← Chapters

အခန်း ၄၉၃

Vol. 42 Ch. 493

အခန်း ၄၉၃

Vol. 42 Ch. 493

အပိုင်း (၄၉၃)

ခဏအကြာတွင် အမျိုးသမီး တစ်ဦး ဖြည်းညင်းစွာ ဝင်ရောက်လာတော့သည်။

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက မေးလိုက်၏။ “ဒီက အမျိုးသမီး... ခင်ဗျားက စုရှောင်ယွင် နဲ့ ဘယ်လို ပတ်သက်လဲ။ ခင်ဗျားက စုမန်ရဲ့ မုဒိမ်းကျင့် သတ်ဖြတ်မှု အမှုကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ သက်သေလား။”

ထိုအမျိုးသမီးက မျက်နှာဖုံးကို ဆွဲမလိုက်ပြီး ပြောလိုက်သည်။ “အမတ်မင်း...ကျွန်မက စုရှောင်ယွင်ကိုယ်တိုင် ပါပဲ။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ တည်ရှိနေသည့် လူအားလုံး အံ့ဩတုန်လှုပ်သွားကြတော့၏။

‘စုရှောင်ယွင် သေသွားပြီ မဟုတ်ဘူးလား။ အဲဒီတုန်းက မှုခင်းဆေးပညာရှင်က ရှင်းရှင်းလင်းလင်း စစ်ဆေး ပြီးသွားပြီလေ။ အခု ဘယ်လိုလုပ်ပြီး ပြန်အသက်ရှင်လာရတာလဲ။’

“လာကြစမ်း... မှုခင်းဆေးပညာရှင် ဘယ်မှာလဲ။”

ခဏအကြာတွင် မှုခင်းဆေးပညာရှင် ရောက်ရှိလာပြီး စုရှောင်ယွင်ကို မြင်တွေ့ရချိန်မှာတော့ အနည်းငယ် အံ့ဩသွားရသည်။ ‘သူ သေသွားပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီမှာ အကောင်းကြီး ဒူးထောက်နေရတာလဲ။’

စုရှောင်ယွင်သည် ချက်ချင်းပဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အမတ်မင်း... မတရားခံရပါတယ်... မတရားခံရပါတယ်။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ၏ စိတ်ထဲတွင် အန္တရာယ် အငွေ့အသက် တစ်ခုကို ချက်ချင်း ခံစားလိုက်ရ၏။ သူက စုရှောင်ယွင်၏ အဆင့်အတန်းကို အသိအမှတ် မပြုဘဲ မေးလိုက်သည်။ “ခင်ဗျား ဗုံတီးတာ ဘာကိစ္စလဲ။”

စုရှောင်ယွင်က ပြန်ဖြေလိုက်၏။ “ဒီလူက ကျွန်မကို မုဒိမ်းကျင့်တဲ့အတွက် တိုင်ကြားချင်လို့ပါ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံသည် အနည်းငယ် သက်ပြင်းချနိုင်သွားသည်။

‘စုရှောင်ယွင် မသေဘူးဆိုရင်တောင် မုဒိမ်းကျင့် သတ်ဖြတ်မှု ပြစ်မှုက မမြောက်တော့ဘူး။ ဒါပေမဲ့ မုဒိမ်းကျင့်မှုကလည်း သေဒဏ်ပဲ။ ဒါကြောင့် စုမန် သေချာပေါက် သေရမှာပါပဲ။ ဒါဆိုရင် ဒီတာဝန်ကလည်း အခြေခံအားဖြင့် ပြီးမြောက်သွားပြီလို ပြောလို့ရတယ်။’

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက အေးစက်စက်ဖြင့် မေးလိုက်၏။ “မှုခင်းဆေးပညာရှင်... ဒီလူက တကယ်ပဲ စုရှောင်ယွင် ဟုတ်၊ မဟုတ် သေချာ စစ်ဆေးကြည့်။”

မှုခင်းဆေးပညာရှင် သည် သေချာစွာ အကြိမ်ကြိမ် စစ်ဆေးကြည့်ပြီးနောက် တုန်ယင်စွာဖြင့် ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ် အမတ်မင်း။ ဒီလူက စုရှောင်ယွင် အစစ် ပါပဲ။”

