← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း (၁၇၂) စနိုက်ပါရိုင်ဖယ်၏ အားပြင်းသော တိုက်ခိုက်မှု

ရွှေခန္ဓာနယ်ပယ် ကျင့်ကြံသူ (၁၄) ဦးအနက်မှ (၅) ဦးမှာ ရုတ်တရက် အသက်ပျောက်သွား၏။ ဤအခြေအနေက ကြောက်မက်ဖွယ်ကောင်းလှပေသည်။

"ငါတို့တွေကို တိုက်ခိုက်နေတာ ဘယ်သူလဲ..."

မြေပြင်တွင် မှောက်လျက်သားရှိနေသော ပေချင်းရှန်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ စနိုက်ပါကျည်ဆံ (၅) တောင့်သည် ပေချင်းရှန်းကို မသတ်နိုင်သော်လည်း သူသည် စနိုက်ပါကျည်ဆံ၏ ပြင်းအားကို ခံစားမိပြီးဖြစ်၏။ အကယ်၍ ကျည်ဆံ (၁၀) တောင့် သို့မဟုတ် (၂၀) တောင့်သာ တစ်ပြိုင်နက်တည်း ပစ်ခတ်ခံရပါက ပေချင်းရှန်း၏ ရုပ်ခန္ဓာမှာ မည်မျှပင် သန်မာစေကာမူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည်မှာ အသေအချာပင်။ အဓိက ပြဿနာမှာ ဤကျည်ဆံများက မည်သည့်အရိပ်အယောင်မျှ မပြဘဲ ရုတ်တရက် ရောက်လာခြင်းဖြစ်သည်။ ကြိုတင်ကာကွယ်ရန်မှာ မဖြစ်နိုင်ပေ။

"ရွှေခန္ဓာနယ်ပယ် ကျင့်ကြံသူကို သတ်နိုင်တဲ့ လျှို့ဝှက်လက်နက်က ကြောက်ဖို့ကောင်းလိုက်တာ... ငါတို့ ခေါင်းဆောင်တွေထဲက ဘယ်သူမှ မလွတ်နိုင်တော့ဘူး..."

အနက်ရောင်တောင်တစ္ဆေ ဂိုဏ်းခေါင်းဆောင်မှာ တုန်ရီနေ၏။ အနည်းငယ်အကြာတွင် စနိုက်ပါကျည်ဆံ (၅) တောင့်က သူ့ကို ထိမှန်သွားသည်။ သူသည် ရွှေခန္ဓာနယ်ပယ် နောက်ဆုံးအဆင့်တွင်သာရှိသေးပြီး သူ၏ ရုပ်ခန္ဓာသန်မာမှုမှာ ပေချင်းရှန်းလောက် မရှိချေ။ သူ၏ ခန္ဓာကိုယ်တွင် ကျည်ဆံရာ (၅) ခု ဖြစ်ပေါ်သွား၏။ နောက်ထပ် ကျည်ဆံ (၅) တောင့်သာ ထပ်ထိပါက သူသေမည်ဖြစ်ကြောင်း အနက်ရောင်တောင်တစ္ဆေ ဂိုဏ်းခေါင်းဆောင် ကောင်းကောင်းသိသည်။

"ဘယ်သူလဲ... ဘယ်သူလဲ..."

ရွှေခန္ဓာနယ်ပယ် ခေါင်းဆောင်တစ်ယောက်မှာ စိတ်ဓာတ်ကျကာ လဲကျသွားသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ဂိုဏ်း (၅) ခုမှ ခေါင်းဆောင်များသည် စနိုက်ပါကျည်ဆံများ ထပ်မံရောက်မလာတော့သည်ကို သတိပြုမိလိုက်ကြသည်။ ဤအခိုက်တွင် သူတို့အားလုံး အရိပ်ထဲတွင် ပုန်းအောင်း၍ ချောင်းမြောင်းတိုက်ခိုက်နေသူများသည် အနီးအနားတွင် ရှိနေကြောင်း သိရှိသွားကြပြီး အကယ်၍ သူတို့သာ ထပြေးမည်ဆိုပါက ထပ်မံ၍ ချောင်းမြောင်းသတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့နေကြသည်။ ဤသည်မှာ စိတ်ရှည်သည်းခံမှုအား စမ်းသပ်ခြင်းတစ်ရပ် ဖြစ်လာသည်။

