← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 22 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 22 Ch. 259-260

အခန်း(၂၅၉)

အထက်ဆီက မီးတောက်တွေ တဖြောက်ဖြောက် မြည်နေတဲ့ အသံကလွဲရင် တစ်ညလုံး တိတ်ဆိတ်ငြိမ်သက်လို့ နေတယ်။ ရေခဲမီးတောက်နဂါး နှစ်ကောင်က လေထဲမှာ ဝဲပျံရင်း အောက်က ရဲတိုက်ဝင်းကြီးကို ငုံ့ကြည့်နေကြတယ်။ ဒါက သာမန်လူတွေရော မှော်ပညာရှင်တွေပါ နားမလည်နိုင်တဲ့ မြင်ကွင်းမျိုးပဲ။ မှော်စွမ်းအား ရဲ့ ရှုပ်ထွေးနက်နဲမှုတွေကို သေချာနားမလည်တဲ့သူတွေတောင် မန္တန် ဆိုတာ သူ့ကို အသက်သွင်းတဲ့သူနဲ့ ဒွန်တွဲနေတယ်ဆိုတာ သိကြတယ်။ ကိုယ်လက်အင်္ဂါ နောက်တစ်ခုလိုမျိုး ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာ။

ဒါပေမဲ့ အခုတော့ အဲဒီလူရဲ့ မျက်စိအောက်တင် မိုက်ကယ်က နဂါးကို လုယူထိန်းချုပ်လိုက်တာကို သူတို့ မြင်လိုက်ရတယ်။ နဂါးက မူလအသက်သွင်းသူနဲ့ လုံးဝ မသက်ဆိုင်ခဲ့သလိုမျိုး မိုက်ကယ်ခိုင်းတဲ့အတိုင်း လုပ်ဆောင်နေတာ။ ဒါ ဘယ်လောက်အထိ အဓိပ္ပာယ်မရှိလဲဆိုတာကို ကြယ်ခုနစ်ပွင့် မှော်မျှော်စင်သခင် ထရက်ကီးယပ်စ် ထက် ပိုသိတဲ့သူ မရှိဘူး။

မိုက်ကယ်ရဲ့ မှော်စွမ်းအား ပါရမီနဲ့ပတ်သက်ပြီး ဆီဘက်စတီယန် ပြောခဲ့တဲ့ စကားတွေက ထရက်ကီးယပ်စ်ရဲ့ ခေါင်းထဲ ပြန်ပေါ်လာတယ်။ အခု မြင်လိုက်ရတဲ့အရာနဲ့ ယှဉ်ရင် မိုက်ကယ်ရဲ့ အရည်အချင်းကို အမွှန်းတင်ထားတဲ့ အဲဒီစကားတွေက ပိုပြောတာ မဟုတ်တော့ဘူး။ တကယ်တော့ မိုက်ကယ် ဒီလောက် အလွယ်တကူ လုပ်ပြသွားတဲ့ အတတ်ပညာမျိုး ရဖို့ဆိုရင် ပါရမီရှင် ဆိုတဲ့ စကားလုံးနဲ့တောင် မလုံလောက်တော့ဘူး။

“ဘယ်လို... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

အဲဒီလူက ပါးစပ်ကနေ သွေးတွေ စီးကျရင်း တိုးတိုးလေး ရေရွတ်တယ်။

မိုက်ကယ်က နဂါးနှစ်ကောင်ကို ခြေဖဝါးအောက်မှာ ထားပြီး ဖြည်းဖြည်းချင်း လေထဲကနေ ဆင်းလာတယ်။

“မင်းက မင်းရဲ့ မှော်စွမ်းအင် ကို သေသေချာချာ မသုံးတတ်ဘူး”

သူက အဲဒီလူကို ပြောလိုက်တယ်။

“ငါက သုံးတတ်တယ်၊ ဒါကြောင့် ငါ ယူလိုက်တာ”

သူ့ရဲ့ အဆင့်မြင့်စွမ်းရည် က သူ့ကို မှော်စွမ်းအင် အပေါ်မှာ အကြွင်းမဲ့ စိုးမိုးနိုင်စွမ်း ပေးထားတာ။ သူ့ရဲ့ မှော်စွမ်းအင် တင်မကဘဲ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကိုပါ စိုးမိုးနိုင်တာ ဖြစ်တယ်။ မှော်မန္တန်တစ်ခုရဲ့ ပိုင်ဆိုင်မှုကို လွှဲပြောင်းယူရတာက သူ့အတွက် အသက်ရှူရသလိုပဲ လွယ်ကူလွန်းတယ်။

ရှုံးနိမ့်ခြင်းရဲ့ စိတ်ပျက်အားငယ်မှုတွေ တစ်ကိုယ်လုံးကို ဝါးမြိုသွားတာကို ခံစားရင်း အဲဒီလူက သွားကို ကြိတ်လိုက်တယ်။

သူ ကူကယ်ရာမဲ့စိတ်နဲ့ ဓားရိုးကနေ ဓားကို ဆွဲထုတ်ပြီး ကျောက်ဆောင်အချွန်တစ်ခုပေါ် ထုချပစ်လိုက်ရာ မီသရယ် မှော်ဝင်ပစ္စည်း က လွတ်ထွက်ပြီး လိမ့်သွားကာ သူ့ခေါင်းနားလေးတင် ရပ်သွားတယ်။

တုန်ရင်နေတဲ့ လက်တွေနဲ့ အဲဒီလူက အေးစက်ပြီး အပြာရောင်တောက်နေတဲ့ မီသရယ် မှော်ဝင်ပစ္စည်း ကို ကောက်ယူပြီး ပါးစပ်ထဲ အတင်းထည့်ကာ တစ်လုပ်တည်း မျိုချပစ်လိုက်တယ်။

