← Chapters

အခန်း ၃၁၂

Vol. 31 Ch. 312

အခန်း ၃၁၂

Vol. 31 Ch. 312

အခန်း (၃၁၂) နောက်ဆက်တွဲ (အပိုဆောင်း)

"အရှင်မင်းကြီး..."

"ဘောစ့်ဟွားဟွား..."

စူးရှသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် ယွင်ဟွားနှင့် နန်ကုန်းယွမ်တို့မှာ အကြီးအကျယ် တုန်လှုပ်သွားကြလေသည်။

ထိုနှစ်ဦးစလုံးသည် လည်ပင်းကို ဆန့်ထုတ်ကာ ကြည့်လိုက်ကြရာ ယမမင်းသည် မျက်နှာတွင် ဒဏ်ရာများနှင့် ရောင်ရမ်းနေပြီး တရားသူကြီးကို တောင်ဝှေးဖြင့် အတင်းဆွဲခေါ်လာကာ အသနားခံ ငိုကြွေးနေသော တစ္ဆေသံတမန်များကို ဦးဆောင်၍ သူတို့ထံ လျှောက်လာသည်ကို မြင်လိုက်ရ၏။

နန်ကုန်းယွမ်သည် အားအင်ကုန်ခမ်းစွာဖြင့် နားထင်ကို ပွတ်သပ်လိုက်သော်လည်း ယွင်ဟွားမှာမူ ထိတ်လန့်သွားလေသည်။

သူမ၏ စိတ်ထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ဝင်ရောက်လာသဖြင့် သူမက တွန့်ဆုတ်စွာဖြင့် မေးလိုက်လေသည်။

"ရှောင်... ရှောင်ယန်ယန်... နင်... နင်က ဘာဖြစ်လို့ ဒီလိုအခြေအနေ ဖြစ်သွားရတာလဲ..."

ထိုစကားကို ကြားသောအခါ ယမမင်းက ယွင်ဟွားကို မျက်စိလှန်ပြကာ ပြန်လည် တုံ့ပြန်လိုက်လေသည်။

"ဟွန့်... နင် ဘယ်လိုထင်လဲ..."

ထိုအသံနေအသံထားမှာ အလွန်တရာ စိတ်နာကြည်းနေဟန် ရှိလေသည်။

ယွင်ဟွားသည် ၎င်းမှာ သူမ၏ ပြဿနာကောင် သမီးလေး၏ လက်ချက်ဖြစ်ကြောင်း လုံးဝ သေချာသွားလေသည်။

ယွင်ဟွားသည် ယုံကြည်မှု အနည်းငယ် လျော့နည်းနေသော်လည်း ယမမင်းဆီသို့ အပြုံးဖြင့် လျှောက်သွားကာ သူ၏ လက်စွပ်ကို ဆွဲကိုင်၍ ပြောလိုက်လေသည်။

"ရှောင်ယန်ယန်ရယ်... စိတ်မပူပါနဲ့... ငါ သူမကို သေချာပေါက် သင်ခန်းစာ ပေးလိုက်ပါ့မယ်..."

ယမမင်းက ဟိန်းဟောက်လိုက်လေသည်။

သူသည် သူ၏ လက်စွပ်ကို ယွင်ဟွား၏ လက်ထဲမှ ပြန်ရုန်းကာ စိတ်တိုတိုဖြင့် ပြောလိုက်လေသည်။

"ငါ့ကို အဲ့လိုမျိုးတွေ မပြောနဲ့တော့... နင် အဲ့စကားကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက သောင်းနဲ့ချီပြီး ပြောခဲ့တာ... နင်တို့ ဇနီးမောင်နှံက အမြဲတမ်း အသံပဲ ကျယ်ပြီး အလုပ်ကတော့ ဘာမှ မပြီးမြောက်ဘူး... အဲ့ဒီဘိုးဘေးလေးကို နင်တို့ကပဲ အလိုလိုက်ထားတာလေ..."

"နင်က အရင်ကအတိုင်းပဲ အလွန်တော်ပါပေတယ်..."

