← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 22 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 22 Ch. 255-256

အခန်း(၂၅၅)

“မက်လောက်စရာပဲ၊ အနည်းဆုံးတော့ ငါကတော့ အဲ့လို ထင်တာပဲ"

"မင်း စကားတွေ အတော်များနေပြီပဲ၊ မင်းက သူတို့ခေါင်းဆောင်လား ဘာလား" ဖိုးက သူ့ရှေ့က ဝတ်ရုံခြုံထားတဲ့ လူဆီကို ရိုင်းရိုင်းစိုင်းစိုင်း လက်ညှိုးထိုးရင်း မေးလိုက်တယ်။

"ကောင်းပြီလေ၊ မင်းက ငါ့ကို အနည်းဆုံးတော့ အကြောအခြင် လှုပ်ရှားလို့ကောင်းအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ လူပိန်လူဖျင်းတွေနဲ့ တွေ့ပြီး ငါ့ခရီးစဉ်ကြီး အလဟဿ ဖြစ်သွားမှာမျိုးတော့ မလိုချင်ဘူး။ အဆင့်သတ်မှတ်ချက်အရ ပြောရရင် အဲ့ဒီ ဒရာဂွန်ဘွန်းတွေနဲ့ ယှဉ်ရင် မင်းက ဘယ်လို နေမလဲ"

ဂရီးဗ်က ခေါင်းမော့လိုက်ပြီး အဲ့ဒီ လူကောင်ကြီးကြီးနဲ့လူ မေးတဲ့မေးခွန်းကို အလေးအနက် စဉ်းစားနေပုံရတယ်။ "သူတို့အားလုံးထဲမှာ အညံ့ဆုံးလို့ ထင်တာပဲ၊ သူတို့က တကယ် ပါရမီပါတဲ့ လူငယ်တွေလေ"

ဖိုးက သက်ပြင်းချရင်း ပုခုံးတွန့်လိုက်တယ်။ "ငါ့အတွက်တော့ ဒီလောက်ဆို တော်ပါပြီ။ ငါ ဒါကို မြန်မြန် အဆုံးသတ်ပြီး အိမ်ကို စောစောပြန်ရုံပဲ"

သူက အောက်ကိုငုံ့ပြီး မြေကြီးပေါ်ကနေ ဧရာမ ဓားရှည်ကြီးတစ်လက်ကို မလိုက်တယ်။ ဓားသွားက သာမန်လူအများစုထက်တောင် ပိုကျယ်ပြီး ပိုရှည်နေတာကြောင့် မြင်ရသူကို အတော်လေး လန့်ဖျပ်သွားစေမယ့် လက်နက်မျိုးပဲ။

အဲ့ဒီ ဓားရှည်ကြီးကို စွမ်းအားနဲ့ အလေးချိန်ကို အဓိကဦးစားပေးတဲ့ သတ္တုနဲ့ ဒမတ်စကပ်စ် စတီးလ်အလွိုင်းတွေနဲ့ ပြုလုပ်ထားတာကြောင့် ဘယ်သူ့လက်ထဲမှာမဆို အဖျက်စွမ်းအား အပြင်းထန်ဆုံး လက်နက်တစ်ခု ဖြစ်လာစေတယ်။ ဓားက သိပ်လေးလွန်းတာကြောင့် ဖိုးအနေနဲ့ သာမန် မြင်းရထားကိုတောင် သုံးလို့မရဘူး၊ ဘာလို့လဲဆိုတော့ ဓားကို တင်ဆောင်ဖို့ ကြိုးစားရင်းနဲ့တင် ရထားက နှစ်ပိုင်းကျိုးသွားမှာ မို့လို့ပဲ။

ဒါပေမဲ့ သူ့ရဲ့ ကြွက်သားအမြောင်းမြောင်းနဲ့ ခန္ဓာကိုယ်ကြောင့် ဖိုးက အဲ့ဒီ ဓားရှည်ကြီးကို ငှက်မွေးတစ်ချောင်းလို ပေါ့ပေါ့ပါးပါး ကိုင်တွယ်နိုင်နေတယ်။ သူက ဓားကို လေထဲမြှောက်တင်ပြီး လက်တစ်ဖက်တည်းနဲ့ ဖမ်းပြလိုက်ရင်း သစ်ပင်တွေနောက်မှာ ပုန်းနေကြတဲ့ ကြောက်လန့်တုန်လှုပ်နေတဲ့ အနီရောင်မျောက်လူတွေကို သူ့ရဲ့ ခွန်အားကို ထုတ်ကြွားလိုက်တယ်။

"ငါ့ကို ထုတ်ပြစမ်း" ဖိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမဲ့ ဂရီးဗ်က ဘာမှ ပြန်မဖြေဘူး။

ဖိုးက ဓားရှည်ကြီးကို မြှောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လွှဲလိုက်ရာမှာ ပြင်းထန်တဲ့ လေဝှေ့သံကြီး ထွက်ပေါ်လာပြီး သစ်ရွက်ခြောက်တွေ၊ သစ်ကိုင်းတွေနဲ့ သူတို့ပတ်ဝန်းကျင်က တိတ်ဆိတ်နေတဲ့ သစ်တောအုပ်ကြီးကိုပါ လှုပ်ခါသွားစေတယ်။

ခဏအကြာမှာတော့ သစ်ပင် အနည်းငယ်ဟာ မြေကြီးပေါ်ကို ဝုန်းခနဲ လဲပြိုကျသွားပြီး သစ်သားတွေ ကျိုးပဲ့သွားတဲ့ အသံကြီးက သစ်တောထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။

အနီးကပ် ကြည့်လိုက်မယ်ဆိုရင် သစ်ပင်တွေရဲ့ အထူဆုံး အောက်ခြေအပိုင်းကနေ ခွဲစိတ်ဓားနဲ့ လှီးထားသလိုမျိုး သန့်ရှင်းသပ်ရပ်တဲ့ အဖြတ်အတောက်နဲ့ ပြတ်တောက်သွားတာကို တွေ့ရလိမ့်မယ်။

