← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁) သူမဆန္ဒရှိတဲ့အတိုင်း စွပ်စွဲမှုများကို လက်ခံလိုက်ပါ

"အား... ဂျူနီယာမောင်လေး ရဲ့ချန်..."

ရှောင်ယာသည် ရုတ်တရက် ရူးသွပ်သွားတော့မည့်အလား အော်ဟစ်လိုက်၏။

သူမသည် ရဲ့ချန်၏ ခေါင်းကို ပွေ့ပိုက်ထားရာ မျက်ရည်များက မိုးပေါက်ပမာ ကျဆင်းလာပြီး သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ နာကျင်နေလေသည်။

[ရှောင်ယာသည် ရဲ့ချန် သေဆုံးမှုကြောင့် နှလုံးကွဲကြေမတတ် ဝမ်းနည်းပူဆွေးပြီး ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ ဆုံးရှုံးသွားပေသည်... ပိုင်ရှင်သည် ကံကြမ္မာတန်ဖိုး ၅၀,၀၀၀ ရရှိပါသည်...]

"သူ မသေသေးဘူးလား..."

ချင်လော့က မေးမြန်းလိုက်၏။

ရှောင်ယာ၏ ရင်ခွင်ထဲတွင် ရှိနေသော ရဲ့ချန်၏ ခေါင်းကသာ ကျန်ရှိတော့သော်လည်း သူက ရှောင်ယာ၏ နားအနီးတွင် ကပ်၍ ပြောဆိုလိုက်သည်။

"ချင်လော့က နတ်ဆိုးသားတော်ပဲ... သူက သေချာပေါက် နတ်ဆိုးပဲ..."

ထို့နောက် သူ သေဆုံးသွားလေ၏။

[စနစ်... ငါ စကားပြောလို့ ပြီးအောင် အရင် ပေးပြောလို့မရဘူးလား...]

"သူက လက်စားချေတာ အောင်မြင်သွားပြီးတော့ ချက်ချင်း ဗုဒ္ဓအဖြစ် ပြောင်းလဲသွားတာမျိုး မဟုတ်ဘူးလား... နတ်ဆိုးလမ်းစဉ်ထဲ ဝင်သွားတာကိုတောင် ပြန်ပြီး ဖြူစင်သွားအောင် လုပ်လို့ရတယ်ဆိုတော့ သူက နောက်တစ်ခါ ကံကြမ္မာသားတော် ပြန်ဖြစ်လာဦးမှာလား... ကျိုးပဲ့သွားပြီးမှ ပြန်လည်ရပ်တည်လာတာမျိုးလား..."

ဤသည်မှာ ဇာတ်လမ်းဟောင်းတစ်ခုသာ ဖြစ်ပေသည်။

ကံကြမ္မာသားတော်သည် အလွန်အမင်း ဝမ်းနည်းပူဆွေးမှုကြောင့် နတ်ဆိုးအဖြစ် အောင်မြင်စွာ ပြောင်းလဲသွားပြီး လူများကို သတ်ဖြတ်ကာ လက်စားချေပြီးနောက်တွင် နတ်ဆိုးမဟုတ်တော့ဘဲ ယခင်က သူလုပ်ခဲ့သမျှ အရာအားလုံးကို စိတ်လွတ်နေချိန် လုပ်မိခြင်းဖြစ်သည်ဟုဆိုကာ ခဝါချပစ်နိုင်ပေသည်။

[ရိုက်ချက်မိသွားပါပြီ... ကံကြမ္မာသားတော် ရဲ့ချန်ကို သတ်ဖြတ်လိုက်ပါပြီ... သူ၏ ကံကြမ္မာတန်ဖိုး အားလုံးကို ရယူပြီး ဗီလိန်မှတ်များအဖြစ် အလိုအလျောက် ပြောင်းလဲလိုက်ပါသည်...]

[ဆုလာဘ် ရရှိပါသည်... ဓားဆန္ဒ မူလပုံစံ... ဂုဏ်ယူပါသည်၊ သင်သည် ယခုအခါ စစ်မှန်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်လာပါပြီ...]

[ဆုလာဘ်... ဝိညာဉ်သလင်းကျောက် ၁ ခု... သန့်စင်သော ဝိညာဉ်မူလအဆီအနှစ်ဖြစ်ပြီး အစွမ်းထက်သော ဝိညာဉ်စွမ်းအားများ ရရှိရန် သန့်စင်စုပ်ယူနိုင်ပါသည်...]

