← Chapters

အခန်း ၄၉၀

Vol. 42 Ch. 490

အခန်း ၄၉၀

Vol. 42 Ch. 490

အပိုင်း (၄၉၀)

ယွင်ကျုံးဟဲ့သည် ဟေးပင်းထိုင်မှ နန်ကုန်းအာနှင့် လျှို့ဝှက်စွာ တွေ့ဆုံခဲ့၏။

“အောက်ယွီ... ခင်ဗျားနဲ့ တွေ့ရတာ သေဒဏ်ကျမယ့် အန္တရာယ်ကို စွန့်စားရတာပဲ။”

နန်ကုန်းအာက ပြောလိုက်သည်။ “အခုချိန်မှာ ကျုပ်လို လူမိုက် တစ်ယောက်လောက်ပဲ ခင်ဗျားနဲ့ တွေ့ရဲတာ။”

ယခုအခါ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံးသည် ယွင်ကျုံးဟဲ့ကို မြွေပွေး တစ်ကောင်ကဲ့သို့ ရှောင်ကြဉ်နေကြပြီး သူနှင့် လျှို့ဝှက်စွာ ဆက်သွယ်ရန် မဆိုထားနှင့်၊ စကားတစ်ခွန်း ပြောဆိုခြင်းပင်လျှင် ကြီးမားသော ပြစ်မှုကြီး တစ်ခုကဲ့သို့ ဖြစ်နေကာ ကူးစက်ရောဂါ တစ်ခုကဲ့သို့ သုံးပေအတွင်းသို့ပင် မချဉ်းကပ်ရဲကြချေ။

“သခင်လေး အောက်ယွီ... ခင်ဗျား ပြောစရာ ရှိတာ တိုက်ရိုက် ပြောလိုက်ပါ။” နန်ကုန်းအာက ပြောလိုက်၏။

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျုပ် စုမန်ကို ကယ်ချင်တယ်။”

“မဖြစ်နိုင်ဘူး။”

နန်ကုန်းအာက ပြောလိုက်၏။ “စုမန် သေချာပေါက် သေရမယ်။ ပထမဆုံး အနေနဲ့ သူက ခင်ဗျားရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်နေလို့ သူ သေချာပေါက် သေရမယ်။ ဒုတိယ အနေနဲ့ သူ့ရဲ့ နွေဦး စာမေးပွဲ စာစီစာကုံးထဲမှာ နယ်စားတွေကို ဖယ်ရှားပစ်ဖို့ ရေးသားထားလို့ ကျိန့်ဟိုင် မြို့စားအိမ်တော်ကို စော်ကားမိသွားတယ်။ အခုလို အချိန်မျိုးမှာ နန်းတွင်းက ကျိန့်ဟိုင် မြို့စားအိမ်တော်ရဲ့ အကူအညီကို လိုအပ်နေတာဆိုတော့ ကျိန့်ဟိုင် မြို့စားအိမ်တော်ကို စော်ကားတဲ့သူတိုင်း သေချာပေါက် သေရမှာပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ညီအစ်ကို စုမန်ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်သူ ဖြစ်ပြီး အတန်းဖော်တွေရဲ့ စုဝေးပွဲတွေကိုတောင် တက်ရောက်လေ့ မရှိဘူး။ ပြည့်တန်ဆာ အိမ်ကို သွားဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူ နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်ကို မုဒိမ်းကျင့် သတ်ဖြတ်တယ် ဆိုတာ လုံးဝ ယုတ္တိ မရှိတဲ့ ကိစ္စပဲ။”

နန်ကုန်းအာက ပြောလိုက်၏။ “သေချာပေါက် မဖြစ်နိုင်ဘူးပေါ့။ ပထမဆုံး အနေနဲ့ စုရှောင်ယွင်ဟာ မြို့တော်ရဲ့ တတိယမြောက် နာမည်ကြီး ပြည့်တန်ဆာမဖြစ်ပြီး နာမည် အရမ်းကြီးတယ်။ ဒုတိယ အနေနဲ့ စုရှောင်ယွင်ဟာ စုမန်ရဲ့ ပါရမီကို အရမ်းလေးစားကြောင်း လူသိရှင်ကြား အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးတယ်။

