အခန်း ၃၀၂
Vol. 31 Ch. 302
အခန်း (၃၀၂) ဇာတ်သိမ်းပိုင်း (၄)
လူတိုင်းသည် ယွင်ဟွားအား ဖရဲသီးစားခြင်း လက်ဆောင်များကို ပေးအပ်ကြရာ သူမ၏ မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် တောက်ပသွားလေသည်။
သူမသည် နန်းတွင်းစားသောက်ပွဲသို့ တက်ရောက်တိုင်း ချမ်းသာကြွယ်ဝသွားလေ့ရှိ၏။
သေခြင်းရှင်ခြင်းစာအုပ်က ကျေနပ်သွားကာ သူ၏ ဆူးပါသော တုတ်တိုကို သိမ်းဆည်းလိုက်သော်လည်း ဧကရာဇ်ဝမ်ရွှမ်းမှာမူ သူ့ကို ကြည့်ရင်း လုံးဝ ဇဝေဇဝါ ဖြစ်နေလေသည်။
ထိုစဉ် တရားသူကြီးစုတ်တံသည် မယ်တော်ကြီး၏ ပခုံးပေါ်တွင် မှီခိုနေပြီး အစာကျွေးမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။
နောက်ဆုံးတွင် သူသည် လူသားတို့၏ အစားအစာကို စားသုံးခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်။
အစပိုင်းတွင် လူတိုင်းက ကြောက်ရွံ့နေခဲ့ကြသော်လည်း အဆုံးတွင်မူ ကလေးငယ်သုံးဦး၏ ချစ်စရာကောင်းမှုကြောင့် အားလုံးက သဘောကျသွားကြပြီး လက်ဆောင်များကို ထုတ်ပေးလာကြလေသည်။
"စာအုပ်လေး... ငါ့ရဲ့ ဖူးစာရှင်က ဘယ်မှာလဲဆိုတာကို ပြောပြပေးနိုင်မလား..."
သေခြင်းရှင်ခြင်းစာအုပ်သည် ဒုတိယမင်းသားကို တစ်ချက် ကြည့်လိုက်၏။
"ခဏစောင့်... ဒီစာအုပ်ကို နင့်ကို လှန်ကြည့်ခွင့် ပေးမယ်..."
"အိုကွယ်... တကယ့်ကို ချစ်စရာကောင်းတဲ့ စာအုပ်ဝိညာဉ်လေးပါလား... ငါလည်း မင်းကို တစ်ခုခုလောက် မေးချင်ပါသေးတယ်..."
သေခြင်းရှင်ခြင်းစာအုပ်မှာ လက်ဆောင်များဖြင့် ပြည့်နှက်နေလေသည်။
"တစ်ယောက်ချင်းစီ မေးကြပါ... မလောကြပါနဲ့... မလောကြပါနဲ့..."
"စုတ်တံလေး... သက်တောင့်သက်သာ ရှိရဲ့လား... ငါတို့က အခုမှစပြီး မိသားစုဝင်တွေ ဖြစ်သွားကြပြီဆိုတော့ ငါနဲ့ ငါ့ရဲ့ ကြင်ယာတော်ကို ဘဝစာ အချစ်ဇာတ်လမ်းလေး ရေးပေးနိုင်မလား..."
မင်းသားစုသည် မယ်တော်ကြီးထံမှ တရားသူကြီးစုတ်တံကို အရှက်မရှိ ဆွဲယူလိုက်ပြီး ၎င်း၏ ပခုံးလေးများကို နှိပ်နယ်ပေးလိုက်လေသည်။
တရားသူကြီးစုတ်တံက မောက်မာစွာဖြင့် ခေါင်းကို မော့လိုက်၏။
“မင်း ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုတာကို ကြည့်ရသေးတာပေါ့.."
ဤဘဝတွင် ဖုန်းတုဧကရာဇ်၏ ဖခင်ဖြစ်ရသည်မှာ အဆင်ပြေသင့်ပေသည်။
"ငါလည်းပဲ..."
"ငါလည်း လုပ်ပေးပါ..."
