← Chapters

အခန်း (၇၄)

Vol. 8 Ch. 74

အခန်း (၇၄)

Vol. 8 Ch. 74

အခန်း (၇၄) လိုဏ်ဂူကောင်းကင်အဆင့်သို့ တက်လှမ်းခြင်း၊ ကောင်းကင်တာအိုက မျက်နှာသာပေးသူ

အဆိပ်သည် ခန္ဓာကိုယ်အတွက်သာမက ဝိညာဉ်အတွက်ပါ ပြန်လည်ကုစား၍မရသော ထိခိုက်မှုများ ရှိပေသည်။

ချင်လော့သည် စစ်မှန်သောနတ်ဆိုးသွေးကြောကို စုပ်ယူသန့်စင်နေစဉ် တစ်ပြိုင်နက်တည်းမှာပင် ဝိညာဉ်သလင်းကျောက်ကိုပါ သန့်စင်နေခဲ့၏။

ထိုအဆိပ်ကို ဖိနှိပ်ခြင်းက အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်အတွက် အာဟာရများ ဖြစ်လာခဲ့သည်။

ဤအချိန်၌ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥသည် နောက်ဆုံးတွင် နတ်ဘုရားအဆင့် ကျင့်စဉ်အဖြစ် အသုံးဝင်လာခဲ့သည်။

ဝါးမြိုခြင်း လုပ်ငန်းစဉ်တွင် အဆိပ်အတွင်းရှိ အညစ်အကြေးများစွာ ရှင်းလင်းသွားခဲ့ပြီး အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်နှင့် ဝိညာဉ်သန့်စင်မီးဖိုမဟာကျင့်စဉ်တို့ ပေါင်းစပ်လိုက်သောကြောင့် ထိခိုက်မှုမှာ အနည်းဆုံး ဖြစ်သွားခဲ့ပေသည်။

ကျင့်ကြံမှု တိုးတက်လာခဲ့သည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ၈ ၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ၉ ၊ နတ်ဘုရားအသွင်ပြောင်းအဆင့် အထွတ်အထိပ်ပင် ဖြစ်လာ၏။

ဝိညာဉ်၏ ပြင်းထန်မှုက အရေးကြီးသော အမှတ်တစ်ခုသို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင် သူက အခြားသော ကျင့်ကြံမှုအဆင့် တစ်ခုကို မြင်တွေ့လိုက်ရသည်။

လိုဏ်ဂူကောင်းကင်အဆင့်။

လိုဏ်ဂူကောင်းကင်အဆင့်ရှိ အစွမ်းထက်သူများသည် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ လိုဏ်ဂူကောင်းကင် ကမ္ဘာငယ်များကို ဖွင့်လှစ်နိုင်ပြီး အမြင့်ဆုံးအဆင့်သို့ ကျင့်ကြံလိုက်ချိန်တွင် လိုဏ်ဂူကောင်းကင် ကမ္ဘာငယ်ကို စစ်မှန်သော ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲနိုင်ပေသည်။ ယင်းက ဖန်ဆင်းရှင်ကဲ့သို့ပင် ဖြစ်၏။

လိုဏ်ဂူကောင်းကင်များကို ဖွင့်လှစ်ရာတွင် လိုဏ်ဂူကောင်းကင်အဆင့်ရှိ သာမန်ပါရမီရှင်များသည် လိုဏ်ဂူကောင်းကင် တစ်ခုကို ဖွင့်လှစ်ကြပြီး အနည်းငယ် ပို၍ အစွမ်းထက်သော ပါရမီရှင်များက လိုဏ်ဂူကောင်းကင် သုံးခုကို ဖွင့်လှစ်ကာ ထူးချွန်သော ပါရမီရှင်များက လိုဏ်ဂူကောင်းကင် လေးခု သို့မဟုတ် ငါးခုကို ဖွင့်လှစ်နိုင်ကြသည်။