တရားသူကြီး ချွေ့ကျွယ်သည် အခွင့်ကောင်းကို အသုံးချကာ သူ၏ တောင်ဝှေးကို ယွင်ဟွား၏ ရှေ့တွင် ဆန့်ထုတ်၍ တုန်ခါရင်း စွပ်စွဲလိုက်လေသည်။

"ကြည့်လေ... ဒါက အဲ့ဒီဘိုးဘေးလေးနဲ့ ဟို့ထုနတ်သမီးရဲ့ လက်ရာတွေပဲ... သူမက အလိုလိုက်ခံထားရတာဆိုပေမယ့် နောက်ဆုံးတော့ အဲ့ဒီအကျိုးဆက်တွေကို ခံစားရတာက ငါတို့လို တစ္ဆေသံတမန် သေးသေးလေးတွေပဲလေ..."

"အစ်မဟွား... ပြောပါဦး... ခုလိုမျိုးနဲ့ ငါတို့ ဆက်ပြီး ရှင်သန်နိုင်ပါဦးမလား..."

"ဟုတ်ပါတယ်... ငါတို့ နောက်ထပ် ဆက်မခံနိုင်တော့ဘူး..."

တစ္ဆေသံတမန်များက တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ကြသည်။ သူတို့မှာ တစ်ကြိမ်တည်းသော ခေါင်းရိတ်ခြင်းကို ခံခဲ့ရပြီး ယခုအခါတွင်လည်း ထပ်မံ၍ ခေါင်းရိတ်ခံနေရပြန်လေသည်။

ယွင်ဟွား "..."

အရင်တုန်းကဆိုလျှင်…

သူမကို မကျေနပ်သူ မှန်သမျှကို အကုန်ရှင်းပစ်မည်။ သူတို့ အသံမထွက်ရဲသည်အထိ ရိုက်နှက်မည်။

ဘယ်သူက သူမကို ဤသို့ မျက်ရည်စက်လက်ဖြင့် စွပ်စွဲရန် အခွင့်အရေး ပေးလိုက်သနည်း။

အခုထိတော့ အလိုလိုနေရင်း ပြုံးပြနေရဦးမည်။

ဤအရာအားလုံးသည် သူမထက်ပင် ပို၍ ပြဿနာရှာတတ်သော သူမ၏ သမီးကောင်းကြောင့် ဖြစ်ပေသည်။

ထိုအရာက သူမကို လုံးဝ အရှက်ရစေခဲ့၏။

ယွင်ဟွားသည် သူမ၏ စည်းရုံးနိုင်စွမ်းများကို ထုတ်သုံးရန် ပြင်ဆင်နေစဉ် ယမမင်းက မျက်ရည်များ စီးကျလျက် သူမ၏ စကားကို ကြားဖြတ် ပြောလိုက်လေသည်။

"ဟွားဟွားလေး..."

"နှင်းပွင့်လေး တစ်ယောက်တည်းနဲ့တင် ငရဲပြည်က ပြည့်နေပြီ”

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဝိညာဉ်မှားပြီး ယူမိခဲ့တဲ့ ယွင်ရှောင်ရှောင်ဆိုတဲ့ နင့်ရဲ့ ဆွေမျိုး... သူမ ငရဲပြည်ကို စရောက်တုန်းကတော့ ရိုးသားပြီး နူးညံ့ဟန်ရှိတယ်... အခုတော့ ရှောင်နှင်းပွင့်လေးက နောက်ကနေ အစွမ်းကုန် ထောက်ပံ့နေတာရယ်၊ ယွင်မိသားစု ဘိုးဘေးတွေက သူမကို ကာကွယ်ပေးနေတာရယ်၊ နင်ကိုယ်တိုင်ကပါ ထောက်ခံပေးနေတာရယ်ကြောင့် အခုဆိုရင်..."

ယမမင်းက သူ၏ ဝမ်းနည်းခြင်းမျက်ရည်များကို သုတ်ဖယ်လိုက်လေသည်။

သူသည် ချွေ့ကျွယ်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ယွင်ဟွား၏ လက်ကို ဆွဲကိုင်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ တောက်ပနေလေသည်။

"ဟွားဟွားလေး... သူတို့ကို ခွဲပေးလို့ မရဘူးလား..."

