အခန်း ၃၀၅
Vol. 31 Ch. 305
အခန်း (၃၀၅) အချပ်ပို(၃) ငရဲပြည်သားများ သူတို့၏ ခံစစ်ကို ကျိုးပေါက်တော့မည်။
"မင်းတို့... မင်းတို့ တော်သင့်ပြီ..."
ယမမင်းသည် ထိုဓားပြနှစ်ကောင်က သူ၏ ရတနာများကို သူတို့၏ သိုလှောင်နယ်မြေထဲသို့ ထိုးထည့်နေသည်ကို မြင်သောအခါ မျက်လုံးများ နီရဲလာပြီး ဒေါသထွက်ကာ ရင်ထဲတွင် သွေးထွက်မတတ် ခံစားလိုက်ရလေသည်။
သူတစ်ယောက်တည်း မဟုတ်ပေ။
ချွေ့ကျွယ်ပင်လျှင် ယမမင်းအား ဖက်၍ ငိုကြွေးနေသော်လည်း အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်ခြင်း မရှိခဲ့ပေ။
"ဝါး... ငါ့ရဲ့ အသည်းနှလုံးလေးတွေ..."
သေခြင်းရှင်ခြင်းစာအုပ်သည် ထိုနှစ်ဦး၏ ငိုကြွေးသံများကို နားထောင်ရင်း နားကန်လုမတတ် ဖြစ်နေလေသည်။
"အူနေလိုက်... နင်တို့နှစ်ယောက် နောက်တစ်ခါ ထပ်အူရင် ဒီစာအုပ်က နင်တို့ကို ရိုက်သတ်ပစ်မယ်ဆိုတာ ယုံလိုက်..."
သေခြင်းရှင်ခြင်းစာအုပ်သည် သူမ၏ လုပ်လက်စများကို ရပ်တန့်လိုက်ပြီး ခါးထောက်ကာ ယမမင်းနှင့် တရားသူကြီးအား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ သူမသည် ရှောင်ဟွားဟွားနှင့် ရှောင်ယွမ်ယွမ်တို့၏ ကျောထောက်နောက်ခံကို ရရှိကတည်းက ဘယ်သောအခါမှ ခေါင်းငုံ့မခံတော့ပေ။
"ဒီနေ့က ပန်းကလေးရဲ့ မင်္ဂလာဆောင်နေပဲ... ငရဲပြည်က သူမရဲ့မိသားစုဝင်တွေအနေနဲ့ ဘယ်လိုလုပ် လက်ဆောင်မပေးဘဲ နေနိုင်တာလဲ..."
သေခြင်းရှင်ခြင်းစာအုပ်က ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်လေသည်။ ပန်းကလေးသည် နတ်ဘုရားအဖြစ်သို့ တက်လှမ်းခြင်း ပြုတော့မည်ဖြစ်ရာ သူမလက်ထဲတွင် ရတနာအချို့မရှိဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။
"မှန်တယ်..."
တရားသူကြီးစုတ်တံသည် ခေါင်းပင်မလှည့်ဘဲ သူ၏ သိုလှောင်နယ်မြေထဲသို့ ပစ္စည်းများကို ရူးသွပ်စွာ ထိုးထည့်ရင်း ဆက်ပြောလိုက်လေသည်။
"နင်တို့နှစ်ကောင်က ဟွားဟွားရဲ့ လက်အောက်ငယ်သားတွေဖြစ်လို့ ရိုသေမှုပြရမယ်... နောင်တစ်ချိန် ငရဲပြည်မှာ ဆက်လက်အသက်ရှင်ချင်သေးတယ် မဟုတ်လား…ဒါက ဟွားဟွားကို လာဘ်ထိုးဖို့ အကောင်းဆုံးအခွင့်အရေးပဲ..."
ယမမင်း "..."
ချွေ့ကျွယ်သည် ယမမင်း၏ ပခုံးပေါ်မှ ခေါင်းကိုမော့ကာ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူတို့ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"ဒါဆိုရင် ငါက ချွေ့မိသားစုက ရှောင်ကျူးကျူးရဲ့ ဘိုးဘေးဖြစ်သေးတယ်..."