တတိယမင်းသားကလည်း အတင်းဝင်တိုးလာပြီး ရှန်ကွမ်းဝမ်သော်ကလည်း အရှုံးမပေးဘဲ ဝင်ရောက်လာလေသည်။
"သခင်ပေပေ့... ဒီလက်ဆောင်လေးတွေက လုံလောက်မယ်လို့ ထင်ပါသလား... ဝေ့ဝေ့ ငရုတ်သီးလေးနဲ့ငါက ဘဝဘယ်နှဆက်လောက် တည်မြဲနိုင်မလဲ..."
"ပြီးတော့ ငါနဲ့ ယာအာကော..."
ငရဲလကျောက်မှာ ယွင်ဟွားနှင့် ရုပ်ချင်းဆင်နေသောကြောင့် အမျိုးသမီးများနှင့် မိန်းမပျိုလေးများ၏ ဝန်းရံခြင်းကို ခံနေရလေသည်။
"အရမ်းချစ်စရာကောင်းတာပဲ... ယုံအန်းမင်းသမီး ငယ်ငယ်ကလည်း ခုလိုမျိုးလေး ချစ်စရာကောင်းနေမှာ သေချာတယ်..."
"အိုး ဘုရားသခင်... ဒီချစ်စရာကောင်းတဲ့ ကလေးလေးကို ကြည့်ရတာ... ငါတောင် ဆော့ကစားဖို့ နောက်ထပ် ကလေးတစ်ယောက်လောက် ထပ်ယူချင်တဲ့ အရွယ်ကို ရောက်နေပြီ..."
"ဒါဆိုရင် ဒီည ရှင်ရဲ့ ခင်ပွန်းနဲ့အတူ မြန်မြန် ကြိုးစားသင့်တယ်..."
လူတိုင်းသည် စကားစမြည်ပြောဆိုကာ ရယ်မောနေကြသော်လည်း အခြားတစ်ဖက်ရှိ အိမ်ရှေ့စံမှာမူ ယွင်ဟွားအား မကျေမနပ်ဖြင့် ကြည့်နေလေသည်။
"အရှင်မင်းသား... လှုပ်နေပြီ... ကလေးလေးက လှုပ်နေပြီ..."
ယွင်ဟွားသည် သူမ၏ ခေါင်းကို အိမ်ရှေ့စံကြင်ယာတော်၏ ဗိုက်တွင် အပ်ထားလိုက်ပြီး အတွင်းမှ သက်ရှိလေးကို ခံစားလိုက်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။
"ရှောင်ဖုန်းရှန်း... ရှောင်ဟိုင်ထန်... မြန်မြန် ထွက်လာခဲ့ကြတော့... အနာဂတ်မှာ မင်းတို့ရဲ့ ခေါင်းကိုင်အမေက မင်းတို့ကို မြို့တော်မှာ လွှမ်းမိုးနိုင်ဖို့ ဦးဆောင်ပေးလိမ့်မယ်..."
ယွင်ဟွား၏ မျက်ခုံးများက အမြဲတမ်း ပြုံးရွှင်နေပြီး သူတို့သည် အချင်းချင်း သူတို့၏ နာမည်များဖြင့်သာ ခေါ်ဝေါ်ကြလေသည်။
ထို့အပြင် သူမကိုယ်တိုင် ဤကလေးငယ်နှစ်ဦးကို လောကကြီးသို့ ရောက်ရှိလာစေရန် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ရာ သူတို့က သူမအတွက် အထူးအဓိပ္ပာယ် ရှိနေလေသည်။
"မကြာခင် ရောက်လာတော့မယ့်... အမြွှာတွေက များသောအားဖြင့် စောပြီးမွေးတတ်ကြတယ်... နောက်ရက်အနည်းငယ်အတွင်း ဖြစ်လိမ့်မယ်လို့ နန်းတွင်းသမားတော်က ပြောတယ်..."
