အခန်း ၂၉၅
Vol. 30 Ch. 295
အခန်း (၂၉၅) ရှောင်ယိုယို ထွက်ခွာသွားခြင်းနှင့် ယွင်ဟွား နတ်ဘုရားတစ်ပါး ဖြစ်လာခြင်း
“ရှောင်ယိုယို…”
တရားသူကြီးစုတ်တံသည် ငရဲလကျောက်၏ အပိုင်းအစလေးများကို ဆုပ်ကိုင်ထားလျက် နာကျင်စွာ ငိုကြွေးနေလေသည်။ သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်းကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရိုက်ခွဲချင်ခဲ့ဖူးသော်လည်း ယခုလို ရှောင်ယိုယိုလေး အပိုင်းပိုင်းအစစ ကွဲကြေသွားသည်ကို မြင်သောအခါ ၎င်းမှာ အသက်ရှူမဝလောက်အောင်ပင် နှလုံးကွဲကြေနေရလေသည်။
မိုးကြိုးတိမ်တိုက်များက ကွဲလွင့်သွားလေပြီ။
အရာအားလုံးသည် ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားလေသည်။
မီးလောင်ကျွမ်းနေသော မြေပြင်ပေါ်တွင် မိုးကြိုးပစ်ချခံထားရသည့် အရာများ ကျန်ရစ်နေဆဲပင်ဖြစ်သည်။
နန်ကုန်းယွမ်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ အကြည့်များသည် အေးစက်သော ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်းပြီး ခန့်မှန်းရခက်နေလေသည်။ သူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငရဲပြည်ကိုးထပ်တွင်သာ ရှိသော ထူးခြားသည့် အငွေ့အသက်များ ဖြာထွက်နေလေသည်။
ဧကရာဇ်တစ်ပါး ပြန်လည်ရောက်ရှိလာသကဲ့သို့ပင်တည်း။
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့သည် နန်ကုန်းယွမ်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်များကြောင့် အလွန်တရာ ကြောက်လန့်သွားကြပြီး မြေပြင်ပေါ်တွင် ဝပ်တွားနေကြလေသည်။
ကလေးငယ်နှစ်ဦးသည် သူတို့၏ နာကျင်မှုကို ယာယီ မေ့လျော့သွားကြကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြပြီး တရားသူကြီးစုတ်တံက တုံ့ဆိုင်းစွာဖြင့် တိုးညှင်းစွာ ခေါ်လိုက်လေသည်။
"ရှောင်... ရှောင်ယွမ်ယွမ်..."
"ပါးစပ်ပိတ်ထားစမ်း..."
နန်ကုန်းယွမ်၏ စူးရှသော အကြည့်များသည် သူတို့အပေါ်သို့ ကျရောက်သွားပြီး သူ၏ အသံတွင် ငြင်းဆန်၍မရသော အေးစက်မှုများ ပါဝင်နေသဖြင့် ကလေးငယ်နှစ်ဦး၏ ဝိညာဉ်များပင် တုန်ယင်သွားလုမတတ် ဖြစ်သွားလေသည်။
အတိတ်က နူးညံ့သိမ်မွေ့ပြီး အချစ်ကို ရူးသွပ်ခဲ့သော ရှောင်ယွမ်ယွမ်နှင့် မတူတော့ဘဲ ယခုအခါတွင် သူသည် ကောင်းကင်ဘုံရှိ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး လောကရှိ အရာအားလုံး၏ အသက်နှင့် သေခြင်းအာဏာကို ကိုင်စွဲထားကာ မြင်တွေ့ရသူတိုင်းကို ကြောက်ရွံ့ရိုသေမှုများ ဖြစ်ပေါ်စေလေသည်။
ဤသည်မှာ အစစ်အမှန် ဖုန်းတုဧကရာဇ်ပင် ဖြစ်သည်။