ဖိုးက အဲ့ဒီ အလေးချိန်စီးတဲ့ လက်နက်ကြီးကို ပေါ့ပေါ့ပါးပါး ကိုင်တွယ်နိုင်ကြောင်း ပြသတဲ့အနေနဲ့ ဓားရှည်ကြီးကို တုတ်တစ်ချောင်းလို ဟိုဟိုဒီဒီ ရမ်းပြနေတယ်။

ဒါပေမဲ့ ဒီလို ခြောက်လှန့်တဲ့ နည်းဗျူဟာက သူ့ရှေ့က ဝတ်ရုံခြုံထားတဲ့ လူအပေါ်မှာတော့ အလုပ်ဖြစ်ပုံမရ။

"မင်းဆီမှာ အဲ့ဒါ ရှိနေမှန်း ငါသိတယ်၊ ငါ့ကို ထုတ်ပြစမ်း" ဖိုးက တောင်းဆိုလိုက်တယ်။ "မင်းတို့ဆီမှာ မီသရယ် မှော်ဝင်ပစ္စည်းသာ မရှိရင် ငါ့အစ်ကို ဖိုက်ဗ်က အဲ့ဒီ ဒရာဂွန်ဘွန်းကို ရှုံးမှာမဟုတ်ဘူး၊ ဒါကပဲ သူ ရှုံးနိမ့်သွားနိုင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ"

ဂရီးဗ်က ဖိုးကို မော့ကြည့်ပြီး သူ့လက်ကို မြှောက်လိုက်တယ်။

သူ့ရဲ့ လက်ခလယ်မှာ လင်းလက်နေတဲ့ လက်စွပ်တစ်ကွင်းပါတဲ့ လက်အိတ်ကို ပြလိုက်တယ်။ လက်စွပ်ဆီကနေ စိမ်းပြာရောင် အရှိန်အဝါတွေ ဖြာထွက်နေပြီး ပြင်းထန်တဲ့ မှော်စွမ်းအင် ဂုဏ်သတ္တိတွေကို ပြသနေတယ်။

ဖိုးက အဲ့ဒီ လက်စွပ်ကို အလေးအနက် စိုက်ကြည့်လိုက်တယ်၊ အဲ့ဒီဆီကနေ ထွက်လာတဲ့ တန်ခိုးကို သူ ခံစားမိနေလို့ပဲ။

"ကောင်းတယ်၊ ကောင်းတယ်၊ မင်းရဲ့ အားအပြင်းဆုံး လက်နက်ကို ငါ့အပေါ် ချက်ချင်း သုံးရမယ်ဆိုတာ သိတာ ကောင်းတာပေါ့။ ဒါမှပဲ မင်း အသက်ရှင်နိုင်မှာ"

ဖိုးက သူ့ရဲ့ ဆွဲကြိုးကနေ တောက်ပနေတဲ့ ကျောက်မျက်ရတနာတစ်ခုကို ထုတ်လိုက်တယ်။ ဒါကလည်း မီသရယ် မှော်ဝင်ပစ္စည်း တစ်ခုဖြစ်ပေမဲ့ ဂရီးဗ် ကိုင်ထားတဲ့ အရာနဲ့ ယှဉ်ရင်တော့ သိသိသာသာ ပိုသေးပြီး ပိုအားနည်းတယ်။

ဖိုးက အဲ့ဒီ မှော်ဝင်ကျောက်မျက်ကို သူ့ရဲ့ ဓားရှည်ကြီးရဲ့ နှိမ့်ရိုးအဆုံးမှာ တပ်ဆင်လိုက်ပြီး ရေနဲ့ လေမှော်စွမ်းအင်တွေရဲ့ တန်ခိုးကို ပေါင်းစပ်ထည့်သွင်းကာ အေးခဲနေတဲ့ နှင်းခဲအဖြစ် ပြောင်းလဲလိုက်တယ်။

"အာ... မင်းရဲ့ မီသရယ် မှော်ဝင်ပစ္စည်းက ငါ့အရာထက် ပိုကောင်းနေမယ်ဆိုရင်တော့ မင်း ရှုံးနိမ့်သွားတဲ့အခါ အဲ့ဒါကို ငါ့ရဲ့ စစ်တိုက်ရာပါပစ္စည်းအဖြစ် ငါ ယူရမှာပဲ"

"ကောင်းပြီလေ" ဂရီးဗ်က ခေါင်းငြိမ့်ပြီး ယှဉ်ပြိုင်ဖို့ သဘောတူလိုက်တယ်။ သူ့ရဲ့ ရင်ဘတ်ထဲကနေ လှုပ်ခတ်လာတဲ့ စိတ်လှုပ်ရှားစရာ ခံစားချက်ကြီးက ဒီလိုမျိုး ခံစားဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်ကြောင်း ပြောနေသလိုပဲ။ ဒါက ရင်းနှီးကျွမ်းဝင်တဲ့ နယ်မြေတစ်ခုထဲကို ပြန်ရောက်သွားသလိုမျိုး၊ အိမ်ပြန်ရောက်သွားသလိုမျိုး ခံစားရစေတယ်။

ဂရီးဗ်က ဝတ်ရုံပေါ်မှာ လက်တင်ပြီး ရှေ့ကို လှမ်းထွက်လာခဲ့တယ်။

"လက်နက်မပါဘဲလား" ဖိုးက မယုံနိုင်သလို မေးလိုက်တယ်။ "သတ္တိရှိတာပဲ၊ ဒါပေမဲ့ ငါ လေးစားပါတယ်။ နောက်မှ နောင်တမရဖို့ပဲ မျှော်လင့်ရမှာပဲ"