"ငါတို့တွေကို တိုက်ခိုက်နေတဲ့ မိတ်ဆွေလေး... ခင်ဗျား ဘယ်သူလဲ..."

"ငါတို့တွေ ခင်ဗျားကို အပြစ်ပြုမိခဲ့ရင်လည်း တစ်ခုခုပြောပါ... ဘယ်လို လျော်ကြေးမျိုး လိုချင်သလဲဆိုတာ ပြောပြပါ... ခင်ဗျား ပြောသမျှအတိုင်း ငါတို့ လုပ်ပေးပါ့မယ်..."

ဤအခိုက်တွင် ပေချင်းရှန်းသည် အတွင်းစိတ်ထဲမှ ကြောက်ရွံ့မှုကို မခံစားနိုင်တော့သဖြင့် ရှေ့ထွက်၍ အော်ဟစ်လိုက်သည်။ ပေချင်းရှန်း၏ အတွေးထဲတွင် ကျောက်စိမ်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က အနီးအနားတွင် ပုန်းအောင်းနေပြီး ရွှေခန္ဓာနယ်ပယ်ရှိသူများဖြစ်သည့် သူတို့ကို တစ်ဆင့်ချင်းစီ ချောင်းမြောင်း သတ်ဖြတ်နေသည်ဟု ယူဆထား၏။

မူလက ရွှေခန္ဓာနယ်ပယ် ခေါင်းဆောင် (၁၄) ဦးရှိသော်လည်း (၅) ဦးမှာ သေဆုံးသွားပြီဖြစ်၍ (၉) ဦးသာ ကျန်ရှိတော့သည်။ ထိုကျောက်စိမ်းနယ်ပယ် ကျင့်ကြံသူမှာ ကျောက်စိမ်းနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသေး၍ ကျန်ရှိနေသည့် ရွှေခန္ဓာနယ်ပယ် (၉) ဦးနှင့် ဓားပြ (၆၀၀) ကျော်၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ကြောက်ရွံ့ကာ ပုန်းအောင်းနေခြင်းဖြစ်သည်ဟု သူက ယူဆ၏။

ယခုအခါ ပေချင်းရှန်းသည် ထိုပုန်းအောင်းနေသည့် ကျောက်စိမ်းနယ်ပယ် ကျင့်ကြံသူကို ထွက်ပေါ်လာစေရန် ခေါ်ယူလိုပြီး ရွှေခန္ဓာနယ်ပယ် (၉) ဦးနှင့် ဓားပြ (၆၀၀) ကျော်ဖြင့် ဝိုင်းဝန်းသတ်ဖြတ်လိုနေသည်။

"ဟုတ်ပါတယ် ဆရာသခင်... ငါတို့တွေ ခင်ဗျားကို အပြစ်ပြုမိခဲ့ရင်လည်း ရှင်းရှင်းလင်းလင်း ပြောပြပါ... ငါတို့ လက်ခံပါ့မယ်..."

"ဆရာသခင်... ငါတို့တွေကို အပြစ်ဖြေဖို့ အခွင့်အရေးပေးပါ..."

"ဆရာသခင်... ငါတို့ လက်နက်ချပါတယ်... ကျေးဇူးပြုပြီး ထွက်ပေါ်လာပေးပါ..."