စုရှောင်ယွင်က ပြောလိုက်၏။ “အမတ်မင်း... ဒါက ဒီသာမန် ပြည်သူရဲ့ မှတ်ပုံတင် စာရွက်စာတမ်းပါ။ ဒါက ထင်ယွီရွှမ်း(ပြည့်တန်ဆာအိမ်) မှာ ကျွန်မ ရောင်းစားခံခဲ့ရတဲ့ စာချုပ်ပါ။”

တရားလွှတ်တော်ချုပ် အကြီးအကဲက အေးစက်စက်ဖြင့် မေးလိုက်သည်။ “ခင်ဗျား အဲဒီနေ့က ရှင်းရှင်းလင်းလင်း သေသွားပြီလေ။ ဘာလို့ ရုတ်တရက် ပြန်အသက်ရှင်လာရတာလဲ။”

စုရှောင်ယွင်က ပြန်ဖြေလိုက်၏။ “ကျွန်မလည်း ဘယ်လို ဖြစ်တာလဲ မသိပါဘူး။ ခေါင်းတလားထဲတောင် ထည့်ပြီးသွားပြီ။ ဒါပေမဲ့ ရုတ်တရက် ပြန်နိုးလာတာပါ။”

မှုခင်းဆေးပညာရှင်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “အမတ်မင်း... ပြည်သူတွေကြားထဲမှာ သေရာကနေ ပြန်ရှင်လာတဲ့ကိစ္စတွေ တစ်ခါတလေ ရှိတတ်ပါတယ်။ အဲဒီတုန်းက လည်ပင်းညှစ်ခံရလို့ အသက်ရှူ ရပ်သွားပေမယ့် နောက်ပိုင်းမှာ ပြင်းထန်တဲ့ လှုပ်ခတ်မှုတွေကြောင့် ပြန်အသက်ရှူလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက ရှားပါးပေမယ့် တကယ် ဖြစ်ဖူးပါတယ်။”

တရားလွှတ်တော်ချုပ် အကြီးအကဲက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒါကလည်း ခင်ဗျားရဲ့ အပြစ်ပဲ။ အသက်ရှင်နေတဲ့ လူကို သေလူလို့ စစ်ဆေးခဲ့တာလေ။”

ထို့နောက် တရားလွှတ်တော်ချုပ် အကြီးအကဲက ပြောလိုက်သည်။ “စုရှောင်ယွင်... အဲဒီနေ့ညက အမှုအကြောင်းကို အသေးစိတ် ပြန်ပြောပြပါ။ အမတ်မင်းက ခင်ဗျားအတွက် တရားမျှတမှု ရှာပေးမယ်။”

စုရှောင်ယွင် သည် ဦးညွတ်ကာ ပြောလိုက်၏။ “ဟုတ်ကဲ့ပါ အမတ်မင်း။ ကျွန်မက စုမန်ရဲ့ ပါရမီကို အရမ်း လေးစားပါတယ်။ ဒါပေမဲ့ မျိုးရိုး တူနေလို့ မောင်နှမလို့ပဲ သတ်မှတ်လို့ ရပါတယ်။ ဒါပေမဲ့ စုမန်က မာနကြီးပြီး ကျွန်မကို ဘယ်တော့မှ ဂရုမစိုက်ပါဘူး။ သူ ဟွေ့ယွမ် ဖြစ်သွားပြီးတဲ့နောက် ကျွန်မက ကျွန်မရဲ့ကဗျာတွေကို သူ့ကို ဝေဖန်ပေးဖို့ ကိုယ်တိုင် သွားရောက် တောင်းဆိုခဲ့ပါတယ်။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက မေးလိုက်သည်။ “ပြီးတော့ကော။”

စုရှောင်ယွင်က ပြန်ဖြေလိုက်၏။ “သူက မကြည်မလင်နဲ့ ကျွန်မရဲ့ကဗျာတွေကို ဖတ်ပေးပါတယ်။ စားပွဲပေါ်မှာ လက်ဖက်ရည်အိုး ရှိနေတာကိုတွေ့လို့ ကျွန်မက သူနဲ့ကျွန်မအတွက် လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ လက်ဖက်ရည်ကို သောက်လိုက်တာနဲ့ ချက်ချင်းပဲ ခေါင်းတွေ မူးဝေလာပြီး မေ့လဲသွားခဲ့ပါတယ်။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက အေးစက်စက်ဖြင့် အမိန့်ပေးလိုက်သည်။ “ဒီ လက်ဖက်ရည်ထဲမှာ မေ့ဆေးတွေ ပါနေတာ အသိသာကြီးပဲ။ သက်သေပြစရာ ယူလာခဲ့။”

