အခန်း ၆၀၀
Vol. 40 Ch. 600
အခန်း (၆၀၀) စက္ကူယပ်တောင် သခင်လေး ၏ နောက်ကျနေသော စစ်ကူများ၊ တုတ်တစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သွားခြင်း
~“ရှေ့ဖြစ်ဟော မျိုးနွယ်စု က လူတစ်ယောက်ပါလား”
ရောက်ရှိလာသူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ခန့်မှန်းမိသွားသောအခါ ယဲ့ဖုန်းက မျက်မှောင်အနည်းငယ် တွန့်လိုက်၏။
... ... ...
တောင်ပိုင်း မြစ်ဝှမ်းနယ်မြေ၊ ထျန်းကျီး စံအိမ် တွင်၊
စက္ကူယပ်တောင် သခင်လေး သည် ပင်မခန်းမဆောင် ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး သူ၏ လက်များက လက်ကွက်များကို အဆက်မပြတ် ရေးဆွဲနေကာ မျက်လုံးများထဲတွင်လည်း အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။
သူ၏ ဘေးတွင် ရပ်နေသော ကျူးယောင်ဖူ က မေးလိုက်၏။
“စံအိမ်သခင် ခင်ဗျားရဲ့ စစ်ကူတွေ ရောက်တော့မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”
“ရက်စွဲတွေအရ ကြည့်မယ်ဆိုရင် သူတို့ မကြာခင် ရောက်လာတော့မှာ။ ဒါပေမဲ့ ရန်သူရဲ့ ခွန်အားက တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် နဲ့ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ ကြားမှာပဲ ရှိပုံရတယ်။ အခုချိန်မှာ မြူခိုးဂိုဏ်း ကို သွားတိုက်တာက ငါတို့ဆီကို အချောင်လာသေခံသလို ဖြစ်နေလိမ့်မယ်”
စက္ကူယပ်တောင် သခင်လေး ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။
လွန်ခဲ့သော အချိန်အတန်ကြာက ဟူဖေးဖေး အဆင့်မြင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းသွားခဲ့မှုက ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးတွင် ကြီးမားသော တုန်လှုပ်မှုကြီးကို ဖြစ်ပေါ်စေခဲ့ပြီး ထိုအရာအားလုံးကို သူ.. မြင်တွေ့ခဲ့ရသည်။
ဟူဖေးဖေး က ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ အလွန် အံ့အားသင့်သွားခဲ့ရ၏။
လောကကြီးက သူ့ကို အမြဲတမ်း ဆန့်ကျင်နေသလိုမျိုး စက္ကူယပ်တောင် သခင်လေး ခံစားလိုက်ရပြီး ငိုချင်လောက်အောင်ပင် စိတ်ဓာတ်ကျသွားရတော့သည်။
“စံအိမ်သခင် လောလောဆယ်တော့ ကျွန်တော်တို့ရဲ့ အင်အားတွေကို ထိန်းထားလိုက်ရအောင်။ ခင်ဗျားရဲ့ စစ်ကူတွေ ရောက်လာတာနဲ့ သူတို့ကို ချက်ချင်း ဆက်သွယ်ပြီး မြူခိုးဂိုဏ်း က ဟူဖေးဖေး နဲ့ မြူခိုးသခင်လေး တို့ရဲ့ သတ်ဖြတ်တာကို မခံရအောင် ဘာမှ မလှုပ်ရှားဖို့ ပြောလိုက်ရင် မကောင်းဘူးလား”
ကျူးယောင်ဖူ က အကြံပေးလိုက်၏။
“အဲဒါလည်း ဖြစ်နိုင်တာပဲ”
နောက်ဆုံးတော့ ကျူးယောင်ဖူ က အကြံကောင်းတစ်ခု ပေးနိုင်ခဲ့ပြီဟု ခံစားလိုက်ရသဖြင့် စက္ကူယပ်တောင် သခင်လေး က ခေါင်းညိတ်ပြလိုက်၏။
... ... ...
နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ၏ အထက် ကောင်းကင်ယံတွင်၊
ယဲ့ဖုန်းက သူ၏ ပုံရိပ်ကို ဖုံးကွယ်ထားပြီး ကြယ်တာရာ ဟင်းလင်းပြင် နက်ရှိုင်းရာ အရပ်သို့ အကြည့်ပို့လွှတ်နေသည်။
မိုးထိုးနေသော ပုံရိပ်ကြီး နှစ်ခုက သူ့ထံသို့ ပျံသန်းလာနေပြီး နှေးကွေးပုံရသော်လည်း အမှန်တကယ်တွင်မူ အသံထက် ဆယ်ဆမက ပိုမြန်သော အရှိန်နှုန်းဖြင့် ရွေ့လျားလာနေခြင်း ဖြစ်၏။
သူတို့က အသားတောင်ကြီး မိစ္ဆာ နှစ်ကောင်ပင်။
အရပ်အမောင်း ပေပေါင်း သောင်းချီ မြင့်မားကြပြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ သို့ ရောက်ရှိနေကာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ရှိကြသည်။ သူတို့ နှစ်ကောင်စလုံး၏ ညာဘက်လက်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအင် များကို ထုတ်လွှတ်နေသည့် ထူးဆန်းသော အနက်ရောင် ချိတ်တစ်ခုစီ ကိုင်ဆောင်ထားကြ၏။
“မိုက်တယ်ကွ”
ယဲ့ဖုန်းက အားရပါးရ ဟားတိုက် ရယ်လိုက်သည်။
မိစ္ဆာစွမ်းအင် လား။
သတ်ဖြတ်ခြင်း အရှိန်အဝါ ကို ပိုင်ဆိုင်ထားသော သူက အနည်းငယ်မျှပင် မကြောက်ရွံ့သည့် အရာမှာ မိစ္ဆာစွမ်းအင် ပင် ဖြစ်၏။ တကယ်တမ်းတွင် ထို မိစ္ဆာစွမ်းအင် များကို အသုံးပြု၍ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ ကိုပင် ပိုမို အားကောင်းလာစေရန် ပြုလုပ်ချင်နေသေးသည်။
“ဒါက.. အော့ချွမ်း နောက်ကို လိုက်နေတဲ့ ရှေ့ဖြစ်ဟော မျိုးနွယ်စု တွေများလား”
ယဲ့ဖုန်းက သူ့ဘာသာ တီးတိုး မှတ်ချက်ချလိုက်၏။
အော့ချွမ်း သည် နဂါးမျိုးနွယ်စု အပေါ် သြဇာလွှမ်းမိုးနိုင်လိမ့်မည် မဟုတ်ဟု ပြောခဲ့သော ရှေ့ဖြစ်ဟောဆရာ တစ်ဦးကို လက်ဝါးတစ်ချက်တည်းနှင့် ရိုက်သတ်ခဲ့ပြီးနောက် ရှေ့ဖြစ်ဟော မျိုးနွယ်စု က သူ့ကို လိုက်လံ ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။
တွက်ချက်ခြင်း အတတ်ကို ကျွမ်းကျင်သော ရှေ့ဖြစ်ဟော မျိုးနွယ်စု က အော့ချွမ်း ကို နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး အထိ ခြေရာခံနိုင်ခြင်းမှာ ယုတ္တိတန်သည်ဟု ယဲ့ဖုန်းက တွေးလိုက်၏။
ထို့ကြောင့်ပင် သူက တပည့်များ၏ နောက်သို့ လိုက်ကာ နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
သူက ကြိုတင် ကာကွယ်မှု တစ်ခု အဖြစ်သာ လုပ်ဆောင်ခဲ့ခြင်းပါ။
သို့သော် ဤကဲ့သို့သော အခွင့်အရေးကြီးတစ်ခုကို တကယ် ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