သူ စကားပြောပြီးသည်နှင့် သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့က တစ်ပြိုင်နက်တည်း မျက်လုံးလှန်ပြလိုက်ကြလေသည်။
*လာပြန်ပြီ... မျက်နှာလိုမျက်နှာရ လာလုပ်နေပြန်ပြီ….*
ပြီးခဲ့သည့်အကြိမ်က ထိုသုံးယောက်က သူ့ကို ရိုက်နှက်ခဲ့သော်လည်း သူသည် သင်ခန်းစာ မရသေးပေ။ သူတို့သည် အရှေ့တရုတ်ပင်လယ်ပြင်ကြီးဖြင့် ခြားနားထားလေသည်။
"ဘိုးဘေး ဟုတ်လား..."
သေခြင်းရှင်ခြင်းစာအုပ်က အနည်းငယ် ပြုံးလိုက်ရာ ဤမကောင်းဆိုးဝါးဆန်သော အပြုံးက ချွေ့ကျွယ်၏ ကျောရိုးတစ်လျှောက်ကို ချက်ချင်း ချမ်းစိမ့်သွားစေလေသည်။
"ဒါဆိုရင် နင့်ရဲ့ရတနာတွေက ရှောင်ယန်ယန်ထက် တစ်ဝက်လောက် ပိုများရလိမ့်မယ်... ဘယ်လိုပဲဖြစ်ဖြစ် ဘိုးဘေးတစ်ယောက်ဖြစ်ရတာက လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး..."
ချွေ့ကျွယ် "..."
"ရှောင်ပေပေ့... သွားကြစို့..."
သေခြင်းရှင်ခြင်းစာအုပ်က ကြုံးဝါးလိုက်ပြီး တရားသူကြီးစုတ်တံက ချွေ့ကျွယ်အား ကြောက်မက်ဖွယ်ကောင်းစွာ
တိုက်ခိုက်လိုက်လေသည်။
"ရှူးရှူး... သူ့ရဲ့ သိုလှောင်နယ်မြေက ရတနာတိုက်ထဲက ပစ္စည်းတွေထက်တောင် ပိုများသေးတယ်... ဘာတစ်ခုမှ မချန်ထားခဲ့နဲ့."
တစ္ဆေဧကရာဇ်ငါးပါးထံမှ လုယက်လာခဲ့သော ငရဲလကျောက်မှာ ထိုကလေးငယ်နှစ်ဦးကိုကြည့်ပြီး ချက်ချင်းပင် အံ့သြမှင်သက်သွားကြလေသည်။
"ဘာဖြစ်သွားတာလဲ... ငါတို့ ရှောင်ကျွယ့်ကျွယ့်ရဲ့ ရတနာတိုက်ကို လုယက်ပြီးပြီ မဟုတ်ပါလား..."
"သူက ပန်းကလေးရဲ့ ဘိုးဘေးဖြစ်လို့ သူ့ရဲ့စေတနာကို ပြသဖို့အတွက် လက်ဆောင်နှစ်ဆ ပြင်ဆင်ပေးရမယ်လေ..."
တရားသူကြီးက ပြန်ဖြေလိုက်လေသည်။
ငရဲလကျောက်၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွားလေသည်။
"သူ့ရဲ့ သိုလှောင်နယ်မြေကို ဖွင့်ဖို့ ငါ ကူညီပေးမယ်..."
ယမမင်းသည် သူ၏ ရင်ဘတ်ကို ပုတ်လိုက်လေသည်။ သူသည် ရှောင်ကျူးကျူးနှင့် အဆက်အသွယ် ပြုလုပ်နိုင်ခဲ့သော ရှောင်ကျွယ့်ကျွယ့်ကို အရင်က မနာလိုဖြစ်ခဲ့သော်လည်း ယခုမူ…
သူ၏ စိတ်နေစိတ်ထားမှာ ချက်ချင်းပင် တောက်ပသွားလေသည်။
အခြားသော တစ္ဆေသံတမန်များသည်လည်း အလျှော့မပေးဘဲ တန်းစီနေကြပြီး ယွင်မိသားစု ဘိုးဘေးများက တစ်ဖက်တစ်ချက်စီတွင် လက်နက်များကိုင်ဆောင်ကာ သူတို့ကို ခြိမ်းခြောက်သည့်အသွင်ဖြင့် စိုက်ကြည့်နေကြလေသည်။ ယွင်ကျန်းရှန်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လက်ဆောင်များကို လက်ခံယူရင်း တစ်ချိန်တည်းမှာပင် သူတို့၏ ရင်ဘတ်ထဲသို့ ဓားဖြင့်ထိုးစိုက်လိုက်သကဲ့သို့ နာကျင်စေလေသည်။
"အိုး... ဒုက္ခပါပဲ..."