ဖိုးက ကမ္ဘာဦးဆင်ရိုင်းကြီးရဲ့ နှင်းခဲကိုက်ခဲမှု ကို သုံးလိုက်ရာ သူ့ရဲ့ ဓားရှည်ကြီးက ဂရီးဗ်ဆီကို ဦးတည်ပြီး ဝဲပျံဆင်းလာတဲ့ ဆင်နှာမောင်း ကွေးကွေးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ဓားရှည်ကြီးက မြန်ဆန်ပြင်းထန်တဲ့ အရှိန်နဲ့ မြေကြီးကို ရိုက်ခတ်မိပြီး သစ်တောတစ်ခုလုံးကို နှိုးဆော်လိုက်တဲ့ ငလျင်တစ်ခု မလှုပ်ခတ်မိခင်မှာ ဖုန်မှုန့်တွေနဲ့ မြေကြီးတွေကို ပေါက်ကွဲထွက်သွားစေတယ်။ ငှက်တွေနဲ့ လင်းနို့တွေက ကြောက်လန့်တကြား ပျံသန်းပြေးကြသလို သတ္တဝါအသေးလေးတွေလည်း အုပ်စုလိုက် ထွက်ပြေးကုန်ကြတယ်။

ဓားရှည်ကြီးက မြေကြီးထဲ စိုက်ဝင်နေပေမဲ့ ပစ်မှတ် ပျောက်ဆုံးနေတာကို မြင်လိုက်ရတဲ့အခါ ဖိုးရဲ့ အပြုံးက မှေးမှိန်သွားခဲ့တယ်။

ဂရီးဗ်က လက်အိတ်စွပ်ထားတဲ့ လက်ကို ဓားရှည်ကြီးရဲ့ ဓားသွားပေါ် တင်ထားပြီး တွန်းဖယ်လိုက်သလိုမျိုးနဲ့ လက်မအနည်းငယ်အကွာမှာတင် ရပ်နေတယ်။

"ဂရား" ဖိုးက အော်ဟစ်လိုက်ပြီး သူ့ရဲ့ ဓားကြီးကို ပြန်ဆွဲထုတ်ကာ အရှိန်ယူဖို့ သူ့ပတ်ပတ်လည်ကို လွှဲရမ်းလိုက်ပြီးနောက် ဂရီးဗ်ရဲ့ ခေါင်းကို မြေကြီးထဲ လွင့်စင်သွားအောင် ရိုက်ချလိုက်တယ်။

ဒါပေမဲ့ သူ့ဓားရဲ့ ပြားချပ်နေတဲ့ ဓားသွားက ပျက်စီးသွားတဲ့ မြေစာတွေကလွဲလို့ ဘာကိုမှ မထိမိခဲ့ဘူး။ ဂရီးဗ်က ကံကောင်းထောက်မစွာနဲ့ပဲဓားရဲ့ အကွာအဝေးထက် လက်မအနည်းငယ် ပိုဝေးတဲ့နေရာမှာ ရှိနေခဲ့တယ်။

စိတ်ပျက်သွားတဲ့ ဖိုးက အေးစက်လေးလံဓါးရိုးဟု အော်ဟစ်လိုက်ပြီး သူ့ရဲ့ ဓားရှည်ကြီးကို ဂရီးဗ်ဆီ လွှဲရိုက်လိုက်တယ်။

သူ့ဓားသွားရဲ့ အနားသတ်ကနေ လခြမ်းပုံစံ နှင်းခဲဓားချက်တစ်ခု ထွက်ပေါ်လာပြီး ဝတ်ရုံခြုံထားတဲ့ ဂရီးဗ်ဆီကို ပြေးဝင်သွားခဲ့တယ်။ အဲ့ဒါက ဓားကိုယ်တိုင်ကဲ့သို့ လေးလံလှပြီး သူ့ရဲ့ လွှဲချက်ထက် နှစ်ဆနီးပါး မြန်ဆန်တဲ့ အရှိန်နဲ့ လာနေတာပဲ။

ဒီတစ်ကြိမ်မှာတော့ ဖိုးအနေနဲ့ ဂရီးဗ်က ကျွမ်းကျင်တဲ့ ခြေလှမ်းတွေ၊ အချိန်ကိုက်မှုတွေနဲ့ အဲ့ဒီ ဓားချက်ကနေ သပ်သပ်ရပ်ရပ် ဘယ်လို ရှောင်ထွက်သွားလဲဆိုတာကို မြင်လိုက်ရတယ်။

လခြမ်းပုံစံ နှင်းခဲဓားချက်က မြေကြီးပေါ်က ကျောက်တုံးကုန်းလေးတစ်ခုပေါ်ကို မကျရောက်ခင် သစ်ပင်ငါးပင်ကို ဖြတ်တောက်သွားခဲ့ပြီး အဲ့ဒီနေရာကို အေးခဲနေတဲ့ နှင်းခဲမှော်စွမ်းအင်တွေ စီးဝင်သွားစေတယ်။

"မင်း ဘယ်လို တိုက်ခိုက်လဲဆိုတာ ငါ့ကို ပြစမ်း" ဖိုးက အော်ဟစ်လိုက်ပြီး ဂရီးဗ်ဆီကို လခြမ်းပုံစံ ဓားချက်တွေ ဆက်တိုက် ပစ်လွှတ်လိုက်တယ်။

ဒါပေမဲ့ ဝတ်ရုံခြုံထားတဲ့ လူကတော့ ခြေလှမ်းတွေ သုံးပြီးတင် အဲ့ဒီ အန္တရာယ်ရှိတဲ့ အတားအဆီးတွေကို အသာလေး ရှောင်ကွင်းသွားခဲ့ပြီး နောက်ဆုံး စက္ကန့်ပိုင်းမှာတင် မြင်ကွင်းကနေ ပျောက်ကွယ်သွားကာ ဓားချက် ဖြတ်ပျံသွားတဲ့ အချိန်မှာတင် ပြန်ပေါ်လာခဲ့တယ်။

"မင်းက ငါ့ကို မတိုက်ဘူးဆိုရင်တော့ ငါ ဒီမျောက်လူတွေကိုပဲ တိုက်ရမှာပဲ"