"ငရဲပြည်တစ်ခုလုံး ဂယက်ရိုက်နေရပြီ... ဘိုးဘေးလေးက ရှေ့ကနေ ဦးဆောင်ပြီး သူမက နောက်ကနေ အားပေးနေတာ..."

"ပြီးတော့ သေခြင်းရှင်ခြင်းစာအုပ်နဲ့ တရားသူကြီးစုတ်တံကလည်း တစ်ကောင်က အကြံပေး၊ နောက်တစ်ကောင်က ရတနာတွေ ထုတ်ပေး၊ ပြီးတော့ အဲ့ဒီကျောက်တုံးလေး... သူကလည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သေးတယ်”

ယမမင်း၏ ညည်းညူသံကို ကြားသောအခါ ယွင်ဟွားသည် မသိမသာ တုန်ယင်သွားပြီး အားအင်နည်းပါးစွာဖြင့် ပြောလိုက်လေသည်။

"သူတို့... သူတို့က ဒီလောက်တောင်... မတရားလူပ်တာ မဖြစ်နိုင်ပါဘူး..."

"နင် အခြေအနေရဲ့ ပြင်းထန်မှုကို မသိဘူးလား..."

ယမမင်း၏ အသံမှာ ချက်ချင်းပင် မြင့်တက်သွားလေသည်။

"ဟွားဟွားလေး... ယွင်ရှောင်ရှောင်သာ မရှိရင်၊ ဘိုးဘေးလေး တစ်ယောက်တည်းဆိုရင် သူမ အထက်ကမ္ဘာဆီ ပြေးသွားပြီး နောက်ထပ် နှစ်ရာ၊ နှစ်ရာ့ငါးဆယ်လောက် ပြဿနာရှာနေဦးမယ်၊ ငါလည်း အေးအေးဆေးဆေး နေရမယ့် ရက်အနည်းငယ်လောက် ရဦးမယ်"

"ဒါပေမယ့် ယွင်ရှောင်ရှောင်က တစ္ဆေဆိုတော့ ငရဲပြည်မှာပဲ နေရမှာလေ၊ ဒါကြောင့် ဘိုးဘေးလေးက သူမနဲ့ ပူးပေါင်းပြီး ငါတို့ကို ဖမ်းဆီးပြီး နှိပ်စက်နေတာ"

"ငါ မသိဘူး... ယွင်ရှောင်ရှောင်က ငရဲပြည်မှာနေတာ နှစ်နှစ်ဆယ် ရှိပြီ... နင် ဒီနေ့ပဲ ယွင်ရှောင်ရှောင်ကို ပြန်လည်ဝင်စားဖို့ ပို့လိုက်ရမယ်"

"ပြီးတော့ နင့်ရဲ့ ဘိုးဘေးလေးကိုလည်း ငရဲပြည်ဆီ ပြန်ခေါ်သွား... ငါတို့နဲ့ပဲ ထားလိုက်... သူမနောက်လိုက် တစ္ဆေတွေသာ သူတို့နဲ့ အစ်ကိုအစ်မလို ရင်းနှီးသွားဖို့ပဲ လိုတော့တယ်"

"မလုပ်ရင် ငါ့လို ယမမင်းက ငရဲပြည်က တစ္ဆေသံတမန် အားလုံးကို သပိတ်မှောက်ခိုင်းပြီး ငရဲပြည်ကိုးထပ်မှာပဲ နေခိုင်းလိုက်မယ်၊ နင်တို့ ဇနီးမောင်နှံကြားမှာ အတားအဆီးတစ်ခု ဖြစ်လာအောင် လုပ်ပစ်မယ်"

ယွင်ဟွား "..."

နန်ကုန်းယွမ်သည် တည်ငြိမ်စွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာထားမှာ ပျင်းရိနေဟန် ရှိသော်လည်း အရိပ်အယောင်တစ်ခုတွင် အေးစက်မှုတို့ ပါဝင်နေလေသည်။

“မင်းက ဒီအရှင်မင်းကြီးရဲ့ အတားအဆီး ဖြစ်ချင်တယ်လို့ ပြောတာလား..."

လူတိုင်း "....."

