← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 24 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 24 Ch. 281-282

အခန်း(၂၈၁)

စလစ်ဇီ တစ်ယောက် ဇာတ်သိမ်းသွားတာနဲ့တင် ကျန်တဲ့ဓားပြတွေလည်း ဆက်တိုက်ဖို့ စိတ်ဓာတ်တွေ အကုန်ကျသွားပြီး အနီရောင်မျောက်လူတွေဆီမှာ ချက်ချင်းပဲ လက်နက်ချ အညှိခံလိုက်ကြတော့တယ်။ ရီနေးတားစစ်သည်တော်တွေကလည်း လက်ထိပ်တွေနဲ့ သူတို့ကို ချက်ချင်းပဲ ခတ်ပစ်လိုက်ပြီး အကုန်လုံးကို အမိအရ နှိမ်နင်းလိုက်ကြတယ်။

အနီရောင်မျောက်လူ ခေါင်းဆောင်ဟာ သူ့ရဲ့အရိပ်ကို ငုံ့ကြည့်ပြီး အရိုအသေပေးတဲ့အနေနဲ့ ဦးညွှတ်လိုက်တယ်။ ပြီးတော့ ဝတ်ပြုဆုတောင်းနေသလိုမျိုး လေးလေးနက်နက် အသံနဲ့ "အကြီးအကဲ အရိပ်ဝံပုလွေတို့ခင်ဗျာ... ဒီလူဆိုးတွေကို ခေါ်သွားပြီး ထောင်ထဲထည့်ပေးဖို့ တောင်းဆိုပါတယ်" လို့ ပြောလိုက်တယ်။

သိပ်မကြာလိုက်ပါဘူး၊ ဓားပြတွေကို နှိမ်နင်းထားတဲ့ နေရာတည့်တည့်က မြေပြင်မှာ အနီရောင်မျောက်လူတွေရဲ့ အရိပ်တွေဟာ တစ်ခုနဲ့တစ်ခု စုဆုံသွားပြီး ဧရာမ အပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။ သူတို့ဆီမှာ တာဝန်ပေးထားတဲ့အတိုင်း သက်ဆိုင်ရာ ရီနေးတားနိုင်ငံသားတစ်ယောက်ချင်းစီကို အမြဲတမ်း စောင့်ရှောက်ပေးရတဲ့ ကိုယ်ရံတော်အရိပ်ဝံပုလွေတွေဟာ ဓားပြတွေဆီကို ကူးပြောင်းသွားကြတယ်။ ပြီးတော့ သူတို့ရဲ့ အရိပ်ဖြင့် သယ်ယူပို့ဆောင်ခြင်းစွမ်းရည်ကို သုံးပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အဲဒီဓားပြတွေကို ခြောက်သွေ့လွင်ပြင်ဆီ ခေါ်ဆောင်သွားကြတော့တယ်။

တစ်မိနစ်လောက်ကြာအောင် အောက်ကို ပြုတ်ကျသွားပြီးတဲ့နောက်မှာတော့ ဓားပြတွေဟာ ဖင်ထိုင်ရက်သား လဲကျသွားပြီး သူတို့ပတ်ပတ်လည်က အမှောင်ထုကြီး မြေပြင်ထဲ ပြန်ငုပ်လျှိုးသွားတာကို မြင်လိုက်ရတယ်။ သူတို့ရှေ့မှာ ကမ္ဘာကြီးတစ်ခု ပေါ်လာသလိုမျိုး မြင်ကွင်းက ရှင်းလင်းသွားပြီး အမြင့်မီတာသုံးဆယ်လောက်ရှိတဲ့ တံတိုင်းအကြီးကြီးတစ်ခုက သူတို့ကို ပတ်ပတ်လည် ဝိုင်းရံပိတ်ဆို့ထားတာကို တွေ့လိုက်ရတယ်။ တံတိုင်းအပေါ်မှာလည်း ဘယ်သူမှ ထွက်ပြေးလို့မရအောင် ဆူးကြိုးတွေ ခတ်ထားသေးတယ်။

အဲဒီနေရာမှာ သူတို့ချည်းပဲ ရှိနေတာ မဟုတ်ပါဘူး။ ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ လိမ္မော်ရောင် အကျဉ်းထောင်ဝတ်စုံ ဆင်တူတွေ ဝတ်ထားပြီး သူတို့ကို သနားစရာသတ္တဝါတွေလို ကြည့်နေတဲ့ တခြားလူတွေကိုလည်း တွေ့လိုက်ရတယ်။

အဲဒီအထဲက လူတစ်ယောက်က ဓားပြတွေဆီ လမ်းလျှောက်လာတယ်။ ပြီးတော့ "ဘာကိစ္စနဲ့ ရောက်လာကြတာလဲ" လို့ မေးလိုက်တယ်။

"ဘာဖြစ်လို့လဲ ဟုတ်လား... ငါတို့ မော်တော်ယာဉ်တစ်စီးကို လုဖို့ ကြိုးစားခဲ့တာလေ၊ အဲဒီယာဉ်ကို အကာအကွယ်ပေးထားမှန်း ငါတို့မှ မသိတာ"

အဲဒီအကျဉ်းသားက လေပူတစ်ချက်ကို ပြင်းပြင်းရှူလိုက်ပြီး "တောက်... ငါတို့လည်း အဲဒီလို ခံခဲ့ရဖူးတယ်၊ မင်းတို့က အရိပ်ဝံပုလွေတွေကို မျက်ဝါးထင်ထင် မတွေ့ခဲ့ရလို့ တော်တော်ကံကောင်းတယ်လို့ မှတ်ပါ" လို့ ပြောတယ်။

"ဟိုလူတွေကို လှမ်းကြည့်လိုက်ဦး" လို့ ပြောရင်း အဲဒီအကျဉ်းသားက မြေပြင်ပေါ်မှာ ထိုင်ပြီး သူတို့ခေါင်းကို သူတို့ အပြင်းအထန် ဆုပ်ကိုင်ကာ လူရူးတွေလို ကိုယ်ခန္ဓာကို ရှေ့တိုးနောက်ငင် လုပ်နေကြတဲ့ တခြားအကျဉ်းသားတစ်စုကို လက်ညှိုးထိုးပြလိုက်တယ်။