ပါရမီရှင်များက လိုဏ်ဂူကောင်းကင် ခုနစ်ခု သို့မဟုတ် ရှစ်ခုကို ဖွင့်လှစ်နိုင်ပေသည်။

ထိပ်တန်း ပါရမီရှင်များက လိုဏ်ဂူကောင်းကင် ကိုးခုကို ဖွင့်လှစ်နိုင်ပေသည်။

စစ်မှန်သောနတ်ဆိုးသွေးကြောတွင် ပါဝင်သော စွမ်းအင်များက ချင်လော့၏ စိတ်ကူးယဉ်မှုထက် များစွာ သာလွန်နေခဲ့သည်။

"လိုဏ်ဂူကောင်းကင်ကို ဖွင့်လှစ်မယ်... တခြား သူတော်စင်တချို့ရဲ့ မူလအဆီအနှစ်တွေကို ထုတ်ယူပြီး ငါ့အတွက် ပြင်ဆင်ထားပေး... ဒီနေ့မှာ ငါ ကောင်းကင်ကို စိန်ခေါ်မယ်”

ချင်လော့က ရှီးဟွမ်ကို အော်ဟစ်ပြောဆိုလိုက်သည်။ ရှီးဟွမ်သည် တွန့်ဆုတ်မနေဘဲ ဖမ်းဆီးခံထားရသော သူတော်စင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သေဆုံးသွားသော ရှောင်ကျွင်းချဲ့နှင့် အခြားသူများ၏ မူလအဆီအနှစ် စွမ်းအားများ ထုတ်ယူခံလိုက်ရပေသည်။

ထိုမူလအဆီအနှစ်များ အထဲတွင် ရဲ့ချန်၏ မူလအဆီအနှစ်ဖြစ်သော မိုးကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ခန္ဓာနှင့် မြေအောက်ချော်ရည်မီးတောက်များပင် ပါဝင်ပေသေးသည်။

ဤအရာအားလုံးက ချင်လော့၏ အာဟာရများပင် ဖြစ်၏။

ထိုသူတော်စင်မှာ ရှုပ်ထွေးသွားပြီဖြစ်ပြီး ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်း မြင်ကွင်းမျိုးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ကာ ဤသည်က ကောင်းကင်ကို ဆန့်ကျင်ရန် ရိုးရှင်းစွာ အလိုရှိနေခြင်းပင် ဖြစ်ပေသည်။

သူ၏ လုပ်ကြံမှုက အောင်မြင်မည့်အစား တစ်ဖက်လူ၏ ကျင့်ကြံခြင်းကို ကူညီပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ဘဲ ဤအခိုက်အတန့်တွင် အလွန် ရွံရှာဖွယ်ကောင်းသည်ဟု ခံစားနေရပေ၏။

"စိတ်မပူပါနဲ့... မင်းအလှည့် ရောက်လာတော့မှာပါ..."

"ဟီးဟီး..."

နာကြည်းနေသော အသံတစ်သံက သူ၏နားထဲတွင် ထွက်ပေါ်လာရာ သူ့ကို ရုတ်တရက် တုန်လှုပ်သွားစေခဲ့သည်။

ဟုတ်ပေသည်။ သူသည်လည်း သူတော်စင်တစ်ပါးဖြစ်ရာ တစ်ဖက်လူက ကျင့်ကြံရန်အတွက် သူ၏ မူလအဆီအနှစ်ကို အသုံးပြုနိုင်သေးပေသည်။

"အဘိုး... ကျွန်တော် လိုဏ်ဂူကောင်းကင်အဆင့်ကို တက်လှမ်းဖို့ တံခါးပိတ်ကျင့်ကြံချင်တယ်..."

ချင်လော့၏ အသံက အပြင်ဘက်ကမ္ဘာတွင် ပဲ့တင်ထပ်သွားပြီး စုချန်ချန်က လေးနက်သော မျက်နှာဖြင့် ပြောဆိုလိုက်သည်။

"နတ်လက်နက်တောင်ကြားကို ချက်ချင်း ပိတ်ဆို့လိုက်ပါ..."