အိမ်ရှေ့စံကြင်ယာတော်သည် ယွင်ဟွားကို တကယ်ချစ်ခင်သဖြင့် အနာဂတ်တွင် ကလေးများက သူမနှင့်အတူ ရှိနေမည်ကို အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် မဖြစ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ ကလေးနှစ်ဦးသည် ယွင်ဟွား၏ စရိုက်လက္ခဏာမျိုး ပို၍ ရှိနေမည်ဆိုပါက သူမ ပို၍ပင် သဘောကျမည် ဖြစ်သည်။
"တကယ်လား... ဒါဆိုရင် သူတို့ကို လက်ဆောင်တွေ ပေးရမယ်..."
ယွင်ဟွားက သူမသည် နတ်ဘုရားမတစ်ပါး ဖြစ်လာပြီဖြစ်ရာ အကောင်းဆုံး လက်ဆောင်မှာ သူမ၏ ကောင်းချီးပေးခြင်းပင် ဖြစ်သည်ဟု ဆုံးဖြတ်ထားပြီးဖြစ်၏။
“ရှောင်ဖုန်းရှန်း... ရှောင်ဟိုင်ထန်... မင်းတို့ရဲ့ ခေါင်းကိုင်အမေက မင်းတို့ ကျန်းမာပြီး အသက်ရှည်ပါစေ ဖျားနာမှုနဲ့ ဘေးဒုက္ခတွေကနေ ကင်းဝေးပါစေ၊ အရာရာမှာ ကံကောင်းပြီး အေးချမ်းသာယာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးတယ်..."
ယွင်ဟွား စကားပြောပြီးသည်နှင့် ကြယ်ရောင်လေးများက အိမ်ရှေ့စံကြင်ယာတော်၏ ဗိုက်ထဲသို့ စီးဆင်းသွားလေသည်။
နန်ကုန်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်၏။ ဤကလေးငယ်နှစ်ဦးသည် ကြီးမားလှသော ကံကောင်းခြင်းများဖြင့် ကောင်းချီးပေးခံထားရပြီးဖြစ်ရာ သူ၏ ဇနီးလေး၏ ကောင်းချီးပေးမှုပါ ထပ်ပေါင်းလိုက်ပါက သူတို့၏ အနာဂတ်မှာ အကန့်အသတ်ရှိမည် မဟုတ်တော့ပေ။ တုံလင်နိုင်ငံသည် ၎င်း၏ ဖွံ့ဖြိုးတိုးတက်သော ခေတ်ကာလကို နှစ်ရာပေါင်းများစွာတိုင်အောင် ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် ကံကြမ္မာက သတ်မှတ်ပြီးဖြစ်လေသည်။
"ငါ ပြောမယ်... မင်းရဲ့ မိန်းမကို ခေါ်သွားပေးလို့ ရမလား..."
အိမ်ရှေ့စံသည် သူ၏ ဝမ်းကွဲညီတော်အနီးသို့ တိုးကပ်သွားပြီး အလွန်တရာ နာကြည်းနေဟန် ရှိလေသည်။
"မရဘူး..."
အိမ်ရှေ့စံမှာ ချက်ချင်းပင် စကားဆို့သွားလေသည်။
"မင်း သဝန်မတိုဘူးလား... သူမက ငါ့မိန်းမကိုပဲ အချိန်ပြည့် တွယ်ကပ်နေတော့ မင်းအတွက် အချိန်တောင် မပေးနိုင်တော့ဘူးလေ..."
"ငါ သဝန်မတိုပါဘူး..."
နန်ကုန်းယွမ်သည် သူ၏ လက်ထဲရှိ စပျစ်ရည်ကို သောက်လိုက်ပြီး သူ၏ မျက်လုံးများက သူ၏ ဇနီးငယ်လေးကိုသာ စူးစိုက်ကြည့်နေလေသည်။
"သူမ ဘာပဲလုပ်လုပ် သူမ ပျော်ရွှင်နေသရွေ့ ငါ လုပ်ရမယ့် တစ်ခုတည်းသောအရာက သူမရဲ့ အနားမှာ နေပေးဖို့ပဲ..."
