← Chapters

အခန်း ၄၉၂

Vol. 42 Ch. 492

အခန်း ၄၉၂

Vol. 42 Ch. 492

အပိုင်း (၄၉၂)

မိဖုရားကြီးသည် မယ်တော်မိဖုရားခေါင်ကြီး၏ အရှေ့သို့ သွားကာ ပြောလိုက်၏။ “မယ်တော်... ရှန်ရှန်းက နားလည်မှုရှိစွာနဲ့ သူ့ကိုယ်သူ နာကျင်အောင် လုပ်ပေမယ့် နာကျင်ရတာက ကျွန်မတို့တွေပါပဲ။ သူမ ခန္ဓာကိုယ် အားနည်းတော့ ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် မလုပ်သင့်တော့ပါဘူး။ ဒါပေမဲ့ သူမလို အသက်ရှင်နေတဲ့ လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်ဆိုရင် တားဆီးဖို့ အရမ်း ခက်ခဲပါတယ်။”

မယ်တော်မိဖုရားခေါင်ကြီး သည် ရှန်ရှန်းကို ဖက်ထားရင်း မေးလိုက်သည်။ “ဒါဆို ဘယ်လို လုပ်ရမလဲ။”

မိဖုရားကြီးက ပြန်ဖြေလိုက်၏။ “လောလောဆယ် သူမကို ပိုးကြိုးတွေနဲ့ တုပ်နှောင်ထားပြီး အိပ်ဆေး တိုက်ထားလိုက်ပါ။ သူမ အရင် ငြိမ်သက်သွားအောင် လုပ်လိုက်ရင် ဘယ်လိုလဲ။”

မယ်တော်မိဖုရားခေါင်ကြီးသည် မင်းသမီး ရှန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ ဒဏ်ရာရနေသော လက်ကောက်ဝတ်ကို ကြည့်လိုက်၏။ ထို့နောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အဲဒါ... အဲဒါဆိုလည်း ကောင်းပြီ လုပ်လိုက်ကြတော့။”

ဤစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မိဖုရားကြီး သည် ရုတ်တရက် လက်ဝှေ့ယမ်းလိုက်တော့သည်။

အသက် ကြီးကြီး အစေခံမ အချို့ ရှေ့သို့တက်လာပြီး မင်းသမီး ရှန်ရှန်းကို ကုတင်ပေါ်တွင် အတင်းအကျပ် ဖိချကာ ပိုးကြိုးများဖြင့် တုပ်နှောင်လိုက်ပြီး ပါးစပ်ကို ဖွင့်ကာ တော်ဝင် သမားတော် လင်ကျုံးရင်က ဆေးရည်များကို မင်းသမီး ရှန်ရှန်း၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့၏။

ဤဆေးအာနိသင်သည် အမှန်တကယ်ပင် ပြင်းထန်လှပြီး မကြာမီမှာပင် မင်းသမီး ရှန်ရှန်းသည် အိပ်မောကျသွားတော့သည်။

ဧကရာဇ်က အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ “ဒီနေရာက သတင်းတွေ စကားတစ်ခွန်းမှ အပြင်မထွက်စေရဘူး။ အစေခံတွေ အားလုံး သေချာ နားထောင်ထား။ အကယ်၍ ရှန်ချင်းနန်းဆောင် ဘက်က ဒီကိစ္စကို သိသွားရင် ဒီနေရာမှာ ရှိနေတဲ့အစေခံတွေ အားလုံးကို တစ်ယောက်မကျန် သတ်ပစ်မယ်။”

ချက်ချင်းပဲ မိန်းမစိုးများနှင့် အစေခံမများ အားလုံး ဒူးထောက်ကာ တုန်ယင်စွာဖြင့် ပြောလိုက်ကြသည်။ “အမိန့်တော်အတိုင်းပါ။”

