← Chapters

အခန်း ၄၉၄

Vol. 42 Ch. 494

အခန်း ၄၉၄

Vol. 42 Ch. 494

အပိုင်း (၄၉၄)

“ဒီခွေးသူခိုး လင်မယား နှစ်ယောက်ရဲ့ အလောင်းကို သယ်သွားပြီး ခွေးစာကျွေးလိုက်။” ထိုထိပ်တန်း သိုင်းပညာရှင်က အမိန့်ပေးလိုက်၏။

လူတိုင်း ရှင်းလင်းစွာကြားလိုက်ရပြီး ဤအသံမှာကျိန့်ဟိုင် မြို့စားသားတော် စီးကွမ်၏ အသံနှင့် အလွန် တူညီနေသည်။

ချက်ချင်းပဲ ဖူရန်လုံ၏ မျက်နှာမှာ ထိတ်လန့်မှုများ ပြည့်နှက်သွားတော့၏။ ‘သားတော် စီးကွမ်... ခင်ဗျားက ဒီလို လုပ်ဖို့ လိုအပ်လို့လား။ ခင်ဗျား ရူးနေပြီလား။ ဒီကိစ္စကို ကျုပ်တို့က ခင်ဗျားအတွက် အပြည့်အဝ လုပ်ဆောင်ပေးမှာပါ။ ခင်ဗျားကိုယ်တိုင် လာပြီး လူသတ် နှုတ်ပိတ်စရာ လိုလို့လား။ ပြီးတော့ ကျုပ်ရဲ့ တရားလွှတ်တော်ချုပ်ရုံးထဲကို ဝင်ပြီး လူသတ်ပွဲ ဆင်နွှဲနေသေးတယ်။ နန်းတွင်းရဲ့ မျက်နှာ ဘယ်ရောက် သွားပြီလဲ။’

ယခုအချိန်တွင် ဤမျက်နှာဖုံးစွပ် ထိပ်တန်း သိုင်းပညာရှင်သည် စုရှောင်ယွင်၏ အရှေ့သို့ သွားကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။ “မိန်းမယုတ်... မိန်းမယုတ်... ကျုပ်ကို သစ္စာဖောက်ရဲတယ်ပေါ့။”

ထိုအချိန်တွင် စုရှောင်ယွင်သည် နောက်ဆုံး ကျန်ရှိနေသော အားအင်များကို အသုံးပြုကာ ထိုမျက်နှာဖုံးစွပ် ထိပ်တန်း သိုင်းပညာရှင်၏ မျက်နှာဖုံးကို ပြင်းထန်စွာ ဆွဲချွတ်လိုက်တော့၏။

တစ်ခဏအတွင်းမှာပဲ ထိုထိပ်တန်း သိုင်းပညာရှင်၏ မျက်နှာ အစစ်အမှန် ပေါ်ထွက်လာတော့သည်။

ထိုသူသည် ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ် မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။ သေချာပေါက် ထိုအချိန်သည် တစ်ခဏလေးသာ ဖြစ်ပြီး သူသည် အလျင်အမြန် မျက်နှာဖုံး ပြန်တပ်လိုက်၏။

သို့ပေမည့် ထိုနေရာတွင် ရှိနေသော လူအချို့က ဤ တရားလွှတ်တော်ချုပ်သို့ ဝင်ရောက်လာပြီး လူသတ် နှုတ်ပိတ်သည့် ခေါင်းဆောင်မှာ ကျိန့်ဟိုင် မြို့စား သားတော် စီးကွမ် ဖြစ်ကြောင်း မြင်တွေ့လိုက်ကြသည်။

ထို့နောက် ဤစီးကွမ်သည် ဒေါသတကြီးဖြင့် လက်ထဲရှိ ဓားမြှောင်ကို အသုံးပြုကာ စုရှောင်ယွင်၏ ခန္ဓာကိုယ်ကို ရူးသွပ်မတတ် ထိုးနှက်တော့၏။

“ဖူး... ဖူး... ဖူး...”