သူနှင့် သူမ။ ၎င်းက သူတို့နှင့်အတူ နှစ်သန်းပေါင်းများစွာတိုင်အောင် အတူရှိနေမည် ဖြစ်သည်။
သို့သော် ဤလောကရှိ ဆွေမျိုးများနှင့် မိတ်ဆွေများမှာမူ ဆယ်စုနှစ်အနည်းငယ်မျှသာ တည်မြဲနိုင်ပေသည်။
အိမ်ရှေ့စံ…
သူ၏ မျက်လုံးများတွင် မေးခွန်းများ ပြည့်နှက်နေလေသည်။ သူ၏ ဝမ်းကွဲညီတော်သည် ရှီဆိုင်သို့ သွားခဲ့ပြီးနောက် အတော်လေး နားလည်ရခက်နေပုံပေါ်သည်။ သူကပဲ လွန်လွန်ကျူးကျူး တွေးနေမိတာလား။
ပင်မခန်းမဆောင်ကြီးမှာ ဖယောင်းတိုင်မီးများဖြင့် လင်းထိန်နေလေသည်။ ဧကရီသည် အောက်ဘက်ရှိ စုံတွဲအချို့ကို ငုံ့ကြည့်လိုက်ပြီး ဧကရာဇ်ဝမ်ရွှမ်း၏ အင်္ကျီလက်စကို ညင်သာစွာ ဆွဲကာ တီးတိုးပြောလိုက်၏။
"အရှင်မင်းကြီး တစ်ခုခုကို မေ့နေတာလား..."
ထိုအခါမှ ဧကရာဇ်ဝမ်ရွှမ်းမှာ ဘာဖြစ်နေသလဲဆိုသည်ကို သတိထားမိသွားလေသည်။
ရက်အနည်းငယ်မတိုင်မီက ယွင်မိသားစုနှင့် အခြားမိသားစုအချို့သည် နန်းတော်သို့ အတူတကွ ရောက်ရှိလာခဲ့ကြရာ ကလေးများ၏ မင်္ဂလာပွဲများကို အစီအစဉ်ဆွဲရမည့် အချိန်ရောက်ပြီ ဖြစ်၏။
စပျစ်ရည်အချို့ သောက်ပြီးနောက် ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ စပျစ်ရည်ခွက်ကို ချလိုက်ကာ ခန်းမထဲရှိ လူများကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
"ဒီနေ့ ငါတို့ တုံလင်နိုင်ငံက ကြီးကျယ်တဲ့ အောင်ပွဲကြီးကို ရရှိခဲ့ပြီး တစ်နိုင်ငံလုံးက အောင်ပွဲခံနေကြတယ်..."
"ယွင်မိသားစုက ကလေးတွေ အားလုံးက ထူးချွန်ထက်မြက်ကြပြီး တချို့လူတွေက နေ့တိုင်း ငါ့ကို သူတို့အကြောင်း အမြဲပြောနေကြတယ်..."
ဧကရာဇ်ဝမ်ရွှမ်းက တတိယမင်းသားကို စိုက်ကြည့်လိုက်လေသည်။
ဤအချိန်တွင် လူတိုင်းက ဘာဖြစ်လာမည်ဆိုသည်ကို ခန့်မှန်းမိနေလောက်ပြီ ဖြစ်သည်။
ယွင်ဟွားမှလွဲ၍ အခြားသူများ၏ မျက်နှာများမှာ စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များကြောင့် မသိမသာ နီရဲလာကြလေသည်။ တော်ဝင်ကြင်ယာတော်စုသည် စိတ်လှုပ်ရှားစွာဖြင့် မင်းသားစု၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်၏။ သူမသည် ဤနေ့ကို နောက်ဆုံးတွင် စောင့်မျှော်နိုင်ခဲ့ပြီ ဖြစ်သည်။
"တစ်ယောက်ယောက် ငါကိုယ်တော်ရဲ့ အမိန့်တော်ကို ကြေညာလိုက်စမ်း..."