မယ်တော်မိဖုရားခေါင်ကြီး၏ အိပ်ဆောင်မှ ထွက်လာပြီးနောက် ဧကရာဇ်နှင့် စုချင်ဝမ်တို့ လျှို့ဝှက်စွာ ဆွေးနွေးကြတော့၏။

“ကျိန့်ဟိုင် မြို့စားအိမ်တော်ဘက်က ဘယ်လို ပြောလဲ။”

စုချင်ဝမ်က ပြန်ဖြေလိုက်သည်။ “ကျိန့်ဟိုင် မြို့စားက အရှင်မင်းမြတ်ဆီ နောက်ထပ် ငွေသား သုံးသန်း ဆက်သမယ်လို့ ပြောပါတယ်။ လန်ကျိုးဆိပ်ကမ်း ပျက်စီးသွားပေမယ့် မူလ လန်ကျိုးဆိပ်ကမ်းရဲ့ ကုန်သွယ်ရေး ဝင်ငွေ ခြောက်ဆယ် ရာခိုင်နှုန်းကို ကျုပ်တို့ တောင်ပိုင်းကျိုးက ဆက်လက် ရရှိမှာပါ။

ဒီကုန်သွယ်ရေး ဝင်ငွေတွေကို တကယ်တမ်းကျတော့ ဆုံးရှုံးသွားပါပြီ။ တာယင်အင်ပါယာနဲ့ တာ့ရှ အင်ပါယာ တို့က လုယူသွားကြပါပြီ။ ဒါပေမဲ့ စီးပြန်းက အရှင်မင်းမြတ်အပေါ် သစ္စာရှိတဲ့အတွက် ဒီ ခြောက်ဆယ် ရာခိုင်နှုန်းကို ကြိုတင် စိုက်ထုတ်ပေးဖို့ ဆန္ဒရှိပါတယ်။”

“ကြိုတင် စိုက်ထုတ်ပေးမယ် ဟုတ်လား။”

ဧကရာဇ်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “မူလက လန်ကျိုး ဆိပ်ကမ်းမှာရှိတဲ့ ကုန်သည်သင်္ဘောတွေ အားလုံးက သူ့ရဲ့ စီးမိသားစု ဆိပ်ကမ်းတွေကို ပြေးသွားကြတာလေ။ ပြီးတော့ သူ့မိသားစုရဲ့ တတိယမြောက် ဆိပ်ကမ်းတောင် ဖွင့်လှစ်နေပြီ ဆိုတာကို ကိုယ်တော် မသိဘူးလို့ ထင်နေလား။”

စုချင်ဝမ်က ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်... ပင်လယ်ပြင် နဲ့ကုန်းမြေ ဆိုတာ မတူပါဘူး။ ပင်လယ်ပြင် မှာ အင်အားကြီးတဲ့သူက အနိုင်ရတာပါ။ အခု ကျုပ်တို့ရဲ့ ရေတပ်အင်အားက စီးမိသားစုရဲ့ လေးပုံတစ်ပုံ လောက်တောင် မရှိတော့ဘူး။ ဒါကြောင့် ဒီနှစ်အနည်းငယ် အတွင်းမှာ စီးမိသားစုကို တည်ငြိမ်အောင် ထိန်းထားဖို့ လိုအပ်ပါတယ်။ ကျုပ်တို့ရဲ့ လန်ကျိုး ဆိပ်ကမ်း ပြန်လည် တည်ဆောက်ပြီး ရေတပ်လည်း မူလ အင်အားအတိုင်း ပြန်ရောက်သွားတဲ့ အချိန်ကျရင် အားလုံး အဆင်ပြေသွားမှာပါ။”

ဧကရာဇ် မျက်မှောင်ကြုတ်သွားတော့၏။

စုချင်ဝမ်က ဆက်ပြောလိုက်သည်။ “ပြီးတော့ အခု ကျုပ်တို့ရဲ့ အဓိက ရန်သူက စီးမိသားစု မဟုတ်တော့ပါဘူး။ အနည်းဆုံးတော့ ဒီအဆင့်မှာ ကျိန့်ဟိုင် မြို့စားဟာ ကျုပ်တို့ရဲ့ မဟာမိတ်ပါပဲ။”