“မင်း ဘာလုပ်နေတာလဲ”

ထရက်ကီးယပ်စ်က သူ့ကို အော်ပြောတယ်။ သူ လုပ်လိုက်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ။

ဒါပေမဲ့ အဲဒီလူအတွက်တော့ ရှုံးနိမ့်ခြင်းက သေဆုံးခြင်းနဲ့ အတူတူပဲ ဖြစ်နေပြီ။

မိုက်ကယ်နဲ့ တိုက်ခိုက်ရတာက သူ့ရဲ့ တန်ခိုး တွေအားလုံး သုံးရင်တောင် မကျော်ဖြတ်နိုင်တဲ့ မြင့်မားလှတဲ့ တံတိုင်းကြီးတစ်ခုကို ရင်ဆိုင်နေရသလို ခံစားရစေတယ်။ တစ်ကြိမ်ပဲ မြင်ဖူးတဲ့ မှော်မန္တန်တွေကို လိုက်လုပ်ပြတာ၊ သူတပါးရဲ့ မှော်မန္တန်တွေကို လုယူထိန်းချုပ်တာတွေက မိုက်ကယ်ရဲ့ မှော်စွမ်းအား အရည်အချင်းဟာ မတရားတဲ့ စွမ်းအားတစ်ခုလို ဖြစ်နေတယ်။

ဒါကြောင့် မိုက်ကယ်ကို အနိုင်ယူဖို့ဆိုရင် အဲဒီလူအနေနဲ့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းကို သုံးရတော့မယ်။

“အား”

မီသရယ် မှော်ဝင်ပစ္စည်း က သူ့တစ်ကိုယ်လုံးကို ဖျက်ဆီးလာတာကြောင့် သူ အော်ဟစ်လိုက်တယ်။ အဲဒီကျောက်ခဲထဲမှာ ရှိတဲ့ စွမ်းအားပမာဏက လူသားတစ်ယောက် ဝါးမြိုဖို့ မဟုတ်တာကြောင့် အတွင်းပိုင်းကနေ အစအဆုံး အစိမ်းလိုက် ဖျက်ဆီးပစ်လိမ့်မယ်။

သူ့ရဲ့ အရေပြားတွေ စုတ်ပြဲလာပြီး အတွင်းထဲကနေ တောက်ပတဲ့ အပြာရောင်အလင်းတွေ ထွက်လာတယ်။ ဒါက မီသရယ် မှော်ဝင်ပစ္စည်း က သူ့ရဲ့ ကလီစာတွေထဲမှာ စွမ်းအားအားလုံးကို ထုတ်လွှတ်နေတဲ့ သက်သေပဲ။

သူ ခံစားနေရတဲ့ နာကျင်မှုက စာဖွဲ့လို့ မရအောင် ဆိုးဝါးလှပြီး သေရတာထက်တောင် ပိုဆိုးတယ်။

ဒါပေမဲ့ ခဏတာအတွင်းမှာပဲ သူ့ရဲ့ သွေးကြောတွေထဲမှာ မကြုံစဖူး စွမ်းအားတွေ စီးဆင်းလာတာကို သူ ခံစားလိုက်ရတယ်။ သူ့ရဲ့ စွမ်းအင်ပင်လယ် ထဲမှာ အလင်းစက်အသစ် နှစ်ခု ပေါ်လာပြီး သူ့ရဲ့ ကျင့်စဉ်က ကြယ်ငါးပွင့် တန်ခိုး ကနေ ကြယ်ခုနစ်ပွင့်အဆင့်အထိ ထိုးတက်သွားတယ်။

“ဟား... ဟားဟား... ဟားဟားဟား”

သူက ညဉ့်နက် ထဲမှာ ဟိန်းထွက်သွားတဲ့ အသံဩကြီးနဲ့ အော်ရယ်တော့တယ်။

မိုက်ကယ်က အဲဒီလူရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး သူ့ရဲ့ အမြုတေတွေထဲက မှော်စွမ်းအင်တွေ ရူးသွပ်ကုန်တာကို မြင်လိုက်ရတယ်။ အဲဒါက မီသရယ် မှော်ဝင်ပစ္စည်း ဆီကနေ စီးဝင်လာတဲ့ စွမ်းအားတွေကို ခုခံပြီး သူ့အပိုင်ဖြစ်အောင် ထိန်းချုပ်ဖို့ ကြိုးစားနေတာ။ ဒါပေမဲ့ အဲဒီစွမ်းအားက ပြင်းထန်လွန်းတာကြောင့် နောက်ဆုံးမှာ သူ့ရဲ့ မှော်စွမ်းအင် အမြုတေတွေထဲမှာ အက်ကြောင်းတွေ ထင်လာစေတယ်။

သို့သော် အဲဒီလူက ဒါကို ဂရုစိုက်ပုံမရဘူး။ သူက လေထဲမှာ မတ်တတ်ရပ် အနေအထား ဖြစ်အောင် ပျံတက်လိုက်ပြီး ညကောင်းကင်ကြီးကို ရင်ဆိုင်လိုက်တယ်။

“တန်ခိုး... ငါ့မှာ အကန့်အသတ်မရှိတဲ့ တန်ခိုး တွေ ရှိပြီ”

သူက လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ရင်း အော်ဟစ်လိုက်တယ်။

သူ့လက်က အက်ကြောင်းတွေထဲကနေ နှင်းခဲတန်းတစ်ခု ပန်းထွက်သွားပြီး ရဲတိုက်မကြီးရဲ့ နံရံတွေနဲ့ မြင့်မားတဲ့ မျှော်စင်အထွတ်ကို ထိမှန်သွားတယ်။