ဖိုးက သစ်ပင်တစ်ပင်နောက်မှာ ပုန်းနေတဲ့ အနီရောင်မျောက်လူစုဆီကို လခြမ်းပုံစံ ဓားချက်တစ်ချက် ပစ်လွှတ်လိုက်တယ်။ အဲ့ဒါက သူတို့ တုံ့ပြန်ဖို့တောင် အချိန်မရနိုင်တဲ့ အရှိန်မျိုးနဲ့ ပြေးဝင်သွားတာပဲ။

သူတို့ ထိမှန်တော့မယ့် အချိန်မှာတင် ဂရီးဗ်က သူတို့ရှေ့မှာ ချက်ချင်း ပေါ်လာပြီး အဲ့ဒီ လခြမ်းပုံစံ ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်ကာ သူ့လက်ကို လွှဲပြီး နှင်းခဲတွေကို ကောင်းကင်ပေါ်ဆီ လွှဲပြောင်းပေးလိုက်တယ်။

"မင်း ငါတို့ရဲ့ ယှဉ်ပြိုင်မှု စည်းကမ်းတွေကို ချိုးဖောက်လိုက်ပြီ" ဂရီးဗ်က စိတ်ပျက်လက်ပျက်နဲ့ ရေရွတ်လိုက်တယ်။ "အဲ့ဒီအတွက် မင်း တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်"

ဂရီးဗ်က သူ့လက်ကို မြှောက်ပြီး မီသရယ် မှော်ဝင်လက်စွပ်ပါတဲ့ လက်အိတ်ကို ပြလိုက်တယ်။ သူ့ရဲ့ နောက်လက်တစ်ဖက်ကို သုံးပြီး ရွှေရောင်လက်စွပ်ကို မချွတ်ခင် ဖြည်းဖြည်းချင်း လှည့်လိုက်တယ်။

"ဟေး၊ မင်း ဘာတွေ လုပ်နေတာလဲ၊ မင်း ငါတို့ တိုက်ပွဲကို အရှုံးပေးလိုက်ပြီလား" ဖိုးက အော်ပြောလိုက်တယ်။

ဂရီးဗ်က ခေါင်းခါလိုက်တယ်။ "မဟုတ်ဘူး၊ ငမိုက်သား။ ငါက မင်း လိုချင်တဲ့အရာကို ပေးရုံသက်သက်ပဲ"

သူက လက်စွပ်ကို လက်ညှိုးကနေ ချွတ်လိုက်တဲ့ အချိန်မှာတင် စိမ်းပြာရောင် အရှိန်အဝါကြီးတစ်ခုက သူ့ရဲ့ ခန္ဓာကိုယ်ဆီကနေ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ့ပတ်ပတ်လည်က ခြုံထားတဲ့ ဝတ်ရုံစတွေကို အစအနမကျန် ပျက်စီးသွားစေတယ်။

ဖိုးက သူ့ရဲ့ ပင်ကိုယ်သိစိတ်အရ ချက်ချင်း နောက်ဆုတ်ဖို့ လှုံ့ဆော်မှုကို ခံစားလိုက်ရတယ်။ ဝတ်ရုံအောက်မှာ ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ပေါ်လာတဲ့အခါ သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ ဒီအချိန်အတောအတွင်း သူ ဘယ်သူနဲ့... ဒါမှမဟုတ် ဘာကောင်နဲ့ တိုက်ခိုက်နေခဲ့လဲဆိုတာကို သူ စပြီး သဘောပေါက်သွားခဲ့တယ်။

"မင်း မြင်တဲ့အတိုင်းပဲ၊ ဒါက သာမန် မီသရယ် မှော်ဝင်ပစ္စည်း မဟုတ်ဘူး။ ဒရာဂွန်ဘွန်းတွေ သုံးတဲ့အရာတွေနဲ့ မတူတာက ငါ့လက်စွပ်က ငါ့ကို မှော်စွမ်းအားတွေ ပေးတာမဟုတ်ဘူး။ တကယ်တော့ အဲ့ဒါက မှော်စွမ်းအားကို ကန့်သတ်ထားတာပဲ"

လက်စွပ်က ဂရီးဗ်ရဲ့ လက်ကနေ ကျွတ်သွားတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ ကြယ်ကိုးပွင့် ကျင့်စဉ် တန်ခိုးအပြည့်အဝက ထိန်းချုပ်မရအောင် ပေါက်ကွဲထွက်လာခဲ့တယ်။ သူ့ခြေဖဝါးအောက်က မြက်ခင်းပြင်ကတော့ လျှံထွက်လာတဲ့ သေခြင်းတရားစွမ်းအင်တွေနဲ့ ထိတွေ့မိပြီး တစ်စက္ကန့်တောင် မပြည့်ခင်မှာတင် ပုပ်သိုးပျက်စီးသွားခဲ့တယ်။

ဖိုးကတော့ သူ့ရှေ့က အရိုးစု စစ်သူကြီးကြီးကို ကြည့်ရင်း တုန်တုန်ရင်ရင်နဲ့ မတ်တပ်ရပ်နေမိတယ်။

ကြောက်ရွံ့မှုက သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေကို စုပ်ယူသွားပြီး သူ့ရဲ့ လက်မောင်းတွေနဲ့ လက်ချောင်းတွေမှာ အားအင်ကုန်ခမ်းမှုကို ခံစားလိုက်ရတာကြောင့် ဓားရှည်ကြီးကို မြေကြီးပေါ်သို့ လွှတ်ချလိုက်မိတယ်။

"ကစားပွဲကတော့ ပြီးသွားပြီ၊ လူငယ်လေး။ မင်းလည်း ငါ့လိုမျိုး ဘဝသစ်တစ်ခု ထပ်ရနိုင်ပါစေလို့ မျှော်လင့်ရုံပဲ"

အဲ့ဒီနောက်မှာတော့ ဖိုးက ကမ္ဘာကြီးတစ်ခုလုံး ဘေးစောင်းဖြစ်သွားတာကို မြင်လိုက်ရတယ်။

သူ ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ ခေါင်းမရှိတော့ဘဲ ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေတဲ့ သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကြီးကို ဘေးနားမှာ မြင်လိုက်ရတယ်။