ဤစကားမှာ အမှန်တကယ်ပင် မှန်ကန်လေသည်။ ယခုအခါ ဧကရာဇ်၏ အကြီးမားဆုံး ရန်သူမှာ ပြည်တွင်း၌ ရှိနေပြီး ပြည်ပ၌ မဟုတ်ချေ။

စုချင်ဝမ်က ဆက်ပြောလိုက်၏။ “ဒါကြောင့် ဒီလို အရေးကြီးတဲ့ အချိန်မှာ မင်းသမီး ရှန်ရှန်းရဲ့ သဘောထားက ကျုပ်တို့ တောင်ပိုင်းကျိုးကို ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ အကယ်၍ သူမက အနာဂတ်မှာ စီးကွမ်နဲ့ လက်ထပ်ပြီးနောက် ပြင်းထန်တဲ့ လုပ်ရပ် တစ်ခုခု လုပ်လိုက်မယ်ဆိုရင် တော်ဝင်မိသားစုနဲ့ စီးမိသားစုကြားက ဆက်ဆံရေးကို ထိခိုက်စေပြီး ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ အကျိုးစီးပွားကို ထိခိုက်စေမှာပါ။”

ဧကရာဇ်က မေးလိုက်သည်။ “ခင်ဗျားရဲ့ အဓိပ္ပာယ်က။”

စုချင်ဝမ်က ပြန်ဖြေလိုက်၏။ “အောက်ယွီကို သတ်ပစ်ဖို့ပါ။”

ဧကရာဇ်က စုချင်ဝမ်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ ‘သတ်လို့ရရင် အခုချိန်ထိ စောင့်နေစရာ လိုသေးလို့လား။’

စုချင်ဝမ်က ဆက်ပြောလိုက်၏။ “ကျုပ်တို့က မသတ်နိုင်ပေမယ့် စီးမိသားစုကတော့ သတ်လို့ ရနိုင်ပါတယ်။ အခုချိန်မှာ ကျုပ်တို့က ကျိန့်ဟိုင် မြို့စားအိမ်တော်ကို ဘာမှ မလုပ်နိုင်ပါဘူး။ ဧကရာဇ်ဟောင်းရဲ့ ဩဇာအာဏာလည်း အဲဒီအထိ မသက်ရောက်နိုင်ပါဘူး။

အင်အားချင်း မယှဉ်နိုင်တဲ့ အခြေအနေမှာ အောက်ယွီက ညီလာခံမှာ စီးမိသားစု ပုန်ကန်တော့မယ်လို့ အော်ဟစ်ခဲ့တာဟာ စီးကွမ်အတွက်တော့ သူ့ဖခင်ကို စော်ကားတာပါပဲ။ သူက ဒီအတိုင်း ငြိမ်နေနိုင်ပါ့မလား။ ဖခင် အတွက် လက်စားချေတဲ့ နေရာမှာ အမှားအယွင်း နည်းနည်း ရှိရင်တောင် နားလည်ပေးလို့ ရတယ် မဟုတ်လား။”

……………

မြို့တော်ရှိ လျှို့ဝှက် အိမ်တစ်လုံး အတွင်း၌ အမှောင်ထုထဲတွင် ပုန်းအောင်းနေသော အောက်ယွီ သည် စုမန်ကို ချောက်ချခဲ့သော ဤနာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင် သည် ယွမ်ထျန်းရှဲ့၏ တပည့် ဖြစ်နေပြီး ဟွမ်ထျန်း သာသနာ၏ တပည့် ဖြစ်နေမည်ဟု မည်သို့မှ မထင်မှတ်ခဲ့မိချေ။

ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “ရှောင်ယွင်ဟာ စီးကွမ်နဲ့ ပတ်သက်နေတာ အချိန်အတော်ကြာပါပြီ။ ကျိန့်ဟိုင် မြို့စားအိမ်တော်ထဲကို လျှို့ဝှက် ဝင်ရောက်ဖို့ အခွင့်အရေးကို စောင့်နေခဲ့တာပါ။ ဒါကြောင့် စုမန်ကို ချောက်ချတဲ့ကိစ္စမှာ သူက အမိန့်ကို နာခံပြီး လုပ်ဆောင်ခဲ့တာပါ။”

ယွင်ကျုံးဟဲ့ နားလည်သွားတော့၏။ ဤ နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်က စုမန်ကို ချောက်ချခဲ့ခြင်းမှာ ယွမ်ထျန်းရှဲ့၏ အမိန့် မဟုတ်ဘဲ မတော်တဆ တိုက်ဆိုင်သွားခြင်းသာ ဖြစ်သည်။

ထို့အပြင် သူမ၏ အဆင့်အတန်း အရဆိုလျှင် ယခုအချိန်တွင် ယွမ်ထျန်းရှဲ့ နှင့် ယွင်ကျုံးဟဲ့ တို့၏ ဆက်ဆံရေးကို လုံးဝ သိရှိမည် မဟုတ်ချေ။

ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “သခင်လေး... စုရှောင်ယွင်ကို အမှုလှန်ခိုင်းပြီး စုမန်ကို ပြန်လည်ကယ်တင်ဖို့ဆိုတာ အရမ်း လွယ်ကူပါတယ်။ ဒါပေမဲ့ ကျိန့်ဟိုင် မြို့စားအိမ်တော်မှာ ခက်ခက်ခဲခဲ မြှုပ်နှံထားတဲ့ ဒီသူလျှိုကတော့ အလကား ဖြစ်သွားပါပြီ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျိန့်ဟိုင် မြို့စားအိမ်တော်မှာ သူ့ကို သူလျှိုအဖြစ် အသုံးပြုဖို့ မလိုအပ်တော့ပါဘူး။”

………….

မကြာသေးမီက မြို့တော်အတွင်း၌ မိစ္ဆာလေဆိုး တစ်ခု တိုက်ခတ်လာသကဲ့သို့ ဖြစ်နေသည်။ ရှန်ချင်းနန်းဆောင် အတွင်း၌ လင်ပေါင်ထျန်းကျွင်းကို ကိုးကွယ်ထားရုံသာမက တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်းလည်း ကိုယ်ထင်ပြခဲ့သောကြောင့် နတ်ဘုရား နေရာတစ်ခု ဖြစ်နေပြီဟု ပြောဆိုနေကြ၏။

သို့ပေမည့် ရှန်ချင်းနန်းဆောင် အတွင်းသို့ ဝင်ရောက်လာသူ အချို့သည် မရိုမသေ ပြုလုပ်ခဲ့ကြ၏။ ဥပမာအားဖြင့် တော်ဝင် သမားတော် လင်ကျုံးရင် သည် စကားပြောဆိုနေစဉ် ရှန်ချင်းနန်းဆောင်ရှိ လင်ပေါင် ထျန်းကျွင်း၏ ရုပ်တု အပေါ်သို့ တံတွေး ထွေးချခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံသည် လင်ပေါင် ထျန်းကျွင်း၏ အောက်ရှိ တင်ပျဉ်ခွေထိုင်ရန် အခင်းကို နင်းမိခဲ့သည်။ ထိုအခင်းမှာ မူလက ဒူးထောက် ဖူးမြော်ရန် ဖြစ်သော်လည်း သူက ခြေထောက်ဖြင့် နင်းခဲ့သည်ဟု ပြောကြပြန်၏။

