← Chapters

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃) သူတော်စင်အဆင့် လုပ်ကြံသူ၊ ထိုက်ရွှီမြင့်မြတ်နယ်မြေ ပြီးဆုံးပြီ

ဘုန်း…

လူတိုင်းက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

ချင်လော့၏ ဓားချက်ဖြင့် လွင့်စင်သွားသော ရှောင်ယာသည်လည်း ချွင်းချက်မရှိဘဲ ကောင်းကင်ယံသို့ မော့ကြည့်နေခဲ့ပေ၏။

မှေးမှိန်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ခမ်းနားထည်ဝါသော အသံတစ်သံက လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းက တပည့် အမှားလုပ်မိရင် ငါတို့ ရွှမ်ထျန်းတာအိုဂိုဏ်းကပဲ အပြစ်‌ပေးပါ့မယ်... မဟာချင်အင်ပါယာက လူတွေ စိတ်ပူစရာ မလိုပါဘူး..."

"ဖြစ်နိုင်မပါလား..."

ထိုပုံရိပ်၏ အကြည့်သည် စုချန်ချန်အပေါ်သို့ ကျရောက်သွားပေ၏။ ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း စုချန်ချန်ကို ကြီးမားသော ဖိအားများ ပေးစွမ်းနိုင်ခဲ့သည်။

"ကောင်းပြီ..."

ချင်လော့က လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။

စုချန်ချန်သည် ထပ်မံ တွန့်ဆုတ်မနေတော့ဘဲ ခေါင်းညိတ်လိုက်၏။

"ဒီနေ့ကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့မယ်... ရွှမ်ထျန်းတာအိုဂိုဏ်းက တပည့်တွေကို သေချာ ထိန်းသိမ်းပါ..."

"မဟာချင်အင်ပါယာရဲ့ မင်းသားက ငါ စုချန်ချန်ရဲ့ မြေးဖြစ်ပြီး ပါးစပ်ကနေ အလွယ်တကူ စွပ်စွဲလို့ရတဲ့သူ မဟုတ်ဘူး..."

"နတ်ဆိုးသားတော် ဆိုတဲ့စကားကို နောက်တစ်ခါ ထပ်ကြားရရင် ငါ သေချာပေါက် အလျှော့ပေးမှာ မဟုတ်ဘူး..."

အကယ်၍ ချင်လော့ကသာ နတ်ဆိုးဖြစ်နေမည်ဆိုလျှင် ဤသွေးကြောသည် မည်သူ့ထံမှ ဆင်းသက်လာသနည်း။

မဟာချင်အင်ပါယာ၏ သွေးမျိုးဆက်လော၊ သို့မဟုတ် သူ စုချန်ချန်၏ သွေးမျိုးဆက်လော။

ဤသည်မှာ ချင်လော့ကို စွပ်စွဲခြင်းသာမက သူ့ကို စွပ်စွဲခြင်းလည်းဖြစ်ပြီး မဟာချင်အင်ပါယာကို စွပ်စွဲခြင်းလည်း ဖြစ်ပေသည်။

"ဒီကိစ္စအတွက် ရွှမ်ထျန်းတာအိုဂိုဏ်းက မဟာချင်အင်ပါယာကို ရှင်းပြချက်တစ်ခု ပေးပါ့မယ်..."

ထိုပုံရိပ်က မုရုန်းရွှဲ့တို့ဘက်သို့ လှည့်ကာ အပြစ်တင်လိုက်၏။

"အမြန် မဆုတ်ခွာသေးဘူးလား..."

မုရုန်းရွှဲ့က တွန့်ဆုတ်မနေဘဲ ရှောင်ယာကို ဆွဲခေါ်ကာ နတ်လက်နက်တောင်ကြား အပြင်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

ရှောင်ယာမှာ အနည်းငယ် မူးဝေနေပြီး ချင်လော့၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် အထိနာသွားသည်ကို ခံစားနေရသည်။

နတ်လက်နက်တောင်ကြားမှ မထွက်ခွာမီ သူမ၏ အကြည့်က ချင်လော့အပေါ်သို့ ကျရောက်သွားပြီး သူမ၏ မျက်လုံးများထဲရှိ အမုန်းတရားက မေ့ဖျောက်၍မရနိုင်လောက်အောင် ပြင်းထန်နေပေ၏။

ချင်လော့က သူမကို အနည်းငယ် ပြုံးပြလိုက်ပြီး ပြောဆိုလိုက်သည်။

"ငါတို့ ပြန်တွေ့ကြသေးတာပေါ့..."

