← Chapters

အခန်း ၃၈၃

Vol. 21 Ch. 383

အခန်း ၃၈၃

Vol. 21 Ch. 383

အပိုင်း (၃၈၃) သေနတ်ပြတိုက်။

ပစ္စည်းကိရိယာများ အားလုံးကို သိမ်းဆည်းပြီးသည့်နောက် ကြိုတင်ပြင်ဆင်ထားသော သူများအားလုံးသည် မြေအောက်ခန်းမှနေ၍ မီးပေါက်ကွဲစေတတ်သော လက်နက်များ သုတေသနဌာနဆီသို့ ထွက်ခွာလာခဲ့ကြ၏။

မီးပေါက်ကွဲစေတတ်သော လက်နက်များ သုတေသနဌာနသည် တော်တော်လေး သက်တမ်းကြာနေပြီ ဖြစ်၏။ ဖန်ကျန်းရီ ခရိုင်၌ ခြေကုပ်ယူပြီးသည့်နောက် အစောဆုံး စတင်ခဲ့သော စီမံကိန်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

အစပိုင်းတွင် ယမ်းမှုန့်များကို သုတေသနပြုရန်အတွက် အသုံးပြုခဲ့သော်လည်း ယမ်းမှုန့်များကို အောင်မြင်စွာ တီထွင်ပြီးနောက်တွင် မီးပေါက်ကွဲစေတတ်သော လက်နက်များ သုတေသနပြုခြင်းသို့ ကူးပြောင်းသွားခဲ့၏။

သုတေသနဌာနသို့ ရောက်ရှိသွားသည့်အခါတွင် တံခါးကြီးကို ဖွင့်ထားပြီး အထဲတွင် အလုပ်လုပ်နေသူ သိပ်မရှိတော့ကြောင်း သူတို့ သတိပြုမိသွားကြသည်။

တံခါးအပြင်ဘက်မှ ကြည့်မည်ဆိုလျှင် လူဆယ်ဦးကျော်ခန့် ရှိပြီး နှစ်ယောက် သို့မဟုတ် သုံးယောက်စီ စုကာ ဖဲရိုက်နေကြ၏။ အချို့ဆိုလျှင် မျက်နှာပေါ်၌ စက္ကူများပင် ကပ်ထားသေး၏။

အထဲတွင် ဖဲရိုက်နေသော လူများသည် သူစိမ်းများ လာသည်ကို မြင်လိုက်ရသည့်အခါ အလောတကြီးဖြင့် ထွက်ကြိုလိုက်ကြသည်။

“ရှားပါးဧည့်သည်တွေပဲ။ ရှားပါးဧည့်သည်တွေ။ အာ… ဒါက ဆရာရှဲ့ မဟုတ်လား။ သခင်လေးက ခင်ဗျားကို လွှတ်လိုက်တာလား။”

ရှဲ့ရှန်းသည် ရောက်လာသော သူကို ကြည့်လိုက်ပြီးနောက် စကားပြောရန်ပင် အခက်တွေ့သွားရ၏။

သူ့ရှေ့မှ ကောင်လေး၏အမည်မှာ မော့ရှောင်ဟူ ဖြစ်ပြီး ကျောက်လျဲ့နှင့် အတန်းဖော် ဖြစ်သည်။ စာသင်ရာတွင်လည်း အလွန်ညံ့ဖျင်းသော သူတစ်ယောက် ဖြစ်သည်။

သူ့မှတ်ဉာဏ်ထဲတွင် ထိုသူသည် အတန်းထဲ၌ ပုံဆွဲခြင်း၊ မှင်တုံးနှင့် ဆော့ကစားနေခြင်းများသာ ပြုလုပ်ပြီး စာသင်သည့်အခါ နားမထောင်ခဲ့ချေ။ စာရေးတတ်ရုံမျှဖြင့် ကျောင်းပြီးခွင့်ပေးလိုက်ရခြင်း ဖြစ်သော်လည်း ဤနေရာတွင် တာဝန်ကြီးကြီး ပေးအပ်ခံရမည်ဟု မထင်မှတ်ထားခဲ့ပေ။