နောက်ထပ် လူတစ်ယောက်မှာ တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် ဖြစ်ပြီး သူ၏ ဇနီး တွမ်ယွင် နှင့် တွမ်ယွီ တို့သည် တာ့ဖာရှန့်ကျွင်း၏ ရုပ်တုအတွင်း၌ မပြောဝံ့သော အရှက်တကွဲကိစ္စများကို ပြုလုပ်ခဲ့ပြီး တာ့ဖာရှန့်ကျွင်းကို စော်ကားခဲ့သည်ဟု သတင်း ထွက်ပေါ်လာသည်။

ထိုနေ့ညက တာ့ဖာရှန့်ကျွင်း ကိုယ်ထင်ပြချိန်တွင် တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်သည် အပြစ် ဝန်မခံခဲ့ချေ။ ထို့ကြောင့် ဤလူစုသည်ကံဆိုးမိုးမှောင်ကျတော့မည်ဟု ပြောဆိုနေကြ၏။

ဤမိစ္ဆာလေဆိုးသည် ဧကရာဇ်၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး သူက ဤအရာများ အားလုံးမှာ ပြည်သူများ၏ ကောလာဟလများသာဖြစ်ကြောင်း ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့ကာ ဟေးလုံထိုင်ကို အသေအချာ စုံစမ်းစစ်ဆေးရန်နှင့် တွေ့ရှိသူတိုင်းကို ဖမ်းဆီးရန်၊ လုံးဝ မညှာတာရန် အမိန့်ပေးခဲ့သည်။

…………

တရားလွှတ်တော်ချုပ်....

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ သည် စုမန်၏ နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်ကို မုဒိမ်းကျင့် သတ်ဖြတ်သည့် အမှုကို စစ်ဆေးနေ၏။

သေချာပေါက် ဤအမှုသည် သက်သေ အထောက်အထား အပြည့်အစုံ ရှိနေပြီဖြစ်သောကြောင့် ထပ်မံ စစ်ဆေးရန် မလိုအပ်တော့ဘဲ နောက်ဆုံး စီရင်ချက် ချရန်သာ လိုအပ်သည်။

သို့ပေမည့် စုမန်သည် ကျင်ရှီတစ်ဦး ဖြစ်ရုံသာမက ဤတစ်ကြိမ် နွေဦး စာမေးပွဲတွင် ပထမဆု ရရှိထားသူ ဖြစ်သောကြောင့် တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးမှုကို ပြုလုပ်ရခြင်း ဖြစ်၏။

“စုမန်... ခင်ဗျား အပြစ်မဝန်ခံသေးဘူးလား။” တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက အေးစက်စက်ဖြင့် မေးလိုက်သည်။

စုမန် သည် မတ်မတ် ရပ်နေပြီး တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်၏။ “ကျုပ်မှာ အပြစ်မရှိဘူး။ ဘယ်လို ဝန်ခံရမှာလဲ။”

ဘေးနားရှိ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနမှ အမတ် တစ်ဦးက ပြောလိုက်သည်။ “တရားခွင်မှာ တရားခံက ဒူးမထောက်ဘူးလား။”

စုမန်က ပြန်ပြောလိုက်၏။ “ကျုပ်က ကျူရန် တစ်ယောက် ဖြစ်သလို ကျင်ရှီလည်း ဖြစ်တယ်။ ဒါကြောင့် ဒူးထောက်စရာ မလိုဘူး။”

တရားလွှတ်တော်ချုပ် ဖူရန်လုံက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အခု မဟုတ်တော့ပါဘူး။ ဒါက ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ တရားဝင် စာရွက်စာတမ်းပါ။ စုမန်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ အားလုံးကို ရုပ်သိမ်းလိုက်ပြီ။ ဧကရာဇ်မင်းမြတ်ရဲ့ နှုတ်မိန့်လည်း ရှိတယ်။ စုမန်လို ကိုယ်ကျင့်တရား ပျက်ပြားတဲ့သူ၊ အရည်အချင်း ရှိပြီး ကိုယ်ကျင့်တရား မရှိတဲ့သူဟာ နန်းတွင်းရဲ့ အမတ်ဖြစ်ဖို့ မထိုက်တန်ဘူးတဲ့။ အခု ခင်ဗျား ဒူးထောက်လို့ ရပြီလား။”