မျိုးစေ့ကို မြှုပ်နှံထားပြီးဖြစ်ရာ အမြစ်တွယ်ကာ အညှောက်ပေါက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေပြီး အချိန်တန်ချိန်တွင် ရှောင်ယာသည် သူ၏ ခြယ်လှယ်မှုအောက်သို့ ရောက်ရှိလာပေလိမ့်မည်။

ကံကြမ္မာတန်ဖိုး သုံးသိန်းကျော်သည် အလဟဿ မဖြစ်ခဲ့ချေ။

"နောက်တစ်ခါ ပြန်တွေ့တဲ့နေ့က ရှင် သေမယ့်နေ့ပဲ..."

ရှောင်ယာက ရက်စက်စွာ ပြောဆိုလိုက်သည်။

သူမသည် ရွှမ်ထျန်းတာအိုဂိုဏ်းတွင် သေချာစွာ ကျင့်ကြံပြီး ဤနေ့အတွက် လက်စားချေရန် ရည်ရွယ်ထားပေ၏။

ဒဏ်ရာအပြင်းအထန်ရကာ သေလုမျောပါး ဖြစ်နေသော ရှောင်ကျွင်းချဲ့သည် မုရုန်းရွှဲ့နှင့် ရှောင်ယာတို့ ထွက်သွားသည်ကို မြင်ချိန်၌ သူ၏မျက်နှာပေါ်တွင် ခါးသီးသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

အရာအားလုံးက ရှောင်ယာ၏ စကားကို နားထောင်ပြီး ရဲ့ချန်ကို သတို့သမီးလုယူရန် ကူညီပေးခဲ့ခြင်းကြောင့်ဖြစ်ကာ နောက်ဆုံးတွင် ဤကဲ့သို့သော အခြေအနေမျိုးဖြင့် အဆုံးသတ်သွားမည်ကို မည်သူက သိနိုင်မည်နည်း။

ချင်လော့က ရှောင်ကျွင်းချဲ့နှင့် လုယွမ်တို့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

"ငါ အရင်ကတည်းက ပြောထားပြီးသား... နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ တရားဥပဒေ စိုးမိုးရေးကို တားဆီးရဲတဲ့သူတိုင်း သေစေရမယ်..."

"ဒါကြောင့် မင်းတို့က သေသင့်တယ်..."

သူ သတ်ဖြတ်လိုက်လေ၏။ နောက်ထပ် သူတော်စင် နှစ်ပါး ကျဆုံးသွားခဲ့သည်။

ဤနေ့တွင် သူတော်စင် ငါးပါး ကျဆုံးသွားခဲ့ရာ ဓားတစ်သောင်းစံအိမ်သည် ပြီးဆုံးသွားပြီဟု ခန့်မှန်းရပြီး တန်ဆေးဂိုဏ်းသည်လည်း အခြားသူများ၏ မျက်လုံးထဲတွင် သားတုံးကြီးတခု ဖြစ်လာပေလိမ့်မည်။

ယွင်ရှန်းရှောင်မိသားစုနှင့် ပတ်သက်၍ လူအတော်အများက မျက်ခုံးလှုပ်နေကြသည်။

သူတို့က သတင်းစကားများ ပေးပို့ကာ ယွင်ရှန်းရှောင်မိသားစုကို အဆင်အခြင်မဲ့ မလှုပ်ရှားရန် အခြားတစ်ဖက်ကို သတိပေးလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်မိသားစုတွင် မသေသေးသော မိန်းကလေးတစ်ဦး ရှိနေသေးပြီး သူမက ရွှမ်ထျန်းတာအိုဂိုဏ်း၏ တာအိုသမီးတော် ဖြစ်လာနိုင်ကာ သူမ၏ အဆင့်အတန်းမှာ လေးစားဖွယ် ကောင်းပေသည်။

ချင်လော့က ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး သူတို့ကို ပြောဆိုလိုက်၏။

"အားလုံးပဲ... ဒီနေ့ကိစ္စ ပြီးဆုံးသွားပြီမို့ မင်္ဂလာအရက်ကိုတော့ သောက်လို့မရတော့ဘူး... ကျေးဇူးပြုပြီး ပြန်ကြပါတော့…”

"ဒါနဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေက လူတွေကတော့ ခဏလောက် မသွားကြနဲ့ဦး... ငါ မင်းတို့နဲ့ ရှင်းစရာ စာရင်းတချို့ ရှိသေးတယ်..."