နန်ကုန်းယွမ်သည် သူ၏ ရင်ခွင်ထဲရှိ ယွင်ဟွားကို ငုံ့ကြည့်လိုက်ရာ ကြယ်များကဲ့သို့ တောက်ပနေသော သူ၏ မျက်လုံးများနှင့် အေးစက်နေသော မျက်နှာပေါ်တွင် နူးညံ့မှု အရိပ်အယောင်အချို့ ပေါ်လာလေသည်။
သူက ခဏတာ ရပ်တန့်သွားလေသည်။
သူ၏ လက်များကို လျင်မြန်စွာ လှုပ်ရှားကာ လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်ရာ ကြယ်ရောင်မီးပွားလေးများ ပေါ်ထွက်လာပြီး တဖြည်းဖြည်း အနီရောင်ချည်ကြိုးတစ်မျှင်အဖြစ်သို့ စုစည်းသွားကာ သူ၏ လက်ချောင်းထိပ်များတွင် လည်ပတ်နေပြီးနောက် ယွင်ဟွား၏ ရင်ဘတ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားလေသည်။
တစ်ခဏအတွင်းမှာပင်။
သူတို့၏ အောက်ဘက်ရှိ ဝင်္ကပါအစီအရင်သည် ရုတ်တရက် အလင်းများ ဖြာထွက်လာပြီး သူတို့ကို လွှမ်းခြုံသွားလေသည်။
သေခြင်းရှင်ခြင်းစာအုပ်က သူမြင်တွေ့နေရသောအရာကို မယုံနိုင်စွာဖြင့် ၎င်း၏ ပါးစပ်ကို ဖုံးအုပ်ထားလိုက်လေသည်။
ရှောင်ယွမ်ယွမ်သည် တကယ့်ကို ပန်းကလေးအပေါ် အချစ်ကတိသစ္စာ ပြုလုပ်ခဲ့လေပြီ။
နှလုံးသားတစ်ခု၊ ကတိသစ္စာတစ်ခုနှင့် သက်တမ်းတစ်ခုတည်းဖြစ်သည်။
အကယ်၍ တစ်ဦးဦးက ဖောက်ဖျက်ခဲ့ပါက ၎င်း၏ ဝိညာဉ်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပြန့်ကျဲသွားမည်ဖြစ်ပြီး ၎င်း၏ ရုပ်ခန္ဓာသည်လည်း ပြန်လည်မွေးဖွားခြင်းသံသရာထဲသို့ ဝင်ရောက်ခွင့်ရတော့မည် မဟုတ်ပေ။
ဤအချိန်တွင် ယွင်ဟွား၏ အသိစိတ်က ဟင်းလင်းပြင်ထဲတွင် ပျောက်ဆုံးနေလေသည်။ သူမသည် ဝိညာဉ် ဆုတ်ဖြဲခံရသည့် နာကျင်မှုကို ခံစားနေရင်း သူမ၏ မျက်နှာကို ကိုင်ထားမိလေသည်။
ပျောက်ကွယ်သွားလေပြီ။
"မလုပ်ပါနဲ့... ဆက်ပြီး ပြန်လည်တည်ဆောက်ပါ..."
"ပြီးဆုံးသွားပြီ..."
"ငါတော့ တကယ် သေရတော့မှာပဲ..."
"ဝါး... အဖေ... အမေ... သမီးလို ပြဿနာရှာတတ်တဲ့ ကောင်မလေးက အဖေတို့ အမေတို့ကို ဘယ်တော့မှ ဒေါသမထွက်စေရတော့ပါဘူး..."
"ငါက လောကကြီးထဲကိုတောင် မလျှောက်လှမ်းရသေးဘူး... ပြီးတော့ ရှောင်ယွမ်ယွမ်နဲ့လည်း သေချာရိုမန်တစ် မဖြစ်ရသေးဘူးလေ..."
"ဝါး..."
ယွင်ဟွားက မျက်ရည်မကျဘဲ ငိုကြွေးနေလေသည်။
နောက်တစ်စက္ကန့်တွင်။
သူမ၏ ဝိညာဉ်သည် အနီရောင် အလင်းတန်းများဖြင့် ရစ်ပတ်ခံထားရပြီးနောက် သူမ၏ ပတ်လည်တွင် ဖျော့တော့သော ရွှေရောင် နတ်ဘုရားအလင်းတန်းများ ဝန်းရံလာလေသည်။
“ငါ့ဝိညာဉ်က ပြန်လည်ဖွဲ့စည်းဖို့ စတင်နေပြီပဲ”
"ဘာ... ဘာတွေ ဖြစ်နေတာလဲ..."
ယွင်ဟွားက အံ့သြစွာ မေးလိုက်ပြီးနောက် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာလေသည်။
"လူမိုက်လေး..."
ရင်းနှီးနေသော အသံတစ်သံသည် ယွင်ဟွား၏ နားထဲသို့ ရောက်ရှိလာပြီး မှေးမှိန်သော ပုံရိပ်တစ်ခုသည် သူမ၏ မျက်စိရှေ့တွင် လွင့်မျောလာလေသည်။
"ရှောင်... ယိုယိုလား..."