"သူ့ရဲ့ ခန္ဓာကိုယ် မူလအဆီအနှစ်ကို ယူလိုက်ပြီးတော့ သူ့ရဲ့ ထူးဆန်းတဲ့ မီးတောက်ကိုလည်း ငါ့အတွက် ထုတ်ယူလိုက်..."

ချင်လော့က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ရဲ့ချန်၏ ခန္ဓာကိုယ်သည် လူသားဧကရာဇ်အလံတော် အတွင်းသို့ ကျဆင်းသွားပေ၏။

"မလုပ်နဲ့... ဂျူနီယာမောင်လေး ရဲ့ချန်..."

ရှောင်ယာက သတိလွတ်စွာ အော်ဟစ်လိုက်သည်။

ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ရုတ်တရက် ကျဆင်းလာပြီး မျက်နှာဖုံး ကွဲကြေသွားကာ လူတိုင်းရှေ့တွင် ပေါ်လာသူမှာ အမျိုးသမီးတစ်ဦး၏ မျက်နှာဖြစ်ပြီး သူမ၏ အနည်းငယ် ဖြူရော်နေသော မျက်နှာပေါ်တွင် အပြင်းထန်ဒဏ်ရာရသွားသည့် အရိပ်အယောင်တစ်ခု ရှိနေပေသည်။

သူမက နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်လိုက်ပြီး စုချန်ချန်ကို ကြည့်ကာ ပြောဆိုလိုက်၏။

"ဒီနေ့ကိစ္စကို ဒီလောက်နဲ့ပဲ ရပ်လိုက်ရင် ဘယ်လိုနေလဲ..."

"မရဘူး..."

စုချန်ချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

အမျိုးသမီးက အံကြိတ်ကာ ခြေဆောင့်လိုက်ပြီး တံဆိပ် တစ်ခုကို ထုတ်ယူလိုက်၏။

"ငါက ရွှမ်ထျန်းတာအိုဂိုဏ်းက အကြီးအကဲ မုရုန်းရွှဲ့ပဲ... မဟာချင်အင်ပါယာက ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းကို တကယ်ပဲ ဆန့်ကျင်နေတာလား... ရှောင်ယာက ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် တန်ဖိုးထားတဲ့သူဖြစ်ပြီး တာအိုသမီးတော် လောင်းလျာတွေထဲက တစ်ယောက်ပဲ..."

"ရွှမ်ထျန်းတာအိုဂိုဏ်း... သူမက ရွှမ်ထျန်းတာအိုဂိုဏ်းက တာအိုသမီးတော် ဖြစ်နေတာပဲ..."

"ဒါက ငြိမ်းချမ်းနေတဲ့ မဟာချင်အင်ပါယာနဲ့ ယှဉ်နိုင်တဲ့ အင်အားစုလို့ ပြောကြတာလေ..."

"သူတို့က ကျောက်ခဲကို ကန်မိသွားကြပြီ..."

ချင်လော့သည်လည်း မျက်မှောင် အနည်းငယ် ကြုတ်သွားပေ၏။ မြင့်မြတ်နယ်မြေများသည် အစွမ်းထက်ကြသော်လည်း အထက်တွင် တာအိုဂိုဏ်းရှိသည်။ တာအိုဂိုဏ်း အများစုမှာ လောကီရေးရာ အရှုပ်အရှင်းများကို ဂရုမစိုက်ဘဲ သီးသန့်ခွဲထွက် နေထိုင်တတ်ကြသည်။

သူတို့တွင် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ ထို ရည်ရွှယ်ချက်မှာ မဟာတာအိုကို ရှာဖွေစူးစမ်းရန်နှင့် အဓိပတိ အဆင့်ကို ရှာဖွေရန်ပင် ဖြစ်ပေသည်။

ရွှမ်ထျန်းတာအိုဂိုဏ်း၏ ယေဘုယျအင်အားသည် သေချာပေါက် မဟာချင်အင်ပါယာနှင့် ယှဉ်၍မရနိုင်သော်လည်း သူတို့တွင် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသော အစွမ်းထက်သူများ ရှိနိုင်သကဲ့သို့ အတိတ်က ပေါ်ထွက်ခဲ့ဖူးခြင်းလည်း ဖြစ်နိုင်ပေ၏။

"မင်း အဲဒီခန္ဓာကိုယ်ကို လိုချင်သေးလား..."