"မင်းတို့က အရင်တုန်းက ငါ့ရဲ့ ကတိကို ဖြည့်ဆည်းပေးမယ်လို့ ပြောခဲ့တယ်လေ... မှတ်မိသလောက်ဆိုရင် အရင်က ထိုက်ရွှီမြင့်မြတ်နယ်မြေမှာ ငါ မင်းတို့ကို ကတိပေးခဲ့တဲ့ ကိစ္စတစ်ခု ရှိသေးတယ်..."

ကတိပေးထားသည့်ကိစ္စမှာ သေသည်အထိ ရန်သူဖြစ်ရန်ပင်။ တစ်ယောက်တွေ့လျှင် တစ်ယောက် သတ်မည်ဖြစ်သည်။

ပြဇာတ်ကို ကြည့်ရှုပြီးနောက် အခြားသူများသည် အနည်းငယ် နောင်တရစွာဖြင့် ဆုတ်ခွာသွားကြပြီး လူများစွာမှာမူ စိတ်လှုပ်ရှားနေပုံရသည်။

ဤနေ့တွင် ဖြစ်ပျက်ခဲ့သမျှသည် ဝတ္ထုတစ်ပုဒ်ထက် ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။

ရဲ့ချန်ကို လာရောက် ကူညီချင်ခဲ့သူ အများအပြားမှာ ဤအခိုက်အတန့်တွင် အလွန် စိတ်မကောင်း ဖြစ်နေကြသည်။

ရဲ့ချန်က သတို့သမီးကို အောင်မြင်စွာ လုယူနိုင်ခဲ့သော်လည်း ရဲ့ချန်သည် ချင်လော့၏ လွယ်ကူစွာ နင်းခြေသတ်ဖြတ်ခြင်းကို ထပ်မံခံလိုက်ရပြန်သည်။

ဤအရာက သူတို့ကို ကျေနပ်မှု ရရှိစေသော်လည်း အပြည့်အဝ ကျေနပ်မှု မရရှိခဲ့သဖြင့် အလွန် နေရခက်နေခဲ့ပေသည်။

"ဝတ္ထုထဲက ဗီလိန်က ဇာတ်လိုက်ကို ဖိနှိပ်နေတုန်းပဲ... သေချာတာကတော့ ဝတ္ထုက ဝတ္ထုဖြစ်ပြီး အပြင်ကမ္ဘာက အပြင်ကမ္ဘာပဲ..."

"မြစ်အရှေ့မှာ အနှစ်သုံးဆယ်၊ မြစ်အနောက်ဘက်မှာ

အနှစ်သုံးဆယ်... ဒီလောက်နှစ်တွေအများကြီး ရုန်းကန်ခဲ့ရတာတွေက နောက်ဆုံးတော့ နင်းခြေသတ်ဖြတ်ခံရတာပဲလား..."

"ကျွဲနွားတွေက ကျွဲနွားတွေပဲလေ... ပြန်လည်တိုက်ခိုက်ချင်တယ် ဟုတ်လား... ဟားဟား... ဒါက ရိုးရှင်းစွာပဲ မဖြစ်နိုင်တာ..."

လူတိုင်း ထွက်ခွာသွားချိန်၌ လူအုပ်ထဲမှ အမျိုးသားတစ်ဦးသည် ချင်လော့၏ အနီးမှ ဖြတ်လျှောက်သွားခဲ့သည်။

ချင်လော့နှင့် အနီးကပ်ဆုံး အကွာအဝေးသို့ ရောက်ချိန်၌ သူက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။

ရွှီးခနဲ အသံနှင့်အတူ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူ၏လက်ထဲတွင် ဓားမြှောင်တစ်လက် ပေါ်လာကာ ချင်လော့၏ နှလုံးသားနေရာဆီသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။