ပြင်းထန်လှတဲ့ အရှိန်အဝါက ရဲတိုက်အမိုး အတော်များများကို ရေခဲအဖြစ် ပြောင်းလဲပစ်လိုက်ပြီးနောက် ရေခဲမှုန်ပေါင်းသန်းချီအဖြစ် ပေါက်ကွဲထွက်သွားကာ အောက်က အတွင်းပိုင်းတွေကို ပေါ်လာစေတယ်။ ရဲတိုက်ထဲက ကံမကောင်းတဲ့ ဧည့်သည်အချို့ကတော့ ဒီပျက်စီးမှုရဲ့ သားကောင်ဖြစ်သွားပြီး ပြိုကျလာတဲ့ ရေခဲအပျက်အစီးတွေအောက်မှာ ပိကုန်ကြတယ်။

မိုက်ကယ်က အဲဒီလူ သူ့စွမ်းအားကို မထိန်းချုပ်နိုင်တော့တာ သိလိုက်တယ်။

ဒီထက်ပိုပြီး လွှတ်ထားရင် ရဲတိုက်တစ်ခုလုံး ပျက်စီးသွားပြီး အထဲမှာရှိတဲ့ လူတွေအားလုံး ထိခိုက်ကုန်လိမ့်မယ်။

“စွမ်းအားကို စွန့်လွှတ်လိုက်၊ မဟုတ်ရင် မင်းအတွက် ကောင်းကောင်းမွန်မွန် အပြီးသတ်မှာ မဟုတ်ဘူး”

မိုက်ကယ်က သတိပေးလိုက်တယ်။

အဲဒီလူက သန့်စင်တဲ့ အပြာရောင်အလင်းတွေ တောက်နေတဲ့ မျက်လုံးတွေနဲ့ မိုက်ကယ်ကို ကြည့်ပြီး အက်ကွဲနေတဲ့ သူ့ခေါင်းကို စောင်းလိုက်တယ်။

“မင်းကလား၊ ငါ့ကို ကြည့်စမ်း၊ ငါ့မှာ အကန့်အသတ်မရှိတဲ့ စွမ်းအားရှိတယ်။ မင်း ငါ့ကို မထိန်းချုပ်နိုင်ဘူး”

မိုက်ကယ်က သူ့ရဲ့ ညာဘက်လက်သီးကို မြှောက်လိုက်ပြီး ပြောတယ်။

“မင်း တစ်ချက်ကလေး လှုပ်တာနဲ့ ငါ ပစ်မှာ”

သူ့ရဲ့ လက်မကို ထောင်ပြီး လက်ညှိုးကိုတော့ စတုန်းကိုးလ် အဲဒီလူဆီ တည့်တည့် ချိန်ထားတယ်။

သူက ရိုးရိုးရှင်းရှင်း လက်ညှိုးသေနတ် ပုံစံ လုပ်ထားတာဖြစ်ပြီး ရူးသွပ်နေတဲ့ အဲဒီလူအတွက်တော့ ဒါက ခြိမ်းခြောက်မှုတစ်ခုလို့ မထင်ရဘူး။

“ပြီးတော့ အဲဒါနဲ့ မင်းက ဘာလုပ်မှာလဲ”

သူက လှောင်ပြုံး ပြုံးတယ်။

သူက ကြယ်ခုနစ်ပွင့် ကျင့်စဉ်ရဲ့ အထွတ်အထိပ် ရောက်နေတာ။ အရင်ကထက် နှစ်ဆနီးပါး ပိုမြန်လာတယ်။ မီသရယ် မှော်ဝင်ပစ္စည်း ဆီကရတဲ့ စွမ်းအားနဲ့ဆိုရင် အဲဒီနဂါးနှစ်ကောင်တောင် သူ့ခြေဖဝါးအောက်မှာ ဝပ်တွားရလိမ့်မယ်။

စွမ်းအားတွေက သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးနေပေမယ့် မိုက်ကယ်ရဲ့ မှော်စွမ်းအား မန္တန်တွေမှာ ပင်ကိုယ်အားနည်းချက် ရှိနေသေးတယ်ဆိုတာ အဲဒီလူ သိနေတယ်။ အဲဒါက နှေးတာပဲ။

ကိုယ်ခံပညာရပ်မန္တန် တွေနဲ့ ယှဉ်ရင် မှော်စွမ်းအား မန္တန်တွေက ပစ်လွှတ်ဖို့ရော ပန်းတိုင်ကို ရောက်ဖို့ပါ နှေးတာကြောင့် မိုက်ကယ် မန္တန် မရွတ်ခင် သူ လွတ်အောင် ရှောင်နိုင်လိမ့်မယ်။

အဲဒီလူက ပြုံးလိုက်ပြီး သူ့ခြေထောက်မှာ နှင်းခဲတွေ ဖြစ်ပေါ်လာကာ မိုက်ကယ်ရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားဖို့ အဆင့်မြှင့်ထားတဲ့ ရေခဲအရှိန်နှုန်းခြေလှမ်း မန္တန်ကို သုံးလိုက်တယ်။

ဒါပေမဲ့ သူ လှုပ်ရှားလိုက်တာနဲ့ ချက်ချင်းပဲ တောက်ပတဲ့ အလင်းတန်းတစ်ခုက သူ့မျက်စိကို ကွယ်သွားစေတယ်။

ခဏအကြာမှာ သူ့အမြင်အာရုံ ပြန်ပွင့်လာပြီး အရာအားလုံးက ပုံမှန်အတိုင်းပဲ ရှိနေသေးတယ်။ သို့သော် သူ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ ဝတ်ရုံမှာ သေးငယ်တဲ့ အပေါက်တစ်ပေါက် ရှိနေတာကို မြင်လိုက်ရတယ်။ ဒါက သတိတောင် မထားမိနိုင်တဲ့ အပေါက်ကလေးပဲ။

ဒါပေမဲ့ တစ်စက္ကန့်အကြာမှာ သွေးတွေက ပိတ်စပေါ် ပျံ့နှံ့လာပြီး သူ့ရင်ဘတ်မှာ ကျောဘက်အထိ ပေါက်ထွက်သွားတဲ့ သေးငယ်တဲ့ စက်ဝိုင်းပုံ ဒဏ်ရာတစ်ခု ရှိနေတာကို ပြသနေတယ်။

“...ဘာ...”