တစ္ဆေသံတမန်များ အားလုံးမှာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြပြီး သူတို့၏ ခေါင်းများကို ကျိုးပဲ့နေသော ပုလွေများကဲ့သို့ ယမ်းလိုက်ကြလေသည်။

"ကျွန်တော်မျိုးမှာ အဲ့လို စိတ်ကူး မရှိပါဘူး”

ယမမင်း ….

မဟုတ်လေ...

သူတို့ မရောက်လာခင်ကတည်းက လူတိုင်းက ပန်းကန်များကို ရိုက်ခွဲကာ ကျိန်ဆိုထားပြီး ဖြစ်ကြသည် မဟုတ်ပါလား။

"ဟုတ်လား..."

နန်ကုန်းယွမ်သည် ဖြောင့်မတ်စွာ ထိုင်လိုက်ပြီး သူ၏ မျက်လုံးများမှာ ယမမင်းကို စိုက်ကြည့်နေလေသည်။

ယမမင်းမှာ တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာလေသည်။ ထိုအရှင်မင်းကြီး၏ အကြည့်ကို ခံရခြင်းမှာ အလွန်တရာ မသက်မသာ ဖြစ်စေလေသည်။

ထိုဧကရာဇ်သည် ယွင်ဟွားနှင့်အတူ အေးအေးဆေးဆေး အချိန်ဖြုန်းချင်ရုံသာရှိသည်။ မဟုတ်လျှင် ထိုဘိုးဘေးလေးကို သူတို့နှင့်အတူ ထားခဲ့မည် မဟုတ်ပေ။

သို့သော် ငရဲပြည်တွင် ငြိမ်းချမ်းရေး ရရှိစေရန်နှင့် သူကိုယ်တိုင် အသက်ပိုရှည်စွာ ရှင်သန်နိုင်ရန်အတွက် ယမမင်းသည် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အသင့်ရှိနေလေသည်။

"ငါ အလုပ်ထွက်မယ်… ငါ နောက်ထပ် မလုပ်တော့ဘူး"

"ဒီအလုပ်စုတ်ကို လုပ်ချင်တဲ့သူ လုပ်ခိုင်းလိုက်"

"ငါက အလုပ်တွေကို ကြိုးစားပမ်းစား လုပ်နေရတာကို ဒီကလေးဆိုးလေးတွေရဲ့ အနှိပ်စက်ကို ခံနေရတုန်းပဲ... တစ္ဆေတွေတောင် လိမ္မာမှု မရှိကြဘူး တစ်ကောင်စီက ပြန်လည်ဝင်စားဖို့ ငြင်းဆန်နေကြတာ..."

ယမမင်းသည် ပြောလေလေ ဒေါသထွက်လေလေဖြစ်နေပြီး စိတ်နာကြည်းမှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် နောက်လှည့်ကာ ပြန်လည်ဝင်စားခြင်း ရေတွင်းဆီသို့ လျှောက်သွားလေသည်။

သူသည် ချွေ့ကျွယ်ကိုလည်း ဆွဲခေါ်သွားပြီး မရပ်မနား ငိုကြွေးနေလေသည်။

"လူ့ပြည်မှာ ကလေးမွေးနှုန်းက နည်းတယ်…နောက်ဆုံးတော့ အပြစ်တင်ခံရတာက ငါတို့ပဲ..."

"ဟွားဟွားလေး အရှင်မင်းကြီး... ကျွန်တော်မျိုး ပြန်လည်ဝင်စားချင်တယ်…ကျွန်တော်မျိုး လူ့ပြည်ကို သွားပြီး ကလေးမွေးနှုန်းကို တိုးပေးချင်တယ်”

"ဒီကစပြီး အလုပ်တွေကို ဟွားဟွားလေးကိုပဲ ခဏတာ စီမံခိုင်းလိုက်ပါတော့မယ်"

"အော် ဟုတ်သားပဲ... ရှောင်ကျွယ့်ကျွယ့်ရဲ့ အလုပ်တွေလည်း ရှိသေးတယ်... နင်ပါ လိုက်လုပ်ပေးလိုက်ပေါ့"

ယွင်ဟွားသည် ယမမင်း ဝေးရာသို့ လျှောက်သွားနေသည်ကို ကြည့်ရင်း ကြောက်လန့်တကြားဖြင့် နောက်မှ လိုက်သွားလေသည်။

