← Chapters

အခန်း ၄၅၅

Vol. 31 Ch. 455

အခန်း ၄၅၅

Vol. 31 Ch. 455

အခန်း (၄၅၅) စုံစမ်းမေးမြန်းခြင်း (၃)

"ဒီကိစ္စကတော့..."

ဝေဇီယီသည် ထိုမေးခွန်းကြောင့် အငိုက်မိသွားပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။

သူမတွင် အချိန် မရှိပါ။

လော့ဖုန်းမဟာမိတ်အဖွဲ့၏ အဋ္ဌမမြောက် မဟာမိတ်ခေါင်းဆောင်အနေဖြင့်၊ သူမ တုန်းချန်မြို့သို့ ပြန်လာကာ ထျန်းချူ ဓားပြိုင်ပွဲသို့ တက်ရောက်ရခြင်းမှာ ဂိုဏ်းမှ ပေးပို့လာသော သတင်းစကားကြောင့်သာ ဖြစ်ပါ၏။

သို့မဟုတ်ပါက၊ လော့ဖုန်းမဟာမိတ်အဖွဲ့၏ များပြားလှသော ကိစ္စရပ်များကြားတွင် နစ်မွန်းနေသော သူမက အားလပ်ချိန်ရှာကာ ရည်ရွယ်ချက်မဲ့ လေလွင့်နေနိုင်မည် မဟုတ်ပါ။

လတ်တလောတွင်၊ သူမ လုပ်နိုင်သမျှမှာ နောင်တရစွာဖြင့် သက်ပြင်းချရန်သာ ရှိတော့၏။

သို့သော်ငြား ဆုမိုအား တစ်ချက် ကြည့်လိုက်ပြီးနောက် သူမက ရုတ်တရက် မေးလိုက်သည်။

"နင် အခုလေးတင် တစ်ခုခု သိလိုက်ရသလိုပဲ၊ ဘာတွေ တွေးနေတာလဲ"

ဆုမိုသည် စာအုပ်ကို သိမ်းဆည်းလိုက်ပြီး၊ "နန်ဟိုင် မှတ်တမ်း" ဟု ရှင်းလင်းစွာ ရေးသားထားသော မျက်နှာဖုံးကို တစ်ချက်ကြည့်ကာ ပြုံးယောင်သမ်းသွားသည်။

ထိုစာအုပ်ကို ရင်ဘတ်ထဲသို့ ထည့်လိုက်ရင်း သူက ဆိုလိုက်၏။

"မင်းကို မပြောပြဘူး"

"..."

ဝေဇီယီ၏ လက်သီးများက ဒေါသကြောင့် ဂွပ်ခနဲ အသံမြည်သွားသော်လည်း၊ သူမ တစ်ခုခု မလုပ်နိုင်မီမှာပင် ဆုမိုက ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားကာ ချမ်ရှီ ဆောင်ထဲမှ ကျော်လွန်သွားလေပြီ ဖြစ်သည်။

"ငါ့ကို မပြောပြချင်ဘူးပေါ့လေ"

ယခုမှ သတိပြန်ဝင်လာသော ဝေဇီယီက ပြန်လည်အော်ဟစ်လိုက်၏။

"နင် ယုံချင်ယုံ မယုံချင်နေ၊ နင် ငါ့ကို အနိုင်ကျင့်တယ်လို့ ယန်မိသားစုက မမကို သွားတိုင်မယ်နော်"

ဆုမိုက သူမအား ဂရုမစိုက်ပါ။

လျင်မြန်စွာ လျှောက်လှမ်းသွားရင်း၊ သူသည် ချမ်ရှီ ဆောင်မှ ထွက်ခွာသွားခဲ့လေပြီ။

ဂိုဏ်းချုပ်၏ ခြံဝင်းအတွင်း၌၊ လီကျန်းယွမ်သည် သူ၏ ဝတ်ရုံအစွန်းကို ခါးတွင် စုစည်းချည်နှောင်လိုက်သည်။

