← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅) ဝိညာဉ်သစ်သီးများ ဝေငှခြင်း

သန့်စင်ယန်ဆေးလုံးကို ကိုင်ကာ ယွီဝမ်ချန် ဂူထဲသို့ ပြေးဝင်သွားပြီးနောက် အာကာသတဲ၏ တံခါးအချို့ ထပ်မံ ပွင့်လာ၏။

စုယောင်၊ ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်း၊ ထျန်ကျီလင်နှင့် ချင်းလန်အာတို့ အားလုံးသည် တံခါးဝတွင် မှီရပ်လျက် ကျောက်လင်ကို ပြုံးစစဖြင့် ကြည့်နေကြသည်။

"မင်းတို့တွေ ဒီနည်းကို ဘယ်လိုလုပ် တတ်သွားကြတာလဲ..."

ကျောက်လင်မှာ စကားပင် မပြောနိုင်တော့ပေ။

ဘယ်သူက ဘယ်သူ့ဆီက ကူးယူလိုက်မှန်း မသိသော်လည်း အားလုံးက တံခါးဖွင့်၊ တံခါးဝတွင် မှီရပ်၊ ထို့နောက် အချင်းချင်း ပြုံးကြည့်နေကြသည်။

ဤလုပ်ရပ်သည် စကားမပြောဘဲ အဓိပ္ပာယ်တစ်ခုကို ဖော်ပြနေ၏။

ဆုလာဘ်လိုချင်တယ်…

သူသည် မိုချန်းချွမ်း၊ မိုဟုန်လျန်နှင့် ယွီဝမ်ချန်တို့အား လက်ဆောင်များ ပေးပြီးသွားပြီဖြစ်ရာ ဇနီးသည် သုံးဦးစလုံးမှာလည်း ကျောက်လင်ကို အလားတူ အကြည့်မျိုးဖြင့် ကြည့်နေကြသဖြင့် ကောင်းမွန်သည့် ပစ္စည်းအချို့ကို ထုတ်ပေးရန် ဖိအားပေးခံလိုက်ရသလို ဖြစ်နေ၏။

ကံကောင်းစွာပင် သူ အဆင်သင့် ပြင်ဆင်ထားပြီး းဖြစ်သည်။

နံနက်စောစောက ကျောက်လင်သည် အမှတ်ပေါင်း ၂၇,၃၀၀,၈၀၀ သုံးကာ ကောင်းမွန်သည့် ပစ္စည်းများစွာ ဝယ်ယူထားခဲ့သည်။

"လင်အာ... အရင်ဆုံး ငါ့အခန်းထဲ လာခဲ့ဦး"

ကျောက်လင်က ခေါ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ယဲ့လင်အာမှာ အလွန်ဝမ်းသာသွားပြီး ကျောက်လင်၏ အာကာသတဲထဲသို့ ချက်ချင်း ပျံသန်းဝင်ရောက်လာ၏။

ကျောက်လင်သည် မိုးကြိုးပုံစံ ရွှေရောင်သစ်သီးတစ်လုံးကို ထုတ်ထားနှင့်ပြီး ဖြစ်သည်။

"လင်အာ... မင်းက ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် အထွတ်အထိပ်အထိပြန်ပြီး သန်မာလာပြီ... အခု ရွှေခန္ဓာနယ်ပယ်ကို တက်လှမ်းဖို့ အချိန်ကျပြီ"

"ဒါက ပဉ္စမအဆင့် ဝိညာဉ်သစ်သီးပဲ... ဒါကိုယူပြီး စားလိုက်ပါ... ဒီနေ့ပဲ မင်း ရွှေခန္ဓာနယ်ပယ်ကို တက်လှမ်းနိုင်လိမ့်မယ်"