သူက ဇဝေဇဝါနဲ့ ရေရွတ်တယ်။

သူ မိုက်ကယ်ကို မော့ကြည့်လိုက်တော့ မိုက်ကယ်ရဲ့ လက်ညှိုးဆီကနေ မီးခိုးငွေ့တွေ ထွက်နေတာကို မြင်လိုက်ရတယ်။

ဒဏ်ရာထဲကနေ သွေးတွေ စီးကျလာတာနဲ့အမျှ အဲဒီလူက ဖြည်းဖြည်းချင်း သတိလွတ်လာပြီး သေခြင်းတရားရဲ့ လေဟာနယ်ထဲကို ကူးပြောင်းသွားတော့တယ်။ ကံဆိုးတာက သူ့ခန္ဓာကိုယ်ထဲက နောက်ဆုံး ကျန်ရှိနေတဲ့ ခုခံနိုင်စွမ်းကို ထိန်းချုပ်ထားနိုင်မှုကသာ မီသရယ် မှော်ဝင်ပစ္စည်း ရဲ့ ရူးသွပ်မှုကို တားဆီးပေးထားတဲ့ တစ်ခုတည်းသော အရာ ဖြစ်နေတာပဲ။

အဲဒီလူက မြေပြင်ပေါ်ကို မျက်နှာမူပြီး မှောက်လျက်လဲကျသွားကာ သူ့ခန္ဓာကိုယ်က အက်ကြောင်းတွေက ပိုကျယ်လာပြီး တောက်ပတဲ့ အပြာရောင်အလင်းတွေက အရင်ကထက် ပိုမိုပြင်းထန်စွာ လျှံထွက်လာတယ်။

မထိန်းချုပ်နိုင်တဲ့ မှော်စွမ်းအင်တွေက ပတ်ဝန်းကျင်ကို ဖျက်ဆီးလာတာကြောင့် မြေပြင်ကြီး တုန်ခါလာတယ်။

အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေ ပြိုကွဲပြီး တစ်ခုနဲ့တစ်ခု တိုက်ခိုက်နေတာကို မြင်တော့ မိုက်ကယ်က ဒါဟာ ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးဆိုတာ သိလိုက်တယ်။ မီသရယ် မှော်ဝင်ပစ္စည်း ပေါက်ကွဲပြီး ရဲတိုက်တစ်ခုလုံးကိုပါ ဖျက်ဆီးပစ်ဖို့ သိပ်မလိုတော့ဘူး။

မိုက်ကယ်က လက်ကို မြှောက်လိုက်ပြီး သူ့ဘေးက ရေခဲမီးတောက်နဂါး နှစ်ကောင်ကို အောက်သို့ ဆင်းကာ အဲဒီလူရဲ့ ခန္ဓာကိုယ်ကို လေထဲ ဆွဲတင်ဖို့ ခိုင်းလိုက်တယ်။

နဂါးတွေက သူတို့ရဲ့ ခြေသည်းတွေကို သုံးပြီး အဲဒီလူရဲ့ အလောင်းကို ညကောင်းကင်ကြီးထဲ ဆွဲတင်သွားကြတယ်။ သူတို့က အရင်ကထက် ပိုမြင့်တဲ့နေရာ၊ တိမ်တွေရဲ့ အထက်ဆီကို ပျံတက်သွားကြတယ်။

သူတို့ ကြယ်စုံတဲ့ ကောင်းကင်ဆီ ရောက်တဲ့အခါ အဲဒီလူရဲ့ ခန္ဓာကိုယ် တုန်ရင်နေတာ ရပ်သွားတယ်။

ထို့နောက် ဗုန်း ဆိုတဲ့ အသံနဲ့အတူ အန်ဂိုရာ မြို့ရဲ့ ကောင်းကင်ယံထက်မှာ ရေခဲပွင့်တွေအဖြစ် အကြီးအကျယ် ပေါက်ကွဲထွက်သွားတော့တယ်။

အဲဒီပေါက်ကွဲမှုကြောင့် လေထုထဲမှာ အေးမြတဲ့ လေပြေတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ကနေ နှင်းတွေနဲ့ မိုးသီးတွေ ကျလာကာ ဆောင်းရာသီကို မျှော်လင့်ထားတာထက် စောပြီး ရောက်ရှိလာစေတယ်။

* * * * * * * * *

စာစဉ်(၂၂)

အခန်း(၂၆၀)

မိုက်ကယ်က အပေါ်ကို မော့ကြည့်ရင်း သူ့လက်ဖဝါးပေါ်ကို နှင်းပွင့်တစ်ပွင့် ကြွေကျခွင့်ပေးလိုက်တယ်။ သူက ဝမ်းကို ပေးလိုက်တဲ့ သေစေနိုင်တဲ့ တိုက်ကွက်အကြောင်း ပြန်တွေးနေမိတာပါ။ အဲဒါက သူ့ရဲ့ လျှို့ဝှက်ဝှက်ဖဲဖြစ်တဲ့ သဟဇာတ သေနတ်ရဲ့ တန်ခိုးစွမ်းအားပဲ ဖြစ်တယ်။