"တကယ်လို့ မင်းတို့သာ အဲဒီအရိပ်ဝံပုလွေတွေနဲ့ တွေ့ခဲ့ရင် အဲဒီလူတွေလို ဖြစ်သွားမှာပဲ"

* * * * * * * *

အဲဒီအစီအစဉ်တွေ အကုန်ပြီးသွားတဲ့နောက်မှာတော့ အနီရောင်မျောက်လူတွေဟာ ကုန်းပြင်မြင့်အပေါ်မှာ ရှိနေတဲ့ မိုက်ကယ်နဲ့ ဘားကပ်စ်တို့ဆီကို လျှောက်လာကြတယ်။

"ကျွန်တော်တို့ ဓားပြတွေကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ခဲ့ပါပြီ ဆရာကြီး"

အနီရောင်မျောက်လူတွေဟာ မိုက်ကယ်ရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်တကြီး စောင့်ဆိုင်းရင်း ဒူးထောက်လိုက်ကြတယ်။

"ဂုဏ်ယူပါတယ်" လို့ မိုက်ကယ်က သူတို့ကို ပြောလိုက်တယ်။

"မင်းတို့ဟာ ရီနေးတားစစ်တပ်ရဲ့ ပထမဆုံး တပ်ခွဲတစ်ခု ဖြစ်လာဖို့ ထိုက်တန်တယ်ဆိုတာကို ကိုယ့်ဘာသာ သက်သေပြနိုင်ခဲ့ပြီ၊ ဒါကြောင့် မင်းတို့အဖွဲ့ကို ငါက ‘ပထမတပ်မ ရွှေလမ်းမကြီး စစ်သည်တော်များ’ ဆိုပြီး နာမည်ပေးလိုက်တယ်"

အနီရောင်မျောက်လူတွေ အကြီးအကျယ် ပျော်ရွှင်သွားကြတယ်။ သူတို့ ကြိုးစားပမ်းစား လုပ်ခဲ့သမျှတွေ အရာထင်ခဲ့ပြီလေ။

အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ မျက်စိရှေ့မှာ အကြောင်းကြားစာတစ်ခု ရုတ်တရက် လင်းခနဲ ပေါ်လာတယ်။

[အနီရောင်မျောက်လူများအတွက် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းအသစ်ကို ရှာဖွေတွေ့ရှိသည်]

[ရွှေလမ်းမကြီး စစ်သည်တော်များ - ဒီအနီရောင်မျောက်လူတွေဟာ ရွှေလမ်းမကြီးရဲ့ လုံခြုံရေးနဲ့ ထိန်းသိမ်းရေးအတွက် အသက်ပေး ဆောင်ရွက်ကြမယ့်သူတွေ ဖြစ်တယ်၊ ရွှေလမ်းမကြီးရဲ့ အနီးအနားမှာ ရှိနေစဉ်အတွင်း သူတို့ရဲ့ ပင်ကိုယ်စွမ်းရည် အားလုံးဟာ ၁၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်သွားလိမ့်မယ်၊ အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ ယာဉ်တစ်စီးပေါ်မှာ စီးနင်းလိုက်ပါနေချိန်မှာတော့ နောက်ထပ် ၅၀ ရာခိုင်နှုန်း ပိုပြီး တိုးမြင့်သွားဦးမှာ ဖြစ်တယ်]

မိုက်ကယ်က အဲဒီစာသားတွေကို အံ့ဩတကြီးနဲ့ စိုက်ကြည့်နေမိတယ်။ ဒီဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းအသစ်က သူ အနီရောင်မျောက်လူတွေအတွက် စိတ်ကူးထားတဲ့အတိုင်း ကွက်တိ ဖြစ်နေတာပဲ။

'နိုဗာ... မင်း ဒါကို လုပ်လိုက်တာလား'

[မဟုတ်ပါဘူး၊ ဓားပြတွေကို အောင်ပွဲခံပြီးတဲ့နောက်မှာ အနီရောင်မျောက်လူတွေဟာ ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲဖို့ လုံလောက်တဲ့ အတွေ့အကြုံတွေကို ရရှိသွားတာ ဖြစ်ပါတယ်၊ အရှင်မင်းကြီးရဲ့ ချီးမွမ်းစကားက သူတို့ကို ခိုင်မာတဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ စည်းလုံးညီညွတ်မှုကို ရရှိစေခဲ့ပြီး ဒါကပဲ သူတို့ရဲ့ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းကို ပုံမှန်ထက် လုံးဝကွဲပြားတဲ့ လမ်းကြောင်းတစ်ခုဆီ တွန်းပို့ပေးလိုက်ပုံရပါတယ်]

သူ့ရဲ့ စကားလုံးတွေက သူတို့ရဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းအပေါ် လွှမ်းမိုးသွားတယ်။

သူက အနီရောင်မျောက်လူတွေကို လှမ်းကြည့်လိုက်တဲ့အခါ ပုခုံးချင်းဖက်ပြီး ဒီလိုထူးခြားတဲ့ အခိုက်အတန့်ကို ခုန်ပေါက်အောင်ပွဲခံနေကြတာကို တွေ့လိုက်ရတယ်။ သူတို့က သူပေးလိုက်တဲ့ နာမည်အသစ်ကို တော်တော်လေး သဘောကျနေတဲ့ပုံပဲ။

ဒါက တကယ့်ကို ဝမ်းသာစရာ ကောင်းတဲ့ အံ့ဩစရာဖြစ်ရပ်တစ်ခုပဲဖြစ်ပြီး နောင်အနာဂတ်မှာလည်း သူ အသုံးချနိုင်ဖို့ မျှော်လင့်မိတယ်။

သူက လက်ကိုမြှောက်ပြီး သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ဖြစ်တဲ့ ‘ဆုလာဘ် အပ်နှင်းခြင်း’ ကို အသက်သွင်းလိုက်တယ်။

