟုတ်သားပဲ.. နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး က တာ့ယွီ မင်းဆက် ရှိသေးတာပဲ”

ယဲ့ဖုန်းက သူ၏ နဖူးကို ရိုက်လိုက်‌၏။ ပြီးပြည့်စုံသော ဖြေရှင်းနည်းတစ်ခုကို သူ စဉ်းစားမိသွားပြီ ဖြစ်၏။

ဒါကတော့၊ ဂိုဏ်းမှ တပည့်များကို နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ရှိ တာ့ယွီ မင်းဆက် သို့ သွားရောက် လေ့ကျင့်ရန် စေလွှတ်ခြင်းပင် ဖြစ်‌၏။ ထိုသို့ပြုလုပ်ခြင်းက ဂုဏ်သတင်း တန်ဖိုးများကို မြင့်တက်စေရုံသာမကဘဲ ဒုတိယ မြို့စားမင်း ဖြစ်သော ကုန်းချင်းချိုး နှင့် အခြားသူများကို လူဦးရေ အမြောက်အမြား ပြောင်းရွှေ့နေရာချထားရေးတွင်လည်း ကူညီပေးနိုင်မည် ဖြစ်သည်။

ယဲ့ဖုန်းက အစီအစဉ်ကို ဆက်လက် အသေးစိတ် ရေးဆွဲလိုက်‌၏။

နောက်တစ်နေ့တွင် သူက ကုန်းချင်းချိုး၊ လီဇီလုံ၊ ဝမ်လင်း၊ ချူယွင်အာ နှင့် အခြားသူများကို ခေါ်ယူကာ တာဝန်များ ပေးအပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ယဲ့ဖုန်းသည် ဟေးရွှမ်ဂိုဏ်း နှင့် ကျင်းမေနန်းတော် ကဲ့သို့သော အင်အားစုများ၏ ရတနာတိုက်များမှ ရရှိခဲ့သော ပစ္စည်းများကို အသုံးပြုကာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အသစ်တစ်ခုကို တည်ဆောက်လိုက်‌၏။

*

သုံးရက် ကြာပြီးနောက်၊

တာ့ယွီ မင်းဆက်ဝယ်၊

ဝိညာဉ်ပင်လယ် အဆင့် သို့ တက်လှမ်းသွားကြပြီဖြစ်သော အကြီးအကဲ ငါးဦးမှာ တာ့ယွီ မင်းနေပြည်တော် ၏ ပင်မခန်းမဆောင် ကြီးတွင် မတ်တတ်ရပ်လျက် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ထဲမှ ထွက်လာကြသော တပည့် ရာပေါင်းများစွာကို လေးစားသော မျက်နှာထားများဖြင့် ကြည့်နေကြ‌သည်။

“အထက်တန်းဂိုဏ်း က ပါရမီရှင် တွေကို နှုတ်ခွန်းဆက်သပါတယ်ဗျာ”

အကြီးအကဲ ငါးဦးက အလှည့်ကျ နှုတ်ဆက်လိုက်ကြ၏။

လူအုပ်ထဲမှ ကုန်းချင်းချိုး က ရှေ့သို့ ထွက်လာ‌သည်။

“ဂိုဏ်းချုပ် .. ပေးအပ်လိုက်တဲ့ တာဝန်က တစ်လအတွင်း လူဦးရေ (၃.၅) သန်းကို ရွေးချယ်ပြီး ရေပေါ်ဖြူ မြို့တော် ဆီ ပို့ဆောင်ပေးဖို့ပဲ။ တာ့ယွီ ရဲ့ ဧကရာဇ် ငါးပါး အနေနဲ့ ဒီကိစ္စကို အစွမ်းကုန် ကူညီပေးဖို့ တောင်းဆိုပါတယ်”

ကုန်းချင်းချိုး က တာ့ယွီ ၏ ဧကရာဇ် ငါးပါး ကို ပြောလိုက်‌၏။

“အကြီးအကဲ ကုန်း က အရမ်း နှိမ့်ချနေပါပြီ။ ငါတို့ တာ့ယွီ မင်းဆက် အနေနဲ့ အထက်တန်းဂိုဏ်း ရဲ့ အမိန့်ကို အစွမ်းကုန် ကြိုးစားပြီး ဖြည့်ဆည်းပေးမှာ သေချာပါတယ်။ ပြီးတော့ ရှန်ကျိုးတိုက်ကြီး က ရေပေါ်ဖြူ မြို့တော် ဆီ သွားခွင့်ရတာက အဲဒီလူတွေအတွက် ကံကောင်းမှု တစ်ခုပါပဲ။ သူတို့ သေချာပေါက် တက်တက်ကြွကြွ ပါဝင်ကြမှာပါ”