ချင်လော့က မေးမြန်းလိုက်သည်။

ရှီးဟွမ်က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖြေကြားလိုက်၏။

“ငါ့မှာ ဝိညာဉ်အပိုင်းအစတစ်ချို့ကို သူမရဲ့ ခန္ဓာကိုယ်အတွင်း ကပ်တွယ်စေနိုင်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်…

အဲ့ဒီနည်းလမ်းက သူမကို တဖြည်းဖြည်း လွှမ်းမိုးသွားစေနိုင်ပြီး၊ အနာဂတ်မှာတော့ သူမရဲ့ ဝိညာဉ်ကိုပင် သိမ်းပိုက်နိုင်လိမ့်မယ်…”

"ဒါပေမဲ့ ငါအတွက်တော့ အားနည်းချက် တချို့ရှိတယ်..."

"ကိစ္စမရှိဘူး... သူမက ငါ့လက်ထဲကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး... သူ့ကို အနိုင်ပိုင်းရမယ်..."

ချင်လော့က ငြင်းဆန်၍မရသော လေသံဖြင့် အမိန့်ပေးလိုက်သည်။

ရှောင်ယာသည်လည်း သူမ၏ ဆရာက ရွှမ်ထျန်းတာအိုဂိုဏ်းမှ ဖြစ်ကြောင်း ပထမဆုံးအကြိမ် ကြားလိုက်ရသဖြင့် သူမ၏ ခါးများ ရုတ်တရက် မတ်မတ်ဖြစ်သွားသလို ခံစားလိုက်ရပေ၏။

သူမက မတ်တတ်ထရပ်လိုက်ပြီး ချင်လော့ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေသည်။

သူမ၏ နားထဲတွင် ရဲ့ချန် သေဆုံးခါနီး ပြောခဲ့သော စကားများက ပဲ့တင်ထပ်နေဆဲပင်။

ချင်လော့က နတ်ဆိုးသားတော် ဖြစ်သည်။

သူမက ချင်လော့ကို လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။

"ဒီလူက နတ်ဆိုးသားတော်ပဲ..."

"တကယ်လား..."

မုရုန်းရွှဲ့က အံ့အားသင့်နေသော မျက်နှာဖြင့် ရှောင်ယာကို ကြည့်ကာ မေးမြန်းလိုက်သည်။

ဤနတ်ဆိုးဆိုသည်မှာ နတ်ဆိုးဂိုဏ်းမှ သူတော်စင် သို့မဟုတ် သူတော်စင်မလေး စသည်တို့ကို ဆိုလိုခြင်း မဟုတ်ပေ။

ဤနတ်ဆိုးမှာ အစွန်းရောက်နတ်ဆိုးများပင် ဖြစ်လေသည်။

ယခင်က အစွန်းရောက်နတ်ဆိုးများကို နှိမ်နင်းရန်အတွက် လူသားမျိုးနွယ်သည် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ ဟုခေါ်သော အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရွှမ်ထျန်းတာအိုဂိုဏ်းသည် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့၏ တည်ထောင်သူများထဲမှ တစ်ခုဖြစ်ပေ၏။

"ဟုတ်တယ်... ဒါက ဂျူနီယာမောင်လေး ရဲ့ချန် မသေခင်လေးမှာ ကျွန်မကို ပြောသွားခဲ့တာပဲ..."

"ဒီလူက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားတယ်... သူက ငါတို့ လူသားမျိုးနွယ်ရဲ့ သွေးသားမူလအဆီအနှစ်တွေကို စိတ်ကြိုက် ဝါးမြိုနိုင်တယ်..."

"ဂျူနီယာမောင်လေး ရဲ့ချန်၊ သခင်ကြီးလုရဲ့ ရုပ်အလောင်းနဲ့ ဦးလေးရဲ့ ရုပ်အလောင်းတွေ အားလုံးက သူ့လက်ထဲကို ရောက်သွားခဲ့ပြီ... သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းနေတာပဲ..."

"ငါ့ဆီမှာ သူ့အကြောင်း သတင်းအချက်အလက်တွေ ရှိတယ်... သူက ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက ပါရမီရှင် လင်းရွှမ်ကို သတ်ခဲ့တယ်... ပြီးတော့ ငါတို့ ရှောင်မိသားစုက ပါရမီရှင် ရှောင်ထန်ကို သတ်ခဲ့သလို ဂျူနီယာမောင်လေး ရဲ့ချန်ကိုလည်း သတ်ခဲ့တယ်..."