စက္ကန့်အနည်းငယ် အတွင်းမှာပင် အကြိမ်ဆယ်ချီခန့် ထိုးနှက်လိုက်ရာ စုရှောင်ယွင်၏ ခန္ဓာကိုယ်လေးမှ သွေးများ ပန်းထွက်လာပြီး လုံးဝ သေဆုံးသွားတော့သည်။

ထို့နောက် စီးကွမ်သည် မျက်နှာကို လှည့်ကာ တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံနှင့် အခြားသူ သုံးဦးကို ကြည့်ပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့က ကျုပ်မျက်နှာကို မြင်သွားပြီဆိုတော့ ကျုပ် ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့တော့။ အားလုံးကို သွားသတ်လိုက်။”

ထို့နောက် သူသည် ပြင်းထန်စွာ ပြေးဝင်လာပြီး သူ၏ လက်အောက်ရှိ ထိပ်တန်း သိုင်းပညာရှင် ဆယ်ယောက်ကျော်ခန့်ကလည်း လူသတ်ပွဲကြီး စတင် ဆင်နွှဲကြတော့သည်။

“ရွှမ်း... ရွှမ်း... ရွှမ်း...”

မျက်စိတစ်မှိတ်အတွင်းမှာပဲ တရားလွှတ်တော်ချုပ် တစ်ခုလုံး သွေးချောင်းစီးသွားတော့၏။

“စီးကွမ်... ခင်ဗျား ရူးနေပြီလား။ ရူးနေပြီလား။” မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန၏ ဒု-ဝန်ကြီးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“ကျုပ်က စီးကွမ် မဟုတ်ဘူး... ခင်ဗျား မျက်စိကန်းနေတာလား။” ဤအနက်ရောင် မျက်နှာဖုံးစွပ် လူသည် ပြင်းထန်စွာ ပြေးဝင်လာပြီး ဓားဖြင့် တစ်ချက်တည်း ခုတ်ချလိုက်ရာ မှုခင်းစုံစမ်းရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၏ ခေါင်း ပြတ်ကျသွားတော့၏။

တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးရေးတွင် ပါဝင်သော တရားရေး ဝန်ကြီးဌာန၏ အမတ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “စီးကွမ်... အမှားတွေ ဆက်မလုပ်ပါနဲ့... အမှားတွေ ဆက်မလုပ်ပါနဲ့။”

ရလဒ်အနေဖြင့် ဤ စီးကွမ်သည် ပြင်းထန်စွာ ပြေးဝင်လာပြီး ဓားဖြင့် တစ်ချက်တည်း ခုတ်ချလိုက်ရာ ဤ တရားရေးဝန်ကြီးဌာန အမတ်၏ ခန္ဓာကိုယ် နှစ်ပိုင်းကွဲ သွားတော့၏။

နောက်ဆုံးတွင် ဤ စီးကွမ် သည် တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ၏ အရှေ့သို့ ရောက်ရှိ လာတော့သည်။

“သားတော် စီးကွမ်... ခင်ဗျား ရူးနေပြီလား။ ဒီအမှုကို ကျုပ်တို့က ခင်ဗျားအတွက် သေချာ လုပ်ဆောင်ပေးမှာပါ။ ခင်ဗျား ဘာတွေ အလောတကြီး ဖြစ်နေတာလဲ။ ခင်ဗျားရဲ့ကိုယ်ပိုင် မိန်းမ သစ္စာဖောက်သွားတာကို တောင် ကျုပ်တို့ကို အစားထိုး ဖြေရှင်းခိုင်းနေသေးတယ်။

အခု ခင်ဗျားက လူသတ်ပွဲကြီး ဆင်နွှဲလိုက်တော့ ကောင်းကင်ကြီး ပြိုကျလောက်တဲ့ ပြဿနာတွေ ဖြစ်လာတော့မှာပဲ။ အမြန် မသွားသေးဘူးလား။” တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက တိုးတိုးလေး ငေါက်ငမ်းလိုက်၏။

စီးကွမ်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးလျက် ပြောလိုက်သည်။ “ကျုပ်မျက်နှာကို ခင်ဗျား မြင်သွားပြီဆိုတော့ ခင်ဗျားလည်း သေရမှာပဲ။”

ထို့နောက် စီးကွမ်သည် ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်တော့၏။

သို့ပေမည့် ဖူရန်လုံ၏ သိုင်းပညာမှာ အလွန် မြင့်မားလှပြီး ဘေးနားရှိ ဓားတစ်လက်ကို ယူကာ အစွမ်းကုန် ကာကွယ်လိုက်သည်။

သို့ပေမည့် သူသည် စီးကွမ်၏ ပြိုင်ဘက် မဟုတ်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် အောက်ခြေ အနေအထားသို့ ရောက်ရှိသွားတော့၏။

“ဖူး...”