ဆံပင်ဖြူ အဘိုးအို တစ်ဦးက ရိုသေစွာ ပြောလိုက်‌သည်။

ဝိညာဉ်ပင်လယ် အဆင့် သို့ တက်လှမ်းပြီးနောက် ဧကရာဇ် ငါးပါး သည် ကျွန်ပြုခြင်း အဆောင်လက်ဖွဲ့ များကို ကိုင်ဆောင်ကာ မျိုးနွယ်စု အသီးသီးထံ သွားရောက်၍ အာဏာ လွှဲပြောင်းရယူခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြပြီး တာ့ယွီ မင်းဆက် ကို နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ၏ စစ်မှန်သော အုပ်စိုးသူ အဖြစ်သို့ ရောက်ရှိစေခဲ့‌၏။

သို့သော် သူတို့က "အထက်တန်းဂိုဏ်း" ဟု ခေါ်ဆိုသော မြူခိုးဂိုဏ်း မှ လူများ၏ ရှေ့တွင်မူ အနည်းငယ်မျှပင် မရိုမသေ မလုပ်ရဲကြချေ။

“ကောင်းပြီ.. စကြရအောင်”

ကုန်းချင်းချိုး က ခေါင်းညိတ်လိုက်ပြီး မိုယင်၊ ဟိုယွင်ကျဲ၊ လုံထျန်းရှင်း နှင့် အခြားသော တပည့် ရာပေါင်းများစွာကို လှည့်ကြည့်လိုက်‌သည်။

“အရင်က.. စီစဉ်ထားတဲ့ တာဝန်ကို မှတ်ထားကြပါ။ မင်းတို့ အဲဒါကို တစ်လအတွင်း ပြီးမြောက်အောင် လုပ်ရမယ်။ နားလည်လား”

“နားလည်ပါတယ်”

တပည့်များသည် သုံးယောက် တစ်ဖွဲ့စီ ဖွဲ့လိုက်ကြပြီး အဖွဲ့တိုင်းကို ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ဦးဆောင်ကာ တာ့ယွီ မင်းဆက် ၏ နေရာအသီးသီးသို့ ဓားပျံများ စီးနင်း၍ ပျံသန်းသွားကြ‌၏။

မြို့တစ်မြို့ကို မိစ္ဆာသားရဲ များ လာရောက် တိုက်ခိုက်သည်ကို တွေ့ရတိုင်း သူတို့က ဝင်ရောက် တိုက်ခိုက်ကြပြီး မိစ္ဆာဆိုး များကို တံမြက်လှည်းသလို ရှင်းလင်းပစ်ကြသည်။

မြို့တစ်မြို့ကို ရေကြီးရေလျှံမှုများ အန္တရာယ်ပြုလာသောအခါ တပည့်များက မန္တန်များ ရွတ်ဆိုကာ ရေများကို အေးခဲပစ်ကြ၏၊ ရေမြောင်းများ တူးဖော်ကာ ရေလွှဲချပေးကြပြီး သာမန် ပြည်သူမြောက်မြားစွာကို ကယ်တင်ပေးခဲ့ကြ‌သည်။

... ... ...

တာဝန် အမျိုးမျိုးကို ထမ်းဆောင်ခြင်းဖြင့် တပည့်များသည် ဂုဏ်သတင်း တန်ဖိုး အမြောက်အမြားကို ရရှိခဲ့ကြပြီး အလားအလာကောင်းသော လူအချို့ကိုလည်း တာ့ယွီ မင်းနေပြည်တော် ဆီသို့ ပို့ဆောင်ပေးခဲ့ကြ၏။ လူဦးရေ တစ်သောင်းကျော်သွားသည်နှင့် သူတို့ကို ရေပေါ်ဖြူ မြို့တော် ဆီသို့ နေရာရွှေ့ပြောင်း ပေးလိုက်ကြ‌သည်။

နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ၏ အထက် ကောင်းကင်ယံတွင်၊

ယဲ့ဖုန်းက တိမ်ဖြူ တစ်ခုပေါ်တွင် ထိုင်လျက် သူ၏ တပည့်များ တာဝန်များကို ကြိုးကြိုးစားစား ထမ်းဆောင်နေကြသည်ကို ကြည့်ရင်း အလွန် ကျေနပ်နေတော့၏။

“ကောင်းတယ် အရမ်း ကောင်းတယ်”

သူက ကျေနပ်အားရစွာဖြင့် ပြုံးလိုက်‌သည်။

သို့သော် ထိုအခိုက်အတန့်တွင် ယဲ့ဖုန်း၏ အကြည့်များက စူးရှသွားပြီး ကြယ်တာရာ ဟင်းလင်းပြင် နက်ရှိုင်းရာသို့ အကြည့်ပို့လွှတ်လိုက်ရာ ရင်းနှီးနေသော အရှိန်အဝါ တစ်ခုကို အာရုံခံမိသွားတော့၏။

[စနစ် အသိပေးချက်။ ကြီးမားလှတဲ့ မိစ္ဆာစွမ်းအင်တွေ နီးကပ်လာနေပါတယ်။]

“အဲဒါ... မိစ္ဆာစွမ်းအင် တွေလား”

ယဲ့ဖုန်းက အံ့အားသင့်စွာ ရေရွတ်လိုက်‌မိသည်။

--

All Chapters