မော့ရှောင်ဟူ၏ မျှော်လင့်ချက် ပြည့်ဝနေသော အကြည့်ကို ကြည့်ပြီးနောက် ရှဲ့ရှန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ် ဒီနေရာကနေ ပစ္စည်းတချို့ ယူဖို့ လာခဲ့တာ။”

“ပစ္စည်းယူဖို့လား။ သခင်လေးက ခင်ဗျားကို ရန်ပုံငွေ ချပေးဖို့ လွှတ်လိုက်တာ မဟုတ်ဘူးလား။” မော့ရှောင်ဟူ၏ မျက်နှာသည် သိသိသာသာ စိတ်ပျက်သွားခဲ့၏။

“ရန်ပုံငွေလား။ ဘာရန်ပုံငွေလဲ။ မကြားမိပါဘူး။” ရှဲ့ရှန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။

ကျောက်လျဲ့က ပြုံးကာ ရှင်းပြလိုက်၏။ “သခင်လေးက မြို့တော်ကို ဝင်သွားပြီးတဲ့နောက် မီးပေါက်ကွဲစေတတ်တဲ့ လက်နက်များ သုတေသနဌာနရဲ့ ရန်ပုံငွေကို ရပ်ဆိုင်းလိုက်တယ်။ အခု ယမ်းမှုန့်တွေ လည်း မရှိတော့ဘူး။ သူတို့မှာ မီးပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ လုပ်ဖို့ ပိုက်ဆံလည်း မရှိတော့တဲ့အတွက် ပုံဆွဲရုံပဲ တတ်နိုင်တော့တယ်။”

မော့ရှောင်ဟူ၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့၏။ “ဟုတ်တယ်။ ပိုက်ဆံမပေးရင်လည်း နေပါစေ။ မီးပေါက်ကွဲစေတတ်တဲ့ လက်နက်လုပ်တဲ့ လူအများစုကိုပါ ပြောင်းရွှေ့ပစ်လိုက်သေးတယ်။”

“ဆရာရှဲ့… မီးပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ သုတေသနဌာနကို ရန်ပုံငွေ နည်းနည်း ချပေးဖို့ သခင်လေးကို တောင်းဆိုပေးပါ။ အဲဒီလိုမှ မဟုတ်ရင် ကျုပ်တို့ အားလုံး အသုံးမကျဖြစ်သွားတော့မယ်။”

ရှဲ့ရှန်း သက်ပြင်းချလိုက်၏။

ဤသည်မှာ မည်သို့သော အခြေအနေမျိုးနည်း။ ရန်ပုံငွေ ရှိခြင်း၊ မရှိခြင်းဟူသော ကိစ္စရပ်ကို ယခုတိုင် သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။

ငွေကြေး မရှိလျှင် သုတေသန ပြုလုပ်၍ မရနိုင်တော့ပြီလား။ အလွန်ပင် ရယ်သွမ်းသွေးဖွယ် ကောင်းလှသည်။ စုတ်တံ၊ မင်၊ စက္ကူနှင့် မှင်တုံးတို့ ရှိနေရုံမျှဖြင့် လုံလောက်ပြီ မဟုတ်ပါလား။

သူသည် ဘဝ၏ ထက်ဝက်ခန့်မျှသော အချိန်ကာလကို ပညာရှိသုခမိန်တို့၏ ကျမ်းဂန်စာပေများကို လေ့လာဆည်းပူးရင်း ကုန်လွန်စေခဲ့ရာ ထိုအရာများအတွက်လည်း စုတ်တံ၊ မင်၊ စက္ကူနှင့် မှင်တုံးတို့သာ လိုအပ်သည် မဟုတ်ပါလား။