"သူတို့ သုံးယောက်စလုံးက ထိပ်တန်း ပါရမီရှင်တွေချည်းပဲ... အစွန်းရောက်နတ်ဆိုးတွေက ငါတို့ လူသားမျိုးနွယ်နဲ့ တူညီပေမဲ့ သူတို့က ငါတို့ကမ္ဘာက မဟုတ်ဘူး... ပြီးတော့ သူ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ငါတို့ လူသားမျိုးနွယ်ရဲ့ ပါရမီရှင်တွေကို အမဲလိုက်ဖို့ပဲ..."

"ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ် နတ်ဆိုးဂိုဏ်းရဲ့ ကျင့်စဉ်တစ်ခု မဟုတ်ဘဲ အစွန်းရောက်နတ်ဆိုးတွေ ချန်ထားခဲ့တာပဲ... ချင်လော့က အရင်က ထိုက်ရွှီမြင့်မြတ်နယ်မြေမှာ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ် ကို ကျင့်ကြံထားတယ်လို့ အသိအမှတ်ပြုခံခဲ့ရတယ်..."

"ဟုတ်တယ် မဟုတ်လား..."

ရှောင်ယာက အံကြိတ်ကာ ချင်လော့ကို ကြည့်ရင်း မေးမြန်းလိုက်၏။

ချင်လော့က ခေါင်းခါကာ ပြုံးလိုက်သည်။

"ဆက်ပြော... ဆက်ပြော..."

ရှောင်ယာက ရဲ့ချန် သေဆုံးခါနီး ပြောခဲ့သော ထိုစကားများမှာ သူမကို လိမ်ညာခဲ့ခြင်း မဖြစ်နိုင်ဟု ခံစားနေရပြီး ချင်လော့သည် သေချာပေါက် နတ်ဆိုးသားတော် ဖြစ်ရမည်ဟု ယုံကြည်နေပေ၏။

လူတိုင်း သိကြသည့်အတိုင်း ရဲ့ချန်က သူမကို လက်စားချေပေးစေလိုရုံသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက ရှောင်ယာကို ရင်းနှီးစွာ သိကျွမ်းပြီး ရှောင်ယာသည် ထိုသမိုင်းကြောင်းကို အလွန်ရင်းနှီးကျွမ်းဝင်ကာ အစွန်းရောက်နတ်ဆိုးများကို အလွန်မုန်းတီးကြောင်း သူ သိထားသောကြောင့်ပင်။

"မင်းဆီမှာ အစွန်းရောက်နတ်ဆိုးတွေရဲ့ သွေးကြော သေချာပေါက် ရှိရမယ်..."

ရှောင်ယာက ချင်လော့ကို တိုက်ရိုက် စွပ်စွဲလိုက်၏။

"ငါသာ မမှားဘူးဆိုရင် မင်းလက်ထဲက အရာက ဝိညာဉ်တစ်သောင်းအလံ ဖြစ်ရမယ်..."

ဤနေရာသို့ ရောက်သောအခါ ရှောင်ယာ၏ နှလုံးသားထဲရှိ အမုန်းတရားများက ပို၍ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။

"ဝိညာဉ်တစ်သောင်းအလံကို ဘာအတွက် သုံးလဲဆိုတာ မင်း သိချင်မှ သိလိမ့်မယ်..."

"ဝိညာဉ်တစ်သောင်းအလံဆိုတာ ငါတို့ လူသားမျိုးနွယ်က အစွမ်းထက်သူတွေရဲ့ ဝိညာဉ်နဲ့ အရိုးအသွေးတွေချည်းပဲ..."

"ဝိညာဉ်တစ်သောင်းအလံရဲ့ အလံတိုင်ကို ငါတို့ လူသားမျိုးနွယ်က အစွမ်းထက်သူတွေရဲ့ အရိုးတွေနဲ့ သန့်စင်ထားတာဖြစ်ပြီး ဝိညာဉ်တစ်သောင်းအလံရဲ့ အလံစပေါ်မှာ ငါတို့ လူသားမျိုးနွယ်ရဲ့ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ၊ အစွမ်းထက်သူတွေနဲ့ ဧကရာဇ်တွေရဲ့ သွေးတွေတောင် စွန်းထင်းနေတယ်..."

