← Chapters

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း (၃၀၀) ဇာတ်သိမ်းပိုင်း ၂

တုံလင်နိုင်ငံသည် အောင်ပွဲရရှိခဲ့လေသည်

ရက်အနည်းငယ် အနားယူပြီးနောက် မင်းသားစုသည် သူ၏ တပ်မတော်ကို ဦးဆောင်ကာ မြို့တော်သို့ ပြန်လာခဲ့လေသည်။

ဤအားလပ်ချိန်အတွင်း နန်ကုန်းယွမ်သည် ယွင်ဟွားအတွက် ဆံပင်တုတစ်ခုကိုလည်း ရယူပေးခဲ့လေသည်။

သူသည် ငရဲပြည်မှ လူများကို သူမနှင့်အတူ ခေါင်းတုံးတုံးခိုင်းနိုင်သော်လည်း စစ်စခန်းတစ်ခုလုံး သို့မဟုတ် မြို့တော်တစ်ခုလုံးကို ထိုကောင်မလေးနှင့်အတူ ခေါင်းတုံးတုံးခိုင်း၍ မရနိုင်ပေ။

"ဟေး... မင်းတို့နှစ်ယောက် နည်းနည်းလောက် ပိုပြီး စာနာပေးလို့ မရဘူးလား... ဒီနေရာမှာ ငါ့လို လူကြီးတစ်ယောက်ရှိပြီး အရွယ်မရောက်သေးတဲ့ ကလေးလေးတစ်ယောက်လည်း ရှိနေသေးတယ်..."

မင်းသားစုသည် သူ၏ ခေါင်းမာသော သားဖြစ်သူကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

"မင်းက ကောင်မလေးကို အစာကျွေးဖို့လောက်ပဲ ဂရုစိုက်နေတယ်... မင်းမှာ ငါ့လို အိုမင်းနေတဲ့ ဖခင်တစ်ယောက် ရှိနေတာကိုရော ဂရုစိုက်ရဲ့လား..."

နန်ကုန်းယွမ်သည် ဂရုမစိုက်သည့်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ၏ ရှေ့ရှိ ပန်းကန်ပြားထဲမှ ကိတ်မုန့်တစ်တုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ မင်းသားစု၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်ပြီး ပြောလိုက်၏။

"စားလိုက်ပါ… ခွံ့ကျွေးမယ်..."

မင်းသားစု "..." မိဘကျေးဇူးကို မသိတတ်သော သားပါတကား။

"မင်း စားချင်လား..."

ထို့နောက် နန်ကုန်းယွမ်သည် ငရဲလကျောက်ကို တစ်ချက် ထပ်ကြည့်လိုက်ရာ ရှောင်ယိုယိုက လက်နှစ်ဖက်ဖြင့် ပါးစပ်ကို ဖုံးအုပ်ထားပြီး ကြောက်လန့်တကြား ခေါင်းယမ်းနေသည်ကိုသာ မြင်လိုက်ရလေသည်။

ငါ့အသက်က ပိုအရေးကြီးသည်လေ။

၎င်း၏ သခင်ကို ၎င်းအား အစာခွံ့ကျွေးခွင့် ပြုရန် မဝံ့ရဲပါချေ။

"ငါ... ငါ့ကို မင်း ခွံ့ကျွေးစရာ မလိုပါဘူး..."

မင်းသားစုသည် ငရဲလကျောက်ကို သူ၏ ရင်ခွင်ထဲတွင် ဒေါသတကြီး ပွေ့ဖက်ထားလိုက်ပြီး ရထားလုံးတံခါးကို တွန်းဖွင့်ကာ ပြောလိုက်လေသည်။

"မျက်စိနောက်လွန်းလို့... ရှောင်ယိုယို... ငါ မင်းကို မြင်းစီးဖို့ခေါ်သွားမယ်... ဒီရထားလုံးစုတ်ကို စီးချင်တဲ့လူ စီးပါစေတော့..."

တပ်မတော်သည် အောင်ပွဲခံကာ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

မြို့တော်မှ ပြည်သူပြည်သားများသည် စိတ်လှုပ်ရှားစွာ ကြိုဆိုရန် လမ်းဘေးတစ်လျှောက် တန်းစီနေကြလေသည်။

ဧကရာဇ်ဝမ်ရွှမ်းသည် နန်းတွင်းအမတ်များနှင့် စစ်သူကြီးများ ဝန်းရံလျက် လက်နောက်ပစ်ကာ ရှေ့ဆုံးတွင် ရပ်နေလေသည်။

မင်းသားစုသည် ခေါင်းကို မော့ကာ ရင်ကို ကော့ထားလျက် သူ၏ မည်းနက်နေသော စစ်မြင်းကို စီးကာ ဧကရာဇ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။ ထို့နောက် သူသည် မြင်းပေါ်မှ ဆင်းကာ ဧကရာဇ်ဝမ်ရွှမ်း၏ ရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်လေသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး..."