ရလဒ်ကောင်းများ ထွက်ပေါ်လာပြီ ဆိုပါလျှင် သခင်လေးအနေဖြင့် ကျိန်းသေပေါက် ရန်ပုံငွေများ ချထားပေးမည်သာ ဖြစ်လေသည်။ သို့ဖြစ်ရာ မည်သည့် နေရာများတွင် ငွေကြေး ထပ်မံကုန်ကျစရာ ရှိနေသေးသနည်း။ သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်ရသည်။

“ရှောင်ဟူ… မင်း လူလိုတယ်ဆိုရင်တော့ သခင်လေဆီကနေ လူတစ်ချို့ပေးဖိုါ ကျုပ် တောင်းဆိုပေးနိုင်တယ်။ ရန်ပုံငွေ ရှိတာ မရှိတာက အရေးမကြီးပါဘူး။ စုတ်တံ၊ မင်၊ စက္ကူ မလောက်လို့လား။ နောက်မှ ကျုပ် လူလွှတ်ပြီး နည်းနည်း ပို့ပေးလိုက်မယ်။” ရှဲ့ရှန်းက နှစ်သိမ့်လိုက်၏။

သူ နားမလည်သည်ကို မြင်လိုက်ရသည့်အခါမော့ရှောင်ဟူ ချက်ချင်းပင် စိတ်ပူသွားည်။

သူက ခုန်ပေါက်ကာ ပြောလိုက်၏။ “ပိုက်ဆံလေ။ ပိုက်ဆံမရှိရင် ဘာမှလုပ်လို့မရဘူး။ သေနတ်ပြောင်း… သင့်တော်တဲ့ သေနတ်ပြောင်းတစ်ခု လုပ်ဖို့အတွက် အချောင်း တစ်ရာကျော်လောက် ပျက်စီးသွားနိုင်တယ်။ ကျွမ်းကျင်တဲ့ ပန်းပဲဆရာတွေကိုလည်း ပိုက်ဆံပေးရတယ်။ အကောင်းစား သံမဏိတွေ သုံးရမယ်။ နောက်ပြီး…

လူတွေကိုလည်း သာမန်လူတွေ သုံးလို့မရဘူး။ အစကနေ ပြန်သင်ပေးရမယ်ဆိုရင် အချိန်ဘယ်လောက်တောင် ကုန်မလဲ။ အခု ကျုပ်တို့ဌာနက လူအများစုကို အသစ်ဖွဲ့စည်းထားတဲ့ ရေနွေးငွေ့ ဌာနကို ပြောင်းရွှေ့လိုက်ပြီ။ တစ်နှစ်ကို ရန်ပုံငွေ ငွေတစ်သိန်း နှစ်သောင်းတောင် ရှိတာ။ အဲဒီပိုက်ဆံတွေကို အရူးတွေက ရေနွေးကျိုဖို့အတွက် သုံးနေကြတာ။

ပြီးခဲ့တဲ့လက ရေနွေးငွေ့ ဌာနက ခွေးကောင်တွေ လာပြီး ကျုပ်တို့ကို လှောင်ပြောင်သွားသေးတယ်။ အသားပြုတ်ရင် မြန်တယ်ဆိုပြီး ဒယ်အိုးတစ်လုံး ပို့ပေးသွားတာလေ။ ကျုပ်တို့ဌာနက လူနှစ်ယောက် အဲဒီဒယ်အိုးစုတ်နဲ့ အသားပြုတ်စားရင်း ပေါက်ကွဲသွားလို့ ဆေးခန်းရောက်သွားရတယ်။ သခင်လေးက ဂရုတောင် မစိုက်ဘူး။ ကျုပ်တို့ရဲ့ တစ်နှစ် ရန်ပုံငွေ နှစ်ထောင်ဆိုတာက ညီအစ်ကိုတွေ နှင်းလမင်းစံအိမ်ကို သွားပြီး ပျော်ပါးဖို့တောင် မလောက်ဘူး။ ဒါက တရားမျှတရဲ့လား။”