“ဝှီး... ”
ယဲ့ဖုန်း၏ ပုံရိပ်က လေထဲတွင် လုံးဝ ဖျက်ဆီးခံလိုက်ရသည့်နှယ် ပျောက်ကွယ်သွား၏။ ၎င်းက သူ တွက်ချက်ဖန်တီးထားသော "ဟင်းလင်းပြင် ဖုံးကွယ်ခြင်း နတ်ဘုရားစွမ်းရည်" ဟု ခေါ်သည့် နည်းစနစ်တစ်ခု။ သူ၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်ကို ကွေးညွတ်စေကာ သူ၏ ပုံရိပ်ကို ဖုံးကွယ်ထားနိုင်စွမ်း ရှိ၏။
ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပညာရှင်များပင်လျှင် သူ့ကို ရှာဖွေတွေ့ရှိရန် ခက်ခဲပေလိမ့်မည်။
ကြယ်တာရာ ဟင်းလင်းပြင် နက်ရှိုင်းရာတွင်၊
အသားတောင်ကြီး မိစ္ဆာ နှစ်ကောင်က ကြမ်းတမ်းစွာဖြင့် ပြေးလွှားလာနေကြ၏။
အသားတောင်ကြီး မိစ္ဆာ တစ်ကောင်၏ ခေါင်းပေါ်တွင် တစ်ပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ကျင့်ကြံခြင်းအဆင့် ရှိပြီး ဝတ်ရုံခြုံထားသော ခါးကုန်းကုန်း ပုံရိပ်တစ်ခု မတ်တတ်ရပ်နေသည်။
သူက သစ်မြစ်များနှင့် တူသော ခြောက်သွေ့နေသည့် လက်တစ်ဖက်ကို ဝတ်ရုံထဲမှ ဆန့်ထုတ်ကာ သစ်သားတောင်ဝှေး တစ်ချောင်းကို ကိုင်ဆောင်ထားပြီး အဝေးရှိ နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး သို့ မမှိတ်မသုန် ကြည့်နေ၏။
“သတင်းစကားအရဆိုရင် နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ပေါ်မှာ ရှန်ကျိုးတိုက်ကြီး ဆီ သွားလို့ရတဲ့ လမ်းကြောင်း တစ်ခု ရှိတယ်။ ဒါပေမဲ့ ပထမဆုံး အနေနဲ့ ကမ္ဘာငယ် သုံးထောင် လို့ ခေါ်တဲ့ ကြီးမားတဲ့ ဂူကောင်းကင်ကမ္ဘာ တစ်ခုထဲကို အရင် ဝင်ရမယ်”
“ဟို စက္ကူယပ်တောင် ရှေ့ဖြစ်ဟောဆရာ လေး သူ့တာဝန်ကို ဘယ်လို လုပ်ဆောင်နေလဲ မသိဘူး။ ဒါပေမဲ့ သူက သတင်းစကား ပို့လာတယ်ဆိုတော့ အခြေအနေ သိပ်မကောင်းဘူး ဆိုတာ သေချာတယ်။ အခုချိန်ကစပြီး ဒီအကြီးအကဲ ပဲ တာဝန်ယူရတော့မယ်”
ရှေ့ဖြစ်ဟောဆရာ က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
စက္ကူယပ်တောင် သခင်လေး က သူ့ကို ရှန်ကျိုးတိုက်ကြီး အနီးသို့ မလာရန် ဆုတောင်းနေကြောင်းကို သူ မသိရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းက သူ၏ အသက်ကို အန္တရာယ်ပြုနိုင်သောကြောင့်ပင်၊
သိပ်မကြာခင်မှာပင်၊
ရှေ့ဖြစ်ဟောဆရာ သည် နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာ၏။