ကျောက်လင်က ပြုံးလျက် ပြောလိုက်၏။

ထိုစကားကို ကြားပြီးနောက် ယဲ့လင်အာမှာ အံ့သြ၍ ကျောက်ရုပ်ဖြစ်သွားသည်။

ပဉ္စမအဆင့် ဝိညာဉ်သစ်သီး…

ဤအရာမှာ ရှေးဟောင်းသိုင်းပညာ မိသားစုများသာ ပေးနိုင်သည့် ရတနာဖြစ်သည်။

ယဲ့လင်အာသည် သွေးဆီးနှင်းပန်း လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့မှ လာသော်လည်း ပဉ္စမအဆင့် ဝိညာဉ်သစ်သီးကို မပြောနှင့်၊ မြင်ဖူးခြင်းပင် မရှိခဲ့ပေ။

ထိုအချိန်တွင် ယဲ့လင်အာမှာ ကျောက်လင်သည် သေချာပေါက် ရှေးဟောင်းသိုင်းပညာ မိသားစုကြီးတစ်ခုမှ ဖြစ်ရမည်ဟု လုံးဝ ယုံကြည်သွားသည်။

"ကျေးဇူးတင်ပါတယ် ချစ်ရတဲ့ခင်ပွန်း..."

ရိုးရှင်းသော နှုတ်ဆက်စကား ပြောပြီးနောက် ယဲ့လင်အာသည် မိုးကြိုးပုံစံ ရွှေရောင်သစ်သီးကို ယူကာ ဂူထဲသို့ ပြေးဝင်သွားသည်။

ရွှေခန္ဓာနယ်ပယ်သို့ တက်လှမ်းသည့် လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများလည်း စင်ကြယ်သွားလိမ့်မည်ဖြစ်ရာ ဂူထဲသို့ သွားခြင်းမှာ သဘာဝကျပေသည်။ တက်လှမ်းခြင်း ပြီးဆုံးသည်နှင့် ခန္ဓာကိုယ်မှာ ထိုနေရာ၌ပင် စင်ကြယ်သွားလိမ့်မည် ဖြစ်သည်။

ကျောက်လင်သည် တံခါးဝသို့ ရောက်လာပြီး သူ၏ ဇနီးသည်များကို လက်ယပ်ခေါ်လိုက်၏။

"အားလုံး ဝင်ခဲ့ကြပါ... မင်းတို့အတွက် ဝိညာဉ်သစ်သီးအချို့ ငါ ပြင်ဆင်ထားတယ်"

ကျောက်လင်က ပြုံးရွှင်စွာ အော်ခေါ်လိုက်သည်။

စုယောင်၊ ရှန်ချန်းရွှယ်၊ ပိုင်ဝမ်ချင်း၊ ထျန်ကျီလင်နှင့် ချင်းလန်အာတို့မှာ ချက်ချင်း ပြေးလာကြသည်။

အသူရာသစ်သီး(၁၅)လုံးကို စားပွဲဝိုင်းလေးပေါ်တွင် တင်ထားသည်။

"မင်းတို့အားလုံး ကြေးဝါအရေပြားနယ်ပယ် အထွတ်အထိပ်မှာ ရှိနေကြပြီ... တစ်ယောက်ကို အသူရာသစ်သီး သုံးလုံးစီ ယူကြပါ... ဒါကို စားလိုက်တာနဲ့ မင်းတို့အားလုံး သံမဏိအရိုးနယ်ပယ်ကို တက်လှမ်းနိုင်လိမ့်မယ်"

ကျောက်လင်က ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

သူတို့ ငါးဦးစလုံးမှာ ထိုစကားကို ကြားပြီးနောက် အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။

နှစ်ရက်ခန့်ကပင် ကြေးဝါအရေပြားနယ်ပယ် အထွတ်အထိပ်သို့ တက်လှမ်းပြီး တည်ငြိမ်အောင် ကျင့်ကြံထားခဲ့ရာ အခု ဝိညာဉ်သစ်သီးအသစ်များ ရရှိသွားသဖြင့် နောက်နယ်ပယ်တစ်ခုသို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ။

အရင်က ထိုငါးဦးမှာ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို သိရှိထားကြပြီး သာမန်ကျင့်ကြံသူများသည် တစ်ဘဝလုံး ကြေးဝါအရေပြားနယ်ပယ်၌ပင် ပိတ်မိနေနိုင်ကြောင်း ကောင်းစွာ နားလည်ထားကြသည်။