"ငါတို့အားလုံး လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ကြတာပဲ... မင်းတို့အားလုံးက သဘောကောင်းလွန်းပါတယ်... လက်ဆောင်တွေ မလိုပါဘူး... ဒီအဘိုးကြီးက ငါ့မြေးမလေးကိုယ်စား မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်…ဒါက က္ခများလွန်းပါတယ်... များလွန်းပါတယ်..."
ငိုကြွေးနေသော တစ္ဆေသံတမန်များ “....."
မင်းက ထိုမျှလောက် အရည်အချင်းရှိနေလျှင်လည်း လက်မခံဘဲ နေလိုက်ပါလား။
သေခြင်းရှင်ခြင်းစာအုပ်အဖွဲ့သည် ငရဲပြည်ရှိ သူတို့၏ လုပ်ဖော်ကိုင်ဖက်များအား လက်ပြနှုတ်ဆက်လိုက်ပြီး သူတို့ရရှိခဲ့သော လက်ဆောင်များကို သယ်ဆောင်ကာ လူ့ပြည်သို့ တက်ကြွသော စိတ်ဓာတ်များ၊ ကြီးမားသော ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြန်လည် ထွက်ခွာသွားကြလေသည်။ ဤသည်ကို မြင်သောအခါ ငရဲပြည်မှ တစ္ဆေများက နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြလေသည်။
"အခုကတည်းက အရမ်းမပျော်ကြနဲ့ဦး... အဲ့ပြဿနာကောင်တွေက လူ့ပြည်မှာ ဆယ်စုနှစ်အနည်းငယ်လောက်ပဲ နေကြမှာ... သူတို့ မကြာခင် ပြန်လာကြလိမ့်မယ်... မမေ့ကြနဲ့... ဟို့ထုနတ်သမီးက ငါတို့ကို ကောင်းမွန်တဲ့ လက်ဆောင်တစ်ခု ပေးထားသေးတယ်..."
ယခုအချိန်တွင် ယမမင်းမှာ ရင်ကွဲမတတ် ဖြစ်နေလေသည်။ နတ်ဘုရားအဖြစ်သို့ တက်လှမ်းခြင်း ပြုပြီးနောက် ကလေးရရန် အလွန်ခက်ခဲပေသည်။ မထင်မှတ်ဘဲ ဟို့ထုနတ်သမီးက သူ့ထံသို့ ရင်သွေးများ ပေးပို့လာခဲ့လေသည်။
အရာအားလုံး ပြီးဆုံးသွားပြီ။
ဤပြဿနာကောင်အနည်းငယ်ကပင် ခေါင်းကိုက်စရာ လုံလောက်နေပြီဖြစ်ရာ နောင်အနာဂတ်မှာဆိုလျှင် မည်သို့ဖြစ်လာမည်နည်း။
ယမမင်းသည် အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို တကယ်ပင် တွေးတောင် မတွေးရဲတော့ပေ။
တစ္ဆေသံတမန်များက ချက်ချင်းပင် တုန်လှုပ်သွားကြလေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြီးမားသောအမှားတစ်ခုကို ကျူးလွန်ခဲ့မိသဖြင့် ကမ္ဘာငယ်လေးမှာ အပြစ်ပေးခံရဖို့ တောင်းဆိုပါတယ်.."
တစ္ဆေသံတမန်တစ်ဦးက ဤနေရာမှ ထွက်ခွာချင်ကြောင်း အရိပ်အမြွက်ပြကာ ပြောလိုက်လေသည်။
"အရှင်မင်းကြီး... နေရာတစ်ခုမှာ နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားနေလို့ လေလွင့်ဝိညာဉ်တွေ အရမ်း များပြားနေကြောင်း ကျွန်တော်မျိုး ကြားသိရပါတယိ... ကျွန်တော်မျိုး အဲ့နေရာကို သွားရောက်ဖို့ ဆန္ဒပြုပါတယ်... အရှင်မင်းကြီးမှ ကျွန်တော်မျိုးရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်..."
"အရှင်မင်းကြီး... ကျွန်တော်မျိုး..."
"အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း ဆန္ဒရှိပါတယ်..."
ယမမင်းသည် ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားလေသည်။ သူက ဟိန်းဟောက်လိုက်လေသည်။
"ထွက်သွားကြစမ်း... မင်းတို့အားလုံး
ဒီနေရာကနေ ထွက်သွားကြစမ်း..."