နှမြောစရာကောင်းတာက သူတို့ နှစ်ယောက်လုံးက စုမျိုးရိုး ဖြစ်နေလို့ လျှို့ဝှက် ပတ်သက်မှု မရှိနိုင်ပါဘူး။ ဒါကြောင့် သူမက စုမန်ကို အစ်ကိုအဖြစ် သတ်မှတ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်က နွေဦး စာမေးပွဲ နီးနေပြီ ဆိုတော့ လူတိုင်းက ဘယ်လို တုံ့ပြန်ကြမလဲဆိုတာ ခင်ဗျား စဉ်းစားကြည့်လေ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မရေမတွက်နိုင်တဲ့ စာပေပညာရှင်တွေ သေချာပေါက် မနာလိုဝန်တို ဖြစ်ကြမှာပေါ့။”

နန်ကုန်းအာက ပြောလိုက်၏။ “စုရှောင်ယွင်က လှပပြီး နာမည်ကြီးတယ်။ စောင်း၊ စစ်တုရင်၊ စာပေ၊ ပန်းချီ အားလုံး တတ်ကျွမ်းပြီး မရေမတွက်နိုင်တဲ့ စာပေပညာရှင်တွေရဲ့ အိပ်မက်ထဲက ချစ်သူ ဖြစ်နေတယ်။ လူအများအပြားက သူမကို ဖားဖို့အတွက် ငွေတွေ အများကြီး သုံးခဲ့ကြပေမယ့် မျက်နှာလေး တစ်ချက်တောင် မမြင်ခဲ့ရဘူး။ ရလဒ်အနေနဲ့ သူမက စုမန်ကို လေးစားတယ်လို့ လူသိရှင်ကြား ပြောဆိုနေတော့ အဲဒီ စာပေပညာရှင်တွေက သွေးအန်မတတ် မနာလို ဖြစ်နေကြတာပေါ့။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပြီးတော့ကော။”

နန်ကုန်းအာက ပြန်ဖြေလိုက်၏။ “နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်ဟာ စုမန်ကို သူ့ရဲ့ ထင်ယွီရွှမ်း (ပြည့်တန်ဆာအိမ်)ကို လာဖို့ အမြဲတမ်း ဖိတ်ခေါ်ခဲ့ပေမယ့် စုမန်က တစ်ခါမှ မသွားခဲ့ဘူး။ ဟွေ့ယွမ် ဖြစ်သွားပြီးတဲ့နောက်မှာ စုမန်က ပိုပြီးတော့တောင် တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ပြီး ဘယ်သူမှ မသိတဲ့ နေရာတစ်ခုမှာ နေထိုင်ကာ နန်းတွင်း စာမေးပွဲကို စောင့်ဆိုင်းနေခဲ့တယ်။ ရလဒ်အနေနဲ့ ဒီ နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်က သူ့ရဲ့ နေအိမ်ကို ရှာတွေ့သွားပြီး လူသိရှင်ကြား သွားရောက် လည်ပတ်ခဲ့တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူ သွားတဲ့ အချိန်မှာ လူတွေ အများကြီး သိခဲ့ကြလား။”

နန်ကုန်းအာက ပြန်ဖြေလိုက်၏။ “လူတွေ အများကြီး သိရုံတင် မကဘူး။ သူ့လို လှပတဲ့ အမျိုးသမီး တစ်ယောက် လမ်းမပေါ်မှာ လမ်းလျှောက်သွားတာ ဘယ်လောက်တောင် မျက်စိကျစရာ ကောင်းလိုက်မလဲ။ ပြီးတော့ စုမန်ရဲ့ နေအိမ်ကို မရောက်ခင်မှာ သူမက လူသိရှင်ကြား ပြောခဲ့သေးတယ်။ စုမန်ဟာ ဟွေ့ယွမ် ရသွားပြီ ဖြစ်လို့ ကျွမ့်ယွမ် ရဖို့ကလည်း မခက်ခဲတော့ဘူးတဲ့။ ဒါကြောင့် သူ စုရှောင်ယွင် အနေနဲ့ သူ့ကို အစ်ကိုအဖြစ် သတ်မှတ်ဖို့ မဝံ့ရဲတော့ဘဲ သူ့ရဲ့ကဗျာတွေကို ဝေဖန်ပေးဖို့လောက်ပဲ တောင်းဆိုချင်တယ် တဲ့။”