"ယုံအန်းမင်းသမီး ယွင်ဟွားသည် သတ္တိရှိပြီး ချီးကျူးထိုက်ပေသည်။ သူမသည် တုံလင်နိုင်ငံ၏ မြေနှင့် ပြည်သူများကို ကာကွယ်ပေးခဲ့သည်။ သူမနှင့် မင်းသား နန်ကုန်းယွမ်တို့သည် နက်ရှိုင်းစွာ ချစ်ကြိုက်နေကြသည်။ ထို့ကြောင့် ငါကိုယ်တော်က သူမအား စေ့စပ်ကြောင်းလမ်းမှုကို ချီးမြှင့်လိုက်သည်။ မင်းသမီး အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်သောအခါ မင်္ဂလာပွဲ ကျင်းပစေရမည်..."
သူက တစ်ဆယ့်ရှစ်နှစ်ဟု တစ်ခါက ပြောခဲ့ဖူးသဖြင့် မိန်းကလေး တစ်ဆယ့်ရှစ်နှစ် ပြည့်သည်အထိ သူတို့ စောင့်ရမည်ဖြစ်သည်။
တစ်ဆယ့်... ရှစ်နှစ်…
နန်ကုန်းယွမ်မှာ ဆွံ့အသွားလေသည်။ သူ၏ ဇနီးငယ်လေးသည် သူမ၏ ခန္ဓာကိုယ်ကို နတ်ဘုရားတစ်ပါးအဖြစ် လေ့ကျင့်ပြီးဖြစ်ရာ လူ့ကမ္ဘာရှိ သူမ၏ အသက်အရွယ်အရ ရေတွက်၍ မရနိုင်တော့ပေ။
သူသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ ဧကရာဇ်ဝမ်ရွှမ်းက သူသည် ကျေးဇူးတင်စကား ပြောဆိုနေသည်ဟု ထင်မှတ်ကာ ပြုံးလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်၏။
"မလောပါနဲ့... ငါကိုယ်တော် အမိန့်တော် ဖတ်လို့ မပြီးသေးဘူး..."
"အသစ်ခန့်အပ်ခံရသော ထိပ်တန်းပညာရှိ ယွင်ချင်းမော့သည် အလွန်တရာ ထူးချွန်ထက်မြက်ပြီး ကျန်းမိသားစု၏ သမီးဖြစ်သူ ကျန်းစီကျင်းနှင့် လိုက်ဖက်ညီလှသည်။ သူတို့သည် မင်္ဂလာရှိသော နေ့တစ်နေ့တွင် လက်ထပ်ကြရမည်..."
"ယွင်မိသားစုမှ ယွင်ယာ..."
မင်္ဂလာပွဲအတွက် ဧကရာဇ်အမိန့်တော်များ ထုတ်ပြန်လိုက်သည်နှင့် ယွင်ဟွားမှလွဲ၍ အခြားသူများအားလုံးသည် လူအုပ်ကြီး၏ ကောင်းချီးပေးမှုများကြားတွင် ကျေးဇူးတင်စကား ပြောကြားရန် ဒူးထောက်လိုက်ကြလေသည်။ ယွင်ဟွားကမူ သူမသည် ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်းနှင့် ရှောင်ယွမ်အား ဒူးထောက်ခွင့် မပြုကြောင်းကို ရှင်းပြလိုက်၏။
ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်ပြီး အကြိမ်ကြိမ် အာမေဍိတ်သံ ပြုလိုက်လေသည်။
"ကောင်းတယ်... ကောင်းတယ်... ကောင်းသည်..."
"ရှောင်ယွမ်ယွမ်... ငါတို့ စေ့စပ်လိုက်ပြီ..."
ယွင်ဟွားသည် အော်ဟစ်အောင်ပွဲခံလိုက်လေသည်။ ယခုမူ သူမသည် ရှောင်ယွမ်ယွမ်ကို ပွင့်ပွင့်လင်းလင်း အခွင့်အရေးယူနိုင်ပြီ ဖြစ်သည်။
ယွင်ဟွားမှာ ပျော်ရွှင်နေသော်လည်း နန်ကုန်းယွမ်မှာမူ နှလုံးကွဲကြေနေရလေသည်။
ထို့နောက် တော်ဝင်ကြင်ယာတော်စုသည် မင်းသားစု၏ ခါးကို ပြင်းပြင်းထန်ထန် ဆိတ်ဆွဲလိုက်ပြီး ပြောလိုက်၏။
"ရှင် မနက်ဖြန် နန်းတော်ကို သွားပြီး ဧကရာဇ်ရဲ့ အတွင်းခံကို သွားလျှော်ရမယ်... တစ်ဆယ့်ရှစ်နှစ်ကို တစ်ဆယ့်ခြောက်နှစ်လို့ ပြောင်းပြီးမှ ရှင် မင်းသားအိမ်တော်ကို ပြန်လာနိုင်မယ်..."