"စောင့်ကြပ်ပေးကြ..."

ကြီးမားသော စွမ်းအင်များ၏ အထောက်အပံ့ဖြင့် ချင်လော့၏ ပထမဆုံး လိုဏ်ဂူကောင်းကင်မှာ အားစိုက်ထုတ်စရာမလိုဘဲ ပွင့်ဟလာခဲ့သည်။

ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ။

သူက လိုဏ်ဂူကောင်းကင် ခုနစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။

"ဒါက တော်တော်ကောင်းနေပါပြီ... ဘာအထူးခန္ဓာကိုယ်မှ မရှိဘဲနဲ့ လိုဏ်ဂူကောင်းကင် ခုနစ်ခုကို ဖွင့်လှစ်နိုင်တာက မင်းရဲ့ ပါရမီက ထိပ်တန်းအဆင့်မှာ ရှိတယ်ဆိုတာ သက်သေပြနိုင်ပါတယ်..."

ရှီးဟွမ်က ဘေးမှနေ၍ ပြောဆိုလိုက်၏။

"မလုံလောက်သေးဘူး..."

ချင်လော့က ဟိန်းဟောက်လိုက်သည်။

"ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်... ငါ့အတွက် ဖွင့်လှစ်စမ်း..."

ချင်လော့က ဟိန်းဟောက်လိုက်ပြီး သူက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးပညာကို အခြေခံ၍ လိုဏ်ဂူကောင်းကင်တစ်ခုကို ဖွင့်လှစ်လိုပေသည်။

"ဒါက ဖြစ်နိုင်သေးလို့လား..."

ရှီးဟွမ် အံ့အားသင့်သွား၏။

"ဒါပေမဲ့ ဒါက တကယ်ပဲ ဖြစ်နိုင်ပုံရတယ်..."

နတ်ဘုရားအဆင့် ကျင့်စဉ်က ဤကမ္ဘာကို ကျော်လွန်သွားပြီဖြစ်ရာ ကျင့်စဉ်ကို ခြေခံအုပ်မြစ်ထားခြင်းက လိုဏ်ဂူကောင်းကင်ကို ဖွင့်လှစ်ရန် လုံလောက်ပေသည်။

ပါရမီ မလုံလောက်ပါက ကျင့်စဉ်ဖြင့် ဖြည့်ဆည်းရမည်။

အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်ဖြင့် လိုဏ်ဂူကောင်းကင်ကို ဖွင့်လှစ်လိုက်လေ၏။

ကြီးမြတ်သော လိုဏ်ဂူကောင်းကင် ကိုးခု။

ရှီးဟွမ်မှာ အမှန်တကယ်ပင် အနည်းငယ် တုန်လှုပ်သွားခဲ့သော်လည်း ဤသည်မှာ အဆုံးသတ် မဟုတ်သေးချေ။

"ဝိညာဉ်သန့်စင်မီးဖိုမဟာကျင့်စဉ်က မပြည်စုံတဲ့ အပိုင်းအစလေးတစ်ခုပဲလေ... မဖြစ်နိုင်လောက်ဘူး မဟုတ်လား..."

ရှီးဟွမ်က သံသယအချို့ဖြင့် ပြောဆိုလိုက်ပြီး သူမ၏မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ချင်လော့အတွက်တော့ သေချာပေါက် မလုံလောက်သေးပေ။

ဝိညာဉ်သန့်စင်မီးဖိုမဟာကျင့်စဉ်နှင့် လူသားဧကရာဇ်အလံတော်တို့ကို ပေါင်းစပ်၍ အခြေခံအုတ်မြစ်ကို ဖွဲ့စည်းထားလိုက်သည်။

ဧကရာဇ်လက်နက်တစ်ဝက်အဆင့်ရှိသော ဝိညာဉ်သန့်စင်မီးဖိုမဟာကျင့်စဉ်သည် နတ်ဘုရားအဆင့် ကျင့်စဉ်နှင့် နှိုင်းယှဉ်နိုင်ပေသည်။

"ငါ့အတွက် ဖွင့်လှစ်စမ်း..."