ပေချင်းရှန်း၏ စကားကို ကြားသောအခါ အခြားခေါင်းဆောင်များလည်း သူ့ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး ပြန်လည်အော်ဟစ်လိုက်ကြသည်။ သို့သော်လည်း တောအုပ်တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး မည်သူမျှ ပြန်လည်ဖြေကြားခြင်း မရှိချေ။

နောက်ထပ် တောင်ထိပ်တစ်ခုပေါ်တွင် ဟေးလုံစခန်းမှ ဓားပြများအားလုံး တိတ်ဆိတ်စွာ မှောက်လျက်ရှိနေသည်။

"ခေါင်းဆောင်... အဲ့ဒီသွေးမုဆိုးဂိုဏ်းဝင်တွေက နောက်ထပ် မီတာတစ်ရာလောက် ပြေးလိုက်ရင် ထူထဲတဲ့ တောအုပ်ထဲ ရောက်သွားတော့မယ်..."

"ငါတို့ဆီမှာ စနိုက်ပါရိုင်ဖယ်တွေရှိပေမဲ့ သစ်ရွက်တွေ ကာထားလို့ မြင်ကွင်းပိတ်နေပြီး ဘာမှလုပ်လို့မရဘူး..."

ဤအခိုက်တွင် တုယွီထောက်က ရုတ်တရက် ပြောလိုက်၏။ စောစောက သူသည် မှန်ပြောင်းဖြင့် တောင်ထိပ်၏ မြေပြင်အနေအထားကို စကန်ဖတ်ခဲ့ပြီး ဖြစ်သည်။

"ငါ အခုလေးတင် မှန်ပြောင်းနဲ့ စကန်ဖတ်ကြည့်လိုက်တယ်... မင်းပြောတာ မှန်တယ်..."

"သွေးမုဆိုးဂိုဏ်းက ဂိုဏ်း (၅) ခုလုံး တောအုပ်ထဲကို ပြေးဝင်သွားပြီဆိုရင် ငါတို့ သူတို့ကို ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး..."

"ဒါကြောင့် ငါတို့ တိုက်ပွဲအစီအစဉ်ကို ပြောင်းရမယ်..."

"ငါတို့ စနိုက်ပါ (၅၀) ကို အဖွဲ့ (၅) ဖွဲ့ခွဲပြီး တောင်ခြေမှာ ချောင်းမြောင်းနေကြရအောင်..."

"တောင်အောက်ကို ဆင်းလာတဲ့လမ်းမှာ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်အထက် ဂိုဏ်းခေါင်းဆောင်တွေကို ဆက်ပြီး ချောင်းမြောင်းသတ်ဖြတ်ကြမယ်..."

တန်ထိုက်ရှုံ့ရင်သည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့ကြောင့် သွေးမုဆိုးဂိုဏ်းနှင့် အခြားဂိုဏ်း (၅) ခု တုံ့ပြန်နိုင်ခြင်းမရှိမီ ဟေးလုံစခန်းမှ ဓားပြ (၃၀၀) သည် တောင်အောက်သို့ ဆင်းသွားပြီး အဖွဲ့ (၅) ဖွဲ့ခွဲကာ တောင်ခြေရှိ နေရာအသီးသီးတွင် ပုန်းအောင်းလိုက်ကြသည်။

ပေချင်းရှန်းနှင့် အခြားခေါင်းဆောင် (၅) ဦးမှာ နေပူရှိန်ကို တစ်နာရီကြာ ခံစားခဲ့ရပြီး နောက်ဆုံးတွင် မခံမရပ်နိုင်တော့သဖြင့် သံမဏိအရိုးနယ်ပယ်မှ ဓားပြအချို့ကို အုပ်စုခွဲ၍ ထွက်ပြေးစေရန် အမိန့်ပေးလိုက်သည်။ ထိုသူများသည် လမ်းကြောင်းအမျိုးမျိုးသို့ ထွက်ပြေးကြသော်လည်း ကျည်ဆံမရောက်လာပေ။

"အဲ့ဒီကျောက်စိမ်းနယ်ပယ် ကျင့်ကြံသူ ထွက်သွားပြီ ထင်တယ်..."