လက်စွပ်များကို ခေါက်တင်လိုက်ပြီးနောက်၊ လက်ထဲတွင် ပေါက်ပြားငယ်တစ်ခုကို ကိုင်ဆောင်ကာ မျိုးစေ့ချရန် မြေကြီးကို ဆွနေ၏။

အနီးအနားရှိ ရေပုံးထဲမှ ရေကို အလွယ်တကူ ခပ်ယူလိုက်ပြီး မြေကြီးကို စိုစွတ်စေလိုက်သည်။

ကျန်ရှိနေသော ရေများကို ရေပုံးထဲသို့ ပြန်လောင်းထည့်ပြီးနောက်၊ သူသည် မတ်တပ်ရပ်ကာ ခြေလက်များကို ဆန့်တန်းလိုက်လေ၏။

ဟင်းသီးဟင်းရွက် စိုက်ခင်းထဲရှိ သူ၏ လက်ရာကို ငေးကြည့်ရင်း၊ သူသည် အတော်လေး ကျေနပ်နေပုံရသည်။

သူသည် ဇီယန်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော်ငြား၊ ပုံပြင်များနှင့် ပြဇာတ်များထဲတွင် ဖော်ပြထားသူများနှင့် တူညီစွာ ပြုမူနေထိုင်ခြင်း မရှိပါ။

ဂိုဏ်းချုပ်တစ်ယောက်ဆိုသည်မှာ နေ့စဉ်ရက်ဆက် ခန်းမကြီးထဲတွင် တွေဝေငေးမောသော မျက်နှာထားဖြင့် ထိုင်ကာ ပူးပေါင်းကြံစည်မှုများကို အမြဲ စဉ်းစားနေခြင်း သို့မဟုတ် သေရေးရှင်ရေး ကိစ္စများကို တွေးတောနေခြင်းမျိုး မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ၊ ဂိုဏ်းချုပ်သည်လည်း လူသားတစ်ဦးသာ ဖြစ်သည်။ မြေဆွခြင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် ကုန်ဆုံးရသော အားလပ်ချိန်များသည်လည်း ပျော်ရွှင်မှု၏ အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ပါ၏။

'ဒီဟင်းသီးဟင်းရွက်တွေ ကြီးထွားလာပြီး အသီးအပွင့်တွေ ဝေဆာလာတဲ့အခါ၊ ဆရာအဘိုး ကိုယ်တိုင် စိုက်ပျိုးထားတဲ့အရာတွေကို ငါ့ရဲ့ တပည့်လေးကို မြည်းစမ်းခိုင်းရတာ တကယ်ကို ဝမ်းမြောက်စရာ ကောင်းမှာပဲ’

သူ၏ တွေးတောမှုများကြောင့် ကျေနပ်အားရသွားသော လီကျန်းယွမ်သည် ပြုံးအိသွားကာ သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်လေ၏။ သူ၏ အလုပ်ကို ပြန်လည်စတင်ရန် ပြင်နေစဉ်မှာပင်၊ ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။

"ဆရာအဘိုး ခင်ဗျာ"

တံခါးပြင်ပမှ ဆုမို၏ အသံ ထွက်ပေါ်လာသည်။

လီကျန်းယွမ် မော့ကြည့်လိုက်ချိန်တွင်၊ ဆုမိုက ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။ လီကျန်းယွမ် လယ်ကွင်းထဲတွင် အလုပ်လုပ်နေသည်ကို မြင်လိုက်ရသဖြင့်၊ စကားများများစားစား မဆိုတော့ဘဲ ဆုမိုက သူ၏ ဖိနပ်များကို ချွတ်ချကာ ခြေဗလာဖြင့် မြေကြီးပေါ်သို့ နင်းချလိုက်သည်။

လီကျန်းယွမ်ထံမှ ပေါက်ပြားကို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး၊ သူသည်လည်း စတင် အလုပ်လုပ်လေတော့၏။

"မိုအာ၊ မင်းက ဒီအလုပ်တွေမှာလည်း ကျွမ်းကျင်တာလား"