နိုဗာ ရဲ့ ဆော့ဖ်ဝဲကို အဆင့်မြှင့်တင်ပြီးနောက်ပိုင်း သူ့ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးအခေါ်တစ်ခုပေါ့။ ဒီမှော်မန္တန်ရဲ့ ရှုပ်ထွေးလွန်းမှုက ဘယ်လောက်တောင်လဲဆိုရင် သူ့ရဲ့ ကိုယ်ပိုင် အေအိုင် လက်ထောက်က ဒါကို အချောသပ် ပေါင်းစပ်ဖန်တီးပေးဖို့ ဆယ့်နှစ်နာရီတောင် ကြာသွားခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် ဒီမန္တန်က ကိုယ်ခံပညာရပ်မန္တန်နဲ့ မှော်စွမ်းအား မန္တန်တွေကို ပေါင်းစပ်ထားတာလေ။ ကိုယ်ခံပညာရပ်မန္တန်တွေထဲက မှော်စွမ်းအင် စီးဆင်းပုံ အသိပညာကို အသုံးပြုပြီး နိုဗာ က ခေတ်ပေါ်သေနတ်တစ်လက်ရဲ့ အတွင်းပိုင်း လုပ်ဆောင်ပုံကို အတုယူဖို့ မိုက်ကယ်ရဲ့ သွေးကြောလမ်းကြောင်းတွေကို ပြောင်းလဲပေးခဲ့တယ်။

သူ့ရဲ့ လက်ညှိုးကို သေနတ်ပြောင်းဝအဖြစ်၊ လက်မကိုတော့ ချိန်မှတ်ကိရိယာအဖြစ်နဲ့ သူ့ရဲ့ သဟဇာတမှော်စွမ်းအင်ကို ကျည်ဆန်အဖြစ် သုံးပြီး မိုက်ကယ်က သူ့ရဲ့ လက်ဆစ်တွေ နောက်ဘက်မှာ သဟဇာတကျည်ဆန်ကို ခန္ဓာကိုယ်အပြင်ဘက် ရောက်အောင် တွန်းထုတ်ပေးမယ့် ပေါက်ကွဲမှုအသေးစားလေးတစ်ခု ဖန်တီးလိုက်တယ်။

ပြီးတော့ သူ့လက်နက်တိုက်ထဲမှာ ရှိသမျှ မှော်စွမ်းအားမန္တန်အားလုံးရဲ့ အသိပညာကို အသုံးပြုပြီး ကျည်ဆန်ကို သေးငယ်တဲ့ လေဆာရောင်ခြည်အဖြစ် စုစည်းပေးမယ့် ဆုံချက်အသေးလေးတစ်ခုကို ဖန်တီးလိုက်တဲ့အခါ အဲဒီလေဆာက ပစ်မှတ်ဆီကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့တယ်။

ရလဒ်တွေက သူမျှော်လင့်ထားတာထက်တောင် ပိုကောင်းနေခဲ့တယ်။ သူ့လက်ထဲမှာ နတ်ဘုရားပန်းပဲဖိုရဲ့ တန်ခိုးစွမ်းအားကို ဆုပ်ကိုင်ထားရသလိုမျိုး ထိမိသမျှ အရာအားလုံးကို ပြာကျအောင် လောင်ကျွမ်းစေနိုင်တဲ့ စွမ်းရည်မျိုး ရှိနေသလို ခံစားလိုက်ရတယ်။ လက်ညှိုးတစ်ချောင်းတည်းနဲ့တင် မိုက်ကယ်က ဘယ်သူမှ မတွေးဝံ့စရာ အကောင်းဆုံး ဖျက်အားပြင်း တိုက်ကွက်ကို ဖန်တီးလိုက်တာလည်း ဖြစ်နိုင်တယ်။

ကျန်တဲ့ ဧည့်သည်တွေကတော့ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်က ဖြစ်ပျက်သွားခဲ့တာတွေကို စိုးရိမ်တကြီး ဖြစ်နေတုန်းပဲမို့ ရဲတိုက်တံခါးဝကနေ ချောင်းကြည့်နေကြတယ်။ ဒါပေမဲ့ သူတို့က စိတ္တဇကောင် ဝမ်းရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ဘူး။ အဲဒီအစား ကောင်းကင်ကနေ နှင်းတွေနဲ့ မိုးသီးတွေ တဖွဲဖွဲ ကျနေတဲ့ကြားထဲမှာ တစ်ယောက်တည်း ပျံဝဲရပ်နေတဲ့ ရွှေအိုရောင်ဆံပင်နဲ့ ကောင်လေးကိုပဲ မြင်တွေ့လိုက်ရတယ်။

သူတို့ ဖြစ်ပျက်ခဲ့တာတွေကို မြင်လိုက်ရပြီ။ မိုက်ကယ်က ဝမ်းကို သူ့ရဲ့ ကိုယ်ပိုင်မှော်မန္တန်တွေနဲ့တင် အနိုင်ယူလိုက်တာကို သူတို့ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတာပါ။

ဒီအဖြစ်အပျက်ကြောင့် ရီနေးတားကုမ္ပဏီအပေါ် သူတို့ရဲ့ အမြင်က ထာဝရ ပြောင်းလဲသွားတော့မှာ သေချာတယ်။ သူတို့က အဲဒီခေါင်းဆောင်ကို အာဏာရှိတဲ့ မျိုးရိုးကနေ အမွေဆက်ခံသူအဖြစ် မွေးဖွားလာသူလို့ပဲ ထင်ခဲ့ကြတာလေ။ ဒါပေမဲ့ တကယ်တမ်းကျတော့ မိုက်ကယ်ရဲ့ စွမ်းအားက အစစ်အမှန်ကြီး ဖြစ်နေခဲ့တယ်။