ရှဲ့ရှန်းနှင့် ကျောက်လျဲ့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

မီးပေါက်ကွဲစေတတ်သော လက်နက်ဌာနမှ လူများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အမှန်တကယ်ပင် ကောင်းမွန်သည်။

“သုတေသန ရန်ပုံငွေ ဆိုတာ မဟုတ်ဘူးလား။ ခင်ဗျားတို့က သုတေသန ရန်ပုံငွေကို သုတေသန မလုပ်ဘဲ သွားပြီး ပျော်ပါးနေကြတာကိုး။ သခင်လေးက ခင်ဗျားတို့ကို ပိုက်ဆံမပေးတာ အံ့ဩစရာ မဟုတ်ဘူး။ ဒါကိုတော့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး။” ရှဲ့ရှန်းက လက်မြှောက်ကာ ပြောလိုက်၏။

မော့ရှောင်ဟူသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ “သုတေသန ရန်ပုံငွေကို ကိုယ့်အတွက် နည်းနည်း သုံးတာ ဘာဖြစ်လို့လဲ။ ခရိုင်ထဲက တခြား သုတေသနဌာနတွေ အားလုံးလည်း ဒီလိုပဲ လုပ်နေကြတာပဲ။ ကျုပ်တို့က ပုံမှန်ဆိုရင် ဖိအားအရမ်းများတယ်။ စိတ်ကူးဉာဏ် မရှိရင် သုတေသန ရန်ပုံငွေ သုံးပြီး စိတ်ကူးဉာဏ် သွားရှာတာ အဓိပ္ပာယ် မရှိဘူးလား။”

အနည်းငယ်တော့ အဓိပ္ပာယ် ရှိပုံရသည်။ ရှဲ့ရှန်းသည် မေးစေ့ကို ပွတ်ကာ ခဏမျှ တွေးလိုက်ပြီးနောက် သူ၏ ပါးစပ်မှ စကားတစ်ခွန်း ထွက်ပေါ်လာခဲ့၏။ “အဓိပ္ပာယ်ရှိတယ်။”

“အရမ်းကို အဓိပ္ပာယ်ရှိတယ်။” ကျောက်လျဲ့က ဖြည့်စွက်ပြောလိုက်၏။

သုတေသန ရန်ပုံငွေများကို အသုံးပြု၍ မိမိ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်းမှာ စိတ်ကူးဉာဏ်သစ်များ ရှာဖွေနိုင်ရန်အတွက်ပင် မဟုတ်ပါလား။ ဤသည်မှာ လွန်စွာမှပင် ယုတ္တိတန် အဓိပ္ပာယ်ရှိလှသည်။

“အဟမ်း… အာ… ကျုပ် သိပါပြီ။ နောက်ဆိုရင် ကျုပ် သခင်လေးကို ပြောပေးမယ်။ ဒါပေမဲ့ ကျုပ် အရင်ဆုံး ကြည့်ရအုံးမယ်။ ခင်ဗျားတို့ဆီမှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှိလား။”

မော့ရှောင်ဟူ၏ မျက်နှာပေါ်တွင် ဝမ်းသာသွားသော အမူအရာ ပေါ်လာခဲ့၏။ “ရှိတာပေါ့။ အထဲကို ဝင်လာခဲ့။”

“ကျုပ်ဆီမှာ သခင်လေးတောင် မမြင်ဖူးသေးတဲ့ ရတနာတွေ ရှိသေးတယ်။ ခင်ဗျား သဘောကျစေရမယ်။”

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်ကို အထဲသို့ ဆွဲခေါ်သွားတော့သည်။

မီးပေါက်ကွဲစေတတ်သော လက်နက်ဌာန၏ အတွင်းဘက်သို့ ဝင်ရောက်သွားပြီးနောက် နံရံပေါ်တွင် ချိတ်ဆွဲထားသော ပုံစံအမျိုးမျိုးရှိသည့် ပြွန်များကို မြင်လိုက်ရသည့်အခါ ရှဲ့ရှန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