အသားတောင်ကြီး မိစ္ဆာ နှစ်ကောင်က ညင်သာစွာ ဆင်းသက်လာပြီး နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး အထက်ရှိ ကောင်းကင်အကာအကွယ် ကို ဆွဲဖြဲကာ ဤကမ္ဘာအတွင်းသို့ ဝင်ရောက်လာကြတော့၏။
“ဗြိ... ”
အောက်ဘက် မြေပြင်ပေါ်တွင် မိုယင် က ရေကြီးမှုကို တားဆီးရန် မြစ်တစ်စင်းကို အေးခဲစေသည့် မန္တန် တစ်ခုကို အသုံးပြုနေ၏။
သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်အကာအကွယ် ကြီး ကွဲအက်သွားသည့် အသံကို ကြားလိုက်ရသဖြင့် အလျင်အမြန် မော့ကြည့်လိုက်သည်။
ထို့နောက် သူမ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့သည်။
“အသားတောင်ကြီး မိစ္ဆာ နှစ်ကောင်ပါလား”
“ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးပဲ”
သူမ၏ မျက်နှာက ထိတ်လန့်တကြား ပြောင်းလဲသွား၏။
အသားတောင်ကြီး မိစ္ဆာ များနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ဖူးသော ဂိုဏ်းမှ တပည့်တစ်ဦးအနေဖြင့် မိုယင် သည် ဤသတ္တဝါများ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ကောင်းစွာ သိရှိထား၏။
သာမန် နည်းလမ်းများဖြင့် သူတို့ကို လုံးဝ သတ်ဖြတ်၍ မရနိုင်ချေ။
“အဲဒါ ဘာ မိစ္ဆာကောင် ကြီးလဲ”
“ဘုရားရေ သူတို့က ရေတွက်လို့ မရနိုင်တဲ့ သတ္တဝါတွေရဲ့ အရေခွံတွေ အသားစတွေကို ချုပ်စပ်ထားတဲ့ မိစ္ဆာကောင်ကြီးတွေနဲ့ တူတယ်။ ကြောက်စရာကြီး”
ရှန်ကျိုးတိုက်ကြီး ပေါ်တွင် ရေတွက်၍မရနိုင်သော သတ္တဝါများက ကောင်းကင်ယံရှိ အသားတောင်ကြီး မိစ္ဆာ နှစ်ကောင်ကို ကြည့်ကာ ထိတ်လန့်နေကြသည်။
လူအချို့မှာ ထို အရှိန်အဝါကြောင့် အလွန် ကြောက်လန့်သွားကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ မထိန်းနိုင်အောင် တုန်ယင်နေကြတော့၏။
တာ့ယွီ မင်းနေပြည်တော်။
ဝိညာဉ်ပင်လယ် အဆင့် အကြီးအကဲ ငါးဦးမှာ အကြောက်လွန်ကာ တုန်ယင်နေကြ၏။
အသားတောင်ကြီး မိစ္ဆာ များ ထုတ်လွှတ်လိုက်သော အရှိန်အဝါက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူတို့ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ကို တုန်လှုပ်သွားစေသော နက်ရှိုင်းသည့် အဟုန်တစ်ခု ပေါက်ကွဲထွက်လာပြီးနောက် ၎င်းကို ကွဲအက်သွားစေကာ ကမ္ဘာမြေ ပျက်သုဉ်းတော့မည့်အလား လူများစွာကို ခံစားသွားစေ၏။
“အသားတောင်ကြီး မိစ္ဆာ တွေပဲ”
ကုန်းချင်းချိုး ကလည်း ကောင်းကင်ယံမှ ထူးခြားမှုကို သတိပြုမိသွားပြီး သတင်းပို့ တံဆိပ်ပြား ကို အလျင်အမြန် ထုတ်ယူကာ ယဲ့ဖုန်းထံသို့ သတင်းပို့လိုက်၏။
