← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅) မသတ်ဘဲ နှစ်သစ်ကူးအထိ အသက်ရှင်ခွင့် ပေးထားရမလား၊ မင်းတို့က မထိုက်တန်ဘူး

ချင်လော့သည် လိုဏ်ဂူကောင်းကင်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပေ၏။

စစ်မှန်သောနတ်ဆိုးသွေးကြော၏ စွမ်းအင်များသည် သူ၏ တွေးထင်ထားမှုထက် ကျော်လွန်နေခဲ့ပြီး ကြီးမြတ်သော လိုဏ်ဂူကောင်းကင် ဆယ်ခုကို ဖွင့်လှစ်ရန် အထောက်အကူပြုရုံသာမက သူ၏ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်ကိုလည်း များစွာ တိုးတက်သွားစေခဲ့သည်။

ထို့ကြောင့် ကျန်ရှိနေသော သူတော်စင်များ၏ မူလအဆီအနှစ်များနှင့် ရဲ့ချန်၏ မူလအဆီအနှစ်များကို လုံးဝ အသုံးမပြုခဲ့ရချေ။

စစ်မှန်သောနတ်ဆိုးသွေးကြော ပိုင်ရှင်၏ ကျင့်ကြံမှုအဆင့်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုး ဖြစ်မည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေ၏။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ လှိုင်းထန်နေသော စွမ်းအားများကို ခံစားလိုက်ရချိန်တွင် လိုဏ်ဂူကောင်းကင်အဆင့်၌ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားကို ယှဉ်နိုင်မည့် ပြိုင်ဘက် လုံးဝ မရှိတော့ဟု သူ ခံစားလိုက်ရပေသည်။

စစ်မှန်သောနတ်ဆိုးသွေးကြော၏ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေဆဲဖြစ်ပြီး အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်ကလည်း ဆက်လက်လည်ပတ်ကာ စုပ်ယူနေဆဲပင်။

အကုန်နီးပါး စုပ်ယူပြီးချိန်တွင် အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်သည် တတိယအကြိမ် ပြောင်းလဲခြင်း၏ အရေးကြီးသော အမှတ်သို့ ရောက်ရှိသွားနိုင်သည်ဟု ချင်လော့ ခံစားမိလိုက်၏။

ချင်လော့က နှုတ်ခမ်းကို သပ်လိုက်သည်။

"နတ်နဂါးသွေးအဆီအနှစ် နောက်ထပ် နှစ်စက်လောက် ထပ်ထည့်လိုက်ရင် အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်က တတိယအကြိမ် ပြောင်းလဲခြင်းကို တက်လှမ်းသွားနိုင်လောက်တယ်..."

အကယ်၍ တတိယအကြိမ် ပြောင်းလဲခြင်းသာ ဖြစ်ခဲ့ပါက သူ၏ရှေ့ရှိ လုပ်ကြံသူက သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားနေခြင်းက တကယ့် ဟာသကြီး တစ်ခုဖြစ်နေလိမ့်မည်။

သူက ချုပ်နှောင်ခံထားရဆဲဖြစ်သော သူတော်စင်အဆင့် လုပ်ကြံသူကို တစ်ချက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

"ပြောစမ်း... မင်းကို ငါ့ဆီ လွှတ်ပြီး သတ်ခိုင်းတာ ဘယ်သူလဲ..."

သူ စဉ်းစားကြည့်လိုက်ရာ သူ၏ ရန်သူများက များပြားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုမျှ မများပြားလှချေ။

သူ့ကို သတ်ရန် သူတော်စင်အဆင့် လုပ်ကြံသတ်ဖြတ်သူ စေလွှတ်နိုင်သူမှာ ပို၍ပင် နည်းပါးပေသည်။

"ငါ့​ဆီကနေ ဘာတစ်ခုမှ သိရဖို့ မမျှော်လင့်နဲ့..."

လုပ်ကြံသတ်ဖြတ်သူက ရေနွေးပူကို မကြောက်သော ဝက်သေတစ်ကောင်လို ပုံစံမျိုးဖြင့် ပြောဆိုလိုက်သည်။

သူက ချင်လော့၏ လူသားဧကရာဇ်အလံ ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ အဆုံးသတ်က မည်သို့ဖြစ်မည်ကို သူ သေချာပေါက် သိရှိထားပေ၏။

"ချင်လော့... မင်းက တကယ့် နတ်ဆိုးပဲ... ဒီကိစ္စသာ ပြန့်နှံ့သွားရင် မင်း သေရလိမ့်မယ်..."