"ရှောင်ယန်ယန်ရယ်... အေးအေးဆေးဆေး တိုင်ပင်ကြရအောင်... ရုတ်တရက်ကြီး မဆုံးဖြတ်ပါနဲ့... ပြန်လည်ဝင်စားခြင်းက ဘာမှ ပျော်စရာမကောင်းပါဘူး"

နောက်နေတာလား…

သူမကို အလုပ်ခိုင်းခိုင်းသည်။

သူမသေရင်တောင် မလုပ်နိုင်ပေ။

ချစ်လှစွာသော ဇနီးသည် ပြေးသွားသည်ကို မြင်သောအခါ နန်ကုန်းယွမ်မှာ သူမနောက်သို့ လိုက်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ပြန်လည်ဝင်စားခြင်း ရေတွင်းသို့ ရောက်သောအခါ သူ၏ ဇနီးသည်မှာ သူ့ကို တားဆီးနေဆဲဖြစ်ပြီး ယမမင်းမှာလည်း သူ၏ ရည်မှန်းချက် မပြီးမြောက်မချင်း လက်မလျှော့ရန် ပြတ်သားနေလေသည်။

ပြီးတော့...

ကြားထဲတွင် ညပ်နေသော ချွေ့ကျွယ်မှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားလေတော့သည်။

"ဟွားဟွားလေး ငါ့ကို မဆွဲနဲ့ စကားတစ်ခွန်းပဲ ပြောမယ်: သဘောတူလား၊ မတူဘူးလား…သဘောမတူရင် ငါ ခုန်ချလိုက်မှာပဲ"

ယမမင်းသည် ပြန်လည်ဝင်စားခြင်း ရေတွင်းထဲသို့ တစ်ဖဝါးဝင်ကာ ခြိမ်းခြောက်နေလေသည်။

ထိုအချိန်တွင်။

နှင်းပွင့်လေးသည် ယွင်ရှောင်ရှောင်နှင့် တစ္ဆေအစေခံအဖွဲ့နှင့်အတူ ခမ်းနားစွာ ရောက်ရှိလာလေသည်။

"အမေ... အမေ... ဦးလေးယမမင်းက သမီးကို တရားစွဲမယ်လို့ ကြားတယ်၊ အဲ့ဒါ ဟုတ်လား..."

ကလေးဆိုးလေး၏ အသံကို ကြားသောအခါ ယမမင်းခမျာ ထိတ်လန့်တကြား တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ ပြန်လည်ဝင်စားခြင်း ရေတွင်းထဲသို့ ကျသွားလေသည်။ အရေးကြီးသော အချိန်တွင် သူ၏ လက်မှ အားကို အသုံးပြုကာ အန္တရာယ်မှ လွတ်မြောက်သွားလေသည်။

သို့သော်…

"ပလုံ" ဟူသော အသံကျယ်ကြီးကြောင့် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။

ယမမင်းသည် ပြန်လည်ဝင်စားခြင်း ရေတွင်းကို တစ်ချက်ကြည့်လိုက်၊ သူ၏ လက်ကို တစ်ချက်ကြည့်လိုက်နှင့် အံ့အားသင့်စွာ ငေးမောနေလေသည်။

ခုနက...

သူက ဘယ်သူ့ကို ဖမ်းနေတာလဲ…

"ငါ... ငါ နောက်နေတာပါ၊ နင့်ကို နောက်နေတာပါ... ငါ တကယ် ပြန်လည်ဝင်စားချင်တာ မဟုတ်ပါဘူး၊ ယုံလား..."

ယွင်ဟွားသည် လက်ပိုက်ကာ ရယ်မောလိုက်လေသည်။

“ဟုတ်လား... ဒါပေမယ့် အခုတော့ ငါ ဟွားဟွားက နင့်ကို မတားချင်တော့ဘူး"

"ဒါကြောင့် နင် ခုချက်ချင်း ခုန်ချလိုက်တော့”

ဒါက ကြီးမားတဲ့ ကိစ္စမဟုတ်ပါဘူး။

သူမသည် အခြားသော ငရဲမင်းများကိုလည်း တာဝန်များကို မျှဝေခံစားရန် ခြိမ်းခြောက်လိုက်လေသည်။

ယမမင်း "...."