မြို့စားမင်းက မိုက်ကယ်ကို အဓိပ္ပာယ်များစွာ ရှုပ်ထွေးနေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လိုက်တယ်။ သူက မှော်မျှော်စင်သခင်ဆီ လျှောက်သွားပြီး “သူ့ရဲ့ မှော်ပညာပါရမီကို ငါ အထင်သေးခဲ့မိတယ်၊ သူက ဒီလိုမျိုးတွေ လုပ်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး” လို့ ခပ်တိုးတိုး ပြောလိုက်တယ်။

ထရက်ကီးယပ်စ်က ခေါင်းခါလိုက်ပြီး “ဒါက ပါရမီရှင်ဆိုတဲ့ အဆင့်အတန်းထက်တောင် ကျော်လွန်နေပြီ” လို့ ပြန်ဖြေတယ်။

“ဒီနေ့ မိုက်ကယ်လုပ်ပြသွားတာက ငါကိုယ်တိုင်ဖြစ်ဖြစ်၊ ကမ္ဘာပေါ်က ဘယ်မှော်ဆရာကြီးပဲဖြစ်ဖြစ် လိုက်လုပ်လို့မရနိုင်တဲ့ အရာမျိုးပါ၊ သူက သမိုင်းမှာ ဘယ်သူနဲ့မှမတူအောင် မှော်စွမ်းအင်ရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတာ” လို့ ဆိုတယ်။

မိုက်ကယ်ရဲ့ နောက်ဆုံးလှုပ်ရှားမှုကတော့ ကြီးမြတ်လှတဲ့ မှော်မျှော်စင်သခင်ကို တကယ်ပဲ အံ့အားသင့်သွားစေခဲ့တာပါ။

သူ့ရဲ့ အမြင်အရတော့ မိုက်ကယ်ရဲ့ လက်ညှိုးဆီကနေ အလင်းတန်းတစ်ခုတည်း ထွက်ပေါ်လာပြီး ဝမ်းရဲ့ ခန္ဓာကိုယ်ဆီ ချက်ချင်း ရောက်သွားတာပဲ မြင်လိုက်ရတယ်။ အဲဒီမှာ မှော်စက်ဝိုင်းလည်း မရှိဘူး၊ မှော်ကျင့်စဉ်လည်း မရှိဘူး၊ မှော်စင်္ကြန်ရဲ့ အရိပ်အယောင်လည်း မရှိဘဲ ဘာမှ ရှိမနေခဲ့ဘူး။ စင်စစ် မှော်ပညာနဲ့ စွမ်းအားသက်သက်ကပဲ သူ့ခေါင်းကို ဖောက်ထွက်သွားသလိုမျိုးပါ။

မှော်မျှော်စင်မှာ ပညာသင်ကြားခဲ့တဲ့ နှစ်ပေါင်းရာချီတဲ့ အသိပညာတွေ သူ့ဦးနှောက်ထဲမှာ ရှိနေတာတောင်မှ အဲဒီလက်ညှိုးက ထွက်လာတဲ့ အလင်းတန်းအကြောင်းကို သူကိုယ်တိုင်လည်း ဘာမှ အဓိပ္ပာယ်မဖော်နိုင်ခဲ့ဘူး။

ဒါက စာဖွဲ့လို့ မရနိုင်တဲ့အရာပဲ။

ဒါပေမဲ့ မိုက်ကယ်ရဲ့ အတိုင်းအထက်အလွန် အင်အားပြမှုကို သဘောမကျတဲ့သူ တစ်ယောက်တော့ ရှိနေပုံရတယ်။

ခရစ်ရှန် ဟမ်းမားစတုန်းက ဒူးထောက်ကျသွားပြီး သူ့လက်သီးနဲ့ မြေကြီးကို အားပြင်းပြင်း ထုချလိုက်တယ်။ မဖြစ်နိုင်တာ၊ ဒါမျိုး မဖြစ်နိုင်ဘူးလို့ သူက လက်မခံနိုင်စွာနဲ့ အော်ဟစ်လိုက်တာပေါ့။

သူက မျက်လုံးတွေ နီမြန်းနေရင်း မြို့စားမင်းကို လက်ညှိုးထိုးပြီး ခင်ဗျားရဲ့ မြို့ကို ခင်ဗျား ဘာလို့ ငါ့ကုမ္ပဏီကို မပေးနိုင်ရတာလဲ၊ ခင်ဗျားက ငါ့ရဲ့ ခေါင်းကိုင်အဖေပဲလေ၊ အဲဒါကို အဆင့်မရှိတဲ့ ကုမ္ပဏီတစ်ခုကို ပံ့ပိုးကူညီသူ ဖြစ်ခွင့်ပေးတော့မလို့လား၊ ဒါ ဘယ်လောက်တောင် မတရားလိုက်သလဲလို့ ပြောတယ်။

မြို့စားမင်းက ခေါင်းခါလိုက်ပြီး သူ့ရဲ့ ကိုယ်ပိုင်ရဲတိုက်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအပေါ် လုံးဝ စိတ်ပျက်သွားမိတယ်။

သူက ခရစ်ရှန်ရဲ့ မောက်မာရိုင်းစိုင်းမှုကြောင့် မရယ်ဘဲ မနေနိုင်တော့ဘူး။ ဒီကလေးက ဘာမှကို မသိသေးတာပဲ။

မင်းက အခုထိ ဘာမှ မသိသေးပါလား၊ ငါ မင်းကို အမှန်တရားကို ပြပေးမယ်။

သူက တံတားအနီးနားက သေတ္တာကြီးတစ်လုံးဆီ လျှောက်သွားပြီး ဖွင့်လိုက်တဲ့အခါ အတွင်းထဲမှာ ရှိနေတဲ့ စက္ကူထုပ်ကြီးကို တွေ့လိုက်ရတယ်။