သူ၏ စကားမဆုံးမီမှာပင် ဧကရာဇ်ဝမ်ရွှမ်းသည် သူ့အား ကျော်ဖြတ်သွားပြီး သူ၏ အနောက်ရှိ ရထားလုံးဆီသို့ လျင်မြန်စွာ လျှောက်သွားလေသည်။ အရာရှိများသည် တိုတောင်းသော ဂုဏ်ပြုစကားများကို ဆိုကြပြီးနောက် ဧကရာဇ်ဝမ်ရွှမ်း၏ နောက်သို့ ကပ်လျက် လိုက်ပါသွားကြလေသည်။

မင်းသားစုသည် မေးစေ့ကို ငုံ့လိုက်ပြီး လှည့်ကြည့်လိုက်ရာ ရက်အတော်ကြာ လွမ်းဆွတ်နေခဲ့ရသော သူ၏ ဇနီးဖြစ်သူကို လူအုပ်ထဲတွင် မြင်လိုက်ရလေသည်။

"ဇနီးလေး..."

"ငါ့လမ်းက ဖယ်စမ်း… နင် ငါ့လမ်းကို ပိတ်နေတယ်..."

တော်ဝင်ကြင်ယာတော်စုသည် ချွေ့ဝမ်ရှင်း၏ လက်မောင်းကို ဆွဲကိုင်ကာ သူမ၏ ကျွမ်းကျင်မှုများကို အသုံးပြု၍ အရှေ့ဆုံးသို့ ရောက်အောင် တိုးထွက်လာခဲ့လေသည်။

ယွင်ဟွားက ရထားလုံးပေါ်မှ ခုန်ဆင်းလာခဲ့လေသည်။

"အမေ... သမီး အမေ့ကို အရမ်းလွမ်းနေတာ..."

ယွင်ဟွားသည် အမြောက်ဆံလေးတစ်ခုကဲ့သို့ ချွေ့ဝမ်ရှင်း၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး မလွှတ်ပေးတော့ပေ။

"အမေ... သမီး ကြီးမားတဲ့ ကိစ္စကြီးတစ်ခုကို လုပ်ခဲ့တယ်... သမီး ရှီဆိုင်ကို ဖြိုခွဲပစ်ခဲ့တယ်... သူတို့ တုံလင်ကို ထပ်ပြီး ကျူးကျော်ရဲတော့မှာ မဟုတ်ဘူး..."

"အင်းပါ... အမေ သိပါတယ်. အရှင်မင်းကြီးရဲ့ ရွှေလေးတွေ ဆုချထားတာကို ဒီမနက်ပဲ သမီးရဲ့ အခန်းထဲ ပို့ပေးထားတယိ..."

ချွေ့ဝမ်ရှင်းသည် သူမ၏ နှာခေါင်းလေးကို ချစ်စနိုးဖြင့် ပုတ်လိုက်ရာ သူမ၏ အကြည့်များသည် သမီးငယ်လေး၏ ဆံပင်များပေါ်တွင် ထူးဆန်းစွာ ရပ်တန့်သွားလေသည်။

ဘာလို့ အနည်းငယ် စောင်းနေရတာလဲ။

ရွှေလေးများ။

ယွင်ဟွား၏ မျက်လုံးများသည် မီးဖြင့် ပုံသွင်းထားသည့်အလား တောက်ပသွားပြီး သူမသည် ကျေးဇူးတင်စကားဆိုရန် ချက်ချင်း လက်အုပ်ချီလိုက်လေသည်။

"ယွင်ဟွားက ဆုလာဘ်အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်..."

"ဟားဟားဟား..."

ဧကရာဇ်ဝမ်ရွှမ်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ဒီနေ့ည အောင်ပွဲခံစားပွဲက အောင်ပွဲရ တပ်မတော်အတွက် ငါ ကိုယ်တိုင် အထူးပြင်ဆင်ထားတာပဲ... အထူးသဖြင့် မပါမဖြစ် အရေးပါတဲ့ စွမ်းဆောင်မှုတွေ လုပ်ခဲ့တဲ့ ကောင်မလေး မင်းအတွက်ပေါ့ ဟားဟားဟား..."