မကြာမီမှာပင် စစ်သည်တစ်ဦးက လက်ဖက်ရည်အိုးကို ယူဆောင်လာပြီး ပြောလိုက်၏။ “အမတ်မင်း... ဒီလက်ဖက်ရည်အိုးထဲမှာ မေ့ဆေး အကြွင်းအကျန်တွေ တကယ်ပဲ တွေ့ရပါတယ်။”

စုရှောင်ယွင်က ဆက်ပြောလိုက်သည်။ “ကျွန်မ နိုးလာတော့ တစ်ကိုယ်လုံး နာကျင်နေပြီး အဲဒီ တိရစ္ဆာန်က ကျွန်မ အပေါ်မှာ ဖိထားပြီး နှိပ်စက်နေတာကို တွေ့လိုက်ရပါတယ်။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက အေးစက်စက်ဖြင့် ပြောလိုက်၏။ “စုမန်... အခု သက်သေ အထောက်အထား အပြည့်အစုံ ရှိနေပြီဆိုတော့ ခင်ဗျားမှာ ဘာပြောစရာ ရှိသေးလဲ။”

စုရှောင်ယွင်က ရုတ်တရက် ပြောလိုက်သည်။ “အမတ်မင်း... အမတ်မင်း... ကျွန်မ အပေါ်မှာ ဖိထားပြီး နှိပ်စက်နေတဲ့သူက အစ်ကို စုမန် မဟုတ်ပါဘူး။ သူလည်း အဲဒီတုန်းက မေ့လဲနေပြီး ဘေးမှာ လဲကျနေတာပါ။ ကျွန်မကို နှိပ်စက်တဲ့ သူက ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ် ပါ။

သူက ကျွန်မကို မုဒိမ်းကျင့်ပြီးတော့ အစ်ကို စုမန်ရဲ့ အဝတ်အစားတွေကို ချွတ်ပြီး ကျွန်မ အပေါ်မှာ တင်ထားခဲ့တာပါ။ ပြီးတော့ အစ်ကို စုမန်ရဲ့ လက်ကို ကိုင်ပြီး ကျွန်မကို အရှင်လတ်လတ် လည်ပင်းညှစ်သတ်ဖို့ ကြိုးစားခဲ့တာပါ...”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ တစ်ကွင်းလုံး လုံးဝ အံ့ဩတုန်လှုပ်သွားကြတော့၏။ ‘ဘယ်လိုလုပ်ပြီး ဒီလို အခြေအနေ ပြောင်းပြန် ဖြစ်သွားရတာလဲ။’

စုရှောင်ယွင်သည် အဆက်မပြတ် ဦးညွတ်ကာ ပြောလိုက်သည်။ “အမတ်မင်းတို့...ကျွန်မက မြို့တော်မှာ နာမည် နည်းနည်းရှိတော့ ဒီကျိန့်ဟိုင် မြို့စား သားတော်ကလည်း ကျွန်မကို ခဏခဏ လာနှောင့်ယှက်လေ့ ရှိပါတယ်။ ကျွန်မက သူ့ကို ဘယ်တော့မှ မျက်နှာသာ မပေးခဲ့လို့ သူက ရန်ငြိုးထားနေတာပါ။

အစ်ကို စုမန်က နွေဦး စာမေးပွဲ စာစီစာကုံးထဲမှာ နယ်စားတွေကို ဖယ်ရှားပစ်ဖို့ ရေးသားခဲ့လို့ ကျိန့်ဟိုင် မြို့စားအိမ်တော်ကို ဒေါသထွက်စေခဲ့ပါတယ်။ ဒါကြောင့် စီးကွမ် ဆိုတဲ့ တိရစ္ဆာန်က ကျွန်မကို မုဒိမ်းကျင့် ပြီးတော့ မုဒိမ်းကျင့် သတ်ဖြတ်မှု ပြစ်မှုကို အစ်ကို စုမန်ရဲ့ ခေါင်းပေါ် ပုံချခဲ့တာပါ။”

