← Chapters

စူပါဝဲဂယက် (၁)

Vol. 61 Ch. 1028

စူပါဝဲဂယက် (၁)

Vol. 61 Ch. 1028

“မင်းက ဒီလိုအကျပ်အတည်းမျိုးမှာ အခြေအနေကို ဒီလောက်သေချာစိတ်ဖြာနိုင်တာကို တကယ်ပဲလေးစားမိတယ်”

ပထမဆုံးစကားပြောလာသူမှာ ရိုင်ယန်ဖြစ်ပြီး သူ၏လေသံက တည်ငြိမ်နေခဲ့သည်၊၊

“ငါတို့ရဲ့ လက်ရှိအခြေအနေက တကယ်ပဲဒီလိုဖြစ်နေတယ်၊၊ အဲဒီသတ္တဝါက ငါတို့အရှေ့တည့်တည့်မှာရှိနေတယ်၊၊ ငါတို့တွေကို ချေမှုန်းဖို့က သူ တစ်ချက်ပုတ်ရုံနဲ့တင်ရတယ်၊၊ သေမယ့်အချိန်ကို ထိုင်စောင့်နေမယ့်အစား ပြောင်းပြန်ပဲလုပ်သင့်တယ်”

“ဒါဆိုရင် ဆက်သွားကြစို့” ချန်ဆီရွှမ်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်…. အမြန်လှုပ်ရှားကြမယ်… ရိုင်ယန် နောက်ကလိုက်ခဲ့” လင်းရှန်က စကားအပိုမပြောတော့ပေ၊၊ ကျွန်းက နစ်မြုပ်နေပြီဖြစ်ရာ သူတို့၏ အခွင့်အရေးမှာ စက္ကန့်ပိုင်းမျှသာရှိတော့သည်။

ထိုအချိန်တွင် လင်းရှန်သည် အနန္တရထားကို ကမ်းပါးလမ်းကြောင်းဆီသို့ ပြန်လည်စတင်မောင်းနှင်လိုက်ပြီး နောက်ဘက်မှ ပိုင်ဖုန်း-၀၉ နျူကလီးယားရေငုပ်သင်္ဘောကလည်း ဖြည်းညှင်းစွာ ရှေ့တိုးလာခဲ့သည်။ ရေနက်ပိုင်းသုံး ရေငုပ်ယာဉ်များပေါ်ရှိ လူတိုင်း၏ နှလုံးသားမှာ လည်ချောင်းထဲရောက်လုနီးပါး ခုန်ပေါက်နေပြီး အလွန်နှေးကွေးသော အရှိန်ဖြင့် ရှေ့သို့ တိုးလာခဲ့ကြသည်၊၊ သူတို့အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ရေနက်ပိုင်းမွန်းစတားကြီးဆီသို့ ဖြည်းဖြည်းချင်းရွေ့လျားနေကြသည်ကို သိနေကြသည်။ ၎င်း၏ မျက်စိအောက်တည့်တည့်ကနေ တွင်းနက်ကြီးထဲသို့ ဆင်းသက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ ဒါက သံသယဖြစ်ဖွယ်မရှိဘဲ နှလုံးခုန်နှုန်းနှင့် သွေးတိုးနှုန်းကို ပေါက်ကွဲမတတ်မြင့်တက်စေသည့် ချီတတ်မှုတစ်ခုပင်၊၊

ထိုအချိန်တွင် မိမိတို့ ရင်ဆိုင်နေရသည့် အန္တရာယ်ကို သဘောပေါက်သွားကြပြီးနောက် အနန္တရထားနှင့် ပိုင်ဖုန်း-၀၉ နျူကလီးယားရေငုပ်သင်္ဘောပေါ်ရှိ လူတိုင်းသည် တင်းမာနေကြပြီး တိတ်တဆိတ် ချွေးပြန်နေကြသည်။

ယာဥ်များ၏ ပန်ကာများကို အနိမ့်ဆုံးအရှိန်သို့ လျှော့ချထားပြီး ရေငုပ်ယာဉ်နှစ်စင်းသည် အနိမ့်ဆုံးနှုန်းဖြင့် ရှေ့ဘက်ရှိ ကမ်းပါးဆီသို့ တရွေ့ရွေ့တိုးဝင်သွားသည်။

ပင်လယ်ပြင်ကြမ်းပြင်မှ ထွက်ပေါ်လာသော ရွှံ့နွံများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ နောက်ကျိနေသော ငရဲခန်းအလားဖြစ်နေသည်။ အနန္တရထားသည် ဆိုနာရှာဖွေရေးကိရိယာများကို အားကိုးပြီး ဖြည်းညှင်းစွာ ရှေ့ဆက်ခဲ့သည်။ ထိုခဏတွင် ထိန်းချုပ်ခန်းထဲရှိ လင်းရှန်နှင့် အခြားသူများသည် မိမိတို့၏ နှလုံးခုန်သံကိုပင် ပြန်ကြားနေရလောက်အောင် တင်းမာနေကြသည်။