ချင်လော့က လှောင်ပြောင်လိုက်သည်။

"နတ်ဆိုး ဟုတ်လား... ဟားဟား... မင်း ဘာပဲပြောပြောလေ... ငါက စစ်မှန်တဲ့ နတ်ဆိုးပါလို့ ပြောရင်တောင် ဘာဖြစ်လဲ..."

ချင်လော့က ခေါင်းလှည့်ကာ ရှီးဟွမ်ကို ကြည့်ပြီး အမိန့်ပေးလိုက်၏။

"သူ့ဆီကနေ အရာအားလုံးကို ငါ သိချင်တယ်..."

"ကောင်းပြီ..."

ချင်လော့က လူသားဧကရာဇ်အလံထဲမှ ထွက်လာခဲ့သည်။

ယခုအခါ သူက လူသားဧကရာဇ်အလံ၏ စွမ်းအားကို ပိုမို ပြည့်ဝစွာ အသုံးချနိုင်နေပြီ ဖြစ်ပေသည်။

လုံးဝ ပေါင်းစည်းလုနီးပါး ဖြစ်နေသော်လည်း အရင်းအမြစ် များစွာ လိုအပ်ပေသေးသည်။

"ငါ့ရဲ့ ပဉ္စမအစ်ကိုတော်ကို သွားခေါ်ဖို့ လိုအပ်နေပုံပဲ..."

ချင်လော့က နှုတ်ခမ်းကို သပ်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွား၏။

သို့သော် ကံကြမ္မာတန်ဖိုး အများဆုံး ပေါက်ကွဲထွက်နိုင်မည့် အခြားအရာတစ်ခု ရှိသေးသည်။ ထိုအရာမှာ ရွှမ်ချာခန္ဓာ ပိုင်ဆိုင်ထားသော ရှန်ဝမ်နင်ပင် ဖြစ်ပေသည်။

"စီနီယာအစ်ကို... အဆင်ပြေရဲ့လား..."

ရှန်ဝမ်နင်က စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် အမြန်ပြေးလာခဲ့သည်။

စုချန်ချန်က ဘေးမှနေ၍ အေးဆေးစွာ ပြောဆိုလိုက်၏။

" ဒီကောင်မလေးက မင်းကို ဒီနေရာမှာ စောင့်ရှောက်ပေးနေတာ ဆယ်ရက်ကျော်နေပြီ... တစ်ဖဝါးမှတောင် မခွာခဲ့ဘူး..."

ချင်လော့၏ နှလုံးသားထဲတွင် အနည်းငယ် နွေးထွေးသွားပေ၏။

ရှန်ဝမ်နင်သည် ယခင်ပိုင်ရှင်၏ ဂျူနီယာညီမလေး ဖြစ်သော်လည်း ယခုအခါ ရှန်ဝမ်နင်က ချင်လော့ကို ဂရုစိုက်နေသူပင် ဖြစ်ပေသည်။

သူက လက်ကို ဆန့်ထုတ်ကာ ရှန်ဝမ်နင်၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။

"အဆင်ပြေပါတယ်... အစ်ကို အခု အရမ်းကောင်းနေတယ်... ဘာမှမဖြစ်တဲ့အပြင် ကျင့်ကြံမှုတောင် တက်လှမ်းသွားသေးတယ်..."

တစ်ချိန်တည်းမှာပင် ချင်လော့၏ နှလုံးသားထဲ၌ သံသယအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"စနစ်... သူက ငါ့လို ဗီလိန်ရဲ့ ဂျူနီယာညီမလေးလေ... ဘာလို့ သူ့ဆီကနေ ကံကြမ္မာတန်ဖိုး မပေးတာလဲ..."

[သူမကို ယူပါ... ဖိနှိပ်ပါ... သတ်ဖြတ်ပါ... သူမကို သိမ်းပိုက်ပြီး အကုန်စားသုံးလိုက်ပါ... ဤသို့ဆိုလျှင် ပိုင်ရှင်က ကံကြမ္မာသမီးတော်ရဲ့ ကံကြမ္မာတန်ဖိုး အားလုံးကို ရရှိပါလိမ့်မယ်…]

"ဖိနှိပ်ရမယ်... သတ်ဖြတ်ရမယ် ဟုတ်လား... မင်း ငါ့ကို နောက်နေတာလား... ငါက ဗီလိန်တစ်ယောက် ဆိုပေမဲ့ လူဆိုးတစ်ယောက်တော့ မဟုတ်ဘူးကွ..."