ချင်လော့၏ ဟိန်းဟောက်သံနှင့်အတူ ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်း အရောင်ပြောင်းသွားပြီး မိုးကြိုးစွမ်းအားများ စုစည်းလာကာ လူအများအပြား၏ အံ့အားသင့်နေသော မျက်လုံးများက ချင်လော့ ကျင့်ကြံနေသော နေရာသို့ ကျရောက်သွားကြသည်။

စုချန်ချန်၏ အမူအရာက အထူးသဖြင့် လေးနက်သွားပြီး သူက တွန့်ဆုတ်မနေဘဲ အခြားသူများ၏ ခိုးကြောင်ခိုးဝှက် ကြည့်ရှုခြင်းများကို ရှောင်ရှားရန် ချင်လော့၏ ကျင့်ကြံခြင်းကို ပထမဆုံးအကြိမ် ဖုံးကွယ်ပေးလိုက်သည်။

" လိုဏ်ဂူကောင်းကင် ဆယ်ခု..."

ရှီးဟွမ်က ချင်လော့ကို အံ့အားသင့်စွာ ကြည့်လိုက်၏။

လိုဏ်ဂူကောင်းကင် ဆယ်ခုကို ဖွင့်လှစ်ရဲသည်မှာ ချင်လော့အနေဖြင့် လိုဏ်ဂူကောင်းကင်အဆင့် အထွတ်အထိပ်သို့ ကျင့်ကြံရန်အတွက် လိုဏ်ဂူကောင်းကင်တစ်ခုတည်း ဖွင့်လှစ်သူများထက် အရင်းအမြစ်များကို ကိုးဆယ့်ကိုး ရှစ်ဆယ့်တစ်ဆ ပိုမိုသုံးစွဲရန် လိုအပ်ပေသည်။

ဤသည်က စကားလုံးသက်သက်သာ ဖြစ်ပြီး အမှန်တကယ်တွင် လိုအပ်သော အရင်းအမြစ်များက ဤပမာဏထက် များစွာ သာလွန်ပေသည်။

"ဒါပေမဲ့ ဒါက သူ့အတွက် မခက်ခဲလောက်ပါဘူး…”

ရှီးဟွမ်က ရယ်မောရင်း ပြောဆိုလိုက်သည်။

အဘယ်ကြောင့်ဆိုသော် မကြာသေးမီက ချင်လော့၏ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ် ကျင့်ကြံမှုအတွက် သုံးစွဲခဲ့သော အရင်းအမြစ်များသည် အချို့သော လိုဏ်ဂူကောင်းကင်အဆင့် အစွမ်းထက်သူများနှင့် သာမန် သူတော်စင်အဆင့် အစွမ်းထက်သူများထက်ပင် များစွာ သာလွန်နေသောကြောင့် ဖြစ်၏။

အရင်းအမြစ် မည်မျှပင် လိုအပ်နေပါစေ... လုယူရန်ဟူသော စကားတစ်ခွန်းသာ လိုအပ်ပေသည်။

နတ်လက်နက်တောင်ကြားနှင့် တောင်တန်းအနည်းငယ် ကွာဝေးသော နေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ပျံသန်းနေသော မိစ္ဆာသားရဲတစ်ကောင်၏ ကျောပေါ်တွင် ထိုင်ကာ နတ်လက်နက်တောင်ကြား ရှိရာဘက်သို့ အလျင်အမြန် သွားရောက်နေကြသည်။

အမျိုးသားမှာ အသက်နှစ်ဆယ်ခန့်ရှိပြီး ရုပ်ရည်ချောမောကာ အမျိုးသမီးမှာ ရုပ်ရည်သန့်စင်ပြီး အစွမ်းထက်သော အငွေ့အသက်များကို ထုတ်လွှတ်နေပေသည်။

"ဂျူနီယာမောင်လေး... ဒီအချိန်လေးကိုတောင် ဖြုန်းတီးမပစ်ဘူးဆိုတော့ မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက သေချာပေါက် ငါ့ထက် သာလွန်သွားမှာပဲ..."