တီ။

ဆိုနာရှာဖွေရေးကိရိယာက အချက်ပေးသံများ ထုတ်လွှင့်နေသည်။

မြေမျက်နှာသွင်ပြင် စကင်ဖတ်မှုအရ ပင်လယ်ကြမ်းပြင်၏ ဟိုလိုဂရမ်မြေပုံမှာ အောက်သို့ နိမ့်ဆင်းသွားပြီး ရေအနက် ပိုမိုနက်ရှိုင်းလာသော ကမ်းပါးစောင်းတစ်ခုအဖြစ်ပြသနေသည်။

နောက်ဆုံးတွဲမှ ထိုသတ္တဝါ၏ အငွေ့အသက်ကို ခံစားမိနေသည့် ရှီဇီနှင့် အားဖေးတို့မှာ အလွန်အမင်းထိတ်လန့်နေကြသည်။ ရှေ့တည့်တည့်ရှိ တွင်းနက်ကြီးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ မိစ္ဆာသားရဲကြီးတည်ရှိနေကြောင်း သူတို့သိရှိကြသည်။ ရေငုပ်ယာဉ်များရော ဗိုင်အိုလာ၏ ရှာဖွေရေးကိရိယာများပါ ထိုသတ္တဝါ၏ အတိုင်းအတာကို အမှန်တကယ် မတိုင်းတာနိုင်ကြပေ။ ယခုအချိန်တွင် ဧရာမရထားတွဲကြီးနှင့် ပိုင်ဖုန်း-၀၉ ရေငုပ်သင်္ဘောတို့သည် တောင်ကြီးတစ်လုံးအောက်က အရေးမပါသော တီကောင်ငယ်နှစ်ကောင်သာဖြစ်နေခဲ့သည်။ ရှီဇီနှင့် အားဖေးတို့အနေဖြင့် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းကာ ကမ္ဘာပျက်စေနိုင်မည့် ထိုကဲ့သို့သော သတ္တဝါကြီးမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

ထိုအငွေ့အသက်က ကောင်းကင်ကြီးပြိုကျလာပြီး ပင်လယ်ပြင်ကြီး မှောက်ခုံလှန်ပစ်လိုက်သကဲ့သို့ အလွန်အမင်းဖိနှိပ်ထားသည်။ ထို့ပြင် သူတို့က ထိုသတ္တဝါကြီးဆီသို့ တည့်တည့်မတ်မတ်ဦးတည်ရွေ့လျားနေကြခြင်း ဖြစ်သည်။

အနန္တရထား၏ ထိန်းချုပ်ခန်းထဲတွင် လင်းရှန်သည် တစ်ကိုယ်လုံးတင်းမာနေပြီး သူ၏အာရုံအားလုံးကို ယန္တရားနှလုံးသားပေါ်တွင်သာ စူးစိုက်ထားသည်။ ထိုအချိန်တွင် အနန္တရထားသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအလား ခံစားနေရသည်။ ထိန်းချုပ်ခန်းအပြင်ဘက်ရှိ ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သော ဖိနှိပ်မှုအားနှင့် ထူးဆန်းစွာ စီးဆင်းနေသော အမှောင်ရေဖိအားကို သူ အထင်အရှား ခံစားနေရသည်။

တီ။

ဆိုနာက တစ်ဖန်ပြန်မြည်လာပြီး သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သက်ရှိသတိပေးချက်မဟုတ်ဘဲ မြေမျက်နှာသွင်ပြင်ဆိုင်ရာသတိပေးချက်ဖြစ်သည်။ ရှေ့တွင် ပင်လယ်ကမ်းပါးတောင်စောင်းတစ်ခုရှိနေကြောင်း မြေပုံက အသိပေးလာသည်။ သို့သော် လင်းရှန် သိထားသည်— ရှေ့တွင် တကယ့်တကယ်တော့ အောက်ခြေမရှိသော တွင်းနက်ကြီး ရှိနေရမည်။

ဝေါ

မမြင်ရသော လက်ကြီးများက သူတို့ကို တွင်းနက်ကြီးဆီသို့တွန်းပို့နေသကဲ့သို့ ပြင်းထန်သော ရေအောက်စီးကြောင်းများ တိုးဝင်လာသည်။

“အဲဒီအရာက တွင်းနက်ကြီးရဲ့ အောက်ခြေမှာ ရပ်နေတာလား ဒါမှမဟုတ် အပေါ်ကို တက်လာနေတာလား”