[တကယ်လို့ ကံကြမ္မာသမီးတော်က ဗီလိန်အတွက် ဒီကမ္ဘာကြီးရဲ့ ကောင်းကင်တာအိုကို တိုက်ခိုက်ပေးမယ်ဆိုရင် သူမရဲ့ ကံကြမ္မာသမီးတော် အဆင့်အတန်းက ရုပ်သိမ်းခံရပါလိမ့်မယ်... ဒါမှမဟုတ်ရင်တော့ စနစ်ရဲ့ တောင်းဆိုချက်တွေအတိုင်းပဲ လုပ်ဆောင်ရပါမယ်...]

ရှန်ဝမ်နင်ကို စားသုံးဖို့ ဆိုတာလား။

ယခုက အချိန်အခါမဟုတ်သေးချေ။

ရွှမ်ချာခန္ဓာ၏ ယွမ်ယင်စွမ်းအင်သည် ရှန်ဝမ်နင်၏ ကျင့်ကြံမှုအဆင့် မြင့်မားလေလေ အခန်းကဏ္ဍက ပိုကြီးမားလေလေ ဖြစ်သည်။

ရှီးဟွမ် ပြောခဲ့သကဲ့သို့ပင် သူ လိုဏ်ဂူကောင်းကင်အဆင့် အထွတ်အထိပ်သို့ ကျင့်ကြံရောက်ရှိချိန်တွင် ရှန်ဝမ်နင်၏ အကူအညီဖြင့် သူတော်စင်အဆင့်သို့ တက်လှမ်းရမည် ဖြစ်ပေသည်။

"စီနီယာအစ်ကို... အစ်ကိုက တခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ်လို့ ညီမ ခံစားရတယ်..."

ရှန်ဝမ်နင်က ချင်လော့ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ဝေဝါးနေမှု အနည်းငယ် ရှိနေခဲ့သည်။

"တကယ်လား..."

ချင်လော့၏ မျက်နှာက ပုံမှန်အတိုင်းပင် ဖြစ်နေပြီး သူ၏ စိတ်ထဲတွင် တိုးတိတ်စွာ ရေရွတ်လိုက်သည်။

“အဲ့ဒီလိုတော့ မဟုတ်ဘူး… ငါက အခွံတစ်ခုသာ ကျန်တော့တာပါပဲ… မင်းရဲ့ စီနီယာအစ်ကိုကတော့ သေသွားခဲ့ပြီ…”

သူသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

“လျိုရူယန်က ရဲ့ချန်နဲ့ ပူးပေါင်းပြီး အစ်ကို့ကို စွပ်စွဲခဲ့တဲ့ အချိန်မှာတင် အစ်ကိုက သေသွားခဲ့ပြီ…”

“အဲ့ဒီအချိန်မှသာ ဘယ်သူက တန်ဖိုးထားထိုက်တဲ့သူလဲဆိုတာကို အစ်ကို တကယ် နားလည်သွားခဲ့တယ်… လျိုရူယန်ကတော့ မတန်ဘူး…”

ရှန်ဝမ်နင်သည် ချင်လော့နှင့် အကြည့်ချင်းဆုံသွားချိန်၌ သူမ၏ ပါးပြင်လေးများ အနည်းငယ် နီရဲသွားပြီး ချင်လော့၏ စကားလမ်းကြောင်းပြောင်းခြင်းကို အောင်မြင်စွာ ခံလိုက်ရပေသည်။

သူမက စိတ်သက်သာရာရစွာဖြင့် ပြောဆိုလိုက်သည်။

"လျိုရူယန်က ဖောက်ပြန်တတ်တဲ့ မိန်းမယုတ်ပါ... စီနီယာအစ်ကိုက အစောကြီးကတည်းက သတိထားမိသင့်တာ... သူမက အစ်ကိုနဲ့ မတန်ပါဘူး..."

"အင်း... ဟုတ်တယ်..."