ယွင်ဟွားသည် သူမ၏ မျက်လုံးများကို ပွတ်သပ်ကာ အလွန်အံ့သြစွာဖြင့် ရေရွတ်လိုက်လေသည်။
"နင်က ဘယ်လိုလုပ် ခုလိုဖြစ်သွားရတာလဲ..."
"ပြီးတော့ နင်က အရင်ကထက် အများကြီး ပိုကြည့်ကောင်းနေတယ်နော်..."
ငရဲလကျောက်သည် နှာခေါင်းရှုံ့လိုက်ပြီး မာနတထောင်ဖြင့် ပြောလိုက်လေသည်။
"နင့်မှာ အမြင်ကောင်းရှိသားပဲ... ဒါက ငါ့ရဲ့ အရွက်ကိုးရွက်ပါ သွေးသလင်းကျောက်ရဲ့ မူလပုံစံပဲ... အဲ့ဒီနောက်က ငါ ကျောက်တုံးသခင် ရှာတွေ့ထားတဲ့ ခန္ဓာကိုယ်တစ်ခုမျှသာဖြစ်တယ်..."
ငရဲလကျောက်သည် မျက်ရည်များ ဝဲတက်နေလျက် နတ်ဘုရားဝိညာဉ် ပြန်လည်တည်ဆောက်ခံနေရသော ပန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။
"ရှောင်ဟွားဟွား... ရှောင်ယိုယိုက နင့်ရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ထပ်ပြီး ခိုးယူတော့မှာ မဟုတ်ဘူး..."
"ဒါနဲ့... ငါ့ရဲ့ သခင်ကို ဂရုစိုက်ဖို့က နင့်အပေါ်မှာပဲ မှီခိုရတော့မယ်..."
"ပြီးတော့ စုတ်တံလေးနဲ့ စာအုပ်လေးကို ငါ သူတို့ကို လွမ်းနေမယ်လို့ ပြောပေးပါ..."
ငရဲလကျောက်သည် မိမိကိုယ်ကိုယ် တတွတ်တွတ် ရေရွတ်နေပြီး ထိုအခါမှသာ ယွင်ဟွားသည် ၎င်း၏ ပျောက်ကွယ်နေသော ခန္ဓာကိုယ်ကို သတိထားမိသွားလေသည်။ သူမသည် စိုးရိမ်ပူပန်စွာဖြင့် ကျယ်လောင်စွာ မေးလိုက်လေသည်။
"ငရဲလကျောက်လေး... နင် ဘာတွေ လုပ်လိုက်တာလဲ..."
ငရဲလကျောက်က မချိပြုံး ပြုံးလိုက်လေသည်။
"ပန်းကလေး... ဝမ်းမနည်းပါနဲ့..."
၎င်းသည် အသက်နှင့် သေခြင်းကို ပြောင်းပြန်လှန်ကာ ဝိညာဉ်များကို ပြန်လည်ပုံဖော်နိုင်စွမ်းရှိသည်ဟု ပြောခဲ့ဖူးကြောင်းနှင့် ရှောင်ယိုယိုသည် သူမ၏ ဝိညာဉ်ထဲမှ ယခုလေးတင် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ယွင်ဟွား ရုတ်တရက် မှတ်မိသွားလေသည်။
"ရှောင်... ယိုယို... ငါ့ကို ကယ်တင်ခဲ့တာ... ကယ်တင်ခဲ့တာ နင်ပဲပေါ့..."
ယွင်ဟွား၏ အသက်ရှူသံများ ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ လက်များမှာ အဆက်မပြတ် တုန်ယင်နေကာ ငရဲလကျောက်ဆီသို့ တယိမ်းတယိုင် သွားလေသည်။
"ငါ့ကို ပြောပါ... ဒါက တကယ်မဟုတ်ဘူး... တကယ်မဟုတ်ဘူးမလား..."
ယွင်ဟွားသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်လိုက်ရာ မျက်ရည်များ စီးကျလာလေသည်။
"ပန်းကလေး..."
ငရဲလကျောက်သည် ယွင်ဟွား၏ ပါးပြင်ကို ပွတ်သပ်လိုက်ရာ ပူလောင်နေသော မျက်ရည်များသည် ၎င်း၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေသည့်အလား ခံစားလိုက်ရလေသည်။
"ပန်းကလေး... ဝမ်းမနည်းပါနဲ့... နင် ငိုရင် ရှောင်ယိုယိုလည်း ဝမ်းနည်းရလိမ့်မယ်..."