ဟင်းလင်းပြင်၏ တစ်နေရာတွင်၊
ယဲ့ဖုန်းက ကုန်းချင်းချိုး ၏ အချက်ပြမှုကို လက်ခံရရှိလိုက်ပြီး အကြောင်းပြန်လိုက်သည်။
“ငါ ဒီမှာ ရှိတယ်။ စိတ်မပူနဲ့”
သူ က လောလောဆယ်တွင် ဝင်မပါချင်သေးချေ။
အဘယ်ကြောင့်ဆိုသော် အခြားတစ်ယောက်က တက်သွားပြီ ဖြစ်သောကြောင့်ပင်။
“ဒီ မိစ္ဆာကောင် ကြီးက ဘယ်က ရောက်လာတာလဲ။ မင်း ဘာလုပ်ချင်တာလဲ”
ဟူဖေးဖေး က သူမ၏ ပုံမှန် အသွင်အပြင်ကို ထိန်းသိမ်းထားလျက် ဟွမ်ယွမ် တုတ်တို ကို ကိုင်ဆောင်ကာ ပျံတက်သွားပြီး အသားတောင်ကြီး မိစ္ဆာ နှစ်ကောင်ကို အဝေးမှ ရင်ဆိုင်လိုက်သည်။
“အဲဒါ ဘယ်သူလဲ”
“အဲဒါ ငါတို့ မြူခိုးဂိုဏ်း ရဲ့ အစောင့်အရှောက် ဟူဖေးဖေး ပဲ”
မြေပြင်ပေါ်တွင် ရှန်ကျိုးတိုက်ကြီး ၏ သတ္တဝါများက ဟူဖေးဖေး ကို ကြည့်လိုက်ကြပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မိမယ် တစ်ပါးပမာ သူမက အရမ်း လှပလွန်းသည်ဟု ထင်မှတ်သွားကြ၏။
ဟိုမေးဒီမေး လုပ်ပြီးနောက် နောက်ဆုံးတွင် သူမ မည်သူမည်ဝါဖြစ်ကြောင်း သူတို့ သိရှိသွားကြတော့သည်။
[ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး အပေါင်း ၈၆၂၃၅]
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂုဏ်သတင်း တန်ဖိုး များ တစ်ဟုန်ထိုး တက်လာတော့၏။
“အင်း အလှတရားဆိုတာ တရားမျှတမှု တစ်ခုပဲ မဟုတ်လား” သူ၏ ဂုဏ်သတင်း တန်ဖိုး များ တစ်ဟုန်ထိုး တက်လာကြောင်း သိလိုက်ရသောအခါ ယဲ့ဖုန်း အလွန် ဝမ်းသာသွားသည်။
အသားတောင်ကြီး မိစ္ဆာ များကို ချက်ချင်း သတ်မပစ်ခဲ့ရသည့် အကြောင်းရင်းမှာ နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး တွင် ဂုဏ်သတင်း တန်ဖိုး အများအပြားကို ရိတ်သိမ်းရန် ဖြစ်၏။
“ဒီ အမြီးခုနစ်ချောင်း ဝိညာဉ်မြေခွေး က ဘယ်က ရောက်လာတာလဲ။ ထွက်သွားစမ်း”
ထို လျှို့ဝှက်ဆန်းကြယ်သော ရှေ့ဖြစ်ဟောဆရာ က အေးစက်စက် နှာမှုတ်လိုက်ပြီး အသားတောင်ကြီး မိစ္ဆာ တစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပေါင်းစပ်သွားကာ တိုက်ခိုက်ရန် စတင် အမိန့်ပေးလိုက်သည်။
“ဝှီး... ”
အခြား အသားတောင်ကြီး မိစ္ဆာ တစ်ကောင်က ဟင်းလင်းပြင်ကို ထိုးဖောက်သွားသော ချိတ်တစ်ခုကို ပစ်လွှတ်လိုက်ရာ နောက်တစ်စက္ကန့်တွင် ဟူဖေးဖေး ၏ အနောက်၌ ပေါ်လာ၏။
“ဟွန်း.. ငါ မသိဘူးလို့ ထင်နေတာလား”
ဟူဖေးဖေး က ချက်ချင်း လှည့်ကာ အနက်ရောင် ချိတ်ကြီး ကို သူမ၏ တုတ်ဖြင့် ရိုက်ချလိုက်ရာ ကြယ်တစ်ပွင့် ပေါက်ကွဲသွားသည့်နှယ် တောက်ပပြီး ခမ်းနားထည်ဝါသော အသံဖြင့် "ဂျွတ်" ခနဲ ကျိုးပဲ့သွားတော့သည်။