အမျိုးသမီး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး အမျိုးသားကို ကြည့်ကာ သူမဘာသာ ပြောဆိုလိုက်၏။

ကျင့်ကြံနေသော အမျိုးသားသည် အမှောင်ထဲတွင် တစ်စုံတစ်ခုကို ခံစားမိသွားသည့်အလား မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏မျက်လုံးများထဲရှိ အလင်းရောင်များက လင်းလက်သွားပြီး သူ၏အငွေ့အသက်များ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

အမျိုးသမီး၏ မျက်လုံးများတွင်လည်း အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်လာပြီး ဂျူနီယာမောင်လေး၏ အငွေ့အသက်များ ပြောင်းလဲသွားကာ အနည်းငယ် လျှို့ဝှက်ဆန်းကြယ်လာသည်ကို သူမ ဝေဝါးစွာ ခံစားလိုက်ရသည်။

"စီနီယာအစ်မ... ဒီနေရာမှာ ငါ့ရဲ့ အခွင့်အရေး တစ်ခုခု ရှိနေသလိုမျိုး ငါ ခံစားမိတယ်..."

ချူဖုန်းက သူတို့ ယခုလေးတင် ဖြတ်သန်းသွားခဲ့သော နေရာတစ်ခုကို လက်ညိုးထိုးပြကာ ပြောဆိုလိုက်၏။

သူ ဖြတ်သန်းသွားစဉ်က မခံစားမိခဲ့သော်လည်း ထွက်ခွာပြီးနောက်တွင် သူ သိရှိသွားခဲ့ပြီး ဤခံစားချက်က ယခုအခါ ပို၍ အားကောင်းလာကာ သူ၏ နှလုံးသားထဲရှိ ဆန္ဒများကို ကြီးထွားလာစေခဲ့သည်။

ထိုခံစားချက် ပေါ်ပေါက်လာချိန်တွင် ရဲ့ချန်သည် ချင်လော့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် အချိန်နှင့် ကွက်တိပင် ဖြစ်ပေသည်။

"နတ်လက်နက်တောင်ကြားကို မသွားတော့ဘူးလား..."

အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။

"အဲဒီအခွင့်အရေးက ငါ့အတွက် အရေးကြီးတယ်..."

ချူဖုန်းက ပြတ်သားသော လေသံဖြင့် ပြောဆိုလိုက်၏။

"လက်စားချေဖို့ ကိစ္စကတော့ လူကြီးလူကောင်း တစ်ယောက်အတွက် ဆယ်နှစ်ကြာလည်း နောက်မကျပါဘူး... ငါ နှစ်အတော်ကြာ စောင့်ခဲ့ပြီးပြီပဲ... ဒီရက်အနည်းငယ်လောက်တော့ ဘာမှမဖြစ်ပါဘူး..."

သူ၏ ငယ်သူငယ်ချင်း ကောင်မလေးသည်လည်း သူ၏ရန်သူ လက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း သူ မသိရှိခဲ့ချေ။

အကယ်၍သာ သူ သိခဲ့မည်ဆိုလျှင်…

ဖြစ်နိုင်သည်မှာ လူ့သဘာဝသည် စမ်းသပ်မှုများကို ခံနိုင်ရည်မရှိခြင်းပင်။

"ကောင်းပြီ... အရင်သွားကြတာပေါ့..."