လီကျန်းယွမ် အနည်းငယ် အံ့အားသင့်သွားသည်။

ဆုမိုက ပြုံးလိုက်ပြီး၊

"ကျွန်တော် စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်ဗျ၊ နည်းနည်းပါးပါးတော့ သိပါတယ်"

အမှန်စင်စစ်၊ သူသည် တစ်ခါက လယ်ကွင်းများထဲတွင် ဆော့ကစားကာ ပြဿနာရှာရင်း နေ့ရက်များကို ကုန်ဆုံးခဲ့ရသော ကျေးလက်ဒေသမှ ကလေးတစ်ဦး ဖြစ်ခဲ့သည်။

လူကြီးများက ကာကွယ်ပေးပြီး ကလေးများအား အလုပ်ကြမ်းများကို မလုပ်ခိုင်းခဲ့သော်ငြား၊ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့မှုနှင့် ကလေးဘဝ အမှတ်ရစရာများက ဤအလုပ်များကို သူနှင့် ရင်းနှီးစေခဲ့ပါ၏။

လီကျန်းယွမ်က အားရပါးရ ရယ်လိုက်သည်။

"စာအုပ်တစ်သောင်း ဖတ်ပြီး ခရီးမိုင်တစ်သောင်း သွားရမယ်တဲ့ကွ၊ မိုအာ၊ မင်း သင်ယူထားတာတွေကို လက်တွေ့အသုံးချတာ ကောင်းပါတယ်၊ ဒါက မင်း စာဖတ်ရတာ အချည်းနှီး မဖြစ်ဘူးဆိုတာကို ပြသနေတာပဲ"

"အင်း... ဝေလငါးမျိုချခြင်း ကျင့်စဉ်နဲ့ ပတ်သက်ပြီး သဲလွန်စတစ်ခုခု ရှာတွေ့ခဲ့လား"

"ဟုတ်ကဲ့ဗျ"

ဆုမို ခေါင်းညိတ်ပြလိုက်သည်။

"ဒါက ကျွန်တော့်ကို နန်ဟိုင်ဆီ ထပ်ခေါ်သွားပြန်ပြီ၊ အစောကြီးမဟုတ်ရင်တောင် နောက်ကျရင် အဲ့ဒီကို နောက်ထပ်တစ်ခေါက် သွားရလိမ့်မယ်ဗျ"

"နန်ဟိုင်"

လီကျန်းယွမ် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

"နန်ဟိုင်က အခြေအနေတွေက တုန်းဟွမ်နဲ့ အမှန်တကယ် ကွာခြားတယ်ကွ၊ မင်းရဲ့ သိုင်းပညာနဲ့ဆိုရင်၊ မင်း ကမ္ဘာလောကကြီးထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်"

"ကျယ်ပြောလှတဲ့ နန်ဟိုင်က မင်းရဲ့ ခြေလှမ်းတွေကို မတားဆီးနိုင်ဘူး"

"ကံမကောင်းစွာနဲ့ပဲ၊ မဟာမိစ္ဆာဂိုဏ်းကြီး (၃) ခုက တုန်းချန်မြို့ကို လောဘတကြီး စောင့်ကြည့်နေကြတယ်၊ သို့မဟုတ်ရင်တော့ မင်းရဲ့ ခရီးစဉ်မှာ ငါ လိုက်ပါသွားချင်မိတယ်"

"...အဲ့ဒီလောက်ကြီး ပင်ပန်းတဲ့အထိ ဆရာအဘိုးကို ဒုက္ခမပေးရဲပါဘူး ခင်ဗျာ"

ဆုမိုက သူ၏ လက်များဖြင့် လျင်မြန်စွာ အမူအရာပြလိုက်ပြီး၊ ဟင်းသီးဟင်းရွက် မျိုးစေ့တစ်ဆုပ်ကို မြေကြီးထဲသို့ ပစ်ချဟန်ဆောင်ရင်း ပြောလိုက်သည်။