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ပြီးတော့ကော။”

နန်ကုန်းအာက ပြန်ဖြေလိုက်၏။ “ပြီးတော့ စုရှောင်ယွင်က အထဲကို ဝင်သွားတယ်။ အဲဒီနေ့ညမှာ အထဲကနေ အမျိုးသမီး တစ်ယောက်ရဲ့ အလန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်လို့ ကြားရတယ်။ နောက်တစ်နေ့မှာ စုရှောင်ယွင်ရဲ့ အစေခံမက စုမန်ရဲ့ အခန်းထဲ ဝင်သွားတော့ သူတို့ နှစ်ယောက်လုံး အဝတ်အစား မပါဘဲ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ စုရှောင်ယွင်ရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ ပြည့်နှက်နေပြီး မုဒိမ်းကျင့်ခံထားရတဲ့အပြင် လည်ပင်းမှာလည်း ညိုမည်းနေတဲ့ ဒဏ်ရာတွေ တွေ့ရလို့ အရှင်လတ်လတ် လည်ပင်းညှစ် အသတ်ခံလိုက်ရတာပဲ။”

ယွင်ကျုံးဟဲ့၏ မျက်မှောင်ကျုံ့သွားတော့သည်။

နန်ကုန်းအာက ပြောလိုက်၏။ “သခင်လေး အောက်ယွီ... စိတ်ကူးယဉ် မနေပါနဲ့တော့။ သက်သေ အထောက်အထားတွေ အပြည့်အစုံ ရှိနေပြီဖြစ်လို့ စုမန်ဟာ သေချာပေါက် သေရတော့မှာပါ။ ကယ်တင်ဖို့ မစဉ်းစားပါနဲ့တော့။

သူက ခင်ဗျားကို ကူညီခဲ့ဖူးတာက သူ့ရဲ့ အကြီးမားဆုံး အမှားပါပဲ။ ခင်ဗျားနဲ့ ပတ်သက်တဲ့သူတွေ၊ ခင်ဗျားအပေါ် ကျေးဇူးရှိတဲ့သူတွေ အားလုံး သေရမှာပါ။ ယွီကျန်းလည်း ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီ။ စုမန်လည်း ခါးဖြတ် အသတ်ခံရတော့မယ်။”

နန်ကုန်းအာက ဆက်ပြောလိုက်သည်။ “သခင်လေး အောက်ယွီ... ကျုပ် သွားတော့မယ်။ စုမန်ရဲ့ အမှုကို ပြောင်းပြန်လှန်လို့ မရတော့ပါဘူး။ သူ သေချာပေါက် သေရတော့မှာပါ။ မနက်ဖြန်မှာ သူ အသတ်ခံရတော့မယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မနက်ဖြန် ဟုတ်လား။”

နန်ကုန်းအာက ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ မနက်ဖြန်ပဲ။ တရားလွှတ်တော်ချုပ်က မနက်ဖြန်မှာ စုမန်ကို ခါးဖြတ်သတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဆောင်းဦးပေါက်အထိ စောင့်စရာ မလိုတော့ဘဲ ချက်ချင်း ကွပ်မျက်တော့မှာပါ။ ဒီပြစ်မှုက အရမ်းကြီးမားပြီး ပြည်သူတွေကို ဒေါသ အရမ်း ထွက်စေလို့တဲ့။”

.................