"မိန်းမ... ဖြည်းဖြည်းလုပ်ပါ... ဖြည်းဖြည်းလုပ်ပါ..."
“ဟုတ်တယ်… သားတော် သဘောတူတယ်…”
နန်ကုန်းယွမ်က အသံဩဩဖြင့် ဖြည့်စွက်ပြောလိုက်လေသည်။ သူသည် ရှောင်ဟွားအာနှင့် သူ၏ အခြားကိုယ်ပိုင်လက္ခဏာကို မဖော်ထုတ်နိုင်သဖြင့် တကယ့်ကို ရူးသွပ်လုမတတ် ဖြစ်နေရလေသည်။
"ဟားဟားဟား..."
သူ၏ ဝမ်းကွဲညီတော်၏ နာကြည်းနေသော မျက်နှာထားကို မြင်လိုက်ရသောအခါ အိမ်ရှေ့စံမှာ ရယ်မောလုမတတ် ဖြစ်သွားပြီး အရှက်မရှိဘဲ အနီးသို့ တိုးကပ်သွားလေသည်။
"ကျွတ် ကျွတ် ကျွတ်... ညီတော်... မင်း စေ့စပ်ထားပြီးပြီ ဆိုပေမယ့် မင်းရဲ့ ဇနီးကို အိမ်ခေါ်လာဖို့ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ရဦးမယ်... ငါကတော့ မတူဘူး... ငါ့လက်ထဲမှာ မိန်းမရှိနေပြီး မကြာခင် ကလေးလေး နှစ်ယောက်ကိုပါ ကြိုဆိုရတော့မယ်... ဟားဟားဟား..."
"မင်း တကယ် သနားဖို့ကောင်းတယ်..."
နန်ကုန်းယွမ်၏ အထက်သို့ တွန့်ကွေးသွားသော နှုတ်ခမ်းထောင့်များကို သတိမထားမိဘဲ အိမ်ရှေ့စံသည် အားရပါးရ ရယ်မောနေလေသည်။
"မင်း အောင်ပွဲခံတာ စောလွန်းနေပြီ..."
အိမ်ရှေ့စံ…
နန်ကုန်းယွမ်၏ မျက်နှာတွင် အပြုံးတစ်ဝက် ပေါ်လွင်နေပြီး ရင်းနှီးနေသော လှည့်စားတတ်သည့် အမူအရာကြောင့် အိမ်ရှေ့စံမှာ စိတ်မသက်မသာ ဖြစ်သွားလေသည်။
"ဘာ... ဘာကို ဆိုလိုတာလဲ..."
နန်ကုန်းယွမ်က ပခုံးတွန့်လိုက်၏။
"ဘာမှ မဟုတ်ပါဘူး... ရှောင်ဟွားနဲ့ ငါက အရှေ့နန်းဆောင်မှာ ခဏလာနေမယ်... ပြီးတော့ မင်းနဲ့ မင်းရဲ့ ဇနီးကြားမှာ သွေးခွဲဖို့ ကြိုးစားရင်း ကလေးနှစ်ယောက်ကိုပါ ခေါ်သွားဖို့ပါပဲ..."
“ဘာ…”
"တွေးတောင် မတွေးနဲ့..."
အိမ်ရှေ့စံမှာ ထိတ်လန့်သွားဟန် ရှိလေသည်။ သူ ထပ်၍ စကားမပြောနိုင်မီ အိမ်ရှေ့စံကြင်ယာတော်က သူမ၏ ဗိုက်ကို ဆုပ်ကိုင်ကာ အံ့ဩတကြီး အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။
"ရှီး..အမလေး."