ဘာတွေမှန်း နားမလည်သော်လည်း နံရံပေါ်မှ ပစ္စည်းများသည် ထူးခြားသော အလှအပ တစ်ခု ရှိနေသည်မှာ သိသာလှသည်။

ထိုသို့သော ထူးဆန်းသည့် ခံစားချက်မျိုးကို သူသည် အခြားပစ္စည်းများတွင် တစ်ခါမှ မခံစားခဲ့ရဖူးချေ။

ထို့ကြောင့် သူက မော့ရှောင်ဟူဘက်သို့ လှည့်ကာ မေးလိုက်၏။ “နံရံပေါ်က ပစ္စည်းတွေ အားလုံးက မီးပေါက်ကွဲစေတတ်တဲ့ လက်နက်ဌာနက လုပ်ထားတာလား။”

မော့ရှောင်ဟူက ခေါင်းခါပြပြီး နံရံကို ကြည့်ကာ ပြောလိုက်၏။ “ဒီပစ္စည်းတွေက သခင်လေး အိပ်မက်မက်တုန်းက မြင်ခဲ့ရတာတွေတဲ့။ မေ့သွားမှာစိုးလို့ ကျုပ်တို့ကို ပုံစံတူ လုပ်ခိုင်းထားတာလေ။”

“တကယ်တော့ သံခွံတွေချည်းပါပဲ။”

ထို့နောက် မော့ရှောင်ဟူသည် လက်တစ်ချောင်း ဆန့်ထုတ်ကာ နံရံပေါ်ရှိ ပစ္စည်းများကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။ “ဒီဟာကို တောက်ယွမ်လင်းယုန်လို့ ခေါ်တယ်။ ဒါကတော့ အာဖန် ၄၇။ ဒါကတော့ ဖန်ကျန်းရီ စက်သေနတ်။

ကျုပ် အကြိုက်ဆုံးကတော့ ဒါပဲ။ သခင်လေးပြောတာက ဒီပစ္စည်းကို လူသားတွေကို ကယ်တင်တဲ့အရာလို့ ခေါ်တယ်တဲ့။ မျက်တောင်တစ်ခတ်အတွင်းမှာ ကျည်ဆန် တစ်ထောင်လောက် ပစ်နိုင်တယ်။ လူတစ်ယောက်က စစ်တပ် တစ်သိန်းထက်တောင် သာသေးတယ်။ ကျုပ်သာ အဲဒါကို လုပ်နိုင်မယ်ဆိုရင် ငွေတုံး တစ်သန်း ဆုချမယ်လို့လည်း သခင်လေးက ပြောသေးတယ်။”

မော့ရှောင်ဟူသည် ပုံစံတူကို ကြည့်ကာ မျက်လုံးများ အရောင်လက်နေ၏။

သူ့ပုံစံကို ကြည့်ပြီးနောက် ရှဲ့ရှန်း လုံးဝ စကားပြောမထွက်တော့ချေ။

တကယ်ကို ပြောရဲတဲ့လူနဲ့ ယုံရဲတဲ့လူပဲ။

“ဟူး… ဒါပေမဲ့လည်း အိပ်မက်တစ်ခုပါပဲ။ မီးပေါက်ကွဲစေတတ်တဲ့ လက်နက်ဌာနက လူတွေက ဒါတွေကို အလေးမထားကြဘူး။ ကျုပ်တို့ကိုယ်တိုင် လုပ်ထားတာ ကျုပ်တို့ မသိဘဲ နေမလား။ သခင်လေးကလည်း စိတ်ကူးယဉ်နေတာပါ။ ဟားဟား။”

မော့ရှောင်ဟူက ပြုံးကာ ပြောလိုက်၏။ “လာ… တကယ့်ရတနာကို ပြမယ်။”

ထိုသို့ပြောပြီးနောက် နံရံ၏ အောက်ဆုံးတန်းမှ ရုပ်ဆိုးဆိုး သေနတ်ရှည်တစ်လက်ကို ယူလိုက်သည်။