ဖြည်းဖြည်းချင်းပဲ သူ့ရဲ့ အသိစိတ်တွေက ဘယ်တော့မှ ပြန်မလာတော့မယ့် အမှောင်ထုထဲကို ပျောက်ကွယ်သွားခဲ့တော့တယ်။

* * * * * * * * *

စာစဉ်(၂၂)

အခန်း(၂၅၆)

ရဲတိုက်ကြီးဆီ ပြန်သွားရရင်

ခရစ်ရှန် ဟမ်းမားစတုန်း လို့ အမည်ရတဲ့ လူငယ်တစ်ယောက်ရဲ့ ပေါ်ထွက်လာမှုကြောင့် ညဘက် ပျော်ပွဲရွှင်ပွဲတွေနဲ့ မြူးတူးပျော်ပါး ကခုန်နေကြတာတွေ အားလုံး ရပ်တန့်သွားရတယ်။ သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လူတိုင်းရဲ့ အာရုံစိုက်မှုကို မတရား လုယူလိုက်တာပါပဲ။ ညနက်သန်းခေါင်ကျမှ ရောက်လာတယ်ဆိုတဲ့ အချက်ကတင် သူဟာ မြို့စားမင်းအပေါ် လေးစားမှု သိပ်မရှိဘူးဆိုတာကို ပြနေတာ ဖြစ်တယ်။ သူက နာမည်ကျော် ဟက်ဖေးစတပ်စ် ကုမ္ပဏီကြီးရဲ့ သွေးမျိုးဆက်တစ်ယောက် ဖြစ်နေလို့ ဒါက ဖြစ်သင့်ဖြစ်ထိုက်ပါတယ်လို့ အချို့က ပြောနိုင်ပေမယ့် လူအများစုကတော့ ဒါကို မောက်မာတာလို့ပဲ အလွယ်တိုက် ခေါ်ကြမှာပါ။

"မြို့စားမင်း စတယ်မိန်း... ကျွန်တော့်ထက် ပိုကောင်းတဲ့ ရွေးချယ်စရာတော့ ရှိမှာမဟုတ်ဘူးနော်" လို့ သူက သံမဏိ မော်တော်ကားအနီးကို ချဉ်းကပ်ရင်း ပြောလိုက်တယ်။

"ရီနေးတား ကုမ္ပဏီက မြို့စားမင်းကို ဘာပဲ ကမ်းလှမ်းထားပါစေ... ကျွန်တော့်ကုမ္ပဏီကလည်း အဲဒါမျိုး ထပ်တူထပ်မျှ ပေးနိုင်တယ်ဆိုတာ ကျွန်တော် အသေအချာ အာမခံနိုင်တယ်"

ခရစ်ရှန်က မော်တော်ကားရဲ့ ဘေးတံခါးမှာ ထွင်းထုထားတဲ့ ထူးခြားတဲ့ 'R' ဆိုတဲ့ သင်္ကေတကို သတိပြုမိသွားတယ်။ မြို့စားမင်းက သူ့ဇနီးနဲ့အတူ ဒါကို စီးနင်းလာတာမို့လို့ မျက်နှာသာရဖို့အတွက် မိုက်ကယ်က ပေးလိုက်တဲ့ လက်ဆောင် ဖြစ်မယ်လို့ သူက တွေးလိုက်တာပါ။

"ဒီ... သံထည်ကြီးက သိပ်ပြီးတော့ အသုံးမဝင်လှပါဘူး" လို့ သူက ရဲရဲဝံ့ဝံ့ပဲ ပြောလိုက်တယ်။

"ဒီလို သံရထားလုံးကြီးကို ဆွဲဖို့ဆိုရင် မြင်းလေးကောင်လောက် လိုမှာလေ။ ဒါကပဲ ကျွန်တော်တို့ ဟမ်းမားစတုန်း ကုမ္ပဏီဟာ ဒီမြို့မှာရှိတဲ့ ဘယ်လူငယ်ကုမ္ပဏီထက်မဆို အများကြီး ပိုပြီး အမြော်အမြင်ရှိတယ်ဆိုတာကို ပြနေတာ ဖြစ်တယ်။ နောက်ဆုံးတော့လည်း ကျွန်တော့်မှာ အားကိုးစရာ မိသားစုရဲ့ အတွေ့အကြုံတွေ ရှိနေတာပဲ။ ကျွန်တော့်ဘက်က ရပ်တည်ပေးတာက အောင်မြင်ဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းပဲပေါ့"

သို့သော်လည်း မြို့စားမင်းကတော့ သဘောကျပုံမပေါ်သလို သူ့ပတ်ဝန်းကျင်က ဧည့်သည်တွေကလည်း ထို့အတူပါပဲ။ မော်တော်ကားရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ပြီးတဲ့နောက်မှာတော့ ခရစ်ရှန်ရဲ့ စကားတွေက ဘာမှတန်ဖိုးမရှိဘူးဆိုတာကို သူတို့ အားလုံး သိနေကြလို့ပါပဲ။

"မင်း ဘာမှမသိပါဘူး ခရစ်ရဲ့"

"ခရစ်ရှန်ပါ" လို့ လူငယ်က ချက်ချင်း ပြန်ပြင်ပေးတယ်။

"မင်း ကလေးဘဝတုန်းက သိပ်လိမ္မာတဲ့ ကောင်လေးပါ" လို့ မြို့စားမင်းက အတိတ်ကို သတိရတသတနဲ့ ပြောလိုက်တယ်။

"မင်းအဖေက ကုမ္ပဏီတစ်ခု တည်ထောင်ဖို့အတွက် မင်းကို မှန်ကန်တဲ့ လမ်းစဉ်တွေ ပြသပေးခဲ့တာ။ အခုတော့ မင်း ဘာဖြစ်လို့ ဒီလောက်တောင် အဝိဇ္ဇာဖုံးပြီး လူရာမဝင် ဖြစ်သွားရတာလဲ"

ခရစ်ရှန်က မြို့စားမင်းရဲ့ ဆုံးမစကားတွေကို ဆက်မကြားချင်တော့တာမို့လို့ မျက်နှာလွှဲလိုက်ပြီး နှုတ်ခမ်းကို မရိုမသေ စူလိုက်တယ်။