အနီရောင်မျောက်လူတွေဟာ သူတို့ကိုယ်သူတို့ စူးရှတောက်ပတဲ့ အလင်းဖြူကြီးတစ်ခုအောက်မှာ ရောက်သွားပြီး စက္ကန့်ပိုင်းလောက် မျက်စိကျိန်းသွားရတယ်။ အလင်းတန်းတွေ ပျောက်ကွယ်သွားတဲ့အခါ သူတို့ကိုယ်သူတို့ ပြန်ကြည့်မိတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေမှာ ထူးထူးခြားခြား ပြောင်းလဲမှုမရှိတာကို တွေ့လိုက်ရတယ်။ သို့ပေမဲ့ သူတို့ရဲ့ ညာဘက်အခြမ်းမှာ ရှိနေတဲ့ ရွှေလမ်းမကြီးဆီကနေ ပြင်းထန်တဲ့ ဆက်နွှယ်မှုကြီးတစ်ခုကို ခံစားလိုက်ရတယ်။ အဲဒါက သူတို့ရဲ့ မှန်ကန်တဲ့ နေရာဆီကို ပြန်လာဖို့ လှမ်းခေါ်နေသလိုမျိုးပဲ။

သူတို့က မိုက်ကယ်ဆီကို နောက်တစ်ကြိမ် ဒူးထောက်လိုက်ကြပြန်တယ်၊ ဒီတစ်ခါတော့ ပိုပြီး စိတ်အားထက်သန်ပြီး သစ္စာရှိတဲ့ ပုံစံမျိုးနဲ့ပေါ့။

"ဒီလို ဆုလာဘ်မျိုး အပ်နှင်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်" လို့ သူတို့ အော်ဟစ်ပြောဆိုလိုက်ကြတယ်။

မိုက်ကယ်က ခေါင်းငြိမ့်ပြလိုက်တယ်။ သူတို့ရဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းအသစ်အရ သူတို့ဟာ ရွှေလမ်းမကြီးရဲ့ အကာအကွယ်ပေးသူတွေ ဖြစ်လာဖို့ အကောင်းဆုံး သင့်တော်သူတွေ ဖြစ်သွားကြပြီလေ။

"ငါတို့ရဲ့ ဌာနချုပ်ဆီ ပြန်ကြတော့" လို့ သူက သူတို့ကို ပြောလိုက်တယ်။ "နာရီတို နဲ့ ဆာစူကီ တို့က မင်းတို့အတွက် သတ်မှတ်ပေးထားတဲ့ အရိပ်ဝံပုလွေတွေကို ပေးလိမ့်မယ်"

ဘာလို့လဲဆိုတော့ သူတို့ရဲ့ အရိပ်ဝံပုလွေတွေက ဓားပြတွေကို ရီနေးတားနိုင်ငံဆီ ပို့ဆောင်ပေးလိုက်ရတဲ့အတွက် အခုလောလောဆယ် သူတို့မှာ အရိပ်မရှိဘဲ ဖြစ်နေလို့ပဲ။

"ပြီးတော့ ရှီနာ ကို ရှာပြီး ကုလားအုတ်လူသားတွေကို ခေါ်ခိုင်းလိုက်ဦး၊ သူတို့က မင်းတို့ရဲ့ အဖွဲ့ဖော်အသစ်တွေ ဖြစ်လာလိမ့်မယ်"

မိုက်ကယ်က အနီရောင်မျောက်လူတွေကို ကုလားအုတ်လူသားတွေပေါ်မှာ စီးနင်းခိုင်းဖို့ အစီအစဉ်ရှိပြီး ဒါက ကြောက်စရာကောင်းတဲ့ ပေါင်းစပ်မှုတစ်ခု ဖြစ်လာမှာပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဆင့်ကဲပြောင်းလဲမှုအသစ်အရ အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ ယာဉ်ပေါ်မှာ စီးနင်းရင် ၅၀ ရာခိုင်နှုန်း ပိုပြီး စွမ်းရည်တက်မှာဖြစ်ပြီး ကုလားအုတ်လူသားတွေကလည်း အဲဒီအဆင့်အတန်းထဲမှာ အကျုံးဝင်နေတာပဲလေ။

သူ မျှော်လင့်မိတာကတော့ ကုလားအုတ်လူသားတွေကလည်း အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်ပြီး တစ်နေ့မှာ ရွှေလမ်းမကြီး စစ်သည်တော်တွေအဖြစ် ဆင့်ကဲပြောင်းလဲနိုင်မယ့် အခွင့်အရေး ရရှိဖို့ပါပဲ။

ဒါပေမဲ့ အဲဒါက နောက်ရက်မှ ဖြေရှင်းရမယ့် ပြဿနာတစ်ခုပဲ ဖြစ်တယ်။

အဲဒီနောက်မှာတော့ သူက သူ့ရဲ့ ကိုယ်ပွားအရိပ်ကို သုံးပြီး ပျက်စီးသွားတဲ့ မော်တော်ယာဉ်ထရပ်ကား အကြွင်းအကျန်တွေနဲ့ ရွှေလမ်းမကြီးပေါ်မှာ ပြန့်ကျဲနေတဲ့ လူပုမိုင်းလုပ်သားတွေရဲ့ ကိရိယာသေတ္တာတွေကို မျိုချ လိုက်တော့တယ်။

* * * * * * * *

ဒီအတောအတွင်းမှာ ဖြစ်ပျက်သမျှကို စောင့်ကြည့်နေတဲ့ ဘားကပ်စ် ကတော့ အံ့ဩလွန်းလို့ ပါးစပ်ကြီး အဟောင်းသားနဲ့ ပိတ်လို့တောင်မရသေးဘူး။

စလစ်ဇီ နဲ့ ဓားပြအယောက်နှစ်ဆယ်လုံး ရှုံးနိမ့်သွားခဲ့ရပြီ။ အဲဒါကို တခြားသူတွေ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ အားအနည်းဆုံး လူတစ်ပိုင်းသတ္တဝါတွေလို့ သတ်မှတ်ခံထားရတဲ့ အနီရောင်မျောက်လူ ဆယ်ယောက်ထဲကတင် နှိမ်နင်းလိုက်တာ ဖြစ်တယ်။

ပထမဆုံး အခြေချစခန်းဆီကို လာခဲ့တဲ့ ဒီခရီးစဉ်တစ်ခုလုံးဟာ ရီနေးတားကုမ္ပဏီအနေနဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲကို ဘာကြောင့် ဒီလောက်အထိ အရှိန်အဟုန်နဲ့ ထိုးတက်သွားနိုင်ခဲ့လဲဆိုတဲ့ အကြောင်းအရင်းကို သူ့မျက်စိပွင့်သွားစေခဲ့တယ်။ သူတို့မှာ အရာအားလုံး ရှိနေတာပဲ၊ ငွေကြေးကော တန်ခိုးအာဏာပါ နှစ်ခုစလုံးပေါ့။