ဤမြင်ကွင်းမှာ လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့ပေသည်။ ဤအချိန်၌ တစ်စုံတစ်ယောက်က ချင်လော့ကို လုပ်ကြံလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။

ချင်လော့၏ ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းများ ထောင်မတ်သွားပြီး တစ်ဖက်လူ၏ အစွမ်းထက်သော အငွေ့အသက်များက သူ့ကို ဖုံးလွှမ်းသွားခဲ့ရာ ထိုသူမှာ သူတော်စင်တစ်ပါး ဖြစ်ပေသည်။

"သေစမ်း... သူတော်စင်တစ်ပါးက ငါ့ကို လာပြီး လုပ်ကြံတယ်ပေါ့... မင်းတို့က ငါ့ကို တကယ် အထင်ကြီးနေကြတာပဲ..."

ချင်လော့၏ ဒေါသများ လောင်ကျွမ်းသွားခဲ့သည်။

"မကောင်းတော့ဘူး... မင်းသားကို ကယ်တင်ကြ..."

အခြားသူများ၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားပြီး အထူးသဖြင့် စုချန်ချန်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့၏။

သူ၏ မျက်စိအောက်တွင် သူ၏မြေးကို လုပ်ကြံရဲသည်လား။ အလွန်အမင်း မာနကြီးလွန်းလှပေသည်။

ဘုန်း…

အစွမ်းထက်သော အငွေ့အသက်များက စုချန်ချန်ထံမှ ထွက်ပေါ်လာပြီး သူက ချက်ချင်း ပြေးဝင်သွားခဲ့သည်။ ထိုသူတော်စင်၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။

"နောက်ကျသွားပြီ..."

သူက အချိန်ကိုက် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး သူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုဖြစ်ရာ ချင်လော့အနေဖြင့် ဤသေစေနိုင်သော တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့လျှင် သေချာပေါက် သေဆုံးရမည်သာ ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် သူက ထွက်ပြေးရန် အဆင်သင့်ဖြစ်နေပြီး တိုက်ခိုက်မှု အောင်မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ထွက်ပြေးမည် ဖြစ်၏။

အန္တရာယ် အချို့ရှိသော်လည်း အောင်မြင်နိုင်ခြေက ကြီးမားလှပေသည်။

ထို့ပြင် စိန်ခေါ်မှုရှိသော အရာများက ပို၍ စိတ်ဝင်စားစရာ ကောင်းသည် မဟုတ်ပါလား။ ယနေ့တွင် ချင်လော့ သေဆုံးသွားလိမ့်မည်။

ဖူး…

ဓားမြှောင်က ချင်လော့၏ အသားများကို ထိုးဖောက်သွားခဲ့ပြီဖြစ်သည်။ သူ၏အပြုံးက ပို၍ ရက်စက်လာခဲ့၏။

ဤဓားမြှောင်ပေါ်တွင် အဆိပ်များ သုတ်လိမ်းထားပြီး သူတော်စင်ပင်လျှင် ထိမိပါက သေချာပေါက် သေဆုံးရမည် ဖြစ်ပေသည်။

"ထွက်သွားစမ်း..."

ချင်လော့က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လူသားဧကရာဇ်အလံကို အတင်းအကျပ် လှုပ်ရှားစေကာ သူ့ကိုယ်သူနှင့် လုပ်ကြံသူကို ချက်ချင်း ဖုံးလွှမ်းလိုက်သည်။

ချင်လော့ထံမှ အစွမ်းထက်သော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာပြီး ထိုသူက ဓားမြှောင်ပေါ်ရှိ အဆိပ်များကို ချင်လော့က တက်ကြွစွာ စုပ်ယူနေသည်ကို ခံစားလိုက်ရပေ၏။

"ဒါက..."

ထိုလူက တစ်ခဏမျှ အံ့အားသင့်သွားသည်။

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်က အရာအားလုံးကို ဝါးမြိုနိုင်ပေသည်။ အဆိပ်ကိုလည်း ဝါးမြိုနိုင်ပေ၏။

ဘုန်း…

အဆိပ်များက ချင်လော့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သောင်းကျန်းလာခဲ့သည်။

ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်က အဆိပ်ကို ဝါးမြိုနိုင်သော်လည်း လုံးဝ သန့်စင်နိုင်မည် မဟုတ်ချေ။

"အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်... ငါ့အတွက် သန့်စင်ပေးစမ်း..."