"အခွင့်အလမ်းကြောင့် အခုလို ဖြစ်သွားတာဗျ" လို့ ခရစ်ရှန်က အသံဗြဲကြီးနဲ့ အော်ပြောလိုက်တယ်။

"အခုအချိန်မှာ ကျွန်တော့်ရဲ့ မောင်နှမတွေ၊ ဝမ်းကွဲတွေနဲ့ သူငယ်ချင်းတွေအားလုံးက ပြိုင်ပွဲထဲမှာ ပါဝင်နေကြတာ။ အဲဒီလိုလူတွေတောင်မှ ဈေးကွက်ကို တကယ်ချုပ်ကိုင်ထားတဲ့ ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ရင် လုံးဝ အဆင့်မရှိကြသေးဘူး"

သူက မြို့စားမင်းနဲ့ လူတိုင်းကို လက်ညှိုးထိုးပြလိုက်တယ်။

"ဒါက သတိပေးချက်ပဲ။ ငါးမန်းတွေ လာနေပြီ။ ပြီးတော့ သူတို့က ရေထဲက သွေးညှီနံ့ကို ရသွားကြပြီ။ သူတို့တွေ ကွင်းစ်နယ်မြေရဲ့ မြက်ခင်းပြင်တွေဆီ ကူးခတ်လာပြီး ခင်ဗျားတို့ တံခါးကို လာခေါက်ဖို့ သိပ်မကြာတော့ဘူး။

ဘတ်ချ်ရောခ့်မြို့က အော့စဘုန်း လက်အောက်ခံ ကုမ္ပဏီတစ်ခုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပြီဆိုတာ ခင်ဗျားတို့ မသိကြဘူးလား။ သူတို့တွေ လွတ်လပ်ခွင့်အတွက် အသည်းအသန် တိုက်ပွဲဝင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ရှုံးနိမ့်သွားခဲ့ရတယ်လို့ ကျွန်တော် ကြားတယ်"

ဒီလို မမျှော်လင့်ထားတဲ့ သတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ မြို့စားမင်းက လန့်ဖျပ်သွားပြီး ကျန်တဲ့ ဧည့်သည်တွေလည်း အံ့ဩတုန်လှုပ်သွားကြတယ်။ ဒါက သူတို့ရဲ့ ယုံကြည်မှုတစ်ခုလုံး ချက်ချင်း ပြိုလဲပျက်စီးသွားသလိုမျိုး ဖြစ်သွားစေပြီး လာလတ္တံ့သော အနာဂတ်အတွက် စိတ်မသက်မသာနဲ့ မရေမရာ ဖြစ်သွားစေတယ်။

"အဲဒါက ဒီနားတင်တင်လေးတင် ရှိသေးတာပဲ" လို့ ဧည့်သည်တစ်ယောက်က တိုးတိုးကလေး ညည်းတွားလိုက်ပေမယ့် သူ့အသံကို လူတိုင်း ကြားလိုက်ရတယ်။

"သူတို့တောင် သိမ်းပိုက်ခံရတယ်ဆိုရင် ကျွန်တော်တို့ကော ဘာဖြစ်မလဲ..."

"ဒါက စီးပွားရေးအတွက်တော့ မကောင်းဘူး"

ဒါက သူတို့အားလုံး တွေးတောလို့ ရနိုင်တဲ့ တစ်ခုတည်းသော ကောက်ချက်ပဲ ဖြစ်တယ်။ အခုအချိန်မှာ ဘတ်ချ်ရောခ့်မြို့မှာ ဘာတွေ ဖြစ်ပျက်နေမလဲဆိုတာ မှန်းဆရတာ မခက်ပါဘူး။ ဒေသခံစီးပွားရေးလုပ်ငန်းတွေ ချက်ချင်းပဲ ရုန်းကန်ကြရတော့မှာပါ။ အကောင်းဆုံးအခြေအနေဆိုရင် တရားလွန်များပြားတဲ့ အခွန်အခတွေကို ပေးဆောင်ကြရလိမ့်မယ်။ အဆိုးဆုံးဆိုရင်တော့ သူတို့ရဲ့ အုပ်ချုပ်စိုးမိုးမှုကို ခြိမ်းခြောက်လာမှာ စိုးရိမ်တဲ့အတွက် မြို့ထဲကနေ မောင်းထုတ်ခံရမှာ ဖြစ်တယ်။

တစ်ဖက်မှာလည်း အကျပ်အတည်း ကာလအတွင်းမှာ အုပ်ချုပ်သူ ကုမ္ပဏီက သာမန်အရပ်သားတွေကို သူတို့ကိုယ်တိုင် မလိုလားတဲ့ စစ်ပွဲတွေမှာ ဝင်တိုက်ဖို့အတွက် စစ်သားအဖြစ် အဓမ္မ ပြောင်းလဲပိုင်ခွင့် အာဏာ ရှိနေတယ်။

အရင်က ထိုနယ်မြေကို တာဝန်ယူခဲ့ရတဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ ကံကြမ္မာကတော့ များသောအားဖြင့် ရင်နင့်စရာ ကောင်းတဲ့ အဆုံးသတ်နဲ့ပဲ နိဂုံးချုပ်လေ့ ရှိတယ်။

မြို့စားမင်း စတယ်မိန်းအနေနဲ့ တည်ငြိမ်တဲ့ မျက်နှာထားကို ထိန်းသိမ်းထားဖို့ ကြိုးစားနေပေမယ့်လည်း သူ့ရင်ထဲမှာ ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေကတော့ သူ့ရဲ့ မျက်နှာအမူအရာကနေတစ်ဆင့် အထင်းသား ပေါ်ထွက်နေခဲ့တယ်။ သူက မော်တော်ကားပေါ်ကနေ ဆင်းလာပြီး တည်ကြည်တဲ့ မျက်နှာထားနဲ့ ခရစ်ရှန်ကို ရင်ဆိုင်လိုက်တယ်။