အဲဒီအချိန်ကျမှ ဘားကပ်စ်ဟာ သူအခုလေးတင် မြင်တွေ့ခဲ့ရတဲ့အရာတွေရဲ့ ကြီးမားကျယ်ပြန့်မှုကို ဖြည်းဖြည်းချင်း သဘောပေါက်လာတော့တယ်။ ကယ်လို့ မိုက်ကယ်အနေနဲ့ အားနည်းတဲ့ အနီရောင်မျောက်လူတွေကိုတောင် ဒီလောက်အထိ အရာရှိအဆင့်ရှိတဲ့ စစ်သည်တော်တွေအဖြစ် ပြောင်းလဲပေးနိုင်တယ်ဆိုရင် သူပေးချင်တဲ့ ဘယ်လိုစွမ်းရည်ကိုမဆို လိုချင်တဲ့သူတိုင်းဆီ ပေးနိုင်တယ်လို့ ဆိုလိုတာပဲ။

တကယ်လို့ အဲဒါသာ အမှန်ဆိုရင် သူ့ရဲ့လက်အောက်မှာရှိတဲ့ အရပ်သားဖြစ်ဖြစ် မဖြစ်ဖြစ် ရီနေးတားနိုင်ငံသားတွေ အကုန်လုံးကို အဖျက်စွမ်းအားပြင်းတဲ့ ကြယ်လေးပွင့်မန္တန် ဥက္ကာခဲမိုးရွာချခြင်းကို တစ်ချိန်တည်းမှာ တပြိုင်နက်တည်း အသုံးပြုနိုင်အောင် ဘာက တားဆီးနိုင်ဦးမှာလဲ။

ဘာမှမရှိဘူး၊ သူသာ လိုချင်ရင် လုပ်နိုင်တယ်။

လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်တပ်တစ်ခုတောင်မှ အဝေးကနေအဖျက်စွမ်းအားတွေကို ကျဲချနိုင်တဲ့အစွမ်းရှိတဲ့ အဲ့နိုင်ငံသားလေးသောင်းကို ယှဉ်နိုင်မယ့် အခွင့်အရေး ရှိမှာမဟုတ်ဘူး။

ဒီတော့မှပဲ ရီနေးတားနိုင်ငံသားတွေဟာ ဖလဲယားကော့ပ် ရဲ့ ကြီးစိုးလာမယ့် ခြိမ်းခြောက်မှုအပေါ် ဘာဖြစ်လို့ ဒီလောက်အထိ အေးအေးလူလူ ရှိနေကြလဲဆိုတာ သူ အဖြေပေါ်သွားတော့တယ်။ ဘာလို့လဲဆိုတော့ သူတို့က အဲဒါကို ခြိမ်းခြောက်မှုတစ်ခုလို့ မမြင်ဘဲ လမ်းပေါ်က အတားအဆီးတစ်ခုလောက်ပဲ သဘောထားလို့ပဲ ဖြစ်တယ်။

* * * * * * * *

ဂရက်ဖ်တက်ကလတ်စတာ ရဲ့ မြို့လယ်ဗဟိုမှာတော့ ဘားကပ်စ် ရဲ့ အမြွာအစ်ကို ဖြစ်သူ ဘူးလ်ရန် ဟာ စိုးရိမ်ပူပန်မှုတွေနဲ့အတူ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတယ်။

ရက်တွေ ကုန်လွန်လာတာနဲ့အမျှ ရီနေးတားကုမ္ပဏီရဲ့ လွှမ်းမိုးမှုဟာ ပိုပြီးတော့ ထင်ရှားပြတ်သားလာတယ်။ သူတို့ ခေါ်ဝေါ်တဲ့ ရွှေလမ်းမကြီးကို အလျင်အမြန် တည်ဆောက်နေတာက ကပ်ရောဂါထက်တောင် ပိုပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်တစ်ခုလို ခံစားရတယ်။

ဘူးလ်ရန်ကုမ္ပဏီရဲ့ အရောင်းစာရင်းတွေက အခုကတည်းက ကျဆင်းနေပြီဖြစ်ပြီး နောက်ပိုင်းမှာလည်း ဒီထက်မက ပိုပြီးတော့ ထိုးဆင်းသွားဖို့ပဲ ရှိတော့တယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့ တံခါးဆီကနေ 'ဒေါက် ဒေါက်' ဆိုတဲ့ အသံ ခပ်ကျယ်ကျယ် ထွက်ပေါ်လာတယ်။

"ဆရာကြီး... ဧည့်သည်တစ်ယောက် ရောက်နေပါတယ်" လို့ ဘူးလ်ရန်ရဲ့ ကိုယ်ပိုင်အိမ်တော်ထိန်းက ပြောလိုက်တယ်။

တံခါးပွင့်သွားတဲ့အခါ ဘူးလ်ရန်ဟာ ရင်ဘတ်မှာ မီးလျှံတွေ တောက်လောင်နေတဲ့ တောက်ပတဲ့ လိမ္မော်ရောင် ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။ အဲဒီလူရဲ့ ရှိနေရုံသက်သက် တည်ရှိမှုကတင် ဘူးလ်ရန်ရဲ့ အိပ်ခန်းထဲမှာ လေးလံပြီး ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခုကို ယူဆောင်လာပေးတယ်။

"မင်းက ဘယ်သူလဲ" လို့ ဘူးလ်ရန်က မေးလိုက်တယ်။

"ကျွန်တော်က ကျွန်တော်တို့ရဲ့ ဘုန်းကြီးလှတဲ့ ဘုရင်မင်းမြတ်ကိုယ်စား ရောက်လာတာပါ၊ မင်းလည်း သူ့ရဲ့ ကုမ္ပဏီအကြောင်း ကြားဖူးမှာပေါ့... ဖလဲယားကော့ပ် လေ"