စီးကွမ်၏ဓားသည် သူ၏ ဗိုက်ထဲသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်တော့သည်။

ဖူရန်လုံသည် ဉာဏ်များသူ ဖြစ်သောကြောင့် အခွင့်အရေးကို အသုံးချကာ ခန္ဓာကိုယ်ကို လှိမ့်၍ ရေတွင်းနက်ကြီး အတွင်းသို့ ပြုတ်ကျသွားတော့၏။

ထိုအချိန်တွင် ဘေးနားရှိ တော်ဝင် သက်တော်စောင့်များနှင့် တရားလွှတ်တော်ချုပ်၏ ကာကွယ်ရေး တပ်ဖွဲ့များသည် ဒီရေလှိုင်းများကဲ့သို့ အလုအယက် ပြေးဝင်လာကြတော့သည်။

စီးကွမ်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “လူတိုင်းကို အကုန် သတ်ပစ်။ အသက်ရှင်လျက် တစ်ယောက်မှ မချန်ထားနဲ့။ မီးရှို့ပစ်ပြီး သက်သေ အထောက်အထားတွေ အားလုံးကို ဖျောက်ဖျက်ပစ်။”

“အမိန့်တော်အတိုင်းပါ။”

ထို့နောက် ဤလူစုသည် လူသတ်ပွဲကြီး ဆင်နွှဲကာ ခန်းမကြီး အတွင်းရှိ လူအားလုံးကို အကုန်အစင် သတ်ပစ်လိုက်တော့၏။ ထို့နောက် မီးရှို့ကာ ရုံးတစ်ခုလုံးကို မီးလောင်ကျွမ်းစေခဲ့သည်။

ထို့နောက် သူသည် ထိပ်တန်း သိုင်းပညာရှင် ဆယ်ယောက်ကျော်ခန့်ကို ခေါ်ဆောင်ကာ ရူးသွပ်မတတ် ထွက်ပြေး သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားတော့၏။

တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံ သည် သွေးသံရဲရဲဖြင့် ရေတွင်းနက်ကြီး အတွင်းမှ တက်လာပြီး နန်းတော် အတွင်းသို့ ရူးသွပ်မတတ် ပြေးဝင်သွားတော့၏။ သူ တကယ်ကို ရူးတော့မှာ ဖြစ်သည်။

သူ၏ စိတ်နှလုံးနှင့် ဦးနှောက်ထဲတွင် စကားတစ်ခွန်းတည်းသာ ရှိတော့၏။ ‘စီးကွမ် ပုန်ကန်ပြီ... စီးကွမ် လူသတ်ပွဲကြီး ဆင်နွှဲပြီး တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့ပြီ။ ဧကရာဇ်မင်းမြတ်ကို အမြန်ဆုံး အစီရင်ခံရမယ်။’

ထိုစီးကွမ်သည် ထိပ်တန်း သိုင်းပညာရှင် ဆယ်ယောက်ကျော်ခန့်ကို ခေါ်ဆောင်ကာ လမ်းကြားတစ်ခုရှိ မြေအောက် လျှို့ဝှက်ခန်း အတွင်းသို့ ဝင်ရောက်သွားတော့သည်။

သူသည် မျက်နှာဖုံးကို ဆွဲချွတ်လိုက်ပြီး အမှောင်ထဲရှိ အောက်ယွီကို ပြောလိုက်၏။ “သခင်လေး... တာဝန်ကျေပွန်စွာနဲ့ သခင်လေး စုမန်ကို ကယ်တင်နိုင်ခဲ့ပါပြီ။ တရားလွှတ်တော်ချုပ်ကိုလည်း သွေးစွန်းစေခဲ့ပြီး ခင်ဗျားအတွက် ကောင်းကင်ကြီး ပြိုကျလောက်တဲ့ ပြဿနာကြီး ဖန်တီးပေးခဲ့ပါပြီ။”