မြို့တော်ရှိ ကျိန့်ဟိုင် မြို့စားအိမ်တော် အတွင်း၌...

ချောမောပြီး ခွန်အားကြီးမားသော ကျိန့်ဟိုင် မြို့စား သားတော်သည် အလွန် လှပသော အမျိုးသမီး တစ်ဦးကို နှိပ်စက်နေပြီး ၎င်းမှာ စုမန်၏ မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဆိုသော နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင် ပင်ဖြစ်၏။

စီးကွမ် သည် သူမကို နှိပ်စက်နေစဉ် မျက်လုံးများကို မှိတ်ကာ သူမကို အခြား အမျိုးသမီး တစ်ဦး အဖြစ် စိတ်ကူးယဉ်နေသည်။

နာရီဝက်ခန့် အကြာတွင် နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင် သည် စီးကွမ်၏ ရင်ခွင်ထဲတွင် ပျော့ခွေသွားပြီး နူးညံ့စွာ ပြောလိုက်၏။ “သခင်လေး... ရှင်က အရမ်းကို ခွန်အားကြီးတာပဲ။ ကျွန်မကို အဖော်ပြုပေးမယ့် ညီမလေး တစ်ယောက်လောက် မြန်မြန် ရှာပေးပါအုံး။ မဟုတ်ရင် အကြိမ်တိုင်း ကျွန်မရဲ့ အသက်တစ်ဝက်လောက် လွင့်ထွက်သွားရတယ်။”

“ညီမလေး ဟုတ်လား။”

စီးကွမ်က ပြုံးလျက် ပြောလိုက်သည်။ “မင်းသမီး ရှန်ရှန်းကို ခင်ဗျားရဲ့ ညီမလေး လုပ်ခိုင်းရင်ရော ဘယ်လိုလဲ။”

“ကောင်းတာပေါ့... ကောင်းတာပေါ့...”

နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်က ပြောလိုက်၏။ “နောက်ပိုင်းကျရင် ကျွန်မက မင်းသမီး ရှန်ရှန်းနဲ့ အတူတူ သခင်လေးကို ပြုစုယုယပေးမယ်လေ။ သူမက အပျိုစစ်စစ်လေးပဲ ရှိသေးတာဆိုတော့ ကျွန်မက သူမကို သေချာ သင်ပေးလို့ ရတာပေါ့။ ဟီး ဟီး...”

ထို့နောက် နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်က ပြောလိုက်သည်။ “သခင်လေး... မနက်ဖြန်ကျရင် အဲဒီ စုမန်ဟာ ခါးဖြတ် အသတ်ခံရတော့မယ်။ ကျွန်မ ဒီကိစ္စကို သခင်လေး အတွက် သေချာ လုပ်ဆောင်ပေးနိုင်ခဲ့တယ် မဟုတ်လား။”

စီးကွမ်က ပြောလိုက်၏။ “စုမန် လား။ သူက အောက်ယွီ နဲ့ ရင်းနှီးတဲ့သူ ဆိုတော့ သေသင့်တာပေါ့။ အောက်ယွီကိုပါ သတ်ပြီးသွားတဲ့ အချိန်ကျမှ ထပ်ပြီး အောင်ပွဲခံကြတာပေါ့။”

စုရှောင်ယွင်က ပြောလိုက်သည်။ “ရှစ်လပိုင်း ရှစ်ရက်နေ့ကျရင် သခင်လေးက မင်းသမီး ရှန်ရှန်းကို လက်ထပ်ရတော့မယ်။ သခင်လေးက မင်းသမီး ရှန်ရှန်းကို နှိပ်စက်တဲ့ အချိန်ကျရင် အဲဒါက အောက်ယွီ အတွက် အကြီးမားဆုံး နှိပ်စက်မှု မဟုတ်ဘူးလား။”

“ဟား... ဟား...ဟား... မင်းပြောတာ မှန်တယ်... အရမ်း မှန်တယ်။”