အမျိုးသမီးက တွန့်ဆုတ်မနေဘဲ မိစ္ဆာသားရဲ၏ ခေါင်းကို လှည့်ကာ သူတို့ ယခုလေးတင် ထွက်ခွာလာခဲ့သော နေရာဆီသို့ ပြေးဝင်သွားခဲ့သည်။

ချူဖုန်း၏ ခံစားချက်က မှန်ကန်ပေသည်။

ဤနေရာတွင် မှည့်တော့မည့် ဝိညာဉ်သစ်သီးဖြစ်သော ကောင်းကင်ဝိညာဉ်သစ်သီး တစ်လုံး ရှိနေပေ၏။ အဆင့်သည် သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီး ကောင်းကင်နှင့် မြေကြီး၏ ရတနာဟု ခေါ်ဆိုနိုင်ပေသည်။

"ဂျူနီယာမောင်လေး... မင်းက ကောင်းကင်တာအိုက မျက်နှာသာပေးတဲ့သူပဲဖြစ်ရမယ်..."

အမျိုးသမီးက အပြုံးတစ်ခုဖြင့် ကြည့်ကာ ချူဖုန်းကို ပြောဆိုလိုက်သည်။

"ရှေးဟောင်းစာအုပ်တွေကို ငါ ဖတ်ကြည့်တော့ ကြီးမားတဲ့ ကံကြမ္မာပိုင်ရှင်တွေကို ကံကြမ္မာသားတော်လို့ ခေါ်ကြတယ်... ဂျူနီယာမောင်လေးကလည်း ကံကြမ္မာသားတော်လို့ ခေါ်လို့ရနိုင်တယ်လို့ ငါ ထင်တယ်..."

ချူဖုန်းက အနည်းငယ် ပြုံးလိုက်ပြီး ကောင်းကင်ဝိညာဉ်သစ်သီးကို ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။

"စီနီယာအစ်မ... ကောင်းကင်ဝိညာဉ်သစ်သီးက ငါ့အတွက် အရမ်းအသုံးဝင်လို့ ငါ အရှုံးမပေးနိုင်ဘူး..."

"မင်း ရှာတွေ့ခဲ့တာပဲ သဘာဝကျကျ မင်းနဲ့ သက်ဆိုင်ပါတယ်... စီနီယာအစ်မက မင်းအတွက် စောင့်ကြပ်ပေးမယ်... ဝိညာဉ်သစ်သီး မှည့်လာတဲ့အထိ စောင့်ပြီးတော့ ခူးဆွတ်လိုက်ရုံပဲ..."

သို့သော် ဝိညာဉ်သစ်သီးများနှင့် ဝိညာဉ်ဆေးပင်များ မှည့်လာချိန်တွင် အစွမ်းထက်သော မိစ္ဆာသားရဲများ သို့မဟုတ် အစွမ်းထက်သော ကျင့်ကြံသူများ၏ လိုချင်တပ်မက်မှုကို ဆွဲဆောင်လေ့ရှိရာ အမျိုးသမီး၏ ခန္ဓာကိုယ်မှ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံမှု စွမ်းအားများ ထွက်ပေါ်လာပြီး အစွမ်းထက်သော မိစ္ဆာသားရဲ အများအပြားကို တုန်လှုပ်သွားစေခဲ့သည်။

ဤသည်က ချူဖုန်းအား စုန့်ဖော်ယွင်ကို ခြိမ်းခြောက်ရဲစေပြီး နတ်လက်နက်တောင်ကြားသို့ လက်စားချေရန် သွားရောက်ရဲသော အခြေခံအင်အားပင် ဖြစ်၏။

"စုန့်ဖော်ယွင်ရဲ့ မင်္ဂလာဆောင်ကို အသုဘအဖြစ် မပြောင်းလဲနိုင်ခဲ့တာကတော့ နည်းနည်း နှမြောစရာကောင်းတယ်..."

ချူဖုန်းက ကောင်းကင်ဝိညာဉ်သစ်သီးကို ကြည့်ကာ အနည်းငယ် နှမြောတသစွာဖြင့် ပြောဆိုလိုက်သည်။

All Chapters