ဘူးလ်ရန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတော့တယ်။

"ကျွန်တော်က ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုကြားမှာ အဆင်ပြေနိုင်မယ့် သဘောတူညီချက်တစ်ခုကို ဆွေးနွေးဖို့ လာတာပါ၊ အဲဒီသဘောတူညီချက်က နှစ်ဖက်စလုံးအတွက် တပြိုင်နက်တည်း အကျိုးရှိစေမှာပါ" လို့ လိမ္မော်ရောင်ဝတ်စုံနဲ့ လူက ယုံကြည်မှုအပြည့်နဲ့ ပြုံးရင်း ပြောလိုက်တယ်။

ဘူးလ်ရန် ချက်ချင်း မတ်တပ်ရပ်လိုက်တယ်။ ဒီလူဟာ သူ့ရဲ့ ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်နိုင်တယ်။

"မင်းတို့က ရီနေးတားကုမ္ပဏီကို ရှင်းပစ်ဖို့ လာတာလား"

အဲဒီဝတ်စုံနဲ့လူက နှာခေါင်းရှုံ့လိုက်ပြီး "ဘယ်သူ" လို့ ပြန်မေးလိုက်တော့တယ်။

* * * * * * * *

စာစဉ်(၂၄)

အခန်း(၂၈၂)

ဖလဲယားကော့ပ်က သူ့ဆီကို ရုတ်တရက်ကြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရတဲ့ အကြောင်းရင်းဟာ ဂရက်ဖ်တက်ကလတ်စတာထဲကို ရီနေးတားကုမ္ပဏီ အရှိန်အဟုန်နဲ့ တိုးဝင်လာနေတဲ့ လက်ရှိအခြေအနေကြောင့်ပဲလို့ ဘူးလ်ရန်က ထင်နေမိတယ်။ ဘာလို့လဲဆိုတော့ အန်ဂိုရာမြို့ရဲ့ အနောက်ဘက်ခြမ်းဆီ ရီနေးတား တိုးချဲ့လာတာက ကွင်းစ်နယ်မြေရဲ့ အောက်ခြေအစွန်းနားမှာ ခြေကုပ်အသေအချာ ရသွားစေမှာမို့လို့ပါပဲ။ အနာဂတ်မှာ အန်ဂိုရာမြို့ကို သိမ်းပိုက်ဖို့ အပိုင်တွက်ထားတဲ့ ဖလဲယားကော့ပ်အတွက်တော့ ဒါဟာ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘူးလ်ရန်က ယူဆထားတယ်။

ဒါပေမဲ့ အဲဒီလူရဲ့ မထီမဲ့မြင်မှုနဲ့ အထင်သေးမှုအပြည့်ရှိတဲ့ မျက်နှာပေးကို ကြည့်ရသလောက်တော့ သူတို့ဟာ ရီနေးတားကုမ္ပဏီ ရှိနေတာကိုတောင် အစအနလေးမျှ သိထားပုံမရပါဘူး။ တကယ်လို့ သိခဲ့ရင်တောင်မှ လမ်းဘေးက အဓိပ္ပာယ်မရှိတဲ့ ခဲလုံးလေးတစ်လုံးလိုပဲ သဘောထားမယ့်ပုံမျိုးပါပဲ။

“မင်းက ဘယ်သူလဲဆိုတာ ငါ မေးလို့ရမလား”

“ကျွန်တော်က ဟက်စတုပါ ဖလဲယားကော့ပ်ရဲ့ ဆက်ဆံရေးနဲ့ စီမံခန့်ခွဲမှုပိုင်းကို တာဝန်ယူထားပါတယ် ကျွန်တော်တို့ ကုမ္ပဏီအချင်းချင်း မဟာမိတ်ဖွဲ့နိုင်မယ့် ကိစ္စကို ဆွေးနွေးဖို့ ကျွန်တော်တို့ အရှင်သခင်ရဲ့ ကိုယ်စားလှယ်အဖြစ် ရောက်လာတာပါ”

ဘူးလ်ရန်က ဟက်စတုကို သံသယမျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်။

“မဟာမိတ် ဟုတ်လား ဖလဲယားကော့ပ်က ငါတို့ဆီက ဘာကို လိုချင်နေတာလဲ”

“ခင်ဗျားတို့လို ကမ္ဘာ့အဆင့် ၄၈၆ ရှိတဲ့ ကုမ္ပဏီအသေးလေးက ဖလဲယားကော့ပ်နဲ့ မဟာမိတ်ဖြစ်ဖို့ အဆင့်မမှီတာ အမှန်ပဲ ဆိုပေမဲ့ ဂရက်ဖ်တက်ကလတ်စတာအပေါ် ခင်ဗျားတို့ရဲ့ ကျွမ်းကျင်မှုကိုတော့ ကျွန်တော်တို့ရဲ့ နယ်မြေချဲ့ထွင်မှုအတွက် တန်ဖိုးရှိတဲ့အရာတစ်ခုအဖြစ် သတ်မှတ်ထားလို့ပါ”

“ဒါဆို မင်းတို့က နယ်မြေချဲ့ထွင်နေတယ်” ဘူးလ်ရန် တစ်ချက် သဘောပေါက်သွားတယ်။

“ဟုတ်တယ် ဘတ်ချ်ရောခ့်မြို့မှာ ခြေကုပ်အသေအချာ ရပြီဆိုတာနဲ့ ကွင်းစ်နယ်မြေရဲ့ တောင်ဘက်အစွန်းတစ်ခုလုံးကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေစတော့မှာ အန်ဂိုရာမြို့ဟာလည်း ကျွန်တော်တို့ လက်ထဲကို ရောက်လာရုံပဲ ရှိတော့တယ်”

ဘူးလ်ရန် ဒေါသတွေတလိပ်လိပ်တက်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ “ဒါဆို ငါ့ - ငါ့ကုမ္ပဏီကော ဘာဖြစ်သွားမှာလဲ”

“ကျွန်တော်တို့က ခင်ဗျားကို အင်အားသုံးပြီး နှိမ်နင်းရမလား ဒါမှမဟုတ် ခင်ဗျားဘက်ကပဲ အလိုလို အညံ့ခံပြီး အသက်ရော သိက္ခာပါ ဆက်ထိန်းထားမလားပေါ့။ ကျွန်တော့်အမြင်အရတော့ အခုအချိန်မှာ လက်လျှော့လိုက်တာက ခင်ဗျားအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်”