စီးကွမ်က ပြောလိုက်၏။ “မိန်းမယုတ်... အိပ်လိုက်။ အဲဒီတုန်းက စုမန်ရဲ့ အိမ်မှာ ခင်ဗျားက သေချင်ယောင် ဆောင်တာ အရမ်း သရုပ်ဆောင်ကောင်းခဲ့လို့ တရားလွှတ်တော်ချုပ်က မှုခင်းဆေးပညာရှင်ကိုတောင် လှည့်စားနိုင်ခဲ့တာ။ အခု အလောင်း တစ်လောင်းလို ပြန်ပြီး သရုပ်ဆောင်ပြစမ်း။”

ထို့နောက် ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ်သည် နောက်တစ်ကြိမ် သူ၏ အစွမ်းအစများကို ပြသလိုက်ပြန်သည်။

…………….

နှစ်နာရီခန့် အကြာတွင် နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်သည် ရုပ်ဖျက်ကာ မြို့တော်ရှိ ကျိန့်ဟိုင် မြို့စားအိမ်တော်မှ ထွက်ခွာသွားပြီး ခြေဖျားလေး ညင်သာစွာ ထောက်လိုက်ကာ လမ်းမများနှင့် လမ်းကြားများ အတွင်းသို့ ပျောက်ကွယ်သွားတော့၏။

အကွေ့အကောက်များစွာကို ဖြတ်သန်းပြီးနောက် သူမသည် သာမန် နေအိမ်တစ်လုံး အတွင်းသို့ ဝင်ရောက်သွားတော့၏။ ထို့နောက် လျှို့ဝှက် တံခါးကို ဖွင့်ကာ မြေအောက် လျှို့ဝှက်ခန်း အတွင်းသို့ ဝင်ရောက်လိုက်သည်။

သူမသည် အမှောင်ထုထဲတွင် ဒူးထောက်ကာ ပြောလိုက်၏။ “တပည့်တော်... မဟာဆရာသခင်ကြီးကို အရိုအသေပေးပါတယ်။”

မီးတောက် တစ်ခု လင်းထိန်လာတော့၏။ ဤလျှို့ဝှက်ခန်း အတွင်း၌ ရပ်နေသူမှာ ယွမ်ထျန်းရှဲ့ မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။

ထို့နောက် ယွမ်ထျန်းရှဲ့က အမှောင်ထဲရှိ လူရိပ် တစ်ခုကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ရှောင်ယွင်... ဒီလူက နောက်ပိုင်း ခင်ဗျားရဲ့ သခင်ပဲ။ သခင်လေးကို အရိုအသေ မပေးသေးဘူးလား။”

....................

နန်းတော် အတွင်း၌ မင်းသမီး ရှန်ရှန်း သည် အခန်းတွင်း၌ အကျယ်ချုပ် ချခံထားရ၏။

ဧကရာဇ်ဟောင်းက လူလွှတ်ပြီး လာခေါ်ခိုင်းသော်လည်း မယ်တော်မိဖုရားခေါင်ကြီးက မင်းသမီး ရှန်ရှန်း နေမကောင်းဘူးဟု အကြောင်းပြကာ ရှန်ချင်းနန်းဆောင်မှ လူများကို အတင်းအကျပ် နှင်ထုတ်ခဲ့သည်။

မိဖုရားခေါင်ကြီး၏ ရိုင်းစိုင်းမှုကြောင့် ရှန်ချင်းနန်းဆောင်မှ လူများပင်လျှင် မည်သို့မျှ မတတ်နိုင်ခဲ့ချေ။

စီးကွမ်သည် အသက်ကြီးသူများကို အလွန် ဖားတတ်သူဖြစ်ပြီး လွန်ခဲ့သော နှစ်များအတွင်း မယ်တော် မိဖုရားခေါင်ကြီးထံ မကြာခဏ လာရောက် ဖူးမြော်လေ့ရှိရာ မယ်တော်မိဖုရားခေါင်ကြီးကလည်း သူ့ကို မြေးတစ်ယောက်လို ချစ်ခင်ခဲ့သည်။