"ငါ့ဗိုက်... ငါ့ဗိုက်... ငါ ကလေးမွေးတော့မယ်ထင်တယ်..."
လူတိုင်း...
"တစ်ယောက်ယောက် မြန်မြန်လာပါ... နန်းတွင်းသမားတော်ကို သွားခေါ်ချေ..."
"မြန်မြန်... အိမ်ရှေ့စံကြင်ယာတော်ကို မီးဖွားအခန်းဆီ တွဲပို့ပေးကြ..."
"အထိန်းတော်... လက်သည်က ဘယ်ရောက်သွားလဲ..."
မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမတစ်ခုလုံး ကမောက်ကမ ဖြစ်သွားလေသည်။ အထူးသဖြင့် အိမ်ရှေ့စံမှာ ထိတ်လန့်တကြားဖြစ်ကာ ဘာလုပ်ရမှန်းမသိဘဲ ရပ်နေလေသည်။
ယွင်ဟွားသည် အိမ်ရှေ့စံကို ဘေးသို့ တွန်းဖယ်လိုက်ပြီး အိမ်ရှေ့စံကြင်ယာတော်ကို သူမ၏ လက်မောင်းထဲတွင် ပွေ့ချီကာ အရှေ့နန်းဆောင်ဆီသို့ ပြေးသွားရင်း တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်တစ်စွန်းတစ်စကို စီးဆင်းစေလိုက်လေသည်။
အိမ်ထဲတွင် အိမ်ရှေ့စံကြင်ယာတော်မှာ ခွန်အားရစေရန် အစားအစာများကို စားသောက်နေပြီး အိမ်ရှေ့စံမှာမူ ခြံဝင်းထဲတွင် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေလေသည်။
ယွင်ဟွားက ကောင်းကင်ကို မော့ကြည့်လိုက်၏။
ဤကလေးငယ်နှစ်ယောက်က အတော်လေး တည်ငြိမ်လှပေသည်။
ပထမဆုံး နေရောင်ခြည်က ကမ္ဘာမြေကို ထိတွေ့လိုက်သည်နှင့် ကလေးငိုသံကျယ်ကြီးတစ်ခု အိမ်ထဲမှ ထွက်ပေါ်လာလေသည်။
လူတိုင်း သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြလေသည်။
ထို့နောက် နောက်ထပ် ငိုသံတစ်သံကို ကြားလိုက်ရပြန်၏။
"မွေးလာပြီ... မွေးလာပြီ... ရှောင်ဖုန်းရှန်းနဲ့ ရှောင်ဟိုင်ထန်တို့ မွေးလာပြီ..."
ယွင်ဟွားသည် ပျော်ရွှင်စွာဖြင့် ကခုန်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပုံရလေသည်။
နန်ကုန်းယွမ်၏ အကြည့်များက ယွင်ဟွားအပေါ်တွင်သာ ရပ်တန့်နေပြီး သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ကစားနေလေသည်။
မင်္ဂလာဖူးစာဆိုသည်မှာ ကံကြမ္မာက ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်သည်။
သူ၏ ဇနီးမှာ သူကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်ရာ ယခုမှစ၍ လူ့လောကတွင်ဖြစ်စေ ငရဲပြည်တွင်ဖြစ်စေ သူတို့သည် လက်ချင်းချိတ်ကာ လျှောက်လှမ်းကြပြီး ငြိမ်းချမ်း၍ ပြည့်စုံသော ဘဝကို အတူတကွ ဖြတ်သန်းသွားကြမည် ဖြစ်သည်။
သို့မဟုတ်ပါက...
ရှေ့ဆက်ရမည့် နေ့ရက်များက ဆက်လက်၍ ကမောက်ကမ ဖြစ်နေဦးမည် ဖြစ်သည်။
(အခုကတော့ ပင်မဇာတ်လမ်း ပြီးဆုံးပါပြီ။ နောက်ထပ် extra ဆယ်ခန်းကျန်ပါသေးတယ်)