“သွားသေလိုက်စမ်း” ဘူးလ်ရန် အော်ဟစ်လိုက်ရင်း သူ့စားပွဲပေါ်မှာရှိတဲ့ ဆီမီးခွက်တွေ၊ စာအုပ်တွေနဲ့ မှင်အိုးတွေကို ကောက်ကိုင်ပြီး ဟက်စတုဆီ လှမ်းပေါက်လိုက်တော့တယ်။

ဟက်စတုရဲ့ တစ်ကိုယ်လုံးကနေ ရုတ်တရက် မီးလျှံတွေ ထတောက်လာပြီး မီးတံတိုင်းတစ်ခု ဖြစ်သွားတာမို့ သူ့ဆီ လွင့်စင်လာတဲ့ သာမန်ပစ္စည်းတွေအကုန်လုံး ပြာကျပျက်စီးသွားရတယ်။

“အစောင့်တွေ” ဘူးလ်ရန်က “သူ့ကို ဖမ်းပြီး မြေအောက်ဂူဗိမာန်ထဲ ထည့်လိုက်စမ်း” လို့ အော်ပြောလိုက်တယ်။

ရုံးခန်းတံခါးကြီး ဂျိမ်းခနဲ ပွင့်ထွက်သွားပေမဲ့ ဝင်လာတာက ဘူးလ်ရန်ကုမ္ပဏီရဲ့ သက်တော်စောင့်တွေ မဟုတ်ကြဘူး။ လိမ္မော်ရောင် ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အခြားလူလေးယောက်က ဘူးလ်ရန်ရဲ့ ဝန်ထမ်းတွေကို လည်ပင်းကနေ မပြီး သယ်ဆောင်လာကြတာပါ။

ဒီလူတွေဟာ ကြယ်လေးပွင့်အဆင့် ကျင့်စဉ်စွမ်းအားရှိတဲ့ သူ့ရဲ့ ပင်ကိုယ်သက်တော်စောင့်တွေ ဖြစ်ကြပေမဲ့လည်း ဟက်စတုရဲ့ လူတွေလက်ထဲမှာတော့ သက်မဲ့ရုပ်သေးရုပ်တွေလိုမျိုး အလွယ်တကူ နှိမ်နင်းခြင်း ခံလိုက်ရရှာတယ်

“ကောင်စုတ်တွေ” ဘူးလ်ရန် ကျယ်ကျယ်လောင်လောင် ဆဲရေးလိုက်ရင်း ကျောက်ဘီလူး၏ လောဘဇော မန္တန်ကို ထုတ်ဖော်လိုက်တယ်။

သူက ကြမ်းပြင်ကို လက်သီးနဲ့ ထိုးချလိုက်တာကြောင့် ဟက်စတုရှိရာဆီ မျဉ်းဖြောင့်အတိုင်း အရှိန်နဲ့ ပြေးထွက်သွားတဲ့ ကျောက်တုံးတောင်ပူစာကြီးတစ်ခု ကြမ်းပြင်ပေါ်မှာ ဖြစ်ပေါ်လာတယ်။

အဲဒီကျောက်တုံးကြီးက ပစ်မှတ်ဆီ ရောက်သွားတာနဲ့ တပြိုင်နက် ကျောက်ခဲအကျိုးအပဲ့တွေအဖြစ် ပေါက်ကွဲထွက်သွားပြီး ဟက်စတုကို တစ်လုပ်တည်းနဲ့ ဝါးမြိုပစ်ဖို့ ပါးစပ်ကြီး အကျယ်ကြီး ဖြဲထားတဲ့ ဧရာမ ပုတ်သင်ညိုပုံစံ ဂိုလမ်ကျောက်ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာတော့တယ်။

ဒါပေမဲ့လည်း ဟက်စတုရဲ့ သက်တော်စောင့်တွေက ချက်ချင်းဆိုသလို ရှေ့ကို ပြေးထွက်လာပြီး သူတို့ခါးကနေ မီးလျှံဓားတွေကို ဆွဲထုတ်ကာ အဲဒီ ကျောက်ဘီလူးကြီးရဲ့ ပါးစပ်နဲ့ ရင်ဆိုင်တိုက်ခိုက်ကြတယ်။

ကျောက်ဘီလူးကြီးက အဲဒီ မီးလျှံဓားတွေကို ကိုက်ခွဲပစ်ဖို့ ကြိုးစားပေမဲ့ ဓားတွေရဲ့ ပြင်းထန်တဲ့ အပူရှိန်ကြောင့် သူ့ရဲ့ အစွယ်တွေက ချော်ရည်တွေအဖြစ် အရည်ပျော်ကျသွားတာကို တွေ့လိုက်ရတယ်။

“ဘုရင့်တံဆိပ်မီးလျှံ မန္တန်” သက်တော်စောင့်တွေက အော်ဟစ်လိုက်ပြီး သူတို့ရဲ့ ဓားတွေဆီကနေ လေထဲမှာ တစ်ခုနဲ့တစ်ခု ဆုံဖြတ်သွားမယ့် လခြမ်းပုံစံ မီးလျှံအသေးစားလေးတွေကို ထုတ်လွှတ်လိုက်ကြတယ်။

အဲဒီမီးလျှံနှစ်ခု စောင့်မိသွားတဲ့အခါမှာတော့ တောင်ပံတွေကို ခတ်ပုတ်ရင်း သတိကြီးကြီးထားနေတဲ့ ကျောက်ဘီလူးကြီးဆီ ငုံ့လျှိုးဆင်းသွားတဲ့ မီးလျှံလင်းယုန်ငှက်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားတော့တယ်။

လင်းယုန်ငှက်ကြီးက ကျောက်ဘီလူးကြီးရဲ့ ပါးစပ်ထဲကနေ ဖောက်ဝင်ပြီး နောက်ကျောဘက်ကနေ ပြန်ပွင့်ထွက်သွားတာကြောင့် မကြာခင်မှာပဲ လေထဲမှာ ပျောက်ကွယ်သွားမယ့် အရည်ပျော်နေတဲ့ ချော်ရည်တုံးကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့တယ်။