နယ်ပယ်တစ်ခုစီ တက်လှမ်းရန်အတွက် ကြီးမားသော စည်းစိမ်ဥစ္စာများကို သုံးစွဲရလေ့ရှိသည်။

ကျောက်လင်နှင့် လက်ထပ်ပြီးနောက် သူတို့ငါးဦးမှာ ဝိညာဉ်သစ်သီးများကို စားသုံးကာ ကျင့်ကြံနိုင်ခဲ့ကြသည်။

အလွန်ပင် လွယ်ကူရိုးရှင်းလှသည်။

"ကျေးဇူးတင်ပါတယ် ခင်ပွန်း..."

သူတို့ ငါးဦးစလုံးက ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

ကျောက်လင်က "ငါကသာ မင်းတို့ကို ကျေးဇူးတင်ရမှာပါ" ဟု ပြန်ပြောချင်မိသည်။

အကြောင်းမှာ ကျောက်လင်သည် "သားသမီးကံကြမ္မာစနစ်" ကို ပိုင်ဆိုင်ထားပြီး ဇနီးလက်ထပ်တိုင်း လက်ဆောင်အမျိုးမျိုး ရရှိကာ ကျောက်လင်၏ စွမ်းအားမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ညတိုင်း ဇနီးသည်များ၏ ပူးပေါင်းမှုမရှိလျှင် ကျောက်လင်အနေဖြင့် ကျင့်ကြံမှုအမှတ်များကို မည်သို့ စုဆောင်းနိုင်ပါမည်နည်း။

ဇနီးသည်ငါးဦးမှာ အသူရာသစ်သီးသုံးလုံးစီယူကာ ဂူထဲသို့ အတူတူ ပြေးဝင်သွားကြ၏။

"ဇနီးတွေအားလုံး ကျင့်ကြံဖို့ သွားကြပြီ... ဒီဝိညာဉ်သစ်သီးတွေရဲ့ ဝိညာဉ်စွမ်းအင်ကို အပြည့်အဝ စုပ်ယူနိုင်ဖို့ တစ်နာရီလောက်တော့ ကြာဦးမယ်"

"မူလကတော့ ယွီရွှေခရိုင်ကို မနက်စောစော သွားပြီး သမုဒ္ဒရာနှလုံးသားကို ရွှမ်ယွမ်ဇီဆီ ပေးအပ်ကာ စိန်လက်စွပ် စီးပွားရေးလုပ်ငန်းကြီးကို မြှင့်တင်ဖို့ စီစဉ်ထားတာ"

"အခုတော့ ထျန်ကျီလင်နဲ့ ယဲ့လင်အာတို့ တက်လှမ်းပြီးတဲ့အထိစောင့်ပြီးမှ ယွီရွှေခရိုင်ကို အတူတူသွားလို့ရမယ်"

ကျောက်လင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် အာကာသတဲထဲမှ ထွက်လာခဲ့သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကားဂိုဒေါင်ကြီးထဲတွင် အစေခံမလေးနှစ်ဦးမှာ အမျိုးသမီးအုပ်စုတစ်စုအား နံနက်စာ ပြင်ဆင်ရန် ညွှန်ကြားနေကြသည်။

ထိုသူများမှာ တီရှပ်နှင့် ဘောင်းဘီတိုများကို ဝတ်ဆင်ထားကြသည်။

ကွမ်းနန်စီရင်စုမှာ တစ်နှစ်ပတ်လုံး ပူပြင်းလှရာ အကယ်၍ သူတို့သာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များကို အမြဲ ဝတ်ဆင်ထားပါက နေပူထဲတွင် အလုပ်လုပ်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး အပူဒဏ်ကြောင့် မေ့လဲသွားနိုင်ပေသည်။

သူတို့သည် ကျောက်လင် ပေးထားသော တီရှပ်နှင့် ဘောင်းဘီတို ၅,၀၀၀ စုံကို အလွန်ပင် နှစ်သက်ကြသည်။ ဝတ်ရ လွယ်ကူပြီး နေရောင်ခြည်အောက်တွင် အေးမြကာ လှုပ်ရှားရလည်း အလွန် လွယ်ကူသည်။