"ငါ သဘောဆန္ဒအလျောက် လုပ်ခဲ့တာမို့ နင့်ကိုယ်နင် အပြစ်မတင်ပါနဲ့... ငါက နှစ်ပေါင်းသောင်းနဲ့ချီပြီး အသက်ရှင်ခဲ့ပြီးပြီ... နင့်အနားမှာ ကုန်ဆုံးခဲ့ရတဲ့ နေ့ရက်တွေက အပျော်ရွှင်ဆုံး အချိန်တွေပါပဲ..."
"ပန်းကလေး... ငါ ပျောက်ကွယ်သွားပြီးတဲ့နောက် စာအုပ်လေးနဲ့ စုတ်တံလေးတို့ အတူရှိနေတဲ့ နင့်ရဲ့ စာချုပ်က အလိုအလျောက် ပျက်ပြယ်သွားလိမ့်မယ်... ပြီးတော့ ဘယ်သူမှ နင့်ရဲ့ စိတ်ထဲက တွေးနေတာတွေကို ကြားနိုင်တော့မှာ မဟုတ်ဘူး..."
ယွင်ဟွားသည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်အောင် ငိုကြွေးနေပြီး ငရဲလကျောက်ကို သူမ၏ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
"ဟင့်အင်း... ဟင့်အင်း... ငါ... ယွင်ဟွားက နင့်ကို ဘာမှအဖြစ်မခံနိုင်ဘူး... ငါတို့ လေးယောက်က တစ်သားတည်းပဲ... ဘယ်သူကမှ ကျန်တဲ့သူတွေကို ထားခဲ့လို့ မရဘူး..."
"နင် လိုချင်ရင် သူတို့ရဲ့ နှလုံးသားတွေကို နားထောင်လို့ ရပါတယ်... သူတို့ကို ပြန်လှည့်စားတာက ကောင်းပါတယ်... သူတို့ကို အစားထိုး လှည့်စားလိုက်ပါ... နင်က ငါနဲ့ သူတို့အတွက် ယှဉ်ပြိုင်စရာ မလိုတော့ပါဘူး... ငါ နင့်အတွက် ရှာပေးမယ်... ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများကြီးကို ရှာပေးပါ့မယ်..."
ယွင်ဟွားသည် တဖြည်းဖြည်း မှေးမှိန်လာသော ငရဲလကျောက်၏ ပုံရိပ်ကို ကြည့်နေရင်း သူမ၏ နှလုံးသားသည် ကျောက်တုံးကြီး ဖိချေခံလိုက်ရသည့်အလား နာကျင်နေလေသည်။
"နင် အဆင်ပြေသရွေ့ နင်တောင်းဆိုတာမှန်သမျှ ငါ သဘောတူပါတယ် ရှောင်ယိုယို..."
ငရဲလကျောက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ယွင်ဟွားကို စူးစိုက်ကြည့်နေလေသည်။
"ပန်းကလေး..."
၎င်းက ရယ်မောကာ ပြောလိုက်၏။
"ငါ နင့်အပြုံးကို မြင်ချင်တယ်..."
"ကောင်းပါပြီ... ငါ ရယ်ပြပါ့မယ်..."
ယွင်ဟွားသည် သူမ၏ ဝမ်းနည်းပူဆွေးမှုများကို ဖိနှိပ်ထားကာ ဖြည်းညင်းစွာ ပြုံးပြလိုက်လေသည်။
ငရဲလကျောက်၏ စိတ်ထဲတွင် သူတို့နှင့်အတူ ရှိနေခဲ့သည့် အချိန်များ၊ ပျော်ရွှင်စရာ အခိုက်အတန့်များနှင့် ငြင်းခုံခဲ့ရသည့် အချိန်များဖြင့် ပြည့်နှက်နေလေသည်။
"ပန်းကလေး... နင့်ရဲ့ အပြုံးက တကယ့်ကို လှပလွန်းပါတယ်..."
ငရဲလကျောက် စကားပြောဆိုအပြီးတွင် ၎င်း၏ ပုံရိပ်သည် ကြယ်ရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ယွင်ဟွား၏ မျက်စိရှေ့မှောက်တွင် ပျောက်ကွယ်သွားလေတော့သည်။
"ရှောင်ယိုယို..."