လင်းရှန်၏ ဘေးတွင် ပျံသန်းနေသော ကီကီက သတိကြီးစွာဖြင့် မေးလိုက်သည်။

လင်းရှန်က အာရုံမပျက်ရဲသဖြင့် ခေါင်းသာခါပြလိုက်သည်။

“ဗိုင်အိုလာ… ဆင်းသက်ဖို့ လမ်းကြောင်းတစ်ခု ရှာပေးဦး”

[မြေမျက်နှာသွင်ပြင် စကင်ဖတ်မှုမှတစ်ဆင့် ဆင်းသက်မည့် လမ်းကြောင်းကို ဖော်ထုတ်ပြီးပါပြီ]

လင်းရှန်၏ အရှေ့တွင် ပြတ်သားသော ဟိုလိုဂရမ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ပင်လယ်ကမ်းပါး၏ အရှေ့ဘက်တွင် သတ္တဝါကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ပြည့်နှက်နေသည်။ ဗိုင်အိုလာသည် ကမ်းပါးများကြားရှိ အတော်အတန်ကျယ်ဝန်းသော နေရာလွတ်တစ်ခုကို ရှာဖွေတွေ့ရှိပြီး လမ်းကြောင်းတစ်ခုဖန်တီးပေးခဲ့သည်။

[တကယ်လို့ ပစ်မှတ်က လှုပ်ရှားလာရင် ကျွန်မတို့နဲ့ တိုက်မိနိုင်ခြေ ရှိပါတယ်။ စောင်းနေတဲ့ အနေအထားနဲ့ ရှေ့တိုးပြီး ဆင်းသက်မှုကို အရှိန်မြှင့်ဖို့ အကြံပြုပါတယ်] ဗိုင်အိုလာက သတိပေးသည်။

“ငါ သိတယ်”

ထိုခဏတွင် လင်းရှန်၏ နှလုံးသားမှာ လည်ပင်းဝသို့ ရောက်နေခဲ့သည်။ အန္တရာယ်ကို သူ ကောင်းစွာသိရှိနေသည်— ထိုသတ္တဝါနှင့် နီးကပ်လေလေ၊ အမှောင်စွမ်းအင် လှိုင်းထန်မှုများက ပိုမိုပြင်းထန်လာလေလေဖြစ်ပြီး လူတိုင်းကို ငရဲပြည်ထဲရောက်နေသကဲ့သို့ ခံစားရစေသည်။ အနန္တရထားပေါ်ရှိ လျှပ်စစ်သံလိုက်အစိတ်အပိုင်းများပင် နှောင့်ယှက်ခြင်းခံနေရသည်။ အာရုံမခံမိဘဲ ရှေ့ဆက်နိုင်ရန်အတွက် တုံးရှီကိရိယာကို အသက်မသွင်းနိုင်ကြဘဲ အနန္တယာဉ်၏ ထူးဆန်းသောကုဗတုံးကိုသာ အားကိုး၍ ခုခံနေရသည်။ ပိုင်ဖုန်း-၀၉ ကမူ ထိုမျှ ကံမကောင်းခဲ့ပေ၊၊ သင်္ဘောပေါ်ရှိ လူအများအပြားမှာ အသက်ရှူကျပ်မတတ် ဖိအားကို ခံစားနေရပြီဖြစ်ကာ အမြင်အာရုံများဝေဝါးလာပြီး နားစည်များနှင့် အရေပြားများမှ သွေးများပင် စိမ့်ထွက်လာခဲ့သည်။

လင်းရှန် ကြားနိုင်သည်မှာ ဆိုနာ၏ အသံသာဖြစ်ပြီး သူသည် အနန္တရထားကို ကမ်းပါးမှ ဖြည်းညှင်းစွာ မောင်းထွက်ကာ ထောင့်ချိုးကို ချိန်ညှိပြီးနောက် နောက်ကျိနေသော ရွှံ့နွံများထဲသို့ ဆက်လက်ဆင်းသက်ခဲ့သည်။

မကြာမီမှာပင် အနန္တရထားသည် ကမ်းပါးမြေမျက်နှာသွင်ပြင်မှ ထွက်ခွာပြီး တွင်းနက်ကြီး၏ အောက်ဘက်သို့ ဝင်ရောက်သွားခဲ့သည်။ သို့သော် မြေပုံပေါ်တွင်မူ သူတို့သည် လျှိုမြောင်ကြားထဲမှ ဖြတ်သန်းနေရသကဲ့သို့ပင်။ ယခုအချိန်တွင် မြေမျက်နှာသွင်ပြင်ဟူသည်မှာ မရှိတော့ကြောင်း သူတို့ သိကြသည်။ မြေပုံပေါ်ရှိ ဧရာမ တည်ဆောက်ပုံကြီးမှာ မည်သည့်အချိန်တွင်မဆို လှုပ်ရှားနိုင်သည့် သက်ရှိကြီး၏ ကိုယ်ထည်ဖြစ်နေခဲ့သည်။