သူ့လက်ထဲ ဆန့်သလောက် စက္ကူတွေကို ကောက်ကိုင်ပြီး လေထဲကို ဝဲပျံပစ်တင်လိုက်တဲ့အခါ စက္ကူတွေက အေးစိမ့်တဲ့ လေညင်းထဲမှာ ပျံသန်းသွားကြတယ်။

စက္ကူတွေက လေထဲမှာ မြင့်မားစွာ ပျံဝဲပြီးမှ ရဲတိုက်ဝင်းထဲကို ပြန်လည်ကျရောက်လာခဲ့တယ်။

ဧည့်သည်တွေက မြေကြီးပေါ်က စက္ကူတွေကို ကောက်ယူပြီး အကြောင်းအရာတွေကို ဖတ်ကြည့်လိုက်တဲ့အခါ သူတို့ရဲ့ မျက်လုံးတွေက တုန်လှုပ်အံ့ဩမှုတွေကြောင့် ဝိုင်းစက်သွားကြတော့တာပဲ။

ဒီအတောအတွင်း ခရစ်ရှန်ကတော့ စက္ကူတစ်ရွက် သူ့ဆီ တည့်တည့် ဝဲကျလာတာကို မြင်လိုက်ရတယ်။ အဲဒါက ဒီနေ့ရက်စွဲနဲ့ ထွက်ထားတဲ့ သတင်းစာတစ်စောင်မှန်း သူ သိလိုက်ရတယ်။

သူက အဲဒီစက္ကူကို ကောက်တောင် မကြည့်ရသေးခင်မှာပဲ စာမျက်နှာရဲ့ အပေါ်ဆုံးမှာ ကြီးကြီးမားမား ရေးထားတဲ့ စာသားတွေကို မြင်လိုက်ရတာပေါ့။

{ရီနေးတားကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ အဆင့် ၄၅၀ မှာ စတင်ခြေချလိုက်ပြီ}

ခရစ်ရှန်ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားပြီး ဒေါသတကြီး တုန်ရင်နေတဲ့ လက်တွေနဲ့ စက္ကူကို ကောက်ကိုင်လိုက်တယ်။ သူက ဆောင်းပါးရဲ့ အကြောင်းအရာတွေကို ဖတ်ရှုရင်း ရီနေးတားကုမ္ပဏီက ကွင်းစ်နယ်မြေထဲကို ဘယ်လိုမျိုး စတင်ဝင်ရောက်လာခဲ့ကြောင်း၊ အော်ကပ်စ်မြို့ကို မှတ်မိနိုင်စရာ မရှိအောင် ဘယ်လို ပြုပြင်ပြောင်းလဲခဲ့ကြောင်းနဲ့ မူလရွှေလမ်းမကြီးကို ဘယ်လို ပြန်လည်တည်ဆောက်နေကြောင်းတွေကို ဖတ်နေမိတယ်။

မျက်ရည်တွေက စက္ကူပေါ်ကို စီးကျလာပြီး မင်သားတွေကို စွန်းထင်ကုန်စေတယ်။

ပွဲဦးထွက်ပြီး တစ်လအကြာမှာတင် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲ ဝင်နိုင်ခဲ့တာက တစ်ခါမှ မရှိဖူးသေးတဲ့ အရာဖြစ်ပြီး ခရစ်ရှန်လို တိုက်ရိုက်အမွေခံတွေတောင် မျှော်လင့်လို့မရနိုင်တဲ့ အရာမျိုးပါ။ ပြီးတော့ ရီနေးတားက အဆင့်ရဲ့ အောက်ဆုံးနားမှာတင် ရပ်တန့်နေခဲ့တာ မဟုတ်ဘဲ အဆင့် ၄၅၀ အထိ အေးအေးဆေးဆေး ကျော်ဖြတ်ပြီး ရောက်ရှိသွားခဲ့တာ ဖြစ်တယ်။

ခရစ်ရှန်က စက္ကူကို နှစ်ပိုင်းဆုတ်ဖြဲပစ်လိုက်ပြီး သူ့ရဲ့ ဒေါသကြောင့် ဧရာမ ပန်းအိုးကြီးတစ်လုံးကို မိုက်ကယ်ဆီ လှမ်းပစ်လိုက်တယ်။

အဲဒီအိုးက မိုက်ကယ်ဆီ ရောက်တောင် မရောက်နိုင်ပါဘူး။ ဒါပေမဲ့ ရုတ်တရက် မြှားတစ်စင်းက ပန်းအိုးကို ဖောက်ထွက်သွားပြီး ရွှံ့အိုးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေကာ အိုးထဲက ရေတွေကို မြေကြီးပေါ် ဖိတ်စင်သွားစေခဲ့တယ်။

မိုက်ကယ်က ရဲတိုက်တံတိုင်းအပေါ်ကို လှမ်းကြည့်လိုက်တဲ့အခါ လမင်းကြီးရဲ့ ရှေ့မှာ မြှားနဲ့ လေးကို ကိုင်ထားတဲ့ လူတစ်ယောက်ရဲ့ အရိပ်သဏ္ဌာန်ကို မြင်လိုက်ရတာပေါ့။

အဲဒါ ရှီနာ ပါ။ သူက ဒီအချိန်ပတ်လုံး ဒီနေရာမှာပဲ ရှိနေပြီး စောင့်ကြည့်နေခဲ့တာ ဖြစ်တယ်။

"ဝင်နှောင့်ယှက်မိလို့ စိတ်မရှိပါနဲ့ သခင်မိုက်ကယ်၊ ဒါပေမဲ့ အဲဒီပန်းအိုးက သခင့်ရဲ့ ခန့်ညားတဲ့ အဝတ်အစားဖြူဖြူတွေကို လာစွန်းထင်သွားမှာကို ငါ ခွင့်မပြုနိုင်လို့ပါ"