“ဒါ”
လျှို့ဝှက်ဆန်းကြယ်သော ရှေ့ဖြစ်ဟောဆရာ ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။
ဟူဖေးဖေး ၏ ခွန်အားက ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ သာမန်ထက် ထူးကဲသော တိုက်ခိုက်ရေးစွမ်းရည်များ ရှိသည့် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ခန္ဓာကိုယ် ကျင့်ကြံသူ ပညာရှင် တစ်ဦး ဖြစ်မည်ဟု သံသယဝင်သွားတော့သည်။
“ပြီးတော့ ငါ့နာမည်က အမြီးခုနစ်ချောင်း ဝိညာဉ်မြေခွေး မဟုတ်ဘူး။ ငါက မြူခိုးဂိုဏ်း ရဲ့ အစောင့်အရှောက် ဟူဖေးဖေး ပဲ”
ဟူဖေးဖေး က ယဲ့ဖုန်း၏ စကားများကို သတိရသွားပြီး သူမကိုယ်သူမ တည်ငြိမ်စွာ ကြော်ငြာလိုက်၏။
“ဟွန်း မင်းက ဘယ်ဂိုဏ်းက အစောင့်အရှောက် ပဲ ဖြစ်ဖြစ်.. အမှောင်ထု ဝါးမြိုခြင်း”
အသားတောင်ကြီး မိစ္ဆာ နှစ်ကောင်စလုံး တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြရာ သူတို့အနောက်ရှိ မိစ္ဆာစွမ်းအင် များက မိုင်သိန်းပေါင်းများစွာ အထိ ကျယ်ပြန့်သော မုန်တိုင်းကြီး တစ်ခုပမာ ဟူဖေးဖေး ကို ချက်ချင်း ဝါးမြိုသွားတော့သည်။
ထို့နောက် မည်းနက်သော မိစ္ဆာစွမ်းအင် အမြောက်အမြားက သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူမကို ဝါးမြိုကာ အသားတောင်ကြီး မိစ္ဆာ အသစ် တစ်ကောင်အဖြစ် ပြောင်းလဲရန် ကြိုးစား၏။
“ဖောင်း... ”
သို့သော် နောက်တစ်စက္ကန့်တွင် ဟူဖေးဖေး ထံမှ ပန်းရောင် အလင်းကွင်း နှစ်ကွင်း ပေါက်ကွဲထွက်လာပြီး မိစ္ဆာစွမ်းအင် အားလုံးကို တွန်းထုတ်ကာ ဒုတိယ တိုက်ခိုက်ရေးပုံစံ သို့ ဝင်ရောက်သွားပြီး ခွန်အားများ အလွန်အမင်း မြင့်တက်လာတော့သည်။
“ဟွမ်ယွမ် တုတ်ကွက်”
ဟူဖေးဖေး က သူမ၏ ခွန်အားများကို ဆက်လက် ဖုံးကွယ်မထားတော့ဘဲ မိုင်ပေါင်းများစွာ ရှည်လျားသော ဟွမ်ယွမ် တုတ်တို ကြီးကို ကိုင်ဆောင်ကာ ခွန်အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။
“ဒိုင်း... ဒိုင်း... ”
အသားတောင်ကြီး မိစ္ဆာ နှစ်ကောင်မှာ လုံးဝ ပြန်လည် မခုခံနိုင်တော့ဘဲ နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ရှိ သတ္တဝါ သန်းပေါင်းများစွာ၏ မျက်စိရှေ့တွင်ပင် ရက်စက်ကြမ်းကြုတ်စွာ တစ်စစီ ရိုက်ခွဲခံလိုက်ရတော့၏။
“ဟိုက်”
သတ္တဝါ အများအပြားမှာ အံ့အားသင့်ကာ မှင်သက်သွားကြသည်။
--