ထို့ကြောင့် ဒုက္ခသည် တစ်ထောင်စလုံးနှင့် လင်းယုန်ပျံဂိုဏ်းမှ ခေါ်လာသော အမျိုးသမီးများအားလုံးမှာ သန့်ရှင်းသော တီရှပ်နှင့် ဘောင်းဘီတိုများသို့ ပြောင်းလဲ ဝတ်ဆင်ထားကြသည်။

"အားလုံး အတူတူ ဝတ်ထားတာကို ကြည့်ရတာ အမြင်တစ်မျိုးပဲ"

ကျောက်လင်က ပျော်ရွှင်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ကျောက်လင်သည် ယောင်းဟွိုင်တောက်၊ တျန်စုန်း၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျိချင်းနှင့် ရှုံ့တာကျွမ်းတို့ ဂူထဲမှ ထွက်လာကာ ရယ်မောစကားပြောရင်း အာကာသတဲဆီသို့ လာနေသည်ကို မြင်လိုက်ရသည်။

"ကောင်းလိုက်တာ... မင်းတို့ကိုရှာဖို့ ကြံတုန်းရှိသေးတယ် ကိုယ့်အလိုလို ရောက်လာကြတာပဲ"

ကျောက်လင်က ပြုံးလျက် ပြောလိုက်၏။

မိတ်ဆွေခြောက်ဦး ရောက်လာသောအခါ ကျောက်လင်သည် သန့်စင်သော ခရမ်းရောင်ဝိညာဉ်သစ်သီး၁၂ လုံး ပါဝင်သော ဝါးခြင်းတောင်းကို ကိုင်ထားပြီး ဖြစ်သည်။

"ကျောက်လင်... ဒီနေ့ င့တို့ လုပ်ရမယ့်အလုပ် ရှိသေးလား"

ယောင်းဟွိုင်တောက်က ရောက်လာသည်နှင့် ပြုံးလျက် မေးလိုက်သည်။

မိတ်ဆွေခြောက်ဦးမှာ မနေ့က မင်ချွမ်မြို့သို့ သွားကာ ဒုက္ခသည် ၁၀ ဦးစီ ဝယ်ယူထားခဲ့ကြရာ လယ်ကွင်းထဲတွင် ကိုယ်တိုင်လုပ်ကိုင်ရန် မလိုတော့ပေ။

ဘာမှလုပ်စရာမရှိသဖြင့် ခြောက်ဦးစလုံးမှာ အလွန်ငြီးငွေ့နေကြပြီး ကျောက်လင်နှင့် အတူ နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့ကြောင့် နံနက်စောစောတွင် ခြောက်ဦးစလုံး အတူတူ လာခဲ့ကြခြင်းဖြစ်သည်။

ကျောက်လင်သည် သူ၏ မိတ်ဆွေခြောက်ဦးကိုကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“စက်မှုလုပ်ငန်းအချို့ကို ငါ စဉ်းစားထားပြီးပြီ... အလုပ်ရုံအချို့ တည်ဆောက်ဖို့လည်း ပြင်ဆင်နေတယ်"

"ငါ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်လာတာနဲ့ နေ့တိုင်း ငွေတွေ အမြောက်အမြား ရလာမယ်ဆိုတာ မင်းတို့ ခန့်မှန်းနိုင်မှာပါ... ဒါက ရည်ရွယ်ချက် မကောင်းသူတွေရဲ့ လိုချင်တပ်မက်မှုကို မလွဲမသွေ ဆွဲဆောင်မိလိမ့်မယ်"

"ငါ အစောကြီးထဲက အစောင့်အဖွဲ့တစ်ခု တည်ဆောက်ချင်တယ်"

"မင်းတို့ ခြောက်ဦးထဲက အစောင့်အဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ချင်ကြလား"