ဧကရာဇ်ဝမ်ရွှမ်းသည် ထိုကောင်မလေးကို ပို၍ပို၍ သဘောကျလာပြီး ယွင်ဟွား၏ ခေါင်းဆီသို့ လက်လှမ်းလိုက်သော်လည်း သူက အားများသွားသဖြင့် ယွင်ဟွား၏ ခေါင်းပေါ်ရှိ ဆံပင်တုမှာ ကျွတ်ပါသွားလေတော့သည်။

လေထုမှာ ချက်ချင်းပင် အေးခဲသွားပြီး သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်မှုကြီး ကျဆင်းလာလေသည်။

"ဟစ်..."

ချွေ့ဝမ်ရှင်းသည် အသက်ရှိုက်လိုက်မိပြီး တော်ဝင်ကြင်ယာတော်စုက ဖေးမပေးထားသဖြင့်သာ တော်တော့သည်။ သို့မဟုတ်ပါက သူမသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပေလိမ့်မည်။

"ဟွားအာ..."

“သမီးရဲ့ ဆံပင်တွေ ဘယ်ရောက်သွားတာလဲ”

ခေါင်းအပြည့်ရှိသော ဆံပင်အမည်းရောင်များသည် နှစ်အနည်းငယ်အတွင်း ပြန်ပေါက်လာမည် မဟုတ်ပေ။

သူမ၏ ပြဿနာရှာတတ်သော သမီးငယ်လေးသည် အရွယ်ရောက်လာပြီဖြစ်ပြီး နောက်တစ်နှစ်ကျော်ကြာလျှင် အိမ်ထောင်ပြုရတော့မည်ဖြစ်သည်။ သူမ ဘာဆက်လုပ်ရမည်နည်း။

ယွင်ဟွားသည်လည်း အလားတူပင် မှင်တက်သွားလေသည်။

နန်ကုန်းယွမ်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ ခြေဖျားများဖြင့် မြေပြင်ကို ညင်သာစွာ ထိလိုက်ကာ ယွင်ဟွားနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

"ဝါး..."

"ရှောင်ယွမ်ယွမ်... ငါ မျက်နှာလုံးဝ ပျက်သွားပြီ... အရမ်း ရှက်စရာကောင်းတယ်..."

နန်ကုန်းယွမ်က သူမကို နူးညံ့စွာ ပွေ့ဖက်ထားလိုက်လေသည်။

"အဆင်ပြေပါတယ်... အဆင်ပြေပါတယ်... အဆိုးဆုံးဆိုရင် ဦးရီးတော်ရဲ့ ခေါင်းကိုပါ ငါ ရိတ်ပစ်လိုက်မယ်.. သူက အလိုလိုနေရင်း လက်ဆော့ပြီး မင်းကို အရှက်ရစေတာ သူ့အမှားပဲ..."

"ပန်းကလေး... ဝမ်းမနည်းပါနဲ့... ရှူးရှူးက နင့်အတွက် ကလဲ့စားချေပေးမယ်..."

သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ လက်သီးငယ်လေးများကို ဆုပ်ထားလိုက်လေသည်။ ပန်းကလေးကို ရယ်မောခြင်းသည် သူမကို ရယ်မောခြင်းနှင့် အတူတူပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူမတွင်လည်း ဆံပင်မရှိတော့သောကြောင့် ဖြစ်သည်။

"တစ်ယောက်ကိုမှ အလွတ်မပေးဘူး..."

ယွင်ဟွားသည် မျက်ရည်များကြားမှ ပြုံးလိုက်လေသည်။

“ကောင်းပါပြီ... နင့်ရဲ့ ကြင်နာမှုကို ငါ ကျေးဇူးတင်ပါတယ်... ဒါပေမယ့် သူက ဧကရာဇ်ဖြစ်နေသေးတာမို့ သူ့အတွက် မျက်နှာလေးတော့ ချန်ထားပေးလိုက်ကြရအောင်... ဒီနေ့ညက အောင်ပွဲခံစားပွဲ မဟုတ်ဘူးလား... ငါတို့အားလုံး အတူတူ ထွက်ပေါ်လာကြရအောင်..."

ကလေးငယ်နှစ်ဦးသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပေါက်ကွဲထွက်လာကြလေသည်။

"တကယ်လား... ငါတို့ ကိုယ်ကို ဖော်ပြလို့ ရပြီလား..."

ယွင်ဟွားက ခေါင်းညိတ်လိုက်ရာ အတည်ပြုချက်ရရှိပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့က စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်နေကြလေသည်။

ယွင်အိမ်တော်။

လူအုပ်ကြီးသည် ငရဲလကျောက်ကို ဝိုင်းရံထားကြပြီး ၎င်းကို ကောင်လေး ယွင်ချင်းဟန်နှင့်အတူ ထားရှိလိုက်ကြလေသည်။

"အမေ... အရင်က အမေက မောင်လေးတစ်ယောက်တည်းကိုပဲ မွေးခဲ့တာ သေချာရဲ့လား..."