ချက်ချင်းပဲ တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးရေး အမတ်များ အားလုံး လုံးဝ အံ့ဩမှင်သက်သွားကြပြီး ခေါင်းတွေ ထုံကျင်သွားကြတော့၏။ ‘ဒါ... ဘာတွေ ဖြစ်ကုန်တာလဲ။ အခု ဘယ်လို လုပ်ရမလဲ။’

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ၏ မျက်လုံးများ ပြောင်းလဲသွားပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ရဲတင်းလှတဲ့ မိန်းမယုတ်... စုရှောင်ယွင်ကို ဟန်ဆောင်ပြီး နန်းတွင်းရဲ့မျိုးရိုး မတူတဲ့ ဘုရင်ရဲ့ သားတော်ကို ချောက်ချဖို့ ကြိုးစားနေတယ်။ နန်းတွင်းနဲ့ နယ်စားကြားက ဆက်ဆံရေးကို သွေးခွဲချင်နေတာပဲ။ ရည်ရွယ်ချက် အရမ်း ဆိုးရွားတယ်။ လာကြစမ်း... နှိပ်စက်စမ်း။ မီးပူကပ်စမ်း။”

ချက်ချင်းပဲ စစ်သည် အချို့ ရှေ့သို့တက်လာပြီး မီးရဲနေသော သံပူများကို သယ်ဆောင်လာကြတော့၏။

“ရဲတင်းလှတဲ့ မိန်းမယုတ်... အမြန် ဝန်ခံစမ်း။ ခင်ဗျားရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ။ နန်းတွင်းရဲ့ မျိုးရိုးမတူတဲ့ ဘုရင်ကို ချောက်ချဖို့၊ နန်းတွင်းနဲ့ နယ်စားကြားက ဆက်ဆံရေးကို သွေးခွဲဖို့ ခင်ဗျားကို ဘယ်သူ ခိုင်းတာလဲ။ ဒါက လုံးဝ ပုန်ကန်မှုပဲ။ မျိုးဆက်ကိုးဆက်လုံး သတ်ဖြတ်ခံရမယ့် ပြစ်မှုပဲ။ ခင်ဗျားရဲ့ နောက်ကွယ်ကကြိုးကိုင်သူကို ဝန်ခံလိုက်ရင် အသက်ရှင်ဖို့ လမ်းစ တစ်ခု ရှိသေးတယ်။”

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းနေ၏။ စုရှောင်ယွင် အား နောက်ကွယ်က ကြိုးကိုင်သူမှာ အောက်ယွီ ဖြစ်ကြောင်း ဝန်ခံစေလိုခြင်းပင် ဖြစ်သည်။

ဖူရန်လုံ သည် ဤသည်မှာ အောက်ယွီ၏ အကြံအစည် ဖြစ်ကြောင်း သေချာပေါက် ဆုံးဖြတ်ထားသည်။ နာမည်ကျော် ပြည့်တန်ဆာမ စုရှောင်ယွင်သည် မြို့စားသားတော် စီးကွမ်၏ တိတ်တဆိတ် ချစ်သူဖြစ်နေမည်ကို သူ ခန့်မှန်းမိပြီးသားပင်။

စုမန်က နွေဦးစာမေးပွဲ အဖြေလွှာတွင် နယ်စားပယ်ဖျက်ရေးအကြောင်း ရေးသားခဲ့ခြင်းက ကျိန့်ဟိုင်မြို့စား သားတော်ကို အမျက်ချောင်းချောင်း ထွက်စေခဲ့၏။ ထို့ကြောင့် စုရှောင်ယွင်ကို အသုံးချကာ စုမန်အား မုဒိမ်းကျင့်သတ်ဖြတ်မှုဖြင့် မတရားစွပ်စွဲ၍ ချောက်ချခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် ယခုအခါတွင် စုရှောင်ယွင်က ရုတ်တရက် ထွက်ဆိုချက် ပြောင်းလဲသွားပြန်သည်။ ဤကိစ္စ၏ နောက်ကွယ်တွင် အောက်ယွီ၏ လက်ချက်များ သေချာပေါက် ပါဝင်နေပေလိမ့်မည်။ စုမန်ကို ကယ်တင်ရန် အတွက် အောက်ယွီတစ်ဦးတည်းသာ ဤသို့ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပါလား။