သူ လှုပ်ရှားမှု မရှိသည်ကို မြင်သောအခါ ယွင်ဟွားက ပြတ်သားစွာ ပြောလိုက်လေသည်။

"ခုန်….အခုချက်ချင်း ခုန်…. နင် ခုန်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်လား"

"အရင်တုန်းက နင်က ငါ့ကို စွန့်ပစ်ပြီး ပြန်လည်ဝင်စားဖို့ ပို့ခဲ့တာပဲလေ"

ထိုစကားကို ကြားသောအခါ ယမမင်းခမျာ မျက်စိလှန်ပြလိုက်ပြီး မြေပြင်ပေါ်သို့ ပုံလျက်လဲကျသွားလေသည်။

နှင်းပွင့်လေးသည် ယွင်ဟွား၏ ဘေးသို့ ခုန်ပေါက်ပြေးသွားကာ သူမ၏ လက်ကို ဆွဲကိုင်၍ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။

"အမေ... ဦးလေးယမမင်းက သတိလစ်ဟန်ဆောင်နေတာပါ... သမီး သူ့ကို အောက်ကို ကန်ချလိုက်ရမလား..."

ဦးလေးယမမင်း၏ မျက်ခွံများမှာ တုန်ခါနေသည်ကို သူမ မြင်နေရသည်။

သူမ ဘာလုပ်ခဲ့သည်ကို ပြောပြလိုက်ပြီး သူ့ကို အခက်တွေ့အောင် လုပ်ပစ်လိုက်လေသည်။

"ငါ နင့်ကို ဒီကနေ ကန်ထုတ်ပစ်မယ်…. နင်က ငါ့ကို အမြဲတမ်း ပြဿနာရှာနေတာပဲ"

ယွင်ဟွားသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး နှင်းပွင့်လေး၏ နားရွက်ကို ဆွဲကာ ရှောင်ယွမ်ယွမ်၏ ဘေးသို့ ခေါ်သွားလေသည်။

"နင့်ရဲ့ သမီးပဲ၊ ကောင်းကောင်း ရိုက်ပေးလိုက်တော့၊ မဟုတ်ရင် နင် ငါ့အိပ်ရာပေါ်ကို တက်ဖို့တောင် စဉ်းစားမနေနဲ့”

နန်ကုန်းယွမ် "..."

ယွင်ဟွားသည် နှင်းပွင့်လေးကို ဆူပူပြီးနောက် သူမ၏ အကြည့်များသည် ယွင်ရှောင်ရှောင်ဆီသို့ ရောက်သွားလေသည်။

"နင်လည်း ပြန်လည်ဝင်စားဖို့ သွားလိုက်တော့"

(ပြီးပါပြီ)

မှတ်ချက်။ ။ ယွင်ရှောင်ရှောင်မှာ ပြန်လည်ဝင်စားသွားခဲ့ပြီဖြစ်ပါတယ်။ ယွင်ရှောင်ရှောင်ရဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ် ထပ်ရှိပါမယ်။

အခုဆို စာရေးသူတို့ Lucky Star Translation ကနေ ဒုတိယမြောက်စာအုပ်လေး ပြီးသွားပါပြီ။ အစကနေ အဆုံးထိ ဖတ်ရှူပေးကြတဲ့ စာဖတ်သူများအားလုံးကို စာရေးသူတို့ Lucky Star Translation အဖွဲ့က ညီအစ်ကိုမောင်နှမများအားလုံးက အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ယွင်ဟွားလေး ပြီးသွားတဲ့နောက် အသစ်ထပ်ထွက်မယ့် စာအုပ်လေးက

“ ငါ့ရဲ့အိမ်နောက်ဖေးက အနာဂတ်နှစ်တစ်ထောင်ကျော်နဲ့ ချိတ်ဆက်နေတယ်” ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။ ဒီအပတ်ထဲမှာ freeထွက်ရှိမှာဖြစ်ပါတယ်။ ကျေးဇူးအထူးတင်လျက်ပါရှင်။

All Chapters