ယွင်ချင်းမော့က အရင်ဆုံး မေးလိုက်လေသည်။ သူတို့နှစ်ဦးလုံးက သူတို့၏ ညီမလေးနှင့် ရာခိုင်နှုန်းခုနစ်ဆယ်ခန့် တူညီနေကြရာ ဤနှစ်ဦး ညီအစ်ကို မဟုတ်လျှင် ထူးဆန်းနေပေလိမ့်မည်။

ချွေ့ဝမ်ရှင်းက သူ့ကို မျက်လုံးလှန်ကြည့်လိုက်လေသည်။

“ငါ့ဗိုက်က သေးသေးလေးပဲ ရှိတာ... ဘယ်လိုလုပ်ပြီး အမြွှာဖြစ်နိုင်မှာလဲ..."

ယွင်ဝေသည် ငရဲလကျောက်၏ မျက်နှာသေးသေးလေးကို ထိုးဆွကာ ရယ်မောလိုက်လေသည်။

"နင်က အတိအကျ ဘယ်သူလဲ... ပြီးတော့ ငါ့ညီမလေးနဲ့ ဘယ်လို ပတ်သက်နေတာလဲ..."

ငရဲလကျောက်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ချွေ့ဝမ်ရှင်း၏ ခြေထောက်ကို ဖက်တွယ်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလျက် ပြောလိုက်လေသည်။

“အဘွား... ရှောင်ဟွားဟွားက ကျွန်တော့်ရဲ့ အမေပါ..."

"အဟွတ် အဟွတ်..."

"အဟွတ် အဟွတ်..."

လူတိုင်း လန့်ဖျပ်သွားကြလေသည်။

ယွင်ရှောင်ထျန်း "..."

"အကောင်စုတ်... ငါ သူ့ကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်.."

ယွင်ရှောင်ထျန်းမှာ အလွန်အမင်း ဒေါသထွက်နေလေသည်။ နန်ကုန်းယွမ်သည် ယွင်ဟွားနှင့်အတူ ပြန်လည်ရောက်ရှိလာသောအခါ သူ၏ အနာဂတ်ယောက္ခမသည် သူ့အား ရိုက်နှက်ရန် တုတ်တစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။

မဟုတ်ဘူးလေ။

သူက သူ အနှစ်သက်ဆုံး သမက် မဟုတ်ဘူးလား။

တန်ခိုးကြီးမားလှသော ဖုန်းတုဧကရာဇ်ဖြစ်သည့် သူသည် သာမန်လူသားတစ်ဦး၏ လိုက်လံရိုက်နှက်ခြင်းကို ခံနေရပြီး ပြန်လည်တိုက်ခိုက်၍ပင် မရနိုင်ပေ။ ဤသည်က သူ့အတွက် အလွန်တရာ စိတ်ပျက်စရာကောင်းလှသည်။

နောက်ဆုံးတွင်မူ…

ငရဲလကျောက်၏ မျက်နှာပေါ်ရှိ ကောက်ကျစ်ပြီး နောက်ပြောင်ချင်သော အပြုံးကြောင့်သာ မဟုတ်လျှင် သူ အရာအားလုံးကို နားလည်သွားပေလိမ့်မည်။

ကျက်သရေမရှိတဲ့ ကျောက်တုံးအစုတ်လေး။

နန်းတော်တံခါးဝတွင် အောင်ပွဲခံစားပွဲကို ကျင်းပခဲ့လေသည်။

ယွင်ဟွားသည် လူတိုင်းကို တောက်ပသော အပြုံးဖြင့် နှုတ်ဆက်လိုက်သော်လည်း သူတို့ကမူ ယုံအန်းမင်းသမီး၏ အတွေးများကို အဘယ်ကြောင့် မကြားနိုင်တော့သနည်းဟု အံ့သြနေကြလေသည်။

နောက်တစ်စက္ကန့်တွင်။

လူတိုင်း ပြိုလဲလုနီးပါး ဖြစ်သွားကြလေသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် ဆူးပါသော တုတ်တိုကို ကိုင်ဆောင်ကာ တင်းမာသော မျက်နှာဖြင့် ယွင်ဟွား၏ ခေါင်းပေါ်တွင် မတ်မတ် ထိုင်နေပြီး တရားသူကြီးစုတ်တံကမူ လက်တစ်ဖက်တွင် စုတ်တံနှင့် အခြားလက်တစ်ဖက်တွင် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်လျက် ယွင်ဟွား၏ ပခုံးပေါ်တွင် ရပ်နေလေသည်။

သူတို့ပါတကား။

သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြလေသည်။

"ရှင်တို့... ရှင်တို့ ဘာဖြစ်နေကြတာလဲ... ရှသ်တို့ရဲ့ မျက်နှာတွေက နည်းနည်း ထူးဆန်းနေတယ်..."