မီးလျှံလင်းယုန်ငှက်ကြီးက ကျောက်ဘီလူးကြီးကို ဖောက်ထွက်ပြီး သူ့ဆီ တည့်တည့်ကြီး ပြေးဝင်လာတဲ့အခါမှာတော့ အပူရှိန်က အဆမတန် မြင့်တက်လာတာကို ဘူးလ်ရန် ခံစားလိုက်ရတယ်။

သူက လက်ကို မြှောက်လိုက်ပြီး ကျောက်သားအရေပြား အကာအကွယ် ကနေတဆင့် သူ့ရဲ့ တစ်ကိုယ်လုံးကို ကျောက်သားအဖြစ် ပြောင်းလဲပစ်လိုက်တယ်။

လင်းယုန်ငှက်ကြီးက သူ့ရဲ့ လက်မောင်းတွေကို စောင့်မိပြီး မီးခိုးလုံးကြီးအဖြစ် ပေါက်ကွဲသွားတာကြောင့် ဘူးလ်ရန်ဟာ နံရံဆီ လွင့်စင်သွားပြီး စာရွက်စာတမ်းတွေ ပြည့်နေတဲ့ ဗီရိုတွေကိုပါ အစအနမကျန် ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားရတယ်။

ဘူးလ်ရန်က ပျက်စီးသွားတဲ့ သစ်သားပြားအစအနတွေကြားထဲကနေ ရုန်းကန်ထွက်လာခဲ့တယ်။

သူက ဟက်စတုကို မော့ကြည့်ရင်း သွေးတွေ အန်ထုတ်လိုက်ရတယ်။

“ဒါနဲ့တင် မလောက်သေးဘူးဆိုရင်တော့ မင်းရဲ့ အခြေအနေ ဘယ်လောက်အထိ ဆိုးရွားနေလဲဆိုတာကို မင်းရဲ့ အိမ်တော်ထိန်းကိုပဲ ရှင်းပြခိုင်းရမှာပေါ့”

ဟက်စတုက ဝတ်စုံတွေ ဖရိုဖရဲ ဖြစ်နေတဲ့ အဘိုးအိုတစ်ယောက်ကို ခေါ်လာဖို့ သူ့လူတွေကို လက်ဟန်ပြလိုက်တယ်။

“အရှင်” အိမ်တော်ထိန်းက ဘူးလ်ရန်ဆီ တွားသွားရင်း “ကျွန်တော်တို့ရဲ့ ဂိုဒေါင်တစ်ခုလုံးကို ဓားပြတွေက အစအနမကျန် လုယက်သွားကြပါပြီ ကျွန်တော်တို့လူတွေလည်း အသက်လုနေရပါတယ်” လို့ ပြောရှာတယ်။

ဘူးလ်ရန်က သွားကို ကြိတ်ရင်း ဟက်စတုကို မော့ကြည့်လိုက်တယ်။

“မင်းတို့ကောင်တွေက အဲဒီ လူယုတ်မာဓားပြအဖွဲ့ကိုပါ လက်ဝေခံအဖြစ် မွေးထားတယ်”

ဟက်စတုက ဘာမှပြန်မပြောပေမဲ့ အဖြေကတော့ ရှင်းနေပါတယ်။ သူတို့က အဲဒီ လူယုတ်မာဓားပြအဖွဲ့ကို ကြိုးကိုင်ထားတာပဲ။

ဒီအချိန်မှာတော့ ဘူးလ်ရန်ဟာ သူဌေးကြီးတွေရဲ့ ကစားပွဲထဲမှာ သူက နယ်ရုပ်တစ်ခုမျှသာ ဖြစ်တယ်ဆိုတာကို အမှန်တကယ် သဘောပေါက်သွားတော့တယ်။ ဖလဲယားကော့ပ်လို ကုမ္ပဏီကြီးတွေမှာ သူတို့ အလိုရှိသမျှကို လုပ်ပိုင်ခွင့်ရမယ့် အာဏာ၊ ငွေကြေးနဲ့ ဩဇာတွေ အပြည့်အစုံ ရှိနေကြပြီး သူတို့လို ကုမ္ပဏီအသေးစားလေးတွေကတော့ ဒီလိုအစီအစဉ်ကြီးထဲမှာ ဘာမှ အရာမဝင်ပါဘူး။

“မင်းမှာ အခု ရွေးချယ်စရာ နှစ်ခုရှိတယ် သေမလား ရှင်မလားပေါ့ မင်းသာ ငါတို့ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ သဘောတူမယ်ဆိုရင် လက်ရှိအဆင့်ထက် ပိုပြီး မြင့်တက်သွားနိုင်လိမ့်မယ် ကမ္ဘာ့အဆင့် ၄၆၀ ထဲ ဝင်ဖို့ကတော့ သေချာပေါက်ပဲ တကယ်လို့ မပူးပေါင်းဘူးဆိုရင်တော့ ဘာဖြစ်မလဲဆိုတာ မင်းအသိဆုံး ဖြစ်မှာပါ”

ဘူးလ်ရန်က သူ့ရဲ့ ဝန်ထမ်းတွေ၊ သက်တော်စောင့်တွေနဲ့ သူ့ရဲ့ အိမ်တော်ထိန်းကို လှည့်ကြည့်လိုက်တယ်။ သူတို့အားလုံးက သူ့အပေါ်မှာပဲ မှီခိုနေကြတာပါ။

“ငါ ဘာလုပ်ရမလဲ” သူ မေးလိုက်တယ်။

ဟက်စတု ပြုံးလိုက်တယ်။

“လွယ်လွယ်လေးပါ ကျွန်တော်တို့ အရှင်သခင်က မင်းကို ဂရက်ဖ်တက်ကလတ်စတာရဲ့ တစ်ဦးတည်းသော ဖြန့်ချိသူအဖြစ် အပိုင်စီးစေချင်တာ မင်းရဲ့ ညီအစ်ကိုတွေကို နှိမ်နင်းပြီး ဖလဲယားကော့ပ်အတွက် လမ်းခင်းပေးလိုက်ရုံပဲ”

ဒါဟာ ဘူးလ်ရန် အမြဲတမ်း လိုချင်ခဲ့တဲ့အရာ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ ဘာဖြစ်လို့ ဒီလောက်တောင် ရင်နာစရာကောင်းနေရတာလဲ။