လီကျန်းယွမ်က ချက်ချင်းပင် တုံ့ပြန်လိုက်၏။

"အဲ့ဒါ များလွန်းတယ်ကွ၊ နည်းနည်းလေးဆို ရပြီ"

ဆုမိုက အချို့ကို ပြန်ထားလိုက်ပြီး၊ စေ့အနည်းငယ်ကို ဆွဲယူကာ လီကျန်းယွမ်အား ပြသလိုက်ရာ၊ သူက ကွက်တိဖြစ်ကြောင်း ညွှန်ပြရန် ခေါင်းညိတ်လိုက်သည်။

မျိုးစေ့များ အဆမတန် များပြားလွန်းပါက အာဟာရဓာတ်များကို အလုအယက် စုပ်ယူကြသဖြင့် အပင်ပေါက်ရန် ခဲယဉ်းလှ၏။ (၁) စေ့ (သို့မဟုတ်) (၂) စေ့ခန့်သာ လိုအပ်သော်လည်း အကယ်၍ အပင်မပေါက်ခဲ့ပါက အားထုတ်ခဲ့သမျှ အချည်းနှီး ဖြစ်သွားမည် မဟုတ်ပါလား။

ထို့ကြောင့် မျိုးစေ့ (၃) စေ့မှ (၅) စေ့ခန့်ဆိုလျှင် လုံလောက်လေပြီ။ အပင်ပေါက်လာသည့် အခါမှသာ မည်သည့်အပင်က ပိုမို သန်စွမ်းကြောင်း ဝေဖန်ပိုင်းခြားနိုင်သည်။

ထို့နောက် သန်စွမ်းသည့် အပင်တစ်ပင်ကိုသာ ချန်လှပ်၍ ကျန်အပင်များကို ဖယ်ရှားလိုက်လျှင် အာဟာရဓာတ်များမှာ တစ်နေရာတည်း၌ စုစည်းသွားကာ ကျန်ရှိသော အပင်မှာ ပိုမို ကြံ့ခိုင်စွာ ရှင်သန်နိုင်မည် ဖြစ်လေသည်။

"အမှန်တော့...ကျွန်တော်..ဆရာအဘိုးဆီကို မေးမြန်းစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ"

ဆုမိုက မျိုးစေ့များကို စိုက်ပျိုးရင်း လွှတ်ခနဲ ဆိုလိုက်၏။

လီကျန်းယွမ်က ရေကန်ကို မကာ မြေဆီလွှာပေါ်သို့ ရေအနည်းငယ် လောင်းချလိုက်ပြီးနောက် ပြုံးရွှင်စွာ ပြန်လည် ဖြေကြားလိုက်သည်။

"မိုအာ... မင်း အဘိုးနဲ့ ဒီလောက်တောင် ယဉ်ကျေးနေဖို့ လိုလို့လား။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ"

ဆုမိုက ခေတ္တမျှ စဉ်းစားကာ လီကျန်းယွမ်အား စိုက်ကြည့်လိုက်ရင်း -

"ဆရာအဘိုး... လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ကျွန်တော်.. ဇီယန်ဂိုဏ်းထဲမှာ လှည့်ပတ်ကြည့်ရင်း ဂိုဏ်းသားတွေအားလုံးဟာ သန်စွမ်းပြီး ဇွဲနပဲနဲ့ ပြည့်စုံနေတာကို သတိထားမိခဲ့တယ်။ ကျွန်တော်..နဲ့ ရွယ်တူ ဂိုဏ်းသားတွေရဲ့ သိုင်းပညာကလည်း တကယ့်ကို အံ့မခန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်.. မနားလည်တာတစ်ခုက... ဘာလို့ မကြာသေးမီ နှစ်တွေအတွင်းမှာ ကျွန်တော်တို့ ဇီယန်ဂိုဏ်းက ဂိုဏ်းသားတွေ သိုင်းလောကထဲကို ဆင်းပြီး ခရီးမထွက်ကြတာလဲဟင်"

လီကျန်းယွမ်က သူ့အား ခပ်ဖျော့ဖျော့ ပြုံးရင်း ဝေ့ဝဲကြည့်လိုက်၏။

"မိုအာ... မင်းရဲ့ မေးခွန်းက ဒါတင် မကသေးဘူး မဟုတ်လား"

"ဟုတ်ပါတယ်..."