ချင်လော့က ရှန်ဝမ်နင်၏ မျက်နှာလေးကို ချစ်ခင်ယုယစွာ ပွတ်သပ်လိုက်၏။

"သူက အစ်ကိုရဲ့ ဝမ်နင်လောက် မကောင်းပါဘူး... သူက မတန်ဘူး... နောင်ကျရင် စီနီယာအစ်ကိုက အစ်ကို့ရှေ့မှာရှိတဲ့ လူတွေကိုပဲ တန်ဖိုးထားတော့မယ်..."

ရှန်ဝမ်နင်၏ ခေါင်းထဲတွင် ရှုပ်ထွေးသွားပြီး ချင်လော့နှင့် မျက်လုံးလေးလုံး ဆုံသွားချိန်၌ သူမ၏ မျက်နှာလေးက ပို၍ပင် နီရဲသွားခဲ့သည်။

သူမသည် အရူးမလေးတစ်ယောက် မဟုတ်သဖြင့် ချင်လော့၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို သဘာဝကျကျ ချက်ချင်း နားလည်သွားပြီး မိန်းမငယ်လေး၏ နှလုံးသားထဲတွင် အချစ်များ ပွင့်လန်းလာခဲ့ပေသည်။

"အင်း..."

ခြင်တစ်ကောင် အော်မြည်သကဲ့သို့ တိုးတိတ်သော အသံလေးတစ်ခုက ရှန်ဝမ်နင်၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။

"ဒါနဲ့ စီနီယာအစ်ကို... လျိုရူယန်ကို ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ..."

ရှန်ဝမ်နင်က အမြန် မေးမြန်းလိုက်၏။ သူမ၏ စီနီယာအစ်ကိုသည် လျိုရူယန်ကို မည်မျှ ချစ်ခင်ကြောင်း သူမ သိရှိထားပေသည်။

လက်ဖဝါးပေါ် တင်ထားလျှင် လိမ့်ကျသွားမည်ကို စိုးရိမ်ပြီး ပါးစပ်ထဲ ငုံထားလျှင် အရည်ပျော်သွားမည်ကို စိုးရိမ်ရလောက်အောင်ပင်။

လျိုရူယန်က ရဲ့ချန်နှင့် နီးကပ်စွာ နေထိုင်ကြောင်း ယခင်က သူမ အကြိမ်ကြိမ် ပြောဆိုပြီး ချင်လော့ကို သတိပေးခဲ့သော်လည်း ချင်လော့က လုံးဝ လျစ်လျူရှုခဲ့ကာ လျိုရူယန်ကို ဦးနှောက်မဲ့စွာ ယုံကြည်နေခဲ့သည်။

ချင်လော့က ယခုလေးတင် စကားသက်သက်သာ ပြောနေခြင်းဖြစ်ပြီး လျိုရူယန်က ချွဲနွဲ့ကာ ဆွဲဆောင်မှုရှိသော အကြည့်တစ်ချက် ပေးလိုက်သည်နှင့် ချင်လော့က လျိုရူယန်၏ ခြေရင်းအောက်တွင် ပြန်လည် ဒူးထောက်သွားမည်ကို သူမ စိုးရိမ်နေခဲ့၏။

"သူမလား..."

ချင်လော့က လှောင်ပြောင်လိုက်ပြီး သူ၏အသံတွင် အေးစက်မှုများ ပါဝင်နေသည်။

သူ ကူးပြောင်းရောက်ရှိလာချိန်တွင် သေလုနီးပါး ဖြစ်ခဲ့ရရာ သူနှင့် လျိုရူယန်ကြားတွင် ကြီးမားသော ရန်ငြိုးများ ရှိနေပေ၏။

"မသတ်ဘဲ နှစ်သစ်ကူးအထိ အသက်ရှင်ခွင့် ပေးထားစရာလား..."

"သွားရအောင်... စီနီယာအစ်ကိုနဲ့အတူ လူသတ်ဖို့ လိုက်ခဲ့..."