“ဒါပေမဲ့ ရီနေးတားကုမ္ပဏီကော ဘာဖြစ်သွားမှာလဲ”

ဟက်စတုက ခေါင်းခါလိုက်တယ်။

“ငါ မင်းကို ပြောပြီးသားပဲ ဒီလို ကုမ္ပဏီအသေးအဖွဲလေးတွေက ငါတို့အတွက် ဘာမှ အရေးမပါဘူး စိတ်ပူစရာ မလိုပါဘူး မင်းရဲ့ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ဖို့အတွက် ငါတို့ဘက်က လိုအပ်တဲ့ အကူအညီတွေကို ပေးသွားမှာပါ”

သူက အဖြူရောင် ဆေးလုံးအသေးလေးတစ်လုံးကို ထုတ်ပြီး ဘူးလ်ရန်ဆီ ပေးလိုက်တယ်။

“ဒါက တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ မင်းရဲ့ စွမ်းအားတွေကို မြင့်တက်စေမယ့် ကျင့်စဉ်ဆေးလုံးပဲ မင်းလိုအပ်သမျှ အရာအားလုံးကို ငါတို့ ထောက်ပံ့ပေးသွားမယ်။

ဒါတင်မကဘဲ အများပြည်သူဆီ ပြန်လည်ရောင်းချဖို့အတွက် ဖလဲယားကော့ပ်ရဲ့ ကုန်ပစ္စည်းတွေကိုပါ ပို့ပေးဦးမှာမို့ ဒါက မင်းတို့ကုမ္ပဏီရဲ့ အမြတ်အစွန်း ပြဿနာကိုပါ ဖြေရှင်းပေးနိုင်လိမ့်မယ်”

ဒါပေမဲ့ ဘူးလ်ရန်ကတော့ တွေဝေနေတုန်းပါပဲ။

“မင်းတို့ ရီနေးတားကုမ္ပဏီရဲ့ တကယ့် အစွမ်းအစကို သဘောမပေါက်သေးဘူးလို့ ငါ ထင်တယ်”

ဒါပေမဲ့ ဟက်စတုကတော့ နားမထောင်တော့ပါဘူး။ သူ ဘာမှမသိတဲ့ ကုမ္ပဏီတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် လုံးဝ စိတ်မဝင်စားဘူးဆိုတာကို ဘူးလ်ရန်အနေနဲ့ သူ့မျက်လုံးတွေကို ကြည့်ရုံနဲ့တင် မြင်နိုင်ပါတယ်။

“ထားလိုက်ပါတော့” ဟက်စတု သက်ပြင်းချလိုက်တယ်။

“မင်းက ဒီထက်ပိုပြီး အကူအညီလိုချင်တယ်ဆိုရင်တော့ အခြေအနေတွေကို မျှတသွားအောင် ကူညီပေးဖို့ လူယုတ်မာဓားပြအဖွဲ့ကို ငါ တာဝန်ပေးလိုက်မယ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဓားပြတစ်ယောက်က ကုမ္ပဏီတွေကို မျက်စိမှိတ် လုယက်တဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်တယ်လို့ ငါ ကြားထားတယ် သူ့နာမည်က ဘယ်လိုလဲ အော်...ဟုတ်ပြီ စလစ်ဇီ တဲ့”

တစ်ချိန်တည်းမှာပဲ မိုက်ကယ်နဲ့ ဘားကပ်စ်တို့ဟာ တိုက်ပွဲအပြီး နောက်ဆက်တွဲကိစ္စတွေကို ရှင်းလင်းပြီးတဲ့နောက် ပထမဆုံးအခြေချစခန်းဆီ ပြန်ရောက်လာကြတယ်။

မေးစေ့ချွန်ချွန်နဲ့ အဲဒီလူဟာ ရီနေးတားကုမ္ပဏီရဲ့ တကယ့် တန်ဖိုးအစစ်အမှန်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတာကြောင့် အခုထက်ထိ မှင်တက်နေတုန်းပါပဲ။

“မင်းတို့ရဲ့ အဆင့်သတ်မှတ်ချက်က လိမ်ညာထားတာလို့ ငါ ထင်ခဲ့တာ တကယ်တော့...သူတို့က မင်းတို့ကို အဆင့်လျှော့တွက်ထားခဲ့ကြတာပဲ” ဘားကပ်စ်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။

“ဒါက မင်းတို့ကုမ္ပဏီဟာ ကွင်းစ်နယ်မြေရဲ့ ဒီလို နေရာသေးသေးလေးတင်မကဘဲ အနာဂတ်ရှိနေသေးတယ်ဆိုတာကို ငါ့ကို သဘောပေါက်သွားစေတယ် မင်းတို့ တိုက်ကြီးတစ်လုံးကိုတောင် သိမ်းပိုက်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်”

မိုက်ကယ်က အဲဒီလူရဲ့ ချီးမွမ်းစကားတွေကို လက်ကာပြလိုက်တယ်။

“မင်း လိုချင်တယ်ဆိုရင်လည်း ငါတို့ရဲ့ မဟာမိတ်တွေထဲက တစ်ယောက် ဖြစ်လာနိုင်တာပဲလေ”

ဘားကပ်စ်ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားရတယ်။

“တကယ်လား ငါ့အနေနဲ့ မဟာမိတ်ဖြစ်ခွင့်ရရင် တကယ်ကို ဂုဏ်ယူမိမှာပါ”

“ရွှေလမ်းမကြီးတလျှောက် ခရီးသွားရတာ ပိုပြီး အဆင်ပြေချောမွေ့သွားအောင် ကုန်တင်ကားတွေ ရပ်နားမယ့်နေရာတွေ ဆောက်ဖို့ ငါ စီစဉ်ထားတယ်။

အဲဒီနေရာမှာ ဓာတ်ဆီဆိုင်တွေတင်မကဘဲ တည်းခိုဆောင်တွေ၊ အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အခြား လိုအပ်တဲ့ အဆောက်အအုံတွေကိုပါ ထည့်သွင်းချင်တာ မင်းတို့ကုမ္ပဏီကလည်း အဲဒီအထဲက တစ်ခု ဖြစ်လာနိုင်မယ်လို့ ငါ ထင်တယ်”

* * * * * * * *

All Chapters