“ဒီသေနတ်ကို မီးကြိုးသေနတ်လို့ ခေါ်တယ်။ စက္ကူနဲ့ ထုပ်ထားတဲ့ သံကျည်ဆန်ကို သေနတ်ပြောင်းထဲ ထည့်ပြီး မီးကြိုးနဲ့ ယမ်းမှုန့်ကို နှိုးဆွလိုက်ရင် ကျည်ဆန်ကို ပစ်လွှတ်ပြီး ရန်သူကို သတ်နိုင်တယ်။

စွမ်းအားက အဆုံးအစမရှိဘူး။ အသံကလည်း အံ့မခန်းပဲ။ မိုးကြိုးလို အသံမြည်ပြီး လျှပ်စီးလို မြန်တယ်လို့ ပြောလို့ရတယ်။ စစ်တပ်မှာသာ အသုံးပြုမယ်ဆိုရင်…”

ကျောက်လျဲ့၏ မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။ “ဆက်မကြွားနဲ့တော့။ မင်းရဲ့ ဒီပစ္စည်းကြောင့် ကျုပ် ညီအစ်ကိုတွေ ဒဏ်ရာရခဲ့တာ။ ပစ်နိုင်တဲ့ အကွာအဝေးက ခြေလှမ်း ခုနစ်ဆယ်လောက်ပဲ ရှိတာ၊ ပြီးတော့ တော်တော်လည်း စောင်းတယ်။ လေးနဲ့မြားကို လုံးဝ မမီဘူး။

ကျုပ် အခုလာတာ အပြင်မှာ အရေးကြီးတဲ့ တာဝန်ရှိလို့ ဆရာ့ကို ကာကွယ်ဖို့အတွက် မင်းတို့ဆီက အဆက်မပြတ် ပစ်လို့ရတဲ့ လက်ကိုင်သေနတ်ကို လာယူတာ။ မြန်မြန်လုပ်။”

မော့ရှောင်ဟူ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သွားသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ပြီး အကြောင်းပြချက် ပေးလိုက်၏။ “ဆရာ ရောက်လာလို့ ကျုပ်က နည်းနည်းချင်း ရှင်းပြရမှာပေါ့။ နောက်မှာ ဒုတိယမျိုးဆက် မီးကျောက်သေနတ် ရှိသေးတယ်…”

“မင်းတို့ရဲ့ ဒုတိယမျိုးဆက်ဆိုတာကလည်း ကျုပ် ညီအစ်ကိုတွေကို ဒဏ်ရာရစေတာပဲ။ မြန်မြန်လုပ်စမ်းပါ။”

ရှဲ့ရှန်းသည် သူတို့နှစ်ယောက်ကို သံသယဖြင့် ကြည့်လိုက်ပြီး ကျောက်လျဲ့ အနီးသို့ တိုးသွားကာ တိုးတိုးလေး ပြောလိုက်၏။ “ဒါမှမဟုတ်… ကျုပ်တို့ ပြန်ကြမလား… ခင်ဗျားတို့ ရှိနေရင် လုံခြုံပါတယ်ဗျ။”

ဤပုံပန်းသဏ္ဍာန်ကို ထောက်ရှုရလျှင် မိမိကိုယ်ကို ကာကွယ်ခုခံရန်အတွက် ပစ္စည်းကိရိယာ ပေးသည်နှင့် မတူချေ။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖြစ်အောင် တွန်းအား ပေးနေသလိုပင်။

ဤသူများသည် ယခင်က သူတို့အပေါ် တင်းကျပ်စွာ ကိုင်တွယ်ခဲ့ခြင်းကို ရင်တွင်း၌ အငြိုးအတေး ထားနေကြခြင်းများလား။

“အာ… ဆရာ ရောက်လာမှတော့… ယူသွားလိုက်ပါ။”

All Chapters