"ပြီးတော့ အဲဒီ ဝိညာဉ်တစ်သောင်းအလံထဲမှာ သူတို့က ငါတို့ လူသားမျိုးနွယ်ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပြီး သူတို့ရဲ့ ဝိညာဉ်တွေကို အတင်းအကျပ် ဖိနှိပ်ကာ နာကြည်းဝိညာဉ်တွေအဖြစ် သန့်စင်ခဲ့ကြတာ... ဒါက အစွန်းရောက်နတ်ဆိုးတွေရဲ့ လုပ်ရပ်ပဲ…”

"ချင်လော့... ရှင်လက်ထဲမှာ ရှိနေတဲ့ ဝိညာဉ်တစ်သောင်းအလံတော်ထဲမှာ ဘာတွေရှိလဲဆိုတာ ငါတို့ကို စစ်ဆေးခွင့်ပြုရဲလား..."

ကောင်းလိုက်လေ။

ချင်လော့က ရှောင်ယာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းသာ မဟုတ်ခဲ့လျှင် ဤရှောင်ယာသည် သူ၏ဘေးတွင် အချိန်အကြာကြီး ခြုံခိုစောင့်ကြည့်နေပြီး သူ၏အကြောင်း အရာအားလုံးကို ထိုးထွင်းသိမြင်နေသည်ဟု သေချာပေါက် ခံစားရမည် ဖြစ်သည်။

"စီနီယာအစ်ကို... အစ်ကိုက အစွန်းရောက်နတ်ဆိုး ဖြစ်နေတာကိုး..."

လျိုရူယန်၏ အံ့အားသင့်နေသော အသံ ထွက်ပေါ်လာခဲ့သည်။

"ငါ ပြောသားပဲ... ငါ့ရဲ့ ချစ်လှစွာသော စီနီယာအစ်ကိုရဲ့ စိတ်နေသဘောထားက ဘာလို့ ဒီလောက်တောင် ကြီးကြီးမားမား ပြောင်းလဲသွားရတာလဲလို့... အစ်ကိုက ငါ အရင်က သိခဲ့တဲ့ စီနီယာအစ်ကို မဟုတ်တော့ဘဲ အစွန်းရောက်နတ်ဆိုး ဖြစ်သွားတာကိုး..."

"မဆန်းတော့ပါဘူး... မဆန်းတော့ပါဘူး... အစ်ကိုက ဘာလို့ ဒီလောက်တောင် ရက်စက်ပြီး ကရုဏာကင်းမဲ့နေရတာလဲဆိုတာ... အစ်ကိုက အရင်တုန်းက ငါ့ခန္ဓာကိုယ်ကို အရမ်းဂရုစိုက်ခဲ့ပေမဲ့ အခုတော့ ငါ့ကို လုံးဝ စိတ်မဝင်စားတော့တာ မဆန်းတော့ပါဘူး..."

"အစ်ကိုက အစွန်းရောက်နတ်ဆိုးတွေရဲ့ သွေးကြောကို နိုးထလာခဲ့ပြီး လူသား မဟုတ်တော့တာကိုး..."

ဘာတွေလဲ။

ချင်လော့က ဤပြဇာတ်ကို အဆုံးသတ်ရန် ပြင်ဆင်နေစဉ် သူ၏ခေါင်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

[သူမ၏ စွပ်စွဲချက်များကို ဝန်ခံခြင်းဖြင့် သူမ ဆန္ဒရှိသည့်အတိုင်း ဗီလိန်မှတ်များကို သုံးစွဲနိုင်ပါသည်...]

"ဒီအရာအားလုံးက သုံးသိန်းကျော်လောက် ရှိတယ်နော်..."

ချင်လော့က မပြောဘဲ မနေနိုင်တော့ချေ။

[ပြန်လည်ရရှိမှုက ရင်းနှီးမြှုပ်နှံမှုထက် ပိုများပါတယ်... အခွင့်အရေးက တစ်ကြိမ်တည်းသာ ရှိပြီး ရွေးချယ်မှုက ကြိုးစားအားထုတ်မှုထက် ပိုအရေးကြီးပါတယ်...]

[ကံကြမ္မာသားတော်တွေကို သတ်ဖြတ်တာ များလွန်းရင် ကောင်းကင်တာအိုက သတိထားမိသွားပြီဖြစ်ပြီး ကံကြမ္မာသားတော်သစ်တွေ မွေးဖွားလာနိုင်ပါတယ်... ပိုင်ရှင် ကျေးဇူးပြု၍ ရွေးချယ်မှု ပြုလုပ်ပါ...]

[သုံးအထိ ရေတွက်ပါမည်...]

All Chapters