ဤလူမှာ စီးကွမ် မဟုတ်ဘဲ မျက်လှည့်ပညာရှင် ဆရာကြီး ယွမ်ထျန်းရှဲ့က ရုပ်ဖျက်ထားခြင်းပင် ဖြစ်သည်။

ယွမ်ထျန်းရှဲ့သည် မူလတည်းက လောကတွင် နံပါတ်တစ် မျက်လှည့်ပညာရှင် ဖြစ်သောကြောင့် ရုပ်ဖျက်ခြင်း ဆိုသည်မှာ လုံးဝ ပြဿနာ မရှိချေ။

သေချာပေါက် ရုပ်ဖျက်သည် ဆိုလျှင်တောင်မှ ရာခိုင်နှုန်းပြည့် တူညီရန် မဖြစ်နိုင်သလို ရှစ်ဆယ် ရာခိုင်နှုန်း တူညီရန်ပင် ခက်ခဲလေသည်။

သို့ပေမည့် စောစောက သူ၏ မျက်နှာဖုံးသည် တစ်စက္ကန့်မျှသာ လှန်ချခံလိုက်ရခြင်းဖြစ်ပြီး မျက်စိတစ်မှိတ် အတွင်း မြင်တွေ့လိုက်ရခြင်း ဖြစ်သောကြောင့် လုံးဝ အပြစ်အနာအဆာ မရှိနိုင်ချေ။

ယွင်ကျုံးဟဲ့သည် အလိုအလျောက် လှည်းပေါ်ရှိ စုရှောင်ယွင် နှင့် စုမန် တို့ကို ကြည့်လိုက်မိသည်။

“စုမန်ကို ထိုးတဲ့ ဓားချက်ကတော့ အစစ်ပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ကိုယ်ပေါ်မှာ စက်ယန္တရား တပ်ဆင်ဖို့ အချိန် မရလိုက်လို့ပါ။”

ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “ပြီးတော့ လုံးဝ အစစ်အမှန်နဲ့ တူအောင်လို့ ဒီဓားချက်ကို ကျုပ် မဖြစ်မနေ ထိုးရပါလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျုပ် နားလည်ပါတယ်။”

“ဒါပေမဲ့ ဒီဓားချက်ဟာ သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေ အားလုံးကို ရှောင်လွှဲထားသလို အူတွေကိုလည်း ရှောင်လွှဲထားပါတယ်။”

ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “နောက်ဆက်တွဲ အနေနဲ့ နည်းနည်းလောက် ဆေးကုသလိုက်ရင် ဘာမှ မဖြစ်တော့ပါဘူး။”

ယွမ်ထျန်းရှဲ့ ပြောရန်ပင် မလိုဘဲ ယခုအချိန်တွင် သမားတော် တစ်ဦးက စုမန်ကို ဆေးကုသပေးနေပြီ ဖြစ်သည်။

စုရှောင်ယွင် မှာမူ ညင်သာစွာ ခုန်ပေါက်ကာ ထလာတော့သည်။ စောစောက စီးကွမ် သည် သူမ၏ ကိုယ်ပေါ်သို့ အကြိမ်ဆယ်ချီခန့် ပြင်းထန်စွာ ထိုးနှက်ခဲ့သော်လည်း အားလုံး အတုများသာ ဖြစ်ပြီး စပရိန်ဓားများနှင့် သွေးအိတ် များသာ ဖြစ်၏။

“သခင်လေး... ဒီသခင်လေး စုမန်ကို ဘယ်ကို ပို့ရမလဲ။” ယွမ်ထျန်းရှဲ့က မေးလိုက်သည်။

ဟုတ်ပေသည်။ သူကို မည်သည့်နေရာကို ပို့ရမည်နည်း။ နောင်အနာဂတ်တွင် စုမန် သည် လူအများရှေ့မှောက်သို့ လုံးဝဥဿုံ ထွက်ပေါ်လာ၍ မရတော့ပေ။