ရွှီး…

ချင်လော့က စစ်မှန်သောနတ်ဆိုးသွေးကြောကို ထုတ်ယူကာ စတင်စုပ်ယူလိုက်သည်။

"ဝိညာဉ်သလင်းကျောက်... ငါ့ကို ပေးစမ်း..."

ကြီးမားသော အနက်ရောင် သလင်းကျောက်တစ်ခုက ချင်လော့၏ရှေ့တွင် ထွက်ပေါ်လာခဲ့၏။

အဆိပ်များနှင့်အတူ သန့်စင်ကာ သူက ကျင့်ကြံမှုအဆင့်ကို မြှင့်တင်လိုပေသည်။

ရူးသွပ်စရာပင်၊ ဤသည်က သူ့ကို ကြီးထွားလာစေရန် အတင်းအကျပ် တွန်းအားပေးနေသည် မဟုတ်ပါလား။

လုပ်ကြံသူနှင့်ပတ်သက်၍ လူသားဧကရာဇ်အလံတော် အတွင်းသို့ ဝင်ရောက်ပြီးနောက် သူက ထွက်သွားချင်သည်လား။

‘ဟားဟား…’

ရှောင်ယာအနေဖြင့် ယခင်က လုပ်နိုင်ခဲ့ကောင်း လုပ်နိုင်ခဲ့မည်ဖြစ်သော်လည်း ယခုအခါ လူသားဧကရာဇ်အလံသည် ဧကရာဇ်တပိုင်းအဆင့် ဖြစ်နေပြီ ဖြစ်ပေသည်။

"ဟားဟား..."

"ဝင်လာခဲ့မှတော့ မထွက်သွားပါနဲ့တော့... ငါတို့နဲ့ ဒီမှာကစားရတာ အံ့သြစရာကောင်းတယ် မဟုတ်ဘူးလား..."

ထိုသူတော်စင်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ထိုးဖောက်နိုင်သော သူ၏ လျှို့ဝှက်ရတနာက အလုပ်မလုပ်တော့ချေ။

ထို့ပြင် ဤသည်မှာ အထူး ဝိညာဉ်တစ်သောင်းအလံပင် ဖြစ်၏။

အပြင်ဘက်တွင် ရွှေရောင်တောက်ပနေသော်လည်း အတွင်းဘက်တွင် အနက်ရောင်စွမ်းအင်များ ရစ်သိုင်းနေပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အပေါ်ယံ အရေခွံတစ်ခုသာ ဖြစ်ပေသည်။

"အဘိုး... ကျွန်တော် အဆင်ပြေပါတယ်..."

ချင်လော့၏ အသံ ထွက်ပေါ်လာသဖြင့် အပြင်ဘက်ရှိ စုချန်ချန်မှာ သက်ပြင်းချနိုင်ခဲ့သည်။

"ထိုက်ရွှီမြင့်မြတ်နယ်မြေက လူတွေက ငါ့ကို လုပ်ကြံရဲတယ်ပေါ့... သူတို့အားလုံးကို ငါ့အတွက် ဖိနှိပ်ထားလိုက်စမ်း..."

ဖြောင့်မတ်သော အကြောင်းပြချက်များကို အသုံးပြုနိုင်ပါလျက် ချင်လော့က အဘယ်ကြောင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးဖြင့် အခြားသူများကို လက်စားချေရမည်နည်း။

ဤစကားစုက လျိုချန်ဟယ်ကို သေးထွက်ကျမတတ် ကြောက်လန့်သွားစေခဲ့ပြီး အထူးသဖြင့် သူက သတင်းကို ယခုလေးတင် ရရှိထားခြင်း ဖြစ်၏။

ထိုက်ရွှီဘိုးဘေးက အကူအညီ တောင်းခံနေသည်။ ထိုက်ရွှီမြင့်မြတ်နယ်မြေသည် တိုက်ခိုက်ခံနေရပေသည်။

"ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ အမွေအနှစ်တွေက ပြတ်တောက်သွားတော့မှာလား..."

လျိုချန်ဟယ်၏ နှလုံးသားက ခါးသီးနေပြီး ဂုဏ်သိက္ခာရှိသော သူတော်စင်တစ်ပါးသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေ၏။

All Chapters