စုမန်၏ မျက်နှာ တုန်လှုပ်သွားပြီးနောက် ဒူးထောက်လိုက်တော့၏။

သူ တစ်သက်လုံး ကြိုးစားအားထုတ်ခဲ့ရသမျှသော ဂုဏ်ထူးဆောင်ဘွဲ့ထူးများသည် ယခုကဲ့သို့ပင် ရုပ်သိမ်းခြင်း ခံလိုက်ရလေ၏။ သို့သော်လည်း ဤမျှ ဆိုးရွားလှသော အခြေအနေမျိုးတွင် ထိုဘွဲ့ထူး ဂုဏ်ထူးများမှာ အဘယ်မှာလျှင် အဓိပ္ပာယ် ရှိနိုင်ပါတော့မည်နည်း။

သူ့အနေဖြင့် ဤကဲ့သို့သော အဖြစ်ဆိုးနှင့် ရင်ဆိုင်ရခြင်းမှာ အကြောင်းရင်းနှစ်ရပ်ကြောင့် ဖြစ်သည်ကို သူကိုယ်တိုင် ကောင်းစွာ သိရှိထားသည်။ ပထမအကြောင်းရင်းမှာ သူသည် အောက်ယွီနှင့် ရင်းနှီးကျွမ်းဝင်ပြီး ရည်မှန်းချက်ချင်း တူညီသော မိတ်ဆွေကောင်းများ ဖြစ်နေခြင်းကြောင့်ပင်။

ဒုတိယအကြောင်းရင်းမှာမူ သူ၏ နွေဦးစာမေးပွဲ အဖြေလွှာ စာစီစာကုံး၌ နယ်စားပယ်ဖျက်ရေးဆိုင်ရာ အာဘော်များကို ထည့်သွင်းရေးသားခဲ့မိရာမှ ကျိန့်ဟိုင်မြို့စားအိမ်တော်ကို စော်ကားမိသကဲ့သို့ ဖြစ်သွားခဲ့ခြင်းကြောင့်ပင် ဖြစ်တော့သည်။

ဖူရန်လုံက ပြောလိုက်၏။ “စုမန်... ခင်ဗျားက စုရှောင်ယွင်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ် ဆိုတာ သက်သေ အထောက်အထား အပြည့်အစုံ ရှိနေပြီ။ ခင်ဗျား အပြစ်ဝန်ခံပြီး လက်မှတ်မထိုးသေးဘူးလား။”

စုမန်က ပြန်ပြောလိုက်သည်။ “ခင်ဗျားတို့က ကျုပ်ကို သတ်ချင်တယ် ဆိုရင် သတ်လို့ ရပါတယ်။ ဒါပေမဲ့ ဒီလို ညစ်ပတ်တဲ့ ပြစ်မှုကို ကျုပ်ခေါင်းပေါ် ပုံချချင်တယ် ဆိုရင်တော့ လုံးဝ စိတ်ကူးယဉ်နေတာပဲ။ ကျုပ်ကို သတ်ပစ်ရင်တောင်မှ၊ အပိုင်းပိုင်း ခုတ်ထစ်ပစ်ရင်တောင်မှ ကျုပ် လုံးဝ လက်မှတ်ထိုးမှာ မဟုတ်ဘူး။”

ဖူရန်လုံက ပြောလိုက်၏။ “ခင်ဗျားရဲ့ အမှုဟာ ဧကရာဇ်မင်းမြတ် ဆီကိုတောင် ရောက်သွားပြီဖြစ်ပြီး ပြည်သူတွေရဲ့ ဒေါသကိုလည်း အရမ်း ထွက်စေခဲ့တယ်။ ဒါကြောင့် ခင်ဗျား လက်မှတ်မထိုးရင်တောင် ခင်ဗျားကို သေဒဏ် ချမှတ်လို့ ရတယ်။