သူ အသက်ရှင်နေသေးသည်ဟူသော အချက်ကိုလည်း မည်သူ တစ်ဦးတစ်ယောက်ကိုမှ သိခွင့်ပေး၍ မဖြစ်နိုင်ချေ။ ထိုသို့မဟုတ်ပါက တရားလွှတ်တော်ချုပ်ကို သွေးချောင်းစီးစေခဲ့သည့် ဤအံ့ဩတုန်လှုပ်ဖွယ်ရာ အမှုကြီးကို ယွင်ကျုံးဟဲ့ကိုယ်တိုင် လုပ်ဆောင်ခဲ့သည်ဟု သံသယဝင်သွားကြလိမ့်မည်။

ရိုလန်နိုင်ငံသို့ ပို့ဆောင်ရမည်လား ထိုသို့ပြုလုပ်ရန်လည်း မဖြစ်နိုင်ပေ။ ထိုအရပ်တွင် လူဦးရေ ထူထပ်လွန်း လှသည်။ ထို့အပြင် မင်းသမီးဝူရွှမ်းကိုလည်း သူ၏ လူယုံအဖြစ် အပြည့်အဝ မသတ်မှတ်နိုင်သေးပေ။ ၎င်း၏ ဘေးနားတွင်လည်း ပိုင်ယင်မြို့မှ လူပေါင်းများစွာ ရှိနေသေးသည် မဟုတ်ပါလား။

အမှန်စင်စစ် တာယင်အင်ပါယာသို့ ပို့ဆောင်ခြင်းမှာ အလုံခြုံဆုံးဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ရန်မှာလည်း ခဲယဉ်းသည်။ အကယ်၍ ထိုသို့ ပို့ဆောင်ခဲ့လျှင် စုမန်သည် အောက်ယွီမှာ တာယင်အင်ပါယာ၏ လျှို့ဝှက်သူလျှို တစ်ဦး ဖြစ်နေသည်ကို သိရှိသွားပေတော့မည်။

“သခင်လေး... ကျုပ်ကို ယုံကြည်မယ်ဆိုရင် သခင်လေး စုမန်ကို ကျုပ်ဆီ အပ်လိုက်ပါ။ ကျုပ် သူ့ကို လုံးဝ လျှို့ဝှက်ပြီး လုံခြုံတဲ့ နေရာတစ်ခုဆီ ပို့ပေးပါ့မယ်။” ယွမ်ထျန်းရှဲ့က ပြောလိုက်၏။

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဒီလိုပဲ လုပ်ရတော့မှာပေါ့။”

ယခုအချိန်တွင် စုမန်သည် နိုးလာပြီဖြစ်ပြီး ယွင်ကျုံးဟဲ့ကို မြင်တွေ့ရချိန်မှာတော့ အနည်းငယ် တုန်လှုပ်သွားကာ မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်လိုက်၏။

“အစ်ကိုစု...” ယွင်ကျုံးဟဲ့သည် ဆောင့်ကြောင့်ထိုင်လိုက်သည်။

စုမန်သည် ယွင်ကျုံးဟဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “ညီအစ်ကိုအောက်... ခင်ဗျား ကျုပ်ကို ကယ်ဖို့အတွက် ဒီလောက်တောင် ရူးသွပ်တာပဲ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ခင်ဗျားရဲ့ကျေးဇူးကို ကျုပ် ရခဲ့ဖူးတော့ သေချာပေါက် ပြန်ဆပ်ရမှာပေါ့။”

သူ၏ ဤစကားမှာ သာမန် ဖြစ်သော်လည်း စုမန်၏ နားထဲတွင်မူ အလွန်ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ ချောက်ချခံရချိန်တွင် မျှော်လင့်ချက်များအားလုံးကို လုံးဝ စွန့်လွှတ်ထားခဲ့ပြီဖြစ်ပြီး အောက်ယွီ လာရောက် ကယ်တင်မည်ဟုလည်း လုံးဝ မမျှော်လင့်ရဲခဲ့ချေ။

သူ့ကို ကယ်တင်နိုင်မည့်သူ မည်သူမှ မရှိတော့ကြောင်း သူ သိရှိထားသည်။ အဘယ်ကြောင့်ဆိုသော် ကြီးမားသော အဖွဲ့အစည်း တစ်ခုက သူ့ကို ချောက်ချနေသောကြောင့် ဖြစ်သည်။

“ညီအစ်ကိုအောက်ယွီ... အဲဒီ နွေဦး စာမေးပွဲ စာစီစာကုံးထဲမှာ နယ်စားတွေကို ဖယ်ရှားပစ်ဖို့ ပါဝင်နေတဲ့ အကြောင်းအရာကို ကျုပ် ရေးခဲ့တာ မဟုတ်ဘူး။”