"မင်း ဒါကို သေချာလို့ ပြောတာလား။ ဘယ်ကနေ ကြားခဲ့တာလဲ"

"ကျွန်တော့် မျက်စိနဲ့တပ်အပ် မြင်ခဲ့တာ" လို့ ခရစ်ရှန်က ပြန်ဖြေတယ်။

"ဒါက ကျွန်တော် နောက်ကျရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ။ မြို့တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေရတဲ့ အကြောင်းရင်းကို သိအောင် ကျွန်တော် ဝင်ကြည့်ခဲ့ရသေးတယ်"

မြို့စားမင်းက စိတ်ထဲမှာ အတွေးပေါင်းစုံ စီးဆင်းနေတာမို့လို့ ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်။ သူ့ဇနီးက သူ့လက်ကို လာကိုင်ပြီး နှစ်သိမ့်ဖို့ ကြိုးစားတာကိုတောင် သူက ငြင်းပယ်လိုက်တဲ့အတွက် သူ့ကို ဘယ်သူမှ စိတ်အေးအောင် မလုပ်နိုင်ကြတော့ပါဘူး။

"ဒါကြောင့်မို့လို့ ခင်ဗျား ကျွန်တော့်ကို လိုအပ်တာပေါ့" လို့ ခရစ်ရှန်က အသည်းအသန် တောင်းဆိုလိုက်တယ်။

"ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတစ်ခုရဲ့ လက်အောက်ခံ ကုမ္ပဏီကို မောင်းထုတ်နိုင်တာဆိုလို့ အလားတူ အင်အားတောင့်တင်းတဲ့ ကုမ္ပဏီကြီးတစ်ခုက ဆင်းသက်လာတဲ့ အခြားလက်အောက်ခံ ကုမ္ပဏီတစ်ခုပဲ ရှိတယ်။ အဲဒါ ကျွန်တော်ပဲ။ အဲဒီ အော့စဘုန်း လက်အောက်ခံ ကုမ္ပဏီကို တိုက်ထုတ်နိုင်မယ့် တစ်ဦးတည်းသောလူက ကျွန်တော်ပဲ ဖြစ်တယ်"

မြို့စားမင်းဟာ ဒီကောင်လေးရဲ့ ကမ်းလှမ်းချက်ကို အလေးအနက် တွေးတောနေတယ်ဆိုတာ သူ့မျက်လုံးတွေကို ကြည့်ရုံနဲ့ သိသာနေတယ်။ ဟက်ဖေးစတပ်စ် ကုမ္ပဏီရဲ့ ကျောထောက်နောက်ခံကို ရရှိထားခြင်းက အကယ်၍ အော့စဘုန်း လက်အောက်ခံ ကုမ္ပဏီဟာ ဘတ်ချ်ရောခ့်ထက် ပိုပြီး နယ်မြေချဲ့ထွင်လာခဲ့မယ်ဆိုရင် မြို့အတွက် ဘေးကင်းလုံခြုံတဲ့ ကွန်ရက်တစ်ခု ဖြစ်လာစေမှာပါ။

မကြာမီ ဖြစ်ပွားတော့မယ့် ကုမ္ပဏီခွဲများအကြား နယ်မြေလုစစ်ပွဲရဲ့ အငွေ့အသက်ကြီးက ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်းရဲ့ စိတ်ထဲမှာ မကောင်းတဲ့ နိမိတ်ဆိုးတစ်ခုလို ဖုံးလွှမ်းသွားစေတယ်။

သူတို့ထဲက အချို့ဆိုရင် အနာဂတ်မှာ ဘေးကင်းလုံခြုံမှု ရရှိစေဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီတွေကို ဟမ်းမားစတုန်းဆီမှာ လာရောက် ပူးပေါင်းဖို့အထိ တောင် တွေးတောနေကြပြီ ဖြစ်တယ်။ ဒါက တကယ်တော့ လိမ္မာပါးနပ်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ သူတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော ရွေးချယ်မှုလည်း ဖြစ်တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ မြို့စားမင်းက ရဲတိုက်ကွင်းပြင်အလယ်မှာ ရပ်နေတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးကို ကြည့်ပြီး ဒီပြဿနာအတွက် အခြားဖြေရှင်းနည်းတစ်ခု ရှိသေးတယ်ဆိုတာကို သတိရသွားတယ်။ အဲဒီနည်းလမ်းက လူငယ်လေးတစ်ယောက်ဆီကို သူ့ရဲ့ အာဏာဇာတ်ကြိုးကို လွှဲပြောင်းပေးအပ်ဖို့ မလိုတဲ့ နည်းလမ်းမျိုးပါပဲ။

"ဘာဖြစ်လို့ မင်း ဖြစ်ရမှာလဲ" လို့ မြို့စားမင်း စတယ်မိန်းက ခရစ်ရှန်ကို မေးလိုက်တယ်။

"ငါ ရီနေးတား ကုမ္ပဏီဆီကနေ အကူအညီ တောင်းရင်ကော မရဘူးလား"

ခရစ်ရှန်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်တယ်။ ပြီးတော့ သူ့ရဲ့ ကိုယ်ရံတော်ကို မြို့စားမင်းအနားကို ချဉ်းကပ်ဖို့ အချက်ပြလိုက်တယ်။

"မြို့စားမင်းကို ဒြပ်စင် အမြုတေတွေ ပြလိုက်စမ်း" လို့ ခရစ်ရှန်က အမိန့်ပေးလိုက်တယ်။

လျှို့ဝှက်အမည် ဝမ်း လို့ ခေါ်တဲ့ ကိုယ်ရံတော်က နာခံမှုရှိရှိ ချဉ်းကပ်လာပြီး သူ့အိတ်ကပ်ထဲကနေ ကျောက်မျက်ရတနာ လေးခုကို ထုတ်ယူလိုက်တယ်။ တစ်ခုချင်းစီက ပဲစေ့အကြီးစားလောက် ရှိပြီး လမင်းကြီးလိုမျိုး ဖြူဖွေးတောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်နေတယ်။