ဒါပေမဲ့ ကျုပ် အမှုစစ်တဲ့အခါ အမြဲတမ်း ပြည့်ပြည့်စုံစုံ လုပ်လေ့ရှိတယ်။ ခင်ဗျားလို ကျင်ရှီ သေးသေးလေး တစ်ယောက်ကို မဆိုထားနဲ့၊ အဲဒီတုန်းက ဖျောက်ချီ စစ်သူကြီးချုပ် အောက်ရှင်းတောင်မှ ကျုပ်ရဲ့ တရားလွှတ်တော်ချုပ်ထဲမှာ အကျဉ်းသား တစ်ယောက် ဖြစ်ခဲ့ရတာပဲ။ အောက်ရှင်းရဲ့ အမှုကိုတောင် ကျုပ် စစ်ဆေးနိုင်ခဲ့တာ၊ ခင်ဗျားကို မစစ်ဆေးနိုင်ဘူးလို့ ထင်နေလား။”

စုမန်က တည်ငြိမ်စွာဖြင့် ပြန်မေးလိုက်သည်။ “ဒါဆို ကျုပ် သိချင်တာက စစ်သူကြီးချုပ် အောက်ရှင်းကို နောက်ဆုံးမှာ ဘာပြစ်မှု ချမှတ်ခဲ့လဲ ဆိုတာပဲ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ၏ မျက်နှာ ပျက်ယွင်း သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် အောက်ရှင်း၏ ပုန်ကန်မှု ပြစ်မှုသည် နောက်ဆုံးတွင် ဘာမှ မဖြစ်ဘဲ ပြီးဆုံးသွားခဲ့သောကြောင့် ဖြစ်၏။

“စကားပြော အရမ်း တော်တာပဲ။ ခင်ဗျားလို ယဉ်ကျေးတဲ့ လူယုတ်မာက သာမန် ပြည်သူ အမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်တာ၊ ခင်ဗျားရဲ့ သန့်စင်တဲ့ စာအုပ်တွေ အားလုံး ခွေးဗိုက်ထဲ ရောက်သွားပြီလား။”

ဖူရန်လုံက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားလို ရိုင်းစိုင်းတဲ့ တိရစ္ဆာန်ကို ရင်ဆိုင်ရတာမို့ ဘာမျက်နှာသာမှ ပေးစရာ မလိုတော့ဘူး။ လာကြစမ်း... သူ့ကို နှိပ်စက်လိုက်။”

ချက်ချင်းပဲ စစ်သည်အချို့ ရှေ့သို့တက်လာပြီး စုမန်ကို မြေပြင်ပေါ်တွင် ဖိချကာ တုတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်တော့၏။

သို့ပေမည့် ထိုအချိန်တွင်ပင် အပြင်ဘက်မှ ဗုံတီးသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း... မတရားခံရပါတယ်... မတရားခံရပါတယ်...”

တရားလွှတ်တော်ချုပ် အကြီးအကဲ၏ မျက်နှာ ပြောင်းလဲသွားပြီး မေးလိုက်၏။ “ဘယ်သူ ဗုံတီးနေတာလဲ။”

အပြင်ဘက်မှ စစ်သည်က ပြန်ဖြေလိုက်သည်။ “အမျိုးသမီး တစ်ယောက်ပါ။ စုမန်ရဲ့ မုဒိမ်းကျင့် သတ်ဖြတ်မှု အမှုက သက်သေလို့ ပြောပါတယ်။”

ဖူရန်လုံက အမိန့်ပေးလိုက်၏။ “ခေါ်လာခဲ့။”

…………….

All Chapters