ယွင်ဟွားသည် သူမ၏ ကော်လာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ နာကျင်စွာ အော်ဟစ်လိုက်လေသည်။
၎င်း၏ နတ်ဘုရားဝိညာဉ်သည် ရွှေရောင်အလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားလေသည်။
နန်ကုန်းယွမ်၏ ရင်ခွင်ထဲတွင် ရှိနေသော ယွင်ဟွားသည် မျက်စိကျိန်းမတတ် တောက်ပသော အနီရောင် အလင်းတန်းများ ဖြာထွက်နေလေသည်။ သူမ၏ မူလပုံစံဖြစ်သည့် ပွင့်လန်းနေသော ဧရာမ မန်ဂျူရှာကာပန်းနီကြီးအဖြစ်သို့ ထင်ရှားစွာ ပေါ်ထွက်လာလေသည်။
နဖူးပေါ်ရှိ အနီရောင် ပန်းပွင့်အမှတ်အသားသည် ရွေ့လျားသွားပြီး တဖြည်းဖြည်း ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ယွင်ဟွားကို ကိုယ်စားပြုသော ကြယ်ပွင့်လမ်းကြောင်းသည် လင်းလက်လာပြီး နန်ကုန်းယွမ်ကို ကိုယ်စားပြုသော ကြယ်ပွင့်လမ်းကြောင်းနှင့်အတူ ယှဉ်တွဲလျက် ရှိနေလေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး မျက်စိများ မှားနေတာလား..."
"အဲ့ပန်းအစုတ်ပလုတ်က တကယ်ပဲ နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်သွားပြီး... နတ်ဘုရားတစ်ပါးဖြစ်လာ... ဖြစ်လာခဲ့ပြီပဲ..."
တရားသူကြီး ချွေ့ကျွယ်က သူ၏ မျက်လုံးများ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသဖြင့် ၎င်းတို့ကို အဆက်မပြတ် ပွတ်သပ်နေလေသည်။
ယမမင်းသည် သူ၏ ပါးကို ပွတ်သပ်လိုက်ရာ သူ၏ ခံစားချက်များမှာ ရှုပ်ထွေးနေလေသည်။ သူသည် မှင်တက်နေသော ချွေ့ကျွယ်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"မင်း အနာဂတ်အတွက် စဉ်းစားသင့်တယ်..."
ဟို့ထုနတ်သမီးက သူတို့ကို တားဆီးခဲ့သည်မှာ မဆန်းတော့ပေ။ ဤသည်မှာ နတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲရန် သူမ၏ ကပ်ဘေးဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။
ဧကရာဇ်၏ ဇနီးဖြစ်ရခြင်းက တကယ့်ကို ကြီးမားတဲ့ ကိစ္စကြီးပဲ။
သူတို့က အင်မော်တယ်ဖြစ်မည့် လမ်းကြောင်းကို ကျော်ဖြတ်ပြီး သူမကို နတ်ဘုရားအဆင့်အတန်း ပေးအပ်လိုက်ကြသည်။
တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။
"ဒါနဲ့... ပုလဲလေးရဲ့ ဘိုးဘေးတွေက ကျုံးခွေ့လက်အောက်မှာ အလုပ်လုပ်ခဲ့တယ်လို့ ငါ ကြားတယ်... ငါ အခုလောလောဆယ် အတော်လေး အားနေတာဆိုတော့ မင်း ငါ့ရဲ့ ရုံးခန်းဆီကို ပြောင်းလာခဲ့ပါလား... အလုပ်က လွယ်ကူပြီး မပင်ပန်းတဲ့အပြင် မင်း ကျင့်ကြံဖို့ အချိန်တွေ အများကြီး ရလိမ့်မယ်..."
တရားသူကြီး ချွေ့ကျွယ်သည် ယမမင်း ဘာပြောနေသည်ကို မကြားခဲ့ပေ။ သူက လက်တစ်ဖက်ဖြင့် သူ၏ မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားနေလေသည်။
"ငါ့ရဲ့ မျိုးရိုးနာမည်က ချွေ့ဖြစ်ပြီး ရှောင်ကျူးကျူးရဲ့ မိခင်ဘက်က ဆွေမျိုးတွေကလည်း ချွေ့ဆိုတဲ့ မျိုးရိုးနာမည် ရှိတယ်... အရှင်မင်းကြီး... ကျွန်တော့်ကို ပြောပါဦး... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ရှောင်ကျူးကျူးနဲ့ ကျွန်တော်က မိသားစုတစ်ခုတည်းကများ ဖြစ်နေမလား..."
ယမမင်း "..."