ဒီ အနားသတ်မညီတဲ့ ကျောက်တုံးတွေက စည်းချက်ကျကျနဲ့ တစ်စက္ကန့်လျှင် တစ်ကြိမ်စီ မှိန်လိုက်၊ လင်းလိုက် ဖြစ်နေကြတယ်။

"ဒီညမှာ ကျွန်တော် ဟက်ဖေးစတပ်စ် လေ့ကျင့်ရေးအကယ်ဒမီကနေ တိုက်ရိုက် လက်ရွေးစင် ရွေးချယ်ထားတဲ့ အထူးစစ်သည်တော် လေးယောက်ကို စေလွှတ်ခဲ့တယ်။ သူတို့ကို ရီနေးတား ကုမ္ပဏီရဲ့ အတော်ဆုံး တိုက်ခိုက်ရေးသမားတွေဖြစ်တဲ့ ဒရာဂွန်ဘွန်းတွေဆီ လိုက်ရှာဖို့ စေလွှတ်ခဲ့တာ" လို့ ခရစ်ရှန်က ရှင်းပြတယ်။

"ပြီးတော့ ဒီ ဒြပ်စင် အမြုတေတွေက အဲဒီ စစ်သည်တော်လေးယောက်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာ ဖြစ်တယ်။ အခုအချိန်မှာ ဒီကျောက်တုံးတွေ လင်းထိန်နေတာက သူတို့တွေ လုံးဝ နိုးကြားတက်ကြွနေဆဲဆိုတာကို ပြနေတာပဲ။

အခုလောက်ဆိုရင် သူတို့တွေက ပစ်မှတ်တွေနဲ့ ဆုံတွေ့ပြီးလောက်ပြီဖြစ်ပြီး အဆင့်မြင့်စွမ်းရည်တွေ၊ တန်ခိုးတွေနဲ့ တိုက်ခိုက်နေကြပြီ ဖြစ်လိမ့်မယ်။

ဖယောင်းတိုင် သုံးတိုင်စာလောက် ကုန်ဆုံးသွားတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ အထူးစစ်သည်တော်တွေက သူတို့ရဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ပြီး ပြန်လာကြလိမ့်မယ်။ ပြီးတော့ ရီနေးတားရဲ့ ဒရာဂွန်ဘွန်းတွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီဆိုတဲ့ သတင်းကို ယူဆောင်လာပေးကြလိမ့်မယ်"

မြို့စားမင်းက မိုက်ကယ်ကို စိုးရိမ်တကြီးနဲ့ လှည့်ကြည့်လိုက်တယ်။ အကယ်၍ အဲဒီစစ်သည်တော်တွေက ဟက်ဖေးစတပ်စ် လေ့ကျင့်ရေးအကယ်ဒမီကနေ တကယ် ရွေးချယ်ခံထားရတာဆိုရင် သူတို့ရဲ့ စွမ်းရည်အဆင့်အတန်းက ကမ္ဘာ့အဆင့်ထက် မနိမ့်နိုင်ပါဘူး။

သို့သော်လည်း မိုက်ကယ်ကတော့ ထိတ်လန့်တုန်လှုပ်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းမရှိဘဲ တည်ငြိမ်တဲ့ အမူအရာကိုသာ ပြသထားခဲ့တယ်။

မိုက်ကယ်က ဝမ်းနဲ့ ခရစ်ရှန်ကို ကြည့်လိုက်တယ်။

"မင်းတို့ အဲဒါကို သေချာလို့လား" လို့ သူက မေးလိုက်တယ်။

ကွက်တိပါပဲ၊ ဝမ်းက သူ့လက်ဖဝါးထဲက ဒြပ်စင် အမြုတေတွေက ပြင်းထန်စွာ တုန်ခါလာပြီး လက်ထဲကနေ လျှောကျလုနီးပါး ဖြစ်လာတာကို ခံစားလိုက်ရတယ်။

ထို့နောက်တွင် ဒြပ်စင် အမြုတေတစ်ခုက အလင်းရောင် လုံးဝမရှိတော့ဘဲ တစ်ခုလုံး မည်းမှောင်သွားခဲ့တယ်။ ဒါက သာမန် သလင်းကျောက်တုံးတစ်ခုလိုပဲ မြင်တွေ့ရတော့တာ ဖြစ်တယ်။

ဝမ်းရဲ့ မျက်လုံးထဲမှာ အံ့ဩတုန်လှုပ်မှုတွေ ပြည့်နှက်သွားပြီး ခရစ်ရှန်ကတော့ ပိုလို့တောင် ဆိုးပါသေးတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ဒုတိယမြောက် ကျောက်တုံးကလည်း အလားတူ မှေးမှိန်သွားခဲ့ပြန်တယ်။ ပြီးတော့ ခဏအကြာမှာပဲ တတိယမြောက် ကျောက်တုံးရဲ့ အလင်းရောင်ကလည်း ချက်ချင်းပဲ ငြိမ်းသတ်ခြင်း ခံလိုက်ရတယ်။

"ဘာတွေ ဖြစ်ပျက်နေတာလဲ" လို့ ခရစ်ရှန်က ဝမ်းကို အော်ဟစ်မေးမြန်းလိုက်တယ်။

သူတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကတော့ ဝမ်းရဲ့ လက်ဖဝါးထဲမှာ လုံးဝ မလှုပ်မယှက်ဘဲ ကျန်ရှိနေတဲ့ နောက်ဆုံး ဒြပ်စင် အမြုတေလေးပဲ ဖြစ်တယ်။

သို့သော်လည်း တစ်စက္ကန့်အကြာမှာတော့ ထိုကျောက်တုံးက အပိုင်းအစပေါင်း ထောင်ချီအဖြစ် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားခဲ့ပြီး သူ့လက်တစ်ပြင်လုံးမှာ ကျောက်မှုန့်အကြွင်းအကျန်တွေသာ တင်ကျန်ရစ်ပါတော့တယ်။

* * * * * * * * *

All Chapters