"မင်း တိုက်ပွဲမဝင်လိုက်ရလို့ စိတ်မကောင်းပါဘူး" လို့ မိုက်ကယ်က သူ့ရဲ့ အသံကို ရှီနာ့ခြေထောက်အောက်က အရိပ်ဆီ ပေးပို့ပြီး ပြောလိုက်တယ်။

"သခင်ကသာ အဲဒီ စိတ်အနှောင့်အယှက်ပေးတဲ့ ဝမ်းကို ငါ့ကို ရှင်းခွင့်ပြုခဲ့ရင် စိတ်အေးရမှာပါ။ ဒါပေမဲ့ သခင့်ရဲ့ အကောင်းဆုံး လက်စွမ်းပြမှုကို စောင့်ကြည့်ခွင့်ရခဲ့တာက ငါ့အတွက်တော့ ဂုဏ်ယူစရာပါပဲ" လို့ သူက ခပ်လှမ်းလှမ်းကနေ မိုက်ကယ်ကို ဦးညွှတ်ရင်း ပြန်ဖြေတယ်။

ဒီအတောအတွင်း မြို့စားမင်းက ခရစ်ရှန်ဆီ လျှောက်သွားပြီး သူ့ရဲ့ ကလေးဆန်တဲ့ ဒေါသထွက်မှုကို ရပ်တန့်စေဖို့ မျက်နှာကို ဖြတ်ရိုက်လိုက်တယ်။

ကောင်လေးက ပိုပြီးတော့တောင် ငိုယိုလာခဲ့တယ်။ ဒါပေမဲ့ ဒီည သူလုပ်ခဲ့တဲ့ အပြုအမူတွေအတွက် ဒါမျိုး ခံရဖို့ လိုအပ်နေတာပါ။

"ဒီအကြောင်းကို မင်းအဖေ သိစေရမယ်" လို့ မြို့စားမင်းက ပြောလိုက်ပြီး "သူ တကယ်ပဲ စိတ်ပျက်သွားလိမ့်မယ်" လို့ ဆိုတယ်။

စစ်သားတွေက ခရစ်ရှန်ဆီ လျှောက်လာပြီး သူ့ကို သံခြေကျင်း ခတ်လိုက်ကြတယ်။ သူက ဟက်ဖေးစတပ်စ် အိမ်တော်ဆီ မပြောင်းရွှေ့ခင်အထိ မြို့စားမင်းရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေမှာ ဖြစ်တယ်။

"ဒီအံ့ဩစရာသတင်းကို ကြိုတင်ဖွင့်ဟလိုက်မိလို့ စိတ်မရှိပါနဲ့" လို့ မြို့စားမင်းက မိုက်ကယ်ဆီ ချဉ်းကပ်ရင်း ပြောလိုက်တယ်။

"သတင်းစာကုမ္ပဏီက ငါ့ကို စေတနာရှေ့ထားပြီး သတင်းစာအစောပိုင်း စောင်ရေတွေကို ပေးပို့ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီတစ်ခုက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲကို ဒီလိုမျိုး ထိုးဖောက်ဝင်ရောက်နိုင်တာက နေ့တိုင်း ရှိနေတာ မဟုတ်ဘူးလေ၊ အဲဒါကလည်း လူမသိသူမသိ ကုမ္ပဏီတစ်ခု ဖြစ်နေတာဆိုတော့ ပိုတောင် ဆန်းကြယ်သေးတယ်"

မိုက်ကယ်က စက္ကူတွေထဲက တစ်ရွက်ကို ကောက်ကိုင်ပြီး ဖတ်ကြည့်လိုက်တယ်။ ထိုထဲမှာ ရီနေးတားကုမ္ပဏီက ချောကလတ်ထုတ်ကုန်တွေ၊ ချပ်ဝတ်တန်ဆာတွေ၊ လက်နက်တွေနဲ့ ထူးဆန်းတဲ့ သံရထားလုံးတွေကို ရောင်းချပြီး ဘယ်လိုမျိုး ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာတွေကို ရရှိခဲ့ကြောင်း အသေးစိတ် ရေးသားထားတာပေါ့။

ဒါပေမဲ့ ကင်းစ်နယ်မြေအကြောင်း ဒါမှမဟုတ် သဲကန္တာရထဲက ရီနေးတားနိုင်ငံတော်အကြောင်းကိုတော့ ဖော်ပြမထားဘူး။ ဒါက သတင်းစာကုမ္ပဏီအနေနဲ့ အချိန်တိုအတွင်းမှာ အဲဒီအချက်အလက်တွေကို အတည်ပြုဖို့ ခက်ခဲခဲ့တာကြောင့် ဖြစ်လိမ့်မယ်လို့ မိုက်ကယ် ခန့်မှန်းလိုက်မိတယ်။

"သူ ဘာဖြစ်သွားမလဲ" လို့ မိုက်ကယ်က ငိုယိုနေတဲ့ ကောင်လေး ရဲတိုက်အတွင်းထဲကို ဆွဲခေါ်သွားတာကို ကြည့်ရင်း မေးလိုက်တယ်။

"သူ့အဖေအကြောင်း သိရသလောက်ဆိုရင်တော့ ခရစ်ရှန်က ဟမ်းမားစတုန်းကုမ္ပဏီ အပါအဝင် အမွေအားလုံးကို ရုပ်သိမ်းခံရလိမ့်မယ်။ သူကတော့ သူ့ရဲ့ အာဏာနဲ့ သြဇာကို အလွဲသုံးစားလုပ်ဖို့ ဘယ်တော့မှ အခွင့်အရေး ရတော့မှာ မဟုတ်ပါဘူး"

* * * * * * * * *

All Chapters