တွဲ ၅ တွင် လို့ရှားရှားနှင့် မာရှောင်ထန်းတို့သည် ပြတင်းပေါက်အရှေ့၌ စိုးရိမ်တကြီး ဝပ်နေကြသည်။ စီးဆင်းနေသော နောက်ကျိသည့် ရွှံ့နွံများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ရ။ တွဲအတွင်းမှ လင်းထွက်နေသော အလင်းရောင်မှလွဲ၍ ပင်လယ်ရေထဲတွင် အလင်းရောင်ဟူ၍ မရှိပေ။

“ညီမတို့ သမုဒ္ဒရာနတ်ဘုရားရဲ့ ခြေချောင်းတွေကြားထဲ ရောက်နေတာလား” လို့ရှားရှားက တိုးတိုးလေး မေးလိုက်သည်။

တာလို့က အသက်ပင် မရှူရဲဘဲ ခေါင်းခါပြသည်၊

“ငါလည်း မသိဘူးလေ”

ထိုသို့ ပြောပြီးနောက် သူက လုရှင်းချန်ကို လှမ်းကြည့်လိုက်သည်။ လုရှင်းချန်က ကုလားထိုင်ကို တင်းမာစွာ မှီထားပြီး လက်ပိုက်လျက် မျက်မှောင်ကုတ်ထားသည်။ တာလို့၏ အကြည့်ကို သတိပြုမိသောအခါ သူက ချက်ချင်းပင် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ဘာကြည့်တာလဲ။ ငါ မကြောက်ပါဘူးနော်… ဒီရေထဲမှာ အရမ်းမွန်းကြပ်လွန်းလို့ပါ။ တကယ်လို့ ကုန်းပေါ်မှာသာဆိုရင် အဲဒါ ကမ္ဘာ့အဆင့်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ အကုန်လုံးကို မီးနဲ့ ရှို့ပစ်မှာ”

တာလို့က ခေါင်းညိတ်ပြလိုက်သည်၊၊ “ငါ ယုံပါတယ်”

ရူဂျီသည် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ ရေအောက်တွင် စွမ်းအားကို သုံးနိုင်သူအလွန်နည်းပါးသည်။ လက်ရှိအခြေအနေတွင် သူသည် ကူညီနိုင်သည့် အနည်းငယ်သောလူများထဲတွင် ပါဝင်သည်။

အလားတူပင် တာလို့၏ စွမ်းအားမျိုးသည် တွင်းနက်ကြီးထဲ မီတာတစ်ထောင်အကွာတွင် အသုံးမဝင်တော့ပေ။ သူသည် တန်ချိန်ချီသော ခွန်အားရှိသော်လည်း ဘာမှမတတ်နိုင်ဘဲ တွဲအတွင်းမှနေ၍သာ သက်ပြင်းချရင်း ကြည့်နေခဲ့ရသည်။

ထို့အတူ နောက်ဆုံးတွဲမှ အာရုံခံစွမ်းအားရှင် နှစ်ဦးဖြစ်သည့် ရှီဇီနှင့် အားဖေးတို့လည်း တည်ငြိမ်မနေနိုင်ကြပေ။ သူတို့၏ အာရုံခံနိုင်စွမ်းမှာ အဓိပ္ပာယ်မရှိတော့ပေ။ သူတို့၏ အမြင်အရ အမှောင်အငွေ့အသက်သည် အနန္တရထားကို လုံးဝ ဝါးမျိုထားပြီးဖြစ်သည်။ ရှုချင်း၊ ချီလီ၊ လော့ယန်၊ ရှောင်ချင်း၊ လုချန်နှင့် နန်ကျင်းတို့အားလုံး ဘာမှမတတ်နိုင်ဘဲ ကြည့်နေရုံသာရှိတတ်နိုင်လေသည်။

တစ်ချိန်တည်းမှာပင် မိုနီကာသည် နောက်ဆုံးတွဲ Gemini 11R နှင့် စွမ်းအားမြှင့်တွဲတွင် သူမ၏ စွမ်းအားဝတ်စုံကို ချွတ်လျက် ရပ်နေခဲ့သည်။ မျက်လုံးများကို မှိတ်ထားပြီး သူမ၏ အသံလှိုင်းစွမ်းအားကို အပြည့်အဝအသက်သွင်းထားကာ လင်းရှန်ရှိရာ ဆက်သွယ်ရေးလိုင်း နားကြပ်ထဲသို့ တီးတိုးပြောလိုက်သည်။

“ဆင်းသက်မှုကို အရှိန်မြှင့်ပြီး မီတာ ၂၀၀ ထပ်ချလိုက်”

All Chapters