သို့သော်ငြား အောက်ယီသည် သူ့ကိုသာမက နန်းတွင်းကိုပါ အထင်သေးလွန်းနေသည်။ ဤကဲ့သို့သော လှည့်ကွက်ကလေးဖြင့် စုမန်ကို ကယ်တင်နိုင်လိမ့်မည်ဟု အမှန်တကယ် ထင်မှတ်နေသည်လား။ ဤအရာမှာ လုံးဝ စိတ်ကူးယဉ်ဆန်လှသည်။

ဤတရားရုံးသုံးရပ် ပူးပေါင်းစစ်ဆေးမှုတွင် ပါဝင်သူအားလုံးမှာ နန်းတွင်းအမတ်များသာ ဖြစ်ကြပြီး ဧကရာဇ်မင်းမြတ်အပေါ် သစ္စာခံကြသူများချည်း ဖြစ်သည်။ သူတို့သည် အမှားကို အမှန်၊ အမှန်ကို အမှားဟု အချိန်မရွေး ပြောင်းလဲပစ်နိုင်စွမ်း ရှိကြ၏။

အောက်ယွီက စုရှောင်ယွင်ကို ထွက်ဆိုချက် ပြောင်းခိုင်းလိုက်ရုံဖြင့် မည်ကဲ့သို့ ထူးခြားသွားမည်နည်း။ သူတို့ဘက်က နှိပ်စက်ညှဉ်းပန်း၍ အတင်းအကျပ် ဝန်ခံခိုင်းကာ အဖြူအမည်း ပြောင်းပြန်လှန်ပစ်လိုက်ရုံသာ ရှိသည်။

ဤစုမန်မှာ သေဆုံးရမည်ဖြစ်သကဲ့သို့ စုရှောင်ယွင်မှာလည်း အသက်ရှင်ခွင့်ရလိမ့်မည် မဟုတ်ပေ။ ဤအမှုတွင် အရေးအကြီးဆုံးအချက်မှာ အမှန်တရား မဟုတ်ဘဲ ဧကရာဇ်မင်းမြတ်၏ သဘောထားသာ ဖြစ်၏။

လက်ရှိအချိန်တွင် နန်းတွင်းအနေဖြင့် ကျိန့်ဟိုင်မြို့စားအိမ်တော်၏ အကူအညီကို အလွန်အမင်း လိုအပ်လျက် ရှိသည်။ ထို့ကြောင့် အောက်ယွီထံတွင် အမှန်တရားပေါင်း တစ်ရာရှိနေဦးတော့၊ အရာထင်လိမ့်မည် မဟုတ်ပေ။

စုမန်မှာ အောက်ယွီနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ရှိနေခြင်းကြောင့်ပင် သေထိုက်သူ ဖြစ်နေလေ၏။ အောက်ယွီက ဤကဲ့သို့သော အကြံအဖန်လေးဖြင့် စုမန်ကို ကယ်တင်ရန် ကြိုးပမ်းနေခြင်းမှာ လွန်စွာ ရိုးအရာ ကျလှသည်။ ဤလုပ်ရပ်သည် စုရှောင်ယွင်ကိုပါ အသက်ဆုံးရှုံးအောင် တွန်းပို့လိုက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ “နှိပ်စက်... နှစ်ယောက်လုံးကို နှိပ်စက်။ ကြီးမားတဲ့ နှိပ်စက်မှုအောက်မှာ ခင်ဗျားတို့ ဝန်မခံဘူး ဆိုတာကို ကျုပ် မယုံဘူး။ မျိုးရိုးမတူတဲ့ ဘုရင် သားတော်ကို ချောက်ချဖို့ ခင်ဗျားတို့ကို ဘယ်သူ ခိုင်းတာလဲ ဆိုတာကို ဝန်မခံဘူး ဆိုတာကို ကျုပ် မယုံဘူး။”

ချက်ချင်းပဲ မီးရဲနေသော သံပူများသည် စုမန် နှင့် စုရှောင်ယွင် တို့၏ကိုယ်ပေါ်သို့ ဖိချရန် ပြင်လိုက်တော့သည်။

စုရှောင်ယွင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ကျွန်မမှာ သက်သေ ရှိပါတယ်။ သက်သေ ရှိပါတယ်။ စီးကွမ်ရဲ့ ပေါင်ပေါ်မှာ မက်မွန်ပန်း ပုံစံ အမှတ် ရှိတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။”

“နှိပ်စက်... နှိပ်စက်... သူမရဲ့ မျက်နှာကို သံပူကပ်စမ်း။ ဒီ ယုတ်မာတဲ့ မိန်းမ။” ဖူရန်လုံက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

ချက်ချင်းပဲ မီးရဲနေသော သံပူသည် စုရှောင်ယွင်၏ လှပသော မျက်နှာလေးထံသို့ ဖိချရန် ပြင်လိုက်တော့၏။

လိုအပ်ပါက ဤလူနှစ်ယောက်ကို ကြီးမားသော နှိပ်စက်မှု အောက်တွင် သေဆုံးသွားစေရန် လုပ်ဆောင်ပြီးနောက် ခိုင်လုံသော အမှုအဖြစ် ဖန်တီးကာ ပြဿနာ အသစ်များ မပေါ်ပေါက်လာမီ အမြန်ဆုံး ဖြေရှင်းပစ်ရန် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။

‘အောက်ယွီ... ခင်ဗျား လူကယ်ချင်နေတာလား။ စိတ်ကူးယဉ်လိုက်။’

သို့ပေမည့် ထိုအချိန်တွင်ပင် အနက်ရောင် ဝတ်စုံရှင် သိုင်းပညာရှင် အချို့ ရုတ်တရက် ပြေးဝင်လာပြီး မြားမိုးများ အဆက်မပြတ် ပစ်လွှတ်လိုက်ကြတော့၏။

“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”

တရားလွှတ်တော်ချုပ် မှ စစ်သည်တချို့ လုံးဝ မကာကွယ်နိုင်ခဲ့ချေ။

ထိပ်တန်း သိုင်းပညာရှင် တစ်ဦးသည် စုရှောင်ယွင်၏ အရှေ့သို့ ရုတ်တရက် ပြေးဝင်လာပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “မိန်းမယုတ်... ကျုပ်ကို သစ္စာဖောက်ရဲတယ်ပေါ့။”

ထို့နောက် ဤထိပ်တန်း သိုင်းပညာရှင်သည် ဓားဖြင့် ပြင်းထန်စွာ ထိုးသွင်းလိုက်ရာ စုရှောင်ယွင်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတော့၏။

“အား...”

စုရှောင်ယွင် သနားဖွယ်ကောင်းအောင် အော်ဟစ်လိုက်သည်။

ထိုထိပ်တန်း သိုင်းပညာရှင်သည် စုမန်၏ အရှေ့သို့ သွားကာ အေးစက်စက် ပြုံးလျက် ပြောလိုက်သည်။ “နယ်စားကို ဖယ်ရှားချင်တယ် ဟုတ်လား။ သေလမ်းရှာနေတာပဲ။”

ထို့နောက် သူသည် ဓားဖြင့် ပြင်းထန်စွာ ထိုးသွင်းလိုက်ရာ စုမန်၏ ခန္ဓာကိုယ်ကိုပါ ဖောက်ထွင်းသွားတော့၏။

တရားလွှတ်တော်ချုပ် အမတ်များအားလုံး လုံးဝ အံ့ဩတုန်လှုပ်သွားကြပြီး မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနနှင့် တရားရေး ဝန်ကြီးဌာနမှ အမတ် နှစ်ဦးသည်လည်း တစ်ကိုယ်လုံး တုန်ယင်သွားကြတော့သည်။

“လာကြစမ်း... လာကြစမ်း... ပုန်ကန်သူတွေ ရှိတယ်။”

“လာကြစမ်း...”

သို့ပေမည့် တရားလွှတ်တော်ချုပ်၏ စစ်သည် ရာချီခန့်သည် ဤထိပ်တန်းသိုင်းပညာရှင်များကို မည်သို့မှ မယှဉ်နိုင်ချေ။

All Chapters