ထိုစကားကို ကြားသောအခါ ခြောက်ဦးစလုံးမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ဘတ်ကို ပုတ်လိုက်ကြသည်။

"ငါတို့ ပိုင်ဆိုင်သမျှ အရာအားလုံးက ကျောက်လင် မင်းကြောင့်ပါ... ကျောက်လင် မင်းကို ဘယ်သူပဲဖြစ်ဖြစ် မကောင်းတဲ့ အကြံအစည်နဲ့ ချဉ်းကပ်ရင် ယောင်းဟွိုင်တောက် ငါက အရင်ဆုံး ဆန့်ကျင်မယ်"

"ကျောက်လင် မင်းကို ပစ်မှတ်ထားရင် ငါ တျန်စုန်းကို ပစ်မှတ်ထားတာပဲ... ငါ့ရဲ့ လှံက အရင်ဆုံး တုံ့ပြန်လိမ့်မယ်"

"မင်းရဲ့ လက်ထဲက ဓားတစ်လက်ဖြစ်ဖို့ ငါ ဝန်မလေးပါဘူး... ဘာလုပ်ရမလဲပြောပါ၊ ငါ တုံ့ဆိုင်းမနေဘဲ လုပ်ပေးမှာပါ"

ခြောက်ဦးစလုံးက ကျောက်လင်အား သေသည့်တိုင်အောင် လိုက်ပါသွားမည်ဟု ကတိပြုလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့ နားလည်ထားသည်မှာ ကျောက်လင်ကို လိုက်ပါမှသာ သူတို့၏ စွမ်းအား တိုးတက်လာလိမ့်မည်။

ကျောက်လင်သာမရှိလျှင် သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးမှာ အခြားသူများ၏ လုယက်ခြင်းကို ခံရလိမ့်မည်။

"ကောင်းပြီ... ဟိုမှာ ဝိညာဉ်သစ်သီး ၁၂ လုံး ရှိတယ်... တစ်ယောက်ကို နှစ်လုံးစီ စားကြပါ... အဲဒါပြီးရင် မင်းတို့ မကြာခင်မှာ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ကို တက်လှမ်းနိုင်လိမ့်မယ်"

ကျောက်လင်က သန့်စင်သော ခရမ်းရောင်ဝိညာဉ်သစ်သီးကို ညွှန်ပြကာ ပြောလိုက်သည်။

သူတို့ခြောက်ဦးမှာ သန့်စင်သော ခရမ်းရောင်ဝိညာဉ်သစ်သီးကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားပြီး သန့်စင်သော ခရမ်းရောင်ဝိညာဉ်သစ်သီးနှစ်လုံးစီ ယူလိုက်ကြသည်။

"သွားပြီး ကျင့်ကြံကြတော့"

ကျောက်လင်က ပြောလိုက်၏။

သူတို့ခြောက်ဦးက ကျေးဇူးတင်စကား အကြိမ်ကြိမ် ဆိုပြီးနောက် သန့်စင်သော ခရမ်းရောင်ဝိညာဉ်သစ်သီးကို ယူကာ သူတို့၏ ဂူဆီသို့ အလျင်အမြန် ပြေးသွားကြသည်။ သူတို့မှာ ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ တက်လှမ်းတော့မည် ဖြစ်သောကြောင့် ဖြစ်သည်။

"ဝိညာဉ်ကြွက်လေးကိုလည်း စတုတ္ထအဆင့် ဝိညာဉ်သားရဲအဖြစ် တက်လှမ်းအောင် ကူညီပေးမယ်လို့ ကတိပေးထားတယ်"

"ဒီမိုးကြိုးပုံစံ ရွှေရောင်သစ်သီးတွေကလည်း အလုပ်ဖြစ်မှာပါ ဟုတ်တယ်မလား"

သူ၏ မိတ်ဆွေခြောက်ဦး ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျောက်လင်က မိမိကိုယ်ကို ရေရွတ်ကာ ဝိညာဉ်ကြွက်လေး နေထိုင်သည့် သစ်သားအိမ်ငယ်လေးဆီသို့ ပြေးသွားတော့သည်။

All Chapters