ဤအခိုက်တွင် ပေချင်းရှန်းသည် လျှို့ဝှက်စွာ ပျော်ရွှင်နေသည်။ အသက်ဘေးမှ လွတ်မြောက်သွားသည့်အတွက် စိတ်သက်သာရာရသွား၏။

"ဟေးလုံစခန်း... ငါ့နောက်ကို လိုက်ခဲ့ကြ"

ပေချင်းရှန်း၏ စကားကို ကြားသောအခါ အနက်ရောင်တောင်တစ္ဆေ ဂိုဏ်းခေါင်းဆောင်က ချက်ချင်း အော်ဟစ်လိုက်သည်။ ထို့နောက် ဓားပြရာပေါင်းများစွာသည် ထ၍ လျင်မြန်စွာ ပြေးသွားကြပြီး မကြာမီ အနီးအနားရှိ တောအုပ်ထဲတွင် ပျောက်ကွယ်သွား၏။

သွေးမုဆိုးဂိုဏ်းနှင့် အခြားဓားပြအုပ်စုများသည် အနက်ရောင်တောင်တစ္ဆေ ဂိုဏ်းဝင်များ ကျည်ဆံမထိမှန်သည်ကို မြင်သောအခါ အရင်က ချောင်းမြောင်းတိုက်ခိုက်ခဲ့သော ကျောက်စိမ်းနယ်ပယ် ကျင့်ကြံသူ ထွက်သွားပြီဟု ယူဆလိုက်ကြသည်။ ထို့ကြောင့် သူတို့သည် ချက်ချင်း ထ၍ တောအုပ်ထဲသို့ ပြေးဝင်သွားကြသည်။ သစ်ရွက်များဖြင့် ဖုံးကွယ်ထားသောကြောင့် ဓားပြများသည် စိတ်အေးသွားကြသည်။ မကြာမီ ဂိုဏ်း (၅) ခုမှ ဓားပြများသည် တောင်ခြေသို့ ရောက်ရှိလာကြသည်။

ဒိုင်း..

ရုတ်တရက် စနိုက်ပါကျည်ဆံများ ထပ်မံရောက်ရှိလာ၏။ ဂိုဏ်း (၅) ခု၏ ခေါင်းဆောင်များဖြစ်ကြသော ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် ကျင့်ကြံသူများသည် ပစ်သတ်ခံလိုက်ရသည်။ အခြားရွှေခန္ဓာနယ်ပယ် ခေါင်းဆောင် (၄) ဦးမှာလည်း စနိုက်ပါကျည်ဆံများဖြင့် တစ်ပြိုင်နက်တည်း အတိုက်ခံရပြီး ကျည်ဆံများသည် သူတို့၏ ကိုယ်တွင်းကလီစာများအထိ စိုက်ဝင်သွား၏။

ပေချင်းရှန်းမှလွဲ၍ ကျန်ခေါင်းဆောင် (၄) ဦး၏ ခန္ဓာကိုယ်များတွင် ကျည်ဆံရာများ ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် ကြေးဝါအရေပြားနယ်ပယ်နှင့် သံမဏိအရိုးနယ်ပယ်မှ ဓားပြများမှာ တိုက်ခိုက်မခံရပေ။ ရွှေခန္ဓာနယ်ပယ်ရှိ ခေါင်းဆောင် (၄) ဦးမှာ ကိုယ်တွင်းကလီစာများထဲတွင် ကျည်ဆံများ စိုက်ဝင်လျက် အလွန်နာကျင်စွာဖြင့် အော်ဟစ်ကာ သေဆုံးသွားကြသည်။