စုမန်က ပြောလိုက်၏။ “ကျုပ် အဲဒီလောက် မမိုက်မဲပါဘူး။ အခုချိန်မှာ နန်းတွင်းက ကျိန့်ဟိုင် မြို့စားအိမ်တော်ရဲ့ အကူအညီ လိုအပ်နေတာကို ကျုပ်က ဘာလို့ လူတွေရဲ့ အာရုံစိုက်မှုကို ရချင်ပြီး အရေးကြီးတဲ့အချိန်မှာ နယ်စားတွေကို ဖယ်ရှားပစ်ဖို့ ရေးရမှာလဲ။ အဲဒီ အဖြေလွှာက ကျုပ်ဟာ မှန်ပေမယ့် နယ်စားတွေကို ဖယ်ရှားပစ်ဖို့ ရေးထားတဲ့ အပိုင်းတစ်ပိုင်း အပို ပါလာတာပါ။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ်လည်း ထူးဆန်းနေတာ။ အစ်ကို စုမန်လို တိုင်းပြည်ရဲ့ ပြိုင်ဘက်ကင်း သူရဲကောင်း တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလို အရေးကြီးတဲ့ အချိန်မှာ နယ်စားတွေကို ဖယ်ရှားပစ်ဖို့ အဆိုပြုရမှာလဲ။

အခု တောင်ပိုင်းကျိုးအင်ပါယာ အတွက် အရေးအကြီးဆုံးက အမတ်တွေကို ရှင်းလင်းဖို့နဲ့ စစ်တပ်ကို ပြန်လည် ဖွဲ့စည်းဖို့ပဲလေ။ ပြီးတော့ ရေတပ် အင်အားကြီးမားလာမှသာ စီးမိသားစုကို ဖယ်ရှားပစ်ဖို့ အဆိုပြုလို့ ရမှာပေါ့။ စီးမိသားစုက ကျွန်းဆွယ် တစ်ခုကို ပိုင်ဆိုင်ထားရုံသာမက ကျွန်းတွေ အများကြီးမှာ အခြေစိုက်စခန်းတွေ ရှိနေတာ။ ရေတပ် မကောင်းဘူးဆိုရင် စီးမိသားစုကို လုံးဝ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ဘူး။”

စုမန်က ပြောလိုက်၏။ “ဒါကြောင့် ကျုပ်က ဟွေ့ယွမ် ဖြစ်သွားပြီး ကျုပ်ရဲ့ အဖြေလွှာကို ထုတ်ပြန်လိုက်ချိန်မှာ အစားထိုးခံလိုက်ရပြီ ဆိုတာကို တွေ့လိုက်ရတည်းက ကျုပ် သေချာပေါက် သေရတော့မယ် ဆိုတာကို သိလိုက်ပြီ။”

ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ မေးလိုက်သည်။ “ခင်ဗျားကို ဒုက္ခပေးဖို့အတွက် တချို့လူတွေက တကယ်ကို ကြီးမားတဲ့ အကြံအစည်တွေ လုပ်ခဲ့တာပဲ။ ဒီ အဆိပ်ပြင်းတဲ့ အကြံအစည်ကို ဘယ်သူ ထုတ်ခဲ့တယ်လို့ ခင်ဗျား ထင်လဲ။”

စုမန်က ပြန်ဖြေလိုက်၏။ “ခင်ဗျားရဲ့ အစ်ကိုလေ၊ တကယ့် အဆိပ်ပြင်းတဲ့ သူပဲ။ ပြီးတော့ သူ ထပ်ဖြည့်ထားတဲ့ အဲဒီ နယ်စားတွေကို ဖယ်ရှားပစ်ဖို့ ရေးထားတဲ့ အပိုင်းက အရမ်းကို ကောင်းမွန်ပြီး နက်နဲထိမိကာ နားကန်းလုမတတ် အစွမ်းထက်တယ်။ သူ့လောက် ပါရမီ မရှိရင် ရေးနိုင်မှာ မဟုတ်ဘူး။”

‘အောက်မင်... သူပဲလား။’

................

All Chapters