ဆုမိုက ခေါင်းငြိမ့်ပြလိုက်ပြီး -

"ကျွန်တော့်အဖေ ဂိုဏ်းကို နှစ်ကြိမ် ပြန်လာခဲ့တုန်းက ပထမတစ်ကြိမ်မှာ အဘိုး ဖြစ်သူ မကွယ်လွန်ခင် ပေးခဲ့တဲ့ မြွေခေါင်းဓားကို ဂိုဏ်းဆီ လွှဲပြောင်းပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သူကြုံတွေ့ခဲ့ရသမျှကို ရှင်းပြပြီး ဂိုဏ်းဆီက အကာအကွယ်ကို မျှော်လင့်ခဲ့မှာ အသေအချာပါပဲ။ အဲ့ဒီတုန်းက ဘေးဒုက္ခတွေကို ရှောင်ရှားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယအကြိမ် ဂိုဏ်းကနေ လော့ရှားမြို့ကို ပြန်သွားတဲ့အခါမှာတော့ သူဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပြီ။ ဆရာအဘိုး... ကျွန်တော်.. ဝံ့ဝံ့ရဲရဲ မေးပါရစေ... အဖေက ဒီဂိုဏ်းထဲမှာ ဘာတွေ သင်ယူခဲ့တာလဲ"

ဆုထျန်းယွင်၏ ပြောင်းလဲမှုမှာ တစ်ညတာအတွင်း ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ပေ။

ပထမအကြိမ် ပြောင်းလဲမှုမှာ ထုန်းယွင်နှင့် တွေ့ဆုံပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။

ဒုတိယအကြိမ်မှာမူ ဇီယန်ဂိုဏ်းသို့ ပြန်လည် ရောက်ရှိခဲ့ပြီးနောက်တွင် ဖြစ်လေသည်။

ဤမေးခွန်းများမှာ ဇီယန်ဂိုဏ်းသို့ ဆုမို စတင် ရောက်ရှိသည့် နေ့မှစ၍ စိတ်ထဲတွင် ကိန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ ယနေ့မှသာ ဆုမိုသည် ဝန်ခံ၍ မေးမြန်းလိုက်ခြင်း ဖြစ်တော့၏။

"မိုအာ... ဇီယန်ဂိုဏ်းက သီးသန့်နေထိုင်တာရယ်၊ ဂိုဏ်းသားတွေ သိုင်းလောကထဲ မဆင်းကြတာရယ်က မင်းအဖေရဲ့ ကိစ္စနဲ့ သက်ဆိုင်နေတယ်လို့ သံသယ ဝင်နေတာလား"

လီကျန်းယွမ်က ဆုမိုအား စူးစိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအိမ်ထဲ၌ အပြုံးရိပ်အချို့ ခိုတွဲနေလေသည်။

ဆုမိုက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း -

"ကျွန်တော်.. မသိလို့ပါ... ဒါကြောင့်လည်း လမ်းညွှန်မှုကို တောင်းခံတာပါ"

"ခဏ စောင့်ဦး"

လီကျန်းယွမ်က ခေါင်းငြိမ့်ပြကာ အိမ်ထဲသို့ လှည့်ဝင်သွား၏။

ခဏအကြာတွင် သူသည် လက်ထဲ၌ အရာတစ်ခုကို ကိုင်ဆောင်ကာ ပြန်လည် ရောက်ရှိလာလေသည်။

ထိုအရာမှာ ဆုမိုအတွက် ရင်းနှီးပြီးသား ဖြစ်သည့်... သွမ့်ဆုန်က ဇီယန် အာမခံဌာန ထံမှ ယူဆောင်သွားခဲ့သော လျှို့ဝှက်သတင်းသေတ္တာပင် ဖြစ်တော့၏။

--

All Chapters