ပေချင်းရှန်းနှင့် ကျန်ခေါင်းဆောင် (၅) ဦးမှာ အလိုအလျောက်ပင် ပြန်၍မှောက်ချလိုက်ကြသည်။ ကျန်ရှိနေသော ကြေးဝါအရေပြားနယ်ပယ်နှင့် သံမဏိအရိုးနယ်ပယ်မှ ဓားပြများမှာ ကြောက်လန့်တကြားဖြင့် တောအုပ်ထဲသို့ ပြန်လည်ထွက်ပြေးသွားကြပြီး ထွက်မလာရဲတော့ပေ။ တောင်ခြေတွင် ဟေးလုံစခန်းမှ စနိုက်ပါ (၅၀) လုံးသည် ပေချင်းရှန်းတို့ရှိရာသို့ ချိန်ရွယ်ထားလိုက်သည်။

"ခေါင်းဆောင်... အခု ရွှေခန္ဓာနယ်ပယ် ကျင့်ကြံသူ (၅) ဦးပဲ ကျန်တော့တယ်... သူတို့ထဲက (၄) ဦးကလည်း ဒဏ်ရာတွေနဲ့ အလွန်အမင်း ထိခိုက်နေပြီ..."

"ငါတို့ ထပ်စောင့်စရာ မလိုတော့ဘူး... ငါတို့ ကိုယ်တိုင်သွားပြီး သူတို့ကို ရင်ဆိုင်လို့ရပြီ..."

မှန်ပြောင်းဖြင့်ကြည့်ရှုရင်း တုယွီထောက်က အကြံပြုလိုက်သည်။ လက်ရှိ အခြေအနေတွင် ဂိုဏ်း (၅) ခုမှ ဓားပြများမှာ ကြောက်လန့်နေကြပြီး တောအုပ်ထဲတွင်သာ ပုန်းအောင်းနေမည်မှာ အသေအချာပင်။ ဤအတိုင်းသာ ဆက်သွားနေပါက နှစ်ဖက်လုံးအတွက် အချိန်ကုန်ရုံသာရှိမည်။

"ကောင်းပြီ... ငါတို့ (၃) ယောက် သွားပြီး အဲ့ဒီ ရွှေခန္ဓာနယ်ပယ် ကျင့်ကြံသူတွေကို သွားတွေ့မယ်..."

"ကျန်တဲ့သူတွေက စနိုက်ပါရိုင်ဖယ်တွေနဲ့ တောအုပ်ကို ဆက်ချိန်ထားပြီး ဂိုဏ်း (၅) ခုက ဓားပြတွေကို အချိန်မရွေး ပစ်ခတ်ဖို့ အသင့်ပြင်ထား..."

တန်ထိုက်ရှုံ့ရင်က အကြံပြုချက်ကို လက်ခံလိုက်သည်။ ထို့ကြောင့် တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့သည် လက်နက်များကို ကိုင်ဆောင်ကာ ပေချင်းရှန်းတို့ ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးသွားကြသည်။ တန်ထိုက်ပေါင်ပေါင်သည် စနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်၍ မှန်ပြောင်းဖြင့် သူတို့ကို ချိန်ရွယ်ထား၏။ ပေချင်းရှန်းတို့ ထွက်ပေါ်လာသည်နှင့် သူမ ချက်ချင်း ပစ်ခတ်မည်ဖြစ်သည်။ မကြာမီ တန်ထိုက်ရှုံ့ရင်တို့ (၃) ဦးသည် ပေချင်းရှန်းတို့ ပုန်းအောင်းနေသည့် နေရာသို့ ရောက်ရှိသွားသည်။

"မင်းတို့ပဲ"

"ဟေးလုံစခန်း... မင်းတို့ ငါတို့တွေကို ချောင်းမြောင်းတိုက်ခိုက်တာပဲ"

တန်ထိုက်ရှုံ့ရင်၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ပေချင်းရှန်းမှာ ချက်ချင်း သဘောပေါက်သွားလေသည်။

All Chapters