ယွင်ဟွားက သိလျက်နှင့် မေးလိုက်ပြီး အပြစ်ကင်းစင်သော မျက်လုံးများဖြင့် လူတိုင်းကို စိုက်ကြည့်နေလေသည်။

လူတိုင်းသည် ချွေးများ အဆက်မပြတ် ထွက်ကျလာသော်လည်း သူတို့သည် တည်ငြိမ်နေရန် ကြိုးစားလိုက်ကြလေသည်။

"တကယ်လား... ဒီနေ့က နည်းနည်း ပူနေလို့ နေမယ်... တကယ့်ကို ပူတယ်.."

"မှန်တယ်..."

"နွေရာသီက ရောက်လာတော့မယ်ဆိုတော့ ပူတာက သာမန်ပါပဲ..."

လူတိုင်းသည် သူတို့၏ ကော်လာများကို အလိုအလျောက် ဆွဲငင်ကာ ယပ်ခတ်လိုက်ကြပြီး စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြလေသည်။

"ဟုတ်ပါတယ်... တကယ့်ကို ပူပါတယ်..."

ယွင်ဟွားသည် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ခု ပေါ်လာကာ ငရဲလကျောက်၏ လက်ကို ဆွဲလျက် နန်းတော်ဆီသို့ လျှောက်သွားလေသည်။

ယွင်ဟွား ထွက်ခွာသွားပြီးနောက်။

လူတိုင်းသည် စုဝေးလာကြပြီး အချင်းချင်း တီးတိုးပြောဆိုကြလေသည်။

"အဘိုးကြီးယွင်... ခုနက ဟို….ဟိုသတ္တဝါနှစ်ကောင်ကို မင်း မြင်လိုက်လား..."

ချန်ကျဲဟန်သည် ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲဖြစ်ကာ သူ၏ ရင်ဘတ်ကို ပုတ်လိုက်လေသည်။ ရုတ်တရက် ထွက်ပေါ်လာသော ထိုသတ္တဝါငယ်နှစ်ဦးသည် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

ယွင်ရှောင်ထျန်းက ခေါင်းညိတ်လိုက်လေသည်။ သူ၏ အမြင်အာရုံများ ချို့ယွင်းနေခြင်း မဟုတ်ပါချေ။

"ဘာတွေ ဖြစ်နေတာလဲ... သေခြင်းရှင်ခြင်းစာအုပ်နဲ့ တရားသူကြီးစုတ်တံကို ငါတို့ ဘာလို့ မြင်နေရတာလဲ... ငါတို့ မသိတဲ့ အရာတစ်ခုခုများ ဖြစ်ပျက်သွားတာလား..."

"ဒါနဲ့... ယုံအန်းမင်းသမီးရဲ့ အစစ်အမှန် ခံစားချက်တွေကို ငါတို့ မကြားနိုင်တော့တာကိုကော မင်းတို့ သတိထားမိကြလား..."

"ဟုတ်သည်... ငါလည်း အဲ့ဒါကို သတိထားမိတယ်..."

လူတိုင်းသည် သူတို့၏ ကိုယ်ပိုင် ထင်မြင်ချက်များဖြင့် ဝင်ရောက်ပြောဆိုကြလေသည်။

ယွင်ဟွားက ပြန်လည်ရောက်ရှိလာပြီး သူတို့ကြားထဲသို့ ပြန်လည်တိုးဝင်လာသည်ကို သူတို့ မသိခဲ့ကြပေ။

"ဟင်း... ရှင်တို့က အတင်းအဖျင်းတွေကို ခံစားနေရင်းနဲ့ ငါ့ရဲ့ စိတ်ထဲက အတွေးတွေကို ကြားချင်နေကြတုန်းပဲလား... ဒါဆိုရင် ရှင်တို့က အတင်းအဖျင်းတွေအတွက် အကြွေးဟောင်းတွေကို ရှင်းပေးသင့်တယ် မဟုတ်ဘူးလား..."

ယွင်ဟွားက သူမ၏ လက်ချောင်းများကို ပွတ်သပ်ကာ ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။

လူတိုင်း "..."

All Chapters