မိဖုရားခေါင်ကြီးက ကျိန့်ဟိုင် မြို့စား သားတော်သည် စာပေရော သိုင်းပညာပါ ထူးချွန်ပြီး အဆင့်အတန်းလည်း မြင့်မားသောကြောင့် အောက်ယွီထက် အဆတစ်သောင်း ပိုကောင်းကာ မင်းသမီး ရှန်ရှန်း အတွက် အလိုက်ဖက်ဆုံး ဖြစ်သည်ဟု ထင်မှတ်နေ၏။

သေချာပေါက် စီးကွမ်၏ဇနီး သည် အရေးကြီးသော အချိန်တွင် သေဆုံးသွားခြင်းမှာ သံသယ ဖြစ်စရာ ကောင်းလေသည်။

သို့ပေမည့် စီးကွမ်နှင့် မယ်တော်မိဖုရားခေါင်ကြီးတို့ကြားတွင် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် သံယောဇဉ် ရှိနေပြီဖြစ်ပြီး မယ်တော်မိဖုရားခေါင်ကြီးကို အလွန် ဖားတတ်သူ ဖြစ်၏။

သူသည် ဇနီးဖြစ်သူနှင့် အလွန် ချစ်ခင်ကြောင်း အမြဲတမ်း ပြသလေ့ရှိပြီး ဇနီးသည် ဖျားနာနေချိန်တွင် မယ်တော်မိဖုရားခေါင်ကြီး၏ အရှေ့၌ အလွန် ပိန်ချုံးနေပုံ ပေါက်အောင် နေထိုင်ကာ မျက်ရည်များလည်း မကြာခဏ ကျလေ့ရှိသည်။

စီးကွမ်၏ဇနီး ရောဂါဖြင့် သေဆုံးသွားပြီးနောက် မယ်တော်မိဖုရားခေါင်ကြီး၏ အရှေ့တွင် သူက နောက်အိမ်ထောင် မပြုတော့မည့် ပုံစံမျိုး ပြသခဲ့၏။

ကျိန့်ဟိုင် မြို့စားအိမ်တော်က စေ့စပ်ရေးမှူး လွှတ်ကာ မင်းသမီး ရှန်ရှန်းကို လက်ထပ်ခွင့် တောင်းချိန်မှာတော့ စီးကွမ်သည် မယ်တော်မိဖုရားခေါင်ကြီးထံ ချက်ချင်း ပြေးသွားပြီး ဤအိမ်ထောင်ရေးကို အခိုင်အမာ ငြင်းပယ်ခဲ့သည်။

ထို့နောက် မယ်တော်မိဖုရားခေါင်ကြီးကို ဆုံးဖြတ်ပေးရန် တောင်းဆိုခဲ့ပြီး သူ စီးကွမ်သည် သုံးနှစ်အတွင်း သေဆုံးသွားသော ဇနီးအတွက် ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ်အဖြစ် နေထိုင်မည်ဖြစ်ပြီး လုံးဝ နောက်အိမ်ထောင် မပြုတော့ဘူးဟု ပြောဆိုခဲ့၏။

ဤသို့ဖြင့် မယ်တော်မိဖုရားခေါင်ကြီးက သူ့ကို ပို၍ ယုံကြည်အားထားလာပြီး ဤအိမ်ထောင်ရေးကို အခိုင်အမာ သဘောတူလိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် မယ်တော်မိဖုရားခေါင်ကြီး သည် သာမန် အမျိုးသမီး တစ်ဦးသာ ဖြစ်သည်ဟု ဆိုရမှာဖြစ်သည်။

မင်းသမီး ရှန်ရှန်းသည် သူမကို အကျယ်ချုပ် ချထားသော နန်းဆောင်မှ အကြိမ်ကြိမ် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အသက်ကြီးကြီး အစေခံမများက တားဆီးထားခဲ့ကြသည်။ ထို့ကြောင့် သူမသည် တစ်လတိတိ အကျယ်ချုပ် ချခံထားရပြီ ဖြစ်၏။

………………

All Chapters