သူက ရှန်ဝမ်နင်၏ လက်လေးကို ဆွဲကာ လျိုရူယန်တို့ကို အကျဉ်းချထားရာ နေရာဆီသို့ ထွက်ခွာသွားခဲ့သည်။

ရှန်ဝမ်နင်၏ နှလုံးသားလေးက ပြင်းထန်စွာ ခုန်ပေါက်နေပြီး သူမက ချင်လော့၏ ဘေးတိုက်မျက်နှာကို ကြည့်ကာ စီနီယာအစ်ကို ခုနက ပြောခဲ့သော စကားများက အလွန် အာဏာပါပြီး သူမ သဘောကျကြောင်း ခံစားလိုက်ရသည်။

သူမက ဦးနှောက်မဲ့ ပရိသတ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားမည့် အရိပ်အယောင်များ ရှိနေပေ၏။

လျိုချန်ဟယ်နှင့် နတ်လက်နက်တောင်ကြားမှ လူများအားလုံးသည် စုန့်ဖော်ယွင်၏ မင်္ဂလာဆောင် ကျင်းပရာ ရင်ပြင်ရှေ့တွင် ရှိနေကြပြီး နတ်လက်နက်တောင်ကြားမှ လူများသည်လည်း အကျဉ်းချခံထားရသည်နှင့် အတူတူပင် ဖြစ်လေသည်။

ချင်လော့က လျိုရူယန်နှင့် လျိုချန်ဟယ်တို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နတ်လက်နက်တောင်ကြားမှ စုန့်ရီထျန်းတို့ဆီသို့ လျှောက်သွားလိုက်သည်။

"နတ်လက်နက်တောင်ကြားက ထိုက်ရွှီမြင့်မြတ်နယ်မြေနဲ့ ပူးပေါင်းပြီး ဒီမင်းသားကို လုပ်ကြံဖို့ ရည်ရွယ်ခဲ့တာ... ဒါက ကြီးလေးတဲ့ ပြစ်မှုပဲ..."

ချင်လော့၏ စကားတစ်ခွန်းက စုန့်ရီထျန်းတို့ကို ရှုပ်ထွေးသွားစေခဲ့သည်။ ‘ဘာလဲ... သူတို့က ထိုက်ရွှီမြင့်မြတ်နယ်မြေနဲ့ ပူးပေါင်းခဲ့တယ် ဟုတ်လား’

"စွပ်စွဲတာပဲ..."

စုန့်ရီထျန်းက ဒေါသတကြီး ပြောဆိုလိုက်၏။

ချင်လော့က လှောင်ပြောင်လိုက်သည်။

"ဘာလဲ... ငါက နတ်လက်နက်တောင်ကြားမှာ လုပ်ကြံခံရတာလေ... ဒီကိစ္စက မင်းတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောရဲသေးတာလား..."

"အပိုတွေ ပြောနေစရာ မလိုဘူး... ဒီနေ့ မင်းတို့ ဒီအပြစ်ကို ဝန်ခံရမယ်... ဝန်မခံချင်ရင်တောင် ဝန်ခံရမယ်..."

"ငါတို့ နတ်လက်နက်တောင်ကြားက ဝန်မခံနိုင်ဘူး..."

စုန့်ရီထျန်းက ချင်လော့ကို အေးစက်စွာ စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။

"မင်းတို့ အပြစ်ကို ဝန်ခံတာ မခံတာက ငါ့အတွက် အရေးမကြီးဘူး... ငါက မင်းတို့ အပြစ်ရှိတယ်လို့ ပြောရင် မင်းတို့က အပြစ်ရှိတာပဲ..."

"မဟာချင်အင်ပါယာရဲ့ မင်းသားကို လုပ်ကြံရဲမှတော့ မင်းတို့ ကမ္ဘာမြေရဲ့ အဆုံးအစွန်အထိ ထွက်ပြေးရင်တောင် မဟာချင်အင်ပါယာက မင်းတို့ကို လိုက်လံဖမ်းဆီးဖို့ လက်လျှော့မှာ မဟုတ်ဘူး..."

"ပြီးတော့ ဒီနေ့ မင်းတို့ လွတ်မြောက်နိုင်မှာလည်း မဟုတ်ဘူး..."

အစွမ်းထက်သော သူတော်စင်ဘုရင် နှစ်ပါး၏ အငွေ့အသက်များက စုန့်ရီထျန်းတို့ကို ပစ်မှတ်ထားလိုက်ပြီး မဟာသူတော်စင်အဆင့် အစွမ်းထက်သူ တစ်ဦးကလည်း ဘေးမှနေ၍ စောင့်ကြည့်နေပေ၏။

သူတို့အနေဖြင့် ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။

"ငါက အဆင်အခြင်မဲ့ သတ်ဖြတ်တတ်တဲ့သူ မဟုတ်ဘူး... မင်းတို့က ငါ့ကို လုပ်ကြံဖို့ ရည်ရွယ်ခဲ့ပေမဲ့ ငါက မင်းတို့ကို အသက်ရှင်ခွင့် တစ်ခု ပေးဖို့ ဆန္ဒရှိပါတယ်..."

"ငါ့ဆီမှာ လက်နက်ချ အညံ့ခံလိုက်... မင်းတို့ရဲ့ အပြစ်တွေကို ငါ ခွင့်လွှတ်ပေးနိုင်တယ်..."

ချင်လော့၏ စကားကို ကြားချိန်၌ စုန့်ရီထျန်းနှင့် အခြားသူများ၏ နားထဲတွင် ချင်လော့သည် လုံးဝ အရှက်မဲ့လွန်းသည်ဟု ခံစားလိုက်ရပေသည်။

‘သူတို့ကို စွပ်စွဲသည်... အကျပ်ကိုင်သည်... ယခုအခါ အသက်ရှင်ခွင့် ပေးမည်ဟု ဆိုကာ သူတို့က ကျေးဇူးတင်နေရဦးမည်လား’

လောကကြီးတွင် ဤမျှ အရှက်မဲ့သောသူ မည်သို့ ရှိနိုင်မည်နည်း။

လျိုရူယန်က ချင်လော့ကို ကြောင်တောင်တောင်ဖြင့် ကြည့်ကာ သူမဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။

"စီနီယာအစ်ကိုသာ အရင်တုန်းက ဒီလိုပုံစံမျိုး ဖြစ်ခဲ့ရင် ငါက ဘယ်လိုလုပ် ရဲ့ချန်ကို ချစ်မိသွားမှာလဲ..."

"ချင်လော့... နင့်ကို အပြစ်တင်ရမယ်... နင်က ငါ့ကို ဒီအခြေအနေထိ ရောက်အောင် တွန်းပို့ခဲ့တာပဲ..."

ဘုန်း

စုန့်ရီထျန်းက တုံ့ပြန်မှု မရှိသေးမီ စုန့်ဖော်ယွင်က မြေပြင်ပေါ်တွင် အလျင်အမြန် ဒူးထောက်လိုက်သည်။

"မင်းသား... ကျွန်တော် လက်နက်ချဖို့ ဆန္ဒရှိပါတယ်... ကျွန်တော် ဆန္ဒရှိပါတယ်... ကျွန်တော် ဆန္ဒရှိပါတယ်..."

စုန့်ရီထျန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။ သူ မွေးဖွားထားသော သားမှာ အလွန်အမင်း အသုံးမကျလှပေ။

"မင်းတို့က ဆန္ဒမရှိဘူးဆိုရင်လည်း သေလိုက်ကြတော့..."

"ရွေးချယ်ဖို့ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်..."

စုချန်ချန်က ချင်လော့၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အစွမ်းထက်သော အငွေ့အသက်များဖြင့် စုန့်ရီထျန်းကို ပစ်မှတ်ထားလိုက်၏။ အကယ်၍ စုချန်ချန်သာ တိုက်ခိုက်လာပါက တစ်ချက်ကိုပင် ခုခံနိုင်မည်မဟုတ်ဟု သူ ခံစားလိုက်ရပေ၏။

အခြေအနေက လူထက် ပိုမို အစွမ်းထက်နေပြီး အသတ်ခံရခြင်းထက် လက်နက်ချခြင်းက ပိုကောင်းပေသည်။ သူက ခေါင်းငုံ့ကာ လက်နက်ချကြောင်း ပြသရုံသာ တတ်နိုင်တော့သည်။

"ငါ ဆန္ဒရှိပါတယ်..."

ဘေးဘက်ရှိ လျိုချန်ဟယ်သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏ မျက်လုံးများက တဖြည်းဖြည်း ပြတ်သားသွားပြီး လေးနက်သော အသံဖြင့် အော်ဟစ်လိုက်သည်။

"ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေကလည်း မင်းသားဆီမှာ လက်နက်ချဖို့ ဆန္ဒရှိပါတယ်..."

ဤသည်က ချင်လော့ကို ချက်ချင်း ရယ်မောသွားစေခဲ့ပြီး သူက လျိုချန်ဟယ်ကို လှည့်ကြည့်ကာ လှောင်ပြောင်လိုက်၏။

"မင်းက